ခွန်အားသည် လေ့ကျင့်ခြင်းဖြင့်ရောက်လာသည်။ ဘုရားသခင်ပေး ထားသောစွမ်းရည်များဖြင့် အလုပ်လုပ်လိုကြသောလူအားလုံးသည် ကိုယ်တော့် အမှုတော်လုပ်ငန်းအတွက် စိတ်တမ်းလျက် စွမ်းရည်တိုးတက်နေရလိမ့်မည်။ ဘုရားသခင်၏အမှုတော်အတွက် ဘာမျှမလုပ်ကြသူများသည် ကျေးဇူးတော် ၌ကြီးထွားခြင်း၊ သမ္မာတရားသိကျွမ်းခြင်းတို့၌ ဆုံးရှုံး၏။ လူတစ်ယောက် သည် ပျင်းရိလဲလျောင်းနေပြီး သူ၏ခြေဆံလက်ဆံများကို လေ့ကျင့်မှုငြင်းပယ် ထားလိုက်လျှင် လှုပ်ရှားနိုင်သောအစွမ်းအားလုံးသည် မကြာမီလွတ်ထွက်ကုန် လိမ့်မည်။ ဤသို့ဖြင့် ခရစ်ယာန်တစ်ဦးသည် သူ့အားဘုရားပေးထားသော စွမ်းရည်များကို မလေ့မကျင့်နေခြင်းဖြင့် ခရစ်တော်၌ကြီးထွားခြင်းဆုံးရှုံးသလို သူ၌ရှိသည့်ခွန်အားများလည်း လျော့နည်းကျဆင်းကုန်၏။ သူသည် ဝိညာဉ် ရေးရာသွက်ချာပါဒရောဂါရလာသည်။ ဘုရားသခင်နှင့်မိမိအပေါင်းအသင်း လူများကို ချစ်ကြသောသူတို့သည် အခြားသူများအားကူညီရန် ကြိုးစားလုပ်ဆောင် နေကြသည်ဖြစ်သောကြောင့် သမ္မာတရား၌ တည်ဆောက်မှု၊ အားရှိမှု၊ နေရာ အထိုင်ကျမှုတို့ရလာကြသည်။ စစ်မှန်သောခရစ်ယာန်သည် ဘုရားသခင် အတွက် အလုပ်လုပ်သည်မှာ ရုတ်ခြည်းစိတ်ပေါက်လာ၍မဟုတ်ဘဲ အခြေခံ စည်းကမ်းအားဖြင့် လုပ်ဆောင်သည်။ တစ်ရက်၊ တစ်လ၊ အချိန်အတွက်သာ လုပ်ကြသည်မဟုတ်ဘဲ ဘဝတစ်သက်တာကာလတစ်လျှောက်လုံး၌ အပ်နှံ လုပ်ဆောင်ကြလေသည်။ (ChS 106.4) ChSBur 173.1