Loading...
Larger font
Smaller font
Copy
Print
Contents

Great Controversy 1858

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၂၂) ဝီလျံမေးလား

    အနာဂတ္တိစကားများကို ရှာဖွေလေ့လာရာ၌ ဦးဆောင်ရန်ကျမ်းစာကိုမယုံကြည်သည့် လယ်သမားတစ်ဦးထံ သို့ကောင်းကင်တစ်မန်တစ်ပါးကို ဘုရားသခင်စေလွှတ်တော်မူသည်ကို ကျမမြင်တွေ့ရပါသည်။ ဘုရားသခင်၏သား သမီးများအတွက် အမြဲတစ်စေမှောင်မိုက်သဖွယ်ဖြစ်နေသည့် ပုရောဖက်စကားများကို နားလည်သဘောပေါက်ရန် နှင့်သူ၏ ဉာဏ်မျက်စိကိုဖွင့်ပေးရေးအတွက် ဘုရားသခင်၏ ကောင်းကင်တမန်များသည် ရွေးချယ်ခြင်းခံရသောထို လယ်သမားကြီးထံသို့မကြာခဏလာရောက်ကြပါသည်။ သမ္မာတရားတော်ဆိုင်ရာ ကွင်းဆက်များ၏ မူလအစကိုသူ့ အားပေးတော်မူ၏။ ထိုနောက်သူသည် ဆက်လက်၍ ရှာဖွေရန်ပို့ဆောင်လမ်းပြခြင်း ခံရပါသည်။ နောက်ဆုံးတွင်သူ သည်ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုအံ့ဩခြင်း၊ မြတ်နိုးခြင်း၊ ရိုသေခြင်းတို့ဖြင့် ဆက်လက်ရှာဖွေသည့် အခြေအနေသို့ ရောက်လေ၏။ ထိုကျမ်းစာထဲတွင် စုံလင်သည့် သမ္မာတရားကွင်းဆက်ကြီးတစ်ခုကို တွေ့မြင်ရပါ သည်။ ဝိညာဉ်တော်အားဖြင့် ရေးသားထားသည်ဟု မယုံကြည်ခဲ့သောထိုနှုတ်ကပတ်တရားတော်သည် တင့်တယ်မြတ် နိုးဖွယ်ဖြစ်လာသည်။ ဘုန်းကြီးတော်မူသည်ဟု သူရှုမြင်ရလေ၏။ ကျမ်းစာ၏အစိတ်အပိုင်းတစ်ခုသည် အခြားသော အစိတ်အပိုင်းတစ်ခုကို ရှင်းလင်းဖေါ်ညွှန်းထားကြောင်း ကျမ်းချက်တစ်ရပ်ကို သူနားမလည်နိုင်သောအခါ နှုတ်က ပတ်တော်၏ နောက်တစ်နေရာတွင် ထိုကျမ်းချက်ကိုရှင်းလင်းဖေါ်ပြထားကြောင်း သူတွေ့မြင်ရပါသည်။ ဘုရားသ ခင်၏ သန့်ရှင်းသော နှုတ်ကပတ်တော်ကို ဝမ်းမြောက်စွာဖြင့်၎င်း၊ ရိုသေလေးမြတ်ခြင်းဖြင့်လည်းကောင်း ရှာဖွေဆည်း ပူးလေ၏။GCB58 53.2

    အနာဂတ္တိစကားများအတိုင်းဆက်၍ ရှာဖွေသောအခါ ဤကမ္ဘာမြေကြီးပေါ်တွင် မှီတင်းနေထိုင်ကြသော လူသားမျိုးနွယ်တစ်ရပ်လုံးသည် ကမ္ဘာ့သမိုင်း၏နောက်ဆုံးအချိန်သို့ ရောက်ရှိနေကြပြီးဖြစ်ကြောင်း၊ သူတွေ့ရှိလာ ၏။သို့သော် လူတို့မသိကြ၊ အသင်းတော်များကို ကြည့်လိုက်သောအခါ ပျက်စီးဆုတ်ယုတ်နေကြသည်ကို သူတွေ့မြင် ၏။မိမိ၏ မေတ္တာကို သခင်ခရစ်တော်ထံမှ ဖယ်ခွါလျှက် လောကရေးရာ၌ အသုံးပြုနေနေကြောင်းကို တွေ့ရှခဲ့ရပါ သည်။ ကောင်းကင်မှလာသော ဂုဏ်အသရေကို ရှာဖွေမည့်အစား လောကီဂုဏ်အသရေများကိုသာ ရှာဖွေနေကြ၏။ ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ဆည်းပူးထားရမည့်အစား လောကီစည်းစိမ်ဥစ္စာများကိုသာ ဆုပ်ကိုင်ထားကြ၏။ သူတော် ကောင်းဟန်ဆောင်ခြင်း၊ မှောင်မိုက်ဖုံးလွှမ်းခြင်းနှင့် သေခြင်းတရား၌ နှစ်မြုပ်နေခြင်းများကို နေရာအနှံ့အပြားတွင် သူတွေ့မြင်ရ၏။ သူ၏စိတ်ဓါတ်လှုပ်ရှားလာ၏။ ဧလိရှဲသည်သူ၏နွားနှင့်လယ်ကိုစွန့်၍ ဧလိယ၏နောက်သို့လိုက်ရန် ခေါ်ဆောင်မူခြင်းခံခဲ့ရသည့်နည်းတူ ဝီလျံမေးလားသည်လည်း သူ၏လယ်ကိုစွန့်၍ နောက်တော်သို့လိုက်ရန် ဘုရား သခင်ခေါ်တော်မူ၏။ တုန်ရီစွာဖြင့်ပင် ဝီလျံမေးလားသည် ဘုရားသခင်နိုင်ငံတော်၏ နက်နဲပုံများနှင့် ခရစ်တော် ဒုတိ ယအကြိမ်ကြွလာတော်မူမည့်အချိန်တိုင်အောင် အနာဂတ္တိစကားများကို လူအပေါင်းတို့အား ဖွင့်ပြလျှက် တစ်ဆက် တည်းဟောပြောလေ၏။ ကြိုးစားအားထုတ်ခဲ့သည်နှင့်အမျှ ခွန်အားကိုလည်းရရှိခဲ့ပ၏။ နှစ်ခြင်းဆရာယောဟန်သည် ခရစ်တော်ပထမအကြိမ်ကြွလာတော်မူမည့်အကြောင်း သံတော်ဆင့်၍ ကြွလာတော်မူရာလမ်းကို ပြင်ဆင်ပေးခဲ့ရ သည့်နည်းတူ ဝီလျံမေးလားနှင့်တကွ သူ၏အပေါင်းအဖေါ်တို့သည်လည်း ဘုရားသခင်၏ သားတော် ဒုတိယအကြိမ် ကြွလာတော်မူမည့်အကြောင်းကိုလည်း ကြွေးကြော်ကြလေ၏။GCB58 53.3

    ရှေးတမန်တော်များခေတ်သို့ ကျမအား တဖန်ခေါ်ဆောင်သွားပြီးလျှင် ကိုယ်တော်ချစ်တော်မူသည့်တမန် တော်ရှင်ယောဟန်အနေဖြင့် ပြီးဆုံးအောင်မြင်အောင်ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုကို ဘုရားသခင် စီမံထား ကြောင်းကျမရှုမြင်ရပါသည်။ ထိုအမှုတော်ကို ပိတ်ပင်တားဆီးထားရန် စာတန်ကလည်း ဆုံးဖြတ်ထားပါသည်။ ထို့ကြောင့် ယောဟန်ကိုဖျက်ဆီးသုတ်သင်ရန် သူ၏လူတို့အား တာဝန်ပေးဦးဆောင်လိုက်လေ၏။ သို့သော် ဘုရား သခင်သည် ကောင်းကင်တမန်ကို စေလွှတ်၍ တမန်တော်အား အံ့ဩဖွယ်ရာ ထိန်းသိမ်းစောင့်ရှောက်ထားတော် မူ၏။ယောဟန်လွတ်မြောက်ခဲ့ရာတွင် ဘုရားသခင်၏ ဘုန်းတော်ကြီးမြတ်ထင်ရှားပုံကို ကိုယ်တိုင်တွေ့မြင်ကြရသော လူတို့အံ့ဩကြသည်သာမက ဘုရားသခင်သည် ယောဟန်နှင့်အတူရှိကြောင်း ယေရှုအကြောင်းနှင့် ပတ်သက်၍ရှင် ယောဟန်၏ သက်သေခံချက်များ၊ အမှန်ဖြစ်ကြောင်း လူတို့ယုံကြည်ကြလေ၏။ သူ့ကိုဖျက်ဆီးသုတ်သင်ရန်ကြံစည် သူများသည် နောက်တစ်ဖန်သူ၏အသက်ကို အန္တရယ်ပေးရန် မကြံစည်ဝံ့ကြတော့ပေ။ ယေရှုအတွက် ဆက်လက် ၍ဆင်းရဲပင်ပန်းခြင်းခံလေ၏။ သူ၏ရန်သူများက မတရားစွပ်စွဲ၍ မကြာမီအတွင်း လူအသွားအလာနည်းပါးသော ကျွန်းတစ်ကျွန်းသို့ ပြည်နှင်ဒဏ်ပေးလိုက်ကြ၏။ ဘုရားသခင်သည်ကောင်းကင်တမန်အား ထိုကျွန်းသို့စေလွှတ်တော် မူလျှက်နောက်ဆုံးကာလအတွင်း အသင်းတော်နှင့် ဤကမ္ဘာလောကကြီးပေါ်၌ ဖြစ်ပေါ်လာမည့် အကြောင်းများအ သင်းတော်ဖေါက်ပြန်မည့်ပုံများ၊ သို့သော်ဘုရားသခင်အလိုတော်နှင့်ညီညွတ်၍ နောက်ဆုံးတွင် အောင်မြင်လိုပါက အသင်းတော်အနေဖြင့် မည်သည့်အခြေအနေတွင် တည်နေစေရမည်စသည်များကို ယောဟန်အားရူပါရုံတွင် ဖေါ်ပြ တော်မူ၏။ ကောင်းကင်မှယောဟန်ထံသို့ ဘုန်းတန်ခိုးနှင့် ဆင်းသက်လာသော ကောင်းကင်တမန်၏ မျက်နှာတွင် ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်ထွန်းတောက်နေပါသည်။ ဘုရားသခင်၏ အသင်းတော်သမိုင်းတွင် နက်နဲ၍ စိတ်ဝင်စားစရာမြင်ကွင်းများကိုလည်းကောင်း၊ ခရစ်တော်၏နောက်တော်သို့ လိုက်လျှောက်ကြသူများအနေဖြင့် ရင် ဆိုင်ရမည့် အန္တရယ်ကြီးသော ဆိုင်ပြိုင်မှုများကိုလည်းကောင်း၊ ယောဟန်အား ကောင်းကင်တမန်က ဖေါ်ပြပါသည်။ ထိုသူတို့သည် စုံစမ်းစစ်ဆေးခြင်းတည်းဟူသော ဒုက္ခဆင်းရဲမျိုးစုံကိုခံရပြီးမှ မီးနှင့်ချွတ်ပြီး၍ သန့်စင်သောရွှေပမာ နောက်ဆုံးတွင် အောင်ပွဲခံသောအောင်မြင်သူများ ဖြစ်ကြသဖြင့် ကယ်တင်ခြင်းသို့ရောက်၍ ဘုရားသခင်၏ နိုင်ံ တော်၌ ဘုန်းစည်းစိမ်ခံစားနေရကြပုံကို ယောဟန်ရှုမြင်ရပါသည်။ နောက်ဆုံးတွင် ဘုရားသခင်၏ အသင်းတော် အောင်မြင်ခြင်းရရှိပုံကို ယောဟန်အားဖေါ်ပြနေစဉ်တွင် ကောင်းကင်တမန်၏မျက်နှာတွင် ဝမ်းမြောက်ခြင်းရောင် ခြည်ထွန်းတောက်လျှက် ထူးကဲစွာဖြင့် ဘုန်းအသရေ တိုးတက်လာပါသည်။ နောက်ဆုံးတွင် အသင်းတော် လွတ် မြောက်ပုံကို ယောဟန်ရှုမြင်ရသောအခါ ထိုမြင်ကွင်း၏ ဘုန်းအသရေတော်ကြီးမြတ်ပုံနောက်သို့ စိတ်ပါသွားသဖြင့် ကြည်ညိုသဒ္ဒါစိတ်ထက်သန်လာပြီးလျှင် ကောင်းကင်တမန်အား ဝတ်ပြုရန်သူ၏ခြေရင်းတွင် ပြပ်ဝပ်ကိုးကွယ်လိုက် လေ၏။ ကောင်းကင်တမန်ကလည်း သူအားချက်ခြင်းလက်ဖြင့်ချီပြီး။ ‘‘ဤသို့မပြုပါနှင့် ငါဟာသင့်၏လုပ်ဖေါ်ဆောင် ဖက်ဖြစ်၏ဟု သက်သေခံတော်မူချက်ကို ဆောင်သောသင်၏ ညီအစ်ကိုတို့၏ လုပ်ဖေါ်ဆောင်ဖက်လည်းဖြစ်၏။ ဘုရားသခင်ကိုကိုးကွယ်လော့။ အကြောင်းမူကား ပရောဖက်ဟောသောစကားချက်သဘောသည် ယေရှု၏သက် သေဖြစ်သတည်း’’ ဟုညင်သာစွာ ပြောဆိုဆုံးမလိုက်ပါသည်။ ထို့နောက် ကောင်းကင်တမန်သည် ဘုန်းတော်ရောင် ခြည်ဖိတ်ဖိတ်တောက်နေသော ခမ်းနားသိုက်မြိုက်သည့် ကောင်းကင်ရွှေမြို့တော်ကို ယောဟန်အားပြပြန်သောအခါ ဝမ်းသာအားရ ကြည်နူးလှသဖြင့် ပထမအကြိမ် ဆုံးမခဲ့သည်ကို မေ့လျော့သဖြင့် ကောင်းကင်တမန်၏ ခြေရင်းတွင် နောက်တဖန်ပြပ်ဝပ်လျှက် ကိုးကွယ်ဝတ်ပြုရန် အားထုတ်ပြန်လေ၏။ ထိုအခါ ကောင်းကင်တမန်က ဤသို့မပြုပါနှင့်။ ငါသည် သင်၏လုပ်ဖေါ်ဆောင်ဖက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင်စကားကို စောင့်ရှောက်သော သူတို့၏ လုပ်ဖေါ်ဆောင်ဖက်လည်းဖြစ်၏။ ဘုရားသခင်ကိုကိုးကွယ်လော့ဟု နောက်တစ်ဖန်သာယာငြိမ့်ညောင်း သောအသံဖြင့် ဆုံးမပြန်လေ၏။GCB58 53.4

    ဗျာဒိတ်ကျမ်းသည် လျှို့ဝှက်နက်နဲ၍ အဓိပ္ပါယ်မထင်ရှား၊ အရေးပါမှုတွင်လည်း အခြားသော ကျမ်းချက်များ ထက်လျော့နည်းသည်ဟု တရားဟောဆရာများနှင့် အများသော သူတို့က မှတ်ယူကြ၏။ သို့သော် ဤကျမ်းတွင် နောက်ဆုံးသော ကာလတွင် နေထိုင်ကြသော သူတို့အဖို့ သူတို့၏ အခြေအနေနှင့် တာဝန်မှန်ကန်မှုကိုဖေါ်ပြလျှက် လမ်းညွှန်ကွပ်ကဲရာတွင် အထူးအကျိုးသက်ရောက်စေသည့် စာစောင်ဖြစ်ကြောင်း ကျမရှုမြင်ရပါသည်။ အနာဂတ္တိစ ကားများနှင့်စပ်လျဉ်း၍ ဝီလျံမေးလား၏ ဉာဏ်မျက်စိကို ဘုရားသခင်လမ်းညွှန်ကွပ်ကဲတော်မူလျှက် ဗျာဒိတ်ကျမ်းနှင့် ပတ်သက်၍လည်း များစွာသောအလင်းတရားကို ပေးတော်မူ၏။ ဒံယေလ၏ရူပါရုံကို နားလည်သဘောပေါက်ကြ မည်ဆိုပါက ရှင်ယောဟန်၏ ရူပါရုံများကိုပို၍ သဘောပေါက်ကြပါလိမ့်မည်။ သို့သော် အချိန်ရောက်လာသောအခါ ဘုရားသခင်သည် မိမိ၏ကျွန်ကို ရွေးချယ်တော်မူသဖြင့် ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးဖြင့် အနာဂတ္တိ စကားများကိုဖွင့်ပြနိုင်သည်သာမက ဒံယေလနှင့် ယောဟန်တို့မြင်ခဲ့ရသော ရူပါရုံများမှအစ အခြားသောကျမ်းချက် များ၏ သဘောညီညွတ် ဆီလျော်ပုံများတို့ပါ ရှင်းလင်းပြတ်သားစွာ ဖေါ်ပြနိုင်ပါသည်။ ၎င်းအပြင် လူသားကြွလာ တော်မူမည်ကို အသင့်ပြင်ဆင်၍ စောင့်နေကြရန် နှုတ်ကပတ်တရားတော်မှ လေးနက်ကြောက်မက်ဖွယ်သတိပေး ချက်များကိုလည်းဖေါ်ညွှန်းလျှက် လူတို့၏စိတ်နှလုံးများတွင် စွဲမှတ်နိုင်လောက်အောင် တိုက်တွန်းနှိုးဆော်လေ၏။ သူ ၏တရားကို ကြားနာရသောသူတို့သည် အမှားကိုမြင်၍ နောင်တသံဝေဂရကြ၏။ အဓမ္မအမှုတော်ဆောင်များလူထု ပရိသတ်များ၊ ဆိုးသောသူများနှင့် ဘုရားတရား မကြည်ညိုသောသူများသည် ထာဝရဘုရားထံတော်သို့ ချဉ်းကပ် လျှက် နောက်ဆုံးတရားစီရင်ခြင်းကို ခံရပ်နိုင်ရန် ပြင်ဆင်ထားကြဖို့ နည်းလမ်းရှာဖွေကြလေ၏။GCB58 54.1

    ဝီလျံမေးလားသာသနာပြုရာတွင် ကောင်းကင်တမန်များကို ရိုင်းပင်းကူညီကြပါသည်။ သူ့အားအပ်နှင်းထား သည့်သတင်းစကားကို မကြောက်မရွံ့၊ နောက်မဆုတ်ဘဲ ရဲရင့်တည်ကြည်စွာ ကြွေးကြော်ခဲ့စေပါသည်။ မတရားမှုများ ၏အလယ်တွင် လဲလျောင်းနေသော ကမ္ဘာကြီးနှင့်အေးစက်နိုင်၍ လောကီဆန်သော အသင်းတော်တို့၏ အခြေအနေ ကသူ့ကိုစိန်ခေါ်လျှက် ရှိနေပါသည်။ အပင်ပမ်းခံနိုင်၏။ ဆင်းရဲခံနိုင်၏။ ဒုက္ခမျိုးစုံကို ခံနိုင်စွမ်းရှိလာပါသည်။ ကမ္ဘာ လောကကြီးအနေဖြင့်လည်းကောင်း၊ ခရစ်ယာန်အမည်ခံသောသူများ အနေဖြင့်လည်းကောင်း၊ စာတန်နှင့်သူ၏တ မန်များက ပုတ်ခတ်ထိုးသတ်ကြ၏။ သို့သော်သူ့အား ခေါ်ဖိတ်သောနေရာတိုင်းသို့သွား၍ ထာဝရဧဝံဂေလိတရား တော်ကို မရပ်မနားဟောကြားခဲ့၏။ ‘‘ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသောအချိန် ရောက်လုပြီး’’ ဟု ရပ်နီးရပ်ဝေး နေရာအနှံ့တွင် ကြွေးကြော်လေ၏။GCB58 55.1

    ဆက်လက်လေ့လာရန်။ ၃ဓမ္မ ၁၉:၁၆-၂၁။ ဒံ ၇-၁၂။ ဗျာ ၁၄:၇။ ၁၉:၈-၁၁။ ၂၂:၆-၁၀။GCB58 55.2