Go to full page →

ခရစ်ယာန်ဘဝရှုခင်း (The Christian Life In Landscape) ChSBur 171

ဘုရားသခင်၏နှုတ်ထွက်စကားသံများကို စိတ်နှလုံးအထဲ၌ သိုမှီး ထားသောသူသည် အငွေ့ပျံခန်းခြောက်သွားမည့်ရေကန်တစ်ခုလိုမဟုတ်ပါ။ ၎င်းမှာတောင်ပေါ်စမ်းချောင်းတစ်ခုကဲ့သို့ ရေမပြတ်ထွက်နေသောစိမ့်စမ်းရေစီး ကြောင်းတစ်ခုအားဖြင့် အေးမြကြည်လင်သောရေစက်ရေပန်းသည် ကျောက်ကြို ကျောက်အကြားမှ ပန်းထွက်ကာ မောပန်းသူ၊ ရေငတ်သူ၊ ဝန်ထုပ်ဝန်ပိုးထမ်း လျက်ရောက်လာသူများကို အားဖြည့်ပေးစွမ်းနိုင်လေသည်။ ၎င်းသည် ရေမပြတ် စီးဆင်းနေသောမြစ်တစ်မြစ်ကဲ့သို့လည်းဖြစ်၏။ ထိုမြစ်သည် ကမ္ဘာမြေပေါ် အနှံ့အပြားသို့ အသက်ပေးသောရေကို ဖြန့်ဝေပေးမှုမပြီးမချင်း၊ ပို၍နက်စွာ၊ ပို၍ကျယ်ပြန့်စွာဖြင့် ရှေ့ဆက်စီးဆင်းနေ၏။ ရေကြောင်းသည် စီးဆင်းရာ လမ်းကြောင်းတစ်လျှောက် သီချင်းသီကျူးသွားလျက် စိမ်းလန်းစိုပြည်ခြင်း နှင့်အသီးအနှံပေါများခြင်းကို ကောင်းချီးမင်္ဂလာအဖြစ် ချန်ထားခဲ့ပါသည်။ မြစ်ကမ်းပေါ်ရှိမြက်ခင်းသည် စိမ်းလန်းသောမြက်ခင်းလွင်ပြင်တစ်ခုဖြစ်၏။ သစ်ပင်တန်းများသည်လည်း စိမ်းလန်းစိုပြည်ကြွယ်ဝခြင်းနှင့်တကွ ပန်းပေါင်း စုံပိုမိုဖူးပွင့်နေလေ၏။ နွေရာသီရောက်သောအခါ ပူလောင်ခြောက်သွေ့မှုဖြင့် မြေကြီးသည် ဗလာကျင်း၍ ညိုမှိုင်းကျက်သွားမည်ဖြစ်သော်လည်း အစိမ်း ရောက်တောတန်းများသည် မြစ်ကြောင်းအလှကို မှတ်သားပေးနေလေသည်။ (ChS 105.4) ChSBur 171.2

ထိုအရာသည် ဘုရားသခင်၏ မှန်သောသားသမီးများနှင့်အတူ ရှိပါ သည်။ ခရစ်တော်၏ဘာသာသည် အသက်စွမ်းအင်ပေးခြင်း၊ အခြေခံစည်း ကမ်းများထိုးဖေါက်သက်ဝင်စေခြင်း၊ အသက်ရှင်ခြင်း၊ ဝန်ဆောင်စေခြင်းနှင့် ဝိညာဉ်ခွန်အားများကို ဖေါ်ဆောင်ပေးလေသည်။ နှလုံးသားတံခါးသည် ကောင်းကင်ဘုံမှသမ္မာတရားတော်နှင့် မေတ္တာတော်လွှမ်းမိုးစေဖို့ဖွင့်ပေးသည် ရှိသော် ဤအခြေခံစည်းမျဉ်းများသည် ကန္တာရအထဲမှ စမ်းချောင်းပေါက်ထွက် သကဲ့သို့ အသစ်တစ်ဖန်ရှေ့တိုးစီးဆင်းသွားမည်ဖြစ်သောကြောင့် သေခြင်း ကျတ်တီးမြေလွင်ပြင်ပေါ်တွင် အသီးများစွာသီးခြင်းအကြောင်းရှိလာပါလိမ့် မည်တည်း။ (ChS 106.1) ChSBur 172.1