Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်တော်၏သရုပ်ပြ ဩဝါဒများ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    လမ်းဘေးက မြေဆီလွှာ

    မျိုးစေ့ကြဲသူ၏ ဥပမာတွင် မျိုးစေ့ ကျရောက်သော မြေဆီလွှာသည် မျိုးစေ့ကို အပင်ပေါက်စေနိုင်သည့် အကျိုးသက်ရောက်မှုနှင့် အဓိက စပ်ဆိုင်ပါသည်။ ယင်း ဥပမာအားဖြင့် တရားနာသူများအား ခရစ်တော် သြဝါဒ ပေးတော်မူသည်မှာ၊ ငါ၏ အမှုတော်ကို အမှားအမှန် ဝေဖန်သုံးသပ်ရန်အတွက် နားထောင်နေကြလျှင် သင်တို့အတွက် အကျိုးထူးမည် မဟုတ်၊ သင်တို့၏ ယုံကြည်ချက်နှင့် မကိုက်ညီသောကြောင့်လည်း စိတ်ပျက်ခြင်း အလိုသို့ မလိုက်သင့်၊ သင်တို့အတွက် အရေးအကြီးဆုံးသော အချက်မှာ၊ ငါဟောပြောသော သတင်းစကားကို သင်တို့ အဘယ်သို့ ခံယူပါမည်နည်း။ သင်တို့၏ ထာဝရ အဆုံးစွန်ရာ အဖြစ်သည် ငါ၏ သတင်းစကားကို နားထောင်ခြင်း နှင့် ငြင်းပယ်ခြင်းအပေါ်တွင် မူတည်နေပါသည်။COLB 30.1

    လမ်းဘေးကျရောက်သော မျိုးစေ့များနှင့် ပတ်သက်၍ ခရစ်တော် ရှင်းပြတော်မူသည်မှာ “လမ်း၌ အစေ့ကို ကြဲခြင်း အကြောင်းအရာကား၊ နိုင်ငံတော်၏ တရားစကားကို ကြား၍ နှလုံးမသွင်းသည် ရှိသော် နတ်ဆိုး လာ၍ နှလုံး၌ ကြဲသော အစေ့ကို နုတ်ယူတတ်သည်ဟု ဆိုသတည်း။COLB 30.2

    လမ်းဘေး၌ ကြဲသော မျိုးစေ့မှာ ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်သည် အလေးမထား အာရုံမစိုက်ဘဲ ပေါ့ပေါ့တန်တန် တရားနာသူများ၏ နှလုံးတွင်းသို့ ကျရောက်သော တရားမျိုးစေ့ ဖြစ်၏။ လူအများ နှင့် တိရိစ္ဆာန် အပေါင်း အသွားအပြန် နင်းနှိပ်ထားသော လမ်းပမာ ယင်း နှလုံးသားသည် လောကီ ပျော်မွေ့ခြင်း နှင့် ဒုစရိုက် လမ်းမကြီး ဖြစ်နေပါသည်။ တစ်ကိုယ်ကောင်း စိတ်ထား နှင့် ရည်မှန်းချက်များ၌ နစ်မြှပ်၍ မကောင်းမှု အလိုသို့ လိုက်သောကြောင့် “ဒုစရိုက်၏ လှည့်ဖြားခြင်းအားဖြင့်” သူတို့၏ စိတ်နှလုံးကို ခိုင်မာစေကြ၏။ ဟေဗြဲ ၃:၁၃။ ဝိညာဉ်ရေးကို အားပေးသည့် စွမ်းရည်သတ္တိ သေကျေပျက်စီးခြင်းသို့ ရောက်ကြ၏။ လူတို့သည် နှုတ်ကပါတ် တရားတော်ကို ကြားနာရကြသော်လည်း နားမလည်ကြ။ သူတို့နှင့် စပ်ဆိုင်သည်ဟု ပိုင်းခြားဝေဖန်၍ သူတို့ မသိကြ။ သူတို့အတွက် လိုအပ်ကြောင်း သို့မဟုတ် သူတို့သည် အန္တရာယ်နှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း သူတို့ သဘောမပေါက်ကြ။ ခရစ်တော်၏ မေတ္တာတော်ကို သူတို့ မသိနားမလည်ကြသောကြောင့် ကိုယ်တော်၏ ကျေးဇူးတော် သတင်းစကားကို သူတို့နှင့် မဆိုင်ဟု သဘောထား၍ တိမ်းရှောင်ကြ၏။COLB 30.3

    လမ်းပေါ်မှ မျိုးစေ့များကို ငှက်တို့ ကောက်ယူရန် အသင့် ရှိနေကြသကဲ့သို့ စာတန်သည်လည်း လူတို့၏ စိတ်နှလုံးတွင်းမှ သမ္မာတရားမျိုးစေ့များကို နုတ်ယူရန် အသင့် ရှိနေပါသည်။ သတိမမူသေးသော သူသည် နိုးကြား၍ သူ၏ ခိုင်မာနေဆဲ စိတ်နှလုံးအတွက် အကျိုးသက်ရောက်မည်ကို စိုးရိမ်သောကြောင့် ဧဝံဂလိတရားတော်ကို ဟောကြားသော အစည်းအဝေးများ၌ စာတန် နှင့် သူ၏ တမန်တို့ ရှိနေကြပါသည်။ ကောင်းကင်တမန်များသည် လူတို့၏ စိတ်နှလုံးတွင် တၕရားစကားများ စွဲမှတ်စေရန် ကြိုးစားအားထုတ်ကြသကဲ့သို့ ရန်သူသည်လည်း နှုတ်ကပါတ် တရားတော် အကျိုးသက်ရောက်မှု မရှိစေရန် သတိဝီရိယနှင့် စောင့်နေပါသည်။ ရန်ငြိုးဖွဲ့သော စိတ်ပြင်းထန်သလောက် ဇွဲကောင်းသည့် စာတန်သည် ဘုရားသခင်၏ ဝိညာဉ်တော် လုပ်ငန်း ပျက်စီးအောင် အားထုတ်၏။ ခရစ်တော်သည် အသက်ဝိညာဉ် တစ်ခုကို မေတ္တာဖြင့် ဆွဲဆောင်နေချိန်တွင် ကယ်တင်ရှင်ကို ရှာရန် စိတ်ဝင်စားနေသူ၏ အာရုံကို လွှဲပြောင်းရန် စာတန်ကလည်း ကြိုးစားနေပါသည်။ သူ၏ စိတ်ကို လောကီရေးရာ အကြံအဖန်များတွင် နစ်မြှပ်နေစေပါသည်။ ဝေဖန်ပြစ်တင်ဖို့ စိတ်ထကြွစေပါသည်။ သို့တည်းမဟုတ် မယုံမကြည် ဖြစ်စေဖို့ နှင့် ယုံမှား သံသယ ဖြစ်စေဖို့ တဖြည်းဖြည်း သွေးဆောင်နေပါသည်။ တရားဟောပြောသော သူ၏ စကား အသုံးအနှုန်း သို့မဟုတ် ဟောပုံဟောနည်းများသည် တရားနာသူ တို့၏ စိတ်နှင့် မတွေ့မထိဘဲ ရှိကောင်းရှိမည် ဖြစ်ရာ ယင်း ချွတ်ယွင်းမှုများကို တရားနာသူများသည် ထပ်တလဲလဲ ပြစ်တင် ပြောဆိုနေတတ်ကြပါသည်။ ထိုကြောင့် သူတို့အတွက် လိုအပ်သည့်အလျောက် ကျေးဇူးတော်အားဖြင့် ဘုရားသခင် ပေးပို့တော်မူသော သမ္မာတရားသည် သူတို့၏ စိတ်တွင် ကြာရှည်စွာ မတည်မမြဲနိုင်တော့ပါ။COLB 31.1

    စာတန်၌ တပည့်တပန်းများစွာ ရှိပါသည်။ ခရစ်ယာန် အခေါ်ခံသူ အများပင်လျှင် အခြားသော သူတို့ထံမှ သမ္မာတရားမျိုးစေ့များကို ရန်သူက နုတ်ယူသွားရန် ကူညီယိုင်းပင်းနေကြပါသည်။ ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ကိုကြားနာသော သူအများစုသည် မိမိတို့၏ နေအိမ်၌ ယင်း တရားစကားများနှင့် စပ်လျဉ်း၍ ပြစ်တင်ဝေဖန်တတ်ကြပါသည်။ ကထိက တစ်ဦး ပို့ချသော သင်ခန်းစာကို ဝေဖန်သုံးသပ်သကဲ့သို့ လည်းကောင်း၊ နိုင်ငံရေးသမား တစ်ဦး၏ ပြောဟောချက်များကို ပြစ်တင်ဝေဖန်သကဲ့သို့ လည်းကောင်း ဓမ္မဒေသနာကို သူတို့ ဝိုင်းဖွဲ့၍ စီရင်ဆုံးဖြတ်ကြပါသည်။ သူတို့အတွက် ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ဟု ယူဆရမည့် သတင်းစကားများနှင့် ပတ်သက်၍ အသေးအဖွဲကိစ္စများကို အကျယ်ချဲ့ကြ၏။ ထင်မြင်ယူဆချက်အတိုင်း ထိခိုက်လောက်အောင် စောင်းချိတ် ပြောဆိုကြ၏။ ဓမ္မဆရည၏ အကျင့်စာရိတ္တ၊ ရည်ရွယ်ချက် နှင့် ဟောပုံဟောနည်းများကို လည်းကောင်း၊ အသင်းသားများ၏ အနေအထိုင် အကျင့်ဓလေ့များကို လည်းကောင်း အပြန်အလှန် လွတ်လပ်စွာ နှီးနှောဆွေးနွေးကြ၏။ ပြင်းထန်စွာ ပြစ်တင်ဆုံးဖြတ်ကြ၏။ အဖျင်းစကားများ၊ ကုန်းချောစကားများ နှင့် ပုတ်ခတ်သော စကားများကို ထပ်တလဲလဲ ပြောဆိုကြ၏။ ဤသို့ မသင့်လျော်သော စကားများကို မယုံကြည်သေးသော သူများ၏ ရှေ့မှောက်မှာပင် ပြောဆိုလေ့ရှိကြ၏။ မကြာခဏလိုပင် မိဘများသည်လည်း သားသမီးများ ကြားနိုင်လောက်သည့် နေရာတွင် ပြောဆိုကြ၏။ ယင်းသို့ ပြုမူခြင်းအားဖြင့် ဘုရားသခင်၏ အမှုတော်ဆောင်များအား ရိုသေလေးစားခြင်း နှင့် သူတို့ ဝေငှသော သတင်းစကားများကိုပါ လေးစားမြတ်နိုးခြင်း မရှိအောင် ဖျက်ဆီးနေကြပါသည်။ ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ကို လူအများက ပေါ့ပေါ့တန်တန် သဘောထားဖို့ သင်ပေးရာရောက်နေပါသည်။COLB 32.1

    ဤနည်းအားဖြင့် ခရစ်ယာန် အမည်ခံသည့် အိမ်ထောင်စုများတွင် လူငယ် အများစုမှာ ဘုရားတရားနှင့် ဝေးကွာ၍နေကြပါသည်။ မိဘများကလည်း သူတို့ သားသမီးများသည် ဧဝံဂလိတရားတော်တွင် အဘယ်ကြောင့် စိတ်ပါဝင်စားမှု နည်းကြပါသနည်းဟူ၍ လည်းကောင်း၊ ကျမ်းစာပါ သမ္မာတရားတော်ကို အဘယ်ကြောင့် ယုံမှား သံသယ ဖြစ်နေကြပါသနည်းဟူ၍ လည်းကောင်း မေးနေတတ်ကြပါသည်။ ကျင့်ဝတ် ကောင်းဖို့ နှင့် ဘာသာရေး ကိုင်းညွှတ်ဖို့ သူတို့ကို ဆွဲဆောင်ရာမှာ မလွယ်ကူပါဟု သူတို့ အံ့အားသင့်နေကြပါသေး၏။ သို့သော် သူတို့ ပြသည့် ပုံသက်သေကြောင့် သူတို့ သားသမီးများ၏ စိတ်နှလုံးများ ခိုင်မာနေကြသည်ကို သူတို့ မသိသဘောမပေါက်ကြ။ ကောင်းသော မျိုးစေ့သည် အမြစ်စွဲဖို့နေရာ မရသောကြောင့် စာတန် နုတ်ယူသွားလေပြီ။COLB 33.1

    Larger font
    Smaller font
    Copy
    Print
    Contents