Loading...
Larger font
Smaller font
Copy
Print
Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    သခင်ဘုရား၌မွေ့လျော်ခြင်း။

    ဘုရားသခင်၏သားသမီးများတို့သည် သခင်ခရစ်တော်၏ကိုယ်စားလှယ်များအဖြစ်နှင့် ခေါ်တော်မူခြင်းခံရကြသဖြင့်၊ ထာဝရဘုရား၏ကောင်းမြတ်ခြင်းနှင့်သနားကြင်နာခြင်းအ ကြောင်းကိုဘော်ပြရကြမည်။သခင်ယေရှုသည်ခမည်းတော်၏သဘောတော်၊ဂုဏ်တော်အမှန အစစ်ကိုကျွန်ုပ်တို့အားထင်ရှားစေတော်မူသနည်းတူ၊ကိုယ်တော်၏ကြင်နာသနားတတ်သော မတ္တာတော်အကြောင်းကို မသိသေးသောလောကအားသခင်ခရစ်တော်အကြောင်းကို ကျွန်ုပ် တို့သည်ဘော်ပြရကြမည်။ “ကိုယ်တော်သည်အကျွန်ုပ်ကိုဤလောကသို့စေလွှတ်တော်မူသည် နည်းတူ၊ အကျွန်ုပ်သည်သူတို့၌ရှိ၍ကိုယ်တော်သည်လည်းအကျွန်ုပ်၌ရှိတော်မူသောအားဖြင့်… ကိုယ်တော်သည်အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်း….လောကီသားတို့သည်သိစေခြင်းငှါ” ဟုသခင်ယေရှုကမိန့်တော်မူ၏။ (ယောဟန်၊ ၁၇း ၁၈၊ ၂၃။) တမန်တော်ရှင်ပေါလုကသခင် ယေရှု၏တပည့်တော်တို့အား၊ “သင်တို့သည်ငါတို့ပြုစုသောခရစ်တော်၏စာထင်ရှားစွာဖြစ် ကြ၏။” “လူအပေါင်းတို့သိ၍ဘတ်တတ်သောငါတို့စာ” ပင်ဖြစ်ကြသတည်းဟုဘော်ပြ၏။ (၂ကောရိန်သု၊ ၃း ၃၊ ၂။) မိမိ၏သားသမီးတိုင်းတို့တွင်သခင်ယေရှုသည်လောကအဘို့စာတ စောင်စီပို့ပေးလိုက်တော်မူ၏။ သင်သည်သခင်ခရစ်တော်၏တပည့်တော်ဖြစ်လျှင်၊ ကိုယ်တော် သည်သင်နေသောအရပ်တွင်ရှိသောအိမ်ထောင်၊ ရပ်ရွာ၊ လမ်းသို့ပေးရန်စာတစောင်ကိုသင်၌ ပေးလိုက်တော်မူ၏။ သင်၏အထဲ၌ ကိန်းအောင်းနေတော်မူသောသခင်ယေရှု သည်မိမိနှင့်မကျွမ်းကျင်သောသူတို့၏စိတ်နှလုံးထဲ၌စကားပြောဆိုရန်အလိုရှိတော်မူ၏။ သူတို့ သည်ကျမ်းစာကိုမဘတ်ဘဲနေတတ်ကြသည်။ သို့မဟုတ်ကျမ်းစာ၏စာမျက်နှာများထဲမှာသူတို့ အားပြောဆိုနေသောအမှုများတွင်ဘုရားသခင်၏မေတ္တာတော်ကိုသူတို့သည်မမြင်တတ်ချေ။သို့ ရာတွင်သင်သည်သခင်ခရစ်တော်၏ကိုယ်စားလှယ်အစစ်အမှန်ဖြစ်လျှင်၊သူတို့သည်သင့်အား ဖြင့်ဘုရားသခင်၏ကောင်းမြတ်ခြင်းကရုဏာတော်ကိုသိနားလည်လာကြလိမ့်မည်။ ၎င်းပြင်သူ တို့သည်ကိုယ်တော်ကိုချစ်ခင်၍ကိုးကွယ်လာကြလိမ့်မည်။SC 165.1

    ခရစ်ယန်တို့သည်ကောင်းကင်သို့သွားရာလမ်းခရီးတွင်မီးတိုင်ကိုကိုင်ဆောင်လမ်းပြရသူများဖြစ်ကြသည်။ သူတို့သည်မိမိတို့အပေါ်၌သခင်ခရစ်တော်ထံမှ ထွန်းတောက်နေသောအ လင်းကိုတဖန်ပြန်၍လောကတွင်လင်းစေရကြမည်။ မိမိတို့အားဖြင့်အခြားသောသူတို့သည်သ ခင်ခရစ်တော်အကြောင်းနှင့်ကိုယ်တော်၏အမှုတော်အကြောင်းမှန်ကန်သောထင်မြင်ချက်ကို ရရှိကြမည်အကြောင်း၊ မိမိတို့၌ကောင်းမွန်သင်တော်သောအပြုအမူအနေအထိုင်နှင့်အကျင့်စာ ရိတ္တများရှိရကြမည်။SC 166.1

    ကျွန်ုပ်တို့သည် သခင်ခရစ်တော်၏ကိုယ်စားလှယ်များအမှန်ဖြစ်ကြလျှင်၊ ကိုယ်တော်၏ အမှုတော်ကို၊ အကယ်ပင်ဖြစ်သည်အတိုင်း၊ နှစ်သက်စွဲလမ်းဘွယ်ဖြစ်စေအောင် ကြိုးစားရကြ မည်။ မိမိတို့စိတ်ဝိညာဉ်များထဲ၌စိတ်ပျက်ဝမ်းနည်းခြင်း၊ စိတ်ညိုးငယ်ခြင်း အကြောင်းများကိုစု အောင်းစေ၍ အမြဲညည်းညူအပြစ်တင်နေတတ်သောခရစ်ယာန်သည်အခြားသူတို့အားဘုရား သခင်အကြောင်းနှင့်ခရစ်ယာန်အသက်တာအကြောင်းကိုအမှားဘော်ပြနေကြလေသည်။ ဘု ရားသခင်သည်မိမိ၏သားသမီးများအားပျော်ရွှင်စွာနေစေဘို့နှစ်သက်တောမမူဟုသူတို့ကထင် မှတ်စွဲလမ်းစေသဖြင့်၊ သူတို့သည်ကျွန်ုပ်တို့၏ ကောင်းကင်ခမည်းတော်အကြောင်းမမှန်သော သက်သေကိုပြနေကြသည်။SC 166.2

    ဘုရားသခင်၏သားသမီးများတို့ကို ယုံမှားစိတ်ပျက်စေအောင်သွေးဆောင်နိုင်သောအခါ၊ စာတန်သည်အလွန်တရာပင် အားရရွှင်မြူး၏။ ဘုရားသခင်သည်ကျွန်ုပ်တို့ကိုကယ်တင်လို သောဆန္ဒနှင့်ကယ်တင်နိုင်သောတန်ခိုးကိုကျွန်ုပ်တို့သည်ယုံမှားလျက်ဘုရားသခင်ကိုမယုံ ကြည်မကိုးစားဘဲနေသည်ကိုစာတန်သည်မြင်လို၏။ ထာဝရဘုရားစီမံပြုလုပ်တော်မူသောအ ရာများအားဖြင့်ဘုရားသခင်သည်ကျွန်ုပ်တို့အားဘေးဥပါဒ်သက်ရောက်စေသည်ဟုကျွန်ုပ်တို့ အားထင်မှတ်စေရန်စာတန်သည်နှစ်သက်လိုလား၏။ ထာဝရဘုရားသည်သနားခြင်းကရုဏာ၊ ထောက်ထားစာနာခြင်းသဘောနှင့် ကင်းတော်မူသည်ဟုဘော်ပြခြင်းသည်စာတန်၏အလုပ် ဖြစ်သည်။ ထာဝရဘုရားနှင့်စပ်ဆိုင်သောသမ္မာတရားကိုသူသည်အလွဲဘော်ပြ၏။ ဘုရားသခင် အကြောင်းနှင့်သက်ဆိုင်၍မှားသောထင်မြင်ချက်များကိုတွေးတောစေ၏။ ကျွန်ုပ်တို့၏ကောင်း ကင်ခမည်းတော်အကြောင်းနှင့်စပ်ဆိုင်၍မှန်သောတရာ၌စွဲလမ်းရမည့်အစားကျွန်ုပ်တို့သည်မ ကြခဏစာတန်ကအလွဲဘော်ပြသောအရာများပေါ်တွင်စိတ်စွဲလန်းလျက်ဘုရားသခင်ကိုယုံ ကြည်အားကိုးခြင်းမပြုဘဲညည်းညူအပြစ်တင်လျက်နေခြင်းဖြင့် ဘုရားသခင်ကိုရှုတ်ချကြ၏။ စာတန်သည်ဘာသာတရားရေးနှင့်ဆိုင်သောအသက်တာကိုစိတ်ပျက်ငြီးငွေ့ဘွယ်အသက်တာ မျိုးဖြစ်စေအောင် အစဉ်အမြဲကြံစဉ်ကြိုးစားလျက်နေ၏။ ၎င်းအသက်တာသည် ပင်ပန်းငြီးငွေ့ ဘွယဖြစ်၍ ခက်ခဲသည်ဟုထင်မြင်စေရန်သူသည်အလိုရှိ၍၊ ခရစ်ယာန်သည်မိမိ၏အသက်တာ ၌ဘာသာရေးနှင့်စပ်ဆိုင်သောဤထင်မြင်ချက်မျိုးကိုဘော်ပြသောအခါသူသည်မိမိ၏ယုံမှား ခြင်းအမှုအားဖြင့် စာတန်၏အမှားကိုထောက်ခံလျက်နေ၏။SC 167.1

    အများသောသူတို့သည်၊ အသက်တာလမ်းကိုလိုက်ရှောက်နေရာတွင်၊ မိမိတို့၏အမှား များ၊ မအောင်မြင်ဆုံးရှုံးမှုများနှင့် စိတ်ပျက်အားလျော့မှုများ အပေါ်၌သာ စိတ်စွဲလမ်းလျက် နေတတ်ကြသည်၊ ကျွန်ုပ်ဥရောပတိုက်တွင်ရှိနေစဉ်အခါကဤကဲ့သို့ပြုနေလျက်အလွန်စိတ် ဆင်းရဲခြင်းရောက်နေသော ညီမတယောက်ကကျွန်ုပ်ထံစာရေးလျက်၊ အား ပေးတိုက်တွန်းစကားများကို အလိုရှိကြောင်းတောင်းပန်ပါသည်။ သူမ၏ စာကိုကျွန်ုပ်ဘတ်ပြီး သောညဉ်ပ၌ ကျွန်ုပ်သည်ဥယျာဉ်ထဲတွင်ရောက်ရှိနေသည်ဟုအိပ်မက်မြင်ရ၏။ ၎င်းပြင်ဥ ယျာဉ်ရှင်ဟုထင်ရသောလူတယောက်က ကျွန်ုပ်အားဥယျာဉ်ထဲတွင်ရှိလမ်းများတွင်လိုက်လံပြ သနေနေ၏။ ကျွန်ုပ်သည် ပန်းများကိုခူးလျက် ၎င်းတို့၏အနံ့များကိုအာရုံခံစးနေစဉ်၊ ကျွနု်ပ်အ နား၌ရှောက်နေသောဤညီမသည် မိမိ၏လမ်း၌ကျရောက်နေသည့်အရုပ်ဆိုးသောဆူးပင်များ ကိုကျွန်ုပ်အားပြနေ၏။ ထိုနေရာ၌ သူမသည်ညည်းညူလျက်စိတ်ပျက်ဝမ်းနည်းနေ၏။ သူမ သည်လမ်းပြသောသူ၏လမ်း၌မရှောက်ဘဲဆူးပင်မျာရှိရာလမ်းတွင် ရှောက်နေ၏။ ဒီလှပတဲ့ ဥယျာဉ်ဟာဆူးပင်တွေကြောင့်ပျက်စီးနေတာဟာဘယ်လောက်နှမြောဘို့ကောင်းသလဲဟု သူမကညီးညူနေ၏။ ထိုအခါလမ်းပြသောသူက၊ ဆူးပင်တွေနေပါစေ၊ ခင်ဗျာကိုဒါတွေက စူးကုန်လိမ့်မယ်၊ နှင့်ဆီပန်းတွေ၊ နှင့်ပန်းတွေနဲ့ ပန်းရောင်ပန်းကလေးတွေသာခူးပါဟုပြော ဆိုလေ၏။SC 167.2

    သင်၏ကိုယ်တွေ့အဖြစ်အပျက်များတွင် ကြည်လင်တောက်ပသောအချက်ကလေးများ အချို့မရှိခဲ့တော့ဘူးလား။ ဘုရားသခင်၏ဝိညာဉ်တော်ပြုပြင်ခြင်းခံရသောအားဖြင့် သင့်၏စိတ် နှလုံးထဲ၌ တုန်လှုပ်ခြင်းဖြစ်စေသည့် အဘိုးထိုက်သောအချိန်အခါအချို့သင်၌မရှိခဲ့ဘူးလား။ သင့်အသက်တာ၏ကိုယ်တွေ့အဖြစ်အပျက်များကိုပြန်၍ကြည့်သောအခါ၊ နှစ်သက်ဘွယ် ကောင်းအချက်အချို့ကိုသင်သည်မတွေ့ဘူးလား။ ဘုရားသခင်၏ဂတိတော်များသည် မွှေးကြိုင်သောပန်းများကဲ့သို့သင်၏အသက်တာလမ်းခရီးတွင်နေရာတိုင်း၌ရှိနေကြသည်မ ဟုတ်လော။ ၎င်းတို့၏လှပတင့်တယ်ခြင်းနှင့် မွှေးကြိုင်ခြင်းသည် သင်၏စိတ်နှလုံးကိုဝမ်း မြောက်ခြင်းနှင့်ပြည့်ဝစေဘို့ အခွင့်မပြုဘူးလား။SC 168.1

    ဆူးပင်များသည် သင့်ကိုစူးစေ၍ စိတ်ပျက်စေလိမ့်မည်။ ၎င်းပြင်သင်သည် ၎င်းတို့ကို သာ ခူးဆွတ်၍ အခြားသူများကိုပေးလျက်၊ သင့်ကိုယ် တိုင်ဘုရားသခင်၏ကရုဏာတော်ကိုဂရုမဆစိုက်အမူမထားဘဲနေသည့်အပြင်၊ သင်၏ပတ် လည်၌ရှိသောသူတို့အားအသက်လမ်း၌ ရှောက်မသွားစေရန် သင်သည်တားဆီးပိတ်ပင်နေ သည်မဟုတ်လော။SC 168.2

    လွန်ခဲ့သောနေ့ရက်ကာလများက အပြစ်ဒုစရိုက်များနှင့်စိတ်ပျက်ဘွယ်ရာမျးဖြစ်သော စိတ်မကောင်းဘွယ်ရာအကြောင်းအရာများကို ဆင်ခြင်တွေးတောနေခြင်း၊ စိတ်ပျက်လာ အောင်၎င်းတို့အကြောင်းကို ထပ်ခါထပ်ခါပြောဆိုလျက် ညည်းညူနေခြင်းအမှုတို့ကိုပြုလုပ်နေ ဘို့မသင့်ပေ။စိတ်ပျက်နေသောဝိညာဉ်သည်မှောင်မိုက်နှင့်ဖုံးအုပ်နေ၍ မိမိ၏စိတ်ဝိညာဉ်ထဲမှ ဘုရားသခင်၏အလင်းရောင်ခြည်ကိုကွယ်ထားသဖြင့်၊ အခြားသူတို့၏လမ်းခရီးတွင် မှောင်ရိပ် ကိုကျရောက်စေ၏။SC 170.1

    ဘုရားသခင်သည်ကျွန်ုပ်တို့အာဘော်ပြတော်မူသည့်အလွန်တင့်တယ်သော အ ကြောင်းအရာများအတွက်ဘုရားသခင်အားကျေးဇူးတင်ကြစို့။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ မေတ္တာတော်နှင့်သက်ဆိုင်သည့်မင်္ဂလာရှိသောဂတိတော်များကို တခါတည်းစုရုံးပြီးဘော်ပြစို့။ ဘုရားသခင်၏သားတော်သည် လူတို့အားစာတန်၏သြဇာအာဏာလက်အောက်မှ ကယ်တင် နိုင်မည်အကြောင်း၊ မိမိ၏ဘုရားအဖြစ်တော်ကိုလူဇာတိအဖြစ်နှင့်ခြုံတော်မူလျက်မိမိခမည်း တော်၏ပုလ္လင်တော်မှထွက်ခွာလာတေမူသည့်အကြောင်း၊ ဘုရားအဖြစ်တော်ကိုလူဇာတိအဖြစ် နှင့်ခြုံတော်မူလျက်မိမိခမည်းတော်၏ပလ္လင်တော်မှထွက်ခွာလာတော်မူသည့်အကြောင်း၊ဘုရား အဖြစ်တော်ကိုမိမိ၏ဘုန်းတော်အားဖြင့်ထင်ရှားရာယခုရောက်ရှိနေတော်မူသည့်အခန်းကို လူတို့အားထင်ရှားစေပြီးလျှင် ကောင်းကင်အကြောင်းရာကိုလူတို့အားဖွင့်ပြတော်မူလျက်ကျွန်ုပ် တို့အတွက်ကိုယ်တော်သည်အောင်မြင်တော်မူသည့်အကြောင်း၊ အပြစ်ကဆွဲချထားသောပျက် စီးခြင်းအချို့ထဲမှ ကျဆုံးသေလူမျိုးကိုဆွဲတင်၏ တဖန်အစအဆုံးမရှိသောဘုရားသခင်နှင့် ဆက်သွယ်စေလျက်၊ ကျွန်ုပ်တို့၏ကယ်တင်ရှင်ကိုယုံကြည်ခြင်းအားဖြင့်၊ ဘုရားသခင်စီမံတော် မူသော စုံစမ်းနှောင့်ယှက်ခြင်းကို ခံရပ်နိုင်သောကြောင့်၊ သခင်ခရစ်တော်၏ ဖြောင့်မတ်ခြင်း ဝတ်လုံနှင့် ခြုံပြီးလျှင် ဘုရားသခင်၏ပုလ္လင်တိုင် အောင်ချီးမြှောက်ခြင်းခံရသည့် အကြောင်းမှစသော၊ ဤအကြောင်းအရာများတို့ကို ဘုရားသ ခင်ကကျွန်ုပ်တို့အား ဆင်ခြင်စဉ်းစားစေဘို့ အလိုရှိတော်မူ၏။SC 170.2

    ကျွန်ုပ်တို့သည်ဘုရားသခင်၏ မေတ္တာတော်နှင့်ဂတိများကိုမယုံကြည်အားမကိုးဘဲနေ တတ်ကြသောအခါ၊ ကျွန်ုပ်တို့သည်ဘုရားသခင်ကိုရှုတ်ချ၍သန့်ရှင်းသောဝိညာဉ်တော်ကိုစိတ် နာစေကြ၏။ မိခင်တဦးသည် မိမိ၏သားသမီးတို့အား အကျိုးကျေးဇူးခံစားစေ၍ ကိုယ်စိတ်ချမ်း သာစေရန်အတွက် တသက်ပတ်လုံး ကြိုးပန်းခဲ့ပြီးသောအခါ၊ သားသမီးများကသူမသည်မိမိတို့ ကိုကောင်းစွာမပြုစုသကဲ့သို့အမြဲသဖြင့်မိခင်အားညည်းညူအပြစ်တင်နေလျှင်၊ သူမ၏စိတ်ထဲ၌ မည်ကဲ့သို့ဖြစ်နေမည်နည်း။ သူတို့သည်အကယ်၍မိခင်၏မေတ္တာကိုမယုံကြည်လျှင်သူမ၏စိတ် ကိုကြေကွဲစေလမ့်မည်။ မိမိတို့၏သားသမီးတို့က ထိုသို့ပြုတတ်လျှင် မိဘတစုံတစ်ယောက် သည်စိတ်ထဲ၌မည်ကဲ့သို့ဖြစ်နေမည်နည်း။ ကျွန်ုပ်တို့သည်ထာဝရအသက်ကိုရရှိမည့်အ ကြောင်း မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူစေသောမေတ္တာတော်ကို ကျွန်ုပ်တို့ သည်ယုံမှားသံသယရှိကြသောအခါ၊ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် ကျွန်ုပ်တို့ကို မည်ကဲ့သို့ထင်မှတ်တော်မူရလိမ့်မည်နည်း။ တမန်တော်ရှင်ပေါလုက၊ “မိမိသားတော်ရင်းကိုမနှ မြောဘဲ၊ ငါတို့ရှိသမျှအဘို့အလိုငှါစွန့်တော်မူသောသူသည် သားတော်နှင့်တကွ ခပ်သိမ်းသော အရာတို့ကိုငါတို့အားမပေးဘဲအဘယ်သို့နေတော်မူမည်နည်း” ဟုရေးသားထား၏။(ရောမ၊ ၈း ၃၂။) သို့ရာတွင်နှုတ်အားဖြင့်မဟုတ်ဘဲ၊ အပြုအမူအားဖြင့်၊ ထာဝရဘုရားသင်ငါ့အားဂရုစိုက် တော်မမူ၊သူတပါးကိုသာချစ်တော်မမူဟုလူမည်မျှတို့သည်ပြောဆိုနေကြသလဲ။SC 171.1

    ဤအရာအားလုံးသည်သင်၏ဝိညာဉ်ကို ဘေးဖြစ်စေလိမ့်မည်။ ယုံမှားခြင်းနှင့်သင်ပြော ဆိုသောစကားရှိသမျှသည်သင်အားသွေးဆောင်ရန်စာတန်ကိုခေါ်ဘိတ်နေ၏။ ၎င်းသည်သင့် အား တိုး၍ယုံမှားစေရန်တိုက်တွန်းစေ၍သင့်အားစောင့်ရှောက်ပြုစုနေသောကောင်းကင်တမန် များကိုစိတ်နာစေ၏။ စာတန်သည်သင့်အားသွေးဆောင်သောအခါ၊ယုံမှားစရာအချက်၊ သို့မ ဟုတ် မရှင်းလင်းသောအချက်တစုံတရာကိုမျှသင့်နှုတ်မှမထွက်စေပါနှင့်။ သင်သည်စာတန်၏ အကြံပေးချက်များကိုလက်ခံရန်အခွင့်ပြုလျှင်၊ သင်၏စိတ်သည် ယုံမှားခြင်း၊ ဆန့်ကျင်ဘက် ဆင်ခြေတက်ခြင်းနှင့်ပြည့်ဝလိမ့်မည်။ သင်၏စိတ်ထဲ၌ဖြစ်ပေါ်လာသောထင်မြင်ချက်တို့ကို ဘော်ပြပြောဆိုလျှင်သင်ဘော်ပြသောယုံမှားချက်တို့သည်သင့်ကိုယ်၌ဒါဏ်ပြန်လိမ့်မည်သာမ ကသေး၊ ၎င်းသည်အခြားသောသူတို့အသက်တာ၌လည်းဆိုးကျိုးတည်းဟူသောအသီးကိုဖြစ် ပွားစေသောမျိုးစေ့ဖြစ်၍၊ သင့်၏စကားကြောင့်ဖြစ်ပေါ်လာသောဆိုးကျိုးကိုကန့်ကွက်တားဆီး ခြင်းငှါတတ်နိုင်လိမ့်မည်မဟုတ်၊ သင်ကိုယ်တိုင်သည်သွေးဆောင်ခြင်းအချိန်ကာလအတောအ တွင်း စာတန်၏လက်မှလွတ်စရာလမ်းကိုတွေ့ကောင်းတွေ့နိုင်မည်ဖြစ်သော်လည်း၊ သင်၏စ ကားအာဖြင့် သွေးဆောင်ရာသို့ပါသွားသောအခြားသူတို့သည်သင်အကြံပေးခဲ့သောယုံမှားချက် မှ လွတ်မြောက်နိုင်စရာလမ်းကိုမတွေ့ဘဲရှိနေတတ်ကြသည်။ ဝိညာဉ်ခွန်အားနှင့်အသက်ကို ပေးမည့်အရာများကိုသာကျွန်ုပ်တို့သည်ပြောဆိုကြဘို့မည်မျှအရေးကြီးသလဲ။SC 171.2

    သင်၏ကောင်းကင်အရှင်သခင်အကြောင်းလောကအားသင်သည်မည်ကဲ့သို့သောသတင်းကိုကြားပြောလျက်နေသည်ကိုကောင်းကင်တမန်တို့သည်နားထောင်လျက်နောကြသည်။ သင်တို့ပြောဆိုကြသောစကားများသည် ခမည်းတော်ရှေ့၌ သင့်အတွက်ဖြန်ဖြေတောင်းပန်နေ တော်မူသော အရှင်၏အကြောင်းဖြစ်ပါစေ။ သင်သည်မိတ်ဆွေတယောက်နှင့် တွေ့ကြုံနှုတ် ခွန်းဆက်သောအခါ။ သင်၏နှုတ်၌၎င်း၊ စိတ်နှလုံးထဲ၌၎င်း ဘုရားသခင်၏ကျေးဇူးတော်ကိုချီး မွမ်းပါ။ ဤကဲ့သို့ပြုလျှင်သူသည်သခင်ယေရှု၏အကြောင်းကို ဆင်ခြင်စဉ်းစားလိမ့်မည်။SC 172.1

    လူအပေါင်းတို့၌မခံနိုင်အောင်ပြင်းသောပူဆွေးခြင်း၊ မတားဆီးနိုင်အောင် ခက်ခဲသော သွေးဆောင်ခြင်းမှစသောစုံစမ်းခြင်းများရှိကြပေသည်။ သင်၏ဒုက္ခဆင်းရဲမှုတို့ကိုသေခြင်းနှင့်မ ကင်းသောလူအချင်းချင်း တိုအားဘော်မပြဘဲ၊ ဘုရားသခင်ထံ ဆုတောင်းခြင်းဖြင့် ယူဆောင်သွားပါ။ ဘယ်သောအခါမျှ ယုံးမှားစရာစကား၊ သို့မဟုတ်စိတ်ပျက်စရာစကားတခွန်းကိုမျှမပြောဘို့ရန်အကျင့်လုပ်ပါ။ မြော်လင့်စရာစကားနှင့်သန့်ရှင်းသောအားပေးစကားများဖြင့် အခြားသူတို့၏အသက်တာကိုရွှင် ပြလာစေလျက်သူတို့၏ကြိုးပမ်းမူတို့ကိုတိုးတက်ခိုင်မြဲလာအောင်သင်သည်များစွာပြုလုပ်နိုင် သည်။SC 172.2

    မိမိကိုယ်တိုင်နှင့်၎င်း၊ အပြစ်ဒုစရိုက်တန်ခိုးများနှင့်၎င်း တိုက်လှန်ရာတွင်နစ်မွန်းလုမ တက်ရှိလျက်၊ သွေးဆောင်ခြင်းကိုနာကျည်းစွာခံစားနေရသော်လည်း၊ ရဲရင့်တည်ကြည်သော သူများစွာရှိကြသည်။ ထိုကဲ့သို့ခက်ခဲစွာတိုက်လှန်ရန်ကြိုးစားနေသောသူတစုံတယောက်အား စိတ်မပျက်ပါစေနှင့်။ မိမိ၏အသက်တာလမ်းခရီးတွင်ဆက်လက်သွားစေရန်အားတက်ဘွယ် မြော်လင့်စရာစကားများဖြင့်တိုက်တွန်းအားပေးပါ။ ထိုသို့အားဖြင့်သခင်ခရစ်တော်၏အလင်း သည်သင့်ထံမှထွန်းတောက်သွားလိမ့်မည်။ “ငါတို့တွင်အဘယ်သူမျှကိုယ့်အဘို့လိုငှါအသက်မ ရှင်” (ရောမ၊ ၁၄း ၇။) ကျွန်ုပ်တို့၏မထင်ရှားမသိသာသော ပုံသက်သေအကျင့်ဓလေ့များအား ဖြင့်အချားသောသူသည်ခွန်အားတိုးတက်လာကြလိမ့်မည်။ သို့မဟုတ် အာလျော့စိတ်ပျက်ပြီး လျှင်သခင်ခရစ်တော်နှင့်သမ္မာတရာလမ်းမှဆုတ်ခွာသွားလိမ့်မည်။SC 173.1

    သခင်ခရစ်တော်၏အသက်တာနှင့်ဂုဏ်တော်၊ သဘောတော်တို့အကြောင်းကိုမှားယွင်း စွာယူဆထင်မြင်ကြသောသူအများရှိကြသည်။ ကိုယ်တော်သည်ချစ်ခင်နှစ်သက်ခြင်း၊ ရွှင်ပြ ခြင်း သဘောများနှင့်ကင်း၍ခက်ထန်တင်းမာသောမျက်နှာထားရှိလျက် အားရစရာလက္ခဏနှင့် မပြည့်စုံဟုသူတို့ကထင်မှတ်ကြသည်။ အများအားဖြင့်ဘာသာရေးနှင့်စပ်ဆိုင်သောအဖြစ်ပျက် တခုလုံးတွင်ဤကဲ့သို့စိတ်ပျက်ဘွယ်အချင်းရာများကိုသာချယ်လှယ်ဘော်ပြထားပေသည်။SC 173.2

    သခင်ယေရှုသည်ငိုကြွေးတော်မူ၍ဘယ်အခါမျှပြုံးတော်မူသည်ကိုမတွေ့ရဟုမကြာခဏ ပြောဆိုတတ်ကြသည်။ အမှန်အားဖြင့် ကျွန်ုပ်တို့၏ကယ်တင်ရှင်သည်ဝမ်းနည်းခြင်းနှင့် ပြည့်ဝ လျက် စိတ်ပျက်ဘွယ်သော အကြောင်းများကိုကြုံတွေ့ရတောမူသောပုဂ္ဂိုလ်ဖြစ်တော်မူ၏။ အကြောင်းကား ကိုယ်တော်၏ စိတ်နှလုံးသည် လူတို့၏ဒုက္ခဆင်းရဲအပေါင်းတို့ကိုခံယူနေရတော်မူ၏။ သို့ရာတွင်ကိုယ်တော် ၏အသက်တာသည်မိမိကိုယ်ကိုငြင်းပယ်သောအရာဖြစ်၍ ဝေဒနာ၊ စိုးရိမ်ခြင်းများနှင့်ဖုံးအုပ်နေ သော်လည်း၊ကိုယ်တော်၏စိတ်သဘောကားကြေမွခြင်းရှိတော်မမူ။ ကိုယ်တော်၏မျက်နှာတော် သည်စိတ်ပျက်ဝမ်းနည်းခြင်းလက္ခဏာကိုမဆောင်ဘဲအစဉ်သဖြင့်တည်ကြည်ငြိမ်သက်သော ပုံပန်းရှိပေသည်။ ကိုယ်တော်၏နှလုံးတော်သည် အသက်ရေစီးရာစမ်းတွင်းဖြစ်၍ကိုယ်တော် ကြွတော်မူရာအရပ်ရပါတိုင်း၌ငြိမ်သက်အေးချမ်းခြင်း၊ဝမ်းမြောက်ရွှင်မြူးခြင်းအကြောင်းများကို ယူဆောင်သွားတော်မူ၏။SC 173.3

    ကျွန်ုပ်တို့၏ကယ်တင်ရှင်သည်အလွန်ပင်တည်ကြည်၍စိတ်အားထက်သန်ခြင်းရှိလျက် ဘယ်ခါမျှစိတ်ပျက်ညိုးငယ်သုန်မှုန်နေတော်မူသည်မဟုတ်။ ကိုယ်တော်ကိုအတုခိုးသောသူတို့ ၏အသက်တာသည် စိတ်အားထက်သန်သောရည်ရွယ်ချက်များနှင့်ပြည့်စုံ၏။ မိမိတို့ အသီးသီး၌တာဝန်ဝတ္တရားရှိကြောင်းကိုလေးလေးနက်နက်သိရှိနားလည်လာလိမ့်မည်။ ပေါ့ဆ မှုကိုပယ်ရှားလိမ့်မည်။ ကြမ်းတမ်းသောပျော်ရွှင်မှုများ၊ရက်စက်စွာပျက်ရယ်ပြုမှုများရှိလိမ့်မည် မဟုတ်။ သခင်ယေရှု၏ဘာသာတရားသည်မြစ်ရေကဲ့သို့ငြိမ်သက်ခြင်းကိုပေး၏။ ၎င်းသည်ပျော်ရွှင်ခြင်းအသွင်အပြင်ကိုမဖျက်ဆီးချေ။ ရွှင်လန်းအားရခြင်းအခွင့်ကိုမကန့်ကွက်၊ ရွှင်ပြပြုံးချိုသောမျက်နှာကိုမှုန်သုန်သွားအောင်မပြုလုပ်။ သခင်ခရစ်တော်သည်သူတပါးကိုစေ ခိုင်းဘို့မဟုတ်ဘဲသူတပါး၏အစေကိုခံခြင်းငှါလာတော်မူ၏။ ၎င်းပြင်ကိုယ်တော်၏မေတ္တာတော် သည်စိတ်နှလုံးထဲ၌စိုးမိုးနေသောအခါ၊ ကျွန်ုပ်တို့သည်ကိုယ်တော်၏ပုံသက်သေကိုလိုက် ရှောက်ကြလိမ့်မည်။SC 174.1

    ကျွန်ုပ်တို့၏စိတ်ထဲ၌ အခြားသောသူတို့၏ကြမ်းတမ်း၍မတရားသောအပြုအမူတို့ ကိုသာအမြဲသဖြင့် ထိပ်ဆုံးမှထားနေကြလျှင်၊ သခင်ခရစ်တော်သည် ကျွန်ုပ်တို့ကိုချစ်သည် နည်းတူ သူတို့အား၊ချစ်နိုင်ဘို့ရန်မတတ်နိုင်ဘဲ ရှိနေသည်ကိုကျွန်ုပ်တို့တွေ့ရကြလိမ့်မည်။ သို့ရာတွင် ကျွန်ုပ် တို့သည်သခင်ခရစ်တော်၏အံ့သြဘွယ်မေတ္တာနှင့်ကရုဏာတော်တို့ကိုစွဲမြဲမှတ်ယူနေကြလျှင် ထိုသို့သောသဘောမျိုးကိုသူတပါးအပေါ်၌ထားနိုင်ကြလိမ့်မည်။ ကျွန်ုပ်တို့သည်မမြင်ဘဲမနေ နိုင်သောအပြစ်နှင့်မစုံလင်သောအမှုတို့ကိုဂရုမစိုက်ဘဲအချင်းချင်းချစ်ခင်ရိုသေလေးစာရကြ မည်။ နှိမ့်ချခြင်းနှင့်ကိုယ်ကိုအထင်မကြီးခြင်းသဘောများကိုပွားများစေလျက်သူတပါးတို့၏အ ပြစ်ကိုကြင်နာစွာသည်းခံရကြမည်။ ဤသို့ပြုခြင်းသည်သူတပါးအားအထင်သေးစေအပ်သော ကိုယ်ကျိုးရှာခြင်းအမှုအပေါင်းကိုပယ်ရှင်း၍ကျွန်ုပ်တို့အားသဘောထားကြီး၍ကြင်နာတတ် သနားတတ်သောသူများဖြစ်စေလိမ့်မည်။SC 174.2

    ဆာလံဆရာက၊ “ထာဝရဘုရားကိုခိုလှုံ၍ ကောင်းသောအကျင့်ကိုကျင့်လော့။ ပြည် တော်၌နေ၍သစ္စာတရားကိုကျက်စားလော့” ဟုဆိုထား၏။ (ဆာလံကျမ်း၊ ၃၇း၃။) “ထာဝရဘု ရားကိုခိုလှုံလော့။” နေ့အသီးသီးသည်တာဝန်များ၊ စိုးရိမ်ပူပန်စရာများ၊ ရှုပ်ထွေးပွေလီမှုများနှင့် ပြည့်ဝလျက်နေ၏။၎င်းပြင်ကျွန်ုပ်တို့သည်တွေ့ဆုံကြသောအခါ၊ မိမိတို့၏အခက်အခဲများနှင့် စုံစမ်းနှောင့်ယှက်ခြင်းများကို ပြောပြရန်အဘယ်မျှလောက်အလိုရှိကြသလဲ။ ကျွန်ုပ်တို့၏ တောင်းလျှောက်ချက်များကိုနားညောင်း၍ဒုက္ခရောက်သောအခါတိုင်း၌ကျွန်ုပ်တို့အားအလွယ်တကူမစကူညီရန် အသင့်ရှိတော်မူလျက်သနားကြင်နာချစ်ခင်မြတ်နိုးတော်မူသောကယ်တင် ရှင်သည်ကျွန်ုပ်တို့၌မရှိဟုသူတပါးတို့အားထင်မှတ်စေလောက်အောင်၊ များစွာသောဒုက္ခ ဆင်းရဲတို့ကို၎င်း များစွာသောစိုးရိမ်ကြောင့်လန့်ခြင်းအမှုတို့ကို၎င်း၊ များစွာသောပူပန်သော ကတို့ကို၎င်းဘော်ပြပြောဆိုနေတတ်ကြသည်။SC 175.1

    အချို့တို့သည်အစဉ်သဖြင့် စိုးရိမ်ပူပန်လျက်သက်သက်ဒုက္ခရှာနေတတ်ကြသည်။ နေ့တိုင်းသူတို့သည် ဘုရားသခင့်မေတ္တာတော်အကြောင်းထင်ရှားစေသောလက္ခဏာသက်သေ အများနှင့်ဝန်းရံလျက်ရှိကြသည်။ နေ့တိုင်းသူတို့သည်ဘုရားသခင်ချပေးတော်မူသောကောင်း ကြီးမင်္ဂလာများကိုသူတို့သည်သတိမမူကြချေ။ မိမိတို့အပေါ်၌ရောက်ရှိလာလိမ့်မည် ဟုစိုးရမ်လျက် မနှစ်မြို့ဘွယ်သောအရာတို့ကို သူတို့သည်အစဉ်သဖြင့်တွေးတောလျက်နေ တတ်ကြသည်။ သို့မဟုတ်အခက်အခဲတစုံတစုံတခုဧကန်အမှန်ပင်ဖြစ်ပေါ်လာလိမ့်မည်။ သို့ သော်၎င်းသည်မြည်မျှသေးငယ်သောအရာဖြစ်သော်လည်းကျေးဇူးတင်စရာဖြစ်စေသောအ ကြောင်းအရာများစွာတို့ကိုမမြင်စေနိုင်လောက်အောင်၎င်းတို့ကသူတို့၏မျက်စိကိုကွယ်ထား၏။ သူတို့သည်စိတ်မငြမ်မသက်ဖြစ်ခြင်း၊ ဝမ်းနည်းပူဆွေးခြင်းတို့ကိုသာဂရုစိုက်နေကြခြင်းကြောင့်၊ မိမိတို့အားကိုးစရာဖြစ်သောဘုရားသခင်ထံသို့မပို့ဘဲ၊ မိမိတို့ကိုယ်တိုင်တွေ့ဆုံအရေးယူနေ သောအခက်အခဲများသည် သူတို့အား ဘုရားသခင်ထံမှဝေးကွာသွားစေတတ်၏။SC 175.2

    ထိုသို့ကျွန်ုပ်တို့သည်ယုံမှားဘို့သင့်သလား။ အဘယ်ငြောင့်ကျွန်ုပ်တို့သည် ကျေးဇူးမဲ့ လျက်အားကိုးမဲ့ဖြစ်ရကြမည်နည်း။ သခင်ယေရှုသည်ကျွန်ုပ်တို့၏မိတ်ဆွေဖြစ်တော်မူ၏။ ကောင်ကင်သညးအပေါင်းတို့သည် ကျွန်ုပ်တို့၏ မှုရေးကိစ္စတို့တွင် စိတ်ဝင်စားလျက်ရှိကြ သည်။ကျွန်ုပ်တို့သည်နေ့စဉ်အသက်တာ၏အရှုပ်အထွေးများနှင့်စိုးရိမ်သောကများအားဖြင့်မိမိတို့၏စိတ်ကိုအနှောင့်အယှက်ဖြစ်စေရန် အခွင့်မပေးသင့်ပေ။ ထိုသို့ပြုလျှင်၊ ကျွန်ုပ်တို့သည်အ စဉ်သဖြင့်စိတ်တိုဒေါသထွက်လျက်နေတတ်ကြသည်။ စုံစမ်းနှောင့်ယှက်ခြင်းကိုခံနိုင်ရန်အကူ အညီမပေးဘဲကျွန်ုပ်တို့အားအမျက်ထွက်စေ၍ပင်ပန်းစေသောစိုးရိမ်ကြောင့်ကြမှုတစုံတခုမျှ ကျွန်ုပ်တို့သည်ရှာကြံအရေးယူနေဘို့မသင့်ပေ။SC 176.1

    သင်သည်အလုပ်အကိုင်၌ရှုပ်ထွေးခြင်းရှိတတ်သည်၊ သင်၏မြော်လင့်ချက်တို့သည်သာ ၍စိတ်ပျက်ဘွယ်ဖြစ်လာ၍ အရှုးနှင့်တွေ့ကြုံကောင်းတွေ့ကြုံရလိမ့်မည်။ သို့သော်စိတ်မပျက် ပါနှင့်၊ သင်၏စိုးရိမ်ပူပန်ခြင်းတို့ကိုဘုရားသခင်အားအပ်ထား၍စိတ်နှလုံးတည်ကြည်ငြိမ်သက် ခြင်းရှိစေလျက် စိတ်ပျော်ရွှင်စွာနေပါ။ သင်၏အမှုကိစ္စများတို့ကိုအမြော်အမြင်ဥာဏ်ပညာဖြင့် စီမံဆောင်ရွက်နိုင်ရန်ဆုတောင်းပါ။ ထိုနည်းအားဖြင့်အဆုံးအရှုံးအပျက်အစီးတိုကိုတားဆီး ကာကွယ်ပါ။ သင့်တော်သောအကျိုးကျေးဇူးခံစားရန်သင့်တာဝန်ကိုတတ်နိုင်သမျှထမ်းဆောင် ပါ။ သခင်ယေရှုကအထူးအကူအညီးပေးမည်ဟုဂတိထားတော်မူသော်လည်း၊ မိမိတို့၏ကျိုးပန်းမှုကိုမပြုအပ်ဟုဆိုလိုတော်မမှု။ ကျွန်ုပ်တို့ကိုမစတော်မူသောအရှင်ကိုအားကိုး လျက်နေစဉ်၊ သင်သည် တတ်နိုင်သမျှကြိုးစားအားထုတ်လုပ်ဆောင်လျက်ခံစားရသောအကျိုး အပြစ်ကိုဝမ်းသာစွာလက်ခံပါ။SC 176.2

    မိမိ၏လူများအားစိုးရိမ်ပူပန်ခြင်းများဖြင့်ပင်ပန်းလေးလံနေစေခြင်းငှါဘုရားသခင်သည် အလိုတော်မရှိပါ။ သို့ရာတွင်ကျွန်ုပ်တို့၏ထာဝရဘုရားသည်ကျွန်ုပ်တို့ကိုလှည့်စားတော်မမူပါ။ ဘုရားသခင်ကကျွန်ုပ်တို့အားမကြောက်ကြနှင့်၊ သင်တို့အသက်တာလမ်း၌ဘေးဒုက္ခများမရှိဟု မိန့်မြွက်တော်မမူပါ။ စုံစမ်းနှောင့်ယှက်ခြင်းအမှုနှင့်ဘေးဒုက္ခများရှိသည်ကိုဘုရားသခင်သိ တော်မူ၍ ကျွန်ုပ်တို့နှင့်ထင်ရှားစွာဆက်ဆံဆောင်ရွက်တော်မူ၏။ ဘုရားသခင်သည် မိမိလူတို့ အားအပြစ်၊ မကောင်းမှုများနှင့်ပြည့်ဝသောလောကထဲမှနှုတ်ဆောင်သွားရန်ကြံရွယ်တော်မမူ ဘဲသူတို့အားအဘယ်အခါမျှမပျက်စီးနိုင်သောခိုကိုးရာအရပ်ကိုညွန်ပြတော်မူ၏၊မိမိတပည့် တော်များအတွက်ကိုယ်တော်၏ဆုတောင်းချက်ကား၊ “ ဤသူတို့ကို ဤလောကမှနှုတ်ယူတော် မူမည်အကြောင်းအကျွန်ုပ်တောင်းသည်မဟုတ်ပါ။ မကောင်းသောအမူအရာနှင့်ကင်းလွတ်စေ ခြင်းငှါစောင့်မတော်မူမည်အကြောင်းကိုသာတောင်းပါ၏။” (ယောဟန်၊ ၁၇း ၁၅။)ကိုယ်တော် က “သင်တို့သည်လောက၌ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ သို့သော်လည်းမစိုးရိမ်ကြနှင့်၊ ငါသည်လောကကိုအောင်မြင်ပြီ” ဟုမိန့်တော်မူ၏။ (ယောဟန်၊ ၁၆း ၃၃။)SC 177.1

    တောင်ပေါ်၌သခင်ခရစ်တော်ဟောတော်မူသောဓမ`ဒေသနာတော်တွင်၊ ဘုရားသခင် ၌ယုံကြည်အားကိုးဘို့လိုကြောင်းနှင့်စပ်ဆိုင်၍ကိုယ်တော်ကမိမိ၏တပည့်တော်တို့အားအဘိုးထိုက်သောသင်ခဏ်းစာများကိုသွန်သင်တော်မူ၏။ ကာလအဆက်ဆက်ရှိ ဘုရားသခင်၏သား သမီးများကို အားပေးတိုက်တွန်းရန်၊ ဤသင်ခဏ်းစာများကိုရည်ရွယ်စီမံထားတော်မူ၍ ၎င်းတို့ သည် ကျွန်ုပ်တို့ခေတ်ကာလတိုင်အောင်၊ သွန်သင်ဆုံးမခြင်းနှင့်၊ နှစ်သိမ့်သက်သာစေခြင်း အလိုငှါတည်ရှိလျက်နေကြသေး သည်ကယ်တင်ရှင်သည်မိမိ၏တပည့်တော်တို့အားကောင်းကင်ငှက်များကိုညွှန်ပြတော်မူ၏။ ထိုငှက်များတို့သည်ပူပန်ခြင်းကင်းလျက်ချီးမွမ်းသီချင်းများကိုကြွေးကျော်နေကြ၏။ အကြောင်း ကား “၎င်းတို့သည်မျိုးစေ့ကိုမကြဲစပါးကိုမရိတ်ကြချေ။” သို့ရာတွင်ကြီးမြတ်တော်မူသောခမည်း တော်သည်၎င်းတို့၌လိုသောအရာကိုချပေးတော်မူ၏။ ကယ်တင်ရှင်က “ထိုငှက်တို့ထက်သင် တို့သည်အလွန်မြတ်သည်မဟုတ်လော” (မဿဲ၊ ၆း၂၆။) ဟုမေးတော်မူ၏။ လူနှင့်တိရစ္ဆာန်တို့ အားလိုသေအရာတို့ကိုစီမံချပေးတော်မူသော အရှင်ကိုယ်တော်မြတ်သည်မိမိ၏လက်များကို ဖွင့်ထားလျက် မိမိ၏သတ္တဝါအပေါင်းတို့အားကျွေးမွေးပေးကမ်းတော်မူ၏။ ကောင်းကင်ငှက်တို့ ကိုဘုရားသခင်သည်မိမိမျက်စိအောက်၌အကယ်ပင်ကျွေးမွေးနေတော်မူသည်မဟုတ် ၊ သူတို့ ၏နှုသီးများထဲသို့အစာကိုချပေးနေတော်မူသည်မဟုတ်၊ သို့သော်သူတို့လိုသောအရာများကိုရရှိ နိုင်စေခြင်းငှါစီမံထားတော်မူ၏။ သူတို့အတွက်အနှံ့အပြားချပေးထားသောစပါးမျိုးစေ့တို့ကိုသူ တို့သည်ကောက်ယူရကြမည်။ သူတို့သည် မိမိတို့၏အသိုက်ငယ်ကလေးများအတွက် အရာ ဝတ္ထုများကိုရှာဖွေပြင်ဆင်ရကြမည်။ သူတို့၏သားငယ်များကိုအစာရှာကြွေးရမည်။ ကောင်း ကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည်သူတို့ကိုကျွေးမွေးတော်မူသောကြောင့်၊ သူတို့သည် မိမိတို့လုပ်ငန်းကိုလုပ်ကိုင်ရန်သီချင်းဆိုလျက် ထွက်သွားကြ၏။ ထို့ကြောင့်ထိုငှက်ငယ်တို့ ထက်သင်တို့သည်အလွန်မြတ်သည်မဟုတ်လော။ အသိဥာဏ်နှင့်ပြည့်စုံ၍ဝိညာဉ်ရေးနှင့် ဆိုင်သော ကိုးကွယ်မှုတွင်အခွင့်ထူးရရှိသော သင်တို့သည် ကောင်းကင်ငှက်တို့ထက်သာ၍ အဘိုးထိုက်တန်ကြသည်မဟုတ်လော့။ ကျွန်ုပ်တို့သည်ဘုရားသခင်ကိုယုံကြည်လျှင်၊ ကျွန်ုပ်တို့ ကိုစီမံဖန်ဆင်းတော်မူသောအရှင်၊ ကျွန်ုပ်တို့၏အသက်ကိုစောင့်ရှေက်ပြုစုတော်မူသောအရှင်၊ မိမိပုံသဏ္ဍာန်တော်နှင့်အညီကျွန်ုပ်တို့ကိုပြုပြင်ဖန်တီးတော်မူသောအရှင်သည်ကျွန်ုပ်တို့၌လို သောအရာများကိုစီမံချပေးတော်မူ၏။SC 177.2

    သခင်ခရစ်တော်သည်တပည့်တော်တို့အား လယ်ပြင်ထဲ၌များပြားစွာပေါက်နေသော ပန်းများကိုညွန်ပြတော်မူ၏။ ၎င်းပန်းများသည်လူအား ကောင်းကင်ခမည်းတော်ကဘော်ပြထား သောလက္ခဏာအဖြစ်တို့ ထင်ရှားစေဘို့ပေးထားတော်မူသောရိုးရိုးလှပတင့်တယ်ခြင်းဖြင့်အရောင်တဖိတ်ဖိတ်တောက် လျက်ရှိကြ၏။ကိုယ်တော်က၊“တောနှင်းပင်တို့သည်အဘယ်သို့သောအားဖြင့်ကြီးပွားကြသည်ကိုဆင်ခြင်အောက်မေ့ကြလော့”ဟုမိန့်တော်မူ၏။ဤသဘာဝပန်းများတို့၏ရိုးရိုးလှပတင့်တယ် ခြင်းအဖြစ်သည်ရှောလမုန်မင်းကြီး၏ခမ်းနားကြီးကျယ်ခြင်းတို့ထက်သာလွန်ထူးကဲပြိုင်းဘက်ကင်းကြပေသည်။လူ၏အစွမ်းသတ္တိဖြင့်ပြုလုပ်နိုင်သည့်အလွန်ခမ်းနားတောက်ပသောအဝတ်တန်ဆာများပင်လျှင်ဘုရားသခင်ဖန်ဆင်းထားတော်မူသောပန်းများ၏သဘာဝတင့်တယ်ခြင်း၊ အရောင်တောက်နေသောလှပခြင်းတို့ကိုမမှီနိုင်ချေ။သခင်ယေရှုက၊“ယုံကြည်အားနည်းသောသူတို့ယနေ့အသက်ရှင်လျက် နက်ဖြန်မီးဖိုထဲသို့ရောက်သောတောမြက်ပင်ကိုဘုရားသခင် သည် ထိုသို့သောအဝတ်နှင့်ဖုံးလွှမ်းတော်မူလျှင်၊ ထိုမျှမကသင်တို့ကိုအဝတ်နှင့်ဖုံးလွှမ်းတော်မူ မည်မဟုတ်လော” (မဿဲ၊ ၆၊ ၂၈း ၃၀။) ဟုမေးတော်မူ၏။ တနေ့အတွင်းပျက်စီးရသောရိုးရိုး ပန်းပွင့်ကလေးများအား ပန်းချီဆရာတော်ကြီးဖြစ်တော်မူသောဘုရားသခင်သည်နူးညံ့တင့် တယ်သောအရောင်အမျိုးမျိုးဖြင့်ချယ်လှယ်တော်မူလျှင်၊ မိမိပုံသဏ္ဍာန်ဖြင့်ပြုပြင်ဖန်ဆင်းထား တော်မူသောလူတို့ကိုသာလွန်ထူးကဲစွာစောင့်ရှောက်ပြုစုတော်မူမည်မဟုတ်လော။ သခင်ခရစ် တော်မိန့်တော်မူသောဤသင်ခန်းစာသည်ယုံကြည်သောစိတ်နှလုံးကင်းမဲ့သူတို့၏ စိုးရိမ်ပူပန် သောက၊အရှုပ်အထွေးနှင့်ယုံမှားသံသယများအတွက်ဆုံးမပြစ်တင်စကားဖြစ်လေ၏။SC 179.1

    ထာဝရဘုရားသခင်မိမိ၏သားသမီးအပေါင်းတို့အားပျော်ရွှင်အေးချမ်း၍ မိမိ၏အလို တော်ကိုလိုက်နာစေရန် အလိုရှိတော်မူ၏။ သခင်ယေရှုက၊ “ငါ၏ငြိမ်သက်ခြင်းကိုသင်တို့အား ငါပေး၏။ လောကီသားတို့ပေးသကဲ့သို့ငါပေးသည်မဟုတ်။ သင်တို့စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ် တုန်လှုပ်ခြင်းမရှိစေနှင့်။” (ယောဟန်၊ ၁၄း ၂၇။) “သင်တို့၌ငါဝမ်းမြောက်စရာအကြောင်း တည်စေခြင်းငှါ၎င်း၊ သင်တို့ ဝမ်းမြောက်စရာအကြောင်းစုံလင်ခြင်းငှါ၎င်း၊ ဤစကားကိုသင် တို့အားငါဟောပြော၏” (ယောဟန်၊ ၁၅း ၁၁။) ဟုမိန့်တော်မူ၏။SC 180.1

    တကိုယ်ကောင်းကြံသောသဘောဖြင့်၊ မိမိပြုအပ်သောတာဝန်ဝတ္တရားလမ်းမှလွဲလျက် ရှာဖွေနေသောပျော်မွေ့ခြင်းအမှုသည်ညီညွတ်မှုမရှီ၊ မူမမှန်ဘဲခဏသာတည်၏။ ၎င်းသည် ပျောက်ပျက်သွား၍စိတ်ဝိညာဉ်ကိုငြီးငွေ့ခြင်း၊ ဝမ်းနည်းခြင်းနှင့် ပြည့်စုံစေ၏။ သို့ရာတွင်ဘုရား သခင်၏အမှုတော်ကိုဆောင်ရွက်ခြင်းအလုပ်၌ အားရနှစ်သက်ခြင်းနှင့်စိတ်ကြေနပ်မှုကိုရရှိစေ ၏။ ခရစ်ယာန်သည် မသေချာသောလမ်းခရီး၌ရှောက်သွားရန်စွန့်ပြစ်ထားခြင်းခံနေရသည်မ ဟုတ်။ သူသည်အကျိုးမဲ့သောဝမ်းနည်းစိတ်ပျက်ခြင်းအမှုတို့တွင် စွန့်ပြစ်ထားခြင်းခံနေရသည် မဟုတ်။ ကျွန်ုပ်တို့သည် ဤအသက်တာ၌ ပျော်မွေ့စရာအချက်ကိုမရရှီလျှင်၊ နောင်ကာလ အ သက်တာကိုမြော်ကိုးခြင်း၌ ဝမ်းမြောက်ပျော်မွေ့ခြင်းရှိနိုင်ကြပါသေးသည်။SC 181.1

    သို့ရာတွင် ဤပစ္စုပ္ပန်ကာလ၌ပင်ခရစ်ယာန်တို့သည် သခင်ခရစ်တော်နှင့်ဆက်ဆံမိဿ ဟာယ ဖွဲ့ခြင်းတည်းဟူသော မွေ့လျော်စရာအချက်ကိုရရှိနိုင်ကြသည်။ သူတို့သည် ကိုယ်တော် ၏ မေတ္တာရောင်ခြည်အလင်းနှင့် ကိုယ်တော်အမြဲတည်ရှိတော်မူခြင်းနှင့် စိတ်သက်သာမှုတို့ကို ရရှိနိုင်ကြသည်။ အသက်တာ၌ခြေလှမ်းတိုင်းသည် ကျွန်ုပ်တို့အား သခင်ယေရှုနှင့်သာ၍နီးကပ် စေနိုင်၏။ ကိုယ်တော်၏မေတ္တာတော်အကြောင်းသာ၍ နက်နဲသောဗဟုသုတ အတွေ့အကြေုံ ကိုကျွန်ုပ်တို့အားပေးနိုင်၏။ ၎င်းပြင်ငြိမ်သက်ခြင်းနှင့်ယှဉ်သော မင်္ဂလာအိမ်တော်သို့ ကျွန်ုပ်တို့ အား တလှမ်းသာ၍ နီးကပ်လာစေနိုင်၏။ ထို့ကြောင့်ကျွန်ုပ်တို့သည်ယုံကြည်အားကိုးမှုကိုမစွန့် မပယ်ကြပါနှင့်၊ အရင်ကထက်သာ၍ မြဲမြံတည်ကြည်စွာ စိတ်ချယုံကြည်ကြစို့။ “ထာဝရဘုရား သည်ငါတို့ကိုယခုတိုင်အောင်မစတော်မူပြီ။” (၁ရာဇဝင်၊ ၇း ၁၂။) ၎င်းပြင်ဘုရားသခင်သည် ကျွန်ုပ်တို့ကို အဆုံးတိုင်အောင်ကူညီမစတော်မူမည်။ ထာဝရဘုရားသည် ကျွန်ုပ်တို့စိတ်ချမ်း သာစေရန်သော၎င်း ဖျက်စီးသောသူ၏လက်မှ ကျွန်ုပ်တို့ကိုကယ်ဆယ်ရန်သော်၎င်း မည်သည့် အမှုများကိုပြုလုပ်တော်မူခဲ့ကြောင်း သတိပေးသောအရာများဖြစ်သည့်အထိမ်းအမှတ်ကျောက် တိုင်ကြီးများကိုကြည့်ရှု ကြစို့ဘုရားသခင်သုတ်ပြစ်တော်မူသောမျက်ရည်များ၊ သက်သာအောင်ပြုတော်မူသော ဝေဒနာများ ပယ်ရှားတော်မူသော စိုးရိမ်ပူပန်မှုများ၊ပယ်ရှင်းတော်မူသောကြောက်လန့်ဘွယ် ရာများ၊ ဖြည့်စွက်တော်မူသောရှားပါးဆင်းရဲမှုများ၊ ချပေးတော်မူသော ကောင်းကြီးမင်္ဂလာများ မှစ၍ ဘုရားသခင်သည်ကျွန်ုပ်တို့အားပြတော်မူခဲ့သောကရုဏာတော်အပေါင်းတို့ကို ကျွန်ုပ်တို့ သည် စိတ်ထဲ၌အမြဲစွဲမြဲမှတ်ထားလျက်နေစို့၊ ထိုသို့အားဖြင့် ကျွန်ုပ်တို့၏ ကျွန်ုပ်တို့၏ကျန်သေး သောအသက်တာလမ်းခရီးတလျှောက်လုံး၌ရှိနေသော အရာခပ်သိမ်းအတွက် ကျွန်ုပ်တို့အား ခွန်အားနှင့်ပြည့်စုံစေလိမ့်မည်။SC 181.2

    ရောက်လာလတံသောတိုက်လှန်မှုတွင် ကျွန်ုပ်တို့သည်အသစ်သောရှုပ်ထွေးခက်ခဲမှု တို့ကို ကြိုတင်၍တွေးတောမနေနိုင်၊ သို့သော်လွန်ခဲ့သောနေ့ရက်ကဖြစ်ပျက်ခဲ့သောအကြောင်း တို့နှင့်တကွ အရှေ့တွင်ကျရောက်မည့်အခြင်းအရာတို့ကို ကြည့်ရှုလျက်၊ “ထာဝရဘုရားသည် ငါတို့ကိုယခုတိုင်းအောင်းမစတော်မူပြီ။” (၁ ရာဇဝင်၊ ၇း ၁၂။) “သင်၏နေ့ရက်ကာဖြစ်သည့်အ တိုင်းသင့်အစွမ်းသတ္တိဖြစ်လိမ့်မည်” (တရားဟောရာကျမ်း၊ ၃၃း ၂၅။) ဟုပြောဆိုနိုင်ကြသည်။ ကျွန်ုပ်တို့ ခံရပ်နိုင်လောက်အောင်ပေးထားသော အစွမ်းသတ္တိထက်ပိုမိုလွန်းသော စုံစမ်းနှောင့် ယှက်ခြင်းမျိုးရရှိလိမ့်မည်မဟုတ်။ ထို့ကြောင့်မည်သည့်အမှုပင်ယောက်ရှိစေကာမှုစုံစမ်းခြင်းနှင့် ညီမျှသော ခွန်အားသတ္တိကိုပေးတော်မူမည်ဟုယုံကြည်လျက် ကျွန်ုပ်တို့တွေ့ကြုံရသော နေရာ ၌ပင် အမှုတော်ကိုထမ်းဆောင်ကြစို့။SC 182.1

    များမကြာမှီ ဘုရားသခင်၏သားသမီးတို့အားလက်ခံရန်ကောင်းကင်တံခါးများကိုဖွင့် ထားလိမ့်မည်။ ၎င်းပြင်ဘုန်းတော်နှင့်ပြည့်ဝသောဘုရင်မင်းမြတ်၏ နှုတ်တော်မှကောင်းကြီး မင်္ဂလာစကားသံများကိုအသာယာဆုံးသောသီချင်းသံကဲ့သို့သူတို့သည် အောက်ပါအတိုင်း ကြားရကြလိမ့်မည်။ “ငါ့ခမည်းတော်ထံကောင်းကြီးမင်္ဂလာကိုခံသောသူတို့၊ ကမ္ဘာဦးကပင် သင် တို့အဘို့ ပြင်ဆင်သောနိုင်ငံကိုလာ၍ အမွေခံကြလော့။” မဿဲ၊ ၂၅း ၃၄။SC 182.2

    ထိုအခါသခင်ယေရှုသည်သူတို့အတွက် ပြင်ဆင်နေတော်မူသောအိမ်တော်သို့ ရွေးနှုတ် ခြင်းခံရသောသူတို့ကို ခရီးဦးကြိုပြုလျက်လက်ခံတော်မူလိမ့်မည်။ ထိုအရပ်၌ သူတို့သည် ယုတ်မာသောသူ၊ မုသာပြောသောသူ၊ ရုပ်ဆင်းတုကိုးကွယ်သောသူ၊ မသန့်ရှင်းသောသူ၊ မယုံ ကြည်သောသူတို့နှင့် မပေါင်းဘော်ရဘဲ၊ စာတန်ကိုအောင်မြင်သောသူတို့နှင့်ပေါင်းသင်းဆက် ဆံရကြလိမ့်မည်။ ၎င်းပြင်ဘုရားသခင်၏ကရုဏာကျေးဇူးတော်အားဖြင့်စုံလင်သောအကျင့်စာရိ တ္တကိုရကြလိမ့်မည်။ သူတို့အားဤမြေကြီးပေါ်၌ နှောင့်ယှက်တတ်သည့် အပြစ်ပြုလိုသောသ ဘော၊ မစုံလင်သောအဖြစ်ရှိသမျှတို့ကို သခင်ခရစ်တော်၏အသွေးတော်အားဖြင့်ဆေးကြောပြီး လေပြီ။ ၎င်းပြင်နေ၏တောက်ပခြင်းထက် အလွန်သာသောကိုယ်တော်၏ဘုန်းတော်မှကောင်း မြတ်၍တောက်ပထွန်းလင်းသော အလင်းရောင်ခြည်ကိုသူတို့အားပေးတော်မူလိမ့်မည်။ ကိုယ် တော်၏စုံလင်သောအကျင့်စာရိတ္တမျိုးတည်းဟူသော တင့်တယ်သောအကျင့်ကိုသူတို့အားဖြင့် ထွန်းလင်းစေသဖြင့်၊ ဤလောကရှိ ပြင်ပတင့်တယ်ခမ်းနားခြင်ထက် သာလွန်၍ အဘိုးထိုက် တန်လေသည်။ သူတို့သည်ကြီးမြတ်၍ ဖြူသောပုလ္လင်တော်ရှေ့၌ ကောင်းကင်တမန်တို့၏ ဂုဏ်အသရေနှင့်အခွင့်အရေးများကိုခံယူရရှိကြလျက် အပြစ်ကင်းစင်စွာနေရကြလေသည်။SC 183.1

    မိမိရထိုက်သည့် ဘုန်းတော်နှင့်စပ်ဆိုင်သော အမွေတော်ကိုထောက်ရှုလျက်၊ “လူ သည်မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။” (မဿဲ၊ ၁၆း ၂၆။) သူသည် လောက၌ဆင်းရဲနေသော်လည်း၊ လောကသည်ဘယ်အခါမျှမပေးနိုင်သောစည်းစိမ်နှင့်ဂုဏ် အသရေကို မိမိကိုယ်တိုင်၌ ပိုင်ဆိုင်ရရှိထားလေပြီ။ အပြစ်မှရွေးနှုတ်၍ ဆေးကြောခြင်းခံရ လျက် ဘုရားသခင်၏အမှုတော်အတွက် မိမိ၏မြင့်မြတ်သောအစွမ်းသတ္တိများကို ဆက်ကပ် ပူဇော်ထားသော ဝိညာဉ်သည်လွန်ကဲစွာအဘိုးထိုက်တန်ပေသည်။ ၎င်းပြင်ကောင်းကင်၌ ဘုရားသခင်ရှေ့၊ သန့်ရှင်းသောကောင်းကင်တမန်ရှေ့တွင် ရွေးနှုတ်ခံသော ဝိညာဉ်တပါး အတွက် ဝမ်းမြောက်ခြင်းရှိ၏။ သန့်ရှင်းသောအောင်မြင်ခြင်းနှင့်ဆိုင်သောသီချင်းများတွင် ထင်ရှားသောဝမ်းမြောက်ခြင်းဖြစ်သတည်း။SC 183.2

    Larger font
    Smaller font
    Copy
    Print
    Contents