Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်တော်၏သရုပ်ပြ ဩဝါဒများ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ဘဏ္ဍာ၏ တန်ဖိုး

    လူတို့သည် အကျိုးအမြတ် ရရှိရေး၌သာ စိတ်ဝင်စားနေကြသောကြောင့် ထာဝရကာလ၏ အမှန် ဖြစ်ရပ်များကို မျက်ခြည်ပြတ်နေကြသည်ကို ကယ်တင်ရှင် သိတော်မူ၏။ ထိုကြောင့် ယင်း အမှားကို ပြုပြင်ရန် ကိုယ်တော် ဆောင်ရွက်တော်မူ၏။ အသက် ဝိညာဉ်ကို သေစေတတ်သည့် မကောင်းမှု၌ စွဲလမ်းနေခြင်းများကို ဖြတ်တောက်ရန် ကိုယ်တော် အလိုရှိတော်မူ၏။ ထိုကြောင့်၊ “လူသည် ဤ စကြဝဠာကို အကြွင်းမဲ့ အစိုးရ၍ မိမိ အသက်ဝိညာဉ် ရှုံးလျှင် အဘယ် ကျေးဇူးရှိသနည်း။ မိမိ အသက်ဝိညာဉ်ကို အဘယ် ဥစ္စာနှင့် ရွေးနိုင်သနည်း” ဟု အသံကို မြှင့်၍ မိန့်တော်မူ၏။ မ၊ ၁၆:၂၆။ ထာဝရကာလ၏ အမှန် ဖြစ်ရပ်များကို ဆုံးရှုံးနေသော လူ သားတို့ တွေ့မြင်နိုင်စေရန် သူတို့ မျက်ခြည်ပြတ်နေသည့် သာ၍ မြတ်သော ကမ္ဘာကို သူတို့အား ထင်ရှားစွာ ပြတော်မူ၏။ ထင်ရှားစွာ ပြတော်မူ၏။ ပြော၍ မကုန်နိုင်သည့် ဘုန်းတန်ခိုးတော်အရှင် ဘုရားသခင်၏ တံခါးဝသို့ သူတို့ကို ပို့ဆောင်၍ ကိုယ်တော်ထံ၌ ရှိသော ဘဏ္ဍာများကို ပြတော်မူ၏။COLB 111.3

    ယင်း ဘဏ္ဍာများသည် ရွှေငွေ ရတနာထက် တန်ဖိုးကြီး၏။ ကမ္ဘာမြေကြီးပေါ်၌ ရှိသော သတ္တုတွင်းများ၏ ရတနာအပေါင်းနှင့် နှိုင်းယှဉ်၍ မရနိုင်။COLB 112.1

    “နက်နဲသော အရပ်က ငါ၌ မရှိ။
    ပင်လယ်ကလည်း ငါ၌ မရှိဟု ဆိုတတ်၏။
    ရွှေစင်ကို ပေး၍ ပညာကို မရ။
    ငွေကို ချိန်၍ ပညာအဖိုးကို မမီနိုင်။
    သြဖိရရွှေ၊ မြတ်သော ရှဟံကျောက်၊
    နီလာကျောက်နှင့် ဝယ်သော်လည်း မရနိုင်။
    ရွှေ ဖြစ်စေ၊ ကျောက်သလင်း ဖြစ်စေ၊ မမီနိုင်။
    ရွှေစင်တန်ဆာများနှင့် ဖလှယ်၍ မရနိုင်။
    သန္တာ နှင့် ပုလဲကို ပြောစရာ မရှိ။
    ပညာသည် ပတ္တမြားထက် သာ၍ အဖိုးကြီး၏။” ယောဘ၊ ၂၈:၁၄-၁၈။
    COLB 112.2

    ဤ ဘဏ္ဍာများ အကြောင်းကို ကျမ်းစာတော်မြတ်တွင် ရှာဖွေတွေ့သိနိုင်ပါသည်။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ သင်ခန်းစာ စာအုပ်ကြီး ဖြစ်၍ ကိုယ်တော်၏ နည်းပြ ဆရာကြီးလည်း ဖြစ်ပါသည်။ သိပ္ပံပညာမှန် အပေါင်း၏ အခြေခံသည် သမ္မာကျမ်းစာတွင် ပါဝင်ပါသည်။ ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ကို စူးစမ်း ရှာဖွေလျှင် ပညာ၏ အခန်းကဏ္ဍ မှန်သမျှကို တွေ့နိုင်ပါသည်။ ထိုမျှမက သိပ္ပံပညာတကာတို့၏ သိပ္ပံပညာ ဖြစ်သော ကယ်တင်ခြင်းဆိုင်ရာ သိပ္ပံပညာသည်လည်း နှုတ်ကပါတ် တရားတော်၌ ပါဝင်ပါသည်၊ သမ္မာကျမ်းစာသည် စူးစမ်းရှာဖွေ၍ မကုန်နိုင်သည့် ခရစ်တော်၏ ရတနာသိုက်ကြီး ဖြစ်ပါသည်။COLB 112.3

    ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ကို လေ့လာ သင်ကြားလိုက်နာခြင်းအားဖြင့် အဆင့်မြင့် ပညာမှန်ကို ရရှိနိုင်ပါသည်။ ယင်း နှုတ်ကပါတ် တရားတော်မှအပ ဘုရားသခင်ထံတော်သို့ လည်းကောင်း၊ ကောင်းကင်နိုင်ငံတော်သို့ လည်းကောင်း လမ်းညွှန်ခြင်း မပြုသော စာအုပ်များကို လေ့လာ သင်ကြား၍ ရရှိသော ပညာသည် လမ်းလွဲသော ပညာ ဖြစ်ပါသည်။COLB 113.1

    သဘာဝတွင် အံ့သြဖွယ်ရာ သမ္မာတရားများ ရှိပါသည်။ ကမ္ဘာမြေကြီး၊ ပင်လယ် နှင့် ကောင်းကင်တွင် သမ္မာတရားများ ပြည့်လျှံလျက် ရှိပါသည်။ ၎င်းတို့သည် ကျွန်ုပ်တို့၏ နည်းပြဆရာများ ဖြစ်၍ ထာဝရ သမ္မာတရား နှင့် ကောင်းကင်ပညာဆိုင်ရာ သင်ခန်းစာများကို သဘာဝက သင်ကြားပို့ချလျက် ရှိနေပါသည်။ သို့သော် ဆုံးရှုံးသော လူသားသည် နားလည်မည် မဟုတ်ပါ။ အပြစ် ဒုစရိုက်သည် သူ၏ စက္ခုအာရုံကို မှုန်ဝေစေသောကြောင့် သဘာဝကို ဘုရားသခင်ထက် ဦးစားပေးပါက သူ၏ ကိုယ်ပိုင် ဉာဏ်ဖြင့် အဓိပ္ပါယ်ကောက်ယူနိုင်မည် မဟုတ်ပါ။ ထာဝရဘုရား၏ နှုတ်ကပါတ်တော်ကို ငြင်းပယ်သူတို့၏ ဉာဏ်မျက်စိတွင် သင်ခန်းစာ မှန်ကို ခွဲခြားသိမြင်နိုင်မည် မဟုတ်ပါ။ သူတို့သည် သဘာဝ၏ သင်ကြားချက်များကို အလွဲယူဆကြသောကြောင့် ဖန်ဆင်းရှင်ကို ကျောခိုင်းကြ၏။COLB 113.2

    လူအများစုက လူ၏ ပညာကို ဘုရားသခင်၏ ပညာထက် အဆင့်မြင့်သည်ဟု ယူဆ၍ ဘုရားသခင်၏ သင်ခန်းစာ စာအုပ်တွင် စိတ်ပါဝင်စားမှု မရှိ၊ ခေတ် နောက်ကျနေသည်ဟု သဘောပိုက်ကြ၏။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော် တိုက်တွန်းနှိုးဆော်ခြင်းကို လက်ခံသော သူတို့ကမူ ထိုသို့ သဘောမထားဘဲ အဖိုးမဖြတ်နိုင်သော ဘဏ္ဍာကို တွေ့မြင်သောကြောင့် ယင်း ရတနာ ဘဏ္ဍာ ရှိသော လယ်မြေကို ဝယ်ယူရန် မိမိတို့ ပိုင်သမျှကို ရောင်းချကြလိမ့်မည်။ နာမည်ကြီးသော စာရေးဆရာတို့၏ စာပေများတွင် ပါဝင်သော အတွေးအခေါ်များအစား အကြီးဆုံးသော စာရေးဆရာကြီး ဖြစ်တော်မူသော၊ ကမ္ဘာကြီးက သိသမျှတွင် အကြီးဆုံး နည်းပြဆရာကြီး ဖြစ်တော်မူသော၊ မိမိ၏ အသက်တော်ကိုလည်း ကျွန်ုပ်တို့ အတွက် စွန့်တော်မူသော ကိုယ်တော်အားဖြင့် ကျွန်ုပ်တို့သည် ထာဝရအသက်ကို ရမည်အကြောင်း ကိုယ်တော်၏ နှုတ်ကပါတ် တရားတော်ကို ရွေးချယ်ကြ၏။COLB 113.3

    Larger font
    Smaller font
    Copy
    Print
    Contents