Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်တော်၏သရုပ်ပြ ဩဝါဒများ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    Chapter 7—“တဆေးနှင့်တူ၏”

    မ၊ ၁၃:၃၃၊ လုကာ၊ ၁၃:၂၀၊၂၁။ ကို အခြေပြုပါသည်။

    ဂါလိလဲ ပုရောဖက်ထံတော်သို့ ပညာရှိကြီးများ၊ သြဇာတိက္ကမ ရှိသော လူကြီးလူကောင်းများ အများအပြား လာရောက် တရားနာကြ၏။ ပင်လယ်ကမ်းခြေတွင် ခရစ်တော်၏ ဝန်းကျင်၌ စုဝေးနေသော တရားနာ ပရိသတ်ကြီးကို အချို့သော သူတို့က စိတ်ပါဝင်စားစွာ စူးစမ်းနေကြ၏။ ယင်း လူစုလူဝေးကြီးတွင် လူတန်းစားပေါင်းစုံ ပါဝင်ကြပါသည်။ ဆင်းရဲနွမ်းပါးသော သူ၊ စာပေ မတတ် အသိပညာ နည်းသော သူ၊ ချို့ငဲ့သော သူတောင်းစား၊ မိမိ စိတ်မလုံသည်ကို မျက်နှာတွင် ပေါ်လွင် နေသော သူခိုးဓါးပြ၊ ဆွံ့အသူ၊ အင်္ဂါ ချို့တဲ့သူ၊ အပျော်အပါး လိုက်စားသူ၊ ကုန်သည် လယ်လုပ် နှင့် အလဟဿနေသူ၊ နိမ့်ကျသူ နှင့် မြင့်မြတ်သူ၊ ချမ်းသာကြွယ်ဝသူ နှင့် နွမ်းပါးသော သူ စသည်ဖြင့် လူမျိုးစုံတို့သည် ခရစ်တော်၏ တရားစကားများကို နာယူရန် တိုးဝှေ့၍ မတ်တတ်ရပ်စရာ နေရာကလေးကိုပင် အရလုယူနေရကြ၏။ လူရည်မွန်တို့သည် ယင်းကဲ့သို့ ထူးခြားသော လူထုပရိသတ်ကြီးကို ငေးမောရင်း ဘုရားသခင်၏ နိုင်ငံတော်သည် ဤသို့သော သူများနှင့် ပြည့်ဝနေပါလိမ့်မည်လားဟု အချင်းချင်း မေးမြန်းကြသည်ကို ခရစ်တော် သိတော်မူသောကြောင့် ဥပမာပုံဆောင်၍ သြဝါဒပေးတော်မူ၏။COLB 96.1

    “ကောင်းကင်နိုင်ငံတော်သည် တဆေးနှင့် တူ၏။ မိန်းမသည် တဆေးကို ယူ၍ မုန့်ညက် သုံးတင်း၌ ထည့်သဖြင့် မုန့်ညက် ရှိသမျှကို ဖေါင်းကြွစေတတ်၏။”COLB 96.2

    ယုဒလူတို့သည် တဆေးကို အပြစ်၏ အထိမ်းအမှတ်အဖြစ် ရံဖန်ရံခါ အသုံးပြုကြ၏။ ပသခါပွဲ ကျင်းပချိန်တွင် လူတို့သည် စိတ်နှလုံးအတွင်းမှ မကောင်းမှု ဒုစရိုက် ရှိသမျှကို ပယ်ရှားရမည် ဖြစ်သောကြောင့် မိမိတို့၏ နေအိမ်၌ ရှိသမျှသော တဆေးများကို ဖယ်ရှားကြရန် လူတို့အား ညွှန်ကြားထားပါသည်။ “လျှို့ဝှက်ခြင်းတည်းဟူသော ဖါရိရှဲတို့၏ တဆေးကို ရှေးဦးစွာ ကြဉ်ရှောင်ကြလော့” ဟု တပည့်တော်များအား ခရစ်တော် မိန့်တော်မူ၏။ လု၊ ၁၂:၁။၎င်းအပြင် တမန်တော် ရှင်ပေါလုက “ဆိုးညစ်မိုက်မဲခြင်း တဆေး” အကြောင်း ပြောခဲဖူးပါသည်။ ၁ ကော၊ ၅:၈။ သို့သော် ခရစ်တော်၏ ဥပမာတွင်မူကား ကောင်းကင်နိုင်ငံတော်ကို တဆေးနှင့် ပုံဆောင်ထားပါသည်။ ၎င်းမှာ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့်သာ အသွေးအသားကို ဖြစ်စေ၍ အသက်ရှင်စေနိုင်ကြောင်း သရုပ်ဆောင်ထားခြင်း ဖြစ်ပါသည်။COLB 96.3

    ယင်း တန်ခိုးတော်က မဆောင်ရွက်နိုင်လောက်အောင် မည်သူမျှ မဆိုးသွမ်း၊ မယုတ်ညံ့။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလိုတော်ကို လိုက်နာသော သူတိုင်းသည် ဘဝ အသက်တာအတွက် ခံယူချက် သဘောတရားသစ်ကို နှလုံးပိုက်နိုင်လိမ့်မည် ဖြစ်သောကြောင့် ပျောက်ဆုံးခဲ့ပြီးသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ကို လူသားတွင် ပြန်လည် ဖေါ်ထုတ်နိုင်လိမ့်မည်။COLB 97.1

    သို့သော် လူသည် မိမိ၏ အလိုအတိုင်း အကျင့်အားဖြင့် ကိုယ်ကိုကိုယ် ပုံသဏ္ဌာန် ပြောင်းလဲအောင် မပြုလုပ်နိုင်ပါ။ ဤကဲ့သို့သော ပြောင်းလဲမှုကို ရယူနိုင်ရန် သူ၌ တန်ခိုးအာနိသင် မရှိပါ။ မုန့်ညက်ကို အလိုရှိသည့်အတိုင်း ပြောင်းလဲမှု ပြုလုပ်နိုင်ရန် လုံးဝ ပြင်ပအရာ ဖြစ်သည့် တဆေးကို ရောစပ်ရပါသည်။ ထိုနည်းအတူ အပြစ်သားသည် ဘုန်းတော်နိုင်ငံအတွက် အံဝင်ခွင်ကျ ဖြစ်ရန် ရှေးဦးစွာ ဘုရားသခင်၏ ကျေးဇူးတော်ကို လက်ခံ ရရှိပြီး ဖြစ်ရမည်။ လောကီ အတတ်ပညာ နှင့် ယဉ်ကျေးမှု ရှိသမျှသည် အပြစ်ဒုစရိုက်အတွင်း နစ်မွန်းနေသော သူကို ကောင်းကင်နိုင်ငံတော်သား ဖြစ်လာအောင် မပြုလုပ်နိုင်ပါ။ ပြန်လည် အသစ် ပြုပြင်နိုင်သော တန်ခိုးကို ဘုရားသခင်၏ အထံတော်မှသာ ရရှိနိုင်ပါသည်.။ ပြောင်းလဲမှုကို သန့်ရှင်းသော ဝိညာဉ်တော်ကသာ ဆောင်ရွက်နိုင်ပါသည်။ နိမ့်ကျသော သူ ဖြစ်စေ၊ မြင့်မြတ်သော သူ ဖြစ်စေ၊ ကြွယ်ဝသော သူ ဖြစ်စေ၊ နွမ်းပါးသော သူ ဖြစ်စေ ကယ်တင်ခြင်း ခံစားခွင့် ရရှိရန် သန့်ရှင်းသော ဝိညာဉ်တော် ပြုပြင်မှုကို ခံယူရမည်။COLB 97.2

    တဆေးသည် မုန့်ညက်နှင့် ရောစပ်မိသောအခါ ဖေါင်းပွစေတတ်သကဲ့သို့ စိတ်နှလုံးသည် အသစ် ပြုပြင် ပြောင်းလဲသောအခါ ဘုရားသခင်၏ ကျေးဇူးတော်သည် လူ၏ အသက်တာ ပုံသဏ္ဌာန် ပြောင်းလဲစေပါသည်။ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ရန် အပြင်သဏ္ဌာန် ပြောင်းလဲရုံမျှဖြင့် မလုံလောက်ပါ။ လူအများစုသည် ထို အပြစ် ဤ အမှား စသည်များကို ပြုပြင်ခြင်းအားဖြင့် ခရစ်ယာန် ဖြစ်ရန် ကြိုးစားအားထုတ်ကြသဖြင့် အစပြုသော နေရာမှားနေပါသည်။ အကြောင်းမှာ ကျွနု်ပ်တို့၏ စိတ်နှလုံးမှ အစပြုရန် ဖြစ်ပါသည်။COLB 98.1

    သမ္မာတရားတော်ကို စိတ်နှလုံးအတွင်း၌ ပိုင်ဆိုင်ထားခြင်း နှင့် ယုံကြည်ခြင်းကို ဝန်ခံထားခြင်းတို့မှာ တစ်ခု နှင့် တစ်ခု တူညီမှု မရှိပါ။ သမ္မာတရားကို သိရုံမျှဖြင့် မလုံလောက်ပါ။ ယင်းကို ကျွန်ုပ်တို့ ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်လိမ့်မည့် ဖြစ်သော်လည်း ကျွန်ုပ်တို့၏ အတွင်းစိတ်သဘော ပြောင်းလဲချင်မှ ပြောင်းလဲပေလိမ့်မည်။ သို့ပါ၍ စိတ်နှလုံး ပြောင်းလဲခြင်း နှင့် သန့်ရှင်းခြားသာ အဓိက ဖြစ်ပါသည်။COLB 98.2

    မလုပ်မနေရ သဘောဖြင့် တာဝန်အရ ဘုရားသခင်၏ ပညတ်တော်များကို စောင့်ထိန်းသော သူသည် နားထောင်ခြင်း၏ ဝမ်းမြောက်ြခင်း ဆုကျေးဇူးများကို ခံစားရလိမ့်မည် မဟုတ်ပါ။ သူသည် နားထောင်သော သူ မဟုတ်။ လူသည် မိမိ၏ အလိုအဆန္ဒ မပြည့်သောကြောင့် ဘုရားသခင်၏ ဆင့်ဆိုချက်များကို ဝန်လေးသည်ဟု သဘောထားလျှင် ထို သူ၏ အသက်တာသည် ခရစ်ယာန် အသက်တာ မဟုတ်ကြောင်း ကျွန်ုပ်တို့ သိရပါသည်။COLB 98.3

    * * * * *

    “ထာဝရဘုရား၏ တရားလမ်း၌ မလွဲမတိမ်းလိုက်သွားသော သူတို့သည် မင်္ဂလာ ရှိကြ၏။ သက်သခံတော်မူချက်တို့ကို စောင့်၍ ကိုယ်တော်ကို စိတ်နှလုံး အကြွင်းမဲ့ရှာသော သူတို့သည် မင်္ဂလာ ရှိကြ၏။ ထို သူတို့သည် ဒုစရိုက်ကို မပြု၊ လမ်းခရီးတော်၌ လိုက်သွားတတ်ကြ၏။အကျွန်ုပ်တို့သည် ကြိုးစား၍ ကျင့်ဖို့ရာ ကိုယ်တော်သည် သြဝါဒပေးတော်မူပြီ။ ကိုယ်တော်၏ အထုံးအဖွဲ့များကို စောင့်ရှောက်နိုင်မည် အကြောင်း အကျွန်ုပ်သည် လမ်းဖြောင့်ပါစေသော။” ဆာ၊ ၁၁၉:၁-၅။ မှန်သော နားထောင်ခြင်း ဆိုသည်မှာ ခံယူချက် တစ်ရပ်ကို သာလွန် ကောင်းမွန်အောင် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ဖြောင့်မတ်ခြင်းတရား နှင့် ဘုရားသခင်၏ ပညတ်တော်တို့ကို ရိုသေမြတ်နိုးသော စိတ်မှ ပေါက်ပွားလာခြင်းလည်း ဖြစ်ပါသည်။ ဖြောင့်မတ်ခြင်းတရား၏ အနှစ်အရသာသည် ကျွန်ုပ်တို့ ရွေးနုတ်ရှင်အပေါ်တွင် သစ္စာတည်မြဲခြင်း ဖြစ်ပါသည်။ ၎င်းသည် တရားသောအမှု ဖြစ်သောကြောင့် လည်းကောင်း၊ ဘုရားသခင်သည် တရားသောအမှုကို နှစ်သက်တော်မူသောကြောင်း လည်းကောင်း ကျွန်ုပ်တို့သည် တရားသော အမှုကို ပြုရန် လမ်းပြတော်မူလိမ့်မည်။

    သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် စိတ်နှလုံး ပြောင်းလဲစေသည့်မြတ်တော်မူသော သမ္မာတရားကို နိကောဒင်အား ခရစ်တော် မိန့်တော်မူသည့် စကားများတွင် ဖေါ်ပြထားပါသည်။ “ဒုတိယ မွေးခြင်းကို မခံသော သူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရ …. ဇာတိပကတိမွေးသော အရာသည် ဇာတိပကတိ ဖြစ်၏။ ဝိညာဉ်တော်မွေးသော အရာသည် ဝိညာဉ် ဖြစ်၏။ ဒုတိယမွေးခြင်းကို ခံရမည်ဟု ငါဟောပြောသည်ကို အံ့သြခြင်း မရှိနှင့်။ လေသည် အလိုရှိတိုင်း သွားလာ၏။ လေ၏ အသံကို သင်သည် ကြားရသော်လည်း အဘယ် အရပ်က ဖြစ်သည်၊ အဘယ် အရပ်သို့ သွားသည်ကို မသိနိုင်။ ထိုနည်းတူ ဝိညာဉ်တော်မွေးသော သူ ဖြစ်သည်ဟု မိန့်တော်မူ၏။” ယော၊ ၃:၃-၈။COLB 99.1

    သန့်ရှင်းသော ဝိညာဉ်တော် နှိုးဆော်ခြင်းဖြင့် တမန်တော် ရှင်ပေါလု ရေးသားထားသည်မှာ၊ - “ကရုဏာတော်နှင့် ကြွယ်ဝတော်မူသောCOLB 99.2

    * * * * *

    “အို ထာဝရဘုရား၊ နှုတ်ကပါတ်တော်သည် ကောင်းကင်ဘုံ၌ အစဉ်အမြဲ တည်ပါ၏။ သစ္စာတော်သည် လူမျိုး အဆက်ဆက် တည်မြဲပါ၏။ မြေကြီးကို တည်စေတော်မူသဖြင့် သူသည် အမြဲနေပါ၏။ …. ကိုယ်တော်၏ ဥပဒေသများကို အစဉ် မမေ့မလျော့နိုင်ပါ၊ အကြောင်းမူကား ထို ဥပဒေများအားဖြင့် အကျွန်ုပ်ကို အသက်ရှင်စေတော်မူ၏။ …. ခပ်သိမ်းသော စုံလင်ခြင်း၏ အဆုံးကို အကျွန်ုပ် မြင်ပါပြီ ပညတ်တရားတော်မူကား၊ အလွန်ကျယ်ဝန်းပါ၏။” ဆာ၊ ၁၁၉:၈၉-၉၆။ ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူသော မဟာမေတ္တာတော်အားဖြင့် ဒုစရိုက်အပြစ်၌ သေလျက် ရှိနေသော ငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူပြီ။ ကျေးဇူးတော်ကြောင့်သာ ကယ်တင်ခြင်းသို့ ရောက်ရ၏။ ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက်စေ၍ ကောင်းကင်အရပ်၌ နေရာပေးတော်မူပြီ။ အကြောင်းမူကား ထို သခင်အားဖြင့် ငါတို့၌ ကျေးဇူးပြု၍ ကျေးဇူးတော်၏ အလွန် ကြွယ်ဝခြင်းကို နောင်ကပ်ကာလတို့၌ ထင်ရှားစေမည်အကြောင်း ဖြစ်သတည်း။ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည် မဟုတ်။” ဧဖက်၊ ၂:၄-၈။

    မုန့်ညက်သည် အတွင်း၌ ဖုံးကွယ်နေသော တဆေးအားဖြင့် မျက်စိဖြင့် မတွေ့မမြင်နိုင်ဘဲ ဖေါင်းပွလာသကဲ့သို့ သမ္မာတရားတဆေးသည်လည်း လျှို့ဝှက်စွာဖြင့် လည်းကောင်း၊ တိတ်ဆိတ်စွာဖြင့် လည်းကောင်း လေးလေး နှင့် မှန်မှန် ပုံသဏ္ဌာန် ပြောင်းလဲပေးနေပါသည်။ ထိုအခါ သဘာဝ စိတ်နေသဘောထား ပျော့ပျောင်း၍ ကိုယ်ကိုကိုယ် ချုပ်တည်းနိုင်သဖြင့် အသစ်သော အတွေးအခေါ်များ၊ ခံယူချက်များ နှင့် ရည်ရွယ်ချက်များကို နှလုံးပိုက်လေ၏။ ခရစ်တော်၏ အသက်တာကဲ့သို့ အသစ်သော အကျင့်စာရိတ္တ အဆင့်အတန်းကိုလည်း အစပြုလေ၏။ စိတ်သဘောထား ပြောင်းလဲ၍ အသစ်သော နည်းလမ်း နှင့် လုပ်ဆောင်ရန် စွမ်းရည်သတ္တိများ ထကြွလှုပ်ရှားလာ၏။ ထိုအခါ လူသည် အသစ်သော စွမ်းရည် သတ္တိများနှင့် ပြည့်ဝလာသည် မဟုတ်ဘဲ မူလ စွမ်းရည်သတ္တိများ သန့်ရှင်းစင်ကြယ်လာခြင်း ဖြစ်၍ သြတ္တပ္ပစိတ်သည်လည်း ထကြွနိုးကြားလာပါသည်။ ထိုအခါ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်နိုင်ရန် ထူးခြားသော အကျင့်သီလများနှင့် ပြည့်စုံခြင်းသို့ ရောက်ကြ၏။COLB 100.1

    ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ကို ယုံကြည်သည်ဟု ဆိုပါလျက် အကျင့်စာရိတ္တအားဖြင့် လည်းကောင်း၊ စိတ်သဘောအားဖြင့် လည်းကောင်း၊ အပြောအဆိုအားဖြင့် လည်းကောင်း ပုံသဏ္ဌာန် ပြောင်းလဲခြင်း မရှိသူ အများ ရှိနေသည်မှာ အဘယ်ကြောင့်ပါနည်း ဟူ၍လည်း ကောင်း၊ မိမိတို့၏ ရည်ရွယ်ချက် နှင့် အကြံအစည်များကို ဆန့်ကျင်ဘက် ပြုခြင်းအတွက် သည်းမခံနိုင်သူများ၊မသန့်ရှင်းသော စိတ်သဘောထားကို ပြသော သူများ၊ ကြမ်းတမ်းသော စကားကို ပြောဆိုသော သူများ၊ မာန်မာန ထောင်လွှားသော သူများ နှင့် တပ်မက်မောသူများ အများအပြား ရှိနေကြသည်မှာ အဘယ်ကြောင့်ပါနည်း ဟူ၍ လည်းကောင်း မေးခွန်းများ မကြာခဏ ပေါ်ပေါက်တတ်ပါသည်။ သူတို့၏ အသက်တာများတွင် ကိုယ်ကိုကိုယ် ချစ်မြတ်နိုးသော စိတ်သဘော ရှိမြဲ ရှိနေခြင်း၊ ကိုယ်စိတ်အလိုသို့သာ လိုက်မြဲ လိုက်နေခြင်း၊ မဆင်ခြင် မစဉ်းစားဘဲ ပြောဆိုမြဲ ပြောဆိုနေခြင်း စသည့် လောကီဆန်သော သဘောထားများကို နဂိုမူလအတိုင်းပင် သူတို့၏ အသက်တာ၌ တွေ့နေရပါသည်။ သူတို့သည် သမ္မာတရားတော်ကို လုံးဝ မသိနားမလည်သကဲ့သို့ မာနကြီးမြဲ ကြီးနေကြ၏။ ဇာတိပကတိ စိတ်အလိုသို့ လိုက်မြဲ လိုက်နေကြ၏။ ဆိုးသွမ်းသော အကျင့် စရိုက်များ ရှိမြဲ ရှိနေကြ၏။ ယင်းသို့ ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ သူတို့သည် လုံးဝ မပြောင်းလဲသေးသောကြောင့် ဖြစ်ပါသည်။ သူတို့သည် သမ္မာတရားတဆေးကို သူတို့၏ စိတ်နှလုံးအတွင်း၌ သိုဝှက်ထားခြင်း မပြုကြသေး၍ ၎င်းအနေဖြင့် အလုပ် လုပ်ခွင့် မရသေးပါ။ မကောင်းမှု နောက်သို့ လိုက်တတ်သော သူတို့၏ ပကတိစိတ် နှင့် အလေ့အကျင့်များကို ပုံသဏ္ဌာန် ပြောင်းလဲစေနိုင်သည့် တန်ခိုးအာဏာစက်၏ လက်ဝယ်သို့ လွှဲအပ်ခြင်း မပြုကြသေးပါ။ သူတို့၏ အသက်တာတွင် ခရစ်တော်၏ ကျေးဇူးတော် မပေါ်လွင်၊ သူတို့၏ အကျင့်စာရိတ္တကိုလည်း ကိုယ်တော်၏ တန်ခိုးတော်အားဖြင့် ပြောင်းလဲပြုပြင်နိုင်တော်မူသည်ကို သူတို့ မယုံကြည်ကြပါ။COLB 100.2

    “ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏။ ကြားနာခြင်းသည်လည်း ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏။” ရောမ၊ ၁၀:COLB 101.1

    * * * * *

    “ဖြောင့်မတ်စွာ စီရင်တော်မူချက်များကို အကျွန်ုပ် လေ့ကျက်ပြီးမှ ဂုဏ်တော်ကို ဖြောင့်မတ်သော သဘောနှင့် ချီးမွမ်းပါမည်။ ကိုယ်တော်၏ အထုံးအဖွဲ့များကို စောင့်ပါမည်။” ဆာလံ၊ ၁၁၉:၇၊၈။ ၁၇။ အကျင့်စာရိတ္တကို အသွင်ပြောင်းစေရန်အတွက် ကျမ်းစာသည် ကြီးမြတ်သော တန်ခိုးစွမ်းအား ဖြစ်ပါသည်။ “ကိုယ်တော်၏ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတာ်မူပါ။ ကိုယ်တော်၏ နှုတ်ကပါတ်သည် သမ္မာတရား ဖြစ်ပါ၏” ဟု ခရစ်တော် ဆုတောင်းတော်မူ၏။ ယော၊ ၁၇:၁၇။ လေ့လာ သင်ကြားပြီးလျှင် လိုက်နာပါက ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်သည် လူ၏ စိတ်နှလုံးကို ညစ်ညူးစေသည့် လက္ခဏာများမှ ကင်းစင်စေလိမ့်မည်။ အပြစ်ကို ထင်ရှားစေရန် သန့်ရှင်းသော ဝိညာဉ်တော် ကြွလာတော်မူ၍ ခရစ်တော်၏ မေတ္တာတော်အားဖြင့် စိတ်နှလုံးအတွင်း၌ ဖြစ်ပေါ်လာသော ယုံကြည်ခြင်းသည် ကိုယ်၊ စိတ်၊ နှလုံး သုံးပါးလုံးကို ကိုယ်တော်ရှင်၏ ပုံသဏ္ဌာန်တော်ကဲ့သို့ ဖြစ်စေတော်မူလိမ့်မည်။ ထိုအခါ ကျွန်ုပ်တို့သည် ကိုယ်တော်၏ အလိုတော်အတိုင်း အမှုတော် ဆောင်ရွက်ရန် ဘုရားသခင် အသုံးပြုတော်မူလိမ့်မည်။ ကျွန်ုပ်တို့အား ပေးအပ်ထားတော်မူသည့် တန်ခိုးစွမ်းအားသည် အတွင်းမှ လှုံ့ဆော်သဖြင့် ကျွန်ုပ်တို့အား ပေးအပ်ထားသော သမ္မာတရားတော်ကို သူတစ်ပါးတို့အား တစ်ဆင့် ဝေငှရန် ကျွန်ုပ်တို့အား လမ်းပြတော်မူလိမ့်မည်။

    လူသားအတွက် အရေးအကြီးဆုံးသော လိုအပ်ချက်မှာ ယုံကြည်ခြင်းအားဖြင့် စိတ်နှလုံး ပြောင်းလဲရန် ဖြစ်ပါသည်၊ ယင်း ပြောင်းလဲခြင်းကို ရရှိရန် ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ဆိုင်ရာ သစ္စာတရားများနှင့် တွေ့ထိဖို့လိုပါသည်။ ဤ ကောင်းမြတ်သော အခြေခံ သဘောတရားများသည် ကျွန်ုပ်တို့ ၏ နေ့စဉ် အသက်တာနှင့် တွေ့ထိရန် သန့်ရှင်းဖြူစင်လွန်းCOLB 102.1

    * * * * *

    “လူပျိုသည် မိမိ သွားသော လမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်း ဟူမူကား၊ နှုတ်ကပါတ်တော်အတိုင်း သတိပြုရမည်။ အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံး အကြွင်းမဲ့ ရှာပါ၏။ ပညတ်တော်လမ်းမှ လွဲစေတော် မမူပါနှင့်။ ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည် အကြောင်း၊ ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ။ … ပေးတော်မူသော သြဝါဒကို ဆင်ခြင်၍ လမ်းခရီးတော်တို့ကို ကြည့်ရှုပါ၏။ အထုံးအဖွဲ့တော်တို့၌ မွေ့လျော်ပါ၏။ နှုတ်ကပါတ်တော်ကို မမှတ်ဘဲ မနေပါ။” ဆာလံ၊ ၁၁၉:၉-၁၆။ သည်ဟု သဘောမထားသင့်ပါ။ ယင်း သစ္စာတရားများသည် ကောင်းကင်ဘုံသို့ လည်းကောင်း၊ ထာဝရ အသက်တာသို့ လည်းကောင်း လမ်းညွှန်နေပါသည်။ သို့သော် ၎င်းတို့၏ အထူး အကျိုးသက်ရောက်မှုကို လူတို့၏ ကိုယ်တွေ့ ဗဟုသုတများနှင့် လည်းကောင်း၊ အသက်တာ၏ အမှုကြီးငယ် ရှိသမျှနှင့် လည်းကောင်း ပေါင်းစပ်ရမည်။

    တဆေးတည်းဟူသော သမ္မာတရားကို စိတ်နှလုံးအတွင်း၌ လက်ခံ ရရှိသည်နှင့် တစ်ပြိုင်နက် စိတ်ဆန္ဒများ လမ်းမှန်ကြလိမ့်မည်။ အတွေးအခေါ်များ သန့်စင်ကြလိမ့်မည်။ ချစ်ဖွယ်သော စိတ်နေ သဘောထား ရှိလိမ့်မည်၊ ကိုယ်၊ စိတ် နှစ်ပါးလုံးသည်လည်း စွမ်းရည်သတ္တိများနှင့် ရှင်သန်ကြလိမ့်မည်။ မေတ္တာတရား နှင့် ကရုဏာတရားလည်း တိုးပွားလိမ့်မည်။COLB 103.1

    ဤ အခြေခံ သဘောတရားများနှင့် ပြည့်ဝသူကို လျှို့ဝှက်နက်နဲသူဟု ကမ္ဘာက သဘောထား၏။ ကိုယ်ကျိုးကို လိုလား၍ ငွေကို တပ်မက်သော သူသည် ကြွယ်ဝခြင်း၊ ဂုဏ်အသရေ ရှိခြင်း နှင့် လောကီ ပျော်မွေ့ခြင်းများကို ခံစားရန်အတွက်သာ အသက်ရှင်၏။ သူ၏ ခန့်မှန်းယူဆချက်ကြောင့် သူသည် ထာဝရ ကမ္ဘာကို ဆုံးရှုံးရ၏။ သို့သော် ခရစ်တော်၏ နောက်တော်သို့ လိုက်လျှောက်သော သူအတွက်မှာမူကား ဤ အရာအပေါင်းကို စိတ်ပါဝင်စားလိမ့်မည် မဟုတ်၊ ၎င်းအပြင် ဤ လောက၌ ခရစ်တော်ကို မသိ၍ မျှော်လင့်ချက် ကင်းမဲ့နေသူများ၏ အသက်ဝိညာဉ်များကို ကယ်တင်သည့် အမှုတော်ကြီးတွင် ခရစ်တော်အတွက် ကိုယ်ကျိုးစွန့်၍ ပါဝင်ဆောင်ရွက်COLB 103.2

    * * * * *

    “အို ထာဝရဘုရား၊ အထုံးအဖွဲ့တော်လမ်းကို အကျွန်ုပ်အား သွန်သင်တော်မူပါ၊ အဆုံးတိုင်အောင် လိုက်သွားပါမည်။ ဉာဏ်ကို ပေးတော်မူပါ။ တရားတော်ကို စောင့်ပါမည်။ စိတ်နှလုံး အကြွင်းမဲ့ စောင့်ပါမည်။ ပညတ်တော် လမ်း၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။ ထို လမ်းကို နှစ်သက်ပါ၏။ …. ကိုယ်တော်ကို ကြောက်ရွံ့သော ကိုယ်တော်၏ ကျွန်၌ ဗျာဒိတ်တော်ကို တည်စေတော်မူပါ။ အကျွန်ုပ် ကြောက်သော ကဲ့ရဲ့ခြင်းကို ပယ်ပျောက်စေတော်မူပါ။ စီရင်တော်မူချက်တို့သည် ကောင်းမွန်ကြပါ၏။” ဆာလံ၊ ၁၁၉:၃၃-၃၉။ လိမ်မည်။ ယင်း ကဲ့သို့သော သူ၏ အကြောင်းကို ဤ လောကကြီးက နားမလည်နိုင်ကြသည့် အကြောင်းမှာ ထိုသူသည် ထာဝရ ကာလဆိုင်ရာ ဘဏ္ဍာရတနာများကိုသာ မျှော်မှန်း ရှေးရှုနေသောကြောင့် ဖြစ်၏။ ရွေးနုတ်ခြင်း တန်ခိုးတော်နှင့် ပြည့်ဝသည့် ခရစ်တော်၏ မေတ္တာတော်သည် သူ၏ စိတ်နှလုံးအတွင်းသို့ ရောက်ရှိနေပြီ ဖြစ်၍ ယင်း မေတ္တာသည် အခြားသော ရည်မှန်းချက် အပေါင်းကို လွှမ်းမိုး၍ ယင်း မေတ္တာကို ပိုင်ဆိုင်သူသည် ဤ လောကတွင် ဖေါက်ပြန် ပျက်စီးတတ်သည့် အရာများကို အောင်နိုင်လိမ့်မည်။

    ကျွန်ုပ်တို့သည် လူသား မိသားစုဝင်တိုင်းနှင့် ပေါင်းသင်းဆက်ဆံရာတွင် ဘုရားသခင်၏ နှုတ်ကပါတ်တော်သည် သန့်စင်စေသော အကျိုးသက်ရောက်မှု ရှိပါသည်။ သမ္မာတရားတဆေးသည် လူသား အချင်းချင်း ဂုဏ်ပြိုင်လိုသော စိတ် မရှိ၊ ထင်ပေါ်ကျော်စောခြင်းကို တပ်မက်သော စိတ် မရှိ၊ အကြီးဆုံး ဖြစ်လိုသော စိတ် မရှိ၊ အထက်မှ ပေါက်ဖွားသော မေတ္တာမှန်သည် ကိုယ်ကျိုးကို မလိုလား၊ ဖေါက်ပြန်ခြင်း မရှိ၊ လူတို့၏ ချီးမြှောက်ခြင်းအပေါ်တွင်လည်း မူတည်သည် မဟုတ်ပါ။ ဘုရားသခင်၏ ကျေးဇူးတော်ကို လက်ခံရယူထားသော သူသည် ဘုရားသခင်ကို လည်းကောင်း၊ ခရစ်တော် အသေခံတော်မူသော လူသားများကို လည်းကောင်း ချစ်မြတ်နိုးလိမ့်မည်။ မိမိအား သူတစ်ပါးက အသိအမှတ်ပြု၍လည်း မဟုတ်၊ သူ၏ ကောင်းမှုများကို တန်ဖိုးထားကြ၍လည်း မဟုတ်၊ သူတို့သည် ခရစ်တော်၏ အသွေးတော်အားဖြင့် ဝယ်ယူထားသော သူများ ဖြစ်သောကြောင့်သာCOLB 104.1

    * * * * *

    “နှုတ်ကပါတ်တော်သည် အကျွန်ုပ်၏ ခြေရှေ့မှာ မီးခွက် ဖြစ်၍ အကျွန်ုပ်၏ လမ်းခရီးကို လင်းစေပါ၏။ ဖြောင့်မတ်စွာ စီရင်တော်မူချက်တို့ကို စောင့်ပါမည်ဟု အကျွန်ုပ် ကျိန်ဆိုသည်အတိုင်း ပြုပါမည်။ … သက်သေခံတော်မူချက်တို့သည် အကျွန်ုပ် နှလုံး ရွှင်လန်းရာ ဖြစ်၍ ကိုယ် အမွေဥစ္စာဖို့ အစဉ်အမြဲ ခံယူပါ၏။ အထုံးအဖွဲ့တော်သို့ …. အစဉ် လိုက်ခြင်း အလိုငှါ ကိုယ် စိတ်နှလုံးကို တိုက်တွန်းပါ၏။” ဆာ၊ ၁၁၉:၁၀၅-၁၁၂။ တည်း။ အကယ်၍ သူ၏ ရည်ရွယ်ချက်များ၊ အပြောအဆိုများ၊ သို့မဟုတ် အပြုအမူများကို သူတစ်ပါးတို့က အထင်မှားလျှင်သော်လည်းကောင်း၊ အဓိပ္ပါယ်ကောက်မှားလျှင်သော်လည်းကောင်း သူသည် စိတ်ပျက်လိမ့်မည် မဟုတ်၊ မိမိ၏ လမ်းစဉ်အတိုင်းပင် ဆက်လက် ဆောင်ရွက်လိမ့်မည်။ သူသည် ကြင်နာ သနားတတ်၏၊ ဆင်ခြင် စဉ်းစားတတ်၏၊ ကိုယ်ကိုကိုယ် အထင်မကြီးတတ်။ သို့သော် မျှော်လင့်ချက် အပြည့်အဝ ရှိ၏။ ဘုရားသခင်၏ ကျေးဇူးတော် နှင့် မေတ္တာတော်ကို စွဲမြဲစွာ ယုံကြည်ကိုးစား၏။

    “သင်တို့ကို ခေါ်တော်မူသော သူသည် သန့်ရှင်းတော်မူသည်နည်းတူ ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်း ရှိကြလော့။ အကြောင်းမူကား ငါသည် သန့်ရှင်းတော်မူသောကြောင့် သင်တို့သည်လည်း သန့်ရှင်းခြင်း ရှိကြလော့ဟု ကျမ်းစာလာ” ကြောင်း တမန်တော် ရှင်ပေတရုက သြဝါဒ ပေးထားပါသည်။ ၁ ပေ၊ ၁:၁၅၊၁၆။ ခရစ်တော်၏ ကျေးဇူးတော်အားဖြင့် စိတ်နေသဘောထား နှင့် အသံကို ချုပ်ထိန်းထားရန် ဖြစ်ပါသည်။ ယင်း လုပ်ဆောင်မှုကို ယဉ်ကျေးစွာဖြင့် လည်းကောင်း၊ နူးညံ့သိမ်းမွေ့စွာဖြင့် လည်းကောင်း၊ ကြင်နာစွာဖြင့် လည်းကောင်း၊ အားပေး စကားပြောဆိုခြင်းဖြင့် လည်းကောင်း ညီအစ်ကို အချင်းချင်း ဆက်ဆံရာတွင် တွေ့မြင်နိုင်ပါသည်။ ထိုကဲ့သို့သော မိသားစုတွင် ဘုရားသခင်၏ ကောင်းကင်တမန် ရှိပါသည်။ နံ့သာပေါင်းကို ပူဇော်သကဲ့သို့ အသက်တာ၏ မွှေးကြိုင်သော ရနံ့သည် ထာဝရဘုရား၏ အထံတော်သို့ တက်လေ၏။ ကျေးဇူးပြုခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ သည်းခံခြင်း နှင့် စိတ်ရှည်ခြင်းများအားဖြင့် မေတ္တာတရား ထင်ရှား၏။COLB 105.1

    ခရစ်တော်ကို ချစ်မြတ်နိုး၍ ကိုယ်တော်၏ ပညတ်တော်တို့ကို စောင့်ထိန်းသော သူ၏ စိတ်နှလုံးတွင် ခရစ်တော် ကိန်းဝပ်တော်မူသည် ဖြစ်၍ သူ၏ မျက်နှာသည် ရွှင်လန်း၏။ အသွင်အပြင် ပြောင်းလဲခြင်းသို့ ရောက်၏။ မျက်နှာတွင် သမ္မာတရား ထင်ရှား၏။ ကောင်းကင် နိုင်ငံတော်၏ သာယာသော ငြိမ်သက်ခြင်းသည် သူ၏ မျက်နှာတွင် ထင်ရှားပေါ်လွင်၏။ လူသားတို့၏ သာမန် မေတ္တာ ထက်ပိုသော မေတ္တာတရား နှင့် နူးညံ့သိမ်မွေ့သော လက္ခဏာသည် သူ၏ မျက်နှာတွင် ပေါ်လွင် ထင်ရှား၏။COLB 105.2

    တဆေးနှင့် တူသော သမ္မာတရားသည် လူတစ်ကိုယ်လုံးကို ပြောင်းလဲစေ၏။ မယဉ်ကျေးသော သူကို ယဉ်ကျေးသိမ်မွေ့စေ၏။ ကြမ်းတမ်းသော သူကို နူးညံ့သိမ်မွေ့စေ၏။ ကိုယ်ကျိုးလိုလားသူကို ရက်ရောသော သူ ဖြစ်စေ၏။ မသန့်ရှင်းသော သူကို သိုးသငယ်၏ အသွေးတော်အားဖြင့် ဆေးကြော၍ ယင်း သမ္မာတရားအားဖြင့် သန့်စင်စေ၏။ ၎င်းသည် အသက်ပေးနိုင်သော တန်ခိုး ရှိသဖြင့် ကိုယ်စိတ် နှစ်ပါး နှင့် စွမ်းအား ရှိသမျှကို ဘုရားဇာတိနှင့် မိသဟာယဖွဲ့နိုင်သည့် အခြေသို့ ရောက်စေ၏။ လူသည် လူသား သဘာဝနှင့်ပင် ဘုရားရှင်နှင့် ဆက်ဆံနိုင်သော သူ ဖြစ်လာ၏။ အကျင့်စာရိတ္တ စုံလင်လာသည် ဖြစ်၍ ခရစ်တော်၏ ဂုဏ်တော်ကို ချီးမွမ်းရာ ရောက်ပါသည်။ ဤကဲ့သို့သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာသောအခါ ကောင်းကင်တမန်တို့သည် ဝမ်းမြောက်ဝမ်းသာစွာ သီချင်းဆိုကြ၍ ဘုရားသခင် နှင့် ခရစ်တော်တို့သည် သန့်ရှင်းသူများ၏ အသွင်သို့ပုံသဏ္ဌာန် ပြောင်းလဲသူများအတွက် ဝမ်းမြောက်တော်မူကြ၏။COLB 106.1

    * * * * *