ခရစ်တော်နှင့်အတူ လုပ်ဆောင်နေကြသူအားလုံးကို ကျွန်ုပ်ပြောလို သည်မှာ သင်သည် မီးလင်းဖိုရှေ့၌ လူတွေနှင့်တွေ့ဖို့ လမ်းစရသည့်အခါတိုင်း သင့်အခွင့်အရေးကို တိုးတက်ကောင်းမွန်အောင်လုပ်ပါ။ ကျမ်းစာအုပ်ကိုယူ၍ သူတို့ရှေ့မှာ ဖွင့်ဖတ်ခြင်းဖြင့် သမ္မာတရား၏ကြီးမြတ်သောအလင်းကို ရှင်းပြ ပါ။သင့်အောင်မြင်မှုသည် သင်၏အသိဥာဏ်နှင့် ထူးချွန်မှုအပေါ် မူမတည်၊ လူ့စိတ်နှလုံးလမ်းကိုရှာတွေ့ နိုင်သော သင်၏အစွမ်းအစ ပေါ်မှာရှိပါသည်။ လူတွေနဲ့ရောနှောကာ အနီးကပ်ပေါင်းသင်းဆက်ဆံ ခြင်းအားဖြင့် သင်သည် သူတို့ကိုအကျယ်တဝင့်ဟောပြောရှင်းပြနိုင်ဆုံးထက် ပို၍သူတို့၏အတွေးရေစီးကြောင်းကို အသင့်လမ်းလွှဲပေးနိုင်သည်။ အိမ်ထောင် မိသားစုဝိုင်း၊ မီးလင်းဖိုနံဘေး၊ ပုဂ္ဂလိကနေအိမ်တွေမှာ လူစုငယ်ကလေးများ ကို ခရစ်တော်အကြောင်းမိတ်ဆက်ပေးခြင်းသည် လဟာပြင်တရားပွဲ၊ တရား ဟောစင်အမျိုးမျိုးနှင့်ခန်းမကြီးများ၊ အသင်းတော်အဆောက်အအုံများအတွင်း ဟောပြောသွန်သင်နေသောဒေသနာများထက် ဝိညာဉ်များကိုယေရှုထံသို့ အောင်နိုင်ပို့ဆောင်ခြင်း၌ မကြာခဏပိုမိုအောင်မြင်စွာလုပ်ဆောင်နိုင်ကြပါ သည်။ (ChS 122.3) ChSBur 202.1
လူသားအကျိုးအတွက်နှင့် ခရစ်တော်ကိုယ်တိုင်ဆက်စပ်ယူ ခဲ့သည် နမူနာသည် နှုတ်ကပတ်တော်ဟောပြောသူအားလုံးနှင့် သတင်းကောင်းကျေးဇူးတော်ကို ခံစားရကြပြီးသူအားလုံးတိုက လိုက်လျှောက်ရမည့် ပုံစံဖြစ်သည်။ ကျွန်ုပ်တို့သည် လူမှုဆက်ဆံရေးကို မစွန့်ပယ်ရ။ အခြားသူများနှင့်မပေါင်းသင်းဘဲ တစ်သီးတခြားမနေသင့်ပါ။ လူတန်းစားအလွှာအသီးသီးကိုလက်လှမ်းမီဖို့ သူတို့ထံသွားရောက်တွေ့ ဆုံရ မည်။ လူတွေသူတို့သဘောနှင့်သူတို့ ကျွန်ုပ်တို့ထံရှာဖွေရောက်လာသည်မှာ ကြုံတောင့်ကြုံခဲဖြစ်ပါသည်။ တရားပလ္လင်တစ်ခုတည်းမှသာ သမ္မာတရား သတင်းစကားကို လူသားနှလုံးထိစေအောင်ပြုနိုင်သည်မဟုတ်။ အခြား နည်းလုပ်ဆောင်မှုရှိပါသည်။ နှိမ့်ချမှုရှိသောသူသည် ကတိထားသည့်အတိုင်း လုံးလုံးလျားလျားအပ်နှံလျှင် ရနိုင်ပါသည်။ ဤအတွက် လူတန်းစားနိမ့်သူ များနေအိမ်၌လည်းကောင်း၊ အထက်တန်းစားအိမ်ကြီးကြီးများ၌လည်းကောင်း၊ ဧည့်ခံပွဲများ၌လည်းကောင်း၊ အပြစ်ကင်းသောလူမှုပျော်ပွဲရွှင်ပွဲစုရုံးခြင်းများ၌ လည်းကောင်း ရှာဖွေတွေ့ ရသည်။ (ChS 122.4) ChSBur 202.2
ခရစ်တော်သည် လူတွေနဲ့အထူးသီးသန့်ခွဲထွက်နေခဲ့သည်မဟုတ်၊ ကိုယ်တော်သည် ဖါရိရှဲတို့၏တင်းကျပ်သောစည်းကမ်းသတ်မှတ်ချက်များကို ပြောင်းလဲခြင်းအမှုတော်အတွက် သူတို့ကိုတိုက်လှန်ခဲ့ခြင်းဖြစ်သည်။ ဖါရိ တို့၏မမြင်ကွယ်ရာမှာ နံရံအမြင့်ကြီးကာလျက် ဘာသာရေးစည်းခြားအုပ်စိုး မင်းမူနေသည်ကို သခင်ဘုရားတွေ့ မြင်ခဲ့သည်။ ထိုနံရံအပိုင်းအကန့်များကို သခင်ဖြိုဖျက်ပစ်ခဲ့သည်။ လူတွေနဲ့ဆုံတွေ့သောအခါ၌ “သင်တို့၏ ယုံကြည်သောအယူဝါဒဟာဘာလဲ။ ဘယ်အသင်းတော်ကပါလဲ” ဟု မမေးခဲ့။ ကိုယ်တော်သည် အကူအညီလိုနေသူအားလုံးကို သူ၏ မစတော်မူခြင်းတန်ခိုးဖြင့် ပြုစုပေးခဲ့သည်။ ဘုရားသခင်၏သိက္ခာ တော်နှင့်အညီ ဖွင့်ပြနိုင်ရန်အလို့ငှါ ကျောင်းသင်္ခမ်းဇရပ်အထဲ သီးသန့်ခွဲခြား နေမည့်အစား ကိုယ်တော်သည် လူသားအကျိုးအတွက် အထူးကြိုးစား ဝန်ဆောင်ခဲ့လေသည်။ သမ္မာကျမ်းစာဘာသာရေးသည် ခန္ဓာကိုယ်အရှက်ရစေဖို့ ပါဝင်ကြောင်းကို အခြေခံသဘောတရားအဖြစ် စွဲမှတ်နေအောင်သွန်သင် သြဝါဒပေးတော်မူခဲ့ပါသည်။ ညစ်ညမ်းခြင်းကင်းပြီး သန့်ရှင်းသောဘာသာ တရားသည် သတ်မှတ်ကာလနှင့် အထူးအကြောင်းအတွက် သက်သက်မရည် ရွယ်ထားကြောင်းကိုလည်း ကိုယ်တော်သွန်သင်ပြောပြခဲ့သည်။ အချိန်တိုင်း၊ နေရာတိုင်းတွင် ကိုယ်တော်သည် လူတွေကိုချစ်သည့်စိတ်ပေါ်လွင်ထင်ရှား စေခဲ့သည်။ ရွှင်ရွှင်လန်းလန်းဖြင့် ဘုရားတရားကြည်ညိုခြင်းအလင်းကို ကိုယ်တော့်တစ်ဝန်း၌ ဖြန့်ကြက်ချခင်းပေးထားလေ၏။ (ChS 123.1) ChSBur 203.1
လူတွေရဲ့အခြေအမြစ်မရှိသောအစွဲအလမ်းရှေ့၌ပင် ကိုယ်တော်သည် လူတွေစက်ဆုပ်ရွံရှာကြသည့် လူတို့၏ ဧည့်ခံပြုစုခြင်းကိုလက်ခံခဲ့သည်။ ကိုယ်တော်သည် သူတို့၏အိမ်အမိုးအောက်တွင်အိပ်၍ သူတို့၏ထမင်းစားပွဲ တွင် သူတို့နှင့်အတူဝင်စားသည်။ ထို့ပြင်သူတို့ချက်ပြုတ်ပြင်ဆင်၍ လက်ကမ်း ပေးလာသောအစာကိုလည်း ယူစားသည်။ ထိုသူတို့၏လမ်းမထဲမှာပင် သူတို့ ကိုဟောပြောသွန်သင်၍ အတတ်နိုင်ဆုံးကြင်နာခြင်း၊ ရည်မွန်ခြင်းတို့ဖြင့် ဆက်ဆံ ပေးတော်မူခဲ့ပါသည်။ (ChS 123.2) ChSBur 204.1