Loading...
Larger font
Smaller font
Copy
Print
Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ယုံမှားသံသယစိတ်ကင်းဝေးရေး။

    အများသောသူတို့၊ အထူးသဖြင့်ခရစ်ယာန်အသက်တာ၌နုနယ်သေးသောသူတို့သည် ကြိမ်ဖန်များစွာပင်ယုံမှားစရာအချက်များဖြစ်သောဝါဒများနှင့်တွေ့ကြုံရတတ်ကြသည်။သမ္မာ ကျမ်းစာတွင်မိမိတို့ကိုယ်တိုင်ရှင်းလင်းဘော်ပြခြင်းငှါမတတ်နိုင်သောအရာ၊ သို့မဟုတ်ကိုယ် တိုင်ပင်မသိနားမလည်နိုင်သောအရာများစွာရှိသဖြင့်ကျမ်းစာ၌သူတို့၏ယုံကြည်ချက်ကိုပျက် ကွယ်သွားစေရန်စာတန်သည်၎င်းတို့ကို ဘုရားသခင်ထံတော်မှလာသောဗျာဒိတ်ကဲ့သို့အသုံးပြု တတ်၏။ ကျွန်ုပ်တို့သည်ဘယ်ကဲ့သို့နည်းမှန်လမ်းမှန်ကိုသိနားလည်နိုင်မည်နည်း။ သမ္မကျမ်း စာတော်မြတ်သည် ဘုရားသခင်၏နှုတ်ကပတ်ဖြစ်သည်မှန်လျှင်၊ ကျွန်ုပ်သည်ဤယုံမှားစရာအ ချက်နှင့်ရှုပ်ထွေးသောအချက်များမှ ကင်းရှင်းအောင်မည်သို့ပြုရပါမည်နည်းဟုသူတို့ကမေး တတ်ကြသည်။SC 149.1

    ကျွန်ုပ်တို့၏ ယုံကြည်ချက်ကိုအခြေတည်ရန်လု့လောက်သောသက်သေသာဓကတို့ကို မဘော်ပြဘဲ၊ ဘုရားသခင်သည်ကျွန်ုပ်တို့အားယုံကြည်စေရန်ဘယ်အခါမျှမိန့်တော်မမူ။ ဘုရား သခင်၏နှုတ်ကပတ်တော်၌မှန်ကန်ဖြောင့်မတ်ခြင်းသဘောအကြောင်းမှစ၍ရှိသမျှသောအချက် တို့သည်ကျွန်ုပ်တို့၏ဆင်ခြင်ဥာဏ်သတ္တိနှင့်ကိုက်ညီသောသက်သေသာဓကများအားဖြင့်မှန် ကန်ကြောင်းထင်ရှားလျက်ရှိကြ၏။ ၎င်းပြင်ဤသက်သေသာဓကများမှာအလွန်များပြားလျက် ရှိကြ၏။ သို့ရာတွင်ဘုရားသခင်သည်ယုံမှားဘွယ်ရာဖြစ်နိုင်သောအကြောင်းများကိုလည်းဘယ် အခါမျှပယ်ရှင်းထားတော်မမူသေးပါ။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် မျက်မြင်တွေ့ရှိရ သောအပေါ်၌မဟုတ်ဘဲ၊ သေချာ ထင်ရှားသောသက်သေသာဓကအပေါ်၌အခြေတည်ရမည်။ ယုံမှားခြင်းရှိလိုသောသူတို့သည် ထိုသို့ပြုနိုင်ဘို့အခွင့်ရှိလိမ့်မည်။ သို့သော်သမ္မာတရားကိုဧ ကန်အမှန်သိနားလည်လိုသောသူတို့သည် မိမိတို့၏ယုံကြည်ချက်ကို အခြေတည်ရန်သက်သေ သာဓကများကိုတွေ့ရှိကြလိမ့်မည်။SC 149.2

    ကန့်သတ်ပိုင်းခြားထားသောစိတ်ဥာဏ်၇ှိသောသူသည်အစအဆုံးမရှိသော နိစ္စထာဝရ အ၇ှင်၏ဂုဏ်တော်၊သဘောတော် သို့မဟုတ် အမှုတော်တို့ကိုအပြည့်အစုံနားလည် ဝေဖန်ပိုင်း ခြားခြင်းငှါမတတ်နိုင်ချေ။ အထက်မျက်ဆုံးသောပညာရှင်၊ အမြင့်ဆုံးသောပညာဗဟုသုတကို ရှိသောပါရဂူ၏စိတ်ထဲ၌ပင်ထိုသန့်ရှင်းသောပုဂ္ဂိုလ်တော်မြတ်သည် အမြဲသဖြင့်နက်နဲသောအ ရာဖြစ်လျက်ရှိနေလိမ့်ဦးမည်။ “သင်သည်ဘုရားသခင်၏ဇာတိတော်ကိုစစ်၍တွေ့နိုင်သလော့။ အနန္တတန်ခိုးရှင်၏ဇာတိကိုစစ်၍အကုန်အစင်နားလည်နိုင်သလော့။ မိုဃ်းကောင်းကင်ကိုမှီ သည်ဖြစ်၍သင်သည်အဘယ်သို့ပြုနိုင်သနည်း။ မရဏာနိုင်ငံထက် နက်သည်ဖြစ်၍သင်သည် အဘယ်သို့သိနိုင်သနည်း။” (ယောဘ၊ ၁၁း ၇၊ ၈။)SC 151.1

    “ဘုရားသခင်၏ပညာနှင့်ဥာဏ်တော်သည် အလွန်ကျယ်ဝန်းနက်နဲစွာတကား။စီရင် တော်မူချက်တို့ကိုအဘယ်သူမျှစစ်၍မကုန်နိုင်။ ကြွတော်မူရာလမ်းတို့ကိုလိုက်၍ရှာသော်လည်း မတွေ့မမှီနိုင်” ဟုတမန်တော်ရှင်ပေါလုကဘော်ပြထား၏။(ရောမ၊ ၁၁း ၃၃၊)သို့ရာတွင် “မိုဃ်း တိမ်နှင့်မှောင်မိုက်တို့သည် ထာဝရဘုရား၏ပတ်ဝန်းကျင်တို့၌ရှိကြသော်လည်း၊ တရားသဖြင့် စီရင်ခြင်း၊ ဖြောင့်မတ်စွာဆုံးဖြတ်ခြင်းသည် ပလ္လင်တော်၏တည်ရာဖြစ်၏။” (ဆာလံကျမ်း၊ ၉၇း ၂။) ကျွန်ုပ်တို့သ်အစအဆုံးမရှိသောတန်ခိုးတော်နှင့်အတူ ပူးပေါင်ုးလျက်ရှိသည့်အတိုင်းအရှည် မရှိသောမေတ္တာတော်နှင့် ကရုဏာတော်အကြောင်းကိုပိုင်းခြားသိနားလည်ကြမည်အကြောင်း၊ ဘု၇ားသခင်အား အမှုကိစ္စတို့ကိုဆောင်ရွက်စေတော်မူရန် နှိုးဆော်တိုက်တွန်းသောရည်ရွယ် ချက်များ အကြာင်းတို့ကိုကျွန်ုပ်တို့သည် ထိုမျှနားလည်ခွင့်ရရှိနိုင်ကြပေသည်။ ကျွန်ုပ်တို့သိနား လည် သင့်သလောက် ဘုရားသခင်၏ရည်ရွယ်ချက်တို့ကို ကျွန်ုပ်တို့သိနားလည်ခွင့်ရနိုင်ကြသည်။ ထိုမျှထက်လွန်သောအရာများအတွက်ကျွန်ုပ်တို့သည်အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသောအရှင် ၏လက်ရုံးတော်ကို၎င်း၊ မေတ္တာနှင့်ပြည့်ဝတော်မူသောအရှင်၏စိတ်သဘောကို၎င်း အားကိုး လျက်နေရကြမည်။SC 151.2

    ဘုရားသခင်၏နှုတ်ကပတ်တော်သည်၎င်းကိုရေးသားတော်မူသောအရှင်ကဲ့သို့ပင်ကန့်သတ်ထားသောဥာဏ်နှင့်ပြည့်စုံသောသတ္တဝါများကအပြည့်အစုံအဘယ်ခါမျှနားမလည်နိုင် သောနက်နဲရာများနှင့်ပြည့်ဝလျက်ရှိသည်။ သမ္မာကျမ်းစာတွင်ဘော်ပြထားသည့်လောကထဲသို့ အပြစ်တရားဝင်ရောက်ခြင်း၊ သခင်ခရစ်တော်၏လူဇာတိအဖြစ်မွေးဘွားတော်မူခြင်း၊ အသစ် မွေးဘွားခြင်း၊ ထမြောက်ရှင်ပြန်ခြင်းနှင့်အခြားသောအကြောင်းအရာများတို့ကားလူ၏ဥာဏ်ဖြင့် ရှင်းလင်းဘော်ပြရန်သို့မဟုတ်ပြည့်စုံစွာနားလည်ရန်အလွန်တရာပင်ခက်ခဲနက်နဲသောအရာ များဖြစ်ပေသည်။ သို့ရာတွင် ကျွန်ုပ်တို့သည်ဘုရားသခင်စီမံထားတော်မူသောနက်နဲရာများကို မသိနားမလည်နိုင်သောကြောင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုကျွန်ုပ်တို့သည် ယုံမှာစ ရာအကြောင်းမရှိချေ။ သဘာဝလောကကြီးတွင်ကျွန်ုပ်တို့ချင့်ချိန်တွေးဆခြင်းငှါမတတ်နိုင် သောနက်နဲရာများနှင့်ကျွန်ုပ်တို့သည်အမြဲဝိုန်းရံလျက်ရှိနေကြသည်။ အသက်ရှင်သောသတ္တဝါ တို့တွင်အငယ်ဆုံး၊ အယုတ်ဆုံးသောအရာကလေး၏ ပြဿနာကိုပင်ပညာအရှိဆုံးပါရဂူတို့ပင် ဖြေရှင်းခြင်းငှါအစွမ်းသတ္တမရှိကြပါ။ ကျွန်ုပ်တို့မသိနားမလည်နိုင်လောက်အောင်အံသြဘွယ် ကောင်းသောအရာများသည်နေရာတိုင်းမှာရှိကြပါသည်။ ဝိညာဉ်ရေးလောက၌လည်းကျွန်ုပ်တို့ မသိနိုင်သောနက်နဲရာများရှိသည်ကိုကျွန်ုပ်တို့သည်အံသြသင့်ကြသလား။ လူ၏ဥာဏ်သည် အားနည်း၍ ကျဉ်းမြောင်းသောကြောင့်သာ ၎င်းတို့ကိုနားလည်ရန်ခဲယဉ်းကြသည်။ ဘုရားသ ခင်သည်မိမိ၏သဘောတော်ဂုဏ်တော်အကြောင်းကိုကျမ်းစာတွင်လုံလောက်စွာဘော်ပြထား တော်မူ၍၊ ကျွန်ုပ်တို့သည်ဘုရားသခင်စီမံချပေးထားတော်မူသောနက်နဲရာအပေါင်းတို့ကိုနားမ လည်နိုင်သောကြောင့်ကျွန်ုပ်တို့သည်ဘုရားသခင်၏နှုတ်ကပတ်တော်ကိုယုံမှားသံသယဖြစ် ဘို့မသင့်။SC 152.1

    ကျမ်းစာထဲ၌ “ခက်ခဲသောအရာအချို့ရှိ၏။ မတတ်သောသူတည်ကြည်ခြင်းမရှိသော သူတို့သည် ကျမ်းစာ၏အနက်ကိုမှောက်လှန်၍ကိုယ်ကိုကိုယ် ဖျက်ဆီးတတ်ကြ၏” ဟုတမန် တော်ပေတရုကဘော်ပြထား၏။ (၂ပေ၊ ၃း ၁၆။) မယုံကြည်သောသူတို့က ကျမ်းစာ၏ခက်ခဲ နက်နဲသောအရာများသည်သမ္မာကျမ်းစာအုပ်မှားကြောင်းခိုင်လုံသောအကြောင်းအရင်းများဖြစ် သည်ဟု ဆင်ခြေပေားကသည်။ သို့ရာတွင်ထိုသို့မဟုတ်ဘဲ၊ ၎င်းတို့သည်ကျမ်းစာအုပ်ကို ဘု ရားသခင်မှုတ်သွင်းတော်မူကြောင်းသာ၍ ခိုင်လုံးသောသက်သေများဖြစ်ကြသည်။ ၎င်းတွင် ဘုရားသခင်၏အကြောင်းအရာများမပါဘဲ၊ ကျွန်ုပ်တို့အလွယ်တကူသိရှိနိုင်သေအရားများသာ ပါရှိလျှင်၊ ကျမ်းစာအုပ်သည်ဘုရားသခင်ကိုယ်တော်တိုင်စီမံရေးသားတော်မူကြောင်းမမှားနိုင် သောသက်သေကိုဘော်ပြလိမ့်မည်မဟုတ်။ ကျမ်းစာထဲတွင်ပါရှိသောအကြောင်းအရာများ၏ ကြီးကျယ်ခမ်းနားခြင်းနှင့်နက်နဲခြင်းအမှုတို့သည် ၎င်းကျမ်းစာကိုဘုရားသခင်၏နှုတ်ကပတ် တော်အဖြစ်နှင့်ယုံကြည်အားကိုးသောစိတ်သဘောကိုဖြစ်ပွားလာစေလိမ့်မည်။SC 154.1

    သမ္မာကျမ်းစာသည်လူတို့အလိုရှိ၍တောင့်တနေသောအရာတို့ကိုပြည့်စုံစေရန် သမ္မာ တရားကိုလွယ်ကူစွာဘော်ပြထားပေသည်။ ထိုသမ္မာတရားသည် ပါရဂူမြောက်အောင်အလွန် တတ်မြောက်သိကျွမ်းနားလည်သောသူတို့ကိုပင်အံ့သြမိန်းမောစေသော်လည်း၊ ပညာဥာဏ် နည်းပါး၍ အောက်တန်းကျသောသူတို့အားကယ်တင်ရာလမ်းကိုကောင်းစွာသိရှိနားလည်စေ လေပြီ။သို့ရာတွင်ဤသို့လွယ်ကူစွာဘော်ပြထားသောသမ္မာတရားများတို့သည် လူတို့၏သိနား လည်နိုင်သေ ဥာဏ်ပညာခွန်အားသတ္တိထက်အနက်အဓိပ္ပါယ်တို့တွင်အလွန်မြင့်မား၊အလှမ်း ဝေးလျက်အစအဆုံးမရှိသောအချက်ကြီးများပေါ်တွင် အမှီပြုလျက်နေကြသည်။ ၎င်းအချက် ကြီးများမှာလည်းဘုရားသခင်ကဘော်ပြမိန့်မြွက်တော်မူသောကြောင့်သာ ကျွန်ုပ်တို့သည် ၎င်းတို့ကိုခံယူရကြပေသည်။ ဘုရားသခင်မိန့်စီမံတော်မူသည်နည်းအတိုင်းကယ်တင်ခြင်ခံ ရရန်ဝိညာဉ်တိုင်းသည် နောင်တရခြင်းအမှု၌ ဘုရားသခင်ထံတော်သို့၎င်း၊ ယုံကြည်ခြင်း အမှု၌ သခင်ယေရှုခရစ်ထံတော်သို့၎င်း ခြေလှမ်းနိုင်ကြမည်အကြောင်း၊ ထိုနည်းအားဖြင့် ရွေးနှုတ်ခြင်းအကြံတော်ကို ကျွန်ုပ်တို့အားထင်ရှားစွာဘောပြတော်မူပြီ။ သို့ရာတွင်အလွယ် တကူသိနားလည်နိုင်သောဤသမ္မာတရားများအောက်၌ ဘုရားသခင်ဘုန်းတော်ကို ဝှက်ထား သောနက်နဲရာများ၊ ၎င်းတို့ကိုရှာဖွေစူးစမ်းရာ၌ လူ၏ဥာဏ်ကိုလွှမ်းမိုးသွားသော်လည်းသမ္မာတ ရားကိုစိတ်ပါစွာရှာဖွေသူတို့၌ရိုသေခြင်း၊ ယုံကြည်အားကိုးခြင်းအမှုတို့ကိုဖြစ်ပွားစေသောနက်နဲ ရာများတည်ရှိနေပေသည်။ သူသည်သမ္မာကျမ်းစာကိုတိုး၍ရှာဖွေစူးစမ်းလေလေ၊ ၎င်းသည်အ သက်ရှင်တော်မူသောဘုရားသခင်နှုတ်ကပတ်တော်ဖြစ်ကြောင်း သူသည်သာ၍သိမြင်နား လည်လာလေလေဖြစ်၏။ ၎င်းပြင်လူ၏တွေးဆ ဆင်ခြင်မှုတို့သည်ဘု၇ားသခင့်ဗျာဒိတ်တော် ၏ မြင့်မြတ်ခြင်းအဖြစ်ကို မမှီနိုင်သဖြင့် လက်လျော့ရကြလေသည်။SC 154.2

    သမ္မာကျမ်းစာ၏တရားများကိုကျွန်ုပ်တို့သည်ပြည့်စုံစွာနားမလည်နိုင်ဟုဝန်ခံခြင်းကား ကန့်သတ်ထားသောဥာဏ်သည်အကန့်အသတ်မရှိသောဥာဏ်တော်ကိုလှမ်းရန်မထိုက်မတန် ဟုဝန်ခံခြင်းသာဖြစ်၏။ ကန့်သတ်ထားသောဥာဏ်နှင့်ပြည့်စုံသောလူသည် သဗ္ဗညုတဥာဏ် တော်နှင့်ပြည့်စုံတော်မူသော အရှင်၏ရည်ရွယ်ချက်များကိုနားမလည်နိုင်ဟုဝန်ခံခြင်းဖြစ်သည်။SC 155.1

    မယုံကြည်သူတို့သည်ကျမ်းစာ၏နက်နဲသောအရာရှိသမျှတို့ကိုနားမလည်နိုင်သော ကြောင့်၊ သူတို့သည်ဘုရားသခင်၏နှုတ်ကပတ်တော်ကိုငြင်းပယ်ကြသည်။ ၎င်းပြင်ကျမ်းစ ကိုယုံကြည်သည်ဟုဆိုနေကြသောသူအားလုံးတို့သည်ဤအချက်နှင့်ဘေးကင်းကြသည်မ ဟုတ်။ တမန်တော်ပေါလုက၊ “ညီအစ်ကိုတို့၊ သင်တို့သည်အသက်ရှင်တော်မူသောဘုရားသ ခင်ထံတော်မှထွက်သွားသောအားဖြင့်မယုံကြည်တတ်၊ ဆိုးညစ်သောစိတ်နှလုံးမရှိစေခြင်းငှာ သိတိပြုကြလော့” ဟုပြောဆို၏။ (ဟေဗြဲ၊ ၃း ၁၂။) သမ္မာကျမ်းစာ၏သွန်သင်ချက်များကိုသေ ချာစွာ စမ်းစစ်ရှာဖွေလေ့လာရန်သင့်လျော်ပေသည်။ ၎င်းပြင်ကျမ်းစာ ထဲ၌ဘောပြထားသမျှအတိုင်း၊ “ဘုရားသခင်၏နက်နဲသောအရာများ” ကိုလည်းစူးစမ်းရှာဖွေစစ် ဆေးဘို့သင့်လျော်ပေသည်။ (၁ကောရိန်သု၊ ၂း ၁၀။) “မထင်မရှားသောအရာတို့သည်ငါတို့ ဘုရားသခင်ထာဝရဘုရား၏ အငန်းအတာဖြစ်ကြသော်လည်း၊ ဘော်ပြတော်မူသောအရာတို့ သည်…ငါတို့၏…အငန်းအတာဖြစ်၏။” (တရားဟောရာကျမ်း၊ ၂၉း ၂၉။) သို့ရာတွင်စူးစမ်းစစ် ဆေးရှာဖွေတတ်သောဥာဏ်စွမ်းကိုမှောက်လှန်ဖျက်စီးခြင်းအမှုသည် စာတန်၏အလုပ်ဖြစ်ပေ သည်။ ကျမ်းစာ၏သမ္မာတရားများကိုရှာဖွေစဉ်းစားရာ၌ မာနစိတ်အချို့သည်ရောနောနေသဖြင့် လူတို့သည်မိမိတို့စိတ်ကျေနက်လောက်အောင်ကျမ်းစာ၏အစိတ်အပိုင်းတိုင်းကိုရှင်းလင်းမပြ နိုင်ကြသောအခါ၊ သည်းမခံနိုင်ကြဘဲဆုံးရှုံးပျက်စီးသွားရကြလေ၏။ ဝိညာဉ်တော်အားဖြင့်မှုတ် သွင်းထားသောနှုတ်ကပတ်တော်များကို မိမိတို့သည်မသိနားမလည်ပါဟူ၍ဝန်ခံဘို့ရန်အလုပ် သည်သူတို့အဘို့အလွန်ပင်အောက်ကြသည်ဟုထင်မှတ်ကြသည်။ အကူအညီမလိုဘဲလူ၏ ဥာဏ်စွမ်းအားဖြင့်ကျမ်းစာကိုနားလည်နိုင်လိမ့်မည်ဟုသူတို့ထင်မှတ်ကြသည်။ နောက်မှနား လည်နိုင်လိမ့်မည်ဟုသူတို့ထင်မှတ်ကြသည်။ နောက်မှနားလည်ရန်ခဲယဉ်သောအခါ ဘုရားသ ခင်၏နှုတ်ကပတ်တော်မဟုတ်ဟုငြင်းပယ်ကြလေ၏။ ကျမ်းစာမှထုတ်နှုတ်ဖေါ်ပြထားသည်ဆို သောထင်မြင်ချက်အများနှင့်သြဝါဒအများတို့သည်ကျမ်းစာကသွန်သင်သောအချက်များပေါ်၌ အခြေအမြစ်မတည်ဘဲဘုရားသခင်၏ဗျာဒိတ်သဘောနှင့်ဧကန်အမှန်ဆန့်ကျင်ဘက်ဖြစ်ကြ သည်မှာမှန်ပေသည်။ ဤအရာတို့သည်အများသောသူတို့၏စိတ်ကိုယုံမှားရှုပ်ထွေးစေသောအ ကြောင်းရင်းများဖြစ်ကြသည်။ သို့ရာတွင်၎င်းယုံမှားခြင်းတို့သည်ဘုရားသခင်၏နှုတ်ကပတ် တော်ကြောင့်မဟုတ်ဘဲ လူတို့က၎င်းတရားတော်ကိုမှောက်မှားအောင်ပြုလုပ်ခြင်းကြောင့် တည်း။SC 155.2

    ဖန်ဆင်းထားတော်မူသော သတ္တဝါတို့သည် ဘုရားသခင်၏အကြောင်းနှင့်ဘုရားသခင် ပြုတော်မူသောအမှုကိစ္စများအကြောင်းကိုပြည့်စုံစွာ နားလည်သိရှိနိုင်ခွင့်ရှိကြလျှင်၊ ဤအခြေ အနေသို့ရောက်ရှိနေ သဖြင့်၊ သူတို့သည် သမ္မာတရားကိုတိုး၍ဆက်လက် စူးစမ်းစရာမလိုတော့ချေ။ ဘုရားသခင်ကို သိကျွမ်းခြင်းပညာ၌တို့းပွားစရာမလိုတော့ချေ။ ၎င်းပြင်စိတ်သဘော သို့မဟုတ် စိတ်နှလုံးအ ခြေအနေကိုတိုး၍ကောင်းမွန်လာအောင်ပြုလုပ်ဘို့မလိုတော့်ချေ။ ဘုရားသခင်သည်လည်းအ မြင့်မြတ်ဆုံးသောပုဂ္ဂိုလ်ဖြစ်တော်မူတော့မည်မဟုတ်။ ၎င်းပြင်လူသည်ပညာဥာဏ်စွမ်းသတ္တိတို့ ၌အဆုံးသို့ရောက်ရှိနေသဖြင့်ရှေ့သို့တိုးတက်စရာမလိုတော့ချေ။ သို့သော်ထိုသို့မဖြစ်သော ကြောင့်ဘုရားသခင်ကိုကျွန်ုပ်တို့ကျေးဇူးတင်ကြစို့။ ဘုရားသခင်သည်အစအဆုံးမရှိ။ ဘုရားသ ခင်၌ “ပညာဘဏ္ဍာ၊ ဥာဏ်ဘဏ္ဍာ ရှိသမျှတို့သည်ဝှက်ထားလျက်ရှိ၏။” (ကောလောသဲ၊ ၂း၃။) ၎င်းပြင် ထာဝရကာလအဆက်ဆက်လူတို့သည်ဘုရားသခင်၏ဥာဏ်ပညာတော်၊ ဘုရားသခင် ၏ကျေးဇူးကရုဏာတော်နှင့်ဘုရားသခင်၏တန်ခိုးတော်တည်းဟူသောဘဏ္ဍာများတို့ကိုအမြဲရှာ ဖွေစူးစမ်းလေ့လာလျက်နေကြလိမ့်မည်။SC 156.1

    ဤအသက်တာ၌ပင်မိမိ၏နှုတ်ကပတ်တော်ထဲ၌ရှိသောသမ္မာတရားများကိုမိမိ၏လူများအားအစဉ်သဖြင့်ရှင်းလင်းဖွင့်ပြနေရလိမ့်မည်ဟုဘုရားသခင်သည်အကြံရှိတော်မူ၏။ ဤသိ ကျွမ်းခြင်းပညာကိုရရှိနိုင်သောနည်းလမ်းတလမ်းသာရှိပေသည်။ ကျွန်ုပ်တို့သည်ဝိညာဉ်တော် ၏ပြုပြင်ခြင်းတန်ခိုးအားဖြင့်ဘုရားသခင်၏နှုတ်ကပတ်တော်ကိုနားလည်နိုင်ကြသည်။ထိုဝိ ညာဉ်တော်အားဖြင့်ပင်နှုတ်ကပတ်တော်ကိုပေးတော်မူ၏။ “ဘုရားသခင်၏နက်နဲသောအရာ ကိုဘုရားသခင်၏ဝိညာဉ်တော်မှတပါးအဘယ်သူမျှမသိ။” “အကြောင်းမူကား၊ ဝိညာဉ်တော် သည်ဘုရားသခင်၏နက်နဲသောအရာတိုင်အောင်ခပ်သိမ်းသောအရာတို့ကိုစစ်တော်မူ၏။” (၁ကောရိန်သု၊ ၂း ၁၁ ၊ ၁၀။)၎င်းပြင်ကယ်တင်ရှင်ကမိမိ၏တပည့်တော်တို့အားအောက်ပါ အတိုင်းဂတိထားတော်မူခဲ့၏။ “သမ္မာတရားနှင့်ပြည့်စုံသောထိုဝိညာဉ်တော်သည်ရောက်လာ သောအခါ၊ သမ္မတရားကိုအကြွင်းမဲ့သွန်သင်ပြသလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့်စပ်ဆိုင် သောအရာကိုယူ၍ သင်တို့အားဘော်ပြလိမ့်မည်။” (ယောဟန်၊ ၁၆း ၁၃၊ ၁၄။)SC 157.1

    လူအားမိမိ၏စဉ်းစားဆင်ခြင်တတ်သောဥာဏ်အစွမ်းသတ္တိကိုမှန်မှန်အသုံးချလေ့ကျင့် ပေးစေဘို့ဘုရားသခင်သည်အလိုရှိတော်မူ၏။ ၎င်းပြင်ကျမ်းစာကိုလေ့ကျက်ဘတ်ရှုခြင်းအမှု သည်အခြားသောစာပေများကိုလေ့လာဘတ်ရှုခြင်းထက်ဥာဏ်သတ္တိကိုတိုးပွားခိုင်ခံ့၍မြှင့်တင ပေးလေသည်။ သို့ရာတွင်ကျွန်ုပ်တို့သည်တွေးဆဆင်ခြင်ရာ၌မိမိကိုယ်ကိုဘုရားလောက်တတ် သိကျွမ်းသည်ဟု အထင်မကြီးအပ်ကြပေ။ လူသတ္တဝါဖြစ်သည့်အလျောက်ကျွန်ုပ်တို့ဆင်ခြင် စဉ်းစားဥာဏ်သည်အားနည်းညံ့ဖျင်း၏။ အထင်အရှားဆုံးသောသမ္မာတရားများကိုနားမလည် နိုင်စေခြင်းငှါ၊ ကျမ်းစာများကိုဖုံးကွယ်မနေစေကြလိုလျှင်၊ ကျွန်ုပ်တို့၌ ကလေးသူငယ်ကဲ့သို့ ရိုးသားခြင်းနှင့်ယုံကြည်ခြင်းရှိလျက်သန့်ရှင်းသောဝိညာဉ်တော်၏အကူအညီကိုတောင်း လျှောက်ပြီးလျှင်ကျမ်းစာကိုလေ့ကျက်ဘတ်ရှုရန်အသင့်ရှိရကြမည်။ ဘုရားသခင်၏တန်ခိုး တော်နှင့်ဥာဏ်တော်အကြောင်းကိုသိရှိနားလည်၍မိမိတို့သည်ဘုရားသခင်၏ကြီးမြတ်တော်မူ ခြင်းအဖြစ်ကိုနားလည်ခြင်းငှာအစွမ်းသတ္တိမရှိကြောင်းကိုသိရှိရခြင်းအမှုသည်ကျွန်ုပ်တို့အားနှိမ့် ချသောသဘောကိုရရှိစေသဖြင့်၊ ကျွန်ုပ်တို့သည်ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဖွင့်၍ဖတ် ကြသောအခါ၊ ဘုရားသခင်ကိုယ်တော်တိုင်၏မျက်မှောက်၌ ကျွန်ုပ်တို့ရောက်ရှိနေသကဲ့သို့၊ သန့်ရှင်းကြောက်ရွံ့ရိုသေခြင်းရှိရကြမည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာတော်မြတ်ထံသို့လာ ကြသောအခါ၊ ကျွန်ုပ်တို့၏စဉ်းစားဆင်ခြင်တတ်သောစိတ်သဘောသည် ၎င်းထက်သာလွန်ထူး ကဲသော သြဇာအာဏာရှိသေးကြောင်းကိုဝန်ခံလျက်ကျွန်ုပ်တို့၏စိတ်နှလုံးနှင့်ဥာဏ်အစွမ်း သတ္တိရှိသမျှတို့သည်ငါဖြစ်သည်ဟုမိန့်တော်မူသောအရှင်ဘုရားရှေ့တော်၌ဦးညွတ်အရိုအသေ ပြုရကြမည်။SC 159.1

    အမြင်အားဖြင့်ခက်ခဲသည်ဖုံးကွယ်နေသည်ဟုထင်ရသောအရာများစွာရှိသဖြင့်၊ ၎င်းတို့ကိုနားလည်နိုင်ရန်ကြိုးစားရှာဖွေသောသူတို့အားဘုရာသခင်သည်၎င်းတို့ကိုထင်ရှား လွယ်ကူစေအောင်ဘော်ပြတော်မူလိမ့်မည်။ သို့ရာတွင်ကျွန်ုပ်တို့သည်သန့်ရှင်းသေဝိညာဉ် တော်၏စောင့်ရှောက်လမ်းပြခြင်းမခံရလျှင်၊ ကျမ်းစာကိုအစဉ်သဖြင့်တိုက်လှန်နေကြ လိမ့်မည်။ သို့မဟုတ်၎င်းတို့ကိုအလွဲအနက်ကောက်ယူလျက်နေကြလိမ့်မည်။ အကျိုးမခံစား ရသည့်အပြင်အများသောသူတို့၌အသေအချာပင်အကျိုးပျက်စေလောက်အောင်ကျမ်းစာအုပ ကိုဘတ်ရုံသာများစွာဘတ်နေကြသည်လည်းရှိပေသည်။ ရိုသေခြင်း၊ ဆုတောင်းခြင်းမရှိဘဲ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဖွင့်ဘတ်သောအခါ၊ ဘုရားသခင်၌သာစိတ်စွဲလမ်းခြင်း၊ ဆင်ခြင်အောက်မေ့ခြင်း စိတ်သဘောမရှိသောအခါ၊ သို့မဟုတ် ဆင်ခြင်စွဲလမ်းမှုတို့သည် ဘုရားသခင်အလိုတော်နှင့်မညီမညွတ်ရှိနေသောအခါ၊ စိတ်သဘောသည်ယုံမှားသံသယ ဖြင့်ဖုံးလွမ်းနေလေသည်။ ၎င်းပြင် ထိုအခါ၌ကျမ်းစာကိုလေ့ကျက်ရာတွင်ယုံမှားခြင်းအမှုတို သည်တိုး၍ ပွားများခိုင်ခံ့လာလေ၏။ ရန်သူသည်သူ၏စိတ်ကိုစိုးမိုးအုပ်ချုပ်လာလျက်မမှန်သော အနက်အဓိပ္ပါယ်တို့ကိုဘော်ပြအကြံပေးလိမ့်မည်။ လူတို့သည်စကားပြောရာ၌၎င်း၊ အပြုအမူအ နေအထိုင်တို့၌၎င်း၊ ဘုရားသခင်၏အလိုတော်နှင့် ညီစေရန်မကြိုးစားသောအခါ၊ သူတို့သည် မည်မျှပင် ပညာတတ်သော်လည်း၊ ကျမ်းစာကိုလေ့လာဘတ်ရှုခြင်းအမှု၌အလွဲနားလည်တတ် ကြသည်။ ၎င်းပြင်ထိုသူတို့က ဘော်ပြသောအနက်အဓိပ္ပါယ်တို့ကို ယုံကြည်အားကိုးလျှင် ဘေးမကင်းချေ။ အမှန်အားဖြင့်ထင်ရှားလွယ်ကူသောအရာများ၌ပင်သူတို့သည် ယုံမှားစရာ အကြောင်းများကိုအမြင်ကျဉ်းသောသဘောနှင့် တွေ့မြင်ရကြလိမ့်မည်။SC 159.2

    အများအားဖြင့်ယုံမှားခြင်း၊ အလွဲထင်မြင်ခြင်းတို့သည် မည်မျှပင်လျှို့ဝှက်စေကာမူ၊ အပြစ်ကိုနှစ်သက်ခြင်းသည် ၎င်းတို့ကိုဖြစ်သောအကြောင်းရင်းအမှန်ပင်ဖြစ်ပေသည်။ ဘုရား သခင်၏နှုတ်ကပတ်တရားတော်၌ သွန်သင်သြဝါဒပေးချက်များနှင့်ကန့်သတ်ချုပ်ချယ်ထားချက် များတို့ကိုမာနကြီးသောသူ၊ စိတ်ထဲ၌အပြစ်ကိုနှစ်သက်သောသူတို့သည်လက်ခံလိုသောစိတ်မ ရှိကြ။ ၎င်းပြင်နှုတ်ကပတ်တရားတော်ကပညတ်ထားသောအချက်တို့ကိုနားထောင်လိုသော ဆန္ဒမရှိသောသူတို့သည်၎င်း၏ထောက်ခံချက်ကိုအလွယ်တကူနှင့် ယုံမှားသံသယ ဖြစ်တတ်ကြသည်။ သမ္မတရားကိုထိရောက်စွာနားလည်နိုင်ဘို့ရန်ကျွန်ုပ်တို့၌သမ္မာတရားကို စိတ်အားထက်သန်စွာ သိနားလည်လိုသောဆန္ဒနှင့်၎င်းကိုစိတ်ပါစွာနားထောင်လိုသောသူသ ဘောရှိရကြမည်။ ဤကဲ့သို့သောစိတ်သဘောမျိုးနှင့်ကျမ်းစာတော်မြတ်ကိုလေ့ကျက်ဘတ်ရှု ရန်လာကြသောသူအပေါင်းတို့အား၊ ကျမ်းစာတော်မြတ်သည်ဘုရားသခင်၏နှုတ်ကပတ်တော် ဖြစ်ကြောင်းဘော်ပြသောသက်သေသာဓကများစွာတို့ကိုတွေ့ရှိရကြလိမ့်မည်။ ၎င်းပြင်သူတို့ သည်ကယ်တင်ခြင်းခံစားရအံ့သောငှါပညာရီသောသူများဖြစ်လာကြမည်အကြောင်း၊ကျမ်းစာ တော်မြတ်၏သမ္မာတရားများကိုနားလည်ရသောအကျိုးကျေးဇူးကိုရရှိကြလိမ့်မည်။SC 160.1

    “ဘုရားသခင၏အလိုတော်သို့လိုက်ချင်သောသူမည်သည်ကား၊ ဤဒေသနာကိုပိုင်း ခြား၍သိလိမ့်မည်” ဟုသခင်ခရစ်တော်ကမိန့်တော်မူ၏။ (ယောဟန်၊ ၇း၁၇။) သင်မသိနား မလည်သောအရာတို့ကိုမေးမြန်း၍အကြောင်းမဲ့အပြစ်ရှာနေမည့်အစား၊ သင့်အပေါ်၌အဆင် သင့်ထွန်းတောက်နေသောအလင်းတရားကိုသတိပြုပါ၊ သို့ပြုလျှင်သင်သည်သာ၍ထွန်း တောက်သောအလင်းကိုရရှိလိမ့်မည်။ သင်နားလည်နိုင်လောက်အောင်သင့်အားထင်ရှားစွာ ဘော်ပြထားပြီးသောဝတ္တရားရှိသမျှတို့ကိုသခင်ခရစ်တော်၏ကျေးဇူးတော်အားဖြင့်ဆောင် ရွက်လော့ သို့ပြုလျှင်ယခုသင်ယုံမှားနေသောအရာတို့ကိုနားလည်လာ၍လိုက်နာပြုကျင့်ရန် တတ်စွမ်းနိုင်လိမ့်မည်။SC 161.1

    ပါရဂူမြောက်အောင်တတ်ကျွမ်းသောသူနှင့်ဘာမျှမဘတ်တတ်နိုင်လောက်အောင် ပညာမဲသောသူမှစ၍လူအပေါင်းတို့အတွက်သက်သေသာဓကတခုရှိပေသည်။၎င်းကားကိုယ် တွေ့အဖြစ်ပျက်တည်းဟူသောသက်သေသာဓကဖြစ်ပေသည်။ ဘုရားသခင်၏နှုတ်ကပတ် ကျမ်းစာတော်မြတ်သည် အစစ်အမှန်ဖြစ်ကြောင်းကျွန်ုပ်တို့ကိုယ်တိုင်စစ်ဆေးရှာဖွေရန်ဘုရား သခင်ကျွန်ုပ်တို့အားမိန့်မှာတော်မူ၏။ “ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည်အကြောင်း ကိုမြည်းစမ်း၍သိမှတ်ကြလော့” (ဆာလံကျမ်း၊ ၃၄း ၈။)ဟုဘုရားသခင်ကကျွန်ုပ်တို့အားမိန့်မှာ တော်မူ၏။ အခြားသော သူတို့၏စကားကိုအားကိုးမည့်အစား ကျွန်ုပ်တို့ကိုယ်တိုင်မြည်းစမ်းကြည့်ရကြမည်။ ကိုယ်တော်က၊ “တောင်းကြလော့၊ တောင်းလျှင် ရကြလိမ့်မည်” ဟုမိန့်တော်မူ၏။ ယောဟန်၊ ၁၆း ၂၄။ ဘုရားသခင်၏ဂတိတော်များသည်ပြည့် စုံခြင်းသို့ရောက်လိမ့်မည်။ ၎င်းတို့သည်ဘယ်အခါမျှမပျက်ကွက်ခဲ့ကြချေ။ ဘယ်အခါမျှပျက် ကွက်နိုင်လိမ့်မည်မဟုတ်။ ကျွန်ုပ်တို့သည်သခင်ယေရှုထံတော်သို့ချဉ်းကပ်၍ကိုယ်တော်၏ စုံလင်သောမေတ္တာတော်၌ အားရဝမ်းမြောက်ခြင်းရှိကြသောအခါ၊ ကျွန်ုပ်တို့၏ယုံမှားခြင်းနှင့် မှောင်မိုက်သည်ကိုယ်တော်၏အလင်းတော်ရှေ့တွင်ကွယ်ပျောက်သွားကြလိမ့်မည်။SC 161.2

    ဘုရားသခင်သည် “မှောင်မိုက်တန်ခိုးမှလည်းငါတို့ကိုနှုတ်၍၊ ချစ်တော်မူသောသားတော် ၏နိုင်ငံထဲသို့သွင်းတော်မူ၏” ဟုတန်မန်တော်ရှင်ပေါလုကဘော်ပြထား၏။ (ကောလောသဲ၊ ၁း ၁၃။) သေခြင်းမှအသက်ရှင်ခြင်းသို့ကူးပြောင်းသောသူတိုင်းသည်ကား၊ “ဘုရားသခင်သည် သစ္စာစောင့်တော်မူသည်ဟုတံဆိပ်ခတ်နိုင်သော အခွင့်ရှိ၏။” (ယောဟန်၊ ၃း ၃၃။) ကျွန်ုပ်တို့ သည်အကူအညီကိုအလိုရှိရာ၊ သခင်ယေရှု၌တွေ့ရှိရသည်။ လိုသောအရာများကိုချပေး၍ ကျွန်ုပ်ဝိညာဉ်၏ငတ်မွတ်ခြင်းကိုပြေစေတော်မူ၏။ ၎င်းပြင်သမ္မာကျမ်းစာတော်မြတ်သည်ယခု ကျွန်ုပ်အဘို့သခင်ယေရှုခရစ်၏ဗျာဒိတ်တော်ဖြစ်လာ၏။ သင်ကကျွန်ုပ်သည်ဘာကြောင့်သခင် ယေရှု၌ယုံကြည်ခြင်းရှိသနည်းဟုမေးသလား။ အကြောင်းကားကိုယ်တော်သည်ကျွန်ုပ်အတွက် ကယ်တင်ရှင်သခင်ဘုရားဖြစ်တော်မူ၏။ ဘာကြောင့်ကျွန်ုပ်သည်သမ္မာကျမ်းစာတော်မြတ်၌ယုံ ကြည်ခြင်းရှိသနည်း။ အကြောင်းကား၎င်းသည်ကျွန်ုပ်ဝိညာဉ်သို့မိန့်မြွက်တော်မူသောဘုရားသ ခင်၏အသံတော်ဖြစ်ဖြစ်ကြောင်းကျွန်ုပ်တွေ့ရှိရပြီဟုသူကသက်သေခံနိုင်၏။ သမ္မာကျမ်းစာ တော်မြတ်သည် မှန်ကန်သည်သခင်ယေရှုသည်ဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ဟု ကျွန်ုပ်တို့ကိုယ်တိုင်၌သက်သေကိုရှိကြလိမ့်မည်။ ကျွန်ုပ်တို့သည်ပရိယာယ်နှင့်ပြင်ဆင်သော ဒဏ္ဍာရီကိုမလိုက်ဘဲနေကြသည်ကိုသိရှိကြ၏။SC 162.1

    ရှင်ပေတရုကမိမိ၏ညီအစ်ကိုများအား၊ “ကျေးဇူးတော်၌၎င်း၊ ငါတို့ကိုကယ်တင်တော်မူ သောအရှင်သခင်ယေရှုခရစ်ကိုသိကျွမ်းခြင်း၌၎င်း ကြီးပွားကြလော့” ဟုဆုံးမသြဝါဒပေးထား၏ (၂ပေတရု၊ ၃း ၁၈။) ဘုရားသခင်၏လူများတို့သည်ကျေးဇူးတော်၌ကြီးပွားလျက်နေကြသောအ ခါ၊ သူတို့သည်ဘုရားသခင်၏နှုတ်ကပတ်တော်ကိုသာ၍ထင်ရှားစွာနားလည်နိုင်သောဥာဏ်ကို အမြဲရရှိလျက်နေကြလိမ့်မည်။ ၎င်းတွင်ရှိသန့်ရှင်းသောသမ္မာတရားများ၌ အသစ်သောအလင်း နှင့်တင့်တယ်လှပခြင်းကိုသူတို့သေချာထင်ရှားစွာသိမြင်ကြလိမ့်မည်။ ကာလအဆက်ဆက်ဤ အချက်သည်မှန်ကန်ကြောင်းအသင်းတော်ရာဇဝင်၌ထင်ရှားလျက်ရှိခဲ့၏။ ၎င်းပြင်ထိုနည်းတူ ၎င်းသည်အဆုံးတိုင်အောင်ဆက်လက်၍ဖြစ်လျက်နေလိမ့်မည်။ “ဖြောင့်မတ်သောသူတို့၏ လမ်းသည်တက်သောအရုဏ်ကဲ့သို့ဖြစ်၍နေထွက်သည်တိုင်အောင်တို့းပွားထွန်းလင်းတတ်၏။” (သုတ္တံကျမ်း ၄း ၁၈။)SC 163.1

    ကျွန်ုပ်တို့သည်ယုံကြည်ခြင်းအားဖြင့်နောင်ထာဝရကာလကိုမြော်ကြည့်နိုင်သဖြင့်၊ လူ၏အစွမ်းသတ္တရှိသမျှတို့သည်ဘုရား၏စွမ်းအားသတ္တိများနှင့်ပူးပေါင်း၍ ဝိညာဉ်၏တန်ခိုးရှိသ မျှသည်အလင်း၏အခြေအမြစ်ဖြစ်တော်မူသောအရှင်နှင့် တိုက်ရိုက်ဆက်သွယ်ခြင်းရှိလျက်၊ ပညာဥာဏ်တို့တွင်တိုးပွားခြင်းအလိုငှါဘုရားသခင်၏ ဂတိဝန်ခံတော်မူချက်ကိုဆွဲကိုင်ထားနိုင် ကြသည်။ ဘုရားသခင်စီမံချပေးထားတော်မူသောအရာများ၌ကျွန်ုပ်တို့အားစိတ်ရှုပ်ထွေးစေ သောအရာရှိသမျှတို့သည် ထိုအခါ၌ထင်ရှားလာလိမ့်မည်ဖြစ်၍ ကျွန်ုပ်တို့သည်အားရဝမ်း မြောက်ကြလိမ့်မည်၊ နားမလည်နိုင်သောအရာတို့သည်လွယ်ကူရှင်းလင်းသွားကြလိမ့်မည်။ ကျွန်ုပ်တို့၏ကန့်သတ်ထားသောဥာဏ်ကရှုထွေးခြင်းနှင့်ပျက်စီးနေသောရည်ရွယ်ချက်များတို ကို့သာတွေ့ရှိရသောနေရာတွင် ကျွန်ုပ်တို့သည်အစုံအလင်နှင့်အတင့်တယ်ဆုံးညီညွတ်မှုကို တွေ့ရှိရကြလိမ့်မည်၊ “ယခုတွင်ငါတို့သည်မှန်အားဖြင့်ရိပ်မိလျက်သာနေကြ၏ထိုအခါမူကား၊ မျက်မှောက်ထင်ထင်မြင်ရကြလိမ့်မည်။” (၁ကော ၊ ၁၃း ၁၂။)SC 163.2

    Larger font
    Smaller font
    Copy
    Print
    Contents