Loading...
Larger font
Smaller font
Copy
Print
Contents

Great Controversy 1858

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၁၅) ယုဒလူမျိုးတို့သည် ပေါလုကို သတ်ရန် ဆုံးဖြတ်ခဲ့သည်။

    ရှင်ပေါလု၏ အသက်တာအတွေ့အကြုံနှင့် လုပ်ဆောင်မှုကိုသိရှိလာသောအခါ ယဇ်ပရောဟိတ်မင်းများ နှင့်ခေါင်းဆောင်များတို့သည် သူ့ကိုမုန်းတီးလာပါသည်။ သခင်ခရစ်တော်၏ အကြောင်းကို ကိုယ်တိုင်ဟောကြားရုံ သာမက ကိုယ်တော်၏နာမတော်၌ နိမိတ်လက္ခဏာများကို ပြုလုပ်နိုင်သောကြောင့် လူထုကြီးသည် ရိုးရာအစဉ် အလာများကို ကျောခိုင်းလျှက် တမန်တော်၏စကားများကို နားထောင်ပြီးလက်ခံလာပါသည်။ ယဇ်ပရောဟိတ်များ ကိုလည်း ဘုရားသခင်၏သားတော်ကို သတ်သောသူများအနေဖြင့် မြင်လာပါသည်။ ယဇ်ပရောဟိတ်မင်းတို့သည် အမျက်ဒေါသထွက်လျှက် လူအုပ်ကြီး၏ ထကြွမှုကိုဖြေရှင်းရန် စည်းဝေးတိုင်ပင်ခဲ့ပါသည်။ ရှင်ပေါလုကို လုပ်ကြံခြင်း သည်အကောင်းဆုံးဖြစ်မည့်အကြောင်းကို အားလုံးသဘောတူခဲ့ပါသည်။ သို့သော်လည်း ဘုရားသခင်သည် ထိုသူတို့ ၏အကြံအစည်ကို သိသောကြောင့် မိမိအသက်တာ၏ ရည်ရွယ်ချက်ကို ပြည့်စုံပြီး သခင်ခရစ်တော်၏နာမတော်အ တွက်ဒုက္ခခံနိုင်ရန် ကောင်းကင်တမန်များကို စေလွှတ်၍ ရှင်ပေါလုကို ကာကွယ်ခဲ့ပါသည်။GCB58 35.4

    ယုဒလူမျိုးတို့သည် မိမိအသက်ကိုလုပ်ကြံရန်အတွက် ရှာဖွေနေကြောင်းကို ရှင်ပေါလုသတင်းရရှိခဲ့ပါသည်။ ဒမသက်မြို့၏မြို့တံခါးများကို နေ့ညမပြတ်စောင့်ကြည့်ပြီး ရှင်ပေါလုကို ချက်ခြင်းသတ်ရန် မယုံကြည်သည့် ယုဒ လူမျိုးများကို စာတန်မာရ်နတ်ဦးဆောင်ခဲ့ပါသည်။ သို့သော်တပည့်တော်များတို့သည် ရှင်ပေါလုကို တောင်းထဲ၌ထည့် ၍ ညအချိန်တွင် မြို့ရိုးကိုကျော်လျှက် လွှတ်မြောက်စေခဲ့ပါသည်။ ဤအဖြစ်အပျက်ကြောင့် မိမိတို့၏ မအောင်မြင် မှုအတွက် ယုဒလူမျိုးတို့သည် အရှက်ရ၍ စာတန်၏ရည်ရွယ်ချက်လည်း ပျက်ပြားခဲ့ပါသည်။ ပေါလုသည် ယေ ရုရှလင်မြို့သို့သွား၍ တပည့်တော်များနှင့် ပေါင်းစည်းရန် ကြံရွယ်ခဲ့သော်လည်း သူ့ကိုစိုးရိမ်လျှက် ရှိပါသည်။ ရှင် ပေါလုသည် တပည့်တော်စာရင်းဝင်ဖြစ်မည်ကို မယုံကြည်ခဲ့ပါ။ ဒမသက်မြို့၌ ယုဒလူမျိုးတို့သည် ရှင်ပေါလုကို ရှာကြံ ၍လုပ်ကြံရန် ကြိုးစားခဲ့ပါသည်။ ယခုလည်း သူ၏ညီအစ်ကိုများမှာ သူ့ကိုငြင်းပယ်နေလျှက် ရှိပါသည်။ သို့သော် ဗာနဗသည် သူ့ကိုလက်ခံပြီး တမန်တော်များထံသို့ ခေါ်ဆောင်လာကာ လမ်းခရီး၌ သခင်ခရစ်တော်ကို ဖူးမြော်ခဲ့ရ သည့်အဖြစ်အပျက်နှင့် ဒမသက်မြို့၌ ရဲဝံ့စွာ သက်သေခံခဲ့သည့်အကြောင်းကို ပြောပြခဲ့ပါသည်။GCB58 36.1

    ရှင်ပေါလုကိုသတ်ဖြတ်ရန် စာတန်သည် ဂျူးလူမျိုးများကို လှုံ့ဆော်နေစဉ် သခင်ခရစ်တော်သည် ယေရုရှလင်GCB58 36.2

    မြို့မှထွက်ခွါရန် ရှင်ပေါလုကို စေခိုင်းတော်မူခဲ့ပါသည်။ အခြားမြို့များသို့သွား၍ သခင်ခရစ်တော်အကြောင်း ဟော ကြားကာ နိမိတ်လက္ခဏာများကို ပြုလုပ်ခြင်းဖြင့် လူအမြောက်အမြားတို့သည် သခင်ခရစ်တော်ကို ယုံကြည်လာခဲ့ပါ သည်။ တသက်လုံး ခြေလက်မသန်မစွမ်းဖြစ်ခဲ့သူတစ်ဦးသည် ရောဂါပျောက်ကင်းသွားသောကြောင့် ရုပ်ထုကိုးကွယ် သောလူအချို့တို့သည် ဤတမန်တော်များရှေ့၌ ပူဇော်ပသမှုကို ပြုလုပ်ရန် စိုင်းပြင်လာခဲ့ကြပါသည်။ ရှင်ပေါလုသည် စိတ်ထိခိုက်လျှက် မိမိတို့မှာ သာမန်လူများသာဖြစ်ပြီး ကောင်းကင်မြေကြီး သမုဒ္ဒရာစမ်းရေတွင်းနှင့် ရှိသမျှတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်ကိုသာ ဝတ်ပြုကိုးကွယ်ရန် တိုက်တွန်းခဲ့ပါသည်။ ဤသူတို့ရှေ့တွင် ဘုရားသခင်ကို ချီးမြှောက်သော်လည်း ရှင်ပေါလုသည် သူတို့ကိုမထိန်းသိမ်းနိုင်ခဲ့ပါ။ ရှင်ပေါလု၏ တရားကိုနာကြားရင်း ဘုရားသခင် ကိုသိမြင်လာကာ မိမိတို့၏စိတ်ထဲတွင် ကြည်ညိုကိုးကွယ်လိုသောစိတ်များ ဖြစ်ပေါ်စဉ်၌ပင် စာတန်သည် အခြားမြို့မှ မယုံကြည်သူ ဂျူးများကို ရှင်ပေါလုနောက်သို့လိုက်စေပြီး သူ၏ လုပ်ဆောင်ချက်များကို ဖျက်ဆီးရန် သွေးဆောင်ခဲ့ပါ သည်။ ရှင်ပေါလုအကြောင်း မမှန်မကန်ပြောဆိုကာ ဤရုပ်ထုကိုးကွယ်သောသူတို့၏ စိတ်ကိုနှိုးဆွခဲ့ပါသည်။ ကြည်ညို လေးစားမှုကို အမုန်းတရားသို့ ပြောင်းလဲစေခဲ့သည်။ လွန်ခဲ့သောအချိန်အနည်းငယ်က မိမိတို့ ဦးချကိုးကွယ်လိုခဲ့သော် လည်း ယခုမူ ရှင်ပေါလုကိုခဲနှင့်ပေါက်၍ အသက်မရှိတော့ဟုထင်ကာ မြို့ပြင်သို့ဆွဲထုတ်ခဲ့ပါသည်။ တပည့်တော်များ တို့သည်ရှင်ပေါလု သေသည်ဟုထင်ကာ ဝိုင်း၍ငိုကြွေးနေစဉ် မမျှော်လင့်ဘဲ လဲရာမှထကာ ရှင်ပေါလုသည် တပည့် တော်များနှင့်အတူ မြို့ထဲသို့ဝင်ခဲ့ပါသည်။GCB58 36.3

    ရှင်ပေါလုသည် ခရစ်တော်အကြောင်း တရားဟောနေစဉ် နတ်ဆိုးဆွဲသော အမျိုးသမီးတစ်ဦးသည် သူတို့ နောက်သို့လိုက်၍ ဤပုဂ္ဂိုလ်များတို့သည် အမြင့်ဆုံးသော ဘုရားသခင်၏အစေခံများဖြစ်သည်။ ကျမတို့အား ကယ် တင်ခြင်းလမ်းသို့ ညွှန်ပြသည်ဟုပြောဆိုလျှက် ရက်ပေါင်းများစွာကြာအောင် လိုက်လံပြောဆိုခဲ့ပါသည်။ သူမ၏ပြော ဆိုမှုကြောင့် လူအမြောက်အမြားတို့သည် အမှန်တရားမှ လမ်းလွှသွားသောကြောင့် ရှင်ပေါလု စိတ်ထိခိုက်ခဲ့ပါသည်။ ဤအမျိုးသမီးထိုကဲ့သို့ပြောဆိုခြင်းအားဖြင့် လူအများတို့ စိတ်အနှောက်အယှက်ဖြစ်ကာ တပည့်တော်များ၏ ဩဇာကို ဖျက်ဆီးရန် စာတန်ရည်ရွယ်ခဲ့ပါသည်။ ရှင်ပေါလုသည် မခံမရပ်ဖြစ်ကာ အမျိုးသမီးဘက်သို့လှည့်၍ နတ်ဆိုးအား ခရစ်တော်၏နာမတော်အားဖြင့် သူမအထဲမှထွက်ခွါရန် အမိန့်ပေးလိုက်ပါသည်။ နတ်ဆိုးသည် ဆုံးမခြင်းခံရကာ ထိုအမျိုးသမီးထဲမှ ထွက်ခွါသွားခဲ့ပါသည်။GCB58 36.4

    နတ်ဆရာများတို့သည် တပည့်တော်များကို နှောက်ယှက်လျှက်ရှိသော ဤအမျိုးသမီး၏ လှုံ့ဆော်ခြင်းကြောင့် စိတ်ကျေနပ်ခဲ့ပါသည်။ နတ်ဆိုးဆုတ်ခွာသွားသောအခါ ထိုအမျိုးသမီးသည် စိတ်နှလုံးနူးညံ့သော တပည့်တော်မလေး တစ်ဦး ဖြစ်လာသည်ကိုမြင်သောအခါ ထိုသူတို့ အမျက်ဒေါသထွက်ခဲ့ပါသည်။ သူမ၏ ကြိုတင်ဟောကြားမှုများ ကြောင့် ငွေကြေးအမြောက်အမြား ရခဲ့ပါသည်။ သို့သော်လည်း ယခုအခါတွင် ထိနတ်ဆိုးများ မရှိတော့ပါ။ ငွေရစရာ လမ်းလည်းမရှိတော့ပါ။ စာတန်၏ရည်ရွယ်ချက် ပျက်ပြားခဲ့ပါသည်။ သို့သော်လည်း ၎င်း၏အစေခံများတို့သည် ရှင် ပေါလုနှင့် သိလတို့ကိုဖမ်းဆီး၍ မြို့အုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များတို့၏ရှေ့သို့ ခေါ်သွင်းလာခဲ့ပါသည်။ ဤသူတို့ သည် နတ်ဆရာများဖြစ်၍ ကျွန်ုပ်တို့၏မြို့ကို နှောက်ယှက်လျှက်ရှိသည်ဟု စွပ်စွဲခဲ့ပါသည်။ လူအများတို့သည်လည်း ရှင်ပေါလုနှင့် သိလတို့ကို ဆန့်ကျင်ကြွေးကြော်ခဲ့ပါသည်။ တာဝန်ရှိပုဂ္ဂိုလ်များတို့သည် တမန်တော်များ၏ အင်္ကျီများ ကိုဆုပ်ဖြဲလျှက် သူတို့ကို ရိုက်နှက်ရန် အမိန့်ပေးခဲ့ပါသည်။ တမန်တော်များကို ရိုက်နှက်ပြီးသည့်နောက်တွင် အကျဉ်း ထောင်သို့ပို့ပြီး ဤသူတို့ကို လုံခြုံစွာထားရန် အမိန့်ပေးသောကြောင့် ထောင်မှူးသည် တမန်တော်နှစ်ဦးအား အကျဉ်း ထောင်အတွင်းခန်း၌ ခြေထိပ်ခတ်လျှက် ချုပ်နှောင်ထားခဲ့ပါသည်။ သို့သော် ဘုရားသခင်၏ ကောင်းကင်တမ်နများ သည်တမန်တော်များနှင့်အတူ အကျဉ်းထောင်အတွင်း၌ရှိနေပါသည်။ ဤကဲ့သို့အကျဉ်းချထခြင်းအားဖြင့် ဘုရားသခင် ၏ဘုန်းတော်ထင်ရှားပြီး ဤအခြင်းအရာ၌ ဘုရားသခင်၏ လက်တော်ကိုတွေ့မြင်စေခဲ့ပါသည်။ ကိုယ်တော်သည် မိမိ အစေခံများနှင့်အတူရှိကာ ထောင်နံရံတို့ကို တုန်လှုပ်စေလျှက် ခိုင်ခန့်သော သံတံတိုင်းများပင်လျှင် ပွင့်ထွက်သွားနိုင် ကြောင်းကို ပြတော်မူခဲ့ပါသည်။GCB58 36.5

    ညသန်းခေါင်အချိန်တွင် ရှင်ပေါလုနှင့်သိလတို့သည် ဆုတောင်းလျှက် ဘုရားသခင်၏ဂုဏ်တော်ကို ချီး မွမ်းနေစဉ်မြေငလျင်အကြီးအကျယ်တုန်လှုပ်ကာအကျဉ်းစန်း၏အုတ်မြစ်များပင်လျှင်တုန်ခါခဲ့ပါသည်။ဘုရားသခင်၏ ကောင်းကင်တမန်များသည် အကျဉ်းသားများ၏ အချုပ်အနှောင်များကို ချက်ခြင်းဖွင့်ပေးခဲ့ကြောင်းကို ကျမတွေ့ခဲ့ရ ပါသည်။ ထောင်မှူးနိုးလာ၍ အကျဉ်းထောင်တံခါးများပွင့်နေကြောင်း တွေ့ရသောအခါ သူစိုးရိမ်ခဲ့ပါသည်။ အကျဉ်း သားများ လွတ်မြောက်၍ သူသတ်ခံရမည်ကိုစိုးရိမ်လျှက် မိမိကိုယ်ကိုသတ်သေရန် ကြိုးစားစဉ် ရှင်ပေါလုသည်ကျယ် သောအသံနှင့် ပြောဆိုလျှက် သင့်ကိုသင်အန္တရယ်မပြုပါနှင့်။ ငါတို့အားလုံးဤနေရာတွင်ရှိသည်ဟု ပြောဆိုလိုက်ပါ သည်။ ဘုရားသခင်၏တန်ခိုးတော်သည် ထောင်မှူး၏ စိတ်နှလုံးကို ပြောင်းလဲစေခဲ့ပါသည်။ အလင်းယူဆောင်လာ ရန်ပြောဆိုပြီး ရှင်ပေါလုနှင့် သိလတို့၏ ရှေ့၌တုန်ရီလျှက် ရောက်ရှိလာပါသည်။ သူတို့ကို ထောင်ပြင်သို့ ခေါ်ထုတ် လျှက် ဆရာခင်ဗျား။ ကယ်တင်ခြင်းရရန် မည်သို့ပြုလုပ်ရအံ့နည်းဟု မေးခဲ့ပါသည်။ တမန်တော်များကလည်းသ ခင်ခရစ်တော်ကို မိမိအရှင်သခင်အဖြစ်ယုံလျှင် သင်နှင့်သင့်မိသားစု ကယ်တင်ခြင်းရမည်ဟု ပြန်လည်ဖြေကြားခဲ့ ပါသည်။ ထောင်မှူးသည် မိမိအိမ်ထောင်မိသားစုများကို စုဝေးလျှက် ရှင်ပေါလုထံမှ တရားကိုနာယူခဲ့ပါသည်။ တမန် တော်များ၏ အနာများကိုဆေးကြောလျှက် စိတ်တလုံးတဝတည်းရှိကာ ထိုည၌ပင် မိမိအိမ်ထောင်စုများနှင့်အတူ ရေ နှစ်ခြင်းခံခဲ့ပါသည်။ တမန်တော်များအား အစားအစာများတည်ခင်း၍ မိမိ၏ အိမ်ထောင်မိသားစုနှင့်အတူ ဝမ်း မြောက်ပျော်ရွှင်စွာဖြင့် ဘုရားသခင်ကို ယုံကြည်ကိုးစားခဲ့ပါသည်။GCB58 37.1

    ထောင်တံခါးများကိုပွင့်စေပြီး ထောင်မှူးနှင့် သူ့မိသားစု၏ စိတ်နှလုံးကိုပြောင်းလဲစေခဲ့သော ဘုရားသခင် ၏တန်ခိုးတော်အကြောင်း တမြို့လုံး သတင်းပြန့်နှံ့ခဲ့ပါသည်။ မြို့အုပ်ချုပ်ရေးအဖွဲ့အစည်းသည် ထိုသတင်းကိုကြား သောအခါကြောက်လန့်၍ ရှင်ပေါလုနှင့်သိလတို့ကို လွှတ်ပေးရန် ထောင်မှူးအား အကြောင်းကြားခဲ့ပါသည်။ သို့သော် ရှင်ပေါလုသည် ယခုကဲ့သို့ မထင်မရှားနှင့်ထောင်မှ လွှတ်ရန်အလိုမရှိခဲ့ပါ။ ငါတို့သည် ရောမသားများဖြစ်လျှက်နှင့် အများရှေ့တွင် ရိုက်နှက်စီရင်ခြင်းခံရပြီး ထောင်ချခဲ့ပါသည်။ သို့သော်ယခုတွင် ထောင်မှထွက်သွားရန် တိတ်တဆိတ် ပြောဆိုခဲ့ခြင်းကို ငါတို့လက်မခံ၊ ထိုသူများကိုယ်တိုင် ငါတို့ကိုလာရောက်ခေါ်ထုတ်ရမည်ဟု တင်းခံခဲ့ပါသည်။ ရှင်ပေါ လုနှင့်သိလတို့သည် ဘုရားသခင်၏တန်ခိုးတော်ထင်ရှားမှုကို မှေးမှိန်သွားရန် အလိုမရှိခဲ့ပါ။ ရှင်ပေါလုနှင့် သိလတို့ သည် ရောမသားများဖြစ်ကြောင်းကို မြို့အုပ်များက သိရှိလာသောအခါ အလွန်စိုးရိမ်ခဲ့ပါသည်။ ထို့ကြောင့် မိမိတို့ ကိုယ်တိုင်ထောင်ထဲရောက်ရှိလာကာ တမန်တော်များကို ခေါ်ထုတ်လျှက် မိမိတို့၏မြို့မှထွက်ခွာသွားရန် တောင်းပန် ခဲ့ပါသည်။GCB58 37.2

    ဆက်လက်လေ့လာရန်။ တမန် ၁၄၊ ၁၆။GCB58 37.3