Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်တော်၏သရုပ်ပြ ဩဝါဒများ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    အသုံးချခြင်းအားဖြင့် တိုးပွားလောသော စွမ်းရည်သတ္တိများ

    အသုံးချသော စွမ်းရည်သတ္တိများသည် တိုးပွားလာသော စွမ်းရည်သတ္တိများ ဖြစ်ပါသည်။ အောင်မြင်မှုသည် အကြောင်းအားလျော်စွာ ဖြစ်ခြင်း မဟုတ်၊ ကံကြမ္မာကြောင့်လည်း မဟုတ်ပါ။ ဘုရားသခင် စီမံတော်မူရာ ဖြစ်၏။ ချင့်ချိန်တိုင်းထွာတတ်ခြင်း နှင့် ယုံကြည်ကိုးစားခြင်း၏ ဆုကျေးဇူး ဖြစ်၏။ သီလ နှင့် မလျှော့်သော လုံ့လဖြင့် အားထုတ်ကြိုးစားခြင်းတို့၏ အကျိုးကျေးဇူးလည်း ဖြစ်၏။ ကျွန်ုပ်တို့တွင် ရရှိထားသော ဆုကျေးဇူးတိုင်းကို အသုံးချရန် ဘုရားသခင် အလိုတော် ရှိတော်မူသည် ဖြစ်၍ ကျွန်ုပ်တို့ လိုက်နာပါက ဆက်လက် အသုံးချရန် ပို၍ ကြီးမြတ်သော ဆုကျေးဇူးများကို ပေးသနားတော်မူလိမ့်မည်။ ကျွန်ုပ်တို့ ခံယူနိုင်သည်ထက် ကျော်လွန်၍ သဘာဝ မကျသော အစွမ်းသတ္တိများကို ပေးတော်မူမည် မဟုတ်ပါ၊ သို့သော် ကျွန်ုပ်တို့၏ အတတ်ပညာ ရှိသမျှကို ပိုမို တိုးတက်ဖွံ့ဖြိုးစေရန် ကိုယ်တော်သည် ကျွန်ုပ်တို့နှင့် အတူ လုပ်ဆောင်တော်မူလိမ့်မည်။ သခင်၏ အမှုတော်အတွက် ကျွန်ုပ်တို့သည် ကိုယ်ရောစိတ်ပါ အားထုတ်၍ စေတနာ အပြည့်အဝနှင့် အနစ်နာခံပါက ကျွန်ုပ်တို့၏ စွမ်းရည်သတ္တိ တိုးတက် ဖွံ့ဖြိုးလိမ့်မည်။ ကျွန်ုပ်တို့သည် ဝိညာဉ်တော်၏ ဦးဆောင် လမ်းညွှန်မှုကို လိုက်နာပါက ကိုယ့်သဘော ကိုယ့်အလိုသို့ လိုက်တတ်သော စိတ်ဟောင်းများ နှင့် မကောင်းသော အထုံဝါသနာများကို စွန့်လွှတ်ပြီးလျှင် ကောင်းသော အကျင့်ဓလေ့များကို ပြုစုပျိုးထောင်ရန် ဘုရားသခင်၏ ကျေးဇူးတော်သည် ကျွန်ုပ်တို့အား ပြုပြင်ပေးတော်မူလိမ့်မည်။ ဝိညာဉ်တော် လမ်းညွှန်သည်ကို ရိုသေစွာ လိုက်နာပါက ကိုယ်တော်၏ တန်ခိုးတော်ကို လက်ခံနိုင်လောက်အောင် ကျွန်ုပ်တို့၏ စိတ်နေသဘောထားများ ရင့်ကျက်လာပြီးလျှင် ပို၍ ကောင်းမြတ်သည့် အမှုကို ဆောင်ရွက်နိုင်ပေ လိမ့်မည်။ တိမ်မြှပ်နေသော အင်အားများ နိုးထလာပြီးလျှင် သွက်ချာပါဒ လိုက်နေသော အတတ်ပညာ နှင့် အစွမ်းသတ္တိများလည်း အသစ်သော အသက်နှင့် ပြည့်ဝကြပေလိမ့်မည်။COLB 444.2

    ဘုရားသခင် ခေါ်တော်မူခြင်းကို လိုလားစွာ တုံ့ပြန်သည့် စိတ်နှလုံး နှိမ့်ချသော အမှုဆောင်သည် ဘုရားသခင် ဖေးမတော်မူခြင်းကို ဧကန်မုချ ခံစားရပါလိမ့်မည်။ ဤမျှ မြင့်မြတ်သန့်ရှင်းသော တာဝန်ကို လက်ခံခြင်းသည် ပင်လျှင် အကျင့်စာရိတ္တကို မြှင့်တင်လိုက်ခြင်း ဖြစ်ပါသည်။ အမြင့်ဆုံးသော စိတ်အင်အား၊ ဝိညာဉ်အင်အားကို ထကြွ လှုပ်ရှားစေပြီးလျှင် ဦးနှောက် နှင့် နှလုံးကို အားအင် ပြည့်ဖြိုး သန့်စင်စေ၏။ အင်အား ချည့်နဲ့သော သူ တစ်ယောက်သည် ဘုရားသခင်၏ တန်ခိုးတော်ကို ယုံကြည်သောအားဖြင့် မည်မျှ သန်စွမ်းလာမည်ကို လည်းကောင်း၊ ကြိုးစားအားထုတ်ရာတွင် မည်မျှ စိတ်ပြဌာန်းခြင်း ရှိလိမ့်မည်ကို လည်းကောင်း၊ အကျိုးသက်ရောက်မှု မည်မျှ ကြီးမြတ်လိမ့်မည်ကို လည်းကောင်း အံ့ချီးဖွယ်ရာ သိတွေ့ရလိမ့်မည်။ အနည်းငယ်မျှသော အတတ်ပညာဖြင့် စိတ်နှလုံး နှိမ့်ချစွာ လုပ်ငန်း အစပြုပြီးလျှင် တိုးတက်တတ်မြောက်ရန် လုံ့လဝီရိယ စိုက်ထုတ်၍ အတတ်ပညာ ဆည်းပူးရင်း မိမိ တတ်သမျှကို သူတစ်ပါအား ပြောဟော ဝေငှသော သူသည် အလို ရှိသမျှကို ရနိုင်သည့် ကောင်းကင်ဘဏ္ဍာ တစ်ရပ်လုံးကို တွေ့မြင်ရလိမ့်မည်။ အလင်းတရားကို ကြိုးစားအားထုတ်၍ ဝေငှလေ သာ၍ များသော အလင်းတရားကို ကိုယ်တိုင် ရရှိလေ ဖြစ်လိမ့်မည်။ အသက်ဝိညာဉ်များကို ချစ်မြတ်နိုးသော အားဖြင့် ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ကို သူတစ်ပါးအား ကြိုးစား၍ ရှင်းပြလေ သူ ကိုယ်တိုင် အတွက် ပို၍ ရှင်းလေ ဖြစ်လိမ့်မည်။ ကျွန်ုပ်တို့၏ အတတ်ပညာကို အသုံးချ၍ စွမ်းအင်ကို လေ့ကျင့်ပေးလေ ပို၍ များသော အတတ်ပညာ နှင့် စွမ်းအင်ကို ရလေ ဖြစ်လိမ့်မည်။COLB 445.1

    ခရစ်တော်အတွက် ကြိုးစားအားထုတ်မှု မှန်သမျှ ကျွန်ုပ်တို့အတွက် ကောင်းချီးမင်္ဂလာ ရောင်ပြန်ဟပ်လိမ့်မည်။ ကိုယ်တော်၏ ဘုန်းတော် ထင်ရှားစေရန် ကျွန်ုပ်တို့၏ ဥစ္စာဓနကို ပြန်၍ ပေးတော်မူလိမ့်မည်။ အသက်ဝိညာဉ်များ၏ လေးလံသော ဝန်ကို ထမ်း၍ ဆုတောင်းပတ္ထနာ ပြုခြင်းဖြင့် သူတို့အား ခရစ်တော် ထံသို့ ပို့ဆောင်ရန် အားထုတ်လျှင် ဘုရားသခင်၏ ကျေးဇူးတော်ဆိုင်ရာ အသက်ရှင်စေတတ်သည့် အရှိန်သြဇာ နှင့်အတူ ကျွန်ုပ်တို့၏ နှလုံးလှုပ်ရှားလိမ့်နမည်၊ ကျွန်ုပ်တို့၏ ကြင်နာသနားမှုသည် ပို၍ ပြင်းထန်စွာ ဘုရားရှင်ကို ရောင်ပြန်ဟပ်လိမ့်မည်၊ ကျွန်ုပ်တို့၏ ခရစ်ယာန် အသက်တာသည် ပို၍ စစ်မှန်ပေလိမ့်မည်၊ ပို၍ စိတ်အားထက်သန်လိမ့်မည်၊ ပို၍် ဆုတောင်းပတ္ထနာပြုခြင်း ရှိလိမ့်မည်။COLB 446.1

    ဘုရားသခင်အား သိကျွမ်းနိုင်သည့် စိတ်နှလုံး အတိုင်းအတာကို မူတည်၍ ကောင်းကင်ဘုံတွင် လူ၏ တန်ဖိုးကို ခန့်မှန်းပါသည်။ ယင်း အသိပညာသည် စွမ်းအား ရှိသမျှ စီးဆင်းရာ စမ်းချောင်းကြီး ပမာ ဖြစ်ပါသည်။ လူ၏ အတတ်ပညာ ရှိသမျှသည် ဘုရားသခင်၏ စိတ်တော်နှင့် လျော်ညီသော အတတ်ပညာ ဖြစ်ရန် ဘုရားသခင်သည် လူကို ဖန်ဆင်းထားတော်မူ၏။ ၎င်းအပြင် ကိုယ်တော်သည် လူ၏ စိတ်သဘောကို ဘုရားရှင်၏ စိတ်တော် နှင့် မိတ်သဟာယ ဖွဲ့နိုင်ရန် အမြဲတစေ လိုလားတော်မူ၏။ ကျွန်ုပ်တို့သည် ကောင်းကင်အရာများကို ပို၍ သိကျွမ်းအောင် ကိုယ်တော်၏ ကျေးဇူးမေတ္တာတော်ကို ဤ ကမ္ဘာလောကသို့ ဖေါ်ပြရာ၌ ခရစ်တော် နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် အထူး အခွင့်အရေးကို ပေးသနားတော်မူ၏။ COLB 446.2

    သခင်ယေရှုကို စေ့စေ့ ထောက်ရှုခြင်းဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်အား ပို၍ ထင်ရှားစွာဖြင့် လည်းကောင်း၊ ပို၍ ကြည်လင်ပြတ်သားစွာဖြင့် လည်းကောင်း တွေ့မြင်နိုင်ပြီးလျှင် ကိုယ်တော်ကို ရှုမျှော်ခြင်းဖြင့် ကျွန်ုပ်တို့သည် ပုံသဏ္ဌာန် ပြောင်းလဲခြင်းသို့ ရောက်ရကြပေလိမ့်မည်။ ကောင်းမြတ် ခြင်း နှင့် လူသား အချင်းချင်းကို ချစ်ခင်မြတ်နိုးခြင်းတို့သည် ကျွန်ုပ်တို့၏ အတွင်းစိတ်တွင် အလိုအလျောက် ဖြစ်ပေါ်လာလိမ့်မည်။ ဘုရားသခင်၏ ဂုဏ်တော်နှင့် လျော်ညီသော အကျင့်စာရိတ္တကို ကျွန်ုပ်တို့ ဆည်းပူးနိုင်ကြလိမ့်မည်။ ကိုယ်တော်၏ ပုံသဏ္ဌာန်တော်နှင့် တူညီအောင် ကြီးထွား ရင့်ကျက်လာသည် နှင့်အမျှ ကျွန်ုပ်တို့တွင် ကိုယ်တော်အား သိကျွမ်းသည့် စွမ်းရည် ပိုမို ထက်မြက်လာပါလိမ့်မည်။ ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်နှင့် လိုသည်ထက် ပို၍ မိတ်သဟာယ ဖွဲ့ခြင်းဖြင့် ထာဝရကာလ၏ ကြွယ်ဝလှစွာသော အသိပညာ နှင့် အတတ်ပညာများကို ခံယူနိုင်ရန် စဉ်ဆက်မပြတ် တိုးတက်နေသော စွမ်းအားကို ရရှိကြလိမ့်မည်။COLB 446.3

    Larger font
    Smaller font
    Copy
    Print
    Contents