အခက်အခဲကြီးများအထဲ ဘဝတိုက်ပွဲဆင်နွှဲနေကြသူများသည် အဖိုး သိပ်မတန်သည့်ဂရုစိုက်မှုအနည်းအကျဉ်းကလေးမျှဖြင့် ပြန်လည်လန်းဆန်း လာပြီး အားပြန်မွေးနိုင်သည်။ ရိုးရိုးလေးနှင့် ကြင်နာစကားပြောပေးခြင်း၊ ရိုးရိုးလေးနှင့်ဂရုစိုက်မှုပြုပေးခြင်းသည် စုံစမ်းခြင်းတိမ်တိုက်နှင့် စိတ်ဝိညာဉ် အပေါ် စုပုံလာသောသံသယအတွေးများကို လွှင့်ထုတ်ပစ်လိုက်နိုင်သည်။ စစ်မှန်သောစေတနာစိတ်ဖြင့် ခရစ်တော်နည်းတူ စာနာသနားခြင်းကို ရိုးရိုး ကလေးပေးခြင်းသည် ခရစ်တော်၏စိတ်ဝိညာဉ်ဖြင့် နူးညံ့သိမ်မွေ့စွာ ရိုးရိုး ကလေးထိတွေ့ ဆက်ဆံပေးရန် လိုအပ်နေသောနှလုံးသားတံခါးများကို ဖွင့်ပေး နိုင်သည့်တန်ခိုးဖြစ်လာပါသည်။ (ChS 123.3) ChSBur 204.2
နှလုံးသားထောင်ပေါင်းများစွာကို အရိုးသားဆုံး၊ အနှိမ့်ချဆုံးသော နည်းလမ်းဖြင့် ချဉ်းကပ်ဝင်ရောက်ရနိုင်သည်။ ကမ္ဘာပေါ်တွင် အထုံပါရမီ အရှိဆုံးလူယောက်ျားလူမိန်းမများအဖြစ် လူသူလေးစားချီးမွမ်းခြင်းခံကြရကုန် သောဉာဏ်ကြီးရှင်များသည် ဘုရားသခင်ချစ်သောသူတစ်ဦးတစ်ယောက်၏နှလုံး သားထဲက ရိုးရိုးလေးထုတ်ပြောလိုက်သောစကားကလေးနှင့် မကြာခဏသူတို့ ပြန်လည်စိတ်လန်းဆန်းမှုရလိုက်ကြသည်။ ထိုသူသည် သူ့စိတ်နှလုံးအထဲသို့ စိတ်အေးလက်အေးနှင့် အာရုံဝင်လာသည့်အကြောင်းအရာတို့ကို လောကသား များပြောနေကျအတိုင်း ပင်ကိုယ်စိတ်သဘောနှင့်မေတ္တာထားလျက် ထုတ်ပြော လိုက်ခြင်းဖြစ်သည်။ နှုတ်ကပတ်တော်ကို ပြင်ဆင်၍ လေ့လာခြင်းသည် မကြာခဏအနည်းအကျဉ်းသာ သြဇာသက်ရောက်ခဲ့သည်။ သို့ရာတွင် ဘုရား သားသမီးတစ်ဦးဦး၏စင်ကြယ်ရိုးသားစကားများဖြင့် ပင်ကိုယ်သဘာဝအတိုင်း ထုတ်ပြောလိုက်ခြင်းသည် ကြာမြင့်စွာကတည်းက ပိတ်နေသောနှလုံးသား တံခါးကိုဖွင့်ပေးလိမ့်မည်။ (ChS 124.1) ChSBur 204.3