Loading...
Larger font
Smaller font
Copy
Print
Contents

Great Controversy 1858

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သင်ခန်းစာ (၁၇) ကြီးမားသော ဖေါက်ပြန်မှု။

    ခရစ်ယာန်မဟုတ်သူတို့သည် ခရစ်ယာန်များကိုညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မည့် အနာဂါတ်အချိန်ကာလကို ရူပါရုံ၌ကျမမြင်တွေ့ခဲ့ရပါသည်။ သွေးချောင်းများဒရဟောစီးခဲ့ပါသည်။ သူတော်ကောင်းများပညာတတ်များနှင့်သာ မန်လူတန်းစားများကို ဂရုဏာကင်းမဲ့စွာဖြင့် ရောနှောသတ်ဖြတ်ခဲ့ကြပါသည်။ မိမိတို့၏ဘာသာတရားကို စွန့်လွှတ်ရန် ငြင်းဆန်ခဲ့သည့်အတွက် ချမ်းသာသောမိသားစု အသိုင်းအဝိုင်းများတို့သည် မွဲတေဆင်းရဲခဲ့ရပါသည်။ ဤကဲ့သို့ ညှဉ်း ပမ်းနှိပ်စက်မှုကို အမျိုးမျိုးခံရသော်လည်း ထိုခရစ်ယာန်ယုံကြည်သူတို့သည် မိမိတို့၏ ဝိညာဉ်ရေးအဆင့်အတန်းကိုမ စွန့်လွှတ်ခဲ့ပါ။ မိမိတို့၏ ဘာသာတရားကို သန့်ရှင်းစွာစောင့်ထိန်းခဲ့ပါသည်။ ဘုရားသခင်၏ လူများ၊ ဒုက္ခခံရပါကစာ တန်မာရ်နတ်သည် ဝမ်းမြောက်ပျော်ရွှင်ခဲ့ပါသည်။ သို့သော်လည်း မိမိအတွက် အသေခံဝံ့ခဲ့သည့် ထိုအချိန်ကာလ၌ သစ္စာရှိသည့် ခရစ်ယာန်များကို ဘုရားသခင် ဂုဏ်ယူတော်မူကြောင်း ကျမတွေ့ခဲ့ရပါသည်။ ထိုအချိန်အခါ၌ ရှိခဲ့သည့် ခရစ်ယာန်များကို ဘုရားသခင် အထူးနှစ်သက်တော်မူခဲ့ပါသည်။ ခံစားခဲ့ရသောဒုက္ခဆင်းရဲခြင်းများသည်ကောင်း ကင်ရှိ ထိုသူတို့၏ဆုလာဘ်ကို ပိုမိုကြီးမားစေခဲ့ပါသည်။ ထိုသူတို့၏ ကိုယ်ခန္ဓာသာမက စိတ်ဝိညာဉ်ကိုလည်း ထိန်း ချုပ်ရန် စာတန်လိုလားခဲ့ပါသည်။ ဒုက္ခဆင်းရဲခြင်းနှင့်ကြုံတွေ့သောအခါ ထိုခရစ်ယာန်တို့သည် ဘုရားသခင်နှင့် ပိုမို နီးကပ်ရုံမကဘဲ တစ်ဦးနှင့်တစ်ဦး ပို၍ မေတ္တာပွားများလာပါသည်။ ဘုရားသခင်ကို ပြစ်မှားမည့်အကြောင်းပို၍ စိုး ရိမ်လာခဲ့ပါသည်။ ထိုသူတို့သည် ဘုရားသခင်ကိုပြစ်မှား၍ မိမိ၏ခွန်အား မိမိတို့၏ အားကိုးရာခိုလုံရာဖြစ်သောဘုရား သခင်၏အမျက်တော်ကို စူးရှရန် စာတန်မာရ်နတ်လိုလားခဲ့ပါသည်။ လူထောင်ပေါင်းများစွာ သတ်ဖြတ်ခဲ့ရသော် လည်း အစားထိုးဝင်ရောက်လာသူများနှင့် ပြည့်နေပါသည်။ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်မှုကို ကြုံတွေ့ရသော် လည်းခရစ်တော်၌ တည်မြဲလျှက်ရှိသည့်အတွက် စာတန်မာရ်နတ်သည် အရှုံးနှင့်သာ ရင်ဆိုင်လျှက် ရှိပါသည်။ ဘုရား သခင်၏နိုင်ငံတော်၌ လူဦးရေမလျော့ခဲ့ပါ။ စာတန်သည် ဘုရားသခင်၏နိုင်ငံတော် တိုက်ခိုက်၍ အသင်းတော်ကြီးကို ဖျက်ဆီးရန်ပိုမိုကောင်းမွန်သော အစီအစဉ်များကို ချမှတ်ခဲ့ပါသည်။ ခရစ်ယာန်မဟုတ်သူတို့သည် ခရစ်ယာန်ယုံကြည် ချက်များကို လက်ခံ၍ အသင်းတော်ထဲသို့ ဝင်ရောက်လာပါသည်။ စိတ်နှလုံးပြောင်းလဲခြင်း မရှိဘဲနှင့် သခင်ခရစ်တော် ၏အသေခံတော်မူခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်သည်ဟုဆိုလျှက် အသင်းတော်ထဲသို့ဝင်ရောက်လာ ရန်ကမ်းလှမ်းခဲ့ပါသည်။ အသင်းတော်အတွက် အလွန်ကြောက်မက်ဖွယ်ကောင်းသော အန္တရယ်ဖြစ်ပါသည်။ စိတ်အ ဆင်းရဲဆုံးသော အချိန်ကာလလည်း ဖြစ်ပါသည်။ ခရစ်ယာန်အချို့တို့သည် ဤတစ်ပါးအမျိုးသားများနှင့်အတူပေါင်း ဖက်၍နေထိုင်သွားပါက ဤသူတို့စိတ်ပြောင်းလဲမည်ဟု ထင်မှတ်ခဲ့ပါသည်။ စာတန်သည် သမ္မာကျမ်းစာ၏ သွန်သင် ချက်များကို ဖေါက်ပြန်သွားရန် ကြိုးစားခဲ့ပါသည်။ နောက်ဆုံးတွင်အသင်းတော်၏ အဆင့်အတန်းလျော့ရဲလာကာ တစ်ပါးအမျိုးသားတို့သည် ခရစ်ယာန်များနှင့် စုစည်းလာခဲ့ကြပါသည်။ ရုပ်တုများကို ကိုးကွယ်ခဲ့ပြီး ယခုအခါမိမိကိုယ် ကိုခရစ်ယာန်ဟုဆိုသော်လည်း ဤရုပ်တုကိုးကွယ်မှုများကို အသင်းတော်ဘောင်အတွင်းသို့ သွတ်သွင်းလာခဲ့ကြောင်း ကိုကျမတွေ့ခဲ့ရပါသည်။ မိမိတို့၏ ဝတ်ပြုကိုးကွယ်မှုကိုပြောင်းလဲ၍ သူတော်စင်များနှင့် သခင်ခရစ်တော်၏ ရုပ်တု၊ မယ်တော်မာရိ၏ ရုပ်တုဟူ၍ ပြောင်းလဲကိုးကွယ်လာပါသည်။ နောက်ပိုင်းတွင် ခရစ်ယာန်များသည် ဤသူတို့နှင့် ပေါင်းစည်းရန် ခရစ်ယာန်ဘာသာယုံကြည်မှုသည် ဖေါက်ပြန်သွားခဲ့ပါသည်။ အသင်းတော်သည် မိမိ၏ဖြူစင်သန့်ရှင်း မှုနှင့်တန်ခိုးအာဏာကို စွန့်လွတ်ခဲ့ရပါသည်။ အချို့တို့သည် ဤသူတို့နှင့် ပူးပေါင်းရန်ငြင်းဆန်ခဲ့ပြီး မိမိတို့၏သန့်ရှင်း စင်ကြယ်မှုကိုထိန်းသိမ်းကာထာဝရဘုရားကိုသာဝတ်ပြုကိုးကွယ်ရန်ဆုံးဖြတ်ခဲ့ပါသည်။ မိုးကောင်းကင်နှင့်မြေကြီး၌ရှိ သည့် မည်သည့်ရုပ်ထုကိုမဆို ဦးချမည်မဟုတ်ကြောင်း ငြင်းဆန်ခဲ့ပါသည်။GCB58 40.3

    စာတန်သည် ဤကျဆုံးသည့် လူအမြောက်အမြားအတွက် ဝမ်းမြောက်ခဲ့ခြင်းရှိခဲ့သော်လည်း မိမိတို့၏ ဘာသာတရား အစွန်းအထင်း မခံသူတို့သည် ဤရုပ်တုကိုးကွယ်မှုများနှင့် ပွဲများကို လိုက်လျှောက်ရန် (သို့) အသေခံရန် အသင်းတော်ကို သွေးဆောင်တိုက်ခိုက်ရန်လှုံ့ဆော်ခဲ့ပါသည်။ ညှဉ်းပန်းနှိပ်စက်ခြင်း၏ မီးတောက် သည်ထပ်မံလောင်ကျွမ်းလာပြီးသခင်ခရစ်တော်၏ အသင်းတော်ကို တိုက်ခိုက်လာပါသည်။ လူသန်းပေါင်းမြောက်မြား စွာသည် ကရုဏာကင်းမဲ့စွာဖြင့် သတ်ဖြတ်ခြင်းခံခဲ့ရပါသည်။GCB58 41.1

    ရူပါရုံ၌ အောက်ပါမြင်ကွင်းကို ကျမတွေ့ခဲ့ရပါသည်။ ရုပ်တုများကို ကိုးကွယ်သူလူစုကြီးသည် နေလနှင့် ကြယ်များ ပါရှိသည့် နဖူးစီးစာတန်းအနက်တစ်ခုကို ကိုင်လျှက် အလွန်ဒေါသထွက်နေပါသည်။ အခြား တစ်ဖက်ရှိ လူတစ်စုမှာ နဖူးစီးစာတန်းအဖြူကို စီးလျှက် ဘုရားသခင်၌သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်းရှိစေသတည်းဟူ၍ ရေးမှတ် ထားပါသည်။ ထိုသူတို့၏အဆင်းသဏ္ဌာန်သည် တည်ကြည်ခိုင်မာမှုရှိပြီး ကောင်းကင်နိုင်ငံတော်သားများ စိတ်ခိုင် မာခြင်းရှိသကဲ့သို့ ဖြစ်နေပါသည်။ မယုံကြည်သူလူစုသည် ထိုသူတို့ကို သတ်ဖြတ်ရန် နီးကပ်လာပြီးဖြစ်ပါသည်။ သို့ သော်လည်းခရစ်ယာန်လူစုကြီးသည် ထိုသူတို့ရှေ့၌ သတ်ဖြတ်ခြင်းခံရ၍ ပျောက်ကွယ်သွားပါသည်။ တစ်ချိန်တည်းမှာ ပင်ခရစ်ယာန်များတို့သည် တစ်ဦးနှင့်တစ်ဦးပို၍နီးကပ်စွာစုစည်းလာကာ မိမိတို့၏နဖူးစီးစာတန်းကို ခိုင်မြဲစွာစွဲကိုင်ပါ သည်။ လူအမြောက်အမြားကျဆုံးသော်လည်း အခြားသူတို့သည် ကျဆုံးသောလူများ၏ နေရာ၌ အစားထိုးဝင်ရောက် လာကာ ထိုနဖူးစီးစာတန်းအောက်၌ စုဝေးခဲ့ပါသည်။ (မိမိတို့အင်အားပြန်လည်ခိုင်မာသည့်အခါ မိမိတို့၏ နဖူးစည်းအ ဖြူကိုရန်သူများကြားတွင် ပြန်လည်မြှင့်တင်မည်ဟု ဆင်ခြင်ပေးခဲ့ပါသည်။)GCB58 41.2

    ထိုမယုံကြည်သူလူစုသည် အတူတကွ တိုင်ပင်ကြောင်းကျမတွေ့ခဲ့ပါသည်။ ခရစ်ယာန်များအရှုံးပေးလာ ရန်မလုပ်ဆောင်နိုင်ခဲ့သည့်အတွက် အခြားအစီအစဉ်တစ်ခုကို ပြုလုပ်ရန်သဘောတူညီခဲ့ပါသည်။ မိမိတို့၏နဖူးစီးစာ တန်းကိုနှိမ့်ချလျှက် ခရစ်ယာန်များကို ချဉ်းကပ်ကာ အပေးအယူလုပ်ရန် ကြိုးစားခဲ့ပါသည်။ ထိုကမ်းလှမ်းမှုကိုအစ ပိုင်းတွင်လုံးဝ ငြင်းဆန်ခဲ့သော်လည်း နောက်ပိုင်းတွင် ခရစ်ယာန်အချင်းချင်း ညှိနှိုင်းတိုင်ပင်ခဲ့ကြောင်း ကျမတွေ့ မြင်ခဲ့ရပါသည်။ ခရစ်ယာန်အချို့တို့သည် မိမိတို့၏နဖူးစီးစာတန်းကို နှိမ့်ချလျှက်တစ်ဖက်မှ ကမ်းလှမ်းချက်ကိုလက် ခံကာ မိမိတို့၏အသက်ကို ကာကွယ်ခဲ့ပါသည်။ မိမိတို့အင်အားပြန်လည်ခိုင်မာသည့်အခါ မိမိတို့၏နဖူးစည်းကို ရန်သူ များကြားတွင် ပြန်လည်မြှင့်တင်မည်ဟု ဆင်ခြင်ပေးခဲ့ပါသည်။ သို့သော်လည်း ဤအကြံပြုချက်ကို ခရစ်ယာန်အချို့က လက်မခံခဲ့ပါ။ မိမိတို့၏နဖူးစီးစာတန်းကို နှိမ့်ချမသည့်အစားအသေခံမည်ဟု အခိုင်အမာဆုံးဖြတ်ခဲ့ပါသည်။ ခရစ်ယာန် အမြောက်အမြားတို့သည် မိမိတို့၏နဖူးစီးစာတန်းကို နှိမ့်ချလျှက် မယုံကြည်သူတို့နှင့် ပေါင်းစည်းသွားခဲ့ကြပါသည်။ သို့သော်လည်း ကျန်တစ်ဖက်တွင်သစ္စာရှိသူတို့က မိမိတို့၏ နဖူးစီးစာတန်းကို မတ်မတ်ကိုင်လျှက် ရပ်တည်နေကြောင်း ကိုကျမတွေ့ခဲ့ရပါသည်။ လူတစ်ဦးချင်းတို့သည် ခရစ်ယာန်အဖွဲ့အစည်းမှ ခွဲထွက်လျှက်မယုံကြည်သူတို့နှင့် ပူးပေါင်း ကာနဖူးစီးစာတန်းအနက်အောက်၌ စုစည်းလျှက် နဖူးစီးစာတန်းအဖြူအောက်၌ရှိသူအမြောက်အမြားကို သတ်ဖြတ် ခဲ့ကြောင်း၊ သို့သော်လည်း ထိုနဖူးစီးစာတန်းအဖြူသည် ယိုင်လဲခြင်းမရှိဘဲ တစ်ဗိုလ်ကျလျှင် တစ်ဗိုလ်တက်လျှက် မားမားမတ်မတ် ရပ်တည်လျှက်ရှိကြောင်း တွေ့ခဲ့ရပါသည်။GCB58 41.3

    သခင်ခရစ်တော်ကို အမျက်ဒေါသထွက်ရန် မယုံကြည်သူတို့ကို လှုံ့ဆော်ခဲ့သည့် ဂျူးလူမျိုးတို့သည် အပြစ် လွှတ်မည်မဟုတ်ပါ။ ပိလတ်မင်းတွေဝေခဲ့သည့်အချိန်တွင် တရားရုံး၌ သခင်ခရစ်တော်ကို သတ်ဖြတ်ရန် ဤဂျူးလူမျိုး တို့သည်အော်ဟစ်တောင်းဆိုခဲ့ပါသည်။ ဤသူ၏သွေးသည် ကျွန်ုပ်တို့အပေါ်တွင်နှင့် ကျွန်ုပ်တို့သားသမီးများအပေါ် တွင်ကျရောက်ပါစေဟူသော ဂျူးလူမျိုးတို့တောင်းဆိုခဲ့သည့် ဤကျိန်ခြင်းအမင်္ဂလာကို သူတို့ရင်ဆိုင်ခဲ့ရပါသည်။ ထို နည်းတူ ထိုမယုံကြည်သူတို့နှင့် ခရစ်ယာန်အတုအယောင်များတို့သည်လည်း ထိုကဲ့သို့ပင်ဖြစ်ပါသည်။ ထိုအမည်ခံခ ရစ်ယာန်များတို့သည် သခင်ခရစ်တော်၏ လက်ဝါးကပ်တိုင်အတွက် မခံချင်စိတ်နှင့်အတူ ဂျူးလူမျိုးတို့ကို လိုက်လံ နှောင့်ယှက်ခဲ့ပါသည်။ဂျူးလူမျိုးတို့သည်ညှဉ်းပန်းနှိပ်စက်လေ၊ဘုရားသခင်အလိုတော်ကျလေဟု ထင်မှတ်ခဲ့ပါသည်။ မ ယုံကြည်သူဂျူးအမြောက်အမြားသည် သတ်ဖြတ်ခြင်းခံခဲ့ရပြီး အခြားသူတို့မှာနေရာအနှံ့သို့ လိုက်လံညှဉ်းပန်းနှိပ်စက် ခြင်းကိုအမျိုးမျိုးခံခဲ့ရပါသည်။GCB58 41.4

    ထိုသူတို့သတ်ဖြတ်ခဲ့သည့် သခင်ခရစ်တော်နှင့်တပည့်တော်များ၏အသွေးသည် သူတို့အပေါ်၌ ကျရောက် ကာညှဉ်းပန်းနှိပ်စက်မှုကို ခံခဲ့ရပါသည်။ ဘုရားသခင်၏ကျိန်ခြင်းသည် သူတို့နောက်သို့ အမှီလိုက်လျှက်ရှိနေပါသည် မယုံကြည်သူတို့နှင့်ခရစ်ယာန်တို့အတွက် အမှတ်ရစရာစကားဖြစ်လာပါသည်။ လူအမြောက်အမြား၏ ကျောခိုင်းခြင်း နှိပ်ကွပ်ခြင်း၊ ညစ်ညူးခြင်းနှင့်အတူကာက္ကန၏တံဆိပ်ခတ်ခံရခြင်းကဲ့သို့ ဖြစ်လာနိုင်ပါသည်။ သို့သော်လည်း ဘုရားသ ခင်သည်ဤလူမျိုးတို့ကို အံ့ဩစွာ ထိန်းသိမ်းခဲ့ပါသည်။ ဘုရားသခင်၏ကျိန်ခြင်းကို ခံရသည့်နည်းတူ ကမ္ဘာအနှံ့၌ ပြန့်ကြဲလျှက်ရှိပါသည်။ ဘုရားသခင်သည် ဂျူးလူမျိုးတို့ကို လူမျိုးကြီးတစ်ရပ်အနေဖြင့် ငြင်းဆန်ခဲ့ပါသည်။ သို့သော် လည်းအချို့သောသူတို့သည် မိမိတို့၏စိတ်နှလုံးကို ရစ်ပတ်လျှက်ရှိသော အကာအဆီးများကို ဖယ်ရှားနိုင်ပါလိမ့်မည်။ မိမိလူမျိုးတို့နှင့်ပတ်သက်ပြီး ပြည့်စုံလာခဲ့သောအနာဂတ္တိစကားများကို မြင်တွေ့ပြီး သခင်ခရစ်တော်ကိုမိမိကိုယ်ပိုင် ကယ်တင်ရှင်အဖြစ်လက်ခံကာ ကိုယ်တော်ကိုငြင်းပယ်သတ်ဖြတ်ခြင်းအားဖြင့် မိမိတို့၏လူမျိုးတို့၏ အပြစ်ဒုစရိုက် ကိုတွေ့မြင်မည့်သူများ ရှိနေပါသည်။ ဂျူးလူမျိုးတို့သည် တစ်ဦးချင်း ပြောင်းလဲလာနိုင်သော်လည်း လူမျိုးကြီးတစ်ရပ် အနေဖြင့် ဘုရားသခင်သည် ထိုသူတို့ကို ထာဝရ ငြင်းဆန်ပြီးဖြစ်ပါသည်။GCB58 42.1