သင့်အိမ်နီးချင်းများကို သင့်အိမ်သို့ဖိတ်ခေါ်၍ သူတို့နှင့်အတူ အဖိုး တန်သောသမ္မာကျမ်းစာနှင့်သမ္မာတရားအနက်ဖွင့်စာအုပ်များကို ဖွင့်ဖတ်ဆွေး နွေးပါ။ သူနှင့်အတူ စည်းစည်းလုံးလုံးဓမ္မသီချင်းသီဆိုခြင်းနှင့် ဆုတောင်း ခြင်းအမှုတို့ကိုပြုပါ။ ဤသို့စုရုံးမှုကလေးတွေမှာ ကတိတော်အတိုင်းခရစ်တော် ပါရှိနေသည်ဖြစ်၍ လူ့နှလုံးသားများသည် ကျေးဇူးတော်ကို ထိတွေ့ ခံစား ရပါလိမ့်မည်။ (ChS 122.1) ChSBur 201.3
အာပေါလုသည် ဧဖက်မြို့မှာရှိစဉ် “တရားဇရပ်ထဲ၌ ရဲဝံ့စွာဟော ပြောနေလေ၏။” သူ၏တရားနာပရိသတ်ထဲတွင် ပြစ်ကိလနှင့်အာကုလတို့ လည်းရှိနေသည်။ အာပေါလုသည် ဧဝံဂေလိတရားအလင်းပြည့်ဝစွာမရရှိသေး ကြောင်း သူတို့နှစ်ဦးသတိမူမိသောအခါ “သူ့ကိုယူ၍ ဘုရားသခင်၏ဘာသာ တရားကို သာ၍သေချာစွာသင်ကြားကြ၏။” အာပေါလုသည် သူတို့၏ သွန်သင်ခြင်းကြောင့် နှုတ်ကပတ်တော်ကို ရှင်းရှင်းလင်းလင်းသိမြင်လာရသည် ဖြစ်၍ ခရစ်ယာန်ယုံကြည်ခြင်း၏အကျိုးတော်ဆောင်အကျော်အမော်တစ်ဦး ဖြစ်လာခဲ့သည်။ (ChS 122.2) ChSBur 201.4