Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်တော်၏သရုပ်ပြ ဩဝါဒများ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ပျောက်သော ငွေတစ်ပြား

    ပျောက်သော သိုးဥပမာကို မိန့်တော်မူပြီးနောက် ခရစ်တော်သည် အခြားသော ဥပမာကို ပေးတော်မူပြန်သည်မှာ “တစ်စုံတစ်ယောက်သော မိန်းမ၌ ငွေဆယ်ပြား ရှိ၍ တစ်ပြား ပျောက်လျှင် ဆီမီးကို ထွန်း၍ မတွေ့မီတိုင်အောင် တစ်အိမ်လုံးကို လှည့်၍ စေ့စေ့ မရှာဘဲ နေမည်လော။”COLB 226.1

    အရှေ့တိုင်းပြည် အချို့တွင် ဆင်းရဲနွမ်းပါး သူများ၏ နေအိမ်၌ များသောအားဖြင့် အခန်း တစ်ခန်းသာ ရှိသည့်ပြင် ပြတင်းပေါက် မရှိသည့်အတွက် အလင်းရောင် ကင်းမဲ့နေတတ်ပါသည်။ အခန်းကိုလည်း ရှင်းလင်းမှု နည်းသောကြောင့် ကြမ်းပေါ်သို့ ကျသွားသော ငွေတစ်ပြားကို ဖုန်မှုန့် နှင့် အမှိုက်သရိုက်များဖြင့် ချက်ချင်း ဖုံးအုပ်နေတတ်ပါသည်။ နေ့အချိန်၌ပင် ဖြစ်သော်လည်း ယင်း ပျောက်ဆုံးသော ငွေတစ်ပြားကို ပြန်လည် တွေ့ရှိစေရန် ဖယောင်းတိုင် ထွန်းညှိ၍ အိမ်ကို တံမြက်လှည်းပြီး စေ့စေ့ ရှာဖွေရပါသည်။COLB 226.2

    မင်္ဂလာဆောင်ချိန်က အမျိုးသမီး ရရှိခဲ့သော မင်္ဂလာဝေစုတွင် များသောအားဖြင့် ငွေပြားများ ပါဝင်တတ်ပါသည်။ ယင်း ငွေများကို အမျိုးသမီးများ သေသေချာချာ သိမ်းဆည်းထားလေ့ ရှိကြပါသည်။ ယင်းသို့ အမြတ်တနိုး စောင့်ထိန်းထားခြင်းမှာ တစ်ကြိမ်တွင် မိမိ၏ သမီးများအား ဆက်လက် ကူးပြောင်းပေးရန် ဖြစ်ပါသည်။ အကယ်၍ ယင်း ငွေတစ်ပြားမျှ ပျောက်ဆုံးသွားခဲ့ပါလျှင် ကြီးလေးသော အန္တရာယ် ဖြစ်သည်ဟု သဘောထားသဖြင့် ပြန်၍ တွေ့သောအခါ အိမ်နီးချင်း အမျိုးသမီးများနှင့် အတူ အထူး ဝမ်းမြောက်အားရကြ၏။COLB 226.3

    ထိုကြောင့် “တွေ့ပြီးလျှင် အဆွေခင်ပွန်း အိမ်နီးချင်းများကို ခေါ်၍ ပျောက်သော ငွေကို ငါ တွေ့ပြီ။ ငါနှင့်အတူ ဝမ်းမြောက်ကြလော့ဟု ဆိုတတ်သည် မဟုတ်လော။ ထိုနည်းအတူ ငါဆိုသည်ကား ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် နောင်တရသော လူဆိုးတစ်ယောက်၌ ဝမ်းမြောက်ခြင်း ရှိကြသည်ဟု မိန့်တော်မူ၏။”COLB 226.4

    ဤ ဥပမာသည် ရှေ့က ဥပမာကဲ့သို့ တစ်စုံတစ်ခု ပျောက်ဆုံးခြင်းနှင့် စပ်ဆိုင်သည် သာမက စေ့စေ့စပ်စပ် ရှာဖွေလျှင် ပြန်လည်တွေ့ရှိ၍ အထူး ဝမ်းမြောက်ရကြမည် ဖြစ်ကြောင်း ဖေါ်ပြထားခြင်း ဖြစ်ပါသည်။ သို့သော် ဥပမာ နှစ်ခုသည် တူညီမှု မရှိသော လူတန်းစား နှစ်ရပ်ကို ဖေါ်ပြထားပါသည်။ ပျောက်သော သိုးသည် သူ ပျောက်နေကြောင်းကို လည်းကောင်း၊ သိုးထိန်း နှင့် သိုးအုပ်ကို ခွဲခွာခဲ့သည် ဖြစ်၍ သူ ကိုယ်တိုင် ပြန်၍ တွေ့အောင် မရှာနိုင်တော့ကြောင်းကို လည်းကောင်း သူ သိ၏။ ယင်း ဥပမာသည် ဘုရားသခင်နှင့် ကင်းကွာနေသဖြင့် စိတ်ရှုပ်ထွေးခြင်း၊ အသရေပျက်ခြင်း နှင့် နာကြည်းစွာ သွေးဆောင်ခြင်းများကို ခံလျက် နေရကြောင်း သဘောပေါက်သော သူကို ပုံဆောင်ထားပါသည်။ ပျောက်သော ငွေပြားသည် ကျူးလွန်ခြင်း နှင့် မကောင်းမှု ဒုစရိုက်တွင် နစ်နေသော်လည်း ကိုယ့်အခြေအနေ ကိုယ် မသိသော သူများကို ပုံဆောင်ထားပါသည်။ သူတို့သည် ဘုရားသခင်နှင့် ဆက်ပြတ်နေကြောင်း မသိကြ။ သူတို့၏ အသက်ဝိညာဉ်များသည် အန္တရာယ်နှင့် ရင်ဆိုင်နေရကြ သော်လည်း သတိမမူဘဲ အမှတ်တမဲ့နေကြ၏။ စိုးရိမ်ကြောင့်ကြခြင်းလည်း မရှိ။ ဤ ဥပမာတွင် ဘုရားသခင်၏ တောင်းဆိုချက်များကို အမှုမထားသော်လည်း ကိုယ်တော်သည် သူတို့အား သနားကြင်နာ၍ မေတ္တာ ရှိတော်မူကြောင်း ခရစ်တော် သင်ကြားပြသတော်မူ၏။ ထိုသို့သော သူများကို ရှာဖွေ၍ ဘုရားသခင်၏ ထံတော်သို့ ပြန်လည် ပို့ဆောင်ရကြပါမည်။COLB 227.1

    သိုးခြံမှ ထွက်၍ လေလွင့်သွားသော သိုးသည် တောထဲ၌ လည်းကောင်း၊ သို့မဟုတ် တောင်ပေါ်၌ လည်းကောင်း ပျောက်နေပါသည်။COLB 227.2

    * * * * *

    “ငါ၏ လူတို့သည် ပျောက်သော သိုး ဖြစ်ကြပြီ။ သိုးထိန်းတို့သည် တောင်များပေါ်မှာ လမ်းလွဲစေကြပြီ။ သူတို့သည် တောင်တစ်လုံးမှ တစ်လုံးသို့ လမ်းလွဲသွား၍ ငြိမ်ဝပ်သော အရပ်ကို မေ့လျော့ကြပြီ။” ယေရမိ၊ ၅၀:၆။ “ပျောက်သော သိုးကဲ့သို့ အကျွန်ုပ်သည် လမ်းလွဲပါပြီ။ ကိုယ်တော်၏ ကျွန်ကို ရှာတော်မူပါ။ အကျွန်ုပ်သည် ပညတ်တော်တို့ကို မမေ့မလျော့ပါ။” ဆာလံ၊ ၁၁၉:၁၇၆။ ငွေပြားမှာမူကား အိမ်တွင်း၌ပင် ပျောက်နေပါသည်။ ယင်းသည် လက်လှမ်းမီနိုင်သော်လည်း စေ့စေ့ ရှာဖွေမှသာ ပြန်၍ တွေ့ပါလိမ့်မည်။

    ဤ ဥပမာတွင်မိသားစုများအတွက် သင်ခန်းစာ ရှိပါသည်။ အိမ်ထောင်၌ မိသားစုဝင်များ၏ အသက်ဝိညာဉ်များကို အမှုမထား အရေးမပေးဘဲ အမှတ်တမဲ့နေလေ့ရှိကြပါသည်။ သူတို့တွင် ဘုရားသခင်နှင့် ကင်းကွာနေသူ တစ်ဦးတစ်ယောက် ရှိနေနိုင်ပါသည်၊ သို့သော် ဘုရားသခင် အပ်နှင်းထားသော ရတနာ တစ်ခု မိသားစုတွင်းမှ ပျောက်ဆုံးသွားလိမ့်မည်ကို စိုးရိမ်ကြောင့်ကြမှု မည်မျှ နည်းပါးနေကြပါသနည်း။COLB 228.1

    ငွေပြားသည် ဖုန်မှုန့် နှင့် အမှိုက်သရိုက်များ အကြားတွင် ကျ၍ ပျောက်နေသော်လည်း ငွေပြားပင် ဖြစ်ပါသည်။ တန်ဖိုး ရှိသောကြောင့် ဥစ္စာရှင်က ရှာဖွေ၏။ ထိုနည်းအတူ အသက်ဝိညာဉ် ရှိသမျှသည် မည်သို့ပင် အပြစ်၌ နစ်မွန်း၍ အသရေ ပျက်နေစေကာမူ ဘုရားသခင်၏ ရှေ့တော်၌ အဖိုးထိုက်တန်သည်ဟု သတ်မှတ်ပါသည်။ ငွေပြားသည် တိုင်းပြည်ကို အုပ်စိုးသော အာဏာပိုင်၏ ရုပ်ပုံ နှင့် တံဆိပ် အမှတ်အသားများ ပါရှိသကဲ့သို့ လူသားသည် ဖန်ဆင်းခြင်း ခံရစဉ်က ဘုရားသခင်၏ ပုံသဏ္ဌာန်တော် နှင့် တံဆိပ်အမှတ် ပါရှိပါသည်။ သို့သော် ယခုအချိန်တွင် အပြစ် ဒုစရိုက်ကြောင့် မှေးမှိန်နေသော်လည်း အသက်ဝိညာဉ်တိုင်းတွင် ယင်း တံဆိပ် အမှတ်အသား ကျန်ရှိနေသေးပါသည်။ ဘုရားသခင်သည် ယင်း အသက်ဝိညာဉ်ကိုပြန်လည်ရယူ၍ မိမိ၏ ပုံသဏ္ဌာန်တော်ကို ဖြောင့်မတ်ခြင်း နှင့် သန့်ရှင်းခြင်းအားဖြင့် ထင်ရှားအောင် ပြန်လည် ရေးဆွဲရန် လိုလားတော်မူ၏။COLB 228.2

    ဥပမာတွင် အမျိုးသမီးသည် ပျောက်သော ငွေပြားကို စေ့စေ့ ရှာဖွေပါသည်။ ဖယောင်းတိုင်ကို ထွန်း၍ အိမ်ကို တံမြက်လှည်း၏၊ ရှာဖွေရာတွင် နှောင့်နှေးစေမည့် အရာ ရှိသမျှကို ဖယ်ရှား၏။ ငွေတစ်ပြားပင် ပျောက်သော်လည်း ယင်း ငွေတစ်ပြားကို တွေ့သည်တိုင်အောင် ကြိုးစား အားထုတ်၍ ရှာဖွေ၏။ ထိုနည်းအတူ မိသားစုဝင် တစ်ဦး ဘုရားသခင်နှင့် ကင်းကွာ၍ သွားပါက ထို မိသားစုဝင်၏ စိတ် ပြန်လည် တည်ငြိမ်လာရေးအတွက် နည်းမျိုးစုံကို အသုံးပြုရမည်။ ကျန်သော မိသားစုဝင်များ သည်လည်း ကိုယ်ကိုကိုယ် စေ့စေ့ စိစစ်ကြရန် လိုအပ်ပါသည်။ ထို အသက်ဝိညာဉ် နောင်တမရဘဲ စိတ်နှလုံး ခိုင်မာနေခြင်းသည် အုပ်ချုပ်စီမံရာတွင် အမှားအယွင်း သို့မဟုတ် နည်းလမ်းမကျမှုကြောင့် ဟုတ် မဟုတ် ပြန်လည် စိစစ်ရန် လိုအပ်ပါသည်။COLB 228.3

    အိမ်ထောင်စု တစ်ခုတွင် သားသမီး တစ်ဦးတစ်ယောက်သည် သူ၏ မှားယွင်းမှုကို သူ မသိဘဲ ဖြစ်နေပါက မိဘတို့အနေဖြင့် ဥပေက္ခာ ပြုမထားသင့်ပါ။ ဖယောင်းတိုင်ကို ထွန်းညှိကြပါ။ ဘုရားသခင်၏ နှုတ်ကပါတ်တော်ကို စေ့စေ့ ရှာဖွေ၍ ၎င်းမှ ရရှိသော အလင်းတရား နှင့် ထို ကလေးသည် မည်သည့်အတွက် လမ်းလွဲနေကြောင်းကို တွေ့သိအောင် အိမ်ထောင်အတွင်း၌ ရှိသမျှကို လုံ့လပြု၍ စေ့စေ့ ရှာဖွေပါ။ မိဘတို့သည်လည်း မိမိတို့၏ စိတ်သဘောထား နှင့် အလေ့အကျင့် အနေအထိုင်များကို ပြန်လည် စစ်ဆေးကြပါ။ သားသမီးများသည် ဘုရားသခင်၏ အမွေခံများ ဖြစ်၍ ကိုယ်တော်ရှင် ပိုင်တော်မူသော ပစ္စည်းများကို စီမံအုပ်ချုပ်ရသည့်အတွက် ကျွန်ုပ်တို့တွင် ဖြေရှင်းရမည့် တာဝန် ရှိပါသည်။COLB 229.1

    နိုင်ငံခြား သာသနာပြု အမှုတော်တွင် တာဝန်ယူ အမှုထမ်းရန် လိုလားသော မိဘများ ရှိကြပါသည်။ ၎င်းအပြင် မိမိတို့၏ အိမ်ထောင်ရေးမှ အပ ပြင်ပ ခရစ်ယာန် လုပ်ငန်းများတွင် ပါဝင်လှုပ်ရှားသော သူ အများ ရှိကြပါသည်။ သို့သော် မိမိတို့၏ သားသမီးများမှာမူကား ကယ်တင်ရှင် နှင့် ကယ်တင်ရှင်၏ မေတ္တာတော်ကို မသိကြ။ သားသမီးများအား ခရစ်တော်ထံသို့ ပို့ဆောင်သည့် တာဝန်ကို မိဘ အများစုတို့သည် တရားဟော ဆရာ သို့မဟုတ် ဥပုသ်စာဖြေကျောင်းဆရာ၏ လက်သို့ ပုံ၍ အပ်ထားတတ်ကြပါသည်။ ယင်းသို့ ပြုခြင်းအားဖြင့် သူတို့အား ဘုရားသခင် ပေးအပ်ထားတော်မူသော တာဝန်ကို ပျက်ကွက်ကြ၏။ သားသမီးများအား ခရစ်ယာန်COLB 229.2

    * * * * *

    “ယေရှုသည် ထို သူငယ်တို့ကို ခေါ်တော်မူ၍ ငါ့ထံသို့ လာပါလေစေ၊ မဆီးတားကြနှင့်၊ ဘုရားသခင်၏ နိုင်ငံတော်သည် ထိုသို့သော သူတို့၏ နိုင်ငံ ဖြစ်၏။ ငါအမှန်ဆိုသည်ကား အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကို သူငယ်ကဲ့သို့ မခံမယူ၊ ထိုသူသည် နိုင်ငံတော်သို့ မဝင်ရဟု မိန့်တော်မူ၏။” လုကာ၊ ၁၈:၁၆၊၁၇။ ဖြစ်အောင် လေ့ကျင့် ပညာပေးသည့် တာဝန်မှာ မိဘများအတွက် ဘုရားသခင်၏ အမှုတော်ကို အမြင့်မြတ်ဆုံး ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ယင်း လုပ်ငန်းသည် သည်းခံ၍ ဆောင်ရွက်ရသော လုပ်ငန်း၊ အသက်တာ တစ်လျှောက်လုံး ဇွဲလုံ့လဖြင့် မြဲမြံစွာ ကြိုးစား အားထုတ်ရသော လုပ်ငန်း ဖြစ်ပါသည်။ ဤသို့ ယုံကြည်စွာ လွှဲအပ်ထားသည့် လုပ်ငန်း တာဝန်ကို ကျွန်ုပ်တို့ အမှုမထား ဂရုမစိုက်ပါက ကျွန်ုပ်တို့သည် သစ္စာမဲ့သော ဘဏ္ဍာစိုးများ ဖြစ်ကြ၏။ ယင်းသို့ ဂရုမစိုက်ခြင်းအတွက် မည်သည့် ဆင်ခြေကန်ခြင်းကိုမျှ ဘုရားသခင် လက်ခံတော်မူမည် မဟုတ်ပါ။

    သို့သော် ဂရုမစိုက်မိသောကြောင့် အပြစ် ရှိကြောင်း သိသော သူများသည် စိတ်မပျက် အားမလျှော့သင့်ပါ။ ငွေပြားပျောက်သော အမျိုးသမီးသည် ယင်း ငွေပြားကို တွေ့အောင် ရှာဖွေပါသည်။ ထိုနည်းအတူ မိဘတို့အနေဖြင့် “ငါမှစ၍ ငါ့အား ထာဝရဘုရား ပေးတော်မူသော သူငယ်တို့သည် ရှိကြ၏” ဟု ဝမ်းမြောက်ဝမ်းသာစွာဖြင့် ဘုရားသခင်၏ အထံတော်သို့ ချဉ်းကပ်၍ အဖြေ ပေးနိုင်သည်တိုင်အောင် မိမိတို့၏ အိမ်ထောင်များအတွက် မေတ္တာဖြင့် လည်းကောင်း၊ ယုံကြည်ခြင်းဖြင့် လည်းကောင်း၊ ဆုတောင်းပတ္ထနာ ပြုခြင်းဖြင့် လည်းကောင်း ကြိုးစား၍ ဆောင်ရွက်ကြပါစေ။ ဟေရှာ၊ ၈:၁၈။COLB 230.1

    ဤသည်ကား၊ အိမ်တွင်းသာသနာပြု အမှုတော် အစစ် ဖြစ်၍ ယင်း အမှုတော်ကို ဆောင်ရွက်သော သူ နှင့် ဆောင်ရွက်ခြင်း ခံရသူ နှစ်ဦးနှစ်ဘက်လုံး အကျိုးသက်ရောက်မှု ရှိကြ၏။ ကျွန်ုပ်တို့သည် အိမ်တွင်းမှု လုပ်ငန်းကို သစ္စာ ရှိစွာဖြင့် စိတ်ပါကိုယ်ရောက် တာဝန်ယူ ဆောင်ရွက်ကြပါက ဘုရားသခင်၏ အိမ်တော်သားများအတွက် အမှုတော် ဆောင်ရွက်ရန် ကိုယ်ကိုကိုယ် ပုံသွန်းနေခြင်း ဖြစ်ပါသည်။ အကယ်၍ ကျွန်ုပ်တို့သည် ခရစ်တော်အား သစ္စာစောင့်သိ ရိုသေပါက ထာဝရ ကာလပတ်လုံး ယင်း ဘုရားသခင်၏ အိမ်တော်သားများနှင့် အတူ နေထိုင်ခွင့်ရကြပါလိမ့်မည်။ ကျွန်ုပ်တို့၏ အိမ်သား အချင်းချင်း အပေါ် စိတ်ပါဝင်စားသကဲ့သို့ ခရစ်တော်၌ အိမ်တော်သားချင်း ဖြစ်သည့် ညီအစ်ကိုမောင်နှမ အချင်းချင်းတွင် စိတ်ပါဝင်စားရကြပါမည်။COLB 230.2

    ဤကဲ့သို့ ဆောင်ရွက်ခြင်းများအားဖြင့် ကျွန်ုပ်တို့သည် အခြားသော သူများနှင့် ပတ်သက်၍ ဆက်လက် အမှုတော် ဆောင်ရွက်ရေးအတွက် ထိုက်တန်သော သူများ ဖြစ်လာကြစေရန် ဘုရားသခင် ကြံရွယ်တော်မူ၏။ ကျွန်ုပ်တို့သည် ကိုယ်ချင်းစာတရား တိုးပွား၍ မေတ္တာတရား ပွားများလာသည်နှင့် အမျှ မည်သည့် အရပ်ဒေသတွင် မဆို ကျွန်ုပ်တို့အတွက် အမှုတော် ရှိပါလိမ့်မည်။ ဘုရားသခင်၏ လူသား အိမ်ထောင်စုကြီးတွင် ကမ္ဘာတစ်ဝန်းလုံး ပါဝင်သည် ဖြစ်၍ မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ချန်လှပ်ထားရန် မဟုတ်ပါ။COLB 231.1

    ကျွန်ုပ်တို့သည် မည်သည့် နေရာဒေသ၌ပင် ရှိနေစေကာမူ ပျောက်နေသော ငွေတစ်ပြားကို ရှာဖွေရန် အလုပ် ရှိနေပါသည်။ ကျွန်ုပ်တို့ ရှာဖွေနေကြပါ၏လော။ ဘာသာရေး ကိစ္စများ၌ စိတ်ပါဝင်စားခြင်း မရှိသော သူများကို ကျွန်ုပ်တို့ နေ့စဉ် နေ့တိုင်းလိုပင် တွေ့နေရပါသည်။ သူတို့နှင့် စကားပြောကြ၏။ သူတို့ထံသို့ သွား၍ လည်ပတ်ကြပါ၏။ သို့သော် သူတို့၏ ဝိညာဉ်ရေး ကောင်းစားမှုအတွက် စိတ်ဝင်စားမှုကို ပြကြပါ၏လော။ ခရစ်တော်သည် အပြစ်ဖြေလွှတ်တော်မူသော ကယ်တင်ရှင် ဖြစ်ကြောင်း သူတို့အား တင်ပြကြပါ၏လော။ ကျွန်ုပ်တို့သည် ခရစ်တော်၏ မေတ္တာတော် အကြောင်းကို သူတို့အား စိတ်ရောကိုယ်ပါ ပြောပြာကြပါသလား။ မပြောရကြသေးပါလျှင် ထိုသူတို့သည် ဆုံးရှုံးခြင်းတည်းဟူသော ထာဝရ ပျက်စီးခြင်းအတွက် ဘုရားသခင်၏ ပလ္လင်တော် ရှေ့တွင် သူတို့နှင့် အတူ ကျွန်ုပ်တို့ ရပ်နေရကြသောအခါ အဘယ်သို့ ရင်ဆိုင်ကြပါမည်နည်း။COLB 231.2

    အသက်ဝိညာဉ် တစ်ခု၏ တန်ဖိုးကို အဘယ်သူ ခန့်မှန်းနိုင်ပါသနည်း။ အကယ်၍ သင် သဘောပေါက်လိုပါလျှင် ဂေသရှေမန်ဥယျာဉ်သို့ သွား၍ ခရစ်တော်သည် ပြင်းစွာသော ဝေဒနာကို ခံရသည့်အတွက် ချွေးထွက်တော်မူသည်ကား မြေပေါ်၌ ကျသော သွေးစက်ကဲ့သို့ ဖြစ်သည့် အချိန်နာရီများကို ကိုယ်တော်နှင့် အတူ စောင့်ကြည့် မြင်ယောင်ပါ။ လက်ဝါးကပ်တိုင်ပေါ်တွင် မြှောက်ထားခြင်းကို ခံရသော ကယ်တင်ရှင်အား မျှော်ကြည့်ပါ။ “အကျွန်ုပ် ဘုရား၊ အကျွန်ုပ် ဘုရား အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း” ဟု မျှော်မြင်ရာ ကင်းမဲ့သော အသံတော်နှင့် ကြွေးကြော်တော်မူသည်ကို ကြားယောင်ပါ။ မာကု၊ ၁၅:၃၄။ ဒဏ်ရာဒဏ်ချက်များ ရှိနေသော ကိုယ်တော်၏ ခေါင်းတော်ကို လည်းကောင်း၊ ထိုးဖေါက်ခြင်း ခံရသော နံဘေးတော်ကို လည်းကောင်း၊ ပုံပျက်နေသော ခြေတော်ကို လည်းကောင်း မျှော်မှန်း၍ ကြည့်ပါ။ ထို အရာ အားလုံးကို ခရစ်တော် စွန့်စား၍ ခံတော်မူခဲ့သည်ကို သတိရပါ။ ကျွန်ုပ်တို့အား ရွေးနုတ်ကယ်တင်ရန်အတွက် ကောင်းကင်ဘုံသည်ပင်လျှင် အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရ၏။ ခရစ်တော်သည် အပြစ်သား တစ်ယောက်အတွက်ကိုပင်လျှင် မိမိ၏ အသက်ကို စွန့်တော်မူမည် ဖြစ်ကြောင်း အောက်မေ့ သတိရလျက် လက်ဝါးကပ်တိုင် ခြေရင်းတွင် ထိုင်၍ အသက်ဝိညာဉ် တစ်ခု၏ တန်ဖိုးကို ခန့်မှန်းပါ။COLB 231.3

    သင်သည် ခရစ်တော်နှင့် ဆက်ဆံသူ ဖြစ်လျှင် လူသားတိုင်းအား ကိုယ်တော်ရှင် တန်ဖိုး ခန့်မှန်းတော်မူသည်ကို သင်သည်လည်း မှန်းဆနိုင်ပေလိမ့်မည်။ သင့်အား ခရစ်တော် ချစ်တော်မူသည် နည်းတူ သင်သည်လည်း သူတစ်ပါးတို့ အပေါ်တွင် အလားတူသော ချစ်မေတ္တာကို ထားနိုင်ပေလိမ့်မည်။ ထိုအခါ သင်သည် ကိုယ်တော်ရှင် အသက် ပေးထားတော်မူသော သူများအား အဓမ္မမပြုဘဲ ဆွဲဆောင်ခြင်းဖြင့် မငြင်းမဆန် ချဉ်းကပ်စေနိုင်လိမ့်မည်။ ခရစ်တော်သည် သူတို့အတွက် ကိုယ်တော်တိုင် အားထုတ်ကြိုးစားခြင်း မပြုလျှင် မည်သူမျှ ဘုရားသခင်၏ ထံတော်သို့ ပြန်လည် ရောက်ရှိမည် မဟုတ်ပါ။ ထိုနည်းတူ ကျွန်ုပ်တို့သည်လည်း ကိုယ်တိုင် အားထုတ် ကြိုးစားခြင်းအားဖြင့် သာလျှင် အသက်ဝိညာဉ်များကို ကယ်ဆယ်နိုင်ပါလိမ့်မည်။ သင်သည် ပျက်စီးခြင်းလမ်းသို့ လိုက်လျှောက်နေသော သူများကို တွေ့သိသောအခါ လျစ်လျူရှု၍ ဆိတ်ဆိတ်နေခြင်းဖြင့် လည်းကောင်း၊ စိတ်မဝင်စားဘဲ နေခြင်းဖြင့် လည်းကောင်း အလဟဿ အချိန်မဖြုန်းပါနှင့်။ အပြစ်ဒုစရိုက် နှင့် စိတ်ဒုက္ခကြီးလေးသူတို့ကို ပြန်လည် ရရှိရန်အတွက် သင်သည် စိတ်ပါစွာဖြင့် လည်းကောင်း၊ ထောက်ထားညှာတာစွာဖြင့် လည်းကောင်း ပိုမို ကြိုးစား အားထုတ် ဆောင်ရွက်ရလိမ့်မည်။ ဒုက္ခဆင်းရဲခြင်းကို ခံစားနေရသူများ၊ ဘုရားသခင်ကို ပြစ်မှားနေသူများ၊ အကုသိုလ် ဖိစီး၍ ဝန်လေးပင်ပန်းနေသူများ၏ ချို့တဲ့မှုများကို သင်သည် ထင်ရှားစွာ သိမြင်လိမ့်မည်။ သင်သည် သူတို့ကို ကိုယ်ချင်းစား၍ ညှာတာထောက်ထားပြီးလျှင် ကိုယ်ထိလက်ရောက် ကူညီ ယိုင်းပင်းလိမ့်မည်။ သင်၏ ယုံကြည်ခြင်း နှင့် မေတ္တာ လက်ရုံးဖြင့် သူတို့အား ခရစ်တော်ထံသို့ ခေါ်ဆောင်ခဲ့လိမ့်မည်။ သင်သည် သူ့ကို စောင့်ရှောက်၍ အားပေးလိမ့်မည်။ သင်၏ ကိုယ်ချင်းစာ တရား နှင့် ယုံကြည်လေးစားခြင်းသည် သူတို့အား ဆက်လက် တည်ကြည်စေလိမ့်မည်။COLB 232.1

    ဤ လုပ်ငန်းတွင် ကောင်းကင်တမန်များ ဝိုင်းဝန်းကူညီရန် အသင့် ရှိနေကြပါသည်။ ပျောက်သော သူအား ကယ်ဆယ်ရန် နည်းလမ်း ရှာဖွေသော သူတို့၏ အလိုကို ကောင်းကင် အင်အားစုများ လိုက်လျောကြလိမ့်မည်။ စိတ် အခိုင်မာဆုံးသော သူ၊ သတိတရား အကင်းမဲ့ဆုံးသော သူကို တွေ့ထိရန် သင့်အား ကောင်းကင်တမန်များ ယိုင်းပင်းကြလိမ့်မည်။ ပျောက်သော သူ တစ်ဦးကို ဘုရားသခင်၏ ထံသို့ ပြန်၍ ခေါ်ဆောင်ခဲ့လျှင် ကောင်းကင် တစ်ဝန်းလုံး ဝမ်းမြောက်ကြ၏။ လူသားတို့ အပေါ် ထားရှိသော ဘုရားသခင် နှင့် သိုးသငယ်တော်၏ ကရုဏာတော် နှင့် ကျေးဇူးတော်ကို ခေရုဗိန် နှင့် ကောင်းကင်တမန်သရပ်များသည် ရွှေစောင်းတော်များကို တီးလျက် ချီးမွမ်း သီဆိုကြ၏။COLB 233.1

    * * * * *

    Larger font
    Smaller font
    Copy
    Print
    Contents