Loading...
Larger font
Smaller font
Copy
Print
Contents

Great Controversy 1858

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    အခန်း (၄၁) ဒုတိယသေခြင်း

    စစ်ပွဲစတင်ရန် စာတန်ကိုယ်တိုင်ပြင်းထန်သော အရှိန်အဟုန်ဖြင့် မိမိနောက်လိုက်များအား လိုက်လံဆော် ဩနေပါသည်။ သို့သော် ဘုရားသခင်၏ အသံတော်မှာ ကောင်းကင်မှဆင်းသက်၍ ထိုလူအပေါင်းတို့အပေါ်သို့မီးမိုး ကြီးရွာလေ၏။ တန်ခိုးကြီးသောလူများ၊ ထူးချွန်သောလူများ၊ ဂုဏ်သရေကြီးသောသူများ၊ ဆင်းရဲငြိုငြင်သောသူများ၊ အားလုံးသောလူတို့ကို အတူတကွလောင်ကျွမ်းလေ၏။ အချို့သောလူများ အလျင်အမြန်မီးလောင်ကျွမ်းသွားသော် လည်းအချို့သောသူများမှာပို၍ ကြာရှည်စွာခံစားနေရပုံကို ကျမမြင်တွေ့ရပါသည်။ မိမိတို့၏ကိုယ်ကျင့်တရားနှင့် လျော်ညီစွာပြစ်မှုအလိုက် ပြစ်ဒဏ်ခံရကြပါသည်။ အချို့သောသူများမှာ ရက်ပေါင်းများစွာလောင်ကျွမ်းခြင်းကို ခံနေ ရလျှက် သူတို့၏ခန္ဓာကိုယ်အစိတ်အပိုင်းရှိသမျှကို လောင်ကျွမ်း၍မကုန်မဆုံးမီတိုင်အောင် သူတို့ကိုယ်တိုင် ဝေဒနာ ခံစားနေကြပါသည်။ ‘‘ပိုးမသေမီးမငြိမ်းရာ၊ စိုးစဉ်းမျှလောင်စာရှိနေသမျှကာလပတ်လုံးသူတို့မီးမငြိမ်းရာ’’ ဟုကောင်း ကင်တမန်ကပြောပါသည်။GCB58 98.2

    စာတန်နှင့်သူ၏တမန်များကြာရှည်စွာဝေဒနာခံစားနေရကြပါသည်။ စာတန်သည် မိမိဝန်ကိုသာ ထမ်းရ သည်မဟုတ်၊ မိမိပြုသောဒုစရိုက်အတွက် ပြစ်ဒဏ်ကိုခံရသည်သာမက ရွေးနှုတ်ခြင်းခံရသည့်လူထုကြီး၏ အပြစ်များ ကိုလည်း သူ၏အပေါ်သို့လွှဲပြောင်းပြီးဖြစ်သောကြောင့် သူပင်ခံရ၏။ ထိုမျှမက သူကြောင့်ဆုံးရှုံးသွားသမျှသော သက်ဝိညာဉ်တို့၏ အပြစ်များအတွက်ကိုလည်း သူပင်ခံရပြန်၏။ ထို့နောက်စာတန်နှင့် မတရားသော သူအပေါင်း တို့လောင်ကျွမ်းခြင်းသို့ ရောက်ကြပြီးလျှင် ဘုရားသခင်၏ တရားမျှတမှုအတွက် ကျေနပ်ကြသည်ကိုလည်းကောင်း၊ ကောင်းကင်ဗိုလ်ခြေများ၊ ရွေးနှုတ်ခြင်းခံရသည့်သန့်ရှင်းသူအပေါင်းတို့က ‘‘အာမင်’’ ဟု အသံကျယ်စွာကြွေးကြော်ပုံ ကိုလည်းကောင်း၊ ကျမမြင်ရပါသည်။GCB58 98.3

    ‘‘စာတန်သည်အမြစ်ဖြစ်၏။ သူ၏သားသမီးများသည်အခက်များဖြစ်ကြ၏။ ယခုတွင်အမြစ်နှင့်တကွအခက် များ လောင်ကျွမ်းကြလေပြီ။ ထာဝရသေခြင်း၌ သူတို့သေကြလေပြီး မည်သည့်အခါမျှ မထမြောက်ရကြတော့ပေ။ ဘုရားသခင်၏ စင်္ကြာဝဌာကြီးသန့်ရှင်းလေပြီး’’ ဟု ကောင်းကင်တမန်က ပြောပါသည်။ ထို့နောက်ကျမကြည့်လိုက် သောအခါ မတရားသောသူများအား လောင်ကျွမ်းခဲ့သည့်မီးလျံသည် ကမ္ဘာကြီးတစ်ခုလုံး သန့်စင်ခြင်းသို့ရောက်လေ အောင်အမှိုက်သရိုက်ရှိသမျှကို ဆက်လက်လောင်ကျွမ်းနေပါသည်။ နောက်တစ်ကြိမ်ပြန်၍ ကြည့်လိုက်သောအခါ ကမ္ဘာကြီးသန့်စင်ပြီးဖြစ်သည်ကို ကျမမြင်တွေ့ရပါသည်။ ကျိန်ခြင်းအမင်္ဂလာ၏ လက္ခဏာတစ်စုံတစ်ခုမျှ မရှိတော့ချေ ကျိုးပဲ့ကြေမွ၊ မညီညာခဲ့သော ကမ္ဘာမြေမျက်နှာပြင်ကြီးသည် ယခုအခါပြန်၍ ကျယ်ဝန်းညီညာခြင်းသို့ ရောက်လေပြီ။ ဘုရားသခင်၏စင်္ကြာဝဌာကြီးတစ်ခုလုံး သန့်ရှင်းလေပြီး။ ကျမတို့တွေ့သမျှမည်သည့်နေရာ မည်သည့်အရာမဆိုလှပ တင့်တယ်လှပါ၏။ သန့်ရှင်းလှပါ၏။ ထို့နောက်ရွေးနှုတ်ခြင်းခံရသူအပေါင်း၊ လူကြီးလူငယ်လူရွယ်လူလတ်ကြီးသော သူ၊ ငယ်သောသူအားလုံးတို့သည် မိမိတို့၏ ပြိုးပြက်သောသရဖူများကို ရွေးနှုတ်ရှင်၏ခြေတော်ရင်း၌ ချထားပြီးလျှင် အလွန်ရိုကျိုးစွာပြပ်ဝပ်လျှက် ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူသည့် အရှင်ကို ကြည်ညိုသဒ္ဒါမြတ်နိုးစွာဖြင့် ကိုး ကွယ်ကြလေ၏။ ဘုန်းအသရေကြီးမြတ်၍ ရှုမငြီးအောင်တင့်တယ်သောကမ္ဘာသစ်ကြီးကို သန့်ရှင်းသူများသည်ထာဝ ရအမွေခံရကြလေပြီး။ ကောင်းကင်တစ်ခွင်လုံးအောက်တွင် ကြီးမြတ်တော်မူသည့် နိုင်ငံတော်ကိုအမြင့်ဆုံးသောအ ရှင်၏သန့်ရှင်းသူများအား ပေးအပ်တော်မူ၏။ ထိုနိုင်ငံတော်အချုပ်အခြာအာဏာကိုလည်း ပေးအပ်တော်မူ၏။ သူတို့ သည်လည်း ကမ္ဘာအဆက်ဆက်ထာဝရကာလပတ်လုံး ပိုင်စိုးကြလေ၏။GCB58 98.4

    ဆက်လက်လေ့လာရန်။ ဟေရှာ ၆၆:၄။ ဒံ ၇:၂၆-၂၇။ ဗျာ ၂၀:၉-၁၅။ ၂၁:၁။ ၂၂:၃။GCB58 99.1

    Larger font
    Smaller font
    Copy
    Print
    Contents