Loading...
Larger font
Smaller font
Copy
Print
Contents

Great Controversy 1858

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၂၀) ဘာသာရေးပြုပြင်ပြောင်းလဲခြင်း။

    သန့်ရှင်းသောသူတို့အား ထိုမျှလောက်နှိပ်စက်သတ်ဖြတ်လျှက်ရှိစေကာမူ ဘုရားသခင်၏ သမ္မာတရားတော် အတွက် အသက်ရှင်သော သက်သေခံများ ဘက်ပေါင်းစုံမှ ပေါ်ထွန်းလျှက်ရှိနေပါသည်။ ဘုရားသခင်၏ ကောင်း ကင်တမန်များကလည်း သူတို့အားယုံကြည်လွှဲအပ်ထားသည့် တာဝန်များကို ထမ်းဆောင်နေကြပါသည်။ သူတို့သည် အမှောင်မိုက်ဆုံးသော နေရာများတွင် ရှာဖွေလျှက် ထိုအမှောင်ထုထဲမှ စိတ်နှလုံးတည်ကြည်ဖြောင့်မတ်သောသူများ ကိုရွေးချယ်ဖေါ်ထုတ်နေကြပါသည်။ ကိုယ်တော်၏ သမ္မာတရားကို သယ်ဆောင်ရန် တန်ဆာပလာအဖြစ် ရှောလုကို ဘုရားသခင် ရွေးကောက်တော်မူခဲ့ပါသည့်နည်းတူ ကိုယ်တော်၏ နာမတော်ကိုခံယူထားကြသောသူများ၏ ဒုစရိုက် များကို ဖေါ်ထုတ်ကြွေးကြော်ရန်လမ်းမှားအောက်တွင် နစ်မြုပ်နေသောဤလူတို့ကို ဘုရားရှင်ရွေးချယ်တော်မူ၏။ မာတင်လုသာ (Martin Luther) နှင့် မလန် (ချ) သွန် (Melanch Thon) မှအစ အခြားသူရဲကောင်းများအား နေရာဒေသအလိုက် ဘုရားရှင်၏နှုတ်ကပတ်တော်အတွက် ဆာလောင်မွတ်သိပ်၍ အသက်ရှင်သောသက်သေခံဖြစ် လိုသောဆန္ဒပြင်းပြလာစေရန် ကောင်းကင်တမန်တို့သည် သူတို့၏စိတ်နှလုံးအသီးသီးကို လှုံ့ဆော်ပေးကြပါသည်။ ရေလှိုင်းလုံးကြီးပမာ ချီတက်လာသော ရန်သူအားအောင်နိုင်ရန် အဆင့်အတန်းကိုမြှင့်တင်ပေးရမည်။ ပျက်စီးယို ယွင်းနေသော အသင်းတော်ကြီး၏ အမျက်ဒေါသမုန်တိုင်းကြီးကို ကြံ့ကြံ့ခံ၍ ရင်ဆိုင်ရပ်တည်ရန်နှင့် မိမိတို့ခံယူထား သည့်သန့်ရှင်းသောနာမတော်အပေါ်သစ္စာတည်မြဲသူ အနည်းငယ်အားခွန်အားပေးရန်အတွက် မာတင်လုသာအား ရွေးချယ်တော်မူခဲ့ပါသည်။ ဘုရားရှင်၏ အလိုတော်နှင့်ဆန့်ကျင်ဘက်ပြုမိသည်ကို မာတင်လုသာအမြဲတစ်စေ စိုးရိမ်ကြောင့်ကြနေခဲ့ပေသည်။ ဘုရားရှင်၏ အလိုတော်နှင့် ညီညွတ်စေရန် မာတင်လုသာကြိုးပမ်း၍ ကျင့်ခဲ့သည်။ သို့သော်စိတ်သက်သာမှုကို မရရှိခဲ့ပါ။ နောက်ဆုံးတွင် ကောင်းကင်မှ အလင်းရောင်ငယ်ကလေးက သူ၏စိတ်အာရုံ တွင်စွဲနေသည့် အမှောင်ထုကို နှင်ထုတ်လိုက်သဖြင့် မိမိ၏အကျင့်များကို အားကိုးအားထားမပြုတော့ဘဲ ခရစ်တော် ကျေးဇူးတော်ဖြစ်သည့် အသွေးတော်ကိုသာ ယုံကြည်ကိုးစားလေ၏။ ထိုအချိန်မှအစပြုကာ ပုပ်ရဟန်းမင်းများနှင့် အပြစ်ဖေါ်ပြတောင်းပန်ခြင်းကို နားထောင်သောရဟန်းများမှတစ်ဆင့်မဟုတ်ဘဲ ခရစ်တော်ယေရှုရှင်တစ်ပါးတည်း မှတစ်ဆင့် ဘုရားသခင်ထံတော်သို့ မိမိကိုယ်တိုင် တိုးဝင်ချဉ်းကပ်နိုင်လေ၏။GCB58 48.3

    ဘုန်းကြီးတော်မူသော အလင်းတရားအသစ်ကို မာတင်လုသာခံယူရသည့်အတွက် တန်ဖိုးမပြတ်နိုင်ပါတ ကား။ မှောင်မိုက်ဖုံးလွှမ်းနေသော အသိတရားအရုဏ်တက်လာပြီးဖြစ်၍ ယခင်က အစွဲအလမ်းများ အယူသည်းမှုများ လည်းလွင့်စင်သွားကြလေပြီးတကား။ ဤလောကတွင် ရရှိနိုင်သည့် အကြွယ်ဝဆုံးသောရတနာထက် တန်ဖိုးကြီးလှ ပါ၏ဟု သူသဘောထားလေ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်သစ်လွင်စွာဖြစ်လာ၏။ ရှိသမျှတို့သည်လည်း ပြောင်းလဲခြင်းသို့ ရောက်ကြလေပြီး။ အတွင်း၌ရှိနေသည့်ရတနာကို မမြင်မသိရသည့်အတွက် သူကြောက်လန့်နေခဲ့ သည့်စာအုပ်များသည် ယခုအခါ သူ့အတွက် ထာဝရအသက်ပင် ဖြစ်နေပါတော့သည်။ ထိုစာအုပ်ပင် သူ့အတွက် ဝမ်းမြောက်စရာ နှစ်သိမ့်စရာဖြစ်၏။ မင်္ဂလာရှိသောဩဝါဒတရားလည်း ဖြစ်လေ၏။ ယင်းစာအုပ်ကိုမလေ့လာမ ဆည်းပူးနိုင်အောင် မည်သည့်အရာကမျှ မဆွဲဆောင်နိုင်။ သေခြင်းတရားကို မာတင်လုသာ ထိတ်လန့်ကြောက်ရွံ့ခဲ့ပါ သည်။ သို့သော် ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို လေ့လာဖတ်ရှုသောအခါ ယခင်က ကြောက်လန့်မှုများပ ပျောက်သွားကြလေပြီး။ ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်း၍ ကိုယ်တော်အပေါ် ကြည်ညိုသဒ္ဒါပွားများလေ၏။ ကျမ်းစာကို ကိုယ်ရေးကိုယ်တာအတွက် ရှာဖွေလေ့လာပြီးလျှင် တွေ့ရှိသမျှ တန်ဖိုးကြီးလှသော ရတနာများကို အရယူလေ၏။ ထို့နောက် အသင်းတော်အတွက် ဆက်လက်ရှာဖွေဆည်းပူးလေ့လာပြန်၏။ ကယ်တင်ခြင်းရလိုသော ငှါ သူယုံကြည်ကိုးစားလာသောသူတို့၏ အပြစ်ဒုစရိုက်များကို စက်ဆုပ်ရွံရှာသည့်အတွက် မိမိကိုယ်တိုင်ကဲ့သို့ အမှောင်ဖုံးလွှမ်းခြင်းခံနေရသော အခြားသူများကိုတွေ့ရှိသောအခါ ထိုသူများအား ဤလောက၏အပြစ်ကိုဆောင် သွားသော ဘုရားသခင်၏သိုးသငယ်ကို ထောက်ပြရန် စိတ်စေတနာထက်သန်စွာ နည်းလမ်းရှာဖွေလေ၏။GCB58 49.1

    သာသနာပိုင်ရဟန်းမင်းများကြီးစိုးသည့် အသင်းတော်၏ လမ်းလွှဲမှုများနှင့် ဒုစရိုက်အပေါင်းကို အသံကုန် ဟစ်၍ ကန့်ကွက်ခဲ့ပြီးလျှင် ထောင်သောင်းမကသောလူတို့ ကယ်တင်ခြင်းရရှိရေးအတွက် ကိုယ်တိုင်အကျင့်သီလ အပေါ်ယုံကြည်အားကိုးနေကြသည့် မှောင်မိုက်ကိုဖြိုခွင်းရန် ကောင်းမြတ်သော စေတနာနှင့်အမှန်ပင် ကြိုးစား ဆောင်ရွက်လိုစိတ်ပြင်းပြခဲ့ပါသည်။ ဘုရားသခင်၏ အမှန်တကယ်ကြွယ်ဝသော ကျေးဇူးတော်နှင့်တကွ ခရစ်တော် အားဖြင့်သာပြီးပြည့်စုံသော ကယ်တင်ခြင်းကို ခံစားခွင့်ရှိကြောင်း၊ သူတို့၏စိတ်အာရုံများကို ဖွင့်လှစ်၍ ရှင်းလင်းပြတ် သားစွာ ဖေါ်ပြလိုသည့် ဆန္ဒပြင်းပြလှပါသည်။ သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးဖြင့် အသင်းတော်ခေါင်းဆောင် များ၏လက်ရှိဒုစရိုက်များအကြောင်းကို အသံကျယ်စွာဖြင့် ဆန့်ကျင်ဝေဖန်လိုက်သည့်အတွက် ရဟန်းမင်းများခုခံ တွန်းလှန်ကြသည့် တုံ့ပြန်မုန်တိုင်းနှင့်ရင်ဆိုင်ရသောအခါ သူ၏သတ္တိဆုတ်လျော့ခြင်းမရှိခဲ့သည်မှာ ဘုရားရှင်၏တန် ခိုးကြီးသော လက်ရုံးတော်ကိုသာ စွဲကိုင်ထားခဲ့ပါသည်။ အောင်မြင်ရေးအတွက်ကိုလည်း ကိုယ်တော်၌သာ ယုံကြည် ကိုးစားထားခဲ့ပါသည်။ အနီးကပ်တိုက်ပွဲနွဲသည်နှင့်အမျှ ရဟန်းများကလည်းပို၍ ဒေါသပြင်းထန်လာကြပါသည်။ သူတို့အနေဖြင့် မပြောင်းလဲလိုကြပါ။ စိတ်အေးသက်သာနေလိုကြပါသည်။ အကန့်အသတ်မရှိ၊ ပျော်ပါးစွာနေလိုကြ ပါသည်။ ဘဝဆိုးကိုမစွန့်လွှတ်နိုင်ကြပါ။ အသင်းတော်ကိုလည်း မှောင်မိုက်အတွင်းမှာပင် ဆက်လက်တည်မြဲစေလို ကြပါသည်GCB58 49.2

    အပြစ်ကိုဖေါ်ပြဝေဖန်၍ သမ္မာတရားတော်ကို ထောက်ခံရာတွင် မာတင်လုသာသည် လုံးလဝိရိယရှိ၍ ထက် မြက်သောသူ၊ ကြောက်ရွံ့ခြင်းကင်း၍ ရဲရင့်သောသူဖြစ်ကြောင်း၊ ကျမရှုမြင်ရပါသည်။ လူတိုးကိုဖြစ်စေ၊ နတ်ဆိုးကို ဖြစ်စေ၊ မကြောက်မရွံ့ထိုသူအားလုံးတို့ထက် တန်ခိုးကြီးသော အရှင်တစ်ပါးသူဖက်မှာ ရှိတော်မူသည်ကို သူသိထား ပါသည်။ မာတင်လုသာသည် စိတ်စေတနာထက်သန်၏။ ရဲစွမ်းသတ္တိရှိ၏။ မကြောက်မရွံ့တတ်၊ ထို့ကြောင့် တစ်ခါတစ် ရံတစ်ဖက်စွန်းသို့ ရောက်သွားမည်ကိုစိုးရိမ်ရ၏။ သို့သော်ဘာသာရေးပြုပြင်ပြောင်းလဲခြင်းလုပ်ငန်းတွင် မာတင်လု သာအား ကူညီပေးရန်သူ၏ စိတ်သဘောထားနှင့် လုံးဝဆန့်ကျင်သော ပလန်ချသွန်ကိုဘုရားရှင် ရွေးချယ်တော် မူ၏။ပလန်ချသွန်သည် စိုးရိမ်ကြောက်ကြတတ်၏။ ရဲစွမ်းသတ္တိမရှိ။ သတိဝိရိယနှင့်ပြည့်စုံ၏။ သည်းခံခြင်းတရားနှင့် ပြည့်ဝပါ၏။ ဘုရားသခင်ချစ်တော်မူသော သူလည်းဖြစ်၏။ ကျမ်းစာကို အထူးကျွမ်းကျင်သောသူလည်းဖြစ်၏။ ပိုင်း ခြားဝေဖန်ဆုံးဖြတ်တတ်၏။ပညာဉာဏ်နှင့်ပြည့်စုံ၏။ ဘုရားရှင်၏ အမှုတော်ကို ချစ်မြတ်နိုးရာတွင် မာတင်လုသာနှင့် ညီမျှ၏။ ဘုရားရှင်သည် ထိုနှစ်ဦး၏ စိတ်နှလုံးကို ရောယှက် ပေါင်းစပ်ထားတော်မူသောကြောင့် တစ်စိတ်တစ်ဝမ်း တည်းစည်းလုံးညီညွတ်သော မိတ်ဆွေများဖြစ်ကြ၏။ ကြောက်ရွံ့တုန်လှုပ်၍ နှေးကွေးစွာဖြစ်နေသည့်အတွက် အန္တ ရယ်နှင့်ရင်ဆိုင်ရမည့်အချိန်တွင် မာတင်လုသာသည် ပလန်ချသွန်အတွက် အထူးအထောက်အကူဖြစ်ခဲ့၏။ ထိုနည်း တူအလျင်အမြန်ပြုစေရန်အတွက် ပလန်ချသွန်သည် မာတင်လုသာအတွက် အထောက်အကူလှုပ်ရှားမှုလျင်မြန် လွန်းသည့်အတွက် ဖြစ်ပါ၏။ မာတင်လုသာ၏ စိတ်သဘောအတိုင်း လွှတ်ထားမည်ဆိုပါက ဘုရားသခင်၏အမှုတော် အပေါ်ကျရောက်မည့် အန္တရယ်များသည် ပလန်ချသွန်၏ အမြော်အမြင်ကြီးစွာဖြင့် သတိတရားထားမှုကြောင့် မကြာ ခဏလွတ်မြောက်သွားကြပါသည်။ ထိုနည်းတူ ပလန်ချသွန်၏ စိတ်သဘောအတိုင်း လွှတ်ထားမည်ဆိုပါက ဘုရား သခင်၏အမှုတော်သည် မကြာခဏရှေ့သို့မတိုးတက်ဘဲ ရှိနေမည့်အချိန်များ ရှိခဲ့ပါသည်။ ဤလူနှစ်ဦးအား ဘာသာ ရေးပြုပြင်ပြောင်းလဲခြင်းလုပ်ငန်းအတွက် အတူတကွ ရွေးချယ်ထားတော်မူရာ၌ ဘုရားရှင်၏မဟာဉာဏ်တော်ကြီး မြတ်တော်မူပုံကို ကျမအား ပြတော်မူခြင်းဖြစ်ပါသည်။GCB58 49.3

    ထို့နောက်တမန်တော်၏ ခေတ်သို့ကျမအားခေါ်ဆောင်သွားရာ စိတ်အားထက်သန်၍ လုံးလဝိရိယရှိသော ပေတရုနှင့် သည်းခံခြင်းရှိ၍ အေးဆေးစွာနေတတ်သော ယောဟန်တို့နှစ်ဦးအား အတူတကွ ပေါင်းဖေါ်နေထိုင်ရန် ဘုရားသခင်ရွေးချယ်ထားတော်မူသည်ကို ကျမမြင်တွေ့ခဲ့ရပါသည်။ တစ်ခါတစ်ရံ ပေတရုအနေဖြင့် အရှိန်အဟုန် ပြင်းထန်လာတတ်ပါသည်။ ထိုအချိန်မျိုးတွင် ချစ်တော်မူခြင်းကိုခံရသော တပည့်တော်က တားမြစ်ထားရပါသည်။ သို့သော် ပေတရုပြောင်းလဲခြင်းမရှိ၊ သူ၏ အရှင်သခင်ကို ငြင်းပယ်ပြီးနောက် သတိရပြန်သောအခါ နောင်တရ၍ စိတ် ပြောင်းလဲခြင်းသို့ရောက်ခဲ့၏။ ထိုအခါ ပေတရုစိတ်မြန်ခြင်းအတွက် ယောဟန်အေးဆေးသတိပေးခြင်း လိုအပ် လာပါသည်။ အကယ်၍ယောဟန်တစ်ဦးတည်းကိုသာ ပစ်ထားမည်ဆိုပါက ခရစ်တော်၏ အမှုတော်နစ်နာစရာအ ကြောင်းများစွာ ရှိနိုင်ခဲ့ပါသည်။ ထိုအခါမျိုးတွင်ပေတရု၏ စိတ်အားထက်သန်မှုကိုလည်း လိုအပ်ပါသည်။ သူ၏ ရဲစွမ်း သတ္တိနှင့် စွမ်းအားကြောင့် သူတို့၏ အခက်အခဲများကို ကျော်လွန်၍ ရန်သူတို့ကို နှိမ်နင်းခဲ့၏။ ယောဟန်သည် လူချစ် လူခင်များ၏။ သူသည်သည်းခံခြင်း၊ စိတ်ရှည်ခြင်းနှင့် ကတိသစ္စာတည်မြဲမှုတို့ကြောင့် ခရစ်တော်၏ အမှုတော်အတွင်း သို့ လူအမြောက်အမြားကို ခေါ်ဆောင်နိုင်ခဲ့ပါသည်။GCB58 50.1

    သာသနာပိုင်ရဟန်းမင်းများ အုပ်စိုးခဲ့သော အသင်းတော်၏ဒုစရိုက်များကို ဖေါ်ထုတ်ကြွေးကြော်၍ ဘာသာ ရေးပြုပြင်ပြောင်းလဲခြင်းလုပ်ငန်း ဆောင်ရွက်မည့်လူများပေါ်ထွန်းစေရန် ဘုရားရှင်စီရင်တော်မူ၏။ ထိုသက်ရှိသက် သေခံချက်များကို ဖျက်ဆီးသုတ်သင်ရန် စာတန်ကြိုးစားလေ၏။ သို့သော် သူတို့၏ ပတ်ဝန်းကျင်၌ ဘုရားရှင်စောင့် ထိန်းရန် ကာကွယ်ထားတော်မူ၏။ ကိုယ်တော်၏ ဘုန်းတော်ထင်ရှားစေခြင်းငှါ အချို့သော သက်သေခံများတို့သည် မိမိတို့၏ သက်သေခံချက်များကို မိမိတို့၏ အသွေးဖြင့် တံဆိတ်ခတ်ခွင့်ရကြ၏။ ထိုသူတို့အပြင် မာတင်လုသာနှင့် ပလန်ချသွန်တို့ကဲ့သို့ တန်ခိုးကြီးသောသူများလည်း ရှိကြ၏။ သူတို့သည် ဘုရားရှင်၏ဘုန်းတော် ထင်ရှားစေခြင်းငှါ အသက်ရှင်လျှက် ပါပရဟန်းမင်းများ လက်အောက်ခံ ရဟန်းမင်းများနှင့် ရှင်ဘုရင်များ၏ ဒုစရိုက်များကို ဖေါ်ထုတ် ရကြ၏။ မာတင်လုသာ၏ အာဘော်ကြောင့် တုန်လှုပ်ချောက်ခြားကြ၏။ ထိုရွေးချယ်ခြင်းခံရသူများ သယ်ဆောင်ခဲ့ သည့်အလင်းတရားကြောင့် အမှောင်ထုကွယ်ပျောက်စပြုလေပြီး။ လူအများစုဝမ်းမြောက်စွာဖြင့်လည်း လက်ခံပြီးထို အလင်းတရားလမ်းစဉ်၌ပင် လျှောက်လှမ်းသွားကြလေပြီး။ သက်သေခံတစ်ဦးကျဆုံးသောအခါ သူ၏နေရာကိုယူ ရန်နှစ်ယောက် (သို့) ပိုသောသူတို့ ပေါ်ထွန်းခဲ့ပါသည်။GCB58 50.2

    သို့သော်စာတန်ကျေနပ်မှုမရ၊ ခန္ဓာကိုယ်ကိုသာ ဖျက်ဆီးနိုင်ခဲ့၏။ ယုံကြည်သောသူတို့၏ မျှော်လင့်ခြင်းနှင့် ယုံကြည်ခြင်းကို စွန့်ပစ်စေခြင်းငှါ သူမစွမ်းဆောင်နိုင်ပေ။ ဖြောင့်မတ်သောသူတို့ ထမြောက်သောအခါ မပုပ်မပျက်နိုင် သောခန္ဓာကိုယ်ဖြင့် ပြန်လည် ထမြောက်ရကြတော့မည်ဟူသော မျှော်လင့်ချက်ဖြင့် သန့်ရှင်းသောသူတို့သည် စုတေ့ ကာ အချိန်ပင်အောင်ပွဲခံကြ၏။ သူတို့စွမ်းအင်သည် သာမန်လူသားထက်ပို၏။ သူတို့သည် ခေတ္တခဏမျှပင် ငိုက်မျဉ်းအိပ်ပျော်၍ မနေဝံ့ကြပေ။ ဝိညာဉ်ရေးဆိုင်ရာ ရန်သူများနှင့်သာမက သင်၏ယုံကြည်ခြင်းကို စွန့်ပစ်မည် လော။ အသေခံမည်လောဟု အမြဲတစ်စေ အော်ဟစ်မေးမြန်းနေသည်။ လူသားတို့၏ အသွင်ကိုဆောင်ထားသော စာတန်၏ရန်သူကို ဆိုင်ပြိုင်တိုက်လှန်နိုင်ရန် ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆင်လျှက် အသင့်စောင့်နေရကြ၏။ ထိုအနည်းငယ်မျှသော ခရစ်ယာန်တို့သည် ဘုရားသခင်နာမတော်၌ ခွန်အားကိုရယူကြ သည့်အတွက် ကိုယ်တော်၏ အမှုတော်၌ ရဲရင့်တည်ကြည်ခြင်းမရှိသည့် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်မျှသော ခရစ် ယာန်အမည်ခံများထက် ကိုယ်တော်ရှေ့တော်၌ မြတ်နိုးဖွယ်ဖြစ်ကြပါသည်။ အသင်းတော်သည်နှိပ်စက်ညှဉ်းဆဲခြင်းခံ နေရစဉ် အသင်းသားများပို၍ စည်းလုံးကြ၏။ ပို၍ချစ်ခင်ရင်းနှီးကြ၏။ ဘုရားသခင်၌ပို၍ ခွန်အားရကြ၏။ မတရား သောသူတို့သည် အသင်းတော်နှင့် ပူးပေါင်းခွင့်မရကြတော့ပါ။ ခရစ်တော်အတွက် ရှိသမျှစွန့်လွှတ်လိုသောသူများ သာခရစ်တော်၏တပည့်တော် ဖြစ်နိုင်ကြ၏။ ထိုသူများသည် ဆင်းရဲခြင်းနှင့် နှိမ့်ချခြင်းကို မြတ်နိုး၍ ခရစ်တော်နှင့် တူလိုကြ၏။GCB58 50.3

    ဆက်လက်လေ့လာရန်။ လုကာ ၂၂:၆၁-၆၂။ ယော ၁၈:၁၀။ တမန် ၃၊ ၄။GCB58 51.1