Loading...
Larger font
Smaller font
Copy
Print
Contents

Great Controversy 1858

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၃၇) သန့်ရှင်းသူများ လွှတ်မြောက်ခြင်း။

    မိမိလူတို့အားလွှတ်မြောက်ခွင့်ပေးရန် သန်းခေါင်ယံအချိန်ကို ဘုရားသခင်ရွေးချယ်တော်မူ၏။ မတရား သောသူများသည် သန့်ရှင်းသူတို့၏ဝန်းကျင်တွင် ပြက်ရယ်ပြုနေကြသောအချိန်၌ ရုတ်တရက်နေထွက်လာပြီးလျှင် အရှိန်ပြင်းစွာ ထွန်းတောက်လေ၏။ လသည်လည်းရပ်တန့်နေလေ၏။ မတရားသောသူများ အံ့အားသင့်၍ကြည့်နေ ကြ၏။ သန့်ရှင်းသူများကမူ တည်ငြိမ်သောဝမ်းမြောက်ခြင်းဖြင့် သူတို့အား လွှတ်မြောက်ခွင့်ပေးမည့် အမှတ်လက္ခဏာ ကိုကြည့်နေကြပါသည်။ အံ့ဖွယ်နိမိတ်လက္ခဏာများ တစ်ခုပြီးတစ်ခုလျင်မြန်စွာ ဆက်တိုက်ဖြစ်ပေါ်လာလေ၏ တွေ့ မြင်ရသမျှတို့သည်လည်း သဘာဝနှင့် ဆန့်ကျင်နေပုံပေါ်လေ၏။GCB58 92.3

    ချောင်းရေ၊ မြောင်းရေများ မစီးဆင်းတော့ဘဲ ရပ်တန့်နေကြလေ၏။ လေးလံမည်းမှောင်သော မိုးတိမ်များ တက်လာကြပြီးလျှင် တစ်ခုနှင့်တစ်ခု အရှိန်အဟုန်ပြင်းစွာ တိုက်ကြလေ၏။ သို့သော် မိုးတိမ်ကင်းစင်၍ ဘုန်းတော် တည်ရာကြည်လင်သည့်နေရာတစ်ရပ်မှ သမုဒ္ဒရာရေသံကဲ့သို့ ဘုရားသခင်၏ အသံတော်ပေါ်ထွက်လာရာကောင်း ကင်နှင့်မြေကြီး တုန်လှုပ်လေ၏။ ကြီးစွာသောမြေငလျင်လည်း လှုပ်လေ၏။ သင်္ချိုင်းများလည်းပွင့်ကြလေ၏။ တတိ ယကောင်းကင်တမန်၏သတင်းစကားကို ယုံကြည်ခံယူပြီးဥပုသ်နေ့ကို စောင့်ထိန်းလျှက် စုတေ့သောသူများသည် ကိုယ်တော်၏ပညတ်တော်များကို စောင့်ထိန်းသူများနှင့် ဘုရားသခင်ဖွဲ့တော်မူမည့် ငြိမ်းချမ်းရေးပဋိညာဉ်ကိုကြားနာ နိုင်ရန် မိမိတို့၏မြေအိမ်ရာအသီးသီးမှ နိုးထကြပြီးလျှင် ဘုန်းပွင့်ကြလေ၏။GCB58 92.4

    ကောင်းကင်သည်ပွင့်လျှက် ပိတ်လျှက် တုန်လှုပ်လေ၏။ လေတိုက်ရာတွင် ကျူပင်လှုပ်သည့်ပမာ တောင်များ လှုပ်လေ၏။ ထိုတောင်များ၊ ကျောက်များပဲ့ထွက်၍ ဝန်းကျင်တွင်လွင့်စင်ကြလေ၏။ ပင်လယ်သည်လည်း ရေနွေးအိုး ဆူသကဲ့သို့ပွတ်ဆူသဖြင့် ကုန်းပေါ်သို့ကျောက်တုံးများလွင့်စဉ်ကြလေ၏။ ထို့နောက် ဘုရားသခင်သည် သခင်ယေရှု ကြွလာတော်မူမည့်နေ့ရက်နှင့်အချိန်နာရီကို မိန့်မြွက်တော်မူလျှက် မိမိ၏လူတို့အား ထာဝရပဋိညာဉ်ကိုကမ်းလှမ်း တော်မူသောအခါ ကိုယ်တော်သည် စကားတစ်ခွန်းမိန့်တော်မူပြီးတိုင်း ရပ်ဆိုင်းနေစဉ် ထိုစကားလုံးများပဲ့တင်သံဟိန်း ၍ကမ္ဘာအနှံ့အပြားသို့ ရောက်လေ၏။ ဘုရားသခင်၏ ဣသရေလလူမျိုးတို့သည်လည်းကောင်းကင်သို့မျှော်ကြည့် လျှက်မြေကြီးတစ်ပြင်လုံးတုန်လှုပ်သည့်တိုင်အောင် မိုးကြိုးသံပမာထွက်ပေါ်လာသည့် ယေဟောဝါ၏နှုတ်တော် ထွက်အမိန့်တော်ကိုစူးစိုက်နားထောင်နေကြပါသည်။ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တည်ငြိမ်လေးနက် လှပါ၏တကား။ စကားတစ်ခွန်းမိန့်တော်မူပြီးတိုင်း သန့်ရှင်းသူများက ‘‘ဟာလေလုယာ၊ ဘုရားသခင်သည် ဘုန်းကြီး တော်မူသတည်း’’ ဟု ကြွေးကြော်ကြပါသည်။ မောရှေသည် သိနာတောင်ပေါ်မှဆင်းလာစဉ်က သူမျက်နှာပေါ်တွင်ဘု ရားသခင်၏ ဘုန်းတော်ရောင်ခြည်သည် ထွန်းတောက်နေသကဲ့သို့ သူတို့၏မျက်နှာများပေါ်တွင်လည်း ထွန်းတောက် နေကြလေ၏။ ထိုဘုန်းတော်ရောင်ကြောင့် မတရားသောများက သူတို့၏မျက်နှာများကို မကြည့်နိုင်ကြပါ။ ကိုယ်တော် ၏ဥပုသ်နေ့ကို သန့်ရှင်းစွာစောင့်ထိန်းခြင်းဖြင့် ဘုရားသခင်အားဂုဏ်ပြုသောသူများအပေါ်သို့ ထာဝရကောင်းချီးမင်္ဂ လာကိုသွန်းလောင်းတော်မူသောအခါ သားရဲနှင့်သူ၏ရုပ်ထုကို အောင်မြင်ကြောင်း အသံကျယ်စွာ ကြွေးကြော်ကြ လေ၏။GCB58 92.5

    ပြည်တော်တွင်နားနေကြရန် ထိုအချိန်မှအစပြု၍ ယဘိလနှစ်သို့ရောက်လေ၏။ ဘုရားတရားကို ကိုင်းရှိုင်း သည့်ငွေဝယ်ကျွန်သည် အောင်ပွဲခံလျှက် ထမြောက်ပြီးမှ သူ့အားချည်နှောင်ထားသည့် သံကြိုးကို ခါချလိုက်ရာ သူ၏ ယုတ်မာသောသခင်အနေဖြင့် မည်သို့ပြုရမည်ကိုမသိသောကြောင့် စိတ်ရှုပ်ထွေးနေပုံကို ကျမရှုမြင်ခဲ့ရပါသည်။ မတ ရားသောသူတို့အနေဖြင့် ဘုရားသခင်၏ နှုတ်တော်ထွက်အမိန့်သံများကို နားမလည်နိုင်သောကြောင့် ဖြစ်ပါသည်။ မကြာမီဖြူစွတ်သောမိုးတိမ်တစ်ခုကို တွေ့မြင်ရ၍ လူသားသည်လည်း ယင်းမိုးတိမ်ကြီးပေါ်တွင် ထိုင်လျှက်နေတော်မူ ၏။GCB58 93.1

    ထိုမိုးတိမ်ကြီးကိုဦးစွာပထမအဝေးမှစ၍ မြင်ရစဉ် အလွန်မှပင် သေးငယ်လှပါသည်။ သို့သော်၎င်းမှာလူသား ကြွလာတော်မူသည့်လက္ခဏာဖြစ်သည်ဟု ကောင်းကင်တမန်က ပြောပါသည်။ ၎င်းသည်ဤကမ္ဘာမြေကြီးနှင့်ပို၍နီး ကပ်လာနေသောအခါအောင်ပွဲခံရန်အတွက် ဘုန်းတန်ခိုးအာနုဘော်အစုံအလင်နှင့် မိုးတိမ်ကိုစီးလျှက် ကြွလာတော်မူ သည့်မြတ်တော်မူသော သခင်ယေရှုအားကျမတို့ ဖူးတွေ့ရကြပါသည်။ သန့်ရှင်းသောကောင်းကင်တမန်အခြွေအရံ များသည် ပြိုးပြိုးပြက်ပြက်နှင့် တောက်ပသည့်သရဖူများကိုဆောင်းလျှက် ကြွလာတော်မူရာလမ်းတစ်လျှောက်လုံး တွင်ကိုယ်တော်အားခြံရံလျှက် လိုက်လာကြပါသည်။ ထိုဘုန်းကြီးတော်မူသည့်မြင်ကွင်းကို မည်သည့်ဘာသာစကား နှင့်မျှမဖေါ်ပြနိုင်ပါ။ အထူးမြတ်ဆုံးဖြစ် အသက်ရှင်သော ထိုမိုးတိမ်ကြီးသည် ပို၍နီးကပ်လာသောအခါ တင့်တယ် လှစွာကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံလျှက်ရှိသည်သာမက သခင်ယေရှုကိုယ်တော်တိုင် ထိုမိုးတိမ်ပေါ်တွင် မြတ်နိုးကြည်ညိုဖွယ်ရာထိုင်တော်မူလျှက် ကြွလာတော်မူသည်ကို ကျမဖူးမြင်ရပါသည်။ ဆူးသရဖူမဟုတ်၊ ဘုန်းတော် သရဖူကိုသန့်ရှင်းတော်မူသည့်ခေါင်းတော်ပေါ်တွင်ဆောင်း၍ ထားတော်မူ၏။ ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင် ဟုဘွဲ့နာမတော်သည် အဝတ်တော်၌လည်းကောင်း၊ ပေါင်းတော်၌လည်းကောင်း ရေးထားလျှက်ရှိ၏။ မျက်နှာတော် သည်မွန်းတည့်နေကဲ့သို့ ထွန်းတော်လေ၏။ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ်၏။ ခြေတော်သည်မီး၌ချွတ်ပြီး သောကြေးဝါစင်နှင့်တူ၏။ အသံတော်သည်လည်း များစွာသောတူရိယာသံကဲ့သို့ဖြစ်၏။ ကိုယ်တော်၏ရှေ့တော်တွင် မြေကြီးတုန်လှုပ်လေ၏။ မိုးကောင်းကင်သည် စာစောင်လိပ်သကဲ့သို့ လွင့်သွား၏။ တောင်များကျွန်းများအပေါင်းတို့ သည်မိမိတို့နေရာအရပ်မှရွှေ့ကြ၏။ ‘‘လောကီဘုရင်မှူးမတ်၊ စစ်သူကြီး၊ သူဌေးသူကြွယ်၊ ခွန်အားကြီးသောသူမှ ကျွန် များ၊ လူလွတ်များအပေါင်းတို့သည် မြေတွင်း၌လည်းကောင်း၊ တောင်ပေါ်မှာရှိသော ကျောက်များ၌လည်းကောင်း၊ ပုန်းရှောင်လျှက်နေ၍ ထိုတောင်များကျောက်များတို့ကိုခေါ်လျှက် ငါတို့အပေါ်သို့ကျကြပါ။ ပလ္လင်တော်ပေါ်မှာထိုင် တော်မူသောသူ၏မျက်နှာနှင့် သိုးသငယ်၏အမျက်တော်ကို ကာကွယ်၍ ငါတို့ကိုဖုံးအုပ်ကြပါ။ အမျက်တော်ထင်ရှား သောနေ့ကြီးရောက်ပါပြီတကား။ အဘယ်သူခံရပ်နိုင်မည်နည်းဟု ပြောဆိုကြ၏။ GCB58 93.2

    ဘုရားသခင်၏သစ္စာရှိသော သားသမီးများအား ဤကမ္ဘာမြေကြီးပေါ်မှ အပြီးပြတ် သုတ်သင်ဖျက်ဆီးရန် မကြာသေးမီက ကြံစည်သောသူတို့သည် ယခုအခါ သစ္စာရှိသောသားသမီးများ၏ အပေါ်၌ ဘုရားသခင်၏ဘုန်းတော် ထွန်းတောက်နေပုံကို သူတို့ကိုယ်တိုင် တွေ့မြင်နေကြပါသည်။ ယင်းသို့တွေ့မြင်ရသည့်အတွက် ကြောက်လန့်တုန်လှုပ် လျှက်ရှိနေကြစဉ် ‘‘ကြည့်ရှုလော့။ ဤအရှင်ကား ငါတို့မျှော်လင့်သော ငါတို့၏ ဘုရားသခင်ပေတည်း။ ငါတို့ကိုကယ် တင်တော်မူလိမ့်မည်’’ ဟု သန့်ရှင်းသူများက ရွှင်မြူးဝမ်းသာစွာ ကြွေးကြော်ကြသည့်အသံများကို ကြားရကြလေ၏။ အိပ်ပျော်လျှက်ရှိသည့် သန့်ရှင်းသူများအား ဘုရားသခင်၏ သားတော်က ခေါ်ထုတ်တော်မူသည့်အသံကြောင့် ဤ ကမ္ဘာမြေကြီးသည် ပြင်းစွာတုန်လှုပ်လေ၏။ ယင်းသို့ခေါ်ထုတ်တော်မူသည့်အသံကို ကြားရကြသောအခါ သန့်ရှင်းသူ များကလည်း ‘‘သေမင်းနှင့်မရဏာနိုင်ငံကို အောင်ပြီး၊ အောင်ပြီ’’ ဟူ၍လည်းကောင်း၊ ‘‘အိုသေမင်း၊ သင်၏လက်နက် သည်အဘယ်မှာရှိသနည်း၊ အိုမရဏာနိုင်ငံ။ သင်၏အောင်ခြင်းသည် အဘယ်မှာရှိသနည်း’’ ဟူ၍လည်းကောင်း၊ မေး ပြီးလျှင်မပုပ်မပျက်နိုင်သောဘဝသို့ ဘုန်းကြီးစွာဖြင့် ပြောင်းလဲ၍ထွက်လာကြ၏။ ထိုအခါ အသက်ရှင်လျှက်ရှိသော သန့်ရှင်းသူများသည်လည်း ထမြောက်သောသန့်ရှင်းသူများနှင့် ပူးပေါင်းပြီးလျှင် ဘဝင်ကျလျှက် အသံမြင့်ကာ အောင် ပွဲခံသံများကိုကြွေးကြော်ကြပါသည်။ သင်္ချိုင်းအတွင်းသို့ ဆင်းသက်သွားကြသော ခန္ဓာကိုယ်များသည် ပကတိကျန်းမာ သန်စွမ်းလျှက်မဖေါက်ပြန် မပျက်စီးနိုင်သော ခန္ဓာကိုယ်ဖြင့် ထွက်လာကြပါသည်။ ထိုအခါ အသက်ရှင်လျှက်ရှိသော သန့်ရှင်းသူများသည်လည်း တစ်ခဏချင်းတွင် မျက်စိတစ်မှိတ်၌ ပြောင်းလဲခြင်းသို့ရောက်၍ ထမြောက်သောသန့် ရှင်းသူများတို့နှင့်အတူ အာကာသကောင်းကင်၌ ဘုရားသခင်ထံတော်သို့ ရောက်စေခြင်းငှါ မိုးတိမ်ပေါ်သို့ချီဆောင် ခြင်းကိုခံရကြလေ၏။ ဘုန်းကြီးသောမိတ်ဆုံပွဲကြီးပါတကား။ သေခြင်းတရားကြောင့် ခွဲခွါခဲ့ရကြသောမိတ်ဆွေများ ပြန်လည်တွေ့ဆုံကြလေပြီးနောက် တစ်ဖန်မည်သည့်အခါတွင်မျှ ခွဲခွာရကြတော့မည်မဟုတ်ပေ။GCB58 93.3

    မိုးတိမ်ရထား၏နံဘေးတစ်ဖက်တစ်ချက်စီတွင် အတောင်များပါရှိပါသည်။ ၎င်းအတောင်အောက်တွင် အသက်ရှင်သောဘီးများ ရှိပါသည်။ မိုးတိမ်ရထားကြီးသည် ကောင်းကင်ပေါ်သို့ လိမ့်တက်သွားသောအခါထိုအ သက်ရှင်သောဘီးများက ‘‘သန့်ရှင်းတော်မူ၏’’ ဟုကြွေးကြော်ကြပါသည်။ အတောင်များလည်း လှုပ်ခတ်လျှက်ရှိ၏။ သန့်ရှင်းခြင်းရှိတော်မူ၏’’ ဟုဆက်၍ ကြွေးကြော်ကြပါသည်။ မိုးတိမ်၏ဝန်းကျင်တွင် ဝန်းရံလျှက် လိုက်ပါသွားကြ သည့်ကောင်းကင်တမန်များကလည်း ‘‘အနန္တတန်ခိုးနှင့်ပြည့်စုံ၍ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂါတ်ကာလ အစဉ်ရှိတော်မူ သောထာဝရဘုရားသည် သန့်ရှင်းတော်မူ၏။ ထိုအခါမိုးတိမ်ပေါ်တွင်ရှိသော သန့်ရှင်းသူများကလည်း ‘‘ဟာလေလု ယ၊ဘုရားသခင်သည်ဘုန်းကြီးတော်မူစေသတည်း’’ ဟုကြွေးကြော်ကြပါသည်။ မိုးတိမ်ရထားကြီးသည်လည်းသန့်ရှင်း သောမြို့တော်ရှိရာကောင်းကင်သို့ တလိမ့်လိမ့်တက်သွားလေ၏။ မြို့တော်တွင်းသို့မဝင်မီ သခင်ယေရှုက အလယ်မှ ရပ်တော်မူလျှက် သန့်ရှင်းသူများက ကိုယ်တော်အားလေးတောင့်ကျကျဝန်းရံထားကြပါသည်။ သန့်ရှင်းသူများထက် လည်းကောင်း၊ ကောင်းကင်တမန်များထက်လည်းကောင်း၊ ကိုယ်တော်ကဦးခေါင်းနှင့်ပခုံးပို၍ မြင့်နေပါသည်။ ကိုယ် တော်၏ကြီးမြတ်တော်မူသော ပုံသဏ္ဌာန်တော်နှင့် မြတ်နိုးကြည်ညိုဖွယ် မျက်နှာတော်ကို လေးတောင့်ကျကျရပ်နေကြ သည့် သန့်ရှင်းသူအားလုံးက ကောင်းစွာဖူးတွေ့ရကြပါသည်။GCB58 94.1

    ဆက်လက်လေ့လာရန်။ ၃ဓမ္မ ၂:၁၁။ ဟေရှာ ၂၅:၉။ ၁ကော ၁၅:၅၀-၅၅။ ၁သက် ၆၄:၁၃-၁၇။ ဗျာ ၁:၁၃-၁၆။ ၆:၁၄-၁၇။ ၁၉:၁၆။GCB58 94.2