Loading...
Larger font
Smaller font
Copy
Print
Contents

Great Controversy 1858

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၃၅) တတိယသတင်းစကားကို လက်စသပ်ခြင်း။

    တတိယကောင်းကင်တမန်၏သတင်းစကားကို လက်စသပ်ချိန်ကို ကျမအားညွှန်ကြားပြသထားတော်မူ၏။ ကိုယ်တော်၏လူများအပေါ်သို့ ဘုရားသခင်၏ တန်ခိုးတော်သက်ရောက်လာသောကြောင့် သူတို့၏လုပ်ငန်း တာဝန် များအောင်မြင်စွာပြီးဆုံးသဖြင့် စစ်ဆေးခြင်းကာလသည် သူတို့ထံသို့ မကြာမီရောက်လာတော့မည်။ စစ်ဆေးရာကာ လအတွက် အသင့်ပြင်ဆင်ပြီးဖြစ်နေကြပါသည်။ သူတို့သည် နောက်မိုးကို ရရှိပြီးဖြစ်နေကြ၏။ တနည်းအားဖြင့် ထာဝ ရဘုရားထံတော်မှ အသစ်သောခွန်အားသည် သူတို့ထံသို့ရောက်လာပြီးဖြစ်၍ အသက်ရှင်သောသက်သေခံချက် များမှာလည်းပြန်၍ လန်းဆန်းလာပါသည်။ ထူးကဲသည့် နောက်ဆုံးနိုးဆော်ချက်ကိုလည်း နေရာအနှံ့အပြားတွင် ကြွေးကြော်ကြပြီးဖြစ်ရာ ထိုသတင်းစကားတော်ကို လက်မခံသော ကမ္ဘာသူကမ္ဘာသားများလှုပ်လှုပ်ရွရွဖြစ်၍ အမျက် ထွက်နေကြပါသည်။GCB58 88.1

    ကောင်းကင်ဘုံတွင် ကောင်းကင်တမန်များသည် လူးလာခတ်ကာ အလျင်စလိုပျံသန်းနေကြသည်ကို ကျမ မြင်တွေ့ရပါသည်။ ကောင်းကင်တမန်တစ်ပါးသည် မှင်တံပါသည့် မင်အိုးကို မိမိ၏နံဘေးတွင် ချိတ်ဆွဲလျှက်ကမ္ဘာမြေ ကြီးပေါ်မှပြန်လာပြီးလျှင် မိမိအားပေးအပ်ထားသည့်လုပ်ငန်းတာဝန်ကို လက်စသပ်ခဲ့ပြီးဖြစ်ကြောင်း၊ သန့်ရှင်းသူအ လုံးစုံတို့ကိုလည်း အရေအတွက်နှင့်တကွ တံဆိတ်ခတ်ခဲ့ပြီးဖြစ်ကြောင်း သခင်ယေရှုအား သတင်းပို့နေပါသည်။ ထို အခါ ပညတ်တော်ဆယ်ပါး ထည့်ထားသည့် သေတ္တာတော်အနီးတွင် ရပ်လျှက် အမှုတော်ဆောင်နေသော သခင် ယေရှုသည်လင်ပန်းကိုအောက်သို့ပစ်ချလိုက်ပြီးလျှင် မိမိ၏လက်တော်ကိုဆန့်လျှက်အသံကျယ်စွာဖြင့် ‘‘အမှုပြီးပြီ’’ ဟု မိန့်တော်မူ၏။ ‘‘မတရားသောသူသည်မတရားသဖြင့်ပြုစေဦး၊ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး’’ ဟု သခင်ယေရှု သည်လေးနက်စွာကြေငြာတော်မူလိုက်သောအခါ ကောင်းကင်တမန်ထုကြီးသည် မိမိတို့၏ သရဖူများကို ကိုယ်တော် ၏ ခြေတော်ရင်းတွင် ချထားပုံကို ကျမမြင်တွေ့ရပါသည်။GCB58 88.2

    အသက်ရှင်ရမည့်(သို့) သေရမည်ဆိုသည်ကို လူတိုင်းအတွက် စီရင်ချက်ချမှတ်၍ပြီးလေပြီ။ သန့်ရှင်းရာဌာန တော်အတွင်း သခင်ယေရှုအမှုတော်ဆောင်ရွက်နေတော်မူချိန်က စုတေ့သောဖြောင့်မတ်သူများအား တရားစီရင် တော်မူပြီးနောက် အသက်ရှင်လျှက်ရှိသော ဖြောင့်မတ်သူများအား ဆက်လက်စီရင်တော်မူ၏။ ခရစ်တော်သည် မိမိ၏ လူများအတွက် အပြစ်ဖြေလွှတ်ခြင်းဆိုင်ရာ အမှုတော်ကို ဆောင်ရွက်ပြီးနောက် သူတို့၏ အပြစ်များကို ချေဖျက်ပြီး နောက် မိမိ၏နိုင်ငံတော်ကိုလက်ခံရယူတော်မူ၏။ ထိုနိုင်ငံတော်အတွက် နိုင်ငံသားများကိုလည်း ရွေးချယ်ပြီးဖြစ်လေ ပြီ။. သိုးသငယ်၏မင်္ဂလာဆောင်ပွဲကြီးလည်း ပြီးမြောက်သွားလေပြီး။ ထိုအခါကောင်းကင်တခွင်လုံးအောက်တွင်ကြီး မြတ်သောနိုင်ငံတော်ဖြစ်သည့် ထိုနိုင်ငံတော်ကို သခင်ယေရှုနှင့် ကယ်တင်ခြင်းဆိုင်ရာ အမွေခံများအားပေးအပ် တော်မူသောကြောင့် ကိုယ်တော်သည် ဘုရင်တကာတို့၏ဘုရင်၊ အရှင်တကာတို့၏အရှင်အဖြစ် စိုးစံတော်မူရန်သာ ရှိပါတော့သည်။GCB58 88.3

    သခင်ယေရှုသည်အသန့်ရှင်းဆုံးသောအခန်းမှ ထွက်လာတော်မူသောအခါ ကိုယ်တော်၏ဝတ်ရုံတော်မှ သာယာသောဆည်းလည်းသံကလေးများကို ကျမကြားရပါသည်။ ထိုသို့ကိုယ်တော်ထွက်လာတော်မူစဉ် ကမ္ဘာမြေကြီး ပေါ်ရှိလူသားများအပေါ်သို့ မည်းမှောင်သော မိုးတိမ်ကြီးဖုံးလေ၏။ ထိုအချိန်သို့ရောက်သောအခါ ပြစ်ဒဏ်သင့်နေ သောလူသားနှင့်ဘုရားသခင်စပ်ကြားတွင် ဖျန်ဖြေမည့်သူမရှိတော့ပါ။ ပြစ်ဒဏ်သင့်သောလူသားနှင့် ခမည်းတော် ဘု ရား၏စပ်ကြားတွင် သခင်ယေရှုရပ်တော်မူခဲ့စဉ်က သူတို့အပေါ်၌ အကာအကွယ်ရှိနေခဲ့ပါသည်။ သို့သော်ကိုယ်တော် သည်လူတို့နှင့် ခမည်းတော်စပ်ကြားမှ ထွက်ခွာသွားတော်မူသောအခါ ထိုအကာအကွယ်မရှိတော့သဖြင့် နောက်ဆုံး အချိန်အထိ နောင်တမရဘဲ စိတ်နှလုံးခိုင်မာနေသေးသောသူများကို စာတန်စိုးမိုးလေ၏။ သခင်ယေရှုသည် သန့်ရှင်း ရာဌာနတော် အတွင်း၌ အမှုတော် ဆောင်ရွက်နေတော်မူစဉ်အချိန်၌ ဘေးဒဏ်များကို သွန်းလောင်း၍မရပါ။ သို့ သော်ယင်းသန့်ရှင်းရာဌာနတော်အတွင်း၌ ကိုယ်တော်၏ အမှုတော်လက်စသတ်သွားသောအခါ ကိုယ်တော်၏ကြား ဖျန်ဖြေရေးအမှုတော်ကြီး ပြီးဆုံးသွားပြီဖြစ်သောကြောင့် မည်သည့်အကြောင်းအရာကမျှ ဘုရားသခင်၏ အမျက် တော်ဖလားကို ရပ်ဆိုင်းထားနိုင်တော့မည်မဟုတ်ပါ။ ထို့ကြောင့် အကာအကွယ်မရှိတော့ဘဲ ပြစ်ဒဏ်သင့်နေသော အပြစ်သားကယ်တင်ခြင်းကို အလေးမထားခဲ့သော အပြစ်သားဆုံးမဩဝါဒကို မနှစ်သက်သော ထိုအပြစ်သား၏ ခေါင်းပေါ်တွင် ဘုရားသခင်၏ အမျက်တော်ဖလားပေါက်ကွဲလေ၏။ သခင်ယေရှု၏ ကြားဖျန်ဖြေရေးအမှုတော်ကြီး ပြီးဆုံးသည့်နောက် ကြောက်မက်ဖွယ်ရာကောင်းလှသော အချိန်ကာလအတွက် သန့်ရှင်းသောသူများသည် သန့်ရှင်း တော်မူသော ဘုရားသခင်၏ ရှေ့တော်တွင်ကြားဖျန်ဖြေသူမရှိဘဲ အသက်ရှင်နေရကြပါသည်။ လူတိုင်း၏အမှုများကို စီရင်ဆုံးဖြတ်၍ပြီးလေပြီ။ ရတနာမှန်သမျှကိုလည်း အမှတ်စဉ်တပ်၍ ပြီးလေပြီ။ သခင်ယေရှုသည်လည်းကောင်းကင် သန့်ရှင်းရာဌာနတော်၏အပြင်ခန်းတွင် ခေတ္တဆိုင်းလင့်၍ နေတော်မူလိမ့်မည်။ ကိုယ်တော်သည် အသန့်ရှင်းဆုံး သောအခန်းအတွင်း ရှိခဲ့စဉ်က ဖေါ်ပြဝန်ချတောင်းပန်ခဲ့သောအပြစ်ပေါင်းကို ထိုဆိုင်းလင့်နေသော အချိန်တွင် စာ တန်၏အပေါ်သို့ တင်လိုက်မည်ဖြစ်ရာ အပြစ်ဒုစရိုက်၏ဖခင်ဖြစ်သူသည် ထိုအပြစ်အားလုံးအတွက် ပြစ်ဒဏ်ကိုခံရ ပေလိမ့်မည်။GCB58 88.4

    ထို့နောက်သခင်ယေရှုသည် ယဇ်ပရောဟိတ်မင်း၏ ဝတ်စုံကိုချွတ်ပြီးလျှင် အမြင့်မြတ်ဆုံးသောဘုရားကြီး၏ ဝတ်စုံကိုဆင်မြန်းတော်မူ၏။ ကိုယ်တော်သည်များစွာသောသရဖူကို တစ်ခုအတွင်းတစ်ခုသွင်း၍ ဆောင်းထားတော် မူ၏။ ထို့နောက်ကောင်းကင်တမန်ထုကြီးက ဝန်းရံလျှက်ကောင်းကင်ဘုံမှ ထွက်ခွာတော်မူ၏။ ဘေးဒဏ်များသည် လည်း မြေကြီးသားတို့အပေါ်သို့ ကျရောက်လေ၏။ အချို့သောသူများက ဘုရားသခင်ကို ပြစ်တင်ကျိန်ဆဲကြ၏။ အခြားသောသူများကမူ ဘုရားသခင်၏လူများထံသို့ ပြေးလာ၍ တရားစီရင်ခြင်းတည်းဟူသော ထိုဘေးဒဏ်မှလွှတ် မြောက်ရေးအတွက် မည်သို့မည်ပုံဆောင်ရွက်ရမည်ကို သွန်သင်ပေးရန်တောင်းပန်ကြ၏။ သို့သော် သန့်ရှင်းသောသူ များအနေဖြင့် မည်သို့မျှ မတတ်နိုင်ကြ။ အပြစ်သားတို့အတွက် နောက်ဆုံးမျက်ရည် ကျပြီးခဲ့ပြီ။ စိတ်ဒုက္ခကိုယ်ဒုက္ခခံ လျှက်နောက်ဆုံးသောပဌနာကိုလည်းတောင်းခံ၍ ပြီးခဲ့လေပြီ။ နောက်ဆုံးသောဝန်ကိုလည်း ထမ်းပေးခဲ့ပြီးလေပြီ။ နောက်ဆုံးသော နိုးဆော်ခြင်းကိုလည်း ပေးခဲ့လေပြီး သူတို့အား သာယာချိုအေးသော ကရုဏာသံဖြင့် နောက်တစ်ဖန် ဖိတ်ခေါ်ရန်အကြောင်းမရှိတော့ပါ။ ကောင်းကင်ဗိုလ်ခြေအပေါင်းနှင့် သန့်ရှင်းသူများက သူတို့ကယ်တင်ခြင်းရရှိရေး အတွက်စိတ်ဝင်စားခဲ့ကြသောအချိန်က သူတို့စိတ်မဝင်စားခဲ့ကြပါ။ သေခြင်းတရားနှင့် အသက်ရှင်ခြင်းတရားကို သူတို့ရှေ့မှောက်တွင် ချပြခဲ့ပြီးလေပြီ။ အများသောသူတို့သည် အသက်ရှင်ခြင်းကို လိုလားခဲ့ကြသော်လည်း ပိုင်ဆိုင် သည့်တိုင်အောင်အားမထုတ်ကြပါ။ အသက်ရှင်ခြင်းတရားကို သူတို့မရွေးချယ်ခဲ့ကြသဖြင့် ယခုသူတို့၏အပြစ်ကို ဆေးကြောပေးရန်အတွက် အပြစ်ဖြေရာ သွေးဆော်မရှိတော့ပါ။ သူတို့အတွက် အသနားခံတောင်းပန်ပေးရန် ကြင် နာတော်မူသော ကယ်တင်ရှင်မရှိတော့ပါ။ ‘‘ခွင့်လွှတ်တော်မူပါ၊ ခွင့်လွှတ်တော်မူပါ။ ခေတ္တဆိုင်းငံ့၍ အပြစ်သားကို ခွင့်လွှတ်တော်မူပါ’’ ဟုတောင်းပန်အသနားခံပေးမည့်သူလည်း မရှိတော့ပါ။ ‘‘အမှုပြီးပြီ၊ အားလုံးပြီးပြီ’’ ဟု သခင် ယေရှု၏ကြောက်မက်ဖွယ်သော ကြွေးကြော်သံကိုကြားရသောအခါ ကောင်းကင်ဗိုလ်ခြေ အပေါင်းကလည်း သခင် ယေရှုနှင့်အတူ ပူးပေါင်းကြွေးကြော်ကြလေ၏။ ကယ်တင်ခြင်းစီမံကိန်းကြီး အောင်မြင်စွာ ပြီးဆုံးလေပြီ။ သို့သော်ထို ကယ်တင်ခြင်းကို ရွေးချယ်၍ လက်ခံသောသူ နည်းလှပါ၏။ ထိုအချိန်တွင် ကရုဏာတော်ခေါ်ဖိတ်သံပျောက်ကွယ် သွားလေပြီးဖြစ်သောကြောင့် မတရားသောသူတို့သည် ကြောက်လန့်တုန်လှုပ်ကြလေ၏။ ‘‘နောက်ကျသွားလေပြီးတ ကား၊ နောက်ကျသွားလေပြီးတကား’’ ဟု ကြောက်မက်ဖွယ်ရာ ကြွေးကြော်သံများကို ထင်ရှားပြတ်သားစွာ သူတို့ကြား ရလေ၏။GCB58 89.1

    ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို တန်ဖိုးမထားခဲ့ကြသောသူများသည် ထာဝရဘုရား၏အမိန့် တော်ကိုရှာလျှက် ပင်လယ်တစ်ပါးမှ နောက်ပင်လယ်တစ်ပါးတိုင်အောင် လှည့်လည်၍ တောင်မြောက်ပြေးလွှားကာ ရှာဖွေနေကြရာ ကောင်းကင်တမန်က ‘‘သူတို့ရှာ၍တွေ့ကြလိမ့်မည်မဟုတ်၊ မွတ်သိပ်ခြင်းဘေးမဟုတ်၊ ရေငတ်ခြင်း ဘေးလည်းမဟုတ်၊ ထာဝရဘုရား၏ အမိန့်တော်ကို မကြားရသောမွတ်သိပ်ခြင်းဘေးဖြစ်၏။ ဘုရားသခင်သဘောတူ တော်မူသည့်စကားတစ်လုံးအတွက် သူတို့၏ဥစ္စာဘဏ္ဍာရှိသမျှကို ပေး၍ရှာဖွေနေကြ၏။ သို့သော်မတွေ့နိုင်ကြချေ။ ရှေ့ သို့ဆက်၍ မွတ်သိပ်ကြပေလိမ့်မည်။ ကယ်တင်ခြင်းတရားကို နေ့ရက်အစဉ်အတိုင်း တန်ဖိုးမထားခဲ့ကြ။ ကောင်းကင် ဘဏ္ဍာအထက်မှ တိုက်တွန်းနိုးဆော်ချက်ထက် လောကီကြွယ်ဝခြင်းပျော်မွေ့ခြင်းများကို ပို၍တန်ဖိုးထားခဲ့ကြ၏။ သူ တို့သည်သခင်ယေရှုကို ငြင်းပယ်၍ ကိုယ်တော်၏ သန့်ရှင်းသူများကို မထီမဲ့မြင်ပြုခဲ့ကြ၏။ ညစ်ညူးသောသူသည်ထာ ဝရကာလ တိုင်အောင် ညစ်ညူး၍နေရမည်’’ ဟု ပြောပါသည်။GCB58 89.2

    ဘေးဒဏ်များကြောင့် ဒုက္ခဝေဒနာခံရကြသဖြင့် မတရားသောသူအများအပြား ပြင်းထန်စွာ ဒေါသထွက် ကြ၏ကြောက်မက်ဖွယ်ကောင်းလှသော စိတ်ဒုက္ခကိုယ်ဆင်းရဲခံစားရသည့်မြင်ကွင်းတစ်ခုပါတကား။ မိဘများက သားသမီးများကိုလည်းကောင်း၊ မောင်များကနှမများကိုလည်းကောင်း၊ နှမများကမောင်များကိုလည်းကောင်း၊ ရင့်သီး စွာပြစ်တင်ဝေဖန်ကြပါသည်။ ‘‘သမ္မာတရားတော်ကိုလက်ခံဖို့သင်ကသာမတားဆီးခဲ့ပါက ယခုကဲ့သို့သောဆင်းရဲဒုက္ခ ကပ်ကာလနှင့်ရင်ဆိုင်ရလိမ့်မည်မဟုတ်’’ ဟု တစ်ဦးကိုတစ်ဦး အပြစ်ဖို့၍ ကျယ်လောင်စွာငိုကြွေးမြည်တမ်းနေကြ သောအသံများကို နေရာအနှံ့အပြားတွင် ကြားနေရပါသည်။ ပြည်သူလူထုကလည်း ‘‘ကျွန်ုပ်တို့အား ဆရာတို့က သတိ မပေးမနိုးဆော်ခဲ့သည့်အပြင် ကြောက်ရွံ့စတ်ပေါ်လာသည့်အခါများ၌ပင်လျှင် ငြိမ်ဝပ်စွာနေလော့။ ငြိမ်ဝပ်စွာနေ လော့။တကမ္ဘာလုံးပြောင်းလဲခြင်းသို့ ရောက်လိမ့်မည်ဟုကြောက်ရွံ့စိတ်ပြေပျောက်အောင် ဟောပြောခဲ့သည်မဟုတ် လော။ ယခုခံစားနေရသည့် ဆင်းရဲဒုက္ခကပ်ကာလအကြောင်းကို မဟောပြောခဲ့ပါတကား။ ဤအကြောင်းများနှင့် ပတ် သက်၍ ဟောပြောသောသူများကိုလည်း ငါတို့ကိုဖျက်ဆီးမည်တစ်ယူသန်များ၊ မိစ္ဆာဒိဌိမားသာဖြစ်ကြသည်ဟုဆရာ တို့က ပြောခဲ့ကြသည်မဟုတ်ပါလော့’’ ဟုသူတို့၏ဓမ္မဆရာများအား လွန်စွာမုန်းတီးရွံရှာ၍ ပြစ်တင်ပြောဆိုကြလေ ၏။ သို့သော်ထိုဓမ္မဆရာများသည်ပင်လျှင် ဘုရားသခင်၏ အမျက်တော်ဖလားမှမလွှဲမရှောင်နိုင်ကြပုံကို ကျမမြင်တွေ့ ရပါသည်။ သူတို့ခံစားရသည့် ပြစ်ဒဏ်မှာ သူတို့၏လူများထက်ပင် ဆယ်ဆပိုလေ၏။GCB58 89.3

    ဆက်လက်လေ့လာရန်။ ယေဇ ၉:၂-၁၁။ ဒံယေ ၇:၂၇။ ဟောရှေ ၆:၃။ အာမုတ် ၈:၁၁-၁၃။ ဗျာ ၁၆၊ ၁၇:၁၄၊ ၂၂:၁၁။GCB58 90.1