Go to full page →

အလုပ်အကိုင်နှင့်မျက်နှာထား ChSBur 152

စိတ်နှလုံးထဲရောက်သွားသောအရေးကြီးသည့် သမ္မာတရားတိုင်းသည် ဘဝမျက်နှာထားအမူအရာ၌ တွေ့ ရပေမည်။ ဤအချက်သည် လူ၌ခရစ်တော် ၏မေတ္တာတော်ကို လက်ခံရရှိခြင်းနှင့် အချိုးညီလျက်ရှိသည်။ လူ၏ဆန္ဒသည် သူ့အစွမ်းကိုသူအခြားသူများသို့ ပြောဆိုကြေညာပေးလို၏။ ထိုသို့ကြေညာ ပေးလိုက်သည်နှင့် ထိုသူများ၏ဝိညာဉ်ရေးရာတန်ဖိုးသည် လေးနက်လာပြီး အရှိန်မြှင့်တင်လုပ်ဆောင်လာကြပါသည်။ (ChS 94.4) ChSBur 152.1

ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် ကောင်းသောအကျင့်များပေါ်ပေါ လှိုင်လှိုင်ပေါ်ထွက်နေရမည်။ အဘယ်ကြောင့်ဆိုသော် အကျင့်မရှိသောယုံကြည် ခြင်းသည် အသေဖြစ်သတည်း။ (ChS 94.5) ChSBur 152.2

ဧဝံဂေလိသတင်းကောင်းကို နှလုံးသားထဲ၌ လက်ခံရပြီးသူတိုင်း သည် ထိုသတင်းကောင်းကို ကြေညာဟောပြောဖို့ လိုလားတောင့်တကြကုန် ၏။ ကောင်းကင်ဘုံမှမွေးလာသော ခရစ်တော်ကိုချစ်သည့်မေတ္တာသည် မျက်နှာထားအမူအရာ၌ ပေါ်လွင်နေသည်။ (ChS 95.1) ChSBur 152.3

ကျွန်ုပ်တို့သည် လက်ဆုပ်လက်ကိုင်ပြနိုင်သောဝန်ဆောင်မှုဖြင့် လည်းကောင်း၊ သခင်ဘုရား၏နာမ၌ ဘုန်းတော်ထင်ရှားစေရန် ကျွန်ုပ်တို့ အစွမ်းကုန်အမှုတော်ဆောင်ခြင်းဖြင့်လည်းကောင်း ဘုရားသခင်ကိုချီးမွမ်းကြ ရမည်။ (ChS 95 .2) ChSBur 152.4

ဤအချိန်၌ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် တတိယကောင်းကင် တမန်၏သတင်းစကားသီဝရီအတိုင်း အရောက်တက်လှမ်းပြီး ရပ်နေမည်။ (သို့မဟုတ်) ယုံသည်ဆိုရုံမျှနှင့်မဖြစ်ပါ။ ကျွန်ုပ်တို့၌ ခရစ်တော်၏ကျေးဇူး တော်ဖြစ်သောဆီကို ဆီမီးခွက်အထဲသို့ ဖြည့်ပေးရလိမ့်မည်။ သို့မှသာ အသက် ၏အလင်းသည် အရောင်ထွန်းတောက်ပြီး အမှောင်ထဲ၌ရှိနေကြသူများအား လမ်းပြပေးနိုင်လိမ့်မည်။ (ChS 95.3) ChSBur 152.5

သင်၏ဝိညာဉ်ခွန်အားနှင့် ကောင်းချီးမင်္ဂလာသည် သင်ရွက်ဆောင် သည့်ကောင်းသောအကျင့်ကျင့်ခြင်း၊ မေတ္တာပြခြင်းတို့နှင့် အချိုးညီစေရမည်။ (ChS 95.4) ChSBur 153.1

သမ္မာတရားအလင်းရ၍ သမ္မာတရားနှင့်အတူ ကျင့်ကြံအသက်ရှင် သူတိုင်းသည် ခရစ်တော်အတွက် ပို၍ပို၍ အမှုဆောင်ပေးကြရမည်။ (ChS 95.5) ChSBur 153.2

ကျွန်ုပ်တို့သည် ချို့တက်မှုရှိကြသူလူများဖြစ်ကြောင်းကို ကျွန်ုပ် မြင်မိပါသည်။ ကျွန်ုပ်တို့ပြုသောအမှုတိုင်းသည် ကျွန်ုပ်တို့ယုံကြည်သည့်အတိုင်း ဖြစ်မလာပါ။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် သေမျိုးလူသားတို့ကို အစဉ် ပြောနေသည့် အရေးပါအလေးနက်ဆုံးသော သတင်းစကားကြွေးကြော်ခြင်းဖြင့် ကျွန်ုပ်တို့အသက်ရှင်နေရပါကြောင်း သက်သေခံလျက်ရှိပါ၏။ ဤအဖြစ်မှန် ကိုခြုံကြည့်လိုက်လျှင် ကျွန်ုပ်တို့၏ကြိုးပမ်းမှု၊ ကျွန်ုပ်တို့၏စိတ်အားကြီးမှု၊ ကျွန်ုပ်တို့၏ကိုယ်တိုင်အနစ်နာခံသောစိတ်များသည် အမှုတော်၏ဂုဏ်ဒြပ်နှင့် နှိုင်းယှဉ်လို့မရသေး။ ကျွန်ုပ်တို့သည် သေရာမှနိုးထရမည်။ သို့ဖြစ်လျှင် ခရစ်တော်သည် ကျွန်ုပ်တို့အား အသက်ပေးပါလိမ့်မည်။ (ChS 95.6) ChSBur 153.3

ယုံကြည်ခြင်းဖြင့် ရှေ့ဆက်တက်ပါ။ သင်ယုံကြည်ခဲ့သည့်အတိုင်း သမ္မာတရားကို ကြေညာပါ။ သင်ဝင်ရောက်လုပ်ဆောင်ပေးရသည့်သူများက သင့်အား အစစ်အမှန်အသက်ရသူတစ်ယောက်အဖြစ် အမှန်တကယ်မြင်ကြ ပါစေသော်။ (ChS 95.7) ChSBur 153.4

ခရစ်တော်နည်းတူ နေထိုင်အသက်ရှင်သောဘဝတစ်ခုသည် ခရစ်ယာန် ယုံကြည်ခြင်းကို ရှေ့ဆက်တိုးတက်စေသောတန်ခိုးအရှိဆုံးငြင်းချက်တစ်ရပ် ဖြစ်၏။ (ChS 95.8) ChSBur 153.5

ခရစ်တော်၏နာမကို ဝန်ခံပြောဆိုနေကြပြီး သူတို့နှလုံးသားများက ကိုယ်တော်၏အမှုတော်နှင့်မချိတ်ဆက်မိဘဲ နေကြသူများစွာရှိပါသည်။ ထိုသူ တို့သည် ဘုရားဝတ်မွေ့လျော်ခြင်းကို အလုပ်တစ်ခုအနေဖြင့် သူတို့ကိုယ်တိုင် က ခင်းကျင်းပြင်ဆင်ကြသည်။ ဤနည်းဖြင့် သူတို့ပြုလေတိုင်း၌ ကြီးစွာ ပြစ်ဒဏ်ကျခံရာဖို့ဖြစ်သည်။ သူတို့သည် ပိုမိုလှည့်ဖြားလာကြပြီး အသက်ဝိညာဉ် များကို ဖျက်ဆီးသည့်စာတန်၏အောင်မြင်သောကိုယ်စားလှယ်များဖြစ်လာ ကြကုန်သည်။ (ChS 95.9) ChSBur 153.6

သခင်ဘုရားအား စောင့်မျှော်နေကြကုန်သောသူများသည် သမ္မာ တရားကိုနာခံသောအားဖြင့် သူတို့၏ဝိညာဉ်များ သန့်ရှင်းစင်ကြယ်ခြင်းရလာ သည်။ သတိဝီရိယထားစောင့်မျှော်ခြင်းနှင့်အတူ ကြိုးပမ်းအားစိုက်လုပ်ဆောင် ခြင်းကို ပေါင်းစပ်ယူလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သခင်ဘုရားသည် တံခါးဝနားရောက်နေပြီကို သူတို့သိထားကြ၏။ သူတို့၏စိတ်အားကြီးခြင်း သည်လည်း ဝိညာဉ်များကယ်တင်ရေးအတွက် အလုပ်လုပ်နေကြသော ကောင်းကင်တမန်များနှင့် ပူးပေါင်းလုပ်ဆောင်ရန် အရှိန်မြှင့်တင်နေကြသည်။ ထိုသူများသည် ဘုရားသခင်၏အိမ်တော်အတွက် “ရာသီအလိုက် သူတို့အဖို့ အစာတုံး” ပေးလာသောသစ္စာရှိ၍ ဉာဏ်ထက်သည့်အစေခံများဖြစ်ကြသည်။ သူတို့သည် သမ္မာတရားကိုကြေညာနေကြသည်မှာ ယခုအခါ အထူးအသုံး ဝင်နေပါသည်။ ဧနောက်၊ နောဧ၊ အာဗြဟံနှင့်မောရှေတို့သည် သူတို့အချိန် မှာ သမ္မာတရားကို ကြွေးကြော်ပေးခဲ့ကြသလို ခရစ်တော်၏အစေခံများသည် လည်း ယခုအချိန်တွင် ဤကာလမျိုးဆက်အတွက် အထူးသတိပေးစကား ကိုပြောပေးနေကြရ၏။ (ChS 96.1) ChSBur 154.1

ဘုရားသခင်၏ရှေ့တော်မှောက်၌ ကျွန်ုပ်တို့ရပ်ပြရမည်မှာ ကျွန်ုပ် တို့ရခဲ့လိုက်သောအလင်းပမာဏအပေါ်မူမတည်။ ကျွန်ုပ်တို့ရခဲ့သည်ကို အဘယ်ကဲ့သို့ကျွန်ုပ်တို့အသုံးချခဲ့သည်များအပေါ် မူတည်လိမ့်မည်။ ပြောရရင် ဘုရားတရားမရှိသူများပင်လျှင် သူတို့ခွဲခြားသိနိုင်သမျှ အမှန်လောက်ကိုသာ ခွဲထုတ်နိုင်ကြပါသည်။ ကြီးစွာသောအလင်းရပြီးသူများအတွက်ဆိုလျှင် ပို၍ ရွေးချယ်မှုအလေးသာသောအခြေအနေရှိနေရမည်။ ဘုရားသခင်ကို အစေခံ မည်ပြောပြီး အလင်းကိုအလေးမထားနေထိုင်သွားလျှင် သူတို့၏အလုပ်အကိုင် သည် နေ့စဉ်ပဋိပက္ခဘဝနှင့်တကွ ရှိနေပါလိမ့်မည်တည်း။ (ChS 96.2) ChSBur 154.2

ခရစ်ယာန်တိုင်းအတွက် အထူးအခွင့်အရေးကြီးတစ်ရပ်မှာ သခင် ယေရှုခရစ်ကြွလာတော်မူမည်ကို မျှော်ကြည့်နေရုံတင်မဟုတ်ဘဲ အပူတပြင်း လှုပ်ရှားအမှုဆောင်နေကြရမည်။ သခင်ဘုရားနာမတော်၌ ဝန်ခံသူတိုင်းသည် ဘုန်းတော်ထင်ရှားခြင်းအသီးသီးနေပါက ကမ္ဘာတစ်လောကလုံး၌ ဧဝံဂေလိ မျိုးစေ့ကို အလွန်လျင်မြန်စွာကြဲချနိုင်ပါလိမ့်မည်။ နောက်ဆုံးနေ့၏ကောက် စပါးရိတ်သိမ်းပွဲကြီးသည်လည်း ဝင်းဝင်းမှည့်လျက် အသင့်အမြန်ရှိနေပြီ။ ခရစ်တော်သည် အဖိုးတန်စပါးကို စုစည်းရိတ်သိမ်းရန် ကြွရောက်လာတော်မူ လိမ့်မည်။ (ChS 96.3) ChSBur 155.1

ခရစ်ယာန်များသည် သူတို့ကိုယ်တိုင်က အိပ်ရာမှနိုးထလာကြရမည်။ သူတို့မေ့ချန်ထားခဲ့သောတာဝန်ကို ပြန်လည်ယူတင်ထမ်းရွက်ကြရမည်။ သူတို့ ကိုယ်တိုင်၏ဝိညာဉ်များ ကယ်တင်ခံရဖို့အတွက် သူတို့တစ်ဦးချင်းကြိုးပမ်း လုပ်ဆောင်မှုအပေါ်တွင် မူတည်နေပါသည်။ (ChS 96.4) ChSBur 155.2

စစ်မှန်သောကိုးကွယ်မှုသည် ခရစ်တော်နှင့်အတူတကွ ပါဝင်လုပ်ဆောင် မှုရှိရမည်။ ဆုတောင်းခြင်း၊ တွန်းအားပေးခြင်းနှင့် ဒေသနာဟောပြောခြင်းတို့ သည် မကြာမကြာချည်နှောင်ခြင်းရှိသည့် ဈေးပေါသောအသီးများကဲ့သို့ဖြစ် ရလိမ့်သည်။ သို့သော် ကောင်းသောအကျင့်၌ တည်သောအသီး၊ ဆင်းရဲ သားများ၊ မိဘမဲ့ကလေးများနှင့် မုဆိုးမတို့ကိုစောင့်ရှောက်ခြင်းများသည် စစ်မှန်သောအသီးများဖြစ်ကြ၍ ကောင်းသောအပင်၌ သဘာဝအတိုင်းကြီးထွား စည်ပင်လျက်ရှိနေလိမ့်မည်။ (ChS 96.5) ChSBur 155.3

အသင်းတော်အထဲရှိ အသင်းသားတိုင်းသည် အလင်းကိုလက်ခံရခဲ့ သကဲ့သို့ အလင်းဖြန့်ဝေခြင်းအလုပ်ကို တာဝန်တစ်ရပ်အနေဖြင့် လုပ်ကိုင်ကြ ရမည်။ သခင်ဘုရား၏စပျစ်ဥယျာဉ်ထဲ၌ အလုပ်မလုပ်ဘဲနေသည့်မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ခြွင်းချက်မပေးရပါ။ (ChS 96.6) ChSBur 155.4

အလုပ်၏အခြေခံသဘောတရားသည် ခရစ်တော်အလိုရှိသောအသီး ကိုသီးကြစေရန်ဖြစ်သည်။ အကျိုးဆောင်သောအကျင့်ကိုကျင့်ခြင်း၊ ကြင်နာ သောစကားကိုပြောခြင်းနှင့် ဆင်းရဲသူ၊ ချို့တဲ့သူ၊ ဒဏ်ရာအနာရသူများအား သနားစိတ်ဖြင့် ပြုစုထောက်ပံ့ခြင်းအလုပ်များကို လုပ်ပြကြရမည်။ (ChS 97.1) ChSBur 155.5

ယာကုပ်၏ရေတွင်းနားမှာ ယေရှုနှင့်စကားပြောခဲ့သောရှမာရိအမျိုးသမီး သည် ကယ်တင်ရှင်ကိုတွေ့ခဲ့ရသည်ဆိုပြီး မကြာမီကိုယ်တော်ထံသို့ အခြား သူများကို ခေါ်ယူလာခဲ့သည်။ သူမသည် ယေရှု၏ အနီးကပ်တပည့်တော် များထက် ပို၍ထိရောက်သောမစ်ရှင်အလုပ်ကို လုပ်ခဲ့ကြောင်း သူမကိုယ်တိုင် သက်သေပြခဲ့၏။ တပည့်တော်များသည် ရှမာရိပြည်ကို ခွန်အားပေးရမည့် နေရာဒေသတစ်ခုလောက်ကလွဲ၍ ဘာကိုမျှမမြင်ခဲ့ကြပါ။ သူတို့၏အတွေး များထဲ၌လည်း နောင်အခါ လုပ်ဆောင်ကြရမည့်အမှုတော်မြတ်ကြီးလောက်ကို သာ စိတ်ရောက်နေကြ၏။ လက်ရှိသူတို့အနီးဝန်းကျင်၌ ရိတ်သိမ်းရမည့် လယ်ကွင်းတစ်ခုရှိနေသည်ကို သူတို့မတွေ့ မမြင်ကြ။ သူတို့အထင်သေးသော ရှမာရိအမျိုးသမီးသည် တစ်မြို့လုံးရှိလူတွေကို သတင်းကောင်းကြားရန် ယေရှု ထံ ယူဆောင်ပေးလာနိုင်ခဲ့သည်။ သူမသည် သူမ၏ဌာနီလူတွေဆီကို ချက်ချင်း အလင်းသယ်ဆောင်ပေးခဲ့သူဖြစ်၏။ ဤအမျိုးသမီးသည် ခရစ်တော်၌ ယုံကြည် ခြင်းကို လက်ငင်းလုပ်ဆောင်တင်ဆက်သူဖြစ်သည်။ (ChS 97.2) ChSBur 156.1

သတ္တမနေ့မြော်လင့်ခြင်းအသင်းသားများသည် တိုးတက်မှုရှိနေသည်။ အသင်းသားနှစ်ဆတိုးလာခြင်း၊ မစ်ရှင်လုပ်ငန်းထူထောင်ခြင်းနှင့် မြေကြီးပေါ် ရှိအမှောင်ဒေသများသို့ သမ္မာတရားအလံတော်ကို လွှင့်ထူခြင်းလုပ်ခဲ့နိုင်ကြ သော်လည်း သူတို့သည် ဘုရားသခင်အလိုတော်ရှိသည်ထက် များစွာနှေးကွေး ကြပါသည်။ (ဘာကြောင့်လဲ)။ အသင်းတော်ရှိအသင်းသားများသည် သူတို့ လုပ်နိုင်ကိုင်နိုင်ကြသောအလုပ်ကို ရှေ့ဆက်ကြိုးပမ်းလုပ်ဆောင်ရန် လူတိုင်းက မနိုးထကြသေးဘူးဖြစ်နေသည်။ အမှုတော်အကိုင်းအခက်များသည်လည်း စိတ်အား ကြီးသောဘာသာရေးကိုင်းရှိုင်းမှု၊ ဆက်ကပ်မှု၊ စိတ်နှိမ့်ချမှု၊ ဘုရားသခင် အား ကြောက်ရွံ့ခြင်းအမှုတို့၌ ပေါ့လျော့နေကြသည်ကို တွေ့ရ၏။ ခရစ် တော်၏ကပ်တိုင်စစ်သည်တော်များ ဘယ်ရောက်နေကြသလဲ။ ဘုရားသခင် ကိုကြောက်ရွံ့သူများ၊ ရိုးသားသူများ၊ စိတ်နှလုံးတစ်လုံးတစ်ဝတည်းရှိသူများ၊ ဘုရားသခင်ဘုန်းတော်ထွန်းတောက်သည်ကို ကြည့်မျှော်သူများသည် မိစ္ဆာ ကိုဆန့်ကျင်သောတိုက်ပွဲအတွက် သူတို့ကိုယ်သူတို့အရံသင့်ပြင်ဆင်ထားကြ ပါစေ။ ဝိညာဉ်ရေးရာထိပ်တိုက်ဖြစ်သည့်အချိန်တွင် အတုအပနှင့် သူရဲဘော ကြောင်သူ အမြောက်အမြားရှိလာမည်ဆိုပါစို့၊ သူတို့အားနည်းသော်လည်း အားယူ၍ တက်လာကြမည်။ တိုက်ပွဲတွင် ပျော့သောဖရောင်းက သတ္တိပြောင် ပြောင်တိုက်၍ ငရဲသားများ၏တပ်ကို မောင်းနှင်တိုက်ထုတ်နေကြပါ၏။ (ChS 97.3) ChSBur 156.2

ဘုရားသခင်ပေးထားသောအစွမ်းကို ထုတ်သုံးရန် ငြင်းဆန်သူတစ်ဦး တစ်ယောက်သည် သူ၌စွမ်းအင်များယိုယွင်း၍ ပျက်စီးသွားလိမ့်မည်ဆိုသည် မှာ လောကအခြေခံသဘောတရားဖြစ်သည်။ သမ္မာတရားသည် သူ၌ရှိမနေ။ ပေးကမ်းထားခြင်းလည်း မခံခဲ့ရ။ အသက်ပေးသောတန်ခိုးသည် သူ၌ပျောက် ၏။ အနာငြိမ်းစေသည့်ပါရမီသည်လည်း သူ၌ပျက်၏။ (ChS 97.4) ChSBur 157.1

မေတ္တာကိုချည်နှောင်ထုံးဖွဲ့ရမည့်အစား အပြောသက်သက်ဖြင့် အလုပ် လုပ်နေခြင်းသည် သင်၏ဘာသာတရားကိုင်းရှိုင်းခြင်းအထဲသို့ အရိုးနှင့်ကြွက်သား များဘာမျှတိုးပွားစေလိမ့်မည်မဟုတ်ပါ။ (ChS 98.1) ChSBur 157.2

ခရစ်ယာန်ဘဝဖြင့် အသက်ရှင်နေထိုင်ခြင်းကို ထိန်းသိမ်းရန် ကြိုးပမ်း အားထုတ်သူသည် ကျေးဇူးတော်သက်သက်ဖြင့် ရေလိုက်သောကောင်းချီး များကို ငြိမ်ပြီးယူနေကာ ခရစ်တော်အတွက် ဘာမျှမလုပ်ဘဲနေလျှင် အလုပ် မလုပ်ဘဲနှင့် အစားသက်သက်ဖြင့် အသက်ရှင်ဖို့ကြိုးစားနေသူဖြစ်လိမ့်မည်။ သူ၏ဝိညာဉ်ရေးသည် ဇာတိလောကဓမ္မတာကဲ့သို့ပင် သူသည် အဆင့်နိမ့် ကျ၍ ယိုယွင်းပျက်စီးခြင်းအဖြစ်သို့ အမြဲရောက်လိမ့်မည်။ (ChS 98.2) ChSBur 157.3