Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်တော်၏သရုပ်ပြ ဩဝါဒများ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    စိတ်အစွမ်းသတ္တိ

    စိတ်၏ အစွမ်းသတ္တိကို လေ့ကျင့်ပေးရန် ဘုရားသခင် အလိုရှိတော်မူ၏။ ဘုရားသခင်သည် မိမိ၏ အမှုတော်ဆောင်များအား လောကီသားတို့ထက် ပို၍ ကောင်းသော အသိဉာဏ် နှင့် ပို၍ ရှင်းလင်းစွာ ပိုင်းခြားဝေဖန်တတ်သော ဉာဏ်ကို ရရှိစေရန် စီမံထားတော်မူ၏။ ထိုကြောင့် ဝီရိယ မရှိ၊ ပျင်းရိပေါ့ဆမှုကြောင့် အရည်အချင်း မပြည့်စုံဘဲ ဗဟုသုတ နည်းသော အမှုဆောင်များအတွက် စိတ်ပျက်တော်မူ၏။ ကျွန်ုပ်တို့သည် ထာဝရအရှင် ဘုရားသခင်ကို စိတ်နှလုံး အကြွင်းမဲ့၊ အစွမ်းသတ္တိ ရှိသမျှ၊ ဉာဏ်ရှိသမျှနှင့် ချစ်ကြရန် ကိုယ်တော်ရှင် သြဝါဒ ပေးတော်မူ၏။ ယင်း သြဝါဒက ဘုရားသခင်ကို ဉာဏ် ရှိသမျှနှင့် သိကျွမ်း၍ ချစ်မြတ်နိုးရန်အတွက် အသိဉာဏ်ကို အပြည့်အဝ တိုးတက် ဖွံ့ဖြိုးအောင် အားထုတ်ရန်ကျွန်ုပ်တို့အား တာဝန်ပေးအပ်ထားပါသည်။COLB 412.2

    ကိုယ်တော်၏ ဝိညာဉ်တော် အုပ်ချုပ်ကွပ်ကဲမှုကို ခံယူလိုက်နာ၍ အသိဉာဏ်ကို ပိုမို စုံလင်အောင် ပြုစုပျိုးထောင်သည် နှင့်အမျှ ယင်း အသိဉာဏ်ကို ဘုရားသခင်၏ အမှုတော်တွင် ပို၍ အကျိုး သက်ရောက်မှု ရှိအောင် အသုံးပြုနိုင်ပါသည်။ ဘုရားသခင်အား ကိုယ်ကိုကိုယ် ဆက်ကပ်အပ်နှံထား သည့် အတတ်ပညာမဲ့သူ တစ်ဦးသည် သူတစ်ပါးတို့အတွက် ကောင်းချီးမင်္ဂလာ ဖြစ်စေရန် လိုလားလျှင် ဘုရားသခင်၏ အမှုတော်အတွက် အသုံးပြုနိုင်သည် ဖြစ်၍ အသုံးပြုတော်မူ၏။ သို့သော် အတတ်ပညာ စုံလင်သော သူသည် အလားတူစွာ ဆက်ကပ်အပ်နှံခြင်း ပြုပါက များစွာ ပိုမို ခရီးရောက်အောင် ခရစ်တော်အတွက် အမှုတော် ဆောင်ရွက်နိုင်ပါလိမ့်မည်။ သူတို့သည် အခွင့်အရေးသာသော သူများ ဖြစ်ကြ၏။COLB 413.1

    မိမိ တတ်မြောက်သမျှ အတတ်ပညာကို သူတစ်ပါးတို့အား တစ်ဆင့် ဝေငှသင်ကြားပေးလိုသော သဘောထားဖြင့် အတတ်ပညာ ဆည်းပူးသော သူကို ထာဝရဘုရား လိုလားတော်မူ၏။ ဘုရားသခင်အတွက် မည်သည့်နေရာတွင် မည်သို့မည်ပုံ ဟောပြောရမည်၊ မည်သည့် အရပ်တွင် အမှုတော်ဆောင်ရန် မည်သို့ ခေါ်တော်မူသည်ကို မည်သူမျှ ကြိုတင် မသိနိုင်ပါ။ လူကို မည်သို့ အသုံးပြုနိုင်မည်ကို ကျွန်ုပ်တို့၏ ကောင်းကင်ဘုံရှင် အဘ ခမည်းတော် တစ်ပါးတည်းသာ သိမြင်တော်မူ၏။ ကျွန်ုပ်တို့၏ ရှေ့မှောက်တွင် ဖြစ်နိုင်သော အရာ မြောက်များစွာ ရှိသော်လည်း ကျွန်ုပ်တို့ ယုံကြည်ခြင်း အားနည်းသောကြောင့် ခွဲခြားဝေဖန် သိမြင်နိုင်ခြင်း မရှိပါ။ ထာဝရအရှင် ဘုရားသခင်၏ နာမတော် နှင့် ဘုန်းတော် ထင်ရှားစေရန်အတွက် ကမ္ဘာမြေကြီးပေါ်တွင် အကြီးဆုံးသော အာဏာပိုင်၏ ရှေ့၌ပင် ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ကို တင်ဆက်ရန် အရေးကြုံလာပါက ဆောင်ရွက်နိုင်လောက်အောင် ကျွန်ုပ်တို့၏ ဦးနှောက်ကို လေ့ကျင့်ထားရမည်။ ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်ရန်အတွက် ကျွန်ုပ်တို့၏ အသိဉာဏ်ကို အရည်အချင်း ပြည့်မီအောင် ပြုလုပ်နိုင်သည့် အခွင့်အရေး တစ်စုံတစ်ခုကိုမျှ လက်မလွှတ်စေသင့်ပါ။COLB 413.2

    ပညာ လိုအပ်နေသော လူငယ်သည် ယင်း ပညာကို လက်ဝယ် ရရှိသည် တိုင်အောင် စိတ်ပြဌာန်းချက်ဖြင့် ကြိုးစား အားထုတ်ရမည်။ လမ်းဖွင့် ပေးချိန်ကို စောင့်မနေပါနှင့်၊ ကိုယ်တိုင် ဖွင့်ပါ။ အလိုအလျောက် ပေါ်လာသည့် လမ်းစငယ် ရှိသမျှကို ဆွဲကိုင်ရယူပါ။ ချွေတာ သုံးစွဲပါ။ သင်၏ ဥစ္စာပစ္စည်း စသည်များကို မိမိ အလိုဆန္ဒ ပြည့်ဝရေးအတွက် လည်းကောင်း၊ အပျော်အပါးအတွက် လည်းကောင်း မသုံးမဖြုန်းပါနှင့်။ ဘုရားသခင် ခေါ်တော်မူသည့် အဆင့်ကို မီအောင် ဆောင်ရွက်နိုင်သည့် အရည်အချင်းနှင့် ပြည့်စုံ၍ အသုံးဝင်သူ ဖြစ်အောင် စိတ်ပြဌာန်း၍ အားထုတ်ပါ။ သင် တာဝန်ယူ ဆောင်ရွက်သမျှတွင် သစ္စာ ရှိပါ။ စေ့စပ် သေချာပါ၊ နှံ့စပ်ကျွမ်းကျင်ပါ။ အသိဉာဏ် ရင့်သန်စေဖို့ သင် လက်လှမ်းမီသမျှ အခွင့်အရေးကို ရယူပါ။ စာပေဆည်းပူးရာတွင် အကျိုး ရှိသည့် လက်နှင့် လုပ်သော အလုပ်နှင့် တွဲဖက် သင်ယူပါ။ ၎င်းအပြင် သစ္စာ ရှိစွာ ကြိုးစား အားထုတ်ခြင်း၊ အာရုံစိုက်ခြင်း နှင့် ပတ္ထနာပြုခြင်းတို့ဖြင့် အထက်မှ ပညာကို ရအောင် ယူပါ။ ယင်းသို့ ဆောင်ရွက်လျှင် သင်သည် ပညာ ပေါင်းစုံကို ရလိမ့်မည်။ ဤနည်းအားဖြင့် သင်သည် အကျင့်စာရိတ္တ တိုးတက်ပြီးလျှင် အခြားသူများ အပေါ် သြဇာသက်ရောက်၍ ၎င်းတို့အား ဖြောင့်မှန်ခြင်း နှင့် သန့်ရှင်းခြင်း လမ်းသို့ ပို့ဆောင်နိုင်လိမ့်မည်။COLB 413.3

    ကျွန်ုပ်တို့ ရရှိသည့် အခွင့်အရေးများ နှင့် အခါအခွင့်များကို နိုးနိုးကြားကြား ခံယူ အသုံးပြုပါက ကိုယ်တိုင် ကြိုးစား အားထုတ်၍ ဆည်းပူးသည့် ပညာ ပြီးမြောက်အောင်မြင်ရေးတွင် များစွာ ပိုမို အကျိုးဖြစ်ထွန်းလိမ့်မည်။ မှန်သော ပညာ ဆိုသည်မှာ တက္ကသိုလ်များမှ ဆည်းပူး ရရှိသော ပညာထက် ပိုပါသည်။ သိပ္ပံပညာများကို ပစ်ပယ်ရန် မဟုတ်သော်လည်း ဘုရားသခင်နှင့် လေးစားစွာ ဆက်သွယ်ခြင်း အားဖြင့် ပိုမို မြင့်မားသော ပဲ့ပြင်သွန်သင်မှုကို ရယူနိုင်ပါသည်။ ပညာ သင်ကြားသူတိုင်းသည် သမ္မာကျမ်းစာကို လက်ကိုင်ထား၍ ဘုရားသခင်နှင့် မိတ်သဟာယ ဖွဲ့ခြင်းဖြင့် မြတ်တော်မူသော ဆရာကြီးထံမှ ပညာကို သင်ကြားရယူနိုင်ပါသည်။ မြတ်တော်မူသော သမ္မာတရားကို ရှာဖွေ စူးစမ်းရာတွင် ခက်ခဲနက်နဲသည့် ပြဿနာများနှင့် ရင်ဆိုင်တိုက်လှန်နိုင်သည့် စိတ်ကို စည်းကမ်း သေဝပ်အောင် လေ့ကျင့်ပေးရမည်။COLB 414.1

    လူသား အချင်းချင်းအား ကောင်းချီးမင်္ဂလာ ဝေငှရန် လိုလားသော စိတ်ထား နှင့် အတတ်ပညာ ဆည်းပူးသော လူတိုင်းသည် ဘုရားသခင်၏ ထံမှာ ကိုယ်တိုင် ကောင်းချီးမင်္ဂလာ ခံရကြလိမ့်မည်။ ကိုယ်တော်၏ နှုတ်ကပါတ် တရားတော်ကို လေ့လာသင်ကြားခြင်း အားဖြင့် ကောင်းသော အမှု ပြုလုပ်ရန် သူတို့၏ ဉာဏစွမ်းအား လှုပ်ရှားထကြွလိမ့်မည်။ စွမ်းရည်သတ္တိ တိုးတက်ဖွံ့ဖြိုး၍ နှလုံးရည်နှင့် ပြည့်စုံခြင်း ရှိလိမ့်မည်။COLB 415.1

    ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်မည့် သူတိုင်းသည် ကိုယ်တိုင် စည်းကမ်း သေဝပ်ရမည်။ ဤသို့ ပြုခြင်းအားဖြင့် စကားပြော ကောင်းခြင်း နှင့် အထက်မြက်ဆုံးသော စွမ်းရည်သတ္တိထက် ပို၍ အကျိုးသက်ရောက် အောင်မြင်လိမ့်မည်။ ကောင်းစွာ စည်းကမ်းသေဝပ်မှု ရှိသည့် သာမန် စိတ်သဘော ရှိသူသည် အမြင့်ဆုံး ပညာကို တတ်မြောက်ထားသော စိတ်သဘော ရှိသူထက် ပိုမို ကောင်းမွန် မြင့်မြတ်သော လုပ်ငန်းကို ဆောင်ရွက်ပြီးမြောက်ပေလိမ့်မည်။COLB 415.2

    Larger font
    Smaller font
    Copy
    Print
    Contents