Loading...
Larger font
Smaller font
Copy
Print
Contents

Great Controversy 1858

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၁၄) ရှောလု၏ စိတ်နှလုံးပြောင်းလဲခြင်း။

    ရှောလုသည် သခင်ခရစ်တော်အကြောင်းကို ဟောကြားသောသူများတို့ကို ဖမ်းဆီး၍ ယေရုရှလင်မြို့သို့ခေါ် ဆောင်ရန် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များထံမှ ဖမ်းဆီးဝရမ်းများကို ကိုင်ဆောင်လျှက် ဒမသက်မြို့သို့ ခရီးထွက် ခဲ့ပါသည်။ နတ်ဆိုးတို့သည် သူ့ကိုခြံရံလျှက်ရှိပါသည်။ ထိုသို့ခရီးသွားနေစဉ်ပင် ကောင်းကင်မှ အလင်းတန်းတစ်ခု သည်သူ့အပေါ်၌ ချက်ခြင်းထိုးကျလာပြီး နတ်ဆိုးများကို မောင်းထုတ်ပြီး ရှောလုကိုမြေပေါ်သို့ လဲကျစေခဲ့ပါသည်။ သူသည်ကောင်းကင်မှ ‘‘ရှောလု၊ ရှောလု အဘယ်ကြောင့် ငါ့ကိုညှင်းဆဲသနည်း’’ ဟူ၍ကြားလိုက်ပါသည်။ ရှောလုက လည်းကိုယ်တော် အဘယ်သူဖြစ်ပါသနည်းဟု ပြန်လည်မေးမြန်းသောအခါ ငါသည်သင်ညှင်းဆဲသောယေရှုဖြစ်၏။ သင်သည်ဒုတ်ချွန်ကိုခြေနှင့်ကန်လျှင်ခက်မည်ဟု ပြန်ပြောသံကိုကြားခဲ့ရပါသည်။ ရှောလုသည်အံ့ဩတုန်လှုပ်လျှက် ကိုယ်တော်၊ ကျွန်ုပ်မည်သို့ပြုရပါမည်နည်းဟု လျှောက်ခဲ့ပါသည်။ သင်ထလော့။ မြို့ထဲသို့ဝင်လော့။ ပြုရမည့်အမှုကို ပြောပြလိမ့်မည်ဟု ဘုရားသခင် ပြန်လည်မိန့်ကြားခဲ့ပါသည်။GCB58 34.3

    ရှောလု၏အဖေါ်တို့သည် မိန်းမောတွေဝေလျှက် အသံကိုသာကြားပြီး လူကိုမတွေ့ရပါ။ အလင်းတန်းပျောက် ကွယ်သောအခါ ရှောလုသည် မတ်တပ်ရပ်လျှက် မျက်စေ့ကိုဖွင့်သော်လည်း မည်သူ့ကိုမျှမတွေ့ရပါ။ ကောင်းကင်အ လင်းတန်း၏ဘုန်းတော်ကြောင့် သူမျက်စိကွယ်ခဲ့ပါသည်။ ထိုသူတို့သည် ရှောလုလက်ကိုဆွဲလျှက် ဒမသက်မြို့သို့ခေါ် ဆောင်ခဲ့ပါသည်။ ရှောလုသည်သုံးရက်နှင့်သုံးညတိုင်အောင် အစာရေစာမစားဘဲနေခဲ့ပါသည်။ ရှောလုဖမ်းဆီးမည့် ပုဂ္ဂိုလ်တစ်ဦးကို ဘုရားသခင်သည် ရူပါရုံပေးလျှက်လမ်းဖြောင့်အမည်ရှိသောလမ်းကိုသွား၍ ယုဒ၏အိမ်၌ တာရှုမြို့ သားရှောလုကို သွားရောက်ရှာဖွေခိုင်းပါသည်။ ရှောလုသည်လည်း မိမိဆုတောင်းနေစဉ်ရူပါရုံ၌အာနနိသည် မိမိထံ သို့ရောက်ရှိလာကာ မျက်စိပေါ်၌လက်ကိုတင်လျှက် အမြင်အာရုံပြန်လည်ရရှိကြောင်း တွေ့ရပါသည်။GCB58 34.4

    အာနနိသည် ဤကိစ္စနှင့်ပတ်သက်၍ အမှားအယွင်းတစ်စုံတစ်ခုရှိမည်ဟု ထင်ကာ ရှောလုနှင့်ပတ်သက်၍ မိမိကြားသိခဲ့ရသည့်အကြောင်းကို ဘုရားသခင်အားပြန်လည်လျှောက်တင်ခဲ့ပါသည်။ သို့သော်လည်း ဘုရားသခင် ကခိုင်းသည့်အတိုင်းသွား၍လုပ်ပါ။ သာသနာပလူဘုရင်များနှင့် ဣသရေလလူမျိုးကြားတွင် ဘုရားသခင်၏နာမ တော်ကိုသယ်ဆောင်မည့် ရွေးကောက်ခြင်းခံရသည့် တန်ဆာဖြစ်ကြောင်း၊ ဘုရားသခင်၏နာမတော်ကြောင့် အဘယ် မျှလောက်ဆင်းရဲခံရမည်ကိုလည်း ဘုရားသခင်သည် သူ့ကိုပြသမည့်အကြောင်း မိန့်တော်မူခဲ့ပါသည်။ အာနနိသည် ဘုရားသခင်စေခိုင်းသည့်အတိုင်း သွားရောက်ကာ ရှောလုအပေါ်၌ မိမိလက်ကိုတင်လျှက် ညီရှောလု၊ သင်လာသော လမ်း၌ သင့်အားထင်ရှားတော်မူသော သခင်ယေရှုသည် သင်၏မျက်စိပြန်၍မြင်စေခြင်းငှါ၎င်း၊ သင့်ကိုသန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်စေခြင်းငှါ၎င်း၊ ငါ့ကိုစေလွှတ်သည်ဟု ပြောကြားခဲ့ပါသည်။GCB58 35.1

    ရှောလုသည် ချက်ခြင်းမျက်စိမြင်လာပြီး ထ၍ရေနှစ်ခြင်းခံခဲ့ပါသည်။ ထို့နောက် သခင်ခရစ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းကို ဗိမာန်တော်၌ ဟောကြားခဲ့ပါသည်။ ကြားရသောလူအပေါင်းတို့သည်အံ့ဩ လျှက်ဤသူသည် ယေရုရှလင်မြို့၌ သခင်ခရစ်တော်၏နာမတော်ကို ယုံကြည်သူတို့အား ဖျက်ဆီးခဲ့သည်မဟုတ်လော။ ယုံကြည်သူတို့ကို ယဇ်ပရောဟိတ်မင်းများထ့သို့ ဖမ်းဆီးခေါ်ဆောင်သွားရန် ဤမြို့သို့လာရောက်ခဲ့သည်မဟုတ် လောဟု မေးခွန်းထုတ်ခဲ့ကြပါသည်။ ရှောလုသည် ခွန်အားတိုးပွားလာပြီး ယုဒလူမျိုးတို့ကို ဆန့်ကျင်လာခဲ့ပါသည်။ ထိုသူတို့သည် အခက်ကြုံလျှက်ရှိပါသည်။ ရှောလုသည် သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးနှင့်အတူ မိမိအကြောင်း ကိုသက်သေခံခဲ့ပါသည်။ ရှောလု၏ သခင်ခရစ်တော်ကို ဆန့်ကျင်သည့်အကြောင်း၊ ကိုယ်တော်ကိုယုံကြည်သူတို့ကို လိုက်လံရှာဖွေ၍ သတ်ဖြတ်ရန်အပ်နှံရာတွင် သူ၏စိတ်ထက်သန်မှုကို လူတိုင်းသိရှိနေပါသည်။ ရှောလု၏အံ့ဖွယ် ပြောင်းလဲခြင်းသည် သခင်ခရစ်တော်၏တန်ခိုးတော်ဖြစ်ကြောင်းကို ထင်ရှားစေပါသည်။ မိမိသည်ယုံကြည်သူတို့ကို လိုက်လံညှင်းဆဲသတ်ဖြတ်ကာ အချို့ကို ထောင်ထဲသို့ပို့ကြောင်း ဒမသက်မြို့၏လမ်းပေါ်၌ အလင်းတန်းတစ်ခု မိမိ အပေါ်ကျရောက်ခဲ့ပြီး သခင်ခရစ်တော်ကို ကိုယ်တိုင်ဖူးမြော်ရပြီး ကိုယ်တော်သည် သခင်ခရစ်တော်၏သားတော်ဖြစ် ကြောင်းကိုမိမိသိရှိခဲ့ရကြောင်း သက်သေခံခဲ့ပါသည်။ ရှောလုသည် သခင်ခရစ်တော်အကြောင်း ရဲရင့်စွာသက်သေ ခံလျှက်တန်ခိုးဩဇာကြီးမားခဲ့ပါသည်။ သမ္မာကျမ်းစာကိုပိုင်နိုင်စွာသိရှိကာ မိမိစိတ်နှလုံးပြောင်းလဲခဲ့ပြီးသည့်နောက် သခင်ခရစ်တော်နှင့်ပတ်သက်သော အနာဂတ္တိကျမ်းများကို ပိုမိုတောက်ပစွာ သိရှိခဲ့ရပါသည်။ ထိုကြောင့် သမ္မာတရား ကိုပိုမိုရှင်းလင်းပြတ်သားစွာ ဟောကြားခဲ့ပြီး လွှမှားမှုများကိုလည်း ပြင်ဆင်ဖေါ်ပြခဲ့ပါသည်။ သန့်ရှင်းသောဝိညာဉ် တော်သည်သူအပေါ်သို့သက်ရောက်ခြင်းအားဖြင့် သခင်ခရစ်တော်၏ ပထမအကြိမ်ကြွလာခြင်းသည် အနာဂတ္တိ စကားများနှင့်ကိုက်ညီကြောင်း၊ ကိုယ်တော်၏အသေခံတော်မူခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းသည်လည်း သမ္မာ ကျမ်းစာ၏ကြိုတင်ဟောကြားချက်များကို ပြည့်စုံစေခဲ့ကြောင်း ဟောကြားနိုင်ခဲ့ပါသည်။GCB58 35.2

    ဆက်လက်လေ့လာရန် တမန်တော် ၉။GCB58 35.3