ခရစ်ယာန်အသက်ရှင်နေထိုင်မှုတွင် ကြွေးကြော်သံသုံးခုရှိသည်။ အခေါ် အဝေါ်အားဖြင့် “စောင့်ကြည့်၊ ဆုတောင်း၊ အမှုဆောင်” ဟူ၍ဖြစ်၏။ ယင်းတို့ကိုကျွန်ုပ်တို့ဆီသို့ စာတန်စစ်ချီရောက်လာ၍ တိတ်တဆိတ်ခိုးယူ ထုတ်မသွားရလေအောင် ကျွန်ုပ်တို့ဂရုစိုက်ကြရမည်။ (ChS 106.2) ChSBur 172.2
ခရစ်တော်ကိုရသည်ဟု အတိအလင်းကြွေးကြော်နေကြသူလူအားလုံး သည် ဝိညာဉ်ရေးရာအမှုဆောင်သူတစ်ဦးချင်းကိုယ်စီဖြစ်ကြောင်းနှင့် သခင့် အမှုတော်၌ တက်ကြွသူ၊ စိတ်အားကြီးသူ၊ ကျွမ်းကျင်သူဖြစ်နိုင်ချေရှိကြောင်း ကို သူတို့ကိုယ်တိုင်က လူတိုင်းအား ကတိပေးနိုင်ကြရပါမည်။ ခရစ်တော် သည် လူတိုင်းကိုယ်စီတာဝန်ကို ယူတင်လုပ်ဆောင်ကြရန် မျှော်လင့်နေတော် မူသည်။ ဤအချက်သည် ခရစ်တော်၏နောက်လိုက်များအလွှာအသီးသီးတို့၌ ကြွေးကြော်သံဖြစ်နေရပါမည်။ (ChS 106.3) ChSBur 172.3