Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၃၂—စိတ်နှလုံး၏ဥယျာဉ်၌တင်ကြိုနေရာယူခြင်း

    ဥယျာဉ်မှူးများဖြစ်သောမိဘများ - ဘုရားသခင်သည် မိဘတို့ အားလေးနက်၍ သီးသန့်ဖြစ်သောတာဝန်တစ်ခုကို မိဘတို့အားအပ်နှင်းထား တော်မူသည်။ သူတို့သည် စိတ်နှလုံး၏မြေဩဇာကို သေချာစွာပြုစုထိန်းသိမ်း ထားရမည်။ ဤနည်းအားဖြင့် သူတို့သည် ဘုရားသခင်နှင့်လက်တွဲ၍ ဆောင်ရွက်ကြသောအမှုထမ်းများဖြစ်နိုင်သည်။ သူတို့သားသမီးများ၏ဥယျာဉ် ကိုစောင့်ရှောက်၍ သေချာစွာထိန်းကျောင်းလုပ်ကိုင်ပေးရန် ဘုရားသခင်သည် မျှော်လင့်တော်မူသည်။ မိဘတို့သည် ကောင်းသောမျိုးစေ့ကိုစိုက်ပျိုးကြည့်ရှု မကောင်းသောဆူးပင်ပေါင်းပင်တိုင်းကို နုတ်ပစ်ရမည်။ အကျင့်စာရိတ္တ ၌ချွတ်ယွင်းချက်တိုင်းကိုလည်းကောင်း၊ စိတ်နေသဘောထားမှားယွင်းမှုတိုင်း ကိုလည်းကောင်း ပယ်ရှားပစ်၍နေဖို့ရန် လိုအပ်ပေသည်။ အဘယ်ကြောင့် ဆိုသော် ယင်းတို့ကိုတည်မြဲနေရန်ခွင့်ပြုထားလျှင် ယင်းတို့သည် စာရိတ္တ အလှအပကို ဖျက်ဆီးကြလိမ့်မည်ဖြစ်သည်။AH1Burm 259.1

    မိဘတို့၊ သင်တို့လုပ်ကိုင်ဆောင်ရွက်ရမည့် ပထမဆုံးလယ်ကွက် သည် သင်တို့၏ကိုယ်ပိုင်အိမ်ပင်ဖြစ်သည်။ အိမ်ဂေဟာဥယျာဉ်တွင်စိုက်ပျိုး ထားသည့် အလွန်မြတ်နိုးဖွယ်သောအပင်ငယ်များကို သင်တို့သည် ဦးစား ပေးကြည့်ရှုပြုစုရမည်။ တစ်နေ့သောအခါ သူတို့အတွက် စာရင်းရှင်းပြရမည့် အနေဖြင့် ဝိညာဉ်များကိုစောင့်ထိန်းရန် သင်တို့အားခန့်ထားတော်မူသည်။ သင်၏အလုပ်ကိုလည်းကောင်း၊ ယင်းအလုပ်၏သဘာဝကိုလည်းကောင်း၊ ယင်းအလုပ်၏အမူအရာကိုလည်းကောင်း၊ ယင်းအလုပ်၏အကျိုးကျေးဇူး တို့ကိုလည်းကောင်း သေချာစွာစဉ်းစားဆင်ခြင်ပါ။AH1Burm 259.2

    မိဘများကြည့်ရှုပြုစုလုပ်ကိုင်ရန်အတွက် သင်တို့၏အိမ်ရှေ့တွင် မြေကွက်ငယ်ကလေးတစ်ကွက်ရှိသည်။ သင်တို့အားအပ်နှံထားသော ဤ လုပ်ငန်းအတွက် သင်တို့သည် ဘုရားသခင်အား စာရင်းရှင်းပြရကြမည် ဖြစ်သည်။AH1Burm 259.3

    ဥယျာဉ်ကိုထိန်းသိမ်းကြည့်ရှုခြင်း - လောကတွင်ခေတ်စားနေ သောလုပ်ရပ်တစ်ခုမှာ လူငယ်လူရွယ်တို့အား သူတို့စိတ်ကြိုက်ဖြစ်သောအရာ ကို လုပ်ကိုင်ခွင့်ပေးထားခြင်းဖြစ်သည်။ လူငယ်လူရွယ်ဘဝတွင် သောင်းကျန်း သောအခါ၊ သူတို့သည် ခေတ္တခဏကြာသောအခါ အမှန်တရားကိုသိလာ ကြသည်။ တစ်ဆယ့်ခြောက်နှစ် (သို့မဟုတ်) တစ်ဆယ့်ရှစ်နှစ်အရွယ်သို့ ရောက်လျှင် သူတို့ကိုယ်တိုင်စဉ်းစားဆင်ခြင်တတ်ကာ သူတို့၏မှားယွင်းသော အကျင့်ဓလေ့များကိုစွန့်ပစ်လျှင် နောက်ဆုံးတွင် အသုံးကျလှသောယောက်ျား ကြီးများနှင့်မိန်းမကြီးများဖြစ်လာကြလိမ့်မည်။ ဘယ်မျှလောက်မှားယွင်းသော အယူအဆဖြစ်ဘိသနည်း။ မိဘတို့အနေဖြင့် စိတ်နှလုံး၏ဥယျာဉ်ကို ရန်သူ တို့အား လုပ်ကိုင်ခွင့်နှစ်ပရိစ္ဆေဒ မြောက်မြားစွာပေးခဲ့လေပြီ။ မှားယွင်းသော အခြေခံကျင့်စဉ်များပေါက်ရောက်လာသည်ကို ခွင့်ပြုကြ၍ များသောအားဖြင့် ယင်းကျင့်စဉ်များပေါက်ရောက်လာပြီးသည့်နောက်ပိုင်းတွင် ယင်းမြေသြဇာ ပေါ်၌ ဆောင်ရွက်လေသမျှသည် အချည်းနှီးသာလျှင်ဖြစ်သည်။AH1Burm 260.1

    အချို့သောမိဘများသည် သူတို့၏သားသမီးများက မှားယွင်းသော အကျင့်ဓလေ့များ လိုက်နာကျင့်သုံးနေသည်ကို လက်ပိုက်၍ကြည့်နေကြ သည်။ ယင်းအကျင့်ဓလေ့ဆိုးတို့၏ဒဏ်ရာဒဏ်ချက်များကို ကာယကံရှင်၏ ဘဝတစ်လျှောက်လုံးတွင် တွေ့မြင်နိုင်သည်။ ယင်းအပြစ်ဒုစရိုက်အတွက် မိဘတို့၏တာဝန်ဖြစ်သည်။ ယင်းသားသမီးသည် မိမိတို့ကိုယ်ကိုခရစ်ယာန် ဟု ခေါ်ဆိုသောသူများဖြစ်နိုင်သည်။ သို့စေကာမူ စိတ်နှလုံးအားကျေးဇူး တော်၏ပြုပြင်မှုကင်းမဲ့သောကြောင့် ဘဝအသက်တာကိုလုံးဝပြုပြင်မှုမရှိလျှင် သူတို့၏အတိတ်ကာလမှကျင့်သုံးခဲ့သော အကျင့်ဓလေ့များကို သူတို့၏ အတွေ့ အကြုံတိုင်းတွင်တွေ့မြင်နိုင်၍ သူတို့၏မိဘများက သူတို့အားပုံသွင်း ခွင့်ပြုထားသော အကျင့်စာရိတ္တမျိုးကိုသာ ထုတ်ဖော်ပြသကြမည်ဖြစ်သည်။AH1Burm 260.2

    အနာဂတ်ကာလတွင် ကောင်းသောအကျင့်ဓလေ့များသည် အနိုင်ရ ရှိ၍ အကျင့်ဆိုးများသည်အရေးရှုံးနိမ့်ကာ ပျောက်ကွယ်သွားကြမည်ဟူသော အယူအဆမျိုးဖြင့် ကောင်းသောအကျင့်များနှင့်အကျင့်ဆိုးများကို တစ်ချိန် တည်းတွင်လိုက်နာသုံးစွဲခွင့်ကို လူငယ်လူရွယ်တို့အားမပေးပါလေနှင့်။ အကျင့်ဆိုးများသည် ကောင်းသောအကျင့်ဓလေ့များထက် ပိုမိုလျင်မြန်စွာ တိုးတက်များပြားလာလိမ့်မည်။ သူတို့ကျင့်သုံးခဲ့သောအကျင့်ဓလေ့များသည် နှစ်ပရိစ္ဆေဒပေါင်းများစွာကြာမြင့်လာသောအခါ ဖျောက်ဖျက်၍ရနိုင်ကောင်း ရနိုင်ပေမည်။ သို့ရာတွင် ဘယ်သူကအရဲစွန့်၍ ယင်းဖျောက်ဖျက်မှုကိုပြုလုပ် လိမ့်မည်နည်း။ အချိန်သည်တိုတောင်းလှသည်။ နောင်သောအခါ၌ ဆူးပင် ပေါင်းပင်များကိုနုတ်ပစ်ရမည်ထက် သင်တို့သားသမီးများ၏နှလုံးသားများ တွင်စင်ကြယ်ပြီး ကောင်းသောမျိုးစေ့များကိုစိုက်ပျိုးခြင်းက ပိုမိုလွယ်ကူ၍ ပိုမိုဘေးကင်းပေသည်။ လူငယ်လူရွယ်တို့၏စိတ်နှလုံးထဲ၌ စွဲမြဲနေသော သဘောတရားများကိုဖယ်ရှားပစ်ရန် ခဲယဉ်းပေသည်။ ထိုကြောင့် လူငယ် လူရွယ်များ၏ပြုပြင်ပြောင်းလဲလွယ်သည့်သတ္တိများကို မှန်ကန်သောဦးတည် ချက်ဘက်သို့ ညွတ်ကိုင်းလာစေရန် ယင်းစွဲမြဲနေသောသဘောတရားများ သည် မှန်ကန်သောအရာများဖြစ်ရန် မည်မျှလောက်အရေးကြီးသနည်း။AH1Burm 260.3

    မျိုးစေ့စိုက်ပျိုးခြင်း၊ ပေါင်းပင်များကိုနုတ်ပစ်ခြင်း - ကလေး သူငယ်၏အစောဆုံးအချိန်အခါတွင် ဘုရားသခင်ကျေးဇူးတော်၏ကောင်းချီး မိုးရေများကို ရရှိနိုင်စေရန်အတွက် စိတ်နှလုံး၏မြေသြဇာကို သေချာစွာ ပြင်ဆင်ထားပေးသင့်သည်။ ထို့နောက်မှ တရားမျိုးစေ့များကိုဂရုစိုက်၍ သေချာစွာစိုက်ပျိုးလျက် လုံ့လဝီရိယရှိစွာဖြင့် ယင်းစိုက်ပျိုးထားသောမျိုးစေ့ ကို ကြည့်ရှုပြုစုရမည်။ ကိုယ်တော်၏နာမတော်ကိုထောက်၍ ကြိုးပမ်း ဆောင်ရွက်မှုရှိသမျှကို ဆုလာဘ်များပေးတော်မူသော ဘုရားသခင်သည် စိုက်ပျိုးထားသောမျိုးစေ့ထဲ၌ အသက်ကိုသွတ်သွင်းတော်မူမည်။ ထိုအခါ ရှေးဦးစွာအညှောက်၊ ထိုနောက်အနှံ၊ ထိုနောက်အနှံထဲမှာအောင်မြင်သော အဆန်ကိုဖြစ်စေလိမ့်မည်။AH1Burm 261.1

    မကြာခဏပင် မိဘတို့၏ဆိုးယုတ်သောလျစ်လျူရှုမှုကြောင့် သားသမီးများ၏စိတ်နှလုံးများထဲတွင် စာတန်သည် သူ့မျိုးစေ့များကိုစိုက်ပျိုး ထား၍ အရှက်ကွဲခြင်းနှင့်ဝမ်းနည်းခြင်းအသီးအနှံများကို ရိတ်သိမ်းရသည်။ ယခုခေတ်လောကကြီးတွင် စစ်မှန်သောကောင်းမြတ်ခြင်း ကင်းမဲ့နေခြင်း အကြောင်းမှာ မိဘတို့သည် သားသမီးတို့အား မိမိတို့အိမ်ဂေဟာများ၌ ထိန်းထိန်းသိမ်းသိမ်းမထားရန် ပျက်ကွက်သောကြောင့်ဖြစ်သည်။ မိဘတို့ သည် သားသမီးတို့အား သတိဝီရိယနည်း၍ ဟော့ဟော့ရမ်းရမ်းနိုင်လှသော အပေါင်းအသင်းရောင်းရင်းတို့နှင့် ပေါင်းသင်းဆက်ဆံမှုမပြုရန် ဟန့်တား ထားမှုမရှိကြပေ။ ထိုကြောင့် သားသမီးတို့သည် သေခြင်းတည်းဟူသော မျိုးစေ့ကိုကြဲရန် လောကကြီးထဲသို့တိုးဝင်သွားကြသည်။AH1Burm 261.2

    သွန်သင်ဆုံးမသောလုပ်ငန်းကြီးဖြစ်သည့် အသုံးလည်းမဝင်၊ အဆိပ် အတောက်လည်းဖြစ်စေတတ်သော ဆူးပင်ပေါင်းပင်များကိုနုတ်ပစ်ခြင်းသည် အရေးအကြီးဆုံးသောလုပ်ငန်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းတို့ကို မနုတ်ပစ်ဘဲထားရှိလျှင် ယင်းတို့သည် ကိုယ်ကျင့်တရားဆိုင်ရာ အခြေခံ ကျင့်ဝတ်နှင့်အမှန်တရားတည်းဟူသော တန်ဖိုးထိုက်တန်လှသည့်အပင်ငယ် များကို ပျက်စီးသေကျေစေလောက်အောင် ယင်းပေါင်းပင်သည် ကြီးထွား ရင့်သန်လာကြလိမ့်မည်။AH1Burm 262.1

    လယ်ကွက်တစ်ခုကို ထွန်ယက်စိုက်ပျိုးခြင်းမရှိဘဲထားလျှင်၊ နုတ်ပစ် ရန်ပင်ခဲယဉ်းသော ဆူးပင်ပေါင်းပင်တို့သည် ယင်းလယ်ကွက်တွင်ပေါက် လာကြလိမ့်မည်။ ထိုကြောင့် . အဖိုးထိုက်တန်သောအပင်ငယ်များမပေါက် လာနိုင်မီ မြေဆီလွှာကိုထွန်ယက်လုပ်ကိုင်၍ ဆူးပင်ပေါင်းပင်များကို နိုင်နင်း အောင်ပြုလုပ်ထားရမည်။ ဤအဖိုးထိုက်လှသောအပင်ငယ်များမပေါက်မီ မျိုးစေ့ကိုရှေးဦးသေချာစွာစိုက်ပျိုးရမည်။ မိခင်များသည် အဖိုးထိုက်တန်လှ သော မျိုးစေ့စိုက်ပျိုးခြင်းကိုလျစ်လျူရှုပြီးမှ မြောက်မြားစွာသောသီးနှံများကို ရိတ်သိမ်းနိုင်မည်ဟုမျှော်လင့်လျက် စိတ်ပျက်မှုနှင့်သာရင်ဆိုင်ရပေမည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဆူးပင်နှင့်ဆူးများကိုသာရိတ်သိမ်းကြ ရမည်။ မျိုးစေ့များသည်ပေါက်ရောက်လျက် သူကိုယ်တိုင်၏အကျင့်စာရိတ္တ မျိုးနှင့်ထပ်တူထပ်မျှဖြစ်သော သီးနှံများကိုမြောက်မြားစွာရိတ်သိမ်းစေမည့် မျိုးစေ့များကိုစိုက်ပျိုးရန် စာတန်သည် အမြဲတမ်းစောင့်ကြည့်လျက် အဆင် သင့်လည်းဖြစ်နေသည်။AH1Burm 262.2

    ကျွန်ုပ်တို့၏သားသမီးများ၏ကိစ္စနှင့်ပတ်သက်၍ ထာဝစဉ်နိုးနိုး ကြားကြားဖြစ်ကြောင်းကို ပြသကြရမည်။ သူ၏နည်းလမ်းမျိုးစုံတို့ဖြင့် စာတန်သည် သားသမီးတို့မွေးဖွားလာသည်နှင့်တစ်ပြိုင်နက် သူတို့၏စိတ် သဘောထားနှင့်လိုအင်ဆန္ဒများကို စတင်သွေးဆောင်လုပ်ကိုင်လေသည်။ သားသမီးတို့၏လုံခြုံမှုသည် မိဘတို့၏ဉာဏ်အမြော်အမြင်နှင့် ဝီရိယရှိစွာ စောင့်ထိန်းမှုပေါ်တွင် အမှီတံကဲပြုသည်။ ဘုရားသခင်အားချစ်ခြင်းနှင့် ကြောက်ရွံ့ခြင်းအားဖြင့် စိတ်နှလုံး၏ဥယျာဉ်တွင် အလျင်ဝင်ရောက်လုပ်ကိုင် နေထိုင်လျက် မှန်ကန်သောစိတ်သဘော၏ကောင်းမွန်သော မျိုးစေ့များကို မှန်ကန်သောအကျင့်ဓလေ့များနှင့် ဘုရားသခင်အားကြောက်ရွံ့ ရိုသေခြင်း တို့ကို စိုက်ပျိုးထားရမည်။AH1Burm 263.1

    သဘာဝအလှကိုဖော်ပြခြင်း — မိဘများနှင့်ဆရာသမားများသည် ယေရှုရှင်ကပေးကမ်းရန် အမြဲတမ်းအဆင်သင့်ဖြစ်နေသောဉာဏ်ပညာကို အင်တိုက်အားတိုက်ရှာဖွေသင့်ကြပေသည်။ အဘယ်ကြောင့်ဆိုသော် စိတ်ဝင်စား ဖွယ်အကောင်းဆုံးဖြစ်၍ ကြီးထွားရင့်သန်လာမှုအတွက်ပြုပြင်ရအလွယ်ကူ ဆုံးသောအချိန်၌ ရပ်တည်နေသောလူသားတို့၏စိတ်နှလုံးကို ကိုင်တွယ် လုပ်ကိုင်နေရသောကြောင့်ဖြစ်သည်။ ဥယျာဉ်၌ပေါက်နေသောအပင်ငယ်များ နှင့်ပန်းပင်များကဲ့သို့ လူငယ်လူရွယ်တို့သည် သူတို့၏ဘဝအသက်တာ၏ ဆုံးခန်းတိုင်တွင် ယင်းအချိန်အသီးသီးတို့နှင့် သင့်လျော်သောသဘာဝအလှ ကိုယ်စားလှယ်ပြုလျက် ယင်းသဘာဝအလှကို တဖြည်းဖြည်းထုတ်ဖော်ကြ စေရန် သူတို့၏စိတ်ယိုင်မှုများကို ပြုစုပျိုးထောင်ပေးရန် မိဘတို့သည် ရည်စူး သင့်ကြပေသည်။AH1Burm 263.2