ဘုရားမေတ္တာတော်သည် လူသားများအတွက် စစ်၍မရသောနက်ရှိုင်း ခြင်းထဲသို့ ထိုးမွှေခဲ့သည်။ မြေကြီးပေါ်တွင် ထာဝရဘုရား၏မေတ္တာတော် ကိုကျေးဇူးတင်တန်ဖိုးထားခြင်း၌ ပေါ့ပေါ့တန်တန်နေကြကုန်သောလူတို့ကို ကောင်းကင်တမန်များသည် အံ့သြခြင်းဖြစ်နေကြကုန်၏။ ကောင်းကင်ဘုံသား တမန်များသည် လူဝိညာဉ်များက ဂရုတစိုက်မရှိလုပ်ပြနေသည်ကို ဒေါသ ဖြစ်နေကြသည်။ ဤအကြောင်းနှင့်ပတ်သက်၍ ခရစ်တော်ဘယ်လိုမြင်မည်ကို ကျွန်ုပ်တို့သိရနိုင်မလား။ ကလေးငယ်လေးများသည် နှင်းလွင်ပြင်အအေးထဲ ပိတ်မိနေသည်ကို ဖြတ်ကျော်ခဲ့သူများက ပစ်ထားခဲ့၍ ကလေးများသေဆုံး ရသည်အထိ ဖြစ်လာခဲ့ပါလျှင် ဖြတ်ကျော်ခဲ့ကြသူများက ကယ်ဆယ်သင့်ပါ လျက်နှင့်မကယ်ဆယ်ခဲ့ကြသောကြောင့် ကလေးအဖေနှင့်အမေတွေဘယ်လို ခံစားနေမိကြမှာလဲ။ ကြောက်စရာကောင်းလောက်အောင်သူတို့စိတ်ဆင်းရဲကြ ပါလိမ့်မည်။ ရိုင်းရိုင်းစိုင်းစိုင်းဒေါသထွက်ကြမည်မဟုတ်ပေလော။ ထိုလူသတ် သမားများကို သူတို့၏ကလေးချစ်စိတ်ပြင်းထန်အားနှင့်မျက်ရည်ကြီးစွာကျလျက် အမျက်လေပူမှုတ်ပြီး ကျိန်ဆဲကြလိမ့်မည်။ လူသားတိုင်း၌ဝေဒနာခံစားနေရ ခြင်းသည် ဘုရားသခင့်ကလေးငယ်များ၏ဝေဒနာခံစားနေရခြင်းဖြစ်သည်။ အသက်ဆုံးရှုံးကြတော့မည့်သူတို့၏အပေါင်းအသင်းများအား အကူအညီမပေး ဘဲ နေခဲ့ကြသူများသည် ဘုရားသခင်၏ ဖြောင့်မတ်သောအမျက်တော်ကို နှိုးဆွ ပေးနေခြင်းဖြစ်သည်။ (ChS 92.2) ChSBur 147.1
ကျွန်ုပ်လူတစ်ယောက်အကြောင်း ဖတ်ရဖူးသည်။ သူသည် ဆောင်း ရာသီတစ်ရက်မှာ ခရီးသွားနေရင်း ထုထည်ကြီးမားသော တရွေ့ ရွေ့ မျောနေ သည့်နှင်းထုအတွင်းရောက်သွားသောကြောင့် အေးလွန်း၍ ကိုယ်လက်မခံစား နိုင်လောက်အောင် ထုံကျဉ်လာပြီး သူ့ရဲ့သေရေးရှင်ရေးစွမ်းအင်သည်ပင် ဘယ်အချိန်ကုန်ဆုံးတော့မည်မသိရသည့်အခြေအနေသို့ ရောက်သွားပါသည်။ နှင်းထုကြီးသူ့အပေါ်ကျလာနေသည်ကို တွန်းပစ်ရင်း သေလောက်မတတ် အအေးဒဏ်ခံစားနေရချိန်နှင့် အသက်ရှင်ဖို့ကြိုးစားနေသည်ကိုလည်း ရပ်ပစ် လိုစိတ်ရှိနေချိန်တွင် ခရီးသွားညီအစ်ကိုတစ်ယောက်၏ညည်းသံကို သူကြား လိုက်သည်။ ထိုသူသည်လည်း သူ့နည်းတူ အအေးဒဏ်နှင့်အသက်ဆုံးရှုံးဖို့ ရင်ဆိုင်နေရသူဖြစ်သည်။ သူ၏ကိုယ်ချင်းစာစိတ်သည် ထိုသူကိုကယ်တင်ဖို့ သူ့ကိုနိုးကြွလာစေသည်။ သူသည် ကံမကောင်းသောထိုသူ၌ နှင်းထုရေခဲချွန် တုတ်ချောင်းများကို သူ့ကိုယ်မှဖယ်ရှားပစ်ပေးခဲ့သည်။ အားစိုက်လုပ်ပြီးတဲ့ နောက် ထိုသူမတ်တတ်ရပ်နိုင်ခဲ့သည်။ သို့သော် ထိုသူလမ်းမလျှောက်နိုင် တော့ပါ။ ထိုသူကိုအသာအယာလက်မောင်းတွဲ၍ ဆွဲခေါ်လာခဲ့ရသည်။ သူ့အနေ နဲ့လူတစ်ယောက်တည်းနှင့်ပင် ပြိုကျလာနေသောနှင်းထုကို ထိုးဖေါက်ပြီး ဘယ်လိုမှရုန်းမထွက်နိုင်ဟု တွေးခဲ့သည်။ သို့သော် သူနှင့်သူ့ရောင်းရင်း တို့နှစ်ယောက်သည် လုံခြုံသောနေရာတစ်ခုသို့အရောက် ကြိုးစားသွားနိုင် ခဲ့ပြီးသောအခါ အမှန်တစ်ခုသည် သူ့နှလုံးအိမ်သို့ ဖျတ်ခနဲဝင်ရောက်ဖော် ပြလာသည်။ သူ့မိတ်ဆွေကို ကယ်တင်ဖို့ သူကြိုးစားခဲ့ရာက သူ့ကိုယ်သူလည်း ကယ်တင်ပြီးဖြစ်နေပါကလား။ သူတစ်ပါးကို ကယ်ဆယ်ဖို့သူ၏အားစိုက် ကြိုးပမ်းလိုက်ခြင်းသည် သူ့သွေးကြောမကြီးအထဲ၌ အေးခဲလုနေပြီးဖြစ်သော သွေးများကို အလျင်အမြန်ထကြွစေပြီး သူ့ခန္ဓာကိုယ်ကို အမြင့်ဆုံးလှုပ်ရှား နိုင်ရန် ကျန်းမာလုံလောက်သောအနွေးဓာတ်ဖြစ်စေခဲ့ပါသည်။ ဤသင်ခန်းစာ သည် ယုံကြည်သူလူငယ်များအတွက် ဆက်ဆက်မှတ်သားဖွယ်ဖြစ်စေရမည်။ သူတို့သည် အကျင့်တရားကို ကျင့်နေရုံသက်သက်မဟုတ်ဘဲ နမူနာတစ်ရပ် ရှိနေစေရမည်။ သူတို့၏ခရစ်ယာန်အတွေ့အကြုံများ၌ ဤသို့အလားတူအကျိုး ရလဒ်ထွက်စေဖို့ သူတို့အမှန်သိမှတ်ကြရမည်။ (ChS 92.3) ChSBur 148.1
သင်သည် ကိုယ့်အတွက်ကိုယ်လုပ်နေရရုံလောက်နှင့် ကျေနပ် တင်းတိမ်မနေသင့်ပါ။ အဘယ်ကြောင့်ဆိုသော် သမ္မာတရားအသိတရားကြောင့် သင်ကောင်းချီးမင်္ဂလာခံစားနေရသည်ကိုမှတ်ပါ။ သမ္မာတရားကို သင့်ဆီ ဘယ်သူယူလာပေးသလဲ။ ဘုရားနှုတ်ကပတ်တော်အလင်းကို သင့်အား ဘယ်သူပြပေးသလဲ။ ဘုရားသခင်သည် သူ့အလင်းကို သင့်အားပေးထားသည်မှာ တောင်းအောက်၌ဖုံးအုပ်ထားဖို့မဟုတ်။ စူးစမ်းရှာဖွေရေးခရီးတစ်ခုအကြောင်းကို ကျွန်ုပ်ဖတ်ရှုခဲ့ရဖူးသည်။ Sir John Franklin (ဆာဂျွန်ဖရင့်ကလင်) ကို ရှာဖွေရန် စေလွှတ်ခံရသောအဖွဲ့အကြောင်းဖြစ်သည်။ ရဲ့ရင့်သတ္တိရှိသူတွေ သူတို့အိမ်ကိုစွန့်ခဲ့ကြသည်။ မြောက်ဝင်ရိုးစွန်းပင်လယ်ဆီသို့ အံ့သြခြင်းနှင့် ထွက်ခဲ့ကြပြီး ဆင်းရဲဒုက္ခ၊ အစာငတ်ခြင်း၊ အအေးဒဏ်နှင့်စိတ်ဖိစီးမှုကို ခံစားခဲ့ကြရသည်။ ဒါတွေဘယ်သူ့အတွက်နှင့် ဘာကြောင့် သူတို့ခါးစည်း ခံယူခဲ့ကြသလဲ။ စူးစမ်းလေ့လာရေးထွက်သွားသူတို့၏အသေကောင်များကို ရှာတွေ့ လို့ဂုဏ်ပြုခံယူလိုကြသည်မဟုတ်။ ဖြစ်နိုင်ရင် စွန့်စားရေးသမား များအထဲက ကြောက်စရာသေဘေးအမှန်ကြုံနေရစဉ် ကယ်ဆယ်သူသာ အချိန်မီရောက်မသွားပါက သေဆုံးတော့မည့်အခြေအနေ၌ သူတို့ရောက်သွားပြီး လူတချို့ကိုကယ်တင်လိုက်နိုင်ဖို့ ရည်ရွယ်သွားခြင်းဖြစ်သည်။ အကယ်၍သာ ဒုက္ခကြီးရောက်နေကြသူများအနက် တစ်ယောက်လောက်ကိုသာ သူတို့ ကယ်တင်နိုင်ခဲ့လျှင် သူတို့ခံစားခဲ့ရသမျှအတွက် ပေးဆပ်ရကျိုးနပ်သည်ဟု တွက်ယူကြလိမ့်မည်။ ဤသို့စွန့်စားအနစ်နာခံခြင်းကို သူတို့သည် သက်သောင့် သက်သာနှင့်ပျော်ပျော်ရွှင်ရွှင် လုပ်ဆောင်ခဲ့ကြပါသည်။ (ChS 93.1) ChSBur 149.1
တွေးကြည့်ပါ။ ကျွန်ုပ်တို့ပတ်လည်ဝန်းကျင်ရှိဝိညာဉ်များကို ကယ်တင် ဖို့အတွက် ကျွန်ုပ်တို့၌လိုအင်ဆန္ဒအဘယ်မျှနည်းပါးနေသည်ကိုတွေးကြည့်ပါ။ ကျွန်ုပ်တို့သည် အိမ်နှင့်ဝေးဝေးတစ်နေရာဆီကို ငြီးငွေ့ဖွယ်ရက်ရှည်ခရီးသွား ရောက်ပြီး ပျက်စီးသေဆုံးတော့မည့်သူတစ်ဦးဦးကို ကယ်ဆယ်ရန် အတင်း အကျပ်အလုပ်မလုပ်ကြရသေးပါ။ ကျွန်ုပ်တို့၏အိမ်အနီးဝန်းကျင်၌ ကျွန်ုပ်တို့ ရဲ့အသိမိတ်ဆွေတွေနဲ့ နေရာအသီးသီးမှာရှိကြတဲ့ ဝိညာဉ်များကို ကယ်တင် ဖို့လိုအပ်သည်။ ဝိညာဉ်များစွာပျက်စီးဆုံးပါးနေကြသည်။ အမျိုးသမီး/အမျိုး သားများစွာသည် မျှော်လင့်ခြင်းမရှိ၊ ဘုရားမရှိဘဲ သေလွန်နေကြရသည်။ ဒါလည်း ကျွန်ုပ်တို့သည် ကိုယ်နှင့်မပတ်သက်သလိုနေနိုင်ကြသေးသည်။ စကားအားဖြင့်သာမဟုတ်ရင် ကျွန်ုပ်တို့၏ကိုယ်အမူအရာများနှင့် ဤသို့ပြော လုနီးနီးရှိ၏။ “ကျွန်ုပ်သည် ညီကိုစောင့်ရသောသူဖြစ်ပါသလား။” သူတစ်ပါး ၏အသက်ကိုကယ်ဆယ်ဖို့ကြိုးစားရင်း အသက်ဆုံးပါးခဲ့ကြရသူများကို ကမ္ဘာက သူရဲကောင်းအာဇာနည်များအဖြစ် ဂုဏ်ပြုချီးကျူးခဲ့ကြသည်။ အကယ်၍ လူဝိညာဉ်များကယ်တင်နိုင်ရန်အတွက် ကျွန်ုပ်တို့ကိုဘုရားသခင်အလိုရှိ၍ ကျွန်ုပ်တို့အနည်းအကျဉ်းအနစ်နာခံကာ အလုပ်မလုပ်ခဲ့ကြပါလျှင် လူတွေ ထာဝရအသက်ရဖို့ အလားအလာရှိနေသည်ကို ကျွန်ုပ်တို့ဘယ်လိုများခံစား နေမိကြပါသလဲ။ (ChS 93.2) ChSBur 150.1
နယူးအင်္ဂလန်ပြည်နယ်ရှိ မြို့တစ်မြို့တွင် တွင်းကြီးတစ်တွင်းတူးပြီး၍ အလုပ်လက်စသတ်နီးလောက်အချိန်မှာ တွင်းအောက်ခြေ၌ လူတစ်ယောက် ရှိနေစဉ် ရုတ်တရက်တွင်းပြိုကာ ထိုသူကိုမြေမြှုပ်လိုက်သလိုဖြစ်သွားသည်။ ချက်ချင်းဆိုသလို အရေးပေါ်ခေါင်းလောင်းထိုးလိုက်ကြသည်။ စက်ပြင်ဆရာ များ၊ လယ်သမားများ၊ ကုန်သည်များနှင့် ဥပဒေအကျိုးဆောင်များသည် ထိုနေရာသို့အပြေးအလွှားကယ်ဆယ်ရေးအတွက် ရောက်လာကြ၏။ကြိုး၊ လှေကား၊ ဂေါ်ပြား၊ ငန်းပြားတွေနှင့်သူတို့အားစိုက်တူးဖေါ်ကြသည်။ စာနာသနား စိတ်နှင့်သူတို့အော်ငိုနေကြသည်မှာ “သူ့ကိုကယ်ကြပါဦး၊ အိုဘုရားသခင် ကယ်တော်မူပါ” ဟူ၏။ (ChS 94.1) ChSBur 150.2
လူတွေအားစိုက်တူးနေကြသည်။ ချွေးသီးချွေးပေါက်တွေသူတို့နဖူး နဲ့မျက်ခုံးပေါ်မှစီးဆင်း၏။ သူတို့လက်မောင်းတွေညောင်းလို့ တုန်ခါနေပါပြီ။ ပိုက်လုံးရှည်တစ်ချောင်းကို မြေထဲသူတို့စိုက်ချလိုက်ပြီးသည့်နောက် ထိုပိုက် ကနေ အောက်မှာထိုသူအသက်ရှင်နေပါရဲ့လားဆိုပြီး အော်ဟစ်မေးလိုက်ကြ ၏။ ပြန်ထူးသံကြားလိုက်ရသည်။ “ရှိတယ်၊ မြန်မြန်လုပ်ကြပါ။ ဒီမှာ ကြောက်စရာကြီး။” သူတို့ပျော်လွန်းလို့ အော်လိုက်ကြပြီး ကြိုးစားလုပ်ရန် အားသစ်တွေဝင်လာကြသည်။ နောက်ဆုံးတော့ ထိုသူထံအရောက်တူး၍ ကယ်ထုတ်လိုက်နိုင်ခဲ့ကြပါသည်။ အောင်ပွဲအော်သံသည် ထက်ကောင်းကင် အထိ ထိုးဖေါက်ရောက်သွားသည်ဟု ထင်ရသည်။ “သူ့ကိုကယ်ထုတ်လိုက်နိုင် ပြီ” ဆိုသောပဲ့တင်သံသည် တစ်မြို့လုံးရှိလမ်းမတကာဆီသို့ ရောက်သွားလေ ၏။ (ChS 94.2) ChSBur 151.1
ဤအကြောင်းသည် လူတစ်ယောက်ကိုကယ်တင်ရန် အထူးစိတ် အားကြီးလျက်၊ အထူးစိတ်ထက်သန်လျက်၊ အထူးတလည်တက်ကြွလျက် လုပ်ခဲ့ကြသည်ဆိုရမလား။ အမှန်ပြောရလျှင် မဟုတ်လောက်သေး။ ဤလူ့ ဘဝတစ်ခဏရတဲ့အသက်ဆုံးပါးသွားသည်နှင့် ဝိညာဉ်တစ်ခုပျောက်ဆုံးသွား မှာကို နှိုင်းယှဉ်ကြည့်ပါလေ။ ဤသို့အသက်တစ်ချောင်းသေဆုံးမည့် ချောက်ကမ်းပါးစွန်းအနားရောက်နေစဉ် လူသားတွေရဲ့စိတ်ထဲ၌ သနားခြင်း အပြင်းအထန်ခံစားနေကြရ၍ နိုးထလာကြသည်ဆိုလျှင် အကယ်၍ ဝိညာဉ် တစ်လုံးပျောက်ဆုံးမည့်အရေး၌ ခရစ်တော်နှင့်လမ်းခွဲထွက်သောကြောင့် ဘေးရောက်မည်အမှန်သိသည်ဟု ပြောနေကြသောသူများသည် သနားစာနာ စိတ်ဖြင့် လေးလေးနက်နက်နိုးထမလုပ်သင့်ကြပေဘူးလား။ ဘုရားသခင်၏ အစေခံများသည် အထက်ကအဖြစ်အပျက်အတိုင်း တွင်းထဲ၌မြေမြှုပ်ခံနေရသူ တစ်ဦး၏အသက်တစ်ချောင်းကို ကယ်ဆယ်ခဲ့သကဲ့သို့ ဝိညာဉ်ကယ်တင်ရေး အတွက် အလုပ်လုပ်ကြရာ၌ အလွန်စိတ်အားကြီးစွာလုပ်ဆောင်သင့်ကြ၏။ (ChS 94.3) ChSBur 151.2