Go to full page →

သေချာပေါက်ကုစားပေးခြင်း (The Sure Remedy) ChSBur 173

စိတ်ဓာတ်ကျဆင်းနေသူအတွက် သေချာပေါက်ကုစားပေးရန် ဆေးအဆင်သင့်ရှိနေပါ၏။ ၎င်းမှာယုံကြည်ခြင်း၊ ဆုတောင်းခြင်းနှင့်အမှုတော် ဆောင်ခြင်းတို့ဖြစ်သည်။ ယုံကြည်ခြင်းနှင့်လှုပ်ရှားမှုသည် နေ့စဉ်နှင့်အမျှ တိုးပွားနေရမည်ဖြစ်သောစိတ်ချရမှုနှင့် ကျေနပ်မှုတို့ကိုပေး၏။ သင်သည် စိုးရိမ်ကြောက်ရွံ့မှု၊ လုံးဝစိတ်မချမ်းမြေ့မှုများကို ခံစားချက်လမ်းဖွင့်ပေးမိရန် သွေးဆောင်ခြင်းခံနေရပါသလား။ အမှောင်ဆုံးနေ့ရက်များ၌ ကြောက်မက် ဖွယ်အကောင်းဆုံးပေါ်ထွက်လာသည်ဟု သင်ထင်မြင်မိသောအခါ မကြောက် ပါနှင့်။ ဘုရားသခင်ကို ယုံကြည်ပါ။ သင်လိုအပ်နေသည်များကို ကိုယ်တော် သိသည်။ ဘုရားသခင်သည် အနန္တတန်ခိုးတော်ရှင်ဖြစ်သည်။ ကိုယ်တော် ၏အနှိုင်းမဲ့ချစ်ခြင်းမေတ္တာနှင့် သနားခြင်းကရုဏာတော်သည် ဘယ်သောအခါ မျှအင်အားကုန်ခန်းသွားသည်မရှိပါ။ ကိုယ်တော်သည် ကတိတော်ကိုပြည့်စုံစေ ခြင်း၌ ပျက်ကွက်မေ့လျော့သွားလိမ့်မည်ဟူ၍ ကြောက်ရွံ့မနေပါနှင့်။ ကိုယ်တော် သည် ထာဝရသစ္စာရှိသူဖြစ်တော်မူသည်။ ဘုရားသခင်ကို ချစ်တော်မူသော သူတို့နှင့်ချုပ်ဆိုထားသောပဋိညာဉ် ကတိတော်များကို ဘယ်သောအခါမျှ ကိုယ်တော်မပြောင်းပစ်ပါ။ သို့ဖြစ်၍ ဘုရားသခင်သည် သစ္စာရှိသောအစေခံ များအား အကူအညီလိုအပ်၍ တောင်းခံလာပြီဆိုလျှင် ကိုယ်တော်သည် လုံလောက်သောစွမ်းဆောင်နိုင်မှုကို အတိုင်းအဆဖြင့် အပ်နှင်းပေးတော်မူပါ လိမ့်မည်။ (ChS 107.1) ChSBur 173

ဝိညာဉ်ပျင်းရိခြင်းကို အစစ်အမှန်ကုစားပေးနိုင်သည့်အရာတစ်ခုတည်း သာရှိသည်။ ၎င်းမှာအလုပ်လုပ်ခြင်းပင်ဖြစ်သည်။ (Chs 107.2) ChSBur 174.1

သူရဲဘောကြောင်သူ၊ သံသယဝင်သူ၊ တုန်လှုပ်တတ်သူလူများအတွက် ခရစ်တော်ပြဌာန်းပေးထားသောလုပ်ထုံးလုပ်နည်းရှိသည်။ ဘုရားသခင်၏ရှေ့ မှောက်၌ ညည်းတွားနေတတ်ကြသောဝမ်းနည်းခံစားတတ်ကြသူတစ်ဦးချင်း စီတိုင်းသည် အကူအညီလိုအပ်နေသူတစ်ယောက်ယောက်ကိုထ၍ရှာပြီး အကူ အညီပေးလိုက်ပါစို့။ (ChS 107.3) ChSBur 174.2

စိတ်အားထက်သန်မှု၊ စိတ်အားကြီးမှု၊ မေတ္တာထားမှုတို့၌ အစဉ် မပြတ်ကြီးထွားနေသောခရစ်ယာန်များသည် ဘယ်သောအခါမျှ လျော့ပါး ဆုတ်ယုတ်၍ ဒုံရင်းပြန်ကျသွားမည်မဟုတ်ပါ။ (ChS 107.4) ChSBur 174.3

ဤသို့အတ္တကင်းသောဝန်ဆောင်မှုလုပ်ငန်းများတွင် ချိတ်ဆက်ပါဝင် လိုခြင်းမရှိကြသူများသည် စစ်မှန်သောဘာသာရေးဖြစ်ထွန်းစေရေးအမြင်အားလုံး သူတို့၌ ပျောက်ဆုံးမသွားမချင်း၊ အတွေ့အကြုံများချူချာလာကြမည်။ ရုန်းကန် ခြင်း၊ တွေးတောခြင်း၊ အပြစ်လုပ်ခြင်း၊ နောင်တရခြင်းတို့နှင့်တကွလည်း အလွန်မောပန်းနွမ်းနယ်လာကြလိမ့်မည်။ သူတို့သည် လောကအလုပ်ကို ပြန်မလုပ်လိုတော့ဟု ခံစားလာမိကြမည်။ ထို့ကြောင့် ဇိအုန်စကတ်ကိုဝတ်၊ မနာလိုတိုရှည်အသေးအဖွဲကလေးတွေနှင့် မရှုဆိတ်ခြင်း၊ မကျေမနပ်ဖြစ်ခြင်း၊ ရက်စက်ခြင်းတို့ဖြင့် တွဲလွဲဖြစ်နေကြမည်။ သူတို့သည် အပြစ်ရှာပြောဆိုခြင်း အပြည့်နှင့် ညီအစ်ကိုများ၏အမှားများ၊ အားနည်းမှားယွင်းခြင်းများအပေါ်တွင် မောက်မာနေကြကုန်၏။ သူတို့၏ဘာသာတရားအသက်တာသည် မျှော်လင့် ခြင်းမရှိ၊ ယုံကြည်ခြင်းမရှိ၊ အတွေ့အကြုံဝေဝါးထုံထိုင်းခြင်းဖြစ်ကုန်ကြပါ၏။ (Chs 107.5) ChSBur 175.1