Loading...
Larger font
Smaller font
Copy
Print
Contents

Great Controversy 1858

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၁၀) သခင်ခရစ်တော် ရှင်ပြန် ထမြောက်တော်မူခြင်း။

    ကိုယ်တော်အသေခံတော်မူခြင်းကြောင့် စိတ်နှလုံးကျေကွဲလျှက်ရှိသော တပည့်တော်တို့သည် ဥပုသ် တော်နေ့တွင်အနားယူလျှက် ရှိနေစဉ်အခါတွင် ဘုန်းတန်ခိုးတော်၏ အရှင်သခင်ခရစ်တော်သည် ဂူသင်္ချိုင်းထဲ၌ အ နားယူလျှက်ရှိပါသည်။ အမှောင်ထုကြီးသည်တဖြည်းဖြည်းနှင့် ပျောက်ကွယ်လျှက်ရှိသော်လည်း အလင်းရောင်သည် မှိန်လျှက်ပင်ရှိနေပါသည်။ ကောင်းကင်တမန်များသည် ဂူသင်္ချိုင်းအထက်၌ ပျံဝဲလျှက်ရှိပြီး ခမည်းတော်ဘုရား၏တစ် ပါးတည်းသောသားတော်၊ မိမိတို့၏ချစ်လှစွာသော ခေါင်းဆောင်ကြီး ပြန်လည်နိုးထရန် အချိန်နီးကပ်လျှက်ရှိကြောင်း ကိုသိနေကြပါသည်။ အောင်မြင်ခြင်း၏ အချိန်နာရီကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းရင်းနှင့် အလွန်တန်ခိုးကြီးသော ကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်မှ လျှင်မြန်စွာဆင်းသက်လာပါသည်။ မျက်နှာတော်သည်ဘုန်းတော် ထွန်းတောက်လျှက်ရှိပြီး ဝတ်လုံတော်သည် နှင်းပွင့်ပမာဖြူဖွေးနေပါသည်။ ကောင်းကင်တမန်၏ဘုန်း အလင်းရောင် ခြည်ကြောင့်သူ၏လမ်းကြောင်းသည် ထိန်လင်းလျှက်ကိုယ်တော်၏ အလောင်းတော်ကို ချုပ်နှောင်ထားပြီဟုအောင် မြင်စွာကြွေးကြော်နေသည့် နတ်ဆိုးတို့ကို အဝေးသို့ ခြောက်လှန့်ထွက်ပြေးစေခဲ့ပါသည်။ ကိုယ်တော်၏နှိမ့်ချတော်မူ ခြင်းကိုဖူးတွေ့ခဲ့၇သော ကောင်းကင်တမန်သည် ကိုယ်တော်၏ဂူသင်္ချိုင်းကို စောင့်ကြပ်လျှက်ရှိပါ၏။ ယခုဆင်းသက် လာသောကောင်းကင်တမန်နှင့်အတူ သင်္ချိုင်းအဝသို့ ရောက်ရှိလာပါသည်။ ကောင်းကင်တမန်များ၏ ချဉ်းကပ်မှု ကြောင့်မြေပြင်တစ်ခုလုံးတုန်ခါလျှက်မြေငလျင်လှုပ်ခဲ့ပါသည်။ တန်ခိုးကြီးသောခွန်အားဗလနှင့်အတူ ဂူသင်္ချိုင်းကိုပိတ် ဆို့ထားသည့်ကျောက်တုံးကြီးကိုဘေးသို့ လွင့်လိုက်ကာ ထိုကျောက်တုံးပေါ်၌ ထိုင်တော်မူခဲ့ပါသည်။GCB58 23.4

    အစောင့်တို့သည် တုန်လှုပ်ကြောက်လန့်လျှက်ရှိနေပါသည်။ ယခုအခါတွင်ကိုယ်တော်၏ အလောင်းတော် ကိုသူတို့ မထိန်းချုပ်နိုင်တော့ပါ။ မိမိတို့၏တာဝန်ဝတ္တရား (သို့) အလောင်းတော်ကို တပည့်တော်များခိုးယူမည့်အ ကြောင်းကိုသတိမရတော့ပါ။ နေမင်းထက်ပို၍ တောက်ပသော ကောင်းကင်တမန်၏ ဘုန်းရောင်ခြည်ကြောင့်ထိတ် လန့်လျှက်ရှိနေပါသည်။ ရောမစစ်သားများတို့သည် ကောင်းကင်တမန်များကိုတွေ့မြင်ကာ လူသေများကဲ့သို့မြေပေါ် ၌လဲကျသွားခဲ့ပါသည်။ ကောင်းကင်တမန်တစ်ပါးသည် ကျောက်တုံးကိုအောင်မြင်ခြင်းနှင့်အတူလှိမ့်၍ ရှင်းလင်းပြတ် သားပြီးအောင်မြင်သော ကြွေးကြော်မှုနှင့်အတူ ခမည်းတော်ဘုရား၏သားတော်၊ ခမည်းတော်ဘုရားသည်ကိုယ်တော် ကိုခေါ်တော်မူလျှက်ရှိသည်။ ကြွခဲ့လော့ဟု ကြွေးကြော်ခဲ့ပါသည်။ သေခြင်းတရားသည် ကိုယ်တော်အပေါ်၌လွှမ်းမိုး ခြင်းမပြုနိုင်တော့ပါ။ သခင်ခရစ်တော်သည်သေရာမှ နိုးထလာခဲ့ပါသည်။ ကျန်ကောင်းကင်တမန်တစ်ပါးသည်ဂူသ င်္ချိုင်းထဲသို့ဝင်၍အောင်မြင်မှုနှင့်အတူ နိုးထလာသောကိုယ်တော်၏ ဦးခေါင်းပေါ်၌ရှိသောပုဝါကို ဖယ်ရှားပေးတော် မူခဲ့ပါသည်။ သခင်ခရစ်တော်သည်လည်း အောင်မြင်သူအနေနှင့် ဂူသင်္ချိုင်းထဲမှ ကြွလှမ်းတော်မူခဲ့ပါသည်။ ထိုမြင် ကွင်းကိုကောင်းကင်တမန်အပေါင်းတို့သည် အံ့ဩလေးစားမှုအပြည်နှင့် ရှုမြင်ခဲ့ရပါသည်။ ဂူသင်္ချိုင်းထဲမှ ဘုန်းတော် ထွန်းတောက်လျှက်ကြွလှမ်းလာတော်မူခဲ့သည့် သခင်ခရစ်တော်ကို ထိုကောင်းကင်တမန်နှစ်ပါးသည် မြေ၌ပျပ်ဝပ် လျှက်ကိုးကွယ်ခဲ့ကြပါသည်။ ဘုရားသခင်ကိုသေခြင်းတရားသည် မချုပ်နိုင်တော့ကြောင်းကိုဖေါ်ပြသည့် အောင်မြင် ခြင်းတေးသီချင်းများဖြင့်လည်း ဂုဏ်တော်ချီးမွမ်းခဲ့ပါသည်။ စာတန်သည်မအောင်မြင်နိုင်တော့ပါ။ ကောင်းကင်တ မန်များ၏ဘုန်းတော်ကြောင့် သူ၏နတ်ဆိုးတို့သည် ထွက်ပြေးခဲ့ရပါသည်။ မိမိတို့၏ ရန်သူသည် မိမိတို့၏ လက်ထဲမှ လုယူခံခဲ့ရကြောင်းနှင့် သူတို့အလွန်မုန်းတီးခဲ့သောသူသည် သေခြင်းမှရှင်ပြန်ထမြောက်လာကြောင်းကို သူတို့၏ရှင် ဘုရင်အား ခါးသီးစွာ တိုင်တန်းပြောဆိုခဲ့ပါသည်။GCB58 24.1

    အသက်ရှင်ခြင်း၏သခင်သည် ဂူသင်္ချိုင်းထဲ၌မြှုပ်နှံခြင်းခံရသောအခါ စာတန်နှင့်သူ၏နောက်လိုက်တို့သည် ခေတ္တခဏအနိုင်ရခဲ့သော်လည်း ငရဲသို့ပို့ဆောင်မည့်သူတို့၏ အောင်မြင်မှုသည် ခေတ္တခဏသာ တည်တံ့ခဲ့ပါသည်။ သခင်ခရစ်တော်သည်မိမိအား အကျဉ်းချထားသော ဂူသင်္ချိုင်းထဲမှ အောင်မြင်သူအဖြစ် ကြွလာသောအခါစာတန် သည်အချိန်ခေတ္တဆိုင်းပြီးသည့်နောက်တွင် မိမိသေရမည့်အကြောင်း မိမိအုပ်စိုးခဲ့သော နိုင်ငံတော်သည်လည်း ထိုက်တန်သောသူတို့၏ လက်ထဲသို့ပြန်လည်ရောက်ရှိမည့်အကြောင်းကို သိရှိလာခဲ့ပါသည်။ မိမိမည်မျှကြိုးစားစေ ကာမူရှုံးနိမ့်ခဲ့ရသည့်အတွက် အမျက်ဒေါသထွက်ကာ ငိုကြွေးခဲ့ရပါသည်။ ယခုအခါတွင် လူသားတို့၏ ကယ်တင်ခြင်း အတွက်လမ်းပေါက်ပွင့်သွားကာ မည်သူမဆိုဝင်ရောက်၍ ကယ်တင်ခြင်းရမည့်အကြောင်းကို ဝန်ခံခဲ့ရပါသည်။GCB58 24.2

    စာတန်သည်အချိန်အနည်းငယ်ကြာမျှ ဝမ်းနည်း၍ စိတ်ဓါတ်ကျသယောင်ရှိခဲ့ပါသည်။ သူသည် မိမိနတ် ဆိုးများနှင့်စည်းဝေးကာ ဘုရားသခင်၏ အုပ်ချုပ်မှုယန္တရားကို နောက်ထပ်မည်သည့်နည်းနှင့် တိုက်ခိုက်ရမည့်အ ကြောင်းကို အကြံထုတ်ခဲ့ပါသည်။ စာတန်က ငါတို့သည် ယဇ်ပရောဟိတ်များနှင့် အကြီးအကဲများထံသို့ အလျင် အမြန်သွားရမည်။ သူတို့မျက်စိပိတ်ပြီး စိတ်နှလုံးမာကျောကာ သခင်ခရစ်တော်ကိုတိုက်ခိုက်နိုင်ဖို့ ငါတို့သွေးဆောင် ခဲ့သည်။ ကိုယ်တော်သည် လိမ်လည်လှည့်ဖြားသူဖြစ်ကြောင်းကို ငါတို့အယုံသွင်းခဲ့ပြီး။ သခင်ခရစ်တော်၏ရှင်ပြန်ထ မြောက်ခြင်း၏ သတင်းဆိုးကို ရောမစစ်သားများက ယူဆောင်လာလိမ့်မည်။ ယဇ်ပရောဟိတ်မင်းများနှင့်အကြီးအ ကဲတို့သည် သခင်ခရစ်တော်ကိုသတ်ရန် ငါတို့သွေးဆောင်ခဲ့ပြီး ယခုအခါမှာသူတို့သည် သခင်ခရစ်တော်ကိုသတ် သောသူများဖြစ်ကြောင်း ကွက်ကွက်ကွင်းကွင်း ဖေါ်ပြရမည်။ သခင်ခရစ်တော်ရှင်ပြန်ထမြောက်ကြောင်းကို လူတွေ သိလာရင်အပြစ်မဲ့သောသူကိုသတ်သောကြောင့် လူအများစုက သူတို့ကိုခဲနှင့်ပေါက်သတ်မည့်အကြောင်းကို ထင်ရှား စွာဖေါ်ပြရမည်ဟု ဆိုခဲ့ပါသည်။GCB58 24.3

    ရောမစစ်သားများတို့သည် ကောင်းကင်တမန်များ ကောင်းကင်သို့ပြန်လည်တက်ကြွသွားပြီး အလင်းတန်း များနှင့်ဘုန်းတော်ရောင်ခြည်များကွယ်ပျောက်သွားသောအခါမိမိတို့ရှိနေသည့်နေရာမှခေါင်းထောင်ထလာပြီးပတ်ဝန်း ကျင်၌လုံခြုံမှုရှိရန် ရှာဖွေခဲ့ပါသည်။ ဂူသင်္ချိုင်းမှ ကျောက်တုံးကြီးဖယ်ရှားသွားပြီး သခင်ခရစ်တော်ပြန်လည်ရှင်ပြန် လာကြောင်းကို တွေ့သောအခါ သူတို့အံ့ဩခဲ့ရပါသည်။ သခင်ခရစ်တော်၏ အံ့ဖွယ်သတင်းကို ယဇ်ပရောဟိတ် မင်းများနှင့် အကြီးအကဲများထံသို့ အလျင်အမြန်ယူဆောင်သွားသောအခါ ထိုအံ့ဖွယ်သတင်းကို ကြားခဲ့ရသော လူ သတ်သမားများ၏ မျက်နှာတွင် သွေးမရှိတော့ပါ။ မိမိတို့၏လုပ်ရပ်များကြောင့် ထိတ်လန့်ကြောက်ရွံ့ခဲ့ရပါသည်။ ဤ သတင်းမှန်လျှင် မိမိတို့ပျက်စီးရမည်ကို သိရှိခဲ့ပါသည်။ အချိန်အနည်းငယ်ကြာမျှ ဘာလုပ်ရမည်ကိုမသိဘဲ တစ် ယောက်ကိုတစ်ယောက်ကြည့်ကာ တွေဝေခဲ့ပါသည်။ မိမိတို့အပြစ်စီရင်ခြင်းခံရမည်ကို ဝန်ခ့ခြင်းမှအပ ဘာမျှမတတ် နိုင်ပါ။ သီးခြားတစ်နေရာတွင်စု၍ မိမိတို့၏ ရှေ့လုပ်ရပ်များအတွက် တိုင်ပင်ခဲ့ပါသည်။ သခင်ခရစ်တော် ရှင်ပြန်ထ မြောက်ပြီးအစောင့်အကြပ်များသည် အံ့ဩသတိမေ့သွားအောင် ဖြစ်ခဲ့ရသည့်သတင်းကို လူအများသိရှိခဲ့ပါက လူထု ကြီး၏ အမျက်ဒေါသနှင့်သတ်ဖြတ်ခြင်းခံရမည်ကို သူတို့သိမြင်ခဲ့ရပါသည်။ ထို့ကြောင့် အစောင့်အကြပ်များကို ထိုကိစ္စ နှင့်ပတ်သက်၍ လျှို့ဝှက်ထားရန် သူတို့ဆုံးဖြတ်ခဲ့ပါသည်။ ငွေများနှင့်လာဘ်အမြောက်အမြားထိုး၍ ညအချိန်မိမိ တို့အပ်ပျော်နေစဉ်တွင် တပည့်တော်များတို့သည် အလောင်းတော်ကိုခိုးယူသွားကြောင်း သတင်းဖြန့်ခိုင်းခဲ့ပါသည်။ ဤသတင်းပေါက်ကြားသောအခါတွင် မိမိတို့တာဝန်ရှိသောအချိန်အခါ၌ အိပ်ပျော်ခဲ့သည့်အတွက် အပြစ်ပေးခံရ မည့်အကြောင်းကို အစောင့်အကြပ်များက ပြောဆိုလာသောအခါ အကြီးအကဲများကိုတောင်းပန်ပေးမည့်အကြောင်း ယဇ်ပရောဟိတ်များက ကတိပေးခဲ့ပါသည်။ ရောမစစ်သားများတို့သည် မိမိတို့၏ဂုဏ်သိက္ခာကို ငွေကြေးနှင့်အလဲအ လှယ်ပြုကာ ယဇ်ပရောဟိတ်နှင့် အကြီးအကဲများတို့၏စကားကိုနားထောင်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။GCB58 24.4

    သခင်ခရစ်တော်သည် လက်ဝါးကပ်တိုင်တော်အပေါ်၌ ချိတ်ဆွဲခြင်းခံရပြီး ‘‘အမှုတော်ပြီးပြီ’’ ဟုကြွေး ကြော်သောအခါတွင် ကျောက်တုံးကျောက်ခဲများတို့သည် ကွဲအက်ကာကမ္ဘာမြေကြီးသည်လည်း တုန်လှုပ်ခဲ့ပါသည်။ သင်္ချိုင်းအချို့တို့သည် ပွင့်ထွက်သွားခဲ့ပါသည်။ သို့သော်လည်းကိုယ်တော်သည် သေခြင်းမှထမြောက်ကာ သေခြင်း တရားကိုအောင်မြင်လျှက် အောင်နိုင်သူအဖြစ် မိမိအချုပ်အနှောင်ထဲမှလွတ်မြောက်ခဲ့ပါသည်။ မြေတပြင်လုံးသည် တုန်လှုပ်လျှက်ရှိနေစဉ်တွင် ထိုမြင့်မြတ်သန့်ရှင်းသောနေရာ၌ ကောင်းကင်၏ဘုန်းတော်သည် ထွန်းတောက်လျှက်ရှိ ပါသည်။ ကိုယ်တော်၏ခေါ်သံကို နာခံလျှက် သန့်ရှင်းသူအမြောက်အမြားတို့သည် သေခြင်းကိုအောင်မြင်လျှက် ကိုယ်တော်၏ထမြောက်ခြင်းကို သက်သေပြုရန်အတွက် ပြန်လည်ရှင်ပြန်ထမြောက်ခဲ့ကြပါသည်။ ဘုရားသခင်၏ အ လိုတော်နှင့်အညီ ထိုသန့်ရှင်းသူတို့သည် ဘုန်းတော်ထင်ရှားလျှက် ထမြောက်ကြပါသည်။ ဖန်ဆင်းခြင်း အချိန်အခါ မှစ၍ ကိုယ်တော်၏အချိန်အခါထိတိုင်အောင် ခေတ်အဆက်ဆက် ကိုယ်စားပြုသော သန့်ရှင်းသူအချို့တို့သည် ထမြောက်ခဲ့ရပါသည်။ ယဇ်ပရောဟိတ်နှင့်ဖါရိရှဲတို့သည် ကိုယ်တော်၏ထမြောက်ခြင်းတို့ကိုဖုံးကွယ်ရန် ကြိုးစားနေ စဉ်တွင်ဘုရားသခင်သည် ဤရှင်ပြန်ထမြောက်ခဲ့သောလူစုအားဖြင့် ကိုယ်တော်၏ ဘုန်းတော်နှင့် ထမြောက်ခြင်းတို့ ကိုဘုရားသခင်သည် သက်သေပြုခဲ့ပါသည်။GCB58 25.1

    ရှင်ပြန်ထမြောက်သူတို့သည် အရပ်အမောင်းအရွယ်အစားအမျိုးမျိုးရှိနေပါသည်။ ခေတ်အဆက်ဆက်တွင် ရှိခဲ့သောလူတို့သည် မိမိတို့၏စွမ်းအားများနှင့်တင့်တယ်မှု၊ တဖြည်းဖြည်းကျဆင်းခဲ့ကြောင်းကို ကျမသိခဲ့ရပါသည်။ စာတန်မာနသည် ရောဂါဘယနှင့်သေခြင်းကို အုပ်စိုးခဲ့ပြီး ဤကျိန်ခြင်းကို ခေတ်အဆက်ဆက်လူသားမျိုးနွယ်၌ တွေ့ရှိခဲ့ရပြီးစာတန်၏တန်ခိုးသည် ထင်ရှားလျှက်ရှိနေပါသည်။ ရှင်ပြန်ထမြောက်သူအချို့တို့သည် ရုပ်ပိုင်းဆိုင်ရာ နှင့်ခန္ဓာသည် သူတစ်ပါးထက်ပို၍ တင့်တယ်ကြောင်းတွေ့ရပါသည်။ နောဧနှင့်အာဗြံဟံတို့၏ ခေတ်ကာလ၌အသက် ရှင်ခဲ့သူတို့သည် ကောင်းကင်တမန်များနှင့်ပို၍ တူညီခဲ့ပြီး ခွန်အားလည်းရှိခဲ့ပါသည်။ သို့သော် ခေတ်အဆက်ဆက် လူအမျိုးအနွယ် တဖြည်းဖြည်းရွေ့လျားလာသည်နှင့်အမျှ အားအင်ချိနဲ့မှုများရှိလာကာ ရောဂါဘယများကို ပိုမိုခံစား လာပြီး အသက်တာလည်းပို၍ တိုတောင်းခဲ့ကြောင်း ကျမတွေ့ခဲ့ရပါသည်။ စာတန်သည်လူအမျိုးမျိုးကိုနှောင့်ယှက်ပြီး အားအင်ကုန်ခန်းရန် မည်သို့ပြုလုပ်ရမည်ကို ပိုမိုသိရှိလာပါသည်။GCB58 25.2

    ရှင်ပြန်ထမြောက်ခဲ့သော သန့်ရှင်းသူတို့သည် လူအများထံသို့ရောက်ရှိလာကာ လူသားတို့၏ကယ်တင်ခြင်း အတွက်ယဇ်ပူဇော်ခြင်းကို ပြီးပြည့်စုံခဲ့ကြောင်း ဂျူးလူမျိုးများ သတ်ဖြတ်ခဲ့သည့် သခင်ခရစ်တော်သေခြင်းမှ ထမြောက်ကာ မိမိတို့လည်း ကိုယ်တော်နှင့်အတူ ထမြောက်ခဲ့ကြောင်းကို ဖြည့်စွက်ပြောဆိုခဲ့ပါသည်။ သခင်ခရစ် တော်၏မဟာတန်ခိုးတော်ကြောင့် ဂူသင်္ချိုင်းထဲမှ ထမြောက်ကြောင်းကို ထိုသူတို့သက်သေခံခဲ့ပါသည်။ သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သည့် ဤသန့်ရှင်းသူတို့၏ သက်သေခံမှုကြောင့် စာတန်မာရ်နတ်နှင့်အပေါင်းအဖေါ်များ(သို့)ယဇ် ပရောဟိတ်များတို့၏ လိမ်လည်လှည့်ဖြားမှုများ မည်ကဲ့သို့ရှိစေကာမူ ထိုမင်္ဂလာသတင်းသည်ထင်ရှားလျှက်ရှိပါသည်။ သခင်ခရစ်တော်သည်လည်း စိတ်နှလုံးကြေကွဲလျှက်ရှိသော တပည့်တော်များ၌ ကိုယ်ရောင်ပြလျှက် ထိုသူတို့၏ဝမ်း နည်းကျေကွဲမှုကို ဝမ်းမြောက်ပျော်ရွှင်မှုသို့ ပြောင်းလဲစေခဲ့ပါသည်။GCB58 25.3

    ထိုသတင်းသည် မြို့တိုင်းရွာတိုင်းသို့ ပြန့်လာသည်နှင့်အမျှ ဂျူးလူမျိုးတို့သည် မိမိတို့၏အသက်တာအ တွက်စိုးရိမ်လာခဲ့ပြီး တပည့်တော်များအပေါ်၌မိမိတို့၏ မကျေနပ်မှုကို မြိုသိပ်ခဲ့ကြပါသည်။ ထိုသူတို့၏တစ်ခုတည်း သောမျှော်လင့်ချက်မှာ မိမိတို့၏ လိမ်ညာမှုများကို ဆက်လက်ဝေမျှရန်သာ ဖြစ်ပါသည်။ ဤလိမ်လည်လှည့်ဖြားမှုကို လက်ခံလိုသူတို့ကလည်း ယုံကြည်ခဲ့ကြပါသည်။ ပိလတ်မင်းတုန်လှုပ်ခဲ့ပါသည်။ သခင်ခရစ်တော်သည် သေခြင်းမှထ မြောက်ခဲ့ပြီး ကိုယ်တော်နှင့်အတူ အခြားသူများလည်း ထမြောက်ခဲ့သည့်သတင်းစကားအခိုင်အမာကို ယုံကြည်ရုံပင်မ ကဘဲ ပိလတ်မင်း၏စိတ်ထဲတွင် ထိုအချိန်မှစ၍ ငြိမ်သက်ခြင်းမရှိတော့ပါ။ လောက၏ ထင်ပေါ်ကျော်စောမှု၊ မိမိ၏အရှိန်ဩဇာနှင့် အသက်ရှင်ရည်တည်မှုအတွက် သခင်ခရစ်တော်ကို သတ်ရန်သူအပ်နှင်းခဲ့ပါသည်။ သို့သော် လည်း သူအပ်နှံခဲ့သောပုဂ္ဂိုလ်မှာ သာမန်အပြစ်မဲ့သော လူတစ်ဦးမဟုတ်ဘဲ ဘုရားသခင်၏ သားတော်အမှန်ဖြစ် ကြောင်းယခုအခါတွင် သူလုံးဝမငြင်းနိုင်တော့ပါ။ ပိလတ်မင်း၏အသက်တာသည် သေသည့်တိုင်အောင် အလွန်စိတ် ပျက်ဝမ်းနည်းဖွယ်ဖြစ်ခဲ့ပါသည်။ သူ၏ မျှော်လင့်ချက်များနှင့် ပျော်ရွှင်မှုများတို့သည် စိုးရိမ်မှုများ၊ စိတ်ပျက်ခြင်းများ ဖြင့်ကျေမွစေခဲ့ပါသည်။ ပိလတ်မင်းသည် နှစ်သိမ့်ခြင်းကို ငြင်းပယ်ခဲ့ပြီး စိတ်ပျက်ဝမ်းနည်းဖွယ်ကောင်းသော အသေ ဆိုးနှင့် သေခဲ့ရပါသည်။GCB58 26.1

    ဟေရုဒ်မင်း၏ စိတ်နှလုံးသည် ပိုမိုမာကျောခက်ထန်ခဲ့ပြီး ကိုယ်တော်၏ ရှင်ပြန်ထမြောက်ကြောင်းသတင်း ကို ကြားသောအခါ စိုးရိမ်ပူပင်ခြင်းသိပ်မရှိ ရှင်ယာကုပ်ကိုသတ်ဖြတ်သောအခါ ဂျူးလူမျိုးတို့၏ ကျေနပ်မှုကို တွေ့ ရှိခဲ့ရသောကြောင့် ရှင်ပေတရုကိုလည်းသတ်ဖြတ်ရန် ဖမ်းဆီးခဲ့ပါသည်။ သို့သော်လည်း ဘုရားသခင်သည် ရှင် ပေတရုအား ဆက်လက်အသုံးပြုလိုသောကြောင့် ကောင်းကင်တမန်ကို စေလွတ်၍ သူ့ကိုကယ်တင်ခဲ့ပါသည်။ ဘုရား သခင်သည် ဟေရုဒ်မင်းကို တရားစီရင်ခဲ့ပါသည်။ လူအများ၏ရှေ့၊ မိမိကိုယ်ကိုချီးမြှောက်နေစဉ်ပင် ဘုရားသခင်သည် သူ့ကိုစီရင်၍ ဟေရုဒ်မင်းသည် အလွန်ဆိုးဝါးသော သေခြင်းဆိုးနှင့် အသက်ဆုံးရှုံးခဲ့ရပါသည်။GCB58 26.2

    နံနက်မိုးလင်းအရုဏ်မတက်မီတွင် သန့်ရှင်းသူအမျိုးသမီးတစ်စုသည် သခင်ခရစ်တော်၏ အလောင်းကိုစီမံ ရန်အတွက် ဆီမွှေးနံ့သာများကို ယူဆောင်လျှက် ဂူသင်္ချိုင်းရှိရာသို့ လာခဲ့ကြပါသည်။ သို့သော်လည်းဂူသင်္ချိုင်းကို ပိတ်ဆို့ထားသော ကျောက်တုံးကြီးမှာ တစ်ဖက်သို့ရွေ့လျားနေပြီး အလောင်းတော်ကို မတွေ့ရတော့ပါ။ ရန်သူတို့ သည်ကိုယ်တော်၏ အလောင်းကို တခြားတစ်နေရာသို့ ယူဆောင်သွားသည်ဟူသောအတွေးနှင့် ထိုအမျိုးသမီး တစ်စုသည် စိတ်ဓါတ်ကျလျှက် ရှိနေစဉ်တွင် မျက်နှာတောက်ပလျှက်ရှိပြီး ဖြူသောဝတ်ရုံကို ဝတ်ဆင်ထားသည့် ကောင်းကင်တမန်နှစ်ပါးသည် သူတို့၏အလယ်၌ ရောက်ရှိလာပြီး သူတို့နှင့်အတူရှိနေပါသည်။ ဤအမျိုးသမီးများ နှင့်လာရသည့် အကြောင်းရင်းကိုသိသောကြောင့် သူတို့ရှာဖွေလျှက်ရှိသော သခင်ခရစ်တော်သည် ဤနေရာ၌မရှိ။ ရှင်ပြန်ထမြောက်ပြီးဖြစ်ကြောင်း အလောင်းတော်ရှိသည့်နေရာတွင် ဝင်၍ကြည့်ရှုနိုင်ကြောင်းကို ချက်ချင်းပြောကြား ခဲ့ပါသည်။ ကိုယ်တော်သည် တပည့်တော်များထံသို့သွား၍ ဂါလိလဲသို့ ကြွတော်မူကြောင်းကို ပြောကြားရန် ဤ အမျိုးသမီးတစ်စုအား စေခိုင်းလိုက်ပါသည်။ သို့သော်လည်း ထိုအမျိုးသမီးတစ်စုသည် ကြောက်လန့်အံ့ဩလျှက်ရှိ ပါသည်။ မိမိတို့၏သခင် သတ်ဖြတ်ခြင်းခံရသည့်အတွက် ဆောက်တည်ရာမရနိုင်သည့် ဝမ်းနည်းကြေကွဲလျှက်ရှိသော တပည့်တော်များထံသို့ အလျင်အမြန်သွားကာ မိမိတို့တွေ့ရှိခဲ့ရသည့် အခြင်းအရာကို ပြန်လည်ပြောကြားခဲ့ပါသည်။ ကိုယ်တော်ရှင်ပြန်ထမြောက်သည်ဟူသော သတင်းကို တပည့်တော်များ လက်မခံနိုင်ခဲ့ချေ။ အမျိုးသမီးများနှင့်အတူ ကိုယ်တော်၏ဂူသင်္ချိုင်းသို့ အပြေးအလွှားသွားကြည့်သော်လည်း သခင်ခရစ်တော်ကို အမှန်တကယ်မတွေ့ရတော့ ပါ။ပိတ်ဖြူများတို့ကို တွေ့ရသော်လည်း ကိုယ်တော်ရှင်ပြန်ထမြောက်သည်ဟူသော မင်္ဂလာသတင်းကို ထိုသူတို့ကိုမ ယုံကြည်ခဲ့ပါ။ အမျိုးသမီးများပြောဆိုသောစကားများနှင့်အတူ မိမိတို့မြင်တွေ့ခဲ့ရသော အံ့ဖွယ်အကြောင်းအရာများ ကိုစဉ်းစားလျှက်တပည့်တော်များတို့သည် မိမိတို့အိမ်သို့ပြန်လာခဲ့ကြပါသည်။ သို့သော်မာရိသည် မိမိတွေ့ခဲ့ရသော မြင်ကွင်းကိုတွေးတောလျှက် လှည့်ဖြားခြင်းခံရပြီးလားဟူသော စိုးရိမ်မှုနှင့်အတူ ဂူသင်္ချိုင်းအနီးကျန်ရစ်ခဲ့ရန်ဆုံးဖြတ် ခဲ့ပါသည်။ သူမ၏အသက်တာ၌စုံစမ်းမှုအသစ်များနှင့် ရင်ဆိုင်ရမည်ဟု ခံစားလျှက်ရှိနေပါသည်။ ဝမ်းနည်းကြေကွဲ မှုများပြန်ပေါ်လာသောကြောင့် မခံမရပ်ဖြစ်ကာ ပြင်းထန်စွာငိုကြွေးလျှက် ပြန်လာပါသည်။ ဂူသင်္ချိုင်းထဲသို့ငုံ့၍ကြည့် ပြန်သောအခါ အဖြူရောင်ဝတ်ဆင်ထားသော ကောင်းကင်တမန်နှစ်ပါးကို သူမတွေ့လိုက်ရပါသည်။ ထိုကောင်း ကင်တမန်နှစ်ပါးတို့သည် ရုပ်အဆင်း တောက်ပြောင်လျှက်ရှိနေပါသည်။ ကောင်းကင်တမန်တစ်ပါးသည် အလောင်း တော်ရှိခဲ့သည့်ခေါင်းရင်း၌ ထိုင်လျှက်ရှိကာ ကျန်တစ်ပါးသည်ခြေရင်း၌ထိုင်နေပါသည်။ သူမအဘယ်ကြောင့်ငိုကြွေး ခဲ့ကြောင်းကို ထိုကောင်းကင်တမန်များတို့က ကြင်နာယုယစွာမေးခဲ့ကြပါသည်။ သူမကလည်းထိုသူတို့သည် ကျမ၏အ ရှင်သခင်ကို ယူဆောင်သွားခဲ့သည် ယခုဘယ်မှာထားကြောင်းကို ကျမမသိတော့ပါဟု ပြန်လည်ဖြေကြားခဲ့ပါသည်။GCB58 26.3

    ဂူသင်္ချိုင်းမှ လှည့်ထွက်လာသောအခါမာရိသည် သခင်ခရစ်တော်ကိုသူမအနားတွင်တွေ့သော်လည်း ကိုယ် တော်ကိုမသိခဲ့ပါ။ နူးညံ့သိမ်မွေ့သောအသံနှင့် သူမအဘယ်ကြောင့် ဝမ်းနည်းနေကြောင်း မည်သူ့ကိုရှာဖွေနေ ကြောင်းမာရိအား ကိုယ်တော်မေးမြန်းခဲ့ပါသည်။ ကိုယ်တော်ကိုဥယျာဉ်မှူးနှင့်အထင်မှားကာ သူမသခင်၏အလောင်း ကိုမည်သည့်နေရာသို့ သယ်ဆောင်သွားကြောင်း တောင်းပန်ခဲ့သည်။ ထို့ပြင်သူမကိုယ်တိုင်သွားယူမည့်အကြောင်း မေးမြန်းခဲ့ပါသည်။ သခင်ခရစ်တော်သည် မိမိ၏ပြောနေကြအသံနှင့်အတူမာရိဟု ခေါ်ဆိုလိုက်ပါသည်။ ကိုယ်တော် ၏အသံတော်နှင့်ရင်းနှီးပြီးသားဖြစ်နေသောမာရိသည် ချက်ခြင်းတုန့်ပြန်လျှက်သခင်ဟုဆိုကာ ဝမ်းမြောက်ပျော်ရွှင်မှု နှင့်အတူ ကိုယ်တော်ကိုလှမ်း၍ဖက်ရန်ဟန်ပြင်လိုက်ပါသည်။ သို့သော် သခင်ခရစ်တော်သည် နောက်ပြန်ဆုတ်လျှက် ငါကိုမထိနှင့်။ ငါသည်ခမည်းတော်ထံ သို့မရောက်သေး၊ သင်သည်ငါ၏ညီအစ်ကိုများထံသို့ သွား၍ငါ၏အဖနှင့် သင်တို့၏အဖ၊ ငါ၏ဘုရားသခင်နှင့် သင်တို့၏ဘုရားသခင်ထံ ငါသွားပြီးဟုပြောလိုက်ပါဟု မိန့်တော်မူ၏။ မာရိသည် ဝမ်းမြောက်ပျော်ရွှင်မှုနှင့်အတူ သတင်းကောင်းကို ယူဆောင်လျှက်တပည့်တော်များထံသို့ အပြေးအလွှားသွားခဲ့ပါ သည်။ သခင်ခရစ်တော်သည် ခမည်းတော်ဘုရားထံသို့ အလျင်အမြန်တက်ကြွသွားကာ ခမည်းတော်ဘုရား၏ နှုတ်မှ မိမိ၏အသေခံမူခြင်းကိုလက်ခံကြောင်း၊ အရာခပ်သိမ်းကောင်းမွန်စွာပြီးမြောက်ခဲ့ကြောင်း ကောင်းကင်နှင့်မြေကြီး ရှိဘုန်းတန်ခိုးများအားလုံးကိုရရှိကြောင်း အတည်ပြုသည့်စကားကို ကြားလိုခဲ့ပါသည်။ GCB58 27.1

    ကောင်းကင်တမန်များတို့သည် တိမ်တိုက်များသဖွယ် ဘုရားသခင်၏သားတော်ကိုခြံရံလျှက် ထာဝရတံတိုင်း တော်များကိုဖွင့်လှစ်၍ ဘုန်းတော်အရှင်သခင်ကြွလာနိုင်ရန် အမိန့်ပေးခဲ့ပါသည်။ သခင်ခရစ်တော်သည် ဘုန်းတော် ထွန်းတောက်လျှက်ရှိသော ကောင်းကင်တမန်များနှင့်အတူ ခမည်းတော်ဘုရား၏ရှေ့တော်မှောက်သို့ ရောက်ရှိကာ ဘုရားသခင်၏ဘုန်းတော်နှင့် ရစ်ပတ်ခြင်းခံရသော်လည်း ဤလောကရှိ မိမိ၏တပည့်တော်များကိုသတိရလျှက်ရှိ ကြောင်းကျမတွေ့ခဲ့ရပါသည်။ ခမည်းတော်ဘုရားထံမှ တန်ခိုးတော်ရရှိခဲ့ပြီး တပည့်တော်များထံသို့ ပြန်လည်ဆင်း သက်၍ ထိုသူတို့အပေါ်မှ တန်ခိုးတော်ကိုပေးရန် ကိုယ်တော်အလိုရှိခဲ့ပါသည်။ သခင်ခရစ်တော်သည် ထိုနေ့၌ပင်တ ပည့်တော်များတို့ရှေ့၌ မိမိ၏ကိုယ်ရောင်ရခဲ့ပါသည်။ ကိုယ်တော်သည်မိမိခမည်းတော်ဘုရားထံသို့ တက်ကြွသွားပြီး တန်ခိုးတော်များရရှိခဲ့သောကြောင့် မိမိအား တို့ထိနိုင်ရန် တပည့်တော်တို့ကို ခွင့်ပြုခဲ့ပါသည်။GCB58 27.2

    ထိုအချိန်တွင်သောမမမရှိခဲ့ပါ။ သူသည် တပည့်တော်များ၏ သက်သေခံချက်များကို ရိုးသားစွာ လက်မခံပါ။ မာန်တက်ကြွလျှက် ကိုယ်တော်၏လက်ဝါးတော်၌ရှိသော ဒဏ်ရာများနှင့် နံရိုးတော်အောက်၌ရှိသော ရက်စက်စွာ ထိုးဖေါက်ထားသည့်လှံတံအရာကို မိမိကိုယ်တိုင် မစမ်းသပ်ဘဲလက်ခံမည် မဟုတ်ကြောင်းကို မိမိလုပ်ဖေါ်ဆောင်ဖက် များ၏စကားကိုငြင်းဆန်ပြောဆိုခဲ့ပါသည်။ ထိုကဲ့သို့သောသက်သေအထောက်အထားများရှိမှသာ ယုံကြည်မည်ဟုဆို ပါလျှင်လူအနည်းငယ်ကသာ ခရစ်တော်၏ ရှင်ပြန်မြောက်ခြင်းကို ယုံကြည်လက်ခံလာပါလိမ့်မည်။ ကိုယ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို သိရှိခဲ့သောသူများထံမှ သတင်းစကားကို တစ်ဆင့်စကားတစ်ဆင့်ပြန့်ရန် ဘုရားသခင်အလို တော်ရှိခဲ့ပါသည်။ ထိုကဲ့သို့သော သံသယစိတ်ကိုဘုရားသခင် အလိုတော်မရှိခဲ့ပါ။ သခင်ခရစ်တော်သည် တပည့်တော် များနှင့်တစ်ဖန်ဆုံသောအခါ၌ သောမလည်းသူတို့နှင့်အတူရှိနေပါသည်။ ကိုယ်တော်ကိုဖူးမြော်တွေ့ရှိရသောအခါ သောမယုံကြည်ခဲ့ပါသည်။ သို့သော်လည်း သက်သေအထောက်အထားမရှိဘဲနှင့် မယုံကြည်နိုင်ဟုဆိုခဲ့သည့်အတွက် သူလိုလားခဲ့သော သက်သေအထောက်အထားကို သခင်ခရစ်တော်ပြတော်မူခဲ့ပါသည်။ သောမသည် ကျွန်ုပ်၏အရှင်၊ ကျွန်ုပ်၏ဘုရားဟု ပြောဆိုခဲ့သော်လည်း သူ၏မယုံကြည်ခြင်းကြောင့် သခင်ခရစ်တော်သည်သောမကို ဆုံးမတော်မူ ခဲ့ပါသည်။ ကိုယ်တော်သည် သောမအားသင်သည်ငါ့ကို တွေ့သောကြောင့်ယုံကြည်ခဲ့သည်။ သို့သော်ငါ့ကိုမတွေ့ဘဲ နှင့်ယုံကြည်သောသူတို့သည် မင်္ဂလာရှိသည်ဟု မိန့်တော်မူခဲ့ပါသည်။GCB58 27.3

    ပထမနှင့်ဒုတိယကောင်းကင်တမန် သတင်းစကားများကို ကိုယ်တိုင်မကြုံတွေ့ခဲ့သူတို့သည် သူတစ်ပါး၏ သက်သေခံချက်များကိုလက်ခံ၍ အသက်ရှင်ရမည့်အကြောင်းကို ကျမတွေ့ခဲ့ရပါသည်။ သခင်ခရစ်တော်ကို လက်ဝါး ကပ်တိုင်ပေါ်မှတင်၍ သတ်သည့်နည်းတူဤစကားများလည်း ပျက်စီးခြင်းခံခဲ့ရပါသည်။ သို့သော်လည်း ဤလောက တွင် သခင်ခရစ်တော်၏ နာမတော်မှအပ ကယ်တင်ရာမရှိဟု တပည့်တော်များ သက်သေခံခဲ့သည့်နည်းတူ တတိယ ကောင်းကင်တမန်သတင်းစကားကို လက်ခံသူတို့သည် ဘုရားသခင်ပေးသော ပထမ၊ ဒုတိယနှင့် တတိယကောင်းကင် တမန်သတင်းစကားကိုလည်း လက်ခံခြင်းမရှိပါက ကိုယ်တော်နှင့်မဆက်ဆံကြောင်းကို ဘုရားသခင်၏တပည့်တော် များကရဲဝံ့စွာ သက်သေခံရမည်။GCB58 27.4

    သန့်ရှင်းသူအမျိုးသမီးတစ်စုသည် သခင်ခရစ်တော်၏ ရှင်ပြန်ထမြောက်တော်မူခြင်းသတင်းစကားကိုကြွေး ကြော်နေစဉ်ရောမစစ်သည်တို့သည် ယဇ်ပရောဟိတ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များသင်ကြားပေးလိုက်သည့်အတိုင်း တပည့်တော်များတို့သည် ညအခါအိပ်ပျော်စဉ် သခင်ခရစ်တော်၏ အလောင်းတော်ကို ခိုးယူသွားသည့်အကြောင်း မမှန်မကန် သက်သေခ့နေကြောင်းကို ကျမတွေ့ရှိခဲ့ရပါသည်။ ဤမုသာစကားကို ယဇ်ပရောဟိတ်များနှင့် အကြီးအ ကဲများပြောကြားနိုင်ရန်အတွက် စာတန်သည် သူတို့စိတ်နှလုံးထဲ၌ လှုံ့ဆော်ခဲ့ပါသည်။ လူထုကြီးမှာလည်း ဤစကား ကိုလက်ခံရန်အသင့်ဖြစ်နေပါသည်။ သို့သော်လည်းဤမျှလောက်အရေးပါသည့် ကယ်တင်ခြင်း၏ သတင်းစကားကို ယဇ်ပရောဟိတ်များနှင့်ခေါင်းဆောင်များမှ မလွှမ်းမိုးနိုင်ရန်အတွက် ဘုရားသခင်ပြင်ဆင်ထားတော်မူခဲ့ပါသည်။ သ ခင်ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို သင်္ချိုင်းမှ ပြန်လည်နိုးထသူများက သက်သေခံခဲ့ပါသည်။GCB58 28.1

    သခင်ခရစ်တော်သည် တပည့်တော်များနှင့်အတူ ရက်ပေါင်းလေးဆယ်ကြာမျှရှိခဲ့တော်မူပြီး ထိုသူတို့၏စိတ် နှလုံးကိုဝမ်းမြောက်ပျော်ရွှင်စေပြီး နိုင်ငံတော်နှင့်ဆိုင်သော တရားတော်များကို သွန်သင်တော်မူခဲ့ပါသည်။ မိမိတို့ ကြားခဲ့မြင်ခဲ့သောအရာများကိုကိုယ်တော်ခံစားခဲ့ရသောဝေဒနာ၊ အသေခံခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်း၊ ကိုယ်တော်ထံ သို့လာသောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်ဘဲ အသက်ရှင်ခြင်းသို့ရရှိရန် အပြစ်အတွက်ပေးခဲ့ရသော အဖိုးအခများနှင့်ပတ်သက်၍၎င်း၊ သက်သေခံရန်တပည့်တော်တို့ကို စေခိုင်းတော်မူပါသည်။ သနားကြင်နာမှုအပြည့် နှင့်တပည့်တော်များခံစားရမည်ညှဉ်းပန်းနှိပ်စက်မှုများအကြောင်းကို မိန့်တော်မူခဲ့ပါသည်။ သို့သော်မိမိတို့၏အတွေ့ အကြုံများနှင့် ကိုယ်တော်၏အသက်တာကို ဆင်ခြင်ခြင်းဖြင့်သက်သာရမည့်အကြောင်းကို ဖေါ်ပြတော်မူခဲ့ပါသည်သို့ သော်လည်း ကိုယ်တော်သည်စာတန်မာရ်နတ်ကို အောင်မြင်နိုင်ပြီး ဒုက္ခဆင်းရဲခြင်းနှင့် သွေးဆောင်မှုအမျိုးမျိုးကျော် လွားခဲ့သည့်အတွက် စာတန်သည် ခရစ်တော်အပေါ်၌ လွှမ်းမိုးနိုင်တော့မည်မဟုတ်၊ ကိုယ်တော်ကို ယုံကြည်သောသူ အပေါင်းတို့နှင့် တပည့်တော်တို့ကို စာတန်သည် တိုက်ရိုက်တိုက်ခိုက်မည့်အကြောင်း မိန့်တော်မူခဲ့ပါသည်။ သို့သော် လည်းဤကဲ့သို့ ရင်ဆိုင်ရသောအခါ ကိုယ်တော်၏သတိပေးစကားကို အမှတ်ရ၍ ခွန်အားယူရန် တိုက်တွန်းခဲ့ပါသည်။ ကိုယ်တော်သည် အောင်မြင်သကဲ့သို့ တပည့်တော်တို့သည်လည်း အောင်မြင်နိုင်မည့်အကြောင်း အားပေးတော်မူခဲ့ပါ သည်။ နိမိတ်လက္ခဏာများကို ပြုလုပ်နိုင်ရန်အတွက် တပည့်တော်များကို ခွန်အားပေးတော်မူခဲ့ပါသည်။ လူဆိုးတို့ သည်တပည့်တော်တို့၏ ကိုယ်ခန္ဓာကို အုပ်စိုးနိုင်မည်ဖြစ်သော်လည်း သခင်ခရစ်တော်သည် ရံဖန်ရံခါ ကောင်းကင်တ မန်များကိုစေလွှတ်လျှက် သူတို့ကိုကယ်တင်မည့်အကြောင်း၊ ဤလောက၌သူတို့၏ အမှုတော်မပြီးပြတ်မချင်းသေရ မည်မဟုတ်ကြောင်း မိမိတို့၏အမှုတော်ပြီးမြောက်သောအခါ သက်သေခံချက်များကို မိမိတို့၏ အသွေးဖြင့်တံဆိတ် ခတ်သက်သေခံကောင်းခံရမည့်အကြောင်းကို မိန့်တော်မူခဲ့ပါသည်။ ကိုယ်တော်၏သွန်သင်ချက်များတို့ကို တပည့် တော်များတို့သည် ဆာလောင်မွတ်သိပ်စွာခံယူခဲ့ပါသည်။ နှုတ်တော်မှထွက်သည့်စကားများကို တစ်လုံးမကျန်မှတ် ကျုံခဲ့ပါသည်။ ကိုယ်တော်သည်ဤလောက၏ ကယ်တင်ရှင်ဖြစ်ကြောင်းကို ထိုသူတို့သည် အသေအချာသိရှိခဲ့ပါ သည်။ကိုယ်တော်၏စကားတော်တိုင်းသည် သူတို့၏စိတ်ထဲ၌ စွဲကျန်ရစ်ခဲ့ပါသည်။ သူတို့၏ကောင်းကင်အရှင်သခင် နှင့်ခွဲခွာရမည်ကို ဝမ်းနည်းလျှက်ရှိပါသည်။ အချိန်အနည်းငယ်အတွင်း ကိုယ်တော်၏ နှစ်သိမ့်အားပေးစကားများ ကိုကြားရတော့မည်မဟုတ်ပါ။ သို့သော်လည်း ကိုယ်တော်နေစရာအိမ်ကိုပြင်ဆင်ပြီး တစ်ဖန်ပြန်လာကာသူတို့ကို ခေါ်ဆောင်မည့်အကြောင်း သူတို့သည်လည်း ခရစ်တော်နှင့်အတူ ထာဝရရှိရမည့်အကြောင်းကို ကြားသိရသောအခါ စိတ်နှလုံးပြန်လည်လန်းဆန်းနွေးထွေးလာပါတော့သည်။ သန့်ရှင်းသောဝိညာဉ်တည်းဟူသော ဥပဇ္ဈာယ်ဆရာကိုစေ လွှတ်၍သူတို့ကို သမ္မာတရား၌ သွန်သင်လမ်းပြ ကောင်းကြီးပေးမည့်အကြောင်း မိန့်တော်မူလျှက် လက်တော်ကိုဆန့် ၍ တပည့်တော်များကို ကောင်းကြီးပေးတော်မူခဲ့ပါသည်။GCB58 28.2

    ဆက်လက်လေ့လာရန်။
    ၁။ ဗျာဒိတ် ၁၄:၆-၈ ကိုဖတ်ပါ။ အသေးစိတ်ကို ဤစာအုပ်အခန်းကြီး ၂၃ နှင့် ၂၄ တွင် ရှင်းပြထားပါသည်။
    ၂။ ဗျာဒိတ် ၁၄:၉-၁၂ ကိုဖတ်ပါ။ အသေးစိတ်ကို ဤစာအုပ်အခန်းကြီး ၂၈ တွင် ရှင်းပြထားပါသည်။
    GCB58 28.3

    မဿဲ ၂၇:၅၂-၅၃၊ ၂၈။ မာကု ၁၆:၁-၁၈။ လုကာ ၂၄:၁-၅၀။ ယော ၂၀။ တမန် ၁၂ တို့ကိုဖတ်ပါ။GCB58 29.1