လှုပ်ရှားမှုများတိုးလာသည်နှင့်အမျှ မမေ့ဖို့လိုသည်။ ပြီးစီးစေရမည့် အမှုတော်ကိုလုပ်ဆောင်ရာ၌ ကျွန်ုပ်တို့အောင်မြင်မှုရလာကြပါသည်။ သို့သော် လူလုပ်သောအကြံအစည်များနှင့် နည်းစနစ်များ၌ ကျွန်ုပ်တို့ယုံစားနေခြင်း သည် အန္တရာယ်ရှိသည်။ ဆုတောင်းမှုနည်းလာခြင်း၊ ယုံကြည်မှုလျော့ပါးလာ ခြင်းတို့ကြောင့် ယိမ်းယိုင်ဖြစ်တတ်မှုဓမ္မတာရှိလာလိမ့်မည်။ ကျွန်ုပ်တို့သည် ဘုရားသခင်အပေါ်၌ မှီခိုသောအာရုံပျက်ခြင်းအန္တရာယ်ရရှိလာကြလိမ့်မည်။ ဘုရားသခင်သည်သာလျှင် ကျွန်ုပ်တို့လုပ်ဆောင်မှုအောင်မြင်ရေးအတွက် ဖန်တီး ပေးသူဖြစ်သည်ကို မေ့လျော့ပြီးနေတတ်သည်။ ဤကဲ့သို့ဒယိမ်းဒယိုင်ဖြစ် တတ်သည်ဆိုသော်လည်း လူ၏တန်ဆာပလာသည် လျော့နည်းလုပ်ဆောင် စေရမည်ဟု မတွေးပါ။ ဤသို့မဖြစ်ရ။ လူသည် အလုပ်လျှော့လုပ်ရမည် မဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်ဖြစ်သည့် ကောင်းကင်ဆုကျေးဇူးကို လက်ခံရပြီးသောကြောင့် ပိုလို့သာလုပ်ဆောင်ကြရမည်။ (ChS 98.3) ChSBur 157.4
အသင်းတော်သည် ဘုရားသခင့်တန်ခိုးတော်အားဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်လာမည်ဆိုသောအချိန်ရောက်လာပါလိမ့်မည်။ အထူးကြိုးပမ်းလုပ်ဆောင် ခြင်းသည် အဖြေဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသောဝိညာဉ် တော်မှ အသက်ပေးသောတန်ခိုးသည် အသင်းသူ/အသင်းသားများအား ရှေ့သို့ ချီတက်ရန် အားပေးခြင်းနှင့်ခရစ်တော်ဆီသို့ ဝိညာဉ်များယူတင်ပေးခြင်းရှိ စေလိမ့်မည်။ ဤကဲ့သို့သောလှုပ်ရှားမှုထင်ရှားလာသောအခါ အတည်ကြည် ဆုံးလုပ်ဆောင်သူများသည် ဘုရားသခင်ထံ သူတို့တစ်သမတ်တည်းကြိုးစား ဆုတောင်းခြင်းဖြင့် မှီခိုနေကြသူများသာလျှင် လုံခြုံစိတ်ချရလိမ့်မည်။ ခရစ် တော်၏ကျေးဇူးတော်အားဖြင့်သာလျှင် သူတို့အလုပ်ထဲ၌ မာနစိတ်ကြီးဝင်ခြင်း မှသော်လည်းကောင်း၊ သို့မဟုတ် သူတို့လုပ်ရပ်ကို ကယ်တင်ရှင်တစ်ယောက် အဖြစ်မှတ်ယူနေခြင်းမှသော်လည်းကောင်း ကယ်လွှတ်ခြင်းခံရကြလိမ့်မည်။ ယေရှု ကိုသူတို့အစဉ်မပြတ်မျှော်လင့်နေကြရမည်။ သို့မှသာယေရှု၏တန်ခိုးတော် သည်သာလျှင် အမှုတော်ဆောင်ခြင်းဖြစ်ကြောင်းနှင့် ထိုသို့ဖြင့် ဘုန်းတော်ထင်ရှား ခြင်းအလုံးစုံ၏အကြောင်းတရားအဖြစ် မှတ်ယူရမည်ကို သူတို့နားလည်သဘော ပေါက်လာနိုင်ကြပေမည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အမှုတော်မြတ်တိုးချဲ့ ရေးကို အပြတ်သားဆုံးကြိုးစားအားထုတ်ကြရန် ခေါ်ယူခြင်းခံကြရမည်။ ခမည်း တော်ဘုရားသခင်ထံဆုတောင်းခြင်းသည်လည်း အခြေခံအကျဆုံးသောအလုပ် ဖြစ်နေရပါမည်။ တံခါးပိတ်ခန်းမအထဲ၌လည်းကောင်း၊ မိသားစုအထဲ၌သော် လည်းကောင်း၊ အသင်းတော်အထဲ၌သော်လည်းကောင်း ဆုတောင်းခြင်းများ၌ ချိတ်ဆက်ပါဝင်ရန် မဖြစ်မနေလုပ်ဆောင်ရမည့်ကျွန်ုပ်တို့၏အလုပ်ဖြစ်နေရ မည်။ (ChS 98.4) ChSBur 158.1
ဘာသာရေးဆိုင်ရာလုပ်ဆောင်မှုများ၌ အမြဲတမ်းပျာယာခတ်ဖြစ်နေ ခြင်းသည် ဘာသာရေး၏အနှစ်ချုပ်ဖြစ်သည်ဟု ကျမ်းတတ်ဆရာရမ္ဘိများက တွက်ဆခဲ့ကြပါသည်။ သူတို့၏ဘုရားတရာကိုင်းရှိုင်းမှုကိုပြသရန် အပေါ်ယံ အပြင်ပန်းလုပ်ဆောင်မှုများကို သူတို့အားထားခဲ့ကြပါသည်။ ဤနည်းဖြင့် သူတို့၏ဝိညာဉ်များသည် ဘုရားသခင်ထံမှလမ်းခွဲထွက်၍ မိမိကိုယ်မိမိအား ကိုးခြင်းများဖြင့် သူတို့ဘဝကို သူတို့တည်ဆောက်ယူခဲ့ကြသည်။ ထိုအန္တရာယ် မျိုးသည် ယခုခေတ်တွင်လည်း ဆက်လက်တည်ရှိဆဲဖြစ်ပါသည်။ လှုပ်ရှား မှုများတိုးတက်လာသည်နှင့်အမျှ လူသည် ဘုရားသခင်အတွက် မည်သည့် လုပ်ဆောင်မှုများ၌မဆို အောင်မြင်စွာလုပ်ကိုင်လာကြသောအခါ လူသားများ ရေးဆွဲသည့်စီမံကိန်းများနှင့်လုပ်နည်းလုပ်ဟန်များကို စိတ်ချယုံကြည်လာသည့် အန္တရာယ်ရှိလာပါသည်။ ထိုအခါမျိုးတွင် ဆုတောင်းရန် အလားအလာ နည်းပါးသွားပြီး ယုံကြည်ခြင်းလျော့နည်းလာပါသည်။ ရှေးတပည့်တော်ကြီး များနည်းတူ ကျွန်ုပ်တို့သည် ဘုရားသခင်အပေါ် မှီခိုအားထားခြင်း၌ မျက်ခြည် ပြတ်ကာ မိမိတို့၏လုပ်ရပ်များကိုသာ ကယ်တင်ရှင်တစ်ယောက်ကဲ့သို့ မှတ်ယူဆည်းပူးနေသည့်အန္တရာယ်ထဲသို့ ရောက်နေကြ၏။ ကျွန်ုပ်တို့သည် ယေရှုကိုစေ့စေ့ဆင်ခြင်ကြည့်ရှုနေကြရန်နှင့် ကိုယ်တော်၏တန်ခိုးသည် အမှု တော်ကိုရွက်ဆောင်ပါကြောင်း အမှန်သဘောပေါက်နားလည်ကြရမည်။ ပျောက်ဆုံးနေသောလူသားများကို ကယ်တင်ရန် ကျွန်ုပ်တို့အားတက်သရော လုပ်ဆောင်နေကြစဉ် ဘုရားသခင်၌ စိတ်အာရုံစုစည်းထားခြင်း၊ ဆုတောင်း ခြင်း၊ နှုတ်ကပတ်တော်ကိုလေ့လာခြင်းတို့အတွက် ကျွန်ုပ်တို့အချိန်ပေးကြရ မည်။ များစွာသောဆုတောင်းခြင်းအမှုပြီးစီးခြင်းနှင့် ခရစ်တော်၏ ကောင်းမြတ် ခြင်းအားဖြင့် စင်ကြယ်မှုရယူခြင်းများသာလျှင် နောက်ဆုံး၌ကောင်းရာဘုံသို့ ရောက်ဖို့လုံလောက်ကြောင်း သက်သေထင်ရှားစေလိမ့်မည်။ (ChS 98.5) ChSBur 159.1