Loading...
Larger font
Smaller font
Copy
Print
Contents

Great Controversy 1858

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၃၆) ယာကုပ်၏ ဆင်းရဲဒုက္ခကပ်ကာလ

    သန့်ရှင်းသူများသည် မြို့ရွာများကိုစွန့်ခွာလျှက် စိတ်တူသဘောတူအုပ်စုဖွဲ့ကြပြီးလျှင် လူအသွားအလာအ နည်းပါးဆုံးသော အရပ်ဒေသများသို့သွား၍ စည်းလုံးညီညွတ်စွာနေထိုင်ကြပုံကို ကျမမြင်တွေ့ရပါသည်။ သူတို့အ တွက်စားဖွယ်သောက်ဖွယ်များကို ကောင်းကင်တမန်များက ပေးပို့ကြပါသည်။ ဆိုးသွမ်းသောသူများမှာမူကားမွတ် သိပ်ခြင်းဘေး၊ ရေငတ်ခြင်းဘေးနှင့် ရင်ဆိုင်နေကြရပါသည်။ ထို့နောက်မြေကြီးသားတို့၏ ခေါင်းဆောင်များစုဝေးတိုင် ပင်နေကြသည့်ဝန်းကျင်တွင် စာတန်နှင့်သူ၏အဓမ္မတမန်များ အလုပ်ရှုပ်နေကြပုံကိုလည်း ကျမမြင်တွေ့ရပါသည်။ သန့်ရှင်းသူများသည် သူတို့၏ထူးဆန်းသောယုံကြည်ချက်ကို မစွန့်လွှတ်လျှင်လည်းကောင်း၊ သူတို့စောင့်ထိန်းနေ သည့်ဥပုသ်နေ့အစား ခုနစ်ရက်တွင်ပထမနေ့သို့ပြောင်းလဲ၍ မစောင့်ထိန်းလျှင်လည်းကောင်း၊ ကန့်သတ်ထားသည့် နေ့ရက်အချိန်ကျော်လွန်သောအခါ ပြည်သူလူထုက ထိုသန့်ရှင်းသူများအား အသေသတ်နိုင်ကြောင်း ထုတ်ပြန်ထား သည့်အမိန့်ပြန်တမ်းမိတ္တူများအားတိုင်းပြည်အနှံ့အပြားသို့ ရောက်ရှိနေပုံကို ကျမမြင်တွေ့ရပါသည်။ သို့သော်သန့် ရှင်းသူများသည် ထိုဆင်းရဲဒုက္ခကပ်ကာလအချိန်တွင် သူတို့အတွက် လွတ်မြောက်ရာလမ်းကို ပြင်ဆင်ထားတော်မူ မည်ဟုဆိုသော ဘုရားသခင်၏ကတိတော်ကိုခိုလှုံလျှက် ငြိမ်သက်တည်ကြည်စွာစောင့်ဆိုင်းနေကြပါသည်။ အချို့သော ဒေသများတွင် ယင်းအမိန့်ပြန်တမ်းကို အကောင်အထည်ဖေါ်ရန် အချိန်မစေ့မီ မတရားသောသူများက သန့်ရှင်းသူ များအားအသေသတ်ရန် ပြေးဝင်ကြပါသည်။ သို့သော်ကောင်းကင်တမန်သည် စစ်သည်တို့၏ အယောင်ကိုဆောင် လျှက်သန့်ရှင်းသူများအတွက် တိုက်ခိုက်ကြပါသည်။ အမြင့်ဆုံးသော ဘုရားသခင်၏ သန့်ရှင်းသူများအားဖျက်ဆီး သုတ်သင်နိုင်ရန်အတွက် စာတန်အခွင့်အရေးယူလိုက်သော်လည်း သခင်ယေရှုသည် မိမိ၏လူတို့အား ကာကွယ် စောင့်ရှောက်ထားရန် ကောင်းကင်တမန်များကို ခန့်ထားတော်မူ၏။ ကိုယ်တော်၏ပညတ်တော်တို့ကို စောင့်ထိန်း သောသူများနှင့် ဘုရားသခင်ပဋိညာဉ်ဖွဲ့တော်မူသည့်အတွက် ဝန်းကျင်ရှိ သာသနာပလူတို့၏ ရှေ့တွင် ဘုရားသခင် သည် ဂုဏ်ပြုခြင်းကိုခံရတော်မူလိမ့်မည်။ အချိန်ကြာမြင့်စွာ သစ္စာစောင့်လျှက် ကိုယ်တော်အား စောင့်မျှော်နေသူများ ကိုသေခြင်းတရားမှ လွှတ်မြောက်စေပြီးလျှင် ကောင်းကင်သို့ချီဆောင်တော်မူသည့်အတွက် သခင်ယေရှု၏ဘုန်း တော်ချီးမွမ်းခြင်းကို ခံရပေလိမ့်မည်။GCB58 90.2

    မကြာမီအတွင်းသန့်ရှင်းသူများသည်စိတ်ဒုက္ခဝေဒနာပြင်းထန်စွာခံစားနေရပုံကိုကျမမြင်တွေ့ရပါသည်။ မတ ရားသောကမ္ဘာသူကမ္ဘာသားများက သူတို့အား ဝန်းရံလျှက်နေပုံပေါက်ပါသည်။ အရာခပ်သိမ်းကသူတို့နှင့် ဆန့်ကျင် နေပုံပေါက်ပါသည်။ မတရားသောသူတို့လက်ချက်ဖြင့် ပျက်စီးဆုံးရှုံးခြင်းသို့ ရောက်သည့်တိုင်အောင် ဘုရားသခင် သည်သူတို့အားစွန့်ပစ်တော်မူပြီးဟု အချို့က စိုးရိမ်ကြောင့်ကြ ဖြစ်လာကြပါသည်။ သို့သော်အကယ်၍သာသူတို့၏ မျက်စိများကို ဖွင့်၍ရမည်ဆိုပါက သူတို့၏ဝန်းကျင်တွင် ဘုရားသခင်၏ ကောင်းကင်တမန်များ ဝန်းရံလျှက်ရှိသည်ကို သူတို့တွေ့သိကြပေလိမ့်မည်။ ထိုကောင်းကင်တမန်များ၏နောက်ကွယ်မှ ဒေါသအမျက်ချောင်းချောင်းထွက်နေ သည့်မတရားသောသူများက ဝန်းရံထားကြ၏။ သူတို့၏နောက်မှ စာတန်၏ တမန်များက ထိုဒေါသထွက်နေသည့်မ တရားသောသူများအား သန့်ရှင်းသူများကို အသေသတ်ရန် တွန်းအားပေးလျှက် ဝန်းရံထားကြပြန်၏။ သို့သော်ဘုရား သခင်၏လူတို့ဆီသို့ သူတို့မချဉ်းကပ်နိုင်မီ ထိုမတရားသောလူထုအနေဖြင့် ဘုရားသခင်၏ အင်အားတောင့်တင်းသန့် ရှင်းသောကောင်းကင်တမန်ထုကြီးကို ဖြတ်ကျော်ရန် လိုအပ်နေပါသည်။ သို့သော်သူတို့မတတ်နိုင်ကြပေ။ သန့်ရှင်း သောကောင်းကင်တမန်များ၏ ဆောင်ရွက်ချက်ဖြင့် မတရားသောသူများနှင့်တကွ သူတို့အား တွန်းအားပေးနေ သောမာရ်နတ်၏ စေတမန်များနောက်သို့ ပြိုလဲသွားကြပါတော့သည်။ ထိုအချိန်တွင် သန့်ရှင်းသူများအတွက် အ လွန်ကြောက်မက်ဖွယ်ကောင်းသော စိတ်ဒုက္ခနှင့်ရင်ဆိုင်ရသောအချိန်ဖြစ်ပေ၏။ သူတို့၏လွှတ်မြောက်ရေးအတွက် ဘုရားသခင်ထံ နေ့ရောညပါဆုတောင်းပဌနာပြုလျှက် အသနားခံနေကြ၏။ လူ၏အမြင်အရဆိုပါက သူတို့အတွက် လွှတ်မြောက်ရာလမ်းစမရှိ။ ‘‘မင်းတို့ဘုရားသခင်က မင်းတို့ကို ငါတို့လက်ထဲမှ မည်သို့ကယ်တင်နိုင်ပေလိမ့်မည်နည်း။ ကယ်တင်ခြင်းရဖို့ဘာကြောင့် ကောင်းကင်မတတ်ကြသေးသလဲ’’ ဟုအောင်မြင်မှုရနေသည့် အဓမ္မလူတို့ကအော် ဟစ်မေးမြန်းနေကြ၏။ သို့သော်သန့်ရှင်းသူများက သူတို့၏ လှောင်ပြာင်သံများကို အလေးမထား။ ဂရုမစိုက်ကြချေ။ ယာကုပ်ကဲ့သို့သူတို့သည် ဘုရားသခင်နှင့်သာ လုံးထွေးနေကြ၏။ ဘုရားသခင်၏ ကောင်းကင်တမန်များက သူတို့ အားကယ်တင်လိုကြသော်လည်း လွှတ်မြောက်ချိန်မရောက်သေးချေ။ လိုပါသေး၏။ စောင့်ရပေဦးမည်။ ဘုရားသ ခင်၏လူတို့သည် ကိုယ်တော်သောက်သောခွက်ကို သောက်ရမည်။ ကိုယ်တော်ခံရသော ဗတ္တိဇံကိုခံရကြပေလိမ့်ဦး မည်။ဘုရားသခင်၏ ကောင်းကင်တမန်များသည်လည်း သူတို့အား ယုံကြည်စွာလွှဲအပ်ထားမည့် တာဝန်ကိုသစ္စာရှိစွာ စောင့်ထိန်းလျှက်သန့်ရှင်းသူများအား ဆက်လက်စောင့်ရှောက်နေကြပါသည်။ ကိုယ်တော်၏နာမတော်ကိုသာသ နာပလူတို့၏လောကတွင် ပြစ်တင်ဝေဖန်ခြင်းကို ဘုရားသခင်ခွင့်ပြုတော်မူမည် မဟုတ်ပါ။ ကိုယ်တော်၏ကြီးမြတ် တော်မူသောတန်ခိုးအာဏာတော် ထင်ရှားစေရန် ကိုယ်တော်၏ သန့်ရှင်းသူများအား ဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျှက်ကယ်လွှတ်တော်မူမည့် အချိန်ရောက်လုနီးလေပြီး။ ကိုယ်တော်၏ နာမတော်ဘုန်းထင်ရှားစေခြင်းငှါ ကိုယ်တော်အားသစ္စာရှိစွာ သည်းခံလျှက် စောင့်မျှော်နေသောသူများသည် အသက်စာစောင်တွင် စာရင်းဝင်ထား ကာတစ်ယောက်မျှမကန်အောင် ကယ်လွှတ်တော်မူလိမ့်မည်။GCB58 90.3

    သစ္စာရှိနေသောနောဧအချိန်သို့ ကျမအားညွှန်ပြပါသည်။ မိုးရွာလေပြီး။ ရေများလည်းတက်လာလေပြီး။ နောဧနှင့် မိသားစုတို့မှာလည်း သင်္ဘောကြီးအတွင်းသို့ ဝင်ရောက်ကြလေပြီး။ ထာဝရဘုရားသည်လည်း သူတို့အား သင်္ဘောကြီးအတွင်းပိတ်ထားလေပြီး။ ရေမလွှမ်းမိုးမီအချိန်က ကမ္ဘာသူကမ္ဘာသားများအား ယုံကြည်စွာဖြင့် နောဧသ တိပေးနိုးဆော်ခဲ့ပါသည်။ မြေကြီးပေါ်သို့ရေများအရှိန်အဟုန်ပြင်းစွာ ကောင်းကင်မှကျဆင်းလေသဖြင့် တစ်ယောက် ပြီးတစ်ယောက် ရေနစ်နေကြစဉ် သူတို့ရယ်မောစရာလုပ်ခဲ့သော သင်္ဘောကြီးသည် ယုံကြည်သော နောဧနှင့်သူ၏မိ သားစုတို့အား ထိန်းသိမ်းလျှက် ရေပေါ်တွင်ငြိမ်သက်စွာ မျောနေသည်ကို သူတို့မြင်ရကြပါသည်။ ဤကမ္ဘာမြေကြီး ပေါ်သို့ကိုယ်တော်၏ အမျက်တော်ကျရောက်တော့မည်ဟု ဟောပြောခဲ့ကြသော ဘုရားသခင်၏ လူများသည်လည်း ထိုနည်းတူလွှတ်မြောက်ကြလိမ့်မည်ဟု ကျမမြင်တွေ့ရပါသည်။ သေခြင်းနှင့်လွှတ်၍ ဘဝပြောင်းပြီးလျှင် ကောင်းကင် သို့ခေါ်ဆောင်ခြင်းကို ခံရဖို့ မျှော်လင့်နေသူများအားလည်းကောင်း၊ သားရဲ၏အမိန့်အာဏာကို မလိုက်နာ၊ သူ၏တံ ဆိပ်ကိုလည်းမခံယူသူများအားလည်းကောင်း၊ မတရားသောသူများက သုတ်သင်ဖျက်ဆီးရန် ဘုရားသခင်ခွင့်ပြု တော်မူလိမ့်မည်မဟုတ်ပါ။ အကယ်၍ သန့်ရှင်းသူများအား မတရားသောသူများက ကွပ်မျက်ခြင်းကို ခွင့်ပြုမည်ဆိုပါ ကစာတန်နှင့်သူ၏ မတရားသောတမန်ထုကြီးကလည်းကောင်း၊ ဘုရားသခင်ကို မုန်းတီးသောသူအားလုံးကလည်း ကောင်း၊ အကြိုက်တွေ့နေကြပေလိမ့်မည်ဟု ကျမမြင်တွေ့ရပါသည်။ ၎င်းအပြင်လွှတ်မြောက်ရေးအတွက် နောက် ဆုံးရုံးကန်ရသည့်အချိန်ကာလတွင် သူတို့ချစ်မြတ်နိုးသည့်အရှင်ကြွလာတော်မူမည်ကို ထိုမျှလောက်ကြာမြင့်စွာ စောင့်မျှော်နေသောသူများအပေါ် အာဏာတန်ခိုးရသွားမည်ဆိုပါက စာတန်၏ ဂုဏ်အသရေ မည်မျှကြီးမြတ်အောင် မြင်သွားပါလိမ့်မည်နည်း။ သန့်ရှင်းသူများကောင်းကင်သို့ ချီဆောင်ခြင်းကို ခံရကြလိမ့်မည်ဟု ယုံကြည်ထားသည်ကို ပြောင်လှောင်သူများအနေဖြင့် မိမိ၏လူများအား ဘုရားသခင်သည် မည်မျှလောက်အရေးပေးတော်မူသည်ကိုလည်း ကောင်း၊ သူတို့အားဘုန်းကြီးစွာ ကယ်လွတ်တော်မူသည်ကိုလည်းကောင်း ကိုယ်တိုင်တွေ့မြင်ရကြပေလိမ့်မည်။GCB58 91.1

    သန့်ရှင်းသူများမြို့ရွာတို့မှ ထွက်ခွာသွားကြသောအခါ သူတို့အား အသေသတ်ရန် ရှာဖွေနေသောသူများက လိုက်ကြလေ၏။ သို့သော် ဘုရားသခင်၏လူများအား သတ်ဖို့မြှောက်လိုက်သောအခါ ဓါးလက်နက်များကျိုးပဲ့၍ ကောက်ရိုးပမာ အသုံးမဝင်တော့ဘဲ မြေပေါ်သို့ကျသွားကြလေ၏။ သန့်ရှင်းသူများအား ကောင်းကင်တမန်များက ဒိုင်း လွှားများဖြင့် ကာဆီးထားကြပါသည်။ လွှတ်မြောက်ရေးအတွက် နေ့ရောညပါ သူတို့အော်ဟစ်အသနားခံကြသည့်အသံ များသည် ထာဝရဘုရား၏ အထံတော်သို့တိုင်အောင် တက်ကြလေပြီ။GCB58 92.1

    ဆက်လက်လေ့လာရန်။ ကမ္ဘာ ၆:၄။ ၁၅:၂၄-၂၇။ ဆာလံ ၉၁။ မဿဲ ၂၀:၂၃။ ဗျာ ၁၃၁၁-၁၇။GCB58 92.2