Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်တော်၏သရုပ်ပြ ဩဝါဒများ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ငွေကြေး

    ဘုရားသခင်သည် လူတို့အား ဥစ္စာပစ္စည်းများကိုလည်း ယုံကြည်စွာ လွှဲအပ်ထားတော်မူ၏။ ယင်း ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာအောင် ရှာဖွေ စုဆောင်းနိုင်သော စွမ်းရည်ကို ပေးထားတော်မူ၏။ ကိုယ်တော်သည် ကောင်းကင်မှ အားအင် ပြည့်ဖြိုးစေသည့် နှစ်သက်စရာ မိုးရေမိုးပေါက်တို့နှင့် လည်းကောင်း၊ ဆီးနှင်းတို့ဖြင့် လည်းကောင်း မြေကြီးကို စွတ်စိုစေတော်မူ၏။ ကိုယ်တော်သည် မြေကြီးကို နွေးစေ၍ သဘာဝများကို နိုးကြား သက်ရှင်စေလျက် အပွင့်အသီးတို့ကို ဖြစ်ထွန်းစေသည့် နေရောင်ခြည်ကိုလည်း ပေးသနားတော်မူ၏။ ထိုကြောင့် ကိုယ်တော်ရှင်အတွက် တုံ့ပြန်ရန် တောင်းဆိုတော်မူ၏။COLB 440.1

    ကျွန်ုပ်တို့အား ပေးသနားထားတော်မူသည့် ငွေသည် ကျွန်ုပ်တို့ ကိုယ်တိုင် ဂုဏ်ထင်ရှား ဘုန်းကြီးမားစေရန်အတွက် မဟုတ်ပါ။ ကျွန်ုပ်တို့သည် သစ္စာ ရှိသော ဘဏ္ဍာစိုးများ ဖြစ်၍ ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားစေရန် နှင့် ဘုန်းတန်ခိုး အာနုဘော် ကြီးမြတ်စေရန်အတွက် အသုံးချကြရပါမည်။ အချို့သော သူတို့က သူတို့၏ ဥစ္စာဘဏ္ဍာမှ တစ်စိတ်တစ်ဒေသကိုသာ ဘုရားသခင် ပိုင်ဆိုင်တော်မူသည်ဟု ထင်မှတ်မှားကြ၏။ ဘာသာရေး နှင့် ကောင်းမှုပြုရေးအတွက် တစ်စိတ်တစ်ဒေသကို သီးသန့် ဖယ်ထားပြီးလျှင် ကျန်ငွေကို မိမိတို့ ပိုင်သဖြင့် စိတ်တိုင်းကျ သုံးစွဲနိုင်ကြပြီဟု သဘောထားကြ၏။ ဤသည်ကား သူတို့၏ မှားယွင်းမှုပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့ ပိုင်ဆိုင်သမျှသည် ဘုရားသခင်၏ ဥစ္စာဘဏ္ဍာ ဖြစ်၍ ကျွန်ုပ်တို့ သုံးစွဲသမျှအတွက် ဘုရားရှင်နှင့် စာရင်းရှင်းရန် တာဝန်ရှိပါသည်။ကျွန်ုပ်တို့ သုံးစွဲသမျှသော ကျပ်တိုင်း၊ ပြားတိုင်းတွင် ကျွန်ုပ်တို့သည် ဘုရားသခင်ကို အထူး မြတ်ဆုံး ချစ်သည် မချစ်သည်ကို လည်းကောင်း၊ ကိုယ်နှင့် စပ်ဆိုင်သူကို ကိုယ်နှင့်အမျှ ချစ်သည် မချစ်သည်ကို လည်းကောင်းသိမြင်နိုင်ပါသည်။COLB 441.1

    ငွေဖြင့် ကောင်းမြတ်သော အမှုကို ဆောင်ရွက်နိုင်သည် ဖြစ်၍ တန်ဖိုး ကြီးမားလှပါ၏။ ဘုရားသခင်၏ သားသမီးတို့ လက်တွင် ငွေသည် မွတ်သိပ်သော သူအတွက် အစားအစာ ဖြစ်၏။ ရေငတ်သောသူ သောက်စရာဖို့ ရေအေး ဖြစ်၏၊ အဝတ်အချည်းစည်း ရှိသူအတွက် အဝတ်အထည် ဖြစ်၏။ နှိပ်စက်ညှဉ်းပန်းခြင်း ခံရသူအတွက် အကွယ်အကာ ဖြစ်၏။ နာဖျားမကျန်းသူအတွက် ကုသရန် နည်းလမ်း ဖြစ်၏။ အသက်တာအတွက် အမှန် လိုအပ်သော အရာများနှင့် ပတ်သက်၍ သုံးစွဲထောက်ပံ့ခြင်း၊ သူတစ်ပါးအတွက် ကောင်းချီးမင်္ဂလာ ဖြစ်စေခြင်း၊ ခရစ်တော်၏ အမှုတော် တိုးတက်ကြီးပွားရေးအတွက် သုံးစွဲ ကုန်ကျခြင်းများမှ လွဲ၍ ငွေသည် သောင်ပြင်မှ သဲပမာ တန်ဖိုး မရှိပါ။COLB 441.2

    သိုလှောင်ထားသော ဥစ္စာဓနသည် အချည်းနှီး ဖြစ်သည် သာမက အမင်္ဂလာပင် ဖြစ်၏။ ယခု ဘဝ အသက်တာတွင် အသက်ဝိညာဉ်အတွက် ကျော့ကွင်း ဖြစ်၍ ကောင်းကင်ဘဏ္ဍာထက် အခြားအရာများကို စုံမက်တတ်၏။ ဘုရားသခင်၏ နေ့ရက်ကြီးသို့ ရောက်လာသောအခါ အသုံးမပြုဘဲထားသော စွမ်းရည်သတ္တိများ နှင့် ဥပေက္ခာ ပြုခဲ့သော အခွင့်အရေးများ၏ ပိုင်ရှင်များကို ပြစ်ဒဏ်စီရင်ရာတွင် ၎င်း စွမ်းရည်သတ္တိများ နှင့် အခွင့်အရေးများက သက်သေခံကြလိမ့်မည်။ ထိုကြောင့် ကျမ်းစာတော်မြတ်တွင် “အချင်း သူဌေးသူကြွယ်တို့၊ ယခု လာကြ၊ သင်တို့ အပေါ်၌ ရောက်လတ္တံ့သော ဆင်းရဲဒုက္ခ ဝေဒနာကြောင့် ငိုကြွေးအော်ဟစ်ကြ။ သင်တို့ ဥစ္စာပစ္စည်းသည် ပုပ်စပ်လျက် ရှိ၏။ အဝတ်ကိုလည်း ပိုးကိုက်စားလေပြီ။ ရွှေငွေလည်း အချေးတက်၍ ပျက်ကုန်ပြီ။ ထို အချေးသည် သင်တို့ တစ်ဖက်၌ သက်သေ ဖြစ်၍ မီးကဲ့သို့ သင်တို့ အသားကို စားလိမ့်မည်။ နောက်ဆုံးသော နေ့ရက်ကာလအဖို့ ဘဏ္ဍာကို ဆည်းပူးကြပြီတကား၊ နားထောင်ကြ၊ သင်တို့ လယ်ကွက်၌ ရိတ်သော သူတို့ကို လှည့်စား၍ အခ မပေးဘဲနေသောကြောင့် ထို အခသည် ကြွေးကြော်လေ၏။ ရိတ်သော သူတို့၏ အော်ဟစ်ခြင်း အသံသည်လည်း ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နားတော်ထဲသို့ ဝင်လေပြီ။” ဟု သတိပေး နှိုးဆော်ထားပါသည်။ ယာ၊ ၅:၁-၄။COLB 442.1

    ကျွန်ုပ်တို့သည် ဥစ္စာဘဏ္ဍာများကို အတ္တကောင်းကျိုး နှင့် ဟိတ်ဟန်ထုတ်ရာတွင် ပို၍ သုံးစွဲလေ မွတ်သိပ်သော သူ နှင့် အဝတ်အချည်းစည်း ရှိသူတို့အတွက် လျော့နည်း သုံးစွဲရလေ ဖြစ်ပါသည်။ အမှန်စင်စစ် မလိုအပ်ဘဲ သုံးစွဲလိုက်သည့် ကျပ်တိုင်း၊ ပြားတိုင်းသည် သုံးစွဲသူအား ကောင်းမှု တစ်စုံတစ်ခု ပြုရန် မွန်မြတ်သည့် အခွင့်အရေးကို ဆုံးရှုံးစေခြင်း ဖြစ်ပါ သည်။ ဘုရားသခင် ယုံကြည်စွာ လွှဲအပ်ထားသည့် စွမ်းရည်သတ္တိများကို တိုးတက်ဖွံ့ဖြိုးအောင် အသုံးချပါက ကိုယ်တော်၏ ဂုဏ်တော်ကို ထင်ရှားစေ၍ ဘုန်းတန်ခိုးအာနုဘော် ကြီးမြတ်စေခြင်း ဖြစ်ပါသည်။ သို့မဟုတ်ပါက ကိုယ်တော်၏ ဂုဏ်တော် နှင့် ဘုန်းတော်ကို လုယူရာ ရောက်ပါသည်။COLB 442.2

    Larger font
    Smaller font
    Copy
    Print
    Contents