Go to full page →

ကျိုးကြောင်းဆီလျော်မှုမရှိသောဆင်ခြေများ (Unwarranted Excuses) ChSBur 175

ယေရှုကောင်းကင်သို့တက်ကြွတော်မူပြီးနောက် ကိုယ့်အလုပ်ကိုယ် လုပ်ကြရန် လူတိုင်းတွင် ချန်ထားခဲ့သည်။ “ဘာမျှလုပ်စရာမရှိ” ဟု ဆိုသည် မှာကျိုးကြောင်းဆီလျော်မှုကင်းမဲ့သောဆင်ခြေပေးခြင်းပင်တည်း။ “ဘာမျှလုပ် စရာမရှိ” ဟုဆိုသည်မှာ ညီအစ်ကိုများအထဲ၌ ဒုက္ခပေးသောအကြောင်းဖြစ် သည်။ အဘယ်ကြောင့်ဆိုသော် စာတန်သည် လူပျင်းများ၏စိတ်အတွင်းသို့ ကိုယ့်စိတ်ကြိုက်ကိုယ်နေထိုင်ကြဖို့ အယူသွင်းပေးလိမ့်မည်။ ထိုကြောင့် “ဘာမျှ လုပ်စရာမရှိ” ဟုဆိုခြင်းသည် ညီအစ်ကိုများအထဲ မိစ္ဆာသက်သေခံခြင်းများ ယူလာ၍ ခရစ်တော်၏အသင်းတော်များအတွင်း သဘောထားကွဲလွဲခြင်းများ ဖြစ်စေသည်။ ယေရှုမိန့်တော်မူခဲ့သည်။ “ငါနှင့်အတူ စုသိမ်းခြင်းမရှိသော သူသည် အခြားသို့ပြန့်ကျဲလွင့်စဉ်သွားမည်။ (ChS 108.1) ChSBur 175.2

ညီအစ်ကိုများ၊ ညီအစ်မများတို့၊- သူတစ်ပါးအတွက် လုပ်ကိုင်ပေး ရန် မဖြစ်နိုင်ပါဟူသောလျှောက်လဲချက်ဖြင့် သင်တို့အထဲတွင် အမှုတော်ဆောင် ခြင်းမှထွက်ပြေးရန် အကြောင်းရှာနေကြသူများစွာရှိနေသည်။ သင်တို့ကိုမစွမ်း ဆောင်နိုင်ရလေအောင် ဘုရားသခင်ဖန်ဆင်းခဲ့ပါသလား။ ကိုယ်မလုပ်ချင်လို့ မစွမ်းဆောင်နိုင်ပါဟု ဆိုနေပါသလား။ သို့မဟုတ် တမင်သက်သက်ရည်ရွယ် ရွေးချယ်၍ ထိန်းသိမ်းနေပါသလား။ သင့်အတွက် အနေချောင်စေရန်၊ ဝမ်းသာ ပျော်ရွှင်ဖွယ်မှုဖြစ်စေရန်မဟုတ်ဘဲ ဘုရားသခင်အတွက် သင်၏ပင်ကိုယ်စွမ်းရည် အနည်းဆုံးတစ်ခုခုတိုးစေရန် ကိုယ်တော်မအပ်ပေးခဲ့လေသလော။ သင်သည် ဘုရားသခင်၏အစေခံတစ်ဦးအဖြစ် ဤကဲ့သို့စိတ်ချအပ်နှံထားသောငွေရင်းကို ပညာသတိရှိရှိကျွမ်းကျွမ်းကျင်ကျင်အသုံးပြု၍ ကိုယ်တော်အား အခွန်တော်ငွေ အပ်နှံထားရန် သင့်မှာတာဝန်ရှိသည်ကို အမှန်မသိလေသလော။ ပြောရလျှင် လည်း ဘုရားသခင်အပေါ် ကိုယ်တော်၏လူများက တာဝန်ရှိသည့်အကြောင်း အမြင်မှန်ခံစားမိကြသူအနည်းအကျဉ်းလောက်သာရှိကြပေသည်။ (ChS 108.2) ChSBur 176.1

လူများစွာတို့အတွေးရှိကြသည်မှာ အကယ်၍ သူတို့၏ဘဝသည် စီးပွားရေးဘဝများ၌သာ ကျင်လည်နေခဲ့ကြသော် ဝိညာဉ်များကယ်တင်ရေး အတွက် သူတို့ဘာမျှမလုပ်ပေးနိုင်၊ ရွေးနုတ်ကယ်တင်ရှင်အကျိုးတိုးစေဖို့လည်း သူတို့မလုပ်ပေးနိုင်ကြဟူ၍ဖြစ်သည်။ သူတို့က တစ်ဝက်တစ်ပျက်ဘဝနှင့် သူတို့အလုပ်မဖြစ်နိုင်ကြဟုဆိုပြီး ဘာသာရေးတာဝန်များ၊ ဘာသာရေး လေ့ကျင့်မှုများမှလှည့်ထွက်သွားကြကုန်၏။ သူတို့ဘဝကိုသူတို့လောကအထဲ၌ မြှုပ်ထားလိုက်ကြသည်။ ဘုရားကိုမေ့ပစ်ပြီး စီးပွားရေးလုပ်ငန်းများကိုသာ အဓိကနေရာမှာထား၍ နေသွားကြသောကြောင့် ဘုရားသခင်သည် သူတို့ကို ကျေနပ်အားရတော်မမူ။ သူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သောအားဖြင့် ထာဝရအသက်တာနှင့်ပြည့်စုံသောသန့်ရှင်းခြင်းသို့ရောက်စေနိုင်သည့် စီးပွား ရေးလုပ်ငန်းများထဲ၌ သူတို့ချိတ်ဆက်ရှိမနေဘူးဆိုရင် အချိန်နာရီမပြတ်ယေရှုကို ရနိုင်သောစီးပွားရေးလုပ်ငန်းများကို သူတို့ပြောင်းလဲလုပ်ကိုင်သင့်ကြပါသည်။ (ChS 108.3) ChSBur 176.2