Loading...
Larger font
Smaller font
Copy
Print
Contents

Great Controversy 1858

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၆) ဘုန်းတော် ထွန်းတောက်ခြင်း။

    တောင်ပေါ်၌ သခင်ခရစ်တော် ဘုန်းတော်ထွန်းတောက်လာသောအခါ တပည့်တော်တို့သည် ယုံကြည်ခြင်းခွန် အားများစွာ တိုးတက်ခဲ့ကြောင်းကို ကျမတွေ့ရှိခဲ့ရပါသည်။ ကိုယ်တော်သည်ကတိထားတော်မူသည့် မေရှိယဖြစ်တော် မူကြောင်းကို သခင်ခရစ်တော်၏ တပည့်တော်များအားဖေါ်ပြရန် ဘုရားသခင်ရွေးချယ်တော်မူခဲ့ပါသည်။ သို့မှသာ ခါးသီးသော ဝမ်းနည်းကြေကွဲမှုနှင့် စိတ်ပျက်စရာ အဖြစ်အပျက်သည်သူတို့၏ယုံကြည်ခြင်းကို လုံးဝဖယ်ရှားလိမ့်မည် မဟုတ်ပါ။ ထိုဘုန်းတော်ထွန်းတောက်သောအခါ၌ ဘုရားသခင်သည် သခင်ခရစ်တော်၏ဒုက္ခနှင့် သခင်ခရစ်တော် ၏နာကျင်မှုဝေဒနာများနှင့် အသေခံတော်မူခြင်းအကြောင်းကို ဆွေးနွေးရန် မောရှေနှင့်ဧလိယတို့ကို စေလွှတ်တော် မူခဲ့ပါသည်။ မိမိ၏သားတော်နှင့်ဆွေးနွေးရန် ကောင်းကင်တမန်များကို မစေလွှတ်ဘဲ ဤလောက၌ စုံစမ်းမှုများကို တွေ့ကြုံခဲ့ရသောသူတို့ကို စေလွှတ်ခဲ့ပါသည်။ မျက်နှာတော်၌ ဘုန်းတော်ထွန်းတောက်ပြီး ဖြူစင်တောက်ပသော ဝတ်ရုံများတို့ကိုဝတ်ဆင်ကာ ခမည်းတော်ဘုရား၏ ကြောက်မက်ဖွယ်ကောင်းသောဘုန်းတော်နှင့်အတူ ‘‘ဤကားငါ ၏ချစ်သားပေတည်း’’ ဟူသောစကားကို တပည့်တော် အနည်းငယ်ကသာ မြင်တွေ့ကြားနာခဲ့ရပါသည်။GCB58 12.4

    ဧလိယသည်ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခဲ့ပြီး သူထမ်းဆောင်ခဲ့ရသည့် တာဝန်မှာ ပျော်ရွှင်ဝမ်း မြောက်ဖွယ်မဟုတ်ပါ။ သူ့အားဖြင့်ဘုရားသခင်သည် အပြစ်ဒုစရိုက်တို့ကို ဆုံးမတော်မူခဲ့ပါသည်။ မိမိသည် ဘုရားသ ခင်၏ပရောဖက်တစ်ပါးဖြစ်ကာ အသက်ချမ်းသာရရှိရန်အတွက် ထွက်ပြေးခဲ့ရပါသည်။ သားကောင်ကို လိုက်လံရှာ ဖွေသကဲ့သို့ သူတို့ဖျက်ဆီးရန်သူ့နောက်ကိုလိုက်ခဲ့ကြသည်။ ဘုရားသခင်သည် ဧလိယကို ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်သွားခဲ့ပါသည်။ ကောင်းကင်တမန်တို့သည် ဘုန်းတော်ထွန်းတောက်လျှက် သူ့ကိုကောင်းကင်နိုင်ငံတော် သို့အောင်မြင်စွာ ချီဆောင်သွားခဲ့ကြပါသည်။GCB58 12.5

    မောရှေသည် ဘုရားသခင်အလွန်ချီးမြှောက်ခဲ့သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။ မောရှေမတိုင်မီ သူ့ထက်သာ ၍ ကြီးမြတ်မည့် သူတစ်စုံတစ်ဦးမျှမရှိပါ။ မိတ်ဆွေရင်းခြာကဲ့သို့ပင် ဘုရားသခင်နှင့် မျက်နှာချင်းဆိုင်လျှက် ဖူး မျှော်လျှောက်ထားခွင့် ရရှိခဲ့ပါသည်။ ဘုရားသခင်ကို ခြုံထားသောအလွန်ထွန်းတောက်သည့် ဘုန်းတော်ကိုဖူးမြော် ခွင့်ရရှိခဲ့ပါသည်။ သူ့အားဖြင့်ဘုရားသခင်သည် ဣသရေလလူမျိုးတို့ကိုအဲဂုတ္တုပြည်ကျွန်ဘဝမှ လွှတ်မြောက်စေခဲ့ပါ သည်။ မောရှေသည် ဣသရေလလူမျိုးတို့အတွက် ဖြန်ဖြေသူဖြစ်ခဲ့ပါသည်။ ဘုရားသခင်၏အမျက်တော်နှင့် ထိုသူတို့ ၏ကြားတွင် မကြာခဏကြားခံခဲ့ရပါသည်။ ဣသရေလလူမျိုးတို့၏ မယုံကြည်မှု၊ ညည်းညူမှုနှင့် ဆိုးဝါးသော ဒုစရိုက် များကြောင့် ဘုရားသခင်၏ အမျက်တော်ထွက်သည့်အခါမောရှေ၏ မေတ္တာတရားသည် စစ်ဆေးခြင်းခံခဲ့ရပါသည်။ ဣသရေလလူမျိုးတို့ကိုစွန့်ပြီး ဖျက်ဆီးမည်ဆိုပါက မောရှေ၏ အမျိုးအနွယ်ကို လူမျိုးကြီးဖြစ်ရန်ပြုလုပ်ပေးမည်ဟု ဘုရားသခင်ကတိပေးခဲ့ပါသည်။ သို့သော် ဣသရေလလူမျိုးတို့အတွက် ကြားခံဖျန်ဖြေပေးခြင်းအားဖြင့် မောရှေသည် မိမိ၏မေတ္တာတရားကို လက်တွေ့ပြခဲ့ပါသည်။ စိုးရိမ်မှုနှင့်အတူ ဣသရေလလူမျိုးတို့၏ အပြစ်ကိုခွင့်လွတ်လျှက် အ မျက်တော်ကိုရုတ်သိမ်းရန် (သို့) ဘုရားသခင်၏စာရင်းမှ မိမိနာမည်ကို ထုတ်ပယ်ရန်မောရှေတောင်းပန်ခဲ့ပါသည်။GCB58 13.1

    ဣသရေလလူမျိုးတို့သည် ရေပြတ်သောအခါ ဘုရားသခင်နှင့်မောရှေကိုညည်းညူလျှက် ထိုသူတို့နှင့်၎င်းတို့ ၏သားသမီးများကို ဖျက်ဆီးရန် ခေါ်ဆောင်လာသည်ဟု စွပ်စွဲခဲ့ပါသည်။ ထိုသူတို့၏ စွပ်စွဲသံကို ဘုရားသခင်ကြား တော်မူစဉ် ကျောက်တုံးကိုရိုက်၍ ဣသရေလတို့ကိုရေပေးရန် မောရှေအား မိန့်တော်မူခဲ့ပါသည်။ မောရှေသည်အ မျက်ထွက်လျှက် ကျောက်တုံးကိုရိုက်ကာ မိမိ၏နာမကိုချီးမြှောက်ခဲ့သည်။ ဣသရေလလူမျိုးတို့၏ လမ်းလွဲခြင်းကို အော်ဟစ်ညည်းတွားမှုကြောင့် မောရှေသည် စိတ်ပျက်ကာ ဘုရားသခင်၏ သည်းခံတော်မူခြင်းကို၎င်း၊ ထိုသူတို့ညည်း တွားခြင်းသည် မောရှေအားညည်းတွားခြင်းမဟုတ်ဘဲ ဘုရားသခင်ကိုသာ ပြစ်မှားခြင်းဖြစ်ကြောင်းကို သူခေတ္တခဏ မေ့သွားခဲ့ပါသည်။ မောရှေသည် မိမိကိုယ်အတွက်သာစဉ်းစားပြီး မိမိသာလျှင် စော်ကားခြင်းခံရကြောင်း ဣသရေလ လူမျိုးတို့၏ကျေးဇူးတရားမသိခြင်းအကြောင်းတို့ကို စိတ်ထဲ၌ စဉ်းစားမိခဲ့ပါသည်။GCB58 13.2

    မောရှေသည်ကျောက်တုံးကိုရိုက်၍ ဘုရားသခင်၏ဘုန်းတော်ကိုချီးမြှောက်ရန် လစ်ဟင်းခဲ့ပါသည်။ ဘုရား သခင်၏ ဘုန်းတော်ညိုးနွမ်းခဲ့ရပါသည်။ ဘုရားသခင်သည် အမျက်တော်ထွက်ပြီး ကတိထားရာပြည်သို့မဝင်ရဟုမော ရှေကိုတားမြစ်ထားပါသည်။ ဣသရေလလူမျိုးတို့သည် အကျဉ်းအကြပ်နှင့်တွေ့၍ အခက်အခဲများနှင့်ကြုံတွေ့သော အခါဘုရားသခင်၏ တန်ခိုးတော်ကို သိမြင်ခြင်းအားဖြင့် မှတ်မိမှတ်သားရန် ဘုရားသခင်အလိုတော်ရှိခဲ့ပါသည်။GCB58 13.3

    မောရှေသည် ပညတ်တော်ဆယ်ပါး၏ ကျောက်ပြားနှစ်ချပ်ကိုကိုင်လျှက် တောင်ပေါ်မှဆင်းသက်သောအ ခါနွားရုပ်တို့ကို ကိုးကွယ်နေသော ဣသရေလလူမျိုးတို့ကို တွေ့ခဲ့ရပါသည်။ ဒေါသအမျက် အလွန်ကြီးမားသော ကြောင့်ထိုကျောက်ပြားနှစ်ချပ်တို့ကို ပစ်ပေါက်၍ ရိုက်ခွဲလိုက်ပါသည်။ ဤအခြင်းအရာသည် မောရှေအပြစ်မရှိ ကြောင်းကျမတွေ့ခဲ့ရပါသည်။ ဘုရားသခင်၏ ဘုန်းတော်ထိပါးသောကြောင့် ဘုရားသခင်အတွက်မောရှေအမျက် ထွက်ခဲ့ရပါသည်။ သို့သော်လည်း မိမိစိတ်အလိုသို့လိုက်ပြီး ဘုရားသခင်နှင့်ဆိုင်သော ဘုန်းတော်ကို မိမိအတွက်အသုံး ပြုခဲ့ပြီးအတွက်ကြောင့် ဘုရားသခင်ရှေ့တော်မှောက်၌အပြစ်ရှိကာ ဘုရားသခင်သည်သူ့အားကတိထားရာပြည်သို့ မဝင်ရန် တားမြစ်တော်မူခဲ့ပါသည်။GCB58 13.4

    ကောင်းကင်တမန်များရှေ့မှောက်၌ မောရှေကိုရှုတ်ချရန်အတွက် စာတန်အပြစ်ရှာလျှက်ရှိပါသည်။ မော ရှေအပြစ်လုပ်မိသောအခါ သွေးဆောင်နိုင်ခြင်းကြောင့် စာတန်အလွန်ဝမ်းမြောက်ပြီးလူသားများကိုကယ်တင်ရန်အ စာတန်ကြွေးကြော်ခဲ့ပါသည်။ ထိုအပြစ်လုပ်မိသည့်အတွက် မောရှေသည်စာတန်၏ လက်အောက်သို့ရောက်ရှိကာ သေခြင်းတရားလွှမ်းမိုးခဲ့ပါသည်။ အကယ်၍ဘုရားသခင်နှင့်ဆိုင်သော ဘုန်းတော်သည်မိမိအတွက်အသုံးမပြုဘဲမား မားမတ်မတ်ရပ်တည်ခဲ့လျှင် ဘုရားသခင်သည်မောရှေကို ကတိထားရာပြည်သို့ဝင်ခွင့်ပေးကာ အသက်ဆုံးရှုံးခြင်း မရှိဘဲကောင်းကင်နိုင်ငံတော်သို့ အရှင်လတ်လတ်ခေါ်ဆောင်သွားမည့်အကြောင်းတွေ့ခဲ့ရပါသည်။ မောရှေသည် သေခြင်းတရားနှင့် ရင်ဆိုင်ခဲ့ရပါသည်။ သို့သော်လည်းပျက်စီးခြင်းသို့မရောက်မီ မိက္ခေလသည်ကြွလာ၍သူ့ကိုအ သက်ရှင်ခွင့်ပေးခဲ့သည်။ စာတန်သည်မောရှေ၏ရုပ်ကလာပ်ကိုရယူရန်ကြိုးစားခဲ့သော်လည်း မိက္ခေလသည်မောရှေ အားအသက်ရှင်ခွင့်ပေးပြီးကောင်းကင်နိုင်ငံတော်သို့ ခေါ်ဆောင်သွားခဲ့သည်။ စာတန်သည်မောရှေ၏ ခန္ဓာကိုဆွဲ ကိုင်ရရှိရန်ကြိုးစားခဲ့ပါသည်။ ဘုရားသခင်အား ပြင်းထန်စွာတိုင်တန်းခဲ့ပါသည်။ မိမိ၏သားကောင်ကို လုယူသွား သည့်အတွက်ကြောင့်ဘုရားသခင်သည် တရားတော်မူခြင်းမရှိမဟု စွပ်စွဲခဲ့ပါသည်။ သို့သော်လည်းမိက္ခေလသည်စာ တန်၏သွေးဆောင်မူကြောင့်သာလျှင် ဘုရားသခင်၏ကျွန်သည် ပြစ်မှားသော်လည်း ကိုယ်တော်သည်စာတန်ကို ဆုံးမ ခဲ့ပါသည်။ သခင်ဘုရားသည် သင့်ကိုရှုတ်ချပြီးဟု ဆိုလျှက် ခမည်းတော်ဘုရားကို ရည်ညွှန်းတော်မူခဲ့ပါသည်။ ၏သွေးဆောင်မူကြောင့်သာလျှင် ဘုရားသခင်၏ကျွန်သည် ပြစ်မှားသော်လည်း ကိုယ်တော်သည်စာတန်ကို ဆုံးမ ခဲ့ပါသည်။ သခင်ဘုရားသည်သင့်ကိုရှုတ်ချပြီးဟုဆိုလျှက် ခမည်းတော်ဘုရားကို ရည်ညွှန်းတော်မူခဲ့ပါသည်။GCB58 13.5

    အချို့သောသူတို့သည်သေခြင်းကိုမမြည်းစမ်းရဘဲဘုန်းတော်နှင့်ကြွဆင်းလာရန် ဘုရားသခင်၏နိုင်ငံတော် ကို ဖူးမြော်ရမည့်အကြောင်း မိမိ၌ ရှိနေသူအချို့ကို ရည်ညွှန်းလျှက် သခင်ခရစ်တော်သည်တပည့်တော်များအား မိန့်တော်မူခဲ့ပါသည်။ ဤကား သခင်ခရစ်တော်၏ ဘုန်းတော်ထွန်းတောက်ခြင်းကိုဆိုလိုပါသည်။ သခင်ခရစ်တော် သည်လုံးဝမပြောင်းလဲဘဲ နေမင်းကဲ့သို့ထွန်းတောက်လျှက်ရှိပါသည်။ ဝတ်ရုံတော်သည်ဖြူဖွေးလျှက် တောက်ပြောင် နေပါသည်။ မောရှေသည်ခရစ်တော်ဘုရားကြွလာသောအခါ ခရစ်တော်၌သေလွန်သွားသောသူတို့ကို ကိုယ်စားပြု သကဲ့သို့ဧလိယသည် ကိုယ်တော်ကြွလာသောအခါ အသက်မသေဘဲ အရှင်လတ်လတ်ကောင်းကင်နိုင်ငံတော်သို့ တက်ကြွသွားပြီး ထာဝရအသက်ရရှိသောသူတို့ကို ကိုယ်စားပြုပါသည်။ သခင်ခရစ်တော်၏ တောက်ပြောင်သော ဘုန်းတော်ကိုဖူးမြော်ရသောအခါ တပည့်တော်တို့သည် ကြောက်ရွံ့တုန်လှုပ်လျှက်ရှိနေပါသည်။ မိုးတိမ်သည်သူ့တို့ ကိုအုပ်မိုးလျှက်ဘုရားသခင်၏ အသံတော်ကား ဤကားငါ၏ချစ်သားပေတည်းဟု ကြောက်မက်ဖွယ်ကောင်းအောင် ကြွေးကြော်သည့်အသံကို ကြားလိုက်ရပါသည်။GCB58 14.1

    ဆက်လက်လေ့လာရန်။ ထွက် ၃၂။ တောလည် ၂၀:၇-၁၂။ တရား ၃၄:၅။ ၄ရာ ၂:၁၁။ မာကု ၉။ ရှင်ယုဒ ၉။GCB58 14.2