Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၄၂—မိခင်၏ကျန်းမာရေးနှင့် ပုဂ္ဂလိကအမူအရာ

    မိခင်၏ကျန်းမာရေးကိုထိန်းသိမ်းထားရမည် - မိခင်၏ခွန်အား ကို ယုယစွာထိန်းသိမ်းထားရမည်။ သူမ၏တန်ဖိုးရှိလှသောအင်အားကို ပင်ပန်းကြီးစွာဆောင်ရွက်ရသောလုပ်ငန်းများတွင်အသုံးမပြုဘဲ သူမ၏ စိုးရိမ်ကြောင့်ကြမှုများနှင့်ဝန်ထုပ်များကို နည်းပါးစေရမည်။ မကြာခဏလိုပင် ခင်ပွန်းလည်းဖြစ်၍ ဖခင်လည်းဖြစ်သောပုဂ္ဂိုလ်သည် သူ့အိမ်ထောင်၏ ကောင်းစားရေးက သူ့အားနားလည်စေလိုသည့်လောကဓံတရားကို သူသည် ကျွမ်းကျင်စွာနားလည်ခြင်းမရှိပေ။ ပရိယေသနဝမ်းစာအတွက် လုံးပန်းနေ ရသောကြောင့်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းများဇောက်ချလုပ်ကိုင်နေရသည် ဖြစ်စေ အလွန်ပင်အရေးကြီးနေသောအချိန်တွင် သူမ၏ခွန်အားကိုဆုတ်ယုတ် စေ၍ ရောဂါအန္တရာယ်များစွဲကပ်စေသောဝန်ထုပ်ကြီးများကို သူမအပေါ် စိုးမိုးဖိနှိပ်ထားခွင့်ကို သူပြုလေသည်။AH1Burm 333.1

    အိမ်ရှင်မအား မလိုအပ်သောအားအင်ကုန်ခန်းစေသောအရာဟူသမျှ နှင့်ကင်းဝေးစေ၍ ဘုရားသခင်ပေးသနားတော်မူသော ဘဝအသက်တာ ကျန်းမာခြင်းနှင့်ခွန်အားများကိုထိန်းသိမ်းထားရန် ဆောင်ရွက်ခြင်းသည် သူမ ကိုယ်တိုင်နှင့် သူမအိမ်ထောင်သားတို့၏ကောင်းကျိုးအတွက်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် သူမ၏ကြီးမားသောအလုပ်အကိုင်ကြီး အတွက် သူမစွမ်းရည်၏အင်အားကို လိုအပ်ပေလိမ့်မည်။ အိမ်ထောင်၏ အလင်းနှင့်မင်္ဂလာဖြစ်သောကြောင့် သူမသည် အိမ်တွင်းလုပ်ငန်းဆောင်တာ များကို ပျော်ရွှင်စွာနှင့်ပိပိရိရိရှိစွာဆောင်ရွက်ရန်၊ အားအင်ပြည့်ဖြိုးစေရန် အိမ်ပြင်ပတွင်အချိန်ယူ၍ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်သင့်ပေသည်။AH1Burm 333.2

    မိခင်တို့သည်ကျန်းမာမှုဆိုင်ရာဆော်သြပြုပြင်ပေးသူများဖြစ် ရမည် - ဘုရားသခင်၏ထာဝရအလိုတော်ကို မိခင်အားပြတ်ပြတ်သားသား ဖော်ပြထားပြီးဖြစ်သည်။ သူတို့သည် ပညတ်ထားခြင်းဖြင့်လည်းကောင်း၊ ကိုယ်တိုင်ပုံသက်သေအားဖြင့်လည်းကောင်း ကျန်းမာရေးဆိုင်ရာဆော်သြ ပြုပြင်ပေးသူများဖြစ်ရမည်။ ဘုရားသခင်သည် လူသားတို့အထဲ၌စိုက်ထူ ထားသော ရုပ်ပိုင်းဆိုင်ရာဥပဒေပညတ်များကို ဘယ်သောအခါမျှချိုးဖောက် ခြင်းမပြုပါဆိုသော အခြေခံကျင့်ဝတ်ပေါ်တွင် သူတို့သည် ခိုင်မြဲတည်တံ့စွာ ခြေစုံရပ်နေသင့်ပေသည်။ “ပညတ်တော်တိုင်းလိုက်လျှောက်ကြ” ၍ သစ္စာ ရှိစွာခိုင်ခိုင်မြဲမြဲရပ်တည်လျက် မိခင်တို့သည် သူတို့၏ဖြောင့်မတ်သောလမ်းစဉ် နှင့် သူတို့သားသမီးများတို့၏ မြင့်မြတ်သောစာရိတ္တများတို့တွင် လောကကြီး အားသူတို့၏အလင်းကိုထွန်းလင်းကြစေရန် ဘုရားအထံတော်မှစွမ်းရည်နှင့် ကျေးဇူးတော်ကို ရရှိကြမည်ဖြစ်သည်။AH1Burm 334.1

    အစားအသောက်တွင်ကိုယ်တိုင်ထိန်းချုပ်မှုရှိခြင်း — မိခင်သည် အတတ်နိုင်ဆုံးကိုယ်ထိန်းချုပ်မှုရှိရန် လိုအပ်ပေသည်။ ယင်းလိုအပ်ချက် များကို အကောင်အထည်ဖော်နိုင်ရန် သူမသည် ကာယဗလအားဖြင့်လည်း ကောင်း၊ ဉာဏဗလအားဖြင့်လည်းကောင်း ချို့ယွင်းမှုရှိစေရန် တတ်နိုင်သမျှ ကြိုတင်သတိပြုရမည်။ သူမ၏ဘဝအသက်တာကို ဘုရားသခင်၏ပညတ် တော်နှင့်လည်းကောင်း ကျန်းမာမှုဆိုင်ရာဥပဒေပညတ်များနှင့်လည်းကောင်း၊ ညီလျော်စွာကြောင်းလမ်းမှုရှိရမည်။ အစားအစာသည် စိတ်နှင့်စိတ်နေသဘော ထားတို့ကိုအခြေခံအားဖြင့် ထိခိုက်မှုရှိသောကြောင့် သူမ၏အကြောအခြင် များတို့သည်ငြိမ်သက်၍ သူမ၏စိတ်သည် မှန်ကန်နေစေခြင်းငှာ ခန္ဓာကိုယ် လှုံ့ဆော်သောအစားအစာများမဟုတ်ဘဲ အားအင်ဖြည့်တင်းပေးသောအစား အစာများကိုမှီဝဲရမည်။ ထိုအခါ သူမ၏သားသမီးတို့၏ကွဲပြားသောဝါသနာ များကို အုပ်ထိန်းထားရာတွင်လည်းကောင်း၊ အိမ်ထောင်၏အုပ်ချုပ်ရေးကို မေတ္တာရှေ့ထား၍ တင်းကျပ်စွာကိုင်တွယ်ရာတွင်လည်းကောင်း သည်းခံ တတ်သောစိတ်ဖြင့်ဆောင်ရွက်ရန် ပိုမိုလွယ်ကူသည်ကို သူမတွေ့ရှိရလိမ့် မည်။AH1Burm 334.2

    ဘယ်အခြေအနေမျိုး၌မဆိုနေရောင်ခြည်ကိုထွန်းလင်းစေပါ - စိတ်အားငယ်သောအခါ သူမ၏စိတ်ကိုထိန်းချုပ်ထားရန် မိခင်သည်တတ် နိုင်သည်၊ တတ်နိုင်သင့်ပေသည်။ သူမသည်နာဖျားမကျန်းရှိနေသောအချိန် မှာပင် သူမကိုယ်တိုင်ကိုဆုံးမပြုပြင်ထားလျှင် သူမသည်ကြည်လင်ပျော်ရွှင် မှုရှိလျက် တစ်ချိန်ကမခံမရပ်နိုင်ဟု ယူဆထားသောအသံဗလံများကို ခံနိုင် ရည်ရှိလာနိုင်သည်။ သူမ၏ချွတ်ယွင်းချက်များကို သူမ၏သားသမီးတို့အား မခံစားစေသင့်ပေ။ ၎င်းအပြင်၊ အိမ်ထောင်သည် သင်္ချိုင်းဂူနှင့်တူ၍ မိခင်၏ အိပ်ခန်းသည်လည်း ကမ္ဘာပေါ်တွင်ငြိုငြင်ဖွယ်ရာအဖြစ်ဆုံးနေရာဟူ၍ သားသမီးတို့အားသိနားလည်စေမည့် သူမ၏စိတ်ပျက်အားလျော့ခြင်းတို့ဖြင့် သူတို့၏သိမှတ်လွယ်သောဦးနှောက်အား တိမ်ဖုံးမထားသင့်ပေ။ စိတ်အလို ဆန္ဒကိုအသုံးပြုပေးခြင်းအားဖြင့် စိတ်အကြောအခြင်တို့သည် ဒေါင်ဒေါင်မြည် အင်အားရှိလာကြသည်။ အများအားဖြင့် အလိုဆန္ဒ၏အာနိသင်သည် အကြော အခြင်များကိုငြိမ်သက်စေလိမ့်မည်။ သင်တို့၏သားသမီးများက သင်တို့အား မျက်မှောင်ကုတ်ဖြင့်မကြည့်ပါစေနှင့်။AH1Burm 335.1

    ခင်ပွန်းနှင့်သားသမီးတို့၏ ဂါရဝပြုခြင်းကိုလေးစားရန် - မိခင် ဖြစ်သောညီမတို့ အဝတ်အစားဝတ်ဆင်ကြသောအခါ ကျီးခြောက်ရုပ်ပုံစံဖြင့် ဝတ်စားမထားကြပါလေနှင့်။ ဧည့်သည်အာဂန္တုများ (သို့မဟုတ်) သူစိမ်း များအတွက်ထက် ခင်ပွန်းနှင့်သားသမီးများအတွက် ပိုမိုနှစ်ထောင်းအားရမှ ဖြစ်စေရမည့် ကိုယ့်အသားကိုယ့်ကိုယ်နေဟန်ထားနှင့်ပနံရသောအဝတ်အစား များကို ဝတ်ဆင်ကြပါ။ သူတို့အလုပ်များကိုလုပ်ကိုင်နေချိန်၌ဖြစ်စေ၊ သူတို့ ဝတ်စားဆင်ယင်ပုံကို သူတို့ခင်ပွန်းများနှင့်သားသမီးတို့သည် တွေ့မြင်ရ သောအချိန်၌ဖြစ်စေ ဘယ်ကဲ့သို့သောပုံစံမျိုးထွက်အောင်ဝတ်သည်မဆို အရေးမကြီးအကြောင်းမဟုတ်ကြောင်း အချို့သောမိခင်နှင့်ဇနီးဖြစ်သူတို့သည် ယူဆကြသော်လည်း သူတို့နှင့်လုံးဝတော်စပ်ခြင်းမရှိသော သူစိမ်းတစ်ရံဆံ တို့ရှုခင်းအတွက် ရှိုးကျကျဝတ်စားဆင်ယင်တတ်ကြသည်။ သူစိမ်းများ (သို့မဟုတ်) သာမန်မိတ်ဆွေများ၏လေးစားမှုနှင့်မေတ္တာထက် ခင်ပွန်းနှင့် သားသမီးများတို့၏လေးစားမှုနှင့်မေတ္တာကို ပိုမိုတန်ဖိုးထားရသည်မဟုတ်ပါ လော။ ခင်ပွန်းနှင့်သားသမီးတို့၏ပျော်ရွှင်မှုကို မိခင်နှင့်ဇနီးဖြစ်သူတို့အတွက် အခြားကိစ္စအားလုံးထက် ပိုမိုဦးစားပေးသင့်ပေသည်။AH1Burm 335.2

    သင်တို့နှင့်သင့်လျော်သောအဝတ်အစားကိုဝတ်ဆင်ပါ။ ယင်းကဲ့သို့ ပြုလုပ်ခြင်းအတွက် သင့်သားသမီးတို့၏လေးစားမှုကို ပိုမိုခံရလိမ့်မည်။ သားသမီးတို့ကိုလည်း သင့်တင့်လျောက်ပတ်စွာဝတ်စားဆင်ယင်ပါ။ သပ်သပ် ရပ်ရပ်ဝတ်စားဆင်ယင်မှုကင်းမဲ့သောဘဝအသက်မျိုး၌ ကျင်လည်ခွင့်မပြုပါ နှင့်။AH1Burm 336.1

    လူထုစိတ်သဘောထား၏ကျေးကျွန်ဘဝ၌မကျင်လည်ရ - သူတို့ ၏အကျင့်ဓလေ့များ၊ ဝတ်စားဆင်ယင်ပုံနှင့်သဘောထားများပတ်သက်၍ လူသူအများကဘယ်ကဲ့သို့ထင်မြင်ကြမည်ကို လွန်စွာပင်စိုးရိမ်နေတတ်ကြ သော မိခင်အမြောက်အမြားရှိသည်။ အများအားဖြင့် ယင်းမိခင်မျိုးတို့သည် သူတစ်ပါးကသူ့အပေါ်မည်ကဲ့သို့သဘောထားသည်ဆိုသော စိတ်ကူးဉာဏ် ၏ကျေးကျွန်ဖြစ်ကြသည်။ တရားစီရင်ခြင်းကိုခံရမည်ဖြစ်သော လူသတ္တဝါ တို့သည် ဘုရားသခင်အားသူတို့ပြုအပ်သောဝတ္တရားကို စဉ်းစားစိတ်ကူးသည် ထက် အိမ်နီးချင်းတို့က သူတို့အပေါ်ဘယ်ကဲ့သို့သဘောထားကြပါမည်နည်း ဆိုသော စဉ်းစားစိတ်ကူးခြင်း၏အုပ်ထိန်းထားမှုကို .. ပိုမိုခံနေရသည်မှာ ဝမ်းနည်းဖွယ်ကောင်းလှပေသည်။ ကဲ့ရဲ့သူများကိုရှောင်ရှားနိုင်ပြီး ကျွန်ုပ် တို့သည် ထုံးတမ်းစဉ်လာနှင့်ရင်ပေါင်တန်းမိစေရန် မကြာခဏပင်အမှန်တရား ကို လက်လွှဲလိုက်တတ်ကြသည်။AH1Burm 336.2

    မိခင်တစ်ဦးအနေဖြင့် လူ့သဘောထား၏ကျေးကျွန်ဘဝသို့မသက် ဆင်းနိုင်ပေ။ အဘယ်ကြောင့်ဆိုသော်သူမသည် သူမ၏သားသမီးများကို ဤဘဝအသက်တာနှင့်တမလွန်ဘဝအသက်တာအတွက်ကိုပါ သူတို့အား သင်ကြားပို့ချပေးရမည့်တာဝန်ရှိသည်။ ဝတ်စားဆင်ယင်မှုတွင် မိခင်တို့သည် မလိုအပ်သောဝတ်စားပုံမျိုးဖြင့်ရှိုးပြရန် မကြိုးပမ်းသင့်ပေ။AH1Burm 337.1

    သန့်ရှင်းစင်ကြယ်မှုတွင်သင်ခန်းစာပေးရန် - မိခင်တို့သည် အိမ်၌နေချိန်တွင် ညစ်ညမ်းသောအဝတ်အစားကိုဝတ်ဆင်လျှင် သူတို့၏ သားသမီးတို့အား သူတို့၏ပုံသက်သေကိုလိုက်၍ ညစ်ညစ်ပတ်ပတ်နေထိုင် ရန် သွန်သင်ပေးနေကြသည်။ စုတ်ပြတ်ညစ်ညမ်းဟောင်းနွမ်းသော အဝတ် အစားပင်ဖြစ်စေ၊ ဘယ်ကဲ့သို့သောအဝတ်အစားမျိုးမဆိုဝတ်စားထားလျှင် ကောင်းလှပြီဟု မိခင်အများတို့ကထင်မှတ်ကြသည်။ သို့ရာတွင် မကြာမီပင် သူ့အိမ်ထောင်တွင် သူတို့၏သိက္ခာကျဆင်းသွားသည်။ သားသမီးတို့က သူတို့မိခင်၏အဝတ်အစားနှင့် အခြားသောမိခင်တို့၏သပ်သပ်ရပ်ရပ်ဝတ်စား ထားသော အဝတ်အစားများကိုနှိုင်းယှဉ်ကြည့်လျက် သူတို့မိခင်အပေါ်ထားရှိ သောလေးစားမှုသည် အားပျော့သွားလိမ့်မည်။AH1Burm 337.2

    မိခင်တို့၊ သင်တို့ကိုယ်ကို လူတကာကြည့်ရှုကောင်းအောင်ဝတ်စား ဆင်ယင်ကြပါ။ တန်ဖိုးကြီး၍မွမ်းမံခြယ်လှယ်ထားသောအဝတ်အစားမဟုတ် ဘဲ ကိုယ်နှင့်တော်၍ သန့်ရှင်းစင်ကြယ်သောအဝတ်အစားများကို ဝတ်ဆင် ကြပါ။ ဤနည်းအားဖြင့် သန့်ရှင်းစင်ကြယ်မှုတို့နှင့်ပတ်သက်၍ သင်တို့ သည် သင်တို့၏သားသမီးတို့အား အမြဲတမ်းသင်ခန်းစာကောင်းများကို သင်ကြားနေကြမည်ဖြစ်ပါသည်။ မိခင်တိုင်းအတွက် သားသမီးတို့၏ချစ်ခြင်း နှင့်လေးစားခြင်းတို့သည် တန်ဖိုးအရှိဆုံးအရာများဖြစ်သည်။ မိခင်ကိုယ်ခန္ဓာ အပေါ်တွင် ဝတ်စားဆင်ယင်ထားသမျှသောအဝတ်အစားတို့သည် စင်ကြယ် ခြင်းနှင့်သပ်သပ်ရပ်ရပ်နေထိုင်ခြင်းတို့အတွက် သင်ခန်းစာပေးသောအရာများ ဖြစ်လျက် ယင်းဝတ်စားဆင်ယင်မှုသည်လည်း မိခင်တို့၏စင်ကြယ်သော အတွင်းစိတ်သဘောနှင့်ဒွန်တွဲမှုရှိရမည်။ ကလေးသူငယ်များတို့သည် သူတို့ ၏စိတ်ထဲတွင် အရာခပ်သိမ်း၌သင့်လျော်ခြင်းတို့နှင့် သင့်လျော်လျောက်ပတ် ခြင်းရှိသည်ကို စွဲမှတ်ထားကြသည်။ ညစ်ညမ်းသောဝတ်စားဆင်ယင်မှုနှင့် သပ်ရပ်မှုမရှိသောအခန်းများကို နေ့စဉ်တွေ့မြင်နေရလျှင် သန့်ရှင်းစင်ကြယ် စွာနေထိုင်ခြင်းနှင့်ပတ်သက်၍ သူတို့သည် ဘယ်ကဲ့သို့သင်ခန်းစာကောင်း များကို ရရှိနိုင်ကြလိမ့်မည်နည်း။ သန့်ရှင်းစင်ကြယ်သပ်ရပ်သောနေရာထိုင်ခင်း များတွင် နေထိုင်လျက်ရှိကြသော ကောင်းကင်ဆိုင်ရာဧည့်သည်တော်များ အား သန့်ရှင်းစင်ကြယ်သပ်ရပ်မှုမရှိသောအိမ်ထောင်များသို့ ဖိတ်ခေါ်နိုင်ပါ မည်နည်း။AH1Burm 337.3

    သပ်ရပ်ခြင်းနှင့်စင်ကြယ်ခြင်းသည် ကောင်းကင်၏စည်းမျဉ်းဖြစ် သည်။ ဘုရားသခင်၏စီစဉ်ထားရှိမှုနှင့်ရင်ပေါင်တန်းမိစေရန် ကျွန်ုပ်တို့သည် သန့်ရှင်းသပ်ရပ်မှုရှိရကြမည်။AH1Burm 338.1