Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်တော်၏သရုပ်ပြ ဩဝါဒများ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    Chapter 1—ဥပမာပုံဆောင်၍ ဩဝါဒပေးတော်မူခြင်း

    ခရစ်တော် ဤလောကသို့ ကြွလာတော်မူခြင်း နှင့် ဥပမာပုံဆောင်၍ ဩဝါဒပေးတော်မူခြင်းများသည် မူလသဘောတရားအားဖြင့် တူညီကြပါသည်။ ကိုယ်တော်ရှင်၏ ဘုရားဂုဏ်သိက္ခာတော် နှင့် အသက်တာကို ကျွန်ုပ်တို့ သိကျွမ်းနားလည် သဘောပေါက်စေရန် ကိုယ်တော်သည် ကျွန်ုပ်တို့ကဲ့သို့ ကျွန်ုပ်တို့နှင့်အတူ လူသားအဖြစ် ဤလောကတွင် နေထိုင်တော်မူခဲ့၏။ ဘုရား၏ ဇာတိတော်ကိုလည်းကောင်း၊ သာမန်လူသားတို့၏ မျက်စိဖြင့် မတွေ့မမြင်နိုင်သော ဘုန်းသရေတော်ကိုလည်းကောင်း လူသားအသွင်ဖြင့် ထင်ရှားစေတော်မူခဲ့၏။ သိမြင်နိုင်သော အရာမှ မသိမမြင်နိုင်သော အရာကို လူတို့ သင်ကြားနာယူနိုင်၏၊ ကောင်းကင်ဆိုင်ရာများကို မြေကြီးဆိုင်ရာများအားဖြင့် ထင်ရှားစေတော်မူ၏၊ ဘုရားရှင်သည် လူသား၏ သဏ္ဌန်ကိုဆောင်လျက် ထင်ရှားပေါ်ထွန်းတော်မူခဲ့ၑ။ ထိုနည်းအတူ ခရစ်တော်၏ ဩဝါဒများတွင်လည်း မသိနားမလည်နိုင်သော အရာများကိုလည်းကောင်း၊ ဘုရားရှင်၏ သမ္မာတရားတော်ကိုလည်းကောင်း လူတို့အား အကျွမ်းတဝင် သိရှိနားလည်နိုင်သည့် လောကီအရာများဖြင့် ဥပမာပုံဆောင်၍ ဩဝါဒပေးတော်မူ၏။COLB 1.1

    ထို့ကြောင့် ကျမ်းစာတော်မြတ်တွင် “ယေရှုရှင်သည် ပရိသတ်များတို့အား ဟောပြောတော်မူ၏”….ထိုသို့သောအားဖြင့် ပုရောဖက်စကားဟူမူကား၊ ငါသည် နှုတ်ကို ဖွင့်၍ ဥပမာများကို မြွက်ဆိုပေးအံ့၊ ကမ္ဘာဦးမှစ၍ ထိမ်ဝှက်သော အရာတို့ကို ဖေါ်ပြပေအံ့” ဟု ဖေါ်ပြထားပါသည်။ မဿဲ ၁၃:၃၄၊၃၅။ သဘာဝဓမ္မ နှင့် တရားနာပရိသတ်၏ ဘဝ အသက်တာ အတွေ့အကြုံများကို နှုတ်ပါတ်တော်မှ သစ္စာတရားများနှင့် ဆက်စပ်ထားပြီးလျှင် သဘာဝဓမ္မကို အကြောင်းခံလျက် ဝိညာဉ်ရေးရာများကို ဖော်ထုတ်တော်မူ၏။ ဤနည်းအားဖြင့် သဘာဝလောကမှ ဝိညာဉ်တော်နိုင်ငံသို့ ပို့ဆောင်တော်မူရာတွင် ခရစ်တော်၏ ဥပမာများသည် မြေကြီး နှင့် ကောင်းကင်ကို လည်းကောင်း၊ ဘုရားရှင် နှင့် လူသားကိုလည်းကောင်း ဆက်သွယ်ထားသည့် သမ္မာတရားတော် ရွှေကြိုး၏ ကွင်းဆက်များဖြစ်ပ်သည်။COLB 1.2

    ခရစ်တော်သည် သဘာဝဓမ္မကို အကြောင်းခံ၍ ဩဝါဒပေးတော်မူရာတွင် ကိုယ်တော်တိုင် ဖန်ဆင်းခဲ့သည့် လောကဓါတ်၏ အရည်အသွေးများ နှင့် တန်ခိုးအာနိသင်များကို ထုတ်ဖော်တော်မူခြင်း ဖြစ်ပါသည်။ ဖန်ဆင်းသမျှသော အရာအလုံးစုံတို့၏ မူလအစ ပြည့်စုံကုံလုံမှုသည် ဘုရားသခင်၏ အကြံအစည်တော်ကို ဖော်ညွှန်းလျက် ရှိကြကုန်၏။ အာဒံ နှင့် ဧဝတို့၏ ဧဒင်အိမ်တွင် ဘုရားရှင်ကို သိကျွမ်းစေဖို့ သဘာဝနှင့်ပတ်သက်၍ အကြောင်းမျိုးစုံလင်ပါ၏။ ကိုယ်တော်ရှင်၏ သင်ကြားချက်များ နှင့်လည်း ပြည့်လျှံလျက် ရှိပေ၏။ သူတို့သည် ကိုယ်တော်ရှင် ဖန်ဆင်းထားတော်မူသော လောကဓါတ်နှင့် ဆက်ဆံညှိနှိုင်းရကြသောကြောင့် ဉာဏ်မျက်စိဖြင့် သိမြင်၍ စိတ်နှလုံးဖြင့် လက်ခံကြၑ။ သန့်ရှင်းသော ဇနီးမောင်နှံတို့သည် အမြင့်မြတ်ဆုံးသော ဘုရားရှင်၏ ပညတ်တော်ကို ကျူးလွန်၍ အပြစ်ဒုစရိုက်ပြုသည်နှင့် တစ်ပြိုင်နက် ဘုရားကိုယ်တော်ရှင်၏ မျက်နှာတော်သည် သဘာဝလောကကြီး၏ မျက်နှာပြင်မှ ကွယ်ပျောက်လေတော့၏။ အပြစ်ဒုစရိုက်သည် ကမ္ဘာမြေကြီးကို ညစ်ညူးစေ၏၊ ချို့တဲ့စေ၏။ ယင်းသို့ ချို့တဲ့ ပုပ်ပျက်တတ်သည့် အခြေအနေတွင် ဆိုက်ရောက်နေသော်လည်း တင့်တယ်လှပခြင်း မြောက်များစွာ ကျန်ရှိနေပါသေးသည်။ သို့သော် သဘာဝတွင် ဘုရားသခင်၏ သရုပ်ပြသင်ခန်းစာများ ပျောက်ပျက်သွားခြင်း မရှိသေးပါ။ အမှန်အတိုင်း သိမြင်နိုင်မည်ဆိုပါက သဘာဝဓမ္မသည် ဖန်ဆင်းရှင်၏ အကြောင်းကို ဖော်ပြလျက်ပင်ရှိပါသည်။COLB 2.1

    ခရစ်တော် ဤလောကတွင် သက်တော်ထင်ရှားရှိခဲ့စဉ်က ယင်း သင်ခန်းစာများမှာ မျက်ခြည်ပြတ်သည့် အခြေသို့ပင်ဆိုက်ရောက်နေခဲ့ပါသည်။ လူတို့သည် ဖန်ဆင်းထားတော်မူသည့် သဘာဝပေါ်တွင် ဘုရားသခင်ကို မတွေ့မမြင်နိုင်ကြတော့ပါ။ ဖန်ဆင်းထားသော သဘာဝအလှအပ မျက်နှာပြင်ကို လူသား၏ အပြစ်ဒုစရိုက်က လွှမ်းခြုံဖုံးကွယ်လိုက်ပါသည်။ ထိုအပြစ်ကြောင့် ဘုရားရှင် ဖန်ဆင်းထားသော သဘာဝဓမ္မသည် ဘုရှားရှင်ကို မဖော်ညွှန်းဘဲ ကိုယ်တော်ရှင်၏ မျက်နှာတော်ကို မတွေ့မမြင်ရအောင် ဖုံးကွယ်သည့် တံတိုင်းကြီးပမာ ဖြစ်နေပါသည်။ လူတို့သည် “ဖန်ဆင်းတတ်သော သခင်ကို ပယ်၍ ဖန်ဆင်းအပ်သော အရာကို ဝတ်ပြု ကိုးကွယ်သောသူ ဖြစ်ကြ၏” ထိုကြောင့် အသိအမြင်နည်းပါးသောသူတို့သည် “အချည်းနှီးတွေးဆခြင်း၊ သတိမရှိသော စိတ်နှလုံး မိုက်မဲခြင်းသို့ ရောက်ကြ၏” ရော ၁:၂၅၊၂၁။ ဤသို့ဖြင့် ဣသရေလနိုင်ငံတွင် ဘုရားကိုယ်တော်ရှင်၏ ဆုံးမဩဝါဒများကို လူတို့၏ သွန်သင်ချက်များနှင့် အစားထိုးကြ၏။ သဘာဝဓမ္မဆိုင်ရာ သွန်သင်ချက်များကို သာမက ကိုယ်တော်ကို ထင်ရှားစွာ ဖေါ်ညွှန်းရန် ဖြစ်သည့် ပူဇော်သက္ကာရဆိုင်ရာ သွန်သင်ချက်များနှင့်တကွ ကျမ်းစာကိုပါ အဓိပ္ပါယ်အကောက်လွဲမှား၍ ဘုရားသခင်ကို ဖုံးကွယ်ထားရာ ရောက်နေပါသည်။COLB 2.2

    သမ္မာတရားတော်ကို တိမ်မြှပ်စေသည့် အရာများကို ပယ်ရှင်းရန် ခရစ်တော် စီမံတော်မူခဲ့ပါသည်။ ဖန်ဆင်းရှင်၏ ဝိညာဉ်ဆိုင်ရာ ဘုန်းအသရေတော်ကို တွေ့မြင်နိုင်ရန်၊ ဖန်ဆင်းထားသော လောကဓါတ်ကို ဖုံးကွယ်ထားသည့် ဒုစရိုက်ကို ပပျောက်စေရန် ကိုယ်တော်ကြွလာတော်မူခဲ့၏။ ကိုယ်တော်၏ နှုတ်တော်ထွက် ဩဝါဒများသည် လောကဓါတ် နှင့် ကျမ်းစာ၏ သွန်သင်ချက်များကို အသစ်သော မြင်ကွင်းဖြင့် အသစ်တစ်ဖန် ဖေါ်ထုတ်တော်မူ၏။ COLB 3.1

    ယေရှုရှင်သည် တောနှင်းပန်းအလှကလေးကို ဆွတ်ခူး၍ ကလေးများ နှင့် လူငယ်တို့၏ လက်သို့ ပေးလိုက်သောအခါ သူတို့သည် နေရောင်ခြည်ပမာ ရွှင်လမ်းစွာဖြင့် ခမည်းတော်၏ ပုံသဏ္ဌန်တောက်ကို ဆောင်လျက်နေသော ခရစ်တော်၏ မျက်နှာတော်ကို ဖူးမြင်နေကြစဉ် “တောနှင်းပင်တို့သည် အဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို ဆင်ခြင်အောက်မေ့ကြလော့။ ထို အပင်တို့သည် အလုပ်လည်း မလုပ်၊ ချည်ဖြစ်စေခြင်းငှါ မငင်မဝင့်။ သို့သော်လည်း ဘုန်းကြီးသော ရှောလမုန်မင်းကြီး၏ အဝတ်သည် ထို အပင် တစ်ပင်မျှ၏အဝတ်ကို မမီ” ဟု မိန့်တော်မူပြီးမှ ဘဝအာမခံချက် အပြည့်အဝ ပါသော သင်ခန်းစာကို ချိုသာစွာ ဆိုတော်မူသည်ကား “ယုံကြည်အားနည်းသောသူတို့၊ ယနေ့ အသက်ရှင်လျက် နက်ဖြန် မီးဖိုထဲသို့ ရောက်သော တောမြက်ပင်ကို ဘုရားသခင်သည် ထိုသို့သော အဝတ်နှင့် ဖုံးလွှမ်းတော်မူလျှင် ထိုမျှမက သင်တို့ကို အဝတ်နှင့် ဖုံးလွှမ်းတော်မူမည် မဟုတ်လော” ဟု သင်ကြားတော်မူ၏။COLB 3.2

    ယင်းတရားတော်ကို တော်ပေါ်ဒေသနာတွင် ကလေးများ နှင့် လူငယ်များအပြင် အခြားသူများကိုပါ ဟောကြားတော်မူ၏။ ဒေသနာတော်ကို ကြားနာလျက် ရှိသော လူပရိသတ်ကြီးထဲတွင် စိတ်မသာညည်းတွားသောသူ၊ စိတ်ပျက် အားလျော့သောသူ၊ ဝမ်းနည်း ကြေကွဲသောသူ၊ ကြံရာမရ စိတ်ရှုပ်ထွေးသောသူ ယောက်ျား မိန်းမ အမြောက်အများ ပါဝင်ကြ၏။ “ထို့ကြောင့် အဘယ်သို့ စားသောက်ရအံ့နည်း၊ အဘယ်သို့ ဝတ်ရအံ့နည်းဟူ၍ မစိုးရိမ်ကြနှင့်။ ထိုအရာများကို သာသနာပ လူတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့၏ အဘသည် သိတော်မူ၏” ဟု ခရစ်တော် မိန့်တော်မူပြီးလျှင် လက်တော်ကို ဆန့်တန်းလျက် “ဘုရားသခင်၏ နိုင်ငံတော် နှင့် ဖြောင့်မတ်ခြင်း တရားတော်ကို ရှေးဦးစွာ ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော်မူလတ္တံ့။” ဟု ဆက်၍ လမ်းညွှန် မိန့်မြွက်တော်မူ၏။ မ၊ ၆:၂၈-၃၃။COLB 4.1

    ဤသို့ဖြင့် လယ်တွင် ပေါက်သော တောနှင်းပင် နှင့် မြက်ပင်တို့တွင် မိမိကိုယ်တိုင် ထားတော်မူသော သတင်းစကား၏ အဓိပ္ပါယ်ကို ဖေါ်ထုတ်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် မြက်ပင်ကလေး တစ်ပင်စီနှင့် တောနှင်းပန်းကလေး တစ်ပွင့်စီတို့ကို လေ့လာ၍ ယင်း သတင်းစကားများကို သင်ကြား နာယူရန် ကိုယ်တော်ရှင် အလိုရှိတော်မူ၏။ ကိုယ်တော်၏ မိန့်မှာချက်များသည် အာမခံချက်နှင့် ပြည့်ဝ၍ ဘုရားသခင်အား ယုံကြည်ကိုးစားရန် အတည်ပြုလိုက်ခြင်း ဖြစ်ပါသည်။COLB 4.2

    သမ္မတရားတော်တွင် ခရစ်တော်၏ အမြင်သည် ကျယ်ဝန်းသည်နှင့်အမျှ တိုးချဲ့ သင်ကြားတော်မူသည် ဖြစ်၍ သဘာဝလောကကြီး တစ်ခုလုံးသည် သမ္မာတရားတော်၏ ဥပမာပုံ ဖြစ်လေ၏။ နေ့စဉ် ရှုမြင်ရသော သဘာဝမြင်ကွင်း ဟူသမျှသည်လည်း ဝိညာဉ်ရေးဆိုင်ရာ သစ္စာတရား တစ်ခုခုနှင့် ဆက်စပ်လျက် ရှိပါ၏။ ထိုကြောင့် သဘာဝလောကကြီး တစ်ခုလုံးသည် ကိုယ်တော်၏ ဥပမာပုံဆောင်ချက်များနှင့် တန်ဆာဆင်လျက် ရှိနေပါသည်။COLB 4.3

    ခရစ်တော် အမှုတော်ဆောင်ရွက်သည့် အစောပိုင်းကာလတွင် ကိုယ်တော်၏ ဩဝါဒများမှာ အထူး ရှင်းလင်းပြတ်သားသည် ဖြစ်၍ တရားနာ ပရိသတ် အားလုံးသည် ကယ်တင်ခြင်း ရနိုင်သည့် အသိပညာဖြင့် သမ္မာတရားတော်ကို ဆုပ်ကိုင်မိကြပြပီး ဖြစ်တန်ရာ၏။ သို့သော် အများသောသူတို့၏ စိတ်နှလုံးတွင် သမ္မာတရားတော် အမြစ်မစွဲဘဲ ရုတ်ခြည်း ကွယ်ပျောက်သွားတတ်ကြ၏။ ထိုကြောင့် “ဥပမာကို ဆောင်၍ ငါဟောပြော၏” ဟု ခရစ်တော် မိန့်တော်မူရသည့် အကြောင်းမှာ “သူတို့သည် မြင်လျက် မမြင်၊ ကြားလျက် မကြား၊ အနက်ကိုလည်း နားမလည် ………. သူတို့ စိတ်နှလုံးသည် မိုက်လျက်၊ နားသည် ထိုင်းချက်၊ ကိုယ်မျက်စိကို ပိတ်လျက် ရှိကြ၏။” မဿဲ၊ ၁၃:၁၃-၁၃။COLB 5.1

    မေးမြန်လိုစိတ်၊ သိလိုစိတ်ကို နိုးကြားထကြွစေရန် ခရစ်တော် အလိုရှိတော်မူ၏။ အသိတရား ကင်းမဲ့နေသော သူကို နိုးထအောင်ပြု၍ သမ္မာတရားတော်ကို နှလုံးတွင်၌ စွဲမှတ်စေတော်မူ၏။ ဥပမာပုံဆောင်၍ ပြောဟောခြင်းကို ထိုစဉ်က လူကြိုက်များနေ၏။ ဂျူးလူမျိုး သာမက အခြားတစ်ပါး အမျိုးသားများတွင်ပါ ခေတ်စားနေ၏။ အရေးပေး တောင်းဆိုကြ၏။ အကောင်းဆုံးသော သင်ကြားပြသမှု ဖြစ်၍ အခြားသာ၍ ကောင်းသောနည်းလမ်း မရှိ။ ကိုယ်တော်၏ တရားနာ ပရိသတ်အနေဖြင့် ဘုရားရှင်၏ တရားတော်ကို လိုလားတောင့်တပါက ကိုယ်တော်၏ နှုတ်တော်ထွက်စကားများကို နားလည် သဘောပေါက်ကြမည်မှာ ဧကန်မုချ ဖြစ်၏။ ကိုယ်တော်သည် ရိုးသားစွာ ထောက်လှမ်း မေးမြန်းသူကို ရှင်းလင်းဖော်ပြရန် အမြဲတစေ လိုလားတော်မူ၏။COLB 5.2

    ၎င်းအပြင် လူတို့အနေဖြင့် လက်ခံရန် အသင့် မရှိသည် သာမက နားလည်သဘောပေါက်ရန်ပင် မလွယ်ကူသော်လည်း သင်ပေးရမည်။ သစ္စာတရားများ ခရစ်တော်၌ ရှိနေပါသည်။ ယင်းအကြောင်းကြောင့်လည်း ဥပမာပုံဆောင်ရန် ဟောကြားတော်မူ၏။ ကိုယ်တော်၏ ဟောကြားတော်မူချက်များကို အသက်တာ၏ မြင်ကွင်းများဖြင့် လည်းကောင်း၊ အတွေ့အကြုံများဖြင့် လည်းကောင်း၊ သဘာဝဓမ္မအားဖြင့် လည်းကောင်း ပူးပေါင်း ဆက်စပ်ထားခြင်းအားဖြင့် တရားနာသောသူများကို အာရုံစူးစိုက်အောင် ဆွဲဆောင်နိုင်သည်သာမက သူတို့၏ စိတ်နှလုံးများတွင် စွဲမှတ်စေ၏။ ထိုသို့အားဖြင့် တရားနာယူသူတို့သည် ကိုယ်တော်ရှင်၏ တရားတော်ပါ ဥပမာများတွင် သရုပ်ဆောင်ထားသော အရာများကို တွေ့မြင်လေတိုင်း ကိုယ်တော်၏ နှုတ်တော်ထွက်စကားများကို သတိရကြ၏။ သန့်ရှင်းသော ဝိညာဉ်တော် နှိုးဆော်တော်မူခြင်းကို ခံရသော စိတ်နှလုံးများအတွက်မှာမူကား ကယ်တင်ရှင်၏ ထူးခြားသည့် အဓိပ္ပါယ် ရှိသော ဩဝါဒများသည် ပို၍ အဓိပ္ပါယ် ပေါ်လွင်လာပါသည်။ နက်နဲသည့် အကြောင်းများ ရှင်းလင်းပြီး နားလည်ရန် ခက်ခဲသည့် အချက်များလည်း သိသာထင်ရှားလာပါသည်။COLB 6.1

    ခရစ်တော်သည် လူတိုင်း၏ စိတ်နှလုံးအတွင်းသို့ ဝင်ရောက်ရန် လမ်းစကို ရှာတော်မူ၏။ ဥပမာပုံ အမျိုးမျိုးဖြင့် သမ္မာတရားတော်ကို နည်း မျိုးစုံ ဖော်ထုတ်သည် သာမက တရားနာသူ တစ်ဦးစီ၏ စိတ်နှလုံးကိုလည်း ဆွဲဆောင်တော်မူ၏။ သူတို့၏ ဝန်းကျင်တွင် နေ့စဉ် တွေ့မြင်နေရသော အရာများနှင့် ပုံဆောင်၍ ဟောပြောတော်မူသောကြောင့် စိတ်ဝင်စားကြ၏။ ကယ်တင်ရှင်၏ တရားတော်ကို နားကြားရသူတိုင်း အနေဖြင့် သူ့အား မေ့ထားခဲ့သည်။ သူတော့ဖြင့် မပါဝင်ဟု အဘယ်သူမျှ မထင်မမှတ်ကြ။ အနိမ့်ကျဆုံးသော သူနှင့် အဆိုးသွမ်းဆုံးသော သူတို့ပင်လျှင် နူးညံ့သိမ်မွေ့ကြင်နာသော စိတ်ထားဖြင့် ဟောကြား သွန်သင်တော်မူသည့် ကိုယ်တော်၏ အသံတော်ကို နာကြားကြပါသည်။COLB 6.2

    ဥပမာပုံဆောင်၍ ဟောတော်မူရခြင်းနှင့် စပ်လျဉ်း၍ အခြား အကြောင်းအရင်း တစ်ခု ရှိပါသေးသည်။ ကိုယ်တော်၏ တရားနာ ပရိသတ်များတွင် ယဇ်ပရောဟိတ်များ နှင့် ဓမ္မဆရာများ၊ ကျမ်းပြုဆရာများ နှင့် သင်းအုပ်များ၊ ဟေရုဒ်မင်း၏ လူများ နှင့် အုပ်စိုးသူများ၊ လောကီတပ်မက်သူများ၊ အယူသန်သော သူများ၊ ထင်ပေါ်ကျော်ကြားလိုသော သူများ၊ အထူးသဖြင့် ကိုယ်တော်ရှင်အား ပြစ်တင် စွပ်စွဲလိုသောသူများ ပါဝင်ကြ၏။ ၎င်းတို့ စေလွှတ်ထားသော သူလျှိုများကလည်း ကိုယ်တော်အား နေ့စဉ်နှင့်အမျှ လိုက်လံ စုံထောက်လျက် ရှိကြ၏။ ကိုယ်တော်ရှင်သည် ကမ္ဘာလောကကြီး တစ်ခုလုံးကို မိမိ၏ နောက်တော်သို့ လိုက်လျှောက်အောင် ဆွဲဆောင်နေသည့် လက္ခဏာကြောင့် ကိုယ်တော်အား အပြီးသတ် တိတ်ဆိတ်သွားအောင် ပြစ်ဒဏ် စီရင်ရန် လုံလောက်သည့် စကား တစ်ခွန်းခွန်းကို ကိုယ်တော်ရှင်၏ နှုတ်တော်မှ ထွက်ဖို့ လိုက်လံ ချောင်းမြောင်းနေကြ၏။ ကယ်တင်ရှင်သည် သူတို့၏ အကျင့်စရိုက်များကို သိတော်မူသည် ဖြစ်၍ သမ္မာတရားကို ဟောပြောရာတွင် သာသနာ့ကောင်စီသို့ ကိုယ်COLB 7.1

    * * * * *

    “ထို့ကြောင့် သူတို့သည် မြင်လျက် မမြင်၊ ကြားလျက် မကြား၊ အနက်ကိုလည်း နားမလည်သောကြောင့် ဥပမာကို ဆောင်၍ ငါ ဟောပြော၏။ ဟေရှာယ ဟောဖူးသော အနာဂတ်စကားဟူမူကား ………. ဤ လူမျိုးသည် မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံးမသိ။” မ၊ ၁၃:၁၃-၁၃။ တော်အား ပို့၍ စွပ်စွဲလောက်သည့် စကား တစ်ခွန်းကိုမျှ သူတို့ မကြားရကြ။ ဥပမာပုံပြင်များတွင် သူတော်ကောင်း ယောင်ဆောင်ခြင်း၊ ရာထူးကြီးသူများ၏ မတရားလုပ်ဆောင်ခြင်း စသည်များကို ဝတ္ထုသက်သေ ပါသော ပုံဆောင်မှုများနှင့် လွှမ်းခြုံ၍ သမ္မာတရားကို ဟောပြောတော်မူသဖြင့် တဲ့တိုး ပြောဆို ဆုံးမခဲ့ပါလျှင် နားထောင်ကြမည် မဟုတ်သည့်ပြင်ကိုယ်တော်၏ အမှုတော်ကိုပင် စောလျင်စွာ အဆုံးသတ်ရမည့် အခြေတွင် ရှိပါသည်။ ကိုယ်တော်သည် ထိုသူလျှိုတို့ကို ရှောင်တိမ်းရင်း သမ္မာတရားတော်ကို ရှင်းလင်းပြတ်သားစွာ ဖော်ပြတော်မူသဖြင့် သူတို့၏ လမ်းလွဲမှုများ ထင်ရှားသောကြောင့် စိတ်နှလုံး ရိုးဖြောင့်သော သူတို့သည် အကျိုးကျေးဇူး ရှိသော သင်ခန်းစာများကို ရရှိနိုင်ကြပါသည်။ ဘုရားသခင်၏ ဉာဏ်တော် နှင့် ကျေးဇူးတော်အနန္တကို ကိုယ်တော်၏ ဖန်ဆင်းတတ်သော အရာတို့ဖြင့် ထင်ရှားစေတော်မူ၏။ သဘာဝဓမ္မ နှင့် လူတို့၏ ဘဝ အသက်တာ အတွေ့အကြုံများကို အကြောင်းခံ၍ ဘုရားသခင်၏ အကြောင်းကို လူတို့အား သင်ပေးတော်မူ၏။ “ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့် ထာဝရတန်ခိုးတော် နှင့် ထာဝရအဖြစ်တော် တည်းဟူသော မျက်မြင် မရသော ဘုရားသခင်၏ အရာတို့သည် ကမ္ဘာတည်သည် ကာလမှ စ၍ ထင်ရှားလျက် ရှိကြ၏။” ရော၊ ၁:၂၀။

    “အဆင့်မြင့်ပညာ” ထွန်းကားစေရန်အတွက် ကယ်တင်ရှင်သည် ဥပမာများဖြင့် သရုပ်ပြ၍ သင်ကြားတော်မူ၏။ ခရစ်တော်သည် အနက်ရှိုင်းဆုံးသော သိပ္ပံအတတ်ကို လူတို့အား ဖွင့်ပြတော်မူနိုင်ခဲ့၏။ ရာစုနှစ်ပေါင်းများစွာ ကြိုးပမ်း၍ သင်ကြားဆည်းပူးပါမှ ပေါက်ရောက်နိုင်မည့် နက်နဲရာများကိုလည်း ဖွင့်ပြနိုင်ခဲ့၏။ နောက်ဆုံးသော ကာလတွင် သိပ္ပံဆိုင်ရာ နည်းလမ်းနှင့် ပတ်သက်၍ စဉ်းစားစရာ အကြောင်းအချက်များ နှင့် တီထွင်ဖန်တီးမှုများအတွက် အားတက်စရာ အကြံပြုချက်များကို လူတို့အတွက် ထားခဲ့နိုင်တော်မူ၏။ သို့သော် ခရစ်တော်သည် ယင်း ကိစ္စမျိုးကို ပြုတော်မမူ။ သိလိုမြင်လိုစိတ်နှင့် ပတ်သက်၍ လူတို့ ကျေနပ်မှု ရရှိစေရန် လည်းကောင်း၊ လောကီဆိုင်ရာ ကြီးပွား ရေးအတွက် တံခါး ဖွင့်ပေးခြင်းကို ကိုယ်တော်သည် မည်သို့မျှ မပြော မသင်ခဲ့။ ကိုယ်တော်ရှင်၏ သင်ကြားမှု အရပ်ရပ်တွင် လူ၏ စိတ်နေသဘောထားကို အကန့်အသတ် မရှိ စုံလင်တော်မူသော ဘုရားသခင်၏ စိတ်တော်နှင့် တွေ့ထိအောင် ပို့ဆောင်တော်မူ၏။ ဘုရားသခင်၏ အကြောင်းနှင့် ပတ်သက်၍ လည်းကောင်း၊ နှုတ်ကပါတ်တော်နှင့် ပတ်သက်၍ လည်းကောင်း၊ လုပ်ဆောင်တော်မူချက်နှင့် ပတ်သက်၍ လည်းကောင်း လူတို့ စိတ်ကူးဉာဏ်ဖြင့် မှတ်သားထားသည်များကို လေ့လာရန် မညွှန်ကြားပါ။ ဘုရားသခင်သည် ဖန်ဆင်းထားတော်မူသော အရာများပေါ်တွင် လည်းကောင်း၊ နှုတ်ကပါတ်တရားတော်တွင် လည်းကောင်း၊ စီမံထားတော်မူသော အရာများပေါ်တွင် လည်းကောင်း ထင်ရှားတော်မူသည်ကိုသာ ဖူးမြော် သိမြင်စေရန် သင်ကြားတော်မူ၏။COLB 8.1

    ခရစ်တော်သည် စိတ်ကူး ယူဆချက် သီအိုရီများနှင့် ပတ်သက်၍ ဆောင်ရွက်တော်မူသည် မဟုတ်၊ အကျင့်စာရိတ္တ တိုးတက်ဖွံ့ဖြိုးရေးတွင် အရေးကြီးသော အချက်များနှင့် ပတ်သက်၍ လည်းကောင်း၊ လူသားတို့အနေဖြင့် ဘုရားသခင်ကို သိကျွမ်းသည့် ပညာ ရင့်ကျက်စေရန်အတွက် လည်းကောင်း၊ ကောင်းမှု ပြုရာတွင် အရည်အချင်း တိုးတက်စေရန်အတွက် လည်းကောင်း ဆောင်ရွက်တော်မူ၏။ လူ၏ အသက်တာ အပြုအမူ အနေအထိုင်နှင့် ပတ်သက်သော သမ္မာတရားများ နှင့် ထာဝရအသက်နှင့် ပတ်သက်သည်များကိုသာ ဟောပြောတော်မူ၏။COLB 9.1

    ဣသရေလလူတို့၏ ပညာရေးကို ခရစ်တော်ကိုယ်တိုင် ညွှန်ကြားတော်မူခဲ့၏။ ထာဝရဘုရား၏ ပညတ်တော်များ၊ နည်းဥပဒေများနှင့် ပတ်သက်၍ “သင်၏ သားသမီးတို့အား ကြိုးစား၍ သွန်သင်ရမည်။ အိမ်၌ ထိုင်လျက်နေသည် ဖြစ်စေ၊ ခရီးသွားသည် ဖြစ်စေ၊ အိပ်လျက်၊ ထလျက် ရှိသည်ဖြစ်စေ ထိုစကားကိုပြောရမည်။ ထိုစကားကိုလည်းသင်၏ လက်၌ လက္ခဏာ သက်သေပြဖို့ရာ လည်းကောင်း၊ သင်၏ မျက်စိကြားမှာ သင်းကျစ်ကဲ့သို့ လည်းကောင်း ချည်ထားရမည်။အိမ်တံခါး၊ မြို့တံခါးတို့လည်း ရေးထားရမည်”ဟု ကိုယ်တော် မိန့်တော်မူ၏။ တရား၊ ၆:၇-၉။ ယင်းပညတ်ကို မည်သို့ ပြည့်စုံကုံလုံစွာ လိုက်နာရမည်ကို လည်းကောင်း၊ ဘုရားသခင်၏ နိုင်ငံတော်နှင့်ယှဉ်သော ပညတ်တော်များ နှင့် အခြေခံသဘောတရားများသည် တင့်တယ်သန့်ရှင်း၍ နှစ်သက်မြတ်နိုးဖွယ် ဖြစ်ကြောင်း မည်သို့ ဖော်ထုတ်ရမည်ကို လည်းကောင်း ယေရှုရှင် ကိုယ်တိုင် သင်ပြတော်မူ၏။ ဣသရေလလူတို့သည် ကိုယ်တော်၏ အထူး ရွေးချယ်တော်မူခြင်းကို ခံရသော အမွေခံ ကိုယ်စားလှယ်များ ဖြစ်စေဖို့ သင်ကြားပဲ့ပြင်နေချိန်က ယင်းလူမျိုးတို့ကို တောင်ကုန်များ နှင့် တောင်ကြားအရပ်များတွင် နေထိုင်ကြစေတော်မူ၏။ သူတို့၏ နေအိမ် အသက်တာ နှင့် ဝတ်ပြု ကိုးကွယ်ခြင်းများတွင် သူတို့သည်သဘာဝဓမ္မနှင့် လည်းကောင်း၊ နှုတ်ကပါတ်တရားတော်နှင့် လည်းကောင်း၊ အမြဲတစေ ဆက်သွယ်မှု ရှိနေစေရန် ပို့ဆောင်တော်မူ၏။ ထိုနည်းအတူ ခရစ်တော်သည် တပည့်တော်များအား ရေကန်၏ ပတ်ဝန်းကျင်တွင် လည်းကောင်း၊ တောင်ကမ်းပါးယံတွင် လည်းကောင်း၊ လယ်ကွင်းလဟာပြင်များတွင် လည်းကောင်း၊ သစ်တောအုပ်များတွင် လည်းကောင်း ဥပမာပုံဆောင်မှုများတွင် အသုံးပြုသည့် သဘာဝ၏ အလှအပတို့ကို တွေ့မြင်နိုင်သည့် နေရာများ၌ ဆုံးမဩဝါဒပေးတော်မူ၏။ တပည့်တော်တို့သည် ခရစ်တော်၏ အထံတော်မှ သင်ကြား နာယူရင်းမိမိတို့၏ အသိပညာများကို ကိုယ်တော်ရှင်၏ အမှုတော်တွင် ကိုယ်တော်နှင့်အတူ လက်တွဲ၍ ဆောင်ရွက်ကြပါသည်။COLB 9.2

    ထိုနည်းအတူ ကျွန်ုပ်တို့သည်လည်း ဖန်ဆင်းထားသော အရာများအားဖြင့် ဖန်ဆင်းရှင်ကို သိကျွမ်းရမည်။ သဘာဝဓမ္မ တည်းဟူသော စာအုပ်ကြီးသည် ကြီးမြတ်သော သင်ခန်းစာအုပ်ကြီး ဖြစ်၏။ ယင်းစာအုပ်ကြီးကို သမ္မာတရားတော်နှင့် ပေါင်းစပ်၍ ကိုယ်တော်ရှင်၏ ဂုဏ်သိက္ခာတော်များကို သူတစ်ပါးတို့အား သွန်သင်ပြသ၍ ပျောက်ဆုံးနေသော သိုးတို့ကို ဘုရားရှင်၏ သိုးစုနှင့် ပေါင်းစပ်မိအောင် လမ်းပြပို့ဆောင်ရမည်။ ဘုရားရှင် ဖန်ဆင်းထားတော်မူသည့် သဘာဝကို လေ့လာနေချိန်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် စိတ်နှလုံးကို ပြုပြင်တော်မူသဖြင့် ထင်ရှားစွာ သိမြင်လာ၏။ ဆင်ခြင်တုံတရားနှင့် ဆီလျော်သော အကြောင်းကြောင့် ပေါ်ပေါက်လာသည့် အသိအမြင်မျိုး မဟုတ်။ စိတ်အာရုံသည် ဘုရားသခင်ကို မသိနိုင်လောက်အောင် အမိုက်မှောင် ဖုံးလွှမ်းမနေပါက လည်းကောင်း၊ ကိုယ်တော်ရှင်ကို မတွေ့မမြင်နိုင်လောက်အောင် မျက်စိမှုန်၍ မနေပါက လည်းကောင်း၊ ကိုယ်တော်၏ အသံကို မကြားနိုင်လောက်အောင် နားထိုင်း၍ မနေပါက လည်းကောင်း ပို၍ နက်နဲသော အဓိပ္ပါယ်ကို ဆုပ်ကိုင်မိပေးမည်။ ၎င်းအပြင် အလွန်မွန်မြတ်လှသော နှုတ်ကပါတ်တော်ဆိုင်ရာ သမ္မာတရားများသည် နှလုံးသားပေါ်တွင် စွဲမှတ်ပြီး ဖြစ်လိမ့်မည်။COLB 11.1

    သဘာဝမှ တိုက်ရိုက် သရုပ်ဖော်ထားသည့် ဤ သင်ခန်းစာများသည် လွယ်ကူ၍ သန့်စင် ပီပြင်သည် ဖြစ်သောကြောင့် အဖိုးအထိုက်တန်ဆုံး ဖြစ်ပါသည်။ အရာရာတိုင်းတွင် သင်ကြားမှုသည် ယင်း အတိုင်းပင် ဖြစ်သင့်ပါသည်။ ယင်း သင်ခန်းစာမျိုးသည် စိတ်နှလုံးကို လောကီ တပ်မက်ခြင်း နှင့် အပြစ် ဒုစရိုက်မှ ကင်းဝေးစေ၍ သန့်စင်ပီပြင်ခြင်း၊ ငြိမ်သက်ခြင်း နှင့် ဘုရားသခင်ထံတော်သို့ လမ်းညွှန် ပို့ဆောင်ပါသည်။ များသောအားဖြင့် လေ့လာသင်ကြားသူတို့သည် အမည်နာမအားဖြင့် သိပ္ပံအတတ် နှင့် သဘာဝတ္တ ဓမ္မပညာဟု ခေါ်တွင်သော အတွေးအခေါ်များ နှင့် စိတ်ကူးယူဆချက် သီအိုရီများဖြင့် အချိန်ကုန်နေတတ်ကြပါသည်။ ယင်း သုသေသီများသည် သဘာဝနှင့် နီးကပ်စွာ တွေ့ထိရန် လိုအပ်ပါသည်။ ဖန်ဆင်းခြင်း နှင့် ခရစ်ယာန် အယူဝါဒတွင် ဘုရားတစ်ဆူတည်းသာ ရှိကြောင်း သူတို့ သင်ကြားနာယူကြပါစေ။ သဘာဝဓမ္မ နှင့် ဝိညာဉ်တော်ဆိုင်ရာ သဘောတရားတို့သည် သဘောညီညွတ်မ၍ ရှိကြောင်း သူတို့အား သင်ကြားပေးပါ။ သူတို့ လက်ဖြင့် တို့ထိ၍ မျက်စိဖြင့် မြင်နိုင်သော အရာ အားလုံးသည် သူတို့၏ အကျင့်စာရိတ္တ ဆောက်တည်ရေးတွင် သူတို့အတွက် သင်ခန်း ဖြစ်ပါစေ။ သူတို့၏ စိတ်အင်အား ရင့်သန်တိုးတက်၍ အကျင့်စာရိတ္တ ဖွံ့ဖြိုး ပြီးလျှင် ဘဝ အသက်တာ တစ်ခုလုံး ဂုဏ်အသရေ တိုးတက်လိမ့်မည်။COLB 11.2

    ဥပမာပုံဆောင်၍ ဩဝါဒပေးတော်မူရာ၌ ခရစ်တောင်၏ အခြေခံ ကြံရွယ်တော်မူချက်သည် ဥပုသ်နေ့၏ အခြေခံ ကြံရွယ်တော်မူချက်နှင့် ထပ်တူထပ်မျှ ဖြစ်ပါသည်။ ဘုရားသခင်သည် မိမိ၏ ဖန်ဆင်းခြင်းဆိုင်ရာ ဘုန်းအာနုဘော်ကို လူသားတို့ အောက်မေ့သတိရဖို့ ပေးအပ်ထားခြင်း ဖြစ်ပါသည်။ သို့မှသာလျှင် လက်တော်ဖြင့် ဆောင်ရွက်မှုတို့ကို လူတိုင်း ပိုင်းခြားဝေဖန်၍ သိနားလည်နိုင်မည် ဖြစ်ပါသည်။ ဖန်ဆင်းရှင်၏ ဘုန်းအသရေတော်ကို ဖန်ဆင်းအပ်သော အရာများအားဖြင့် သိမြင်ကြစေရန် ဥပုသ်နေ့က ဆင့်ဆို ကြော်ငြာလျက် ရှိပါသည်။ယင်းအတိုင်း ကျွန်ုပ်တို့ နားလည် သဘောပေါက်စေရန်အတွက် ခရစ်တော်သည် အဖိုးထိုက်တန်သော သင်ခန်းစာများကို သဘာဝ၏ အလှအပများနှင့် ရစ်ပတ်လွှမ်းခြုံ၍ ဟောကြားထားတော်မူ၏။ နေ့တကာတို့တွင် သန့်ရှင်းသော နားရက်၌ သဘာဝတွင် မှတ်တမ်းတင်ထားသော ဘုရားသခင်၏ သတင်းစကားတော်များကို ကျွန်ုပ်တို့ လေ့လာသင်ကြား၍ သုတေသန ပြုသင့်လှပါသည်။ မြက်ခင်းပြင်ပေါ် ပန်းပွင့်ကလေးများ အကြားတွင် လည်းကောင်း၊ လယ်ကွင်း၊ လွင်ပြင် နှင့် သစ်တောသစ်အုပ်များတွင် လည်းကောင်း၊ ကောင်းကင်အောက် လဟာပြင်တွင် လည်းကောင်း ကိုယ်တော်ရှင် ကိုယ်တော်တိုင် ဩဝါဒပေးတော်မူသည့် နေရာမျိုးတို့၌ ကိုယ်တော်၏ ဥပမာပုံဆောင်ချက်များကို လေ့လာသင်ကြားသင့်ပါသည်။ ကျွနု်ပ်တို့သည် သဘာဝနှင့် နီးစပ်တွေ့ထိလာသောအခါ ခရစ်တော်သည် ကျွန်ုပ်တို့နှင့်အတူ အမှန်တကယ် ရှိ၍ ကျွန်ုပ်တို့၏ နှလုံးသား အတွင်း၌ ကိုယ်တော်၏ မေတ္တာတော် နှင့် ငြိမ်သက်ခြင်း အကြောင်းကို ကျွန်ုပ်တို့အား ပြောပြတော်မူလိမ့်မည်။COLB 13.1

    ခရစ်တော်သည် မိမိ၏ ဩဝါဒများကို ငြိမ်သက်စွာ နားနေရသော ဥပုသ်နေ့နှင့်သာ ဆက်စပ်ထားတော်မူသည် မဟုတ်၊ အလုပ် အမျိုးမျိုးကို ကြိုးစား၍ လုပ်ဆောင်ရသော ရက်သတ္တပတ်အတွင်း အခြား နေ့ရက်များနှင့်လည်း ဆက်နွှယ်၍ ထားတော်မူ၏။ ထွန်ကိုင်းကို ကိုင်လျက် မျိုးစေ့ကြဲသော သူကို ပညာပေးတော်မူ၏။ လယ်ထွန်ခြင်း နှင့် မျိုးစေ့ကြဲခြင်း၌ လည်းကောင်း၊ စိုက်ပျိုးခြင်း နှင့် ရိတ်သိမ်းခြင်း၌ လည်းကောင်း ကိုယ်တော်ရှင်၏ ကျေးဇူးတော် လုပ်ဆောင်မှုကို သိမြင်အောင် ပုံဆောင်၍ သင် ကြားတော်မူ၏။ ထိုကြောင့် အကျိုးရှိသော လုပ်ငန်းမှန်သမျှ နှင့် အသက်တာနှင့် စပ်ဆိုင်သည့် အရာခပ်သိမ်းတွင် ဘုရားရှင်၏ သမ္မာတရားတော်နှင့် ပတ်သက်သော သင်ခန်းစာ တစ်ခုခုကို ရရှိစေရန် ဆန္ဒ ရှိတော်မူ၏။ သို့ဖြင့် နေ့စဉ်နှင့်အမျှ အလုပ်မျိုးကို ကြိုးစားလုပ်ဆောင်ခြင်း၌ နှစ်မြှပ်နေခြင်းအားဖြင့်ဘုရားရှင်ကို မေ့လျော့နေမည် မဟုတ်ဘဲ ဖန်ဆင်းရှင် နှင့် ရွေးနုတ်ရှင်ကို အစဉ်မပြတ် အောက်မေ့သတိရနေပေလိမ့်မည်။ ဘုရားသခင်ကို အစဉ်မပြတ် အာရုံပြုနေပါက ကျွန်ုပ်တို့၏ အိမ်တွင်းမှုကိစ္စများ နှင့် လုပ်ငန်းဆောင်တာများသည် ရွှေကြိုးဖြင့် ဆက်သွယ်၍ ထားသကဲ့သို့ရှိနေပါလိမ့်မည်။ ဘုန်းအသရေတော်နှင့် ပြည့်ဝသော ကိုယ်တော်၏ မျက်နှာတော်သည် ဖန်ဆင်းထားတော်မူသော သဘာဝအလှအပပေါ်တွင် ထင်ရှားလျက် ရှိပေလိမ့်မည်။ ကျွန်ုပ်တို့သည် ကောင်းကင်ဆိုင်ရာ သမ္မာတရားတော်နှင့် ပတ်သက်၍ အသစ်သော သင်ခန်းစာများကို အစဉ်မပြတ် သင်ကြား နာယူနေရခြင်းဖြင့် ကိုယ်တော်ကဲ့သို့ သန့်စင်သည့် ပုံသဏ္ဌန်တော်အတိုင်း ကြီးထွား တိုးတက်နေကြပေလိမ့်မည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် “ထာဝရဘုရား ဆုံးမသွန်သင်တော်မူ” ခြင်းကို ခံယူ၍ ခေါ်တော်မူခြင်း ကျေးဇူးကို ခံရသော လူစုတွင် ပါဝင်ကြပြီးလျှင် ထိုသို့ “ဘုရားသခင် ရှေ့တော်၌ လူတိုင်းလုပ်နေစေ။” ဟေရှာ၊ ၅၄:၁၃။ ၁ ကော၊ ၇:၂၄။COLB 13.2

    * * * * *