Loading...
Larger font
Smaller font
Copy
Print
Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    တပည့်တော်အဖြစ်ကိုစစ်ဆေးခြင်း

    “လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင်အသစ်ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသော အရာတို့သည်ပြောင်းလဲ၍ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။” (၂ကောရိန်သု၊ ၅း၁၇။)SC 74.1

    လူတစုံတယောက်သည်မိမိစတ်နှလုံးပြောင်းလဲလာခြင်းကိစ္စနှင့်ပက်သက်သောအဖြစ်အပျက်အပေါင်းတို့၏ အချိန်ကာလ၊ နေရာဒေသနှင့်အကြောင်းအရင်းရှိသမျှတို့ကိုသေချာဂန စွာမဘော်ပြနိုင်ပေ။ သို့သော်ဤသို့မပြုလုပ်နိုင်သောကြောင့်သူသည် ပြောင်းလဲခြင်းမရှိဟုမစွပ် စွဲနိုင်ချေ။ သခင်ခရစ်တော်က၊ နိကောဒင်အား၊ “လေသည်အလိုရှိသည်အတိုင်းသွားလေ၏။ လေ၏အသံကိုသင်သည်ကြားရသော်လည်း၊ အဘယ်အရပ်ကဖြစ်သည်။ အဘယ်အရပ်သို့ သွားသည်ကိုမသိနိုင်။ ထိုနည်းတူ၊ ဝိညာဉ်တော်မွေးသောသူဖြစ်သည်” ဟုမိန့်တော်မူ၏။ (ယောဟန်၊ ၃း ၈။) လေသည်မမြင်ရသော်လည်း၊ လေ၏လှုရှားခြင်းကြောင့်ဖြစ်ပေါ်လာသော အမှုအရာတို့ကိုတွေ့မြင်သိရှိရသကဲ့သို့၊ ဘုရားသခင်၏ဝိညာဉ်တော်သည်လူတို့၏စိတ်နှလုံးထဲ ၌ပြုပြင်နေတော်မူခြင်း အမှုကိုသိရှိနိုင်ပေသည်။ လူ၏မျက်စိဖြင့်မမြင်နိုင်သောထိုပြုပြင်ပြောင်း လဲခြင်းတန်ခိုးသည်လူ၏စိတ်ထဲ၌ အသစ်သောသဘော၊ အသစ်သောအသက်ကိုဖြစ်ပေါ်လာ စေ၏။ ၎င်းသည်ဘုရားသခင်၏ ပုံသဏ္ဍာန်နှင့်အညီ အသစ်သောသတ္တဝါကိုပြုပြင်ဖန်ဆင်းပေး ၏။SC 74.2

    ဝိညာဉ်တော်၏အလုပ်သည်ဆိတ်ငြမ်၍မမြင်နိုင်ရသော်လည်း၊ ၎င်း၏အကျိုးကျေးဇူး များကားသိသာထင်ရှားပေသည်။ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့်၊ စိတ်နှလုံးသည်အသစ် ပြုပြင်ခြင်းခံရသော်၊ အသက်တာသည်ထိုအကြောင်းကိုသက်သေထင်ရှားစေလိမ့်မည်။ကျွန်ုပ် တို့သည် မိမိတို့၏စတ်နှလုံးကိုပြောင်းလဲစေခြင်းငှာ ဘာမျှမတတ်နိုင်။ ဘုရားသခင်၏အလို တော်နှင့်ညီညွတ်စေရန် ကျွန်ုပ်တို့၏ကိုယ်ကိုမပြုပြင်နိုင်။ သို့သော်လည်း၊ ဘုရားသခင်၏ကျေး ဇေူးတော်သည် ကျွန်ုပ်တို့အထဲ၌ကိန်းအောင်းလျက်ရှိမရှိကို ကျွန်ုပ်တို့၏အသက်တာကထင် ရှားစေလိမ့်မည်။ အကျင့်ဓလေ့၊ အပြုအမူ၊ အလုပ်အကိုင်တို့၌ပြောင်းလဲမှုကိုတွေ့မြင်ရလိမ့်မည် ခြားနားချက်ကိုထင်ရှားစွာသိမြင်ရလျက်၊ အထက်ကမည်ကဲ့သို့ဖြစ်ပျက်ခဲ့၍ ယခုမည်ကဲ့သို့ ဖြစ်နေသည့်အချက်တို့အားဖြင့်ဆုံးဖြတ်စစ်ဆေးကြည့်နိုင်သည်။ မကြာခဏဖြစ်ပေါ်လာသည့် ကောင်းမှုများနှင့်ဆိုးသောအမှုများအားဖြင့်မဟုတ်ဘဲ၊ ပြောဆိုလေ့ရှိသောစကားများနှင့်ပြုကျင့် လေ့ရှိသောအလုပ်အားဖြင့်အကျင့်ကိုထင်ရှားစေ၏။SC 75.1

    သခင်ခရစ်တော်အသစ်ပြုပြင်ခြင်းတန်ခိုးမရရှိဘဲ၊ အပြင်လက္ခဏာအားဖြင့်အကျင့်အ လေ့တို့ကို ပြုပြင်ခြင်းရှိကောင်းရှိမည်မှာ အမှန်ဖြစ်ပေသည်။ သြဇာအာဏာလွှမ်းမိုးမှုကိုနှစ် သက်သောသဘောနှင့်သူတပါးတို့၏ချစ်ကြည်လေးစားခြင်းကိုခံလိုသောသဘောတို့ကြောင့် သေသပ်တင့်တယ်သော အသက်တာမျိုးကိုဖြစ်ပေါ်လာစေတတ်ပေသည်။ မိမိကိုယ်ကိုရိုသေလေးစားသောသဘောသည်ကျွန်ုပ်တို့အားအပြစ်ဒုစရိုက်ကိုပေါ်မလာစေရန် ဖုံးကွယ်ထားကောင်းထားလိမ့်မည်၊ကိုယ်ကျိုးရှာတတ်သောစိတ်သဘောမျိုးသည် ကြင်နာ တတ်သောအပြုအမူကိုပြတတ်ပေသည်။ထိုသို့ဖြစ်လျှင်ကျွန်ုပ်တို့သည်မည်သူ့ဘက်၌ ရှိနေကြကြောင်းမည်ကဲ့သို့ဆုံးဖြတ်ရကြမည်နည်း။SC 75.2

    မည်သူသည်စိတ်နှလုံးကိုပိုင်ဆိုင်သနည်း။ ကျွန်ုပ်တို့၏ အကြံအစည်များသည်မည် သူ၏အကြောင်းများဖြစ်ကြသနည်း။ကျွန်ုပ်တို့သည်မည်သူ၏အကြောင်းကိုအချင်းချင်းဆွေးနွေး ပြောဆိုရန်နှစ်သက်ကြသနည်း။ကျွန်ုပ်တို့သည်မည်သူကို အထူးသဖြင့် ချစ်ခင်လေးစား၍ ကျွန်ုပ်တို့၏အ ကောင်းဆုံး၊စွမ်းအားသတ္တိများကိုမည်သူသည် ပိုင်ဆိုင်လိမ့်မည်နည်း။ ကျွန်ုပ်တို့သည် သခင် ခရစ်တော်၏ လူများဖြစ်ကြလျှင်၊ ကျွန်ုပ်တို့သည်ကိုယ်တော်နှင့်အတူ ဆင်ခြင်တွေးဆ၍ကိုယ် တော်၏အကြောင်းကိုဆင်ခြင်ရန်နှစ်သက်ကြလိမ့်မည်။ ကျွန်ုပ်၌ရှိသမျှတို့ကိုကိုယ်တော်အား ဆက်ကပ်ပူဇော်ကြလိမ့်မည်။ ကျွန်ုတို့သည်ကိုယ်တော်၏ပုံသဏ္ဍာန်ကိုဆောင်ရန်ကိုယ်တော် ၏ဝိညာဥတော်ကိုခံယူရန်၊ ကိုယ်တော်၏အလိုတော်ကိုလိုက်နာရန်နှင့် အရာခပ်သိမ်းတို့၌ ကိုယ်တော်အားနှစ်သက်တော်မူစေရန်တောင့်တလိုလားကြလိမ့်မည်။SC 75.3

    သခင်ယေရှုခရစ်၌ အသစ်သောသတ္တဝါ ဖြစ်လာသောသူတို့သည် “ချစ်ခြင်း၊ ဝမ်း မြောက်ခြင်း၊ငြိမ်သက်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းဟူသောဝိညာဉ်ပကတိ ၏အကျိုးကျေးဇူးများ”ကိုဖြစ်ထွန်းစေလိမ့်မည်၊ (ဂလာတိ၊ ၅း၂၂ ၊ ၂၃။) သူတို့သည်အထက် ကတပ်မက်ခြင်းအတိုင်းမကျင့်ကြဘဲ၊ဘုရားသခင်၏ သားတော်၌ ယံကြည်ခြင်းအားဖြင့်၊ ကိုယ် တော်၏ခြေတော်ရာကိုလိုက်ရှောက်လျက် ကိုယ်တော်၏သဘောတော်ကို မိမိတို့အသက်တာ ၌ပြန်၍ထင်ရှးစေပြီးလျှင်၊ ကိုယ်တော်သန့်ရှင်းတော်မူသည်နည်းတူမိမိတို့ကိုယ်ကိုသန့်ရှင်းစေ ကြလိမ့်မည်။ တခါကသူတို့မုန်းခဲ့သော အရာတို့ကိုယခုသူတို့သည်ချစ်ခင်နှစ်သက်ကြလိမ့်မည် ၎င်းပြင်တခါက သူတို့နှစ်သက်ခဲ့သောအရာတို့ကိုယခုသူတို့သည်ရွံရှာမုန်းတီးကြလိမ့်မည်။ မာနကြီး၍ကိုယ့်ကိုကိုယ်အထင်ကြီးသောသူသည် တည်ကြည်မှန်ကန်၍ဘော်ရွေစွာပြောဆို တတ်သောသူဖြစ်လာ၏။ အရက်သမားသည်က္ကုနြေ္ဒရှိသောသူ၊ ဆိုးသွမ်းသောသူသည် သန့်ရှင်းသောသူဖြစ်လာ၏။ လောက၏ကြွားဝါတတ်သောအကျင့်ဓလေ့အပြုအမူအနေအ ထိုင်တို့သည် ပျေက်ကွယ်သွားလေ၏။ ခရစ်ယာန်တို့သည် “အပြင်တန်ဆာဆင်ခြင်း”ကိုမရှာ ကြံဘဲ၊ “နူးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသော မဖေါက်ပြန်မပျက်စီးတတ်သောတန်ဆာ ဆင်ခြင်းရှိသောစိတ်နှလုံး၏အတွင်းလူဖြစ်စေကြလိမ့်မည်။” (၁ပေတရု၊ ၃း ၃၊ ၄။)SC 77.1

    ပြုပြင်ပြောင်းလဲခြင်းအမှုမရှိလျှင်၊ အမှန်နောင်တရခြင်း၏ လက္ခဏာသက်သေမရှိ။သူ သည် ဂတိဝန်ခံချက်ကိုပြန်၍အတည်ဖြစ်စေလျက်မိမိလုယူသောအရာကိုပြန်ပေး၊ မိမိအပြစ် များကိုဘော်ပြဝန်ချ၊ ဘုရားသင်နှင့်လူအချင်းချင်းကိုချစ်ခင်နှစ်သက်လျှင်၊အပြစ်သားသည် သေခြင်းမှ အသက်ရှင်ခြင်းသို့ကူးမြောက်ကြောင်းအသေအချာသိရှိရလိမ့်မည်။SC 78.1

    ကျွန်ုပ်တို့သည်မှားယွင်းနေလျက် အပြစ်ရှိသောသူအဖြစ်နှင့် သခင်ခရစ်တော်ထံသို့ လာရောက်၍ ကိုယ်တော်၏အပြစ်လွှတ်ခြင်းကျေးဇူးတော်ကိုခံစားရကြသောအခါ၊ မေတ္တာ သည်စိတ်နှလုံးထဲ၌ ပေါ်လာ၏ဝန်ထုပ်ရှိသမျှသည်ပေါ့ပါးသွား၏။ အကြောင်းကားသခင်ခရစ် တော်တင်တော်မူသောထမ်းပိုးသည်ထမ်းလွယ်၏။ ဝတ္တရားသည်ဝမ်းမြောက်ဘွယ်ဖြစ်၍စွန့်စား အနာခံခြင်းအမှုသည်နှစ်သက်ဘွယ်ဖြစ်လာ၏။ အထက်ကမှောင်မိုက်ခြင်းဖုံးလွမ်းနေသည်ဟု ထင်ရသောလမ်းခရီးသည်ဖြောင့်မတ်ခြင်းတရားနေမင်း၏ ရောင်ခြည်တော်နှင့်တောက်ပ လာ၏။SC 78.2

    သခင်ခရစ်တော်၏ သဘောတော်တွင်ထင်ရှားသောနှစ်သက်ဘွယ်လက္ခဏာများကို ကိုယ်တော်၏ တပည့်တော်များ၌လည်းတွေ့မြင်ရလိမ့်မည်။ ကိုယ်တော်သည် ဘုရားသခင်၏ အလိုတော်ကိုဆောင်ရွက်ရာ၌အားရဝမ်းမြောက်တော်မူ၏။ ကျွန်ုပ်တို့ကယ်တင်ရှင်၏အသက် တာတွင်စိုးမိုးလျက်ရှိသောသတ္တိကားဘုရားသခင်ကိုချစ်ခြင်း၊ ဘုရားသခင်၏ဘုန်းတော်ကို ဘော်ပြရန်စိတ်အားကြီးခြင်းဖြစ်သတည်း၊ မေတ္တာတော်သည် ကိုယ်တော်၏အပြုအမူရှိသမျှတို့ ကိုတင့်တယ်မြင့်မြတ်စေ၏။ မေတ္တာသည်ဘုရားသခင်နှင့်သက်ဆိုင်၏။ ဆက်ကပ်ပူဇော်ခြင်းမ ရှိသောစိတ်နှလုံးတွင် ၎င်းမေတ္တာသည်အစမပြုနိုင်။ မဖြစ်ပေါ်လာနိုင်။ သခင်ယေရှုစိုးမိုး ကျိန်းအောင်းတော်မူရာအရပ်၌သာ၎င်းကိုတွေ့ရှိရ၏။ “ဘုရားသခင်သည်ငါတို့ကိုရှေ့ဦးစွာ ချစ်တော်မူသောကြောင့်ငါတို့သည်ဘုရားသခင်ကိုချစ်ကြ၏။” (၁ယောဟန်၊ ၄း၁၉။) ကျေးဇူးတော်အားဖြင့် ပြန်၍အသစ်ပြုပြင်ခြင်းခံရသောစိတ်နှလုံးတွင် ချစ်ခြင်းမေတ္တာသည် အပြုအမူ၏ အခြေခံတရားဖြစ်၏။ ၎င်းသည်အကျင့်စာရိတ္တကိုပြုပြင် ပြောင်းလဲပေး၏။ စိတ်ဇောကိုအုပ်ချုပ်၏။ ထက်မြက်သောစိတ်ကိုစိုးမိုး၏။ ခိုက်ရန်ဒေါသကိုနှိမ် ၍စုံးမတတ်သောသဘောကိုချီးမြင့်၏။ လူ၏အထဲ၌တိုးပွားလျက်ရှိသောဤချစ်ခြင်းမေတ္တာ သည် အသက်တာကိုနှစ်သက်ဘွယ်ဖြစ်စေ၍။ အနားပတ်ဝန်းကျင်တွင်ရှိသမျှတို့အပေါ်၌သန့် ရှင်းဖြူစင်သောသြဇာအာဏာကိုလွှမ်းမိုးစေသည်။SC 78.3

    ဘုရားသခင်၏သားသမီးများ၊ အထူးသဖြင့်ကိုယ်တော်၏ကျေးဇူးတော်ကိုခိုလှုံရန် မကြာမှီက ချဉ်းကပ်ကြသောသူတို့၊ အထူးရှောင်ကြည်ရန်သင့်သော အမှားနှစ်ခုရှိ၏။ ပဋ္ဌမအချက်မှာ၊ ပြောဆိုဘော်ပြခဲ့ပြီးသည်အတိုင်း၊ ဘုရားသခင်၏ အလိုတော်နှင့်ညီးညွတ် အောင်ပြုလုပ်နိုင်မည်ဟုထင်မှတ်လျက်မိမိတို့အကျင့်ကိုအားကိုးနေခြင်းတည်း။ပညတ်တရာ ကိုစောင့်ရှောက်ရာ၌ မိမိအကျင့်အားဖြင့်သန့်ရှင်းလာစေရန်ကြိုးစားနေသောသူသည် မဖြစ်နိုင် သောအမှုကိုကြံစည်နေ၏။ သခင်ခရစ်တော်မပါဘဲ၊ လူပြုလုပ်သမျှသောအပေါ်င်းတို့သည် ကိုယ်ကျိုးရှားခြင်းနှင့်အပြစ်ဒုစရိုက်တို့ဖြင့်ညစ်ညူးလျက်ရှိ၏။ သခင်ခရစ်တော်၏ကျေးဇူးတော် သာလျှင်၊ ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ကိုသန့်ရှင်းစေနိုင်၏။SC 79.1

    ဆန့်ကျင်ဘာက်ဖြစ်၍ ဘေးမကင်းလှသော အမှားကား၊ သခင်ခရစ်တော်ကိုယုံကြည် ခြင်းသည်လူတို့အားဘုရားသခင်၏ပညတ်တရားတော်ကိုစောင့်ရှောက်ခြင်းတာဝန်မှ ကင်း လွတ်စေပြီဟူသောအချက်တည်း။ ၎င်းပြင်ယုံကြည်ခြင်းအားဖြင့်သာကျွန်ုပ်တို့သည် သခင်ခရစ် တော်၏ ကျေးဇူးတော်ကိုခံစားထိုက်သောသူများဖြစ်လာကြသောကြောင့်၊ ကျွန်ုပ်တို့၏အကျင့် သည်ကျွန်ုပ်တို့အားရွေးနှုတ်ခြင်းအမှုနှင့်အနည်းငယ်မျှ မသက်ဆိုင်ဟူသောအချက်ဖြစ်သည်။SC 79.2

    သို့ရာတွင် နားထောင်ခြင်းအမှုသည် အပြင်ပန်း လက္ခဏာအားဖြင့်လိုက်နာခြင်းမဟုတ် ဘဲ၊ မေတ္တာအားဖြင့်ထင်ရှားသောအလုပ်ဖြစ်သည်ကိုသတိပြုပါ။ ဘုရားသခင်၏ပညတ်တရား သည်လုရားသခင်၏သ ဘောတော်ကိုပင် ထင်ရှားစေသောအရာဖြစ်သည်။ မေတ္တာ၏အခြေခံတရားကြီးကိုစုပေါင်း ထည့်သွင်းထားသောတရားဖြစ်သည်။ ထို့ကြောင့်၎င်းတရားသည်ကောင်းကင်နှင့်မြေကြီးတွင် ဘုရားသခင်၏အုပ်စိုးခြင်းအာဏာစက်၏ အခြေအမြစ်ဖြစ်သည်။ ကျွန်ုပ်တို့၏စိတ်နှလုံးးများ သည်ဘုရားသခင်၏သဘောတော်နှင့်ညီညွတ်စွာပြုပြင်ခံရလျှင်၊ မေတ္တာတော်သည်စိတ် ဝိညာဉ်ထဲ၌စွဲမြဲတည်နေလျှင်၊ ဘုရားသခင်၏ပညတ်တရားတော်သည် အသက်တာ၌မထင်ရှား ဘဲနေမည်လော။ မေတ္တာ၏အခြေခံတရားသည်စိတ်နှလုံးထဲ၌စွဲမြဲတည်ရှိလာသောအခါ၊ လူ သည်မိမိအားဖန်ဆင်းအရှင်၏ပုံသဏ္ဍာန်နှင့်တူညီလာအောင်အသစ်ပြုပြင်ခြင်းခံရသောအခါ၊ “ငါထာဝရဘုရားသည် ငါ့ပညတ်တို့ကိုသူတို့၏နှလုံးထဲမှာပေးသွင်းမည်။ သူတို့စိတ်ဝိညာဉ်၏အ ပေါ်မှာရေးထားမည်။” (ဟေဗြဲ၊ ၁၀း ၁၆။) ဟူသောပဋိညာဉ်သစ်နှင့်ဆိုင်သောဂတိတော်သည် ပြည့်စုံခြင်းသို့ရောက်လိမ့်မည်။၎င်းပြင်ပညတ်တရားသည် စိတ်နှလုံးထဲ၌တည်မြဲနေလျှင်၊ ၎င်း သည်အသက်တာကိုပြုပြင်ပေးလိမ့်မည်မဟုတ်လော့။ မေတ္တာ၏အလုပ်တာဝန်တည်းဟူသော နားထောင်ခြင်းသည်တပည့်တော်ဖြစ်ခြင်း၏လက္ခဏာအစစ်ဖြစ်သည်။ထို့ကြောင့်ကျမ်းစာက ဤကဲ့သို့ဖော်ပြထား၏။ “ပညတ်တော်တို့ကိုစောင့်ခြင်းအရာသည်ဘုရားသခင်ကိုချစ်ရာရောက် ၏။” “ထိုသခင်ကိုငါသိ၏ဟုပညတ်တော်တို့ကိုမစောင့်ဘဲလျက် ဆိုသောသူသည် မုသာသုံး သောသူဖြစ်၍ထိုသူ၌သစ္စာမရှိ။” (၁ယောဟန်၊ ၅း၃။ ၂း ၄။) လူအားနားထောင်ခြင်းအမှုမှကင်း လွတ်စေမည့်အစား၊ ကျွန်ုပ်တို့အားသခင်ခရစ်တော်၏ ကျေးဇူးတော်ကိုခံစားခွင့်ရရှိစေသောယုံ ကြည်ခြင်းသာလျှင်ကျွန်ုပ်တို့အား နားထောင်ခြင်းအမှုကိုပြုလုပ်စေနိုင်၏။SC 79.3

    ကျွန်ုပ်တို့သည် နားထောင်ခြင်းအမှုအားဖြင့် ကယ်တင်ခြင်းကိုခံယူရရှိကြသည်မဟုတ်။ အကြောင်းကားကယ်တင်ခြင်းသည်ဘုရားကအခမဲ့ပေးသနားတော်မူသောဆုကျေးဇူးဖြစ်၍ ယုံကြည်ခြင်းအားဖြင့်ခံယူရမည်။ သို့ရာတွင်နားထောင်ခြင်းသည်ယုံကြည်ခြင်း၏အကျိုးကျေး ဇူးဖြစ်၏။ “ကိုယ်တော်သည်ငါတို့၏အပြစ်များကိုဆောင်သွားခြင်းငှါထင် ရှားပေးထွန်းတော်မူသည်ကိုသင်တို့သိကြ၏။ ကိုယ်တော်၌လည်းအပြစ်မရှိ။ ကိုယ်တော်၌ တည်နေသောသူမည်သည်ကား၊ ဒုစရိုက်ကိုမပြုတတ်။ ဒုစရိုက်ကိုပြုတတ်သောသူမည်သည် ကားကိုယ်တော်ကိုမသိမမြင်ရသေး။” (၁ယောဟန်၊ ၃း၅-၆။) ဤနေရာ၌မှန်ကန်သောစစ်ဆေး ခြင်းဖြစ်၏။ ကျွန်ုပ်တို့သည်သခင်ခရစ်တော်၌တည်နေလျှင် ကျွန်ုပ်တို့၏စိတ်သဘော၊ ကျွန်ုပ်တို့ ၏အကြံအစည်တို့သည်ဘုရားသခင်၏သန့်ရှင်းသောပညတ်တရားတွင်ဘော်ပြထားသည်အ တိုင်းဘုရားသခင်၏အလိုတော်နှင့်ညီညွတ်ကြလိမ့်မည်။ “ချစ်သားတို့ သင်တို့ကိုအလယ်သူမျှ မလှည့်စားစေနှင့်။ အကြင်သူသည် ဖြောင့်မတ်ခြင်းတရားကိုကျင့်၏၊ ကိုယ်တော်ဖြောင့်မတ် တော်မူသည်နည်းတူ၊ထိုသူသည်ဖြောင့်မတ်ခြင်းရှိ၏။” (၁ယောဟန်၊ ၃း၇။) သိနတောင်ပေါ် တွင်ပေးသောပညတ်တော်ဆယ်ပါး၌ ဘော်ပြထားသည်အတိုင်း၊ ဖြောင့်မတ်ခြင်းတရားကို ဘုရားခင်၏သန့်ရှင်းသောတရာတော်တည်းဟူသောစံနမူနာတရားကြီးတွင်အဓိပ္ပါယ်ဘော်ပြ ထားပေသည်။SC 80.1

    ဘုရားသခင်၏ပညတ်တော်ကိုလိုက်နာနိုင်ဘို့ရန်တာဝန်မှာ လူတို့အားကင်းလွတ် စေပြီဟုပြောဆိုလျက်သခင်ခရစ်တော်ကိုယုံကြည်သည်ဟူသောအချက်သည်မှန်ကန်သော ယုံကြည်ခြင်းမျိုးမဟုတ်။အလွဲထင်မြင်ချက်သာဖြစ်သည်။ “ယုံကြည်သောအားဖြင့်ကျေးဇူး တော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရ၏။” သို့ရာတွင် “အကျင့်နှင့်ကင်းသောယုံကြည် ခြင်းသည်..အသေဖြစ်၏။” (ဧဖက်၊ ၂း ၈။ ယာကုပ်၊ ၂း ၁၇။)သခင်ယေရှုသည်မြေကြီး ပေါ်သို့ကြွလာတော်မမူမှီက၊မိမိ၏အကြောင်းနှင့်သက်ဆိုင်၍ “အကျွန်ုပ်၏ဘုရားသခင် ကိုယ်တော်၏တရားသည်လည်းအကျွန်ုပ်နှလုံးထဲမှာရှိပါ၏” ဟုမိန့်တော်မူခဲ့၏။(ဆာလံ၊၄၀း၈) တဖန်ကောင်းကင်သို့တက်ကြွသွားတော်မမူမှီအချိန်အနည်းငယ်အတွင်း၊ ကိုယ်တော်က၊ “ငါ သည်ငါ့ခမည်းတော်၏ပညတ်တို့ကိုစောင့်ရှောက်၍ခမည်းတော်၏မေတ္တာ၌တည်နေ၏”ဟုမိန့် တော်မူခဲ့ပြန်၏။(ယော ဟန်၊ ၁၅း၁၀။) “ထိုသခင်ကိုကိုယ်တိုင်သိကျွမ်းသည်ကိုအဘယ်သို့သိရသနည်းဟူမူကား၊ ပညတ်တော်တို့ကိုစောင့်ရှောက်လျှင်သိရသတည်း။...ထိုသခင်၌ငါတည်၏ဟုဆိုသောသူသည် ထိုသခင်ကျင့်တော်မူသနည်းတူကျင့်ရမည်” (၁ယောဟန်၊ ၂း၃-၆။) “အကြောင်းမူကား၊ ခရစ် တော်သည်ငါတို့အတွက်ခံတော်မူသည်ဖြစ်၍ခြေတော်ရာကိုရှောက်လိုက်စေခြင်းငှာပုံသက် သေကိုထားတော်မူပြီ” (၁ပေတရု၊ ၂း၂၁။)ဟုကျမ်းစာကဘော်ပြထား၏။SC 81.1

    ယခုထာဝရအသက်ကိုရရှိဘို့ရန်လိုအပ်သောစည်းကမ်းချက်ကား၊ အစဉ်ရှိခဲ့ပြီးသော အချက်၊ ကျွန်ုပ်တို့၏ပဋ္ဌမမိဘများ အပြစ်မပြုမှီကပင်ပရဒိသုဘုံ၌ထားခဲ့သောစည်းကမ်းချက်၊ တည်းဟူသောဘုရားသခင်၏ပညတ်တရားတော်ကိုစုံလင်စွာလိုက်နာခြင်း၊ စုံလင်သောဖြောင့် မတ်ခြင်းဖြစ်သည်။ ဤစည်းကမ်းချက်ထက်လျှော့ထားသောစည်းကမ်းချက်တစုံတခုကိုအမှီပြု ၍ထာဝရအသက်ကိုချပေးတော်မူလျက်စကြာဝဠာတဝှမ်းလုံး၏ပျော်ရွှင်ရေးသည်ပျက်ကွက် သွားလိမ့်မည်။ အပြစ်ဒုစရိုက်နှင့်တကွအမင်္ဂလာ၊ ဒုက္ခဆင်းရဲအပေါင်းတို့သည် ထာဝရကာလ ပတ်လုံးတည်ရှိနေဘို့လမ်းပွင့်နေလိမ့်မည်။SC 82.1

    အာဒံသည်အပြစ်မပြုမှီက၊ ဘုရားသခင်၏ပညတ်တရားတော်ကိုလိုက်နာခြင်းအားဖြင့် ဖြောင့်မတ်သောအကျင့်ကိုကျင့်နိုင်၏။ သို့သော်ဤကဲ့သို့ပြုဘို့ရန်ပျက်ကွက်ခဲ့၍ သူ၏အပြစ် ကြောင့်ဇာတိသဘောများသည် ပျက်စီးသွားရကြလျက် မိမိတို့ကိုယ်ကိုဖြောင့်မတ်စေခြင်းငှာ မပြုလုပ်နိုင်ကြ။ ကျွန်ုပ်တို့သည်အပြစ်ရှိလျက်မသန့်ရှင်းကြသဖြင့်၊ သန့်ရှင်းသောပညတ်တ ရားတော်ကိုစုံလင်စွာမလိုက်နာနိုင်ကြချေ။ ဘုရားသခင်၏ပညတ်တရားတော်ကတောင်းဆို သောအရာကိုလိုက်လျောက်နိုင်စေခြင်းငှာကျွန်ုပ်တို့ကိုယ်တိုင်၌ဖြောင့်မတ်ခြင်းတရားမရှိကြ ချေ။ သို့ရာတွင် သခင်ခရစ်တော်သည်ကျွန်ုပ်တို့အတွက်လွတ်မြောက်ရာလမ်းကိုစီမံတော်မူ ခဲ့ပြီ။ ကိုယ်တော်သည်မြေကြီးပေါ်၌ကျွန်ုပ်တို့ခံရကြသည့်စုံစမ်းနှောက်ယှက်ခြင်း၊ သွေး ဆောင်ခြင်းတို့အထဲတွင်နေထိုင် တော်မူခဲ့၏။ ကိုယ်တော်၏အသက်တာသည်အပြစ်နှင့်ကင်းစင်၏။ကိုယ်တော်သည်ကျွန်ုပ်တို့ အတွက်အသေခံတော်မူ၍ ယခုကျွန်ုပ်တို့၏အပြစ်များကိုယူဆောင်လျက်ကျွန်ုပ်တို့အား ဖြောင့်မတ်ခြင်းတရားကိုပေးရန်ခေါ်ဘိတ်တော်မူသည်။ သင့်ကိုယ်ကိုကိုယ်တော်အားအပ်ပေး ၍ကိုယ်တော်ကိုသင့်၏ကယ်တင်ရှင်အဖြစ်နှင့်လက်ခံလျှင်၊ သင်၏အသက်တာသည်အပြစ်နှင့် ပြည့်ဝခဲ့သော်လည်း၊ ကိုယ်တော်အတွက်သင်သည်ဖြောင့်မတ်သည်ဟုမှတ်ယူခြင်းခံရ၏။ သခင်ခရစ်တော်၏အကျင့်စာရိတ္တသည်သင်၏အကျင့်စာရိတ္တနေရာ၌တည်ရှိလာ၍၊ ဘုရား သခင်၏ရှေ့တော်၌သင့်အားအပြစ်မပြုခဲ့ဘူးသောသူကဲ့သို့လက်ခံတော်မူ၏။SC 82.2

    ထိုမျှမကသေးသခင်ခရစ်တော်သည်စိတ်နှလုံးကိုပြောင်းလဲစေတော်မူ၏။ ကိုယ် တော်သည်ယုံကြည်ခြင်းအားဖြင့်သင်၏စိတ်နှလုံးထဲ၌တည်နေတော်မူ၏။ သင်သည်ဤကဲ့သို့ ခရစ်တော်နှင့်ဆက်သွယ်မှုကိုယုံကြည်ခြင်းအားဖြင့်၎င်း၊ သင်၏အလိုဆန္ဒကိုကိုယ်တော်အား အစဉ်အပ်နှံထားခြင်းဖြင့်၎င်း ဆက်လက်တည်မြဲနေစေရမည်၊ ၎င်းပြင်သင်သည်ဤသို့ဆက် လက်ပြုကျင့်နေသမျှကာလပတ်လုံး၊ ဘုရားသခင်၏သဘောတော်အတိုင်းအလိုရှိ၍အကျင့် ကျင့်စေခြင်းငှာသင်၏အထဲ၌ကိုယ်တော်သည်ပြုပြင်တော်မူ၏။ ထိုသို့အားဖြင့်၊ “ကိုယ်ခန္ဓာ ၌ယခုငါရှိသောအသက်သည်ဘုရားသခင်၏သားတော်ကိုယုံကြည်ခြင်းအားဖြင့်တည်၏။ သားတော်သည်ငါ့ကိုချစ်၍ငါ့အဘို့ကိုယ်ကိုစွန့်တော်မူ၏”ဟုသင်သည်ပြောဆိုနိုင်လိမ့်မည်။ (ဂလာတိ၊၂း၂၀။) “သင်တို့အလိုအလျောက်ပြောကြသည်မဟုတ်။ သင်တို့အဘ၏ဝိညာဉ် တော်သည်သင်တို့အားဖြင့်ပြောတော်မူ၏” ဟုသခင်ယေရှုကလည်းမိမိ၏တပည့်တော်တို့အား မိန့်တော်မူ၏။ (မဿဲ၊ ၁၀း ၂၀။) ထိုအခါသခင်ခရစ်တော်သည်သင်၏အထဲ၌ပြုပြင်တော်မူ သောအာဖြင့်၊ သင်သည်အထက်ဆိုခဲ့ပြီးသောသဘောကိုထင်းရှားစေ၍ အထက်ဆိုခဲ့ပြီးသော အကျင့်တည်းဟူသော ဖြောင့်မတ်ခြင်း၏အကျင့်၊ နားထောင်ခြင်းအကျင့်ကိုပြုကျင့်လာလိမ့် မည်။SC 83.1

    ထို့ကြောင့်ကျွန်ုပ်တို့ကိုယ်တိုင်၌ကြွားဝါစရာအကြောင်းတခုမျှမရှိချေ၊ကျွန်ုပ်တို့သည် ကိုယ်ကိုကိုယ်အထင်ကြီးစရာအကြောင်းမရှိပါ။ ကျွန်ုပ်တို့မြော်လင့်စရာအကြောင်းတခုကား၊ကျွန်ုပတို့အားသခင်ခရစ်တော်ကပေးတော်မူ သောဖြောင့်မတ်ခြင်း၌၎င်း၊ ကျွန်ုပ်တို့အထဲ၌၎င်း၊ ကျွန်ုပ်တို့အားဖြင့်၎င်းကိုယ်တော်၏ဝိညာဉ် တော်ကပြုပြင်တောမူသောအမှု၌၎င်းတည်ရှိပေသည်။SC 83.2

    ကျွန်ုပ်တို့သည်ယုံကြည်ခြင်းအကြောင်းကိုပြောဆိုကြသောအခါခြားနားသောအရာ တခုရှိသည်ကိုသတိပြုရကြမည်။ ယုံကြည်ခြင်းနှင့်လုံးလုံးခြားနားသောအယူဝါဒတခုရှိသည်။ ဘုရားသခင်တည်ရှိတော်မူခြင်း၊ ဘုရားသခင်၏တန်ခိုးတော်၊ ဘုရားသခင်၏နှုတ်တော်ထွက် သမ္မာတရားတို့ကိုစာတန်နှင့်သူ၏ဗိုလ်ခြေများတို့သည်ငြင်းဆိုခြင်းငှာလုံးလုံးမတတ်နိုင်ကြ။ “နတ်ဆိုးတို့သည်ကြောက်ရွံ့တုန်လှုပ်ကြ၏” (ယာကုပ်၊ ၂း ၁၉။) ဟုကျမ်းစာကဘောပြထား၏။ သို့သော်၎င်းသည်ယုံကြည်ခြင်းမဟုတ်။ ဘုရားသခင်၏နှုကပတ်တော်ကိုယုံကြည်သည်သာမ ကမိမိ၏လိုအင်ဆန္ဒများကိုဘုရားသခင်၏အလိုတောနှင့်ညီလျော်အောင်ပြုကျင့်သောအခါ၊ စိတ်နှလုံးကိုဘုရားသခင်အားအပ်နှံ၍ဘုရားသခင်၌သာစွဲလန်းချစ်ခင်သောအခါ၊ ယုံကြည်ခြင်း ရှိလာ၏။မေတ္တာအာဖြင့်ပြုပြင်လျက်စိတ်ဝိညာဉ်ကိုသန့်ရှင်းစေသောယုံကြည်ခြင်းဖြစ်သတည်း ဤယုံကြည်ခြင်းအားဖြင့်စိတ်နှလုံးသည်ဘုရားသခင်၏ပုံသဏ္ဍာန်တော်နှင့်အညီအသစ်ပြုပြင် ခြင်းခံရ၏။ ၎င်းပြင်အသစ်ပြုပြင်ခြင်းမခံရသောအခြေ၌ရှိသောစိတ်နှလုံးသည် ဘုရားသခင် ၏ပညတ်တော်ကိုမကျင့်၊ ထိုမျှမကမကျင့်နိုင်သော်လည်း၊ ယခုသန့်ရှင်းသောပညတ်တရား များ၌ မွေ့လျော်လာ၍ဆာလံဆရာနှင့်အတူ၊ “ကိုယ်တော်၏တရားကိုအကျွန်ုပ်သည်အလွန် နှစ်သက်ပါ၏။ တနေ့လုံးဆင်ခြင်အောက်မေ့လျက်နေပါ၏” ဟုပြောဆိုလိမ့်မည်။ (ဆာလံ၊ ၁၁၉း ၉၇။) ၎င်းပြင် “ဇာတိပကတိအတိုင်းမကျင့်၊ဝိညာဉ်ပကတိအတိုင်းကျင့်သော” ကျွန်ုပ် တို့အထဲ၌ ပညတ်တရား၏ဖြောင့်မတ်ခြင်းသည်ပြည့်စုံခြင်းသို့ရောက်၏။ (ရောမ ၈း၉)SC 84.1

    သခင်ခရစ်တော်၏အပြစ်လွှတ်တတ်သောမေတ္တာတော်ကိုသိနားလည်၍ဘုရားသခင် ၏သားသမီးများဧကန်အမှန်ဖြစ်လိုသောသူများရှိကြသည်။သို့ရာတွင်မိမိတို့၏အကျင့်စာရိတ္တ သည်မစုံလင်၊ မိမိတို့၏ အသက်တ်ာသည် အပြစ်နှင့်ပြည့်ဝလျက်ရှိသည်ကိုသိရကြသဖြင့်၊ မိမိတို့၏စိတ်နှလုံးများသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်အသစ်ပြုပြင်ခြင်းခံရသည်မခံရသည်ကိုယုံမှားလျက်ရှိနေ ကြသေးသည်။ စိတ်မပျက်ပါနှင့်ဟုဤကဲ့သို့သောသူတို့အားပြောဆိုလိုပါသည်။ ကျွန်ုပ်တို့ သည်မိမိတို့ပေါ့လျော့မူများနှင့်အမှားများကြောင့်သခင်ယေရှု၏ရှေ့တော်ရင်း၌မကြာခဏ ဦးညွတ်ချလျက် ငိုကြွေးကြလိမ့်မည်။ သို့ရာတွင်ကျွန်ုပ်တို့သည်စိတ်ပျက်အားလျော့ခြင်း မရှိရကြ။ ကျွန်ုပ်တို့အားရန်သူကပင်အောင်မြင်သော်လည်း၊ ဘုရားသခင်သည်ကျွန်ုပ်တို့ အားငြင်းပယ်စွန့်ပြစ်ထားတော်မမူ။ သခင်ခရစ်တော်သည်ဘုရားသခင်၏လက်ျာဘက်တော် တွင်ရှိတော်မူလျက်ကျွန်ုပ်တို့အတွက်ဖြန်ဖြေခြင်းအမှုကိုပြုလျက်နေတော်မူ၏၊ ကိုယ်တော် ချစ်တော်မူသော ယောဟန်က၊ “သင်တို့သည်ဒုစရိုက်ကိုမပြုစေခြင်းငှာဤအရာများကိုသင်တို့ အားငါရေး၍ပေးလိုက်၏။ တစုံတယောက်သောသူသည်ဒုစရိုက်ကိုပြုမိလျှင်၊ ဖြောင့်မတ်တော် မူသောအရှင်ယေရှုခရစ်တည်းဟူသောငါတို့အမှုဆောင်သခင်သည်ခမည်းတော်ထံ၌ရှိတော်မူ ၏” ဟုဘော်ပြထား၏။ (၁ယောဟန်၊ ၂း ၁။) “ခမည်းတော်သည်ကိုယ်တော်တိုင်သင်တို့ကို ချစ်တော်မူ၏”ဟုသခင်ခရစ်တော်မိန့်တော်မူသောစကားများကိုမမေ့ကြပါနှင့်။ (ယောဟန်၊ ၁၆း ၂၇)ကိုယ်တော်သည်သင့်အားကိုယ်တော်တိုင်ကဲ့သို့ပြန်၍ဖြစ်စေတော်မူလျက်၊ သင်၏အ ထဲ၌ကိုယ်တော်၏သန့်ရှင်းခြင်း၊ ဖြူစင်ခြင်းမျိုးကိုဖြစ်ပေါ်လာစေရန်အလိုရှိတော်မူ၏။ ၎င်းပြင် သင်သည်မိမိကိုယ်ကိုကိုယ်တော်အားအပ်နှံထားခဲ့လျှင် သင်၏အထဲ၌ကောင်းသောအမှုကိုအ စပြုတော်မူခဲ့သောကိုယ်တော်သညသခင်ယေရှုခရစ်၏ နေ့ တိုင်အောင်ထိုအမှုကိုဆက်လက် ပြုပြင်တော်မူလိမ့်မည်။ သာ၍စိတ်အားကြီးစွာဆုတောင်း၍ သာ၍စုံလင်စွာယုံကြည်အားကိုးပါ ကျွန်ုပ်တို့သည်မိမိတို့၏ခွန်အား၌ယုံကြည်ခြင်းကင်းမဲ့လာသောအခါ၊ ကျွန်ုပ်တိုအားရွေးနှုတ် တော်မူသောအရှင်၏ခွန်အားတန်ခိုးကိုယုံကြည်အားကိုးကြစို့။ ထိုအခါကျွန်ုပ်တို့ကိုကယ်တင် တော်မူသော အရှင်ကိုကျွန်ုပ်တို့သည်ချီးမွမ်းထောမနာပြုကြလိမ့်မည်။SC 84.2

    သင်သည်သခင်ယေရှုထံသို့သာ၍နီးကပ်စွာ ချဉ်းကပ်လေလေ၊သင်သည် သာ၍အပြစ် အများသောသူဖြစ်သည်ကိုသိမြင်လေလေဖြစ်၏။ အဘယ်ကြောင့်ဆိုသော်၊ သင်၏စက္ခုအာရုံ သည်သာ၍ကြည်လင်လာ၍သင်၏မစုံလင်သောအဖြစ်သည်ကိုယ်တော်၏စုံလင်သောသဘေ တော်နှင့်လွန်စွာကွဲပြားခြားနားလျက်ရှိသည်ကိုသိမြင်ရလိမ့်မည်။ စာတန်၏သွေးဆောင်လှည့် ဖြားခြင်း တန်ခိုးများသည် ပျောက်ပျက်သွားကြောင်း ဤအရာသည်သက်သေဖြစ်၏။ ၎င်းပြင် ဘုရားသခင်ဝိညာဉ်တော်ဖြင့် သင်၏အထဲ၌ အသက်ရှင်စေသောတန်ခိုးသည်ထင်ရှားလျက်ရှိ ကြောင်းကိုလည်းသက်သေဖြစ်၏။SC 86.1

    မိမိ၏အပြစ်ရှိသော အခြေအနေကိုမသိမမြင်သောသူ၏စိတ်နှလုံးထဲ၌ သခင်ယေရှုကို စွဲလန်းသောမေတ္တာမတည်မရှိနိုင်။ သခင်ခရစ်တော်၏ကျေးဇူးတော်အားဖြင့်ပြောင်းလဲသောဝိ ညာဉ်သည်ကိုယ်တော်၏သဘောတော်ကိုမြတ်နိုးဂရုပြုလိမ့်မည်။ သို့ရာတွင်ကျွန်ုပ်တို့သည် မိမိတို့၏အကျင့်စာရိတ္တ၌ချွတ်ယွင်းနေသောအရာကိုမမြင်ကြလျှင်၊ သခင်ခရစ်တော်၏ကောင်း မြတ်ခြင်းအကြောင်းကိုမသိမမြင်ကြသေးသည်မှာမမှားနိုင်သောသက်သေဖြစ်ပေသည်။SC 86.2

    ကျွန်ုပ်တို့သည်မိမိတို့ကိုယ်ကိုသာ၍အထင်အမြင်သေးလေလေ၊ ကျွန်ုပ်တို့ကယ်တင် ရှင်၏ အနန္တသန့်ရှင်းခြင်းနှင့်နှစ်သက်ဘွယ်ဖြစ်ခြင်းကို ကျွန်ုပ်တို့သည်သာ၍လေးစားမြတ်နိုး လေလေဖြစ်၏။ ကျွန်ုပ်တို့၌အပြစ်ရှိသောအဖြစ်ကိုသိမြင်ခြင်းဖြင့် ကျွန်ုပ်တို့သည်အပြစ်လွှတ် နိုင်တော်မူသောအရှင်ထံသို့ပြေးလာကြရသည်။ ၎င်းပြင်ဝိညာဉ်သည်မိမိ၏အားကိုးရာမဲ့အခြေ အနေကိုသိမြင်လျက်၊ သခင်ခရစ်တော်ထံသို့လှမ်းသောအခါကိုယ်တော်သည်မိမိကိုယ်တော် တိုင်တန်ခိုးတော်နှင့်ထင်ရှားတော်မူလိမ့်မည်၊ ကျွန်ုပ်တို့၌လိုနေသောအဖြစ်ကိုသိရှိသဖြင့်၊ ကိုယ်တော်ထံသို့၎င်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်သို့၎င်း ကျွန်ုပ်တို့သည်သာ၍လှမ်းလေ လေ၊ ကိုယ်တော်၏သဘောကိုသာ၍လေးမြတ်ချီးမြှောက်လျက်ကိုယ်တော်၏ပုံသဏ္ဍာန်တော် ကိုမိမိတို့ကိုယ်၌သာ၍ ပြည့်စုံစွာထင်ရှားစေလေလေဖြစ်၏။SC 86.3