Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၂၈—ကလေးသူငယ်၏ပထမဆုံးစာသင်ကျောင်း

    ပညာသင်ကြားရေးအတွက်ဘုရားသခင်၏မူလစီမံကိန်း - ဧဒင် ဥယျာဉ်၌တည်ထောင်ထားသော ပညာသင်ကြားရေးစနစ်သည် မိသားစုပေါ် တွင် ဗဟိုပြုထားတော်မူသည်။ အာဒံသည် “ဘုရားသခင်၏သား” ဖြစ်၏။ (လု၊ ၃း၃၈) ထိုကြောင့်အမြင့်ဆုံးသော ဘုရားသခင်၏သားသမီးတို့သည် သူတို့၏ခမည်းတော်ထံမှ သင်ကြားပို့ချမှုကိုရရှိခဲ့ကြသည်။ အမှန်ကန်ဆုံး အဓိပ္ပါယ်အားဖြင့်ဆိုသော် သူတို့တက်ရောက်သင်ကြားခဲ့ကြသော စာသင် ကျောင်းသည် မိသားစုစာသင်ကျောင်းဖြစ်သည်။AH1Burm 232.1

    လူသည်အပြစ်ဒုစရိုက်ကျူးလွန်ပြီးသည့်နောက်ပိုင်းတွင် လူသား တို့အခြေအနေနှင့်ဆီလျော်သင့်လျော်သော ဘုရားသခင်စီမံထားတော်မူသည့် ပညာသင်ကြားမှုတွင် ဘုရားသခင်နှင့်လူသားတို့စပ်ကြား၌ ကွင်းဆက်ဖြစ် တော်မူသောခရစ်တော်သည် ခမည်းတော်၏ကိုယ်စားလှယ်တော်အနေဖြင့် ရပ်တည်နေတော်မူသည်။ ကိုယ်တော်ရှင်သည် လူသားတို့၏ဆရာကြီးဖြစ် တော်မူသည်။ လူယောက်ျားလူမိန်းမတို့သည် ကိုယ်တော်ရှင်၏ကိုယ်စားလှယ် တော်များဖြစ်ကြစေရန် ကိုယ်တော်ရှင်သည် စီမံခန့်ခွဲထားတော်မူသည်။ မိသားစုသည် စာသင်ကျောင်းဖြစ်၍ မိဘတို့သည် ဆရာသမားများဖြစ်ကြ သည်။ မိသားစု၌ဗဟိုပြုထားသော ပညာသင်ကြားရေးသည် ဘိုးဘွားများ ခေတ်၌ ခေတ်စားခဲ့သောအရာဖြစ်သည်။ ယင်းကဲ့သို့တည်ဆောက်ခဲ့သော စာသင်ကျောင်းများအတွက် ဘုရားသခင်ဖန်တီးပေးတော်မူခဲ့သော အခြေအနေ များသည် စာရိတ္တဗလကြံ့ခိုင်လာမှုအတွက် အကောင်းဆုံးအခြေအနေများ ဖြစ်သည်။ ကိုယ်တော်ရှင်၏ညွှန်ကြားမှုကို လိုက်နာခဲ့သောသူတို့သည် အစ အဦး၌ ကိုယ်တော်ရှင်ချထားတော်မူခဲ့သော ဘဝအသက်တာရပ်တည်မှုမျိုး ကိုပင် လိုက်နာကျင့်သုံးလျက်ရှိကြသည်။ ဘုရားသခင်အထံတော်မှထွက်ခွာ သွားကြသောသူတို့သည် သူတို့နေထိုင်ရန်အတွက် မြို့ကြီးပြကြီးများ တည်ဆောက်ခဲ့ကြသည်။ ယင်းမြို့ကြီးပြကြီးများတွင် စုရုံးနေထိုင်လျက် ကမ္ဘာ၏ဝါကြွားမှုနှင့်ကျိန်ခြင်းအမင်္ဂလာဖြစ်စေသော ယခုခေတ်မြို့ကြီးပြကြီး တို့၏ထည်ဝါမှု၊ စည်းစိမ်ဖြင့်ယစ်မူးမှုနှင့် ဆိုးသွမ်းညစ်ညမ်းမှုတို့တွင် ဂုဏ်ယူကြလေသည်။ သို့ရာတွင် ဘုရားသခင်၏ဘဝအသက်တာဆိုင်ရာ အခြေခံကိုယ်ကျင့်တရားများကို စွဲကိုင်ကျင့်သုံးနေကြသောသူတို့သည် လယ်ကွင်းများနှင့်တောတောင်များတွင် နေထိုင်ကြသည်။ သူတို့သည် မြေကို ထွန်ယက်စိုက်ပျိုးသောသူများနှင့် သိုးအုပ်နွားအုပ်တို့ကို မွေးမြူ ထိန်းကျောင်း လုပ်ကိုင်သောသူများဖြစ်ကြသည်။ အပိုလုပ်ကိုင်လျက်လေ့လာအာရုံပြုရန် အခါအခွင့်သင့်၍ လွတ်လပ်သောဤဘဝမျိုးတွင် ကျင်လည်ရသောအချိန်၌ သူတို့သည် ဘုရားသခင်၏သွန်သင်မှုကိုခံရသည်အတိုင်း ကိုယ်တော်ရှင်၏ ဆောင်ရွက်တော်မူခြင်းနှင့်နည်းလမ်းများကို သူတို့၏ သားသမီးတို့အား သင်ကြားပို့ချပေးကြသည်။ ဤကဲ့သို့သောပညာသင်ကြားရေးဆိုင်ရာစနစ်ကို ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် တည်ဆောက်တော်မူရန် အလိုရှိ တော်မူသည်။ ခောင့်ဖွင့်ခင်AH1Burm 232.2

    သာမန်ဘဝအသက်တာတွင် မိသားစုသည် စာသင်ကျောင်းနှင့် ဘုရားဝတ်ပြုကျောင်းဖြစ်၍ လောကနှင့်ဘာသာရေးဆိုင်ရာကိစ္စများတွင် မိဘတို့သည် သင်ကြားပို့ချပေးသောဆရာသမားဖြစ်ကြသည်။AH1Burm 233.1

    မိသားစုတိုင်းသည်စာသင်ကျောင်းဖြစ်သည် - မိသားစု (သို့မဟုတ်) အိမ်ထောင်သည် အားလုံးသောပညာသင်ကြားရေးဆိုင်ရာ အဖွဲ့အစည်းများတွင် အကြီးမားဆုံးသောဌာနဖြစ်စေရန် ဘုရားသခင်သည် မိမိ၏အနန္တဉာဏ်တော်အားဖြင့် မိန့်မှာထားတော်မူခဲ့သည်။ ကလေးသူငယ် ၏ပညာသင်ကြားရေးသည် အိမ်ဂေဟာထဲတွင်အစပြုရမည်ဖြစ်သည်။ ဤ နေရာသည် သူ့ပထမစာသင်သံည့်ကျောင်းဖြစ်သည်။ ဤနေရာတွင် သင်ကြားပို့ချသောသူအနေဖြင့် ဆောင်ရွက်ရသောမိဘတို့နှင့်အတူတကွ သူ့အားအသက်တာတစ်လျှောက်လုံး လမ်းပြပို့ဆောင်ပေးရမည့်သင်ခန်းစာ များဖြစ်သော ရိုသေကိုင်းရှိုင်းခြင်း၊ နားထောင်ခြင်း၊ လေးစားခြင်းနှင့် ကိုယ်ကိုချုပ်တည်းခြင်းတို့ကို သူသည်လေ့လာသင်ကြားရေးဆိုင်ရာ သြဇာ သက်ရောက်မှုတို့သည် ကောင်းကျိုး (သို့မဟုတ်) ဆိုးကျိုးအတွက် အဆုံး အဖြတ်ကိုပေးကြသည်။ ယင်းတို့သည် အများအားဖြင့်အသံတိတ်၍ ဖြည်းဖြည်း ဆောင်ရွက်သောမူကိုကျင့်သုံးကြလျက်၊ မှန်ကန်သောဘက်တွင် ယင်းတို့ကို အသုံးပြုလျက်နေလျှင် ယင်းတို့သည် သမ္မာတရားနှင့်ဖြောင့်မတ်ခြင်းအတွက် အလွန်အကျိုးရှိ၍ ဖြစ်ထွန်းသောအာနိသင်ဖြစ်လာသည်။ အိမ်ဂေဟာတွင် ကလေးသူငယ်များမှန်ကန်စွာသင်ကြားပြသမှုမရှိလျှင် စာတန်သည် သူ့ကို လက်ရွေးစင်ကိုယ်စားလှယ်များအားဖြင့် ပညာသင်ကြားပေးမည်ဖြစ်သည်။ ထိုကြောင့် အိမ်ဂေဟာ၌ရှိသောစာသင်ကျောင်းသည် ဘယ်မျှလောက်အရေးပါ အရာရောက်သနည်း။AH1Burm 233.2

    မိသားစုတိုင်းကိုသင်ကြားပို့ချရာသင်တန်းအနေဖြင့် သဘောထား ပါ။ ယင်းသင်တန်းတွင် သင်တို့၏သားသမီးများအား အိမ်၌ဖြစ်စေ၊ လူ့ အဖွဲ့အစည်း၌ဖြစ်စေ၊ အသင်းတော်၌ဖြစ်စေ သူတို့ထမ်းဆောင်ရမည့်တာဝန် များကိုဆောင်ရွက်စေရန် လိုအပ်သောပြင်ဆင်မှုကို ပြုလုပ်ပေးရသည်။AH1Burm 234.1

    အရေးပါအရာရောက်ဆုံးသောပညာသင်ကြားရေးသည် အိမ်ဂေဟာ ၌ပေးသောပညာရေးဖြစ်သည် - ယခုခေတ်လူငယ်လူရွယ်တို့အား အိမ် ဂေဟာ၌ပညာသင်ကြားပေးမှုနှင့် သွန်သင်ဆုံးမမှုကို လျစ်လျူရှုထားကြ သည်။ ဤအကြောင်းကို ကမ္ဘာတစ်ဝန်းကဝမ်းနည်းစကားပြော၍ ဝန်ခံထား ကြသည်မှာ အလွန်ဝမ်းနည်းဖွယ်ကောင်းလှပေသည်။ အိုးအိမ်များကို တည်ထောင်၍ ထိန်းသိမ်းကြည့်ရှုထားကြသောသူတို့အား အပ်နှင်းထားတော် မူသောလုပ်ငန်းထက် ပိုမိုအရေးပါအရာရောက်သောလုပ်ငန်းသည်မရှိပေ။ လူသားတို့အားအပ်နှင်းထားတော်မူသောလုပ်ငန်းများတွင် မိခင်နှင့်ဖခင်တို့ ဆောင်ရွက်ရသောလုပ်ငန်းထက် အကျိုးထူးများသက်ရောက်သောလုပ်ငန်း သည်မရှိပေ။AH1Burm 234.2

    အနာဂတ်ကာလ၏လူ့အဖွဲ့အစည်းသည် ဘယ်ကဲ့သို့သောပုံစံမျိုး ဖြင့်ရပ်တည်မည်ကို ယခုခေတ်၏ကလေးများနှင့်လူငယ်လူရွယ်တို့က အဆုံး အဖြတ်ပြုရကြမည်ဖြစ်သည်။ ဤကလေးများနှင့်လူငယ်လူရွယ်တို့သည် ဘယ်ကဲ့သို့သောသူများဖြစ်လိမ့်မည်ဆိုသည့်ကိစ္စမှာ အိမ်ထောင်များပေါ်တွင် အမှီပြုသည်။ လူသားတို့၏ဘဝအသက်တာကို ဒုက္ခပေးသောရောဂါဝေဒနာ၊ စိတ်ဒုက္ခကိုယ်ဒုက္ခနှင့်ရာဇဝတ်မှုများအတွက် အများဆုံးရှိနေသောအဖြစ်သနစ် မှာ မှန်ကန်သောအိမ်ထောင်ဆိုင်ရာ သွန်သင်ဆုံးမမှုဗလာနတ္တိမရှိခြင်းဖြစ် သည်။ အကယ်၍ အိမ်ထောင်ဆိုင်ရာဘဝအသက်တာသည် စင်ကြယ်သန့်ရှင်း မှန်ကန်မှုရှိလျှင်လည်းကောင်း၊ အိမ်ထောင်၏ထိန်းသိမ်းစောင့်ရှောက်မှု၏ အရိပ်အာဝါသအောက်မှ ထွက်ခွာသွားသောသားသမီးတို့သည် ဘဝအသက်တာ ၏တာဝန်များနှင့် အန္တရာယ်များကိုရင်ဆိုင်ရန် အသင့်ဖြစ်နေလျှင်လည်း ကောင်း ကမ္ဘာပေါ်တွင် အဘယ်မျှထူးခြားသောပြောင်းလဲမှုကြီးကို တွေ့မြင် ရမည်ဖြစ်သနည်း။AH1Burm 235.1

    အခြားအားလုံးသောအမှုကိစ္စများသည်အရေးမကြီးပေ - ကမ္ဘာ ပေါ်တွင်မွေးဖွားလာသော ကလေးသူငယ်တိုင်းသည် ခရစ်တော်ယေရှုပိုင် ပစ္စည်းဖြစ်၍ ဘုရားသခင်အားချစ်၍ စကားတော်ကိုနာခံစေရန် ပညတ် အားဖြင့်လည်းကောင်း၊ ပုံသက်သေအားဖြင့်လည်းကောင်း သွန်သင်ဆုံးမ ကြရမည်။ သို့ရာတွင် မြောက်မြားစွာသောမိဘတို့သည် ကလေးများ၌ စဉ်းစားဉာဏ်စတင်ပေါ်ပေါက်လာချိန်ကတည်းက ခရစ်တော်ကိုသိရှိရန်နှင့် ချစ်မြတ်နိုးစေရန် သွန်သင်ပေးဖို့သူတို့အား ဘုရားသခင်ပေးထားတော်မူသော တာဝန်ကို ထမ်းဆောင်စေရန်ပျက်ကွက်ခြင်းအားဖြင့် ယင်းတာဝန်ကိုလျစ်လျူရှု ကြသည်။ အားစိုက်ခွန်စိုက်ကြိုးပမ်းခြင်းအားဖြင့် မိဘတို့သည်ဖွင့်ဟထား၍ လက်ခံနာယူရန် အသင့်ရှိနေသောစိတ်နှလုံးကိုစောင့်ကြည့်လျက် အိမ်ထောင် ဘဝ၏မှုကိစ္စတိုင်းသည် အရေးမကြီးဟုသဘောထား၍ ယင်းတို့ထက်အရေးပါ အရာရောက်သော သခင်ဘုရားအလိုတော်နှင့်အညီ သူတို့၏သားသမီးများကို သွန်သင်ဆုံးမသြဝါဒပေးလျက် ကျွေးမွေးခြင်းတည်းဟူသောသူတို့အား ကိုယ်တော်ရှင်အပ်နှင်းထားတော်မူသောတာဝန်ကို ဦးစားပေးဆောင်ရွက်ရ ကြမည်။AH1Burm 235.2

    ၁၉) မိဘတို့သည် မိမိတို့၏သားသမီးများကို ငယ်စဉ်တောင်ကျေးကလေး ဘဝမှအစပြု၍ ကြီးပြင်းလာသည်အထိ သွန်သင်ဆုံးမသြဝါဒမပေးနိုင်လောက် အောင် လုပ်ငန်းဆိုင်ရာစိုးရိမ်ပူပန်မှုများ၊ လောကီဆိုင်ရာဓလေ့ထုံးစံများနှင့် လုပ်ရိုးလုပ်စဉ်တို့၏ထိန်းချုပ်ထားခွင့်ကို အလေးမပေးသင့်ကြပေ။AH1Burm 236.1

    ယခုခေတ်ကမ္ဘာပေါ်၌ ဆိုးသွမ်းညစ်ညမ်းမှုများပြားနေသော အကြောင်းရင်းကြီးတစ်ခုမှာ သည်းခံခြင်းဖြင့်လည်းကောင်း၊ ကြင်နာယုယ ခြင်းဖြင့်လည်းကောင်း မိမိတို့သားသမီးများအား ဘုရားသခင်၏အလိုတော် နှင့်အညီ သွန်သင်ဆုံးမရသောလုပ်ငန်းတွင် ကျွမ်းကျင်မှုရှိအောင် မိမိတို့ ကိုယ်ကိုပြုပြင်ခြင်းတည်းဟူသော အရေးပါအရာရောက်ဆုံးဖြစ်သောလုပ်ငန်း ထက် အခြားကိစ္စများအားဖြင့် စိတ်မအားကိုယ်မအားသောအခြေအနေ၌ ရပ်တည်နေခြင်းဖြစ်သည်။ အကယ်၍ ကန့်လန့်ကာကိုဖယ်၍တစ်ဖက်သို့ ကြည့်လိုက်လျှင် ယင်းကဲ့သို့သောပေါ့လျော့မှုကြောင့် ... ကောင်းမွန်သော သြဇာသက်ရောက်မှုများအောက်သို့ မရောက်ရှိလာဘဲ လမ်းလွဲသို့ရောက်ရှိ သွားသော ကလေးသူငယ်များမြောက်မြားစွာရှိသည်ကို ကျွန်ုပ်တို့တွေ့မြင် ရပေလိမ့်မည်။ မိဘများတို့၊ ယင်းအခြေအနေမျိုးသည် သင်တို့၏ဘဝ အသက်တာများတွင်ရပ်တည်နေသည်ကို လက်ပိုက်၍ကြည့်နေနိုင်ကြပါမည် လား။ ကိုယ်တော်ရှင်၏စကားတော်ကိုနာခံ၍ ကိုယ်တော်ရှင်ကိုလုံးဝကိုးစား ခြင်းဆိုသည်မှာ ဘယ်ကဲ့သို့သောအဓိပ္ပါယ်ဆောင်သည်ကို သင်တို့သားသမီး များသိရှိနားလည်အောင်ပြုလုပ်ရာတွင် လိုအပ်သမျှသောအချိန်ရယူမှုကို နှောင့်ယှက်တားဆီးထားနိုင်လောက်အောင် အရေးကြီးသောလုပ်ငန်းဟူ၍ သင်၌လုံးဝမရှိသင့်ပေ။AH1Burm 236.2

    သင်ကြိုးပမ်းမှုအတွက် ဘာအကျိုးကျေးဇူးကိုရိတ်သိမ်းလိမ့်မည် နည်း။ သင်တို့၏သားသမီးများသည် သင်တို့ဘက်တွင်နီးကပ်စွာရပ် တည်လျက်၊ သင်တို့ပေးသောအကြံဉာဏ်အတိုင်း လိုလိုလားလားနာခံ၍ လက်တွဲလုပ်ကိုင်လိုသောဆန္ဒကို ပြကြမည်ဖြစ်သည်။ သင်တို့၏လုပ်ငန်း ကိုထမ်းဆောင်ရာတွင် လွယ်ကူသွားမည်ဖြစ်ပါသည်။AH1Burm 236.3

    အိမ်ထောင်စာသင်ကျောင်းတွင် ဘုရားသခင်၏သွန်သင်မှုဆိုင်ရာ တန်ဆာပလာများ - အာဗြဟံပြုလုပ်ခဲ့သကဲ့သို့ သူတို့၏သားသမီးများကို ဆုံးမသွန်သင်၍ ဘုရားသခင်အလိုတော်အတိုင်းဆောင်ရွက်ရာတွင် မိဘ တို့သည် မိမိတို့ကိုယ်ကို ဘုရားသခင်၏ကိုယ်စားလှယ်တော်များဖြစ်သည် ဟူသော အထူးအဓိပ္ပါယ်မဲ့မျိုးဖြင့် သဘောထားသင့်ကြပေသည်။AH1Burm 237.1

    သူတို့၏အိမ်ထောင်သားများအား သွန်သင်ပေးရမည့်ဘုရားသခင် ၏အကြံအစည်တော်သည် ဘာဖြစ်သည်ကိုသိရှိရန် မိဘတို့သည် သမ္မာ ကျမ်းစာကို လုံ့လဝီရိယရှိစွာဖြင့် စေ့စေ့စပ်စပ်လေ့လာကြရမည်။ မိက္ခာက ပြောထားသည်မှာ “တရားသဖြင့်ပြုခြင်း၊ ကရုဏာတော်ကိုနှစ်သက်ခြင်း၊ သင်၏ဘုရားသခင်ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့်ကျင့်နေခြင်းမှတစ်ပါး ၀၀၀၀ အဘယ်ပူဇော်သကာကို ထာဝရဘုရားတောင်းတော်မူသနည်း။ (မိက္ခာ ၆:၈) ဆရာသမားများဖြစ်နိုင်ရန် မိဘတို့သည် သင်ကြားသောသူများဖြစ်လာ၍ ဘုရားသခင့်ဗျာဒိတ်တော်ရရှိထားသောသူတို့၏စကားများကို အမြဲတမ်း လေ့လာမှတ်သားထားလျက် သူတို့သားသမီးများတို့၏ပညာသင်ကြားရေး တွင် ဤတန်ဖိုးရှိလှသောအလင်းတရားကို ပညတ်တော်ဖြင့်လည်းကောင်း၊ ပုံသက်သေအားဖြင့်လည်းကောင်း သွတ်သွင်းထည့်ပေးကြရမည်။AH1Burm 237.2

    ကျွန်ုပ်တို့အား ဘုရားသခင်ပေးသနားတော်မူသော အလင်းတရားမှ ကျွန်ုပ်တို့သိရှိရသောအချက်မှာ ခင်ပွန်းဖြစ်သူနှင့်ဇနီးဖြစ်သူတို့သည် အိမ်ထောင် တွင် ဓမ္မဆရာကြီး၊ သမားတော်ကြီး၊ သူနာပြုများနှင့်စာသင်ကျောင်းဆရာ များအနေဖြင့် သူတို့၏သားသမီးများအား သူတို့ကိုယ်တိုင်နှင့်လည်းကောင်း၊ ဘုရားသခင်နှင့်လည်းကောင်း ချည်နှောင်ထား၍ ကိုယ်ခန္ဓာ၌ဘုရားသခင် ဆောင်ရွက်ပေးတော်မူသမျှကို ရသည့်နည်းဖြင့် တိုက်ခိုက်တွန်းလှန်ပစ်မည့် အလေ့အကျင့်ဟူသမျှကိုရှောင်ရှားရန် သွန်သင်ပေးလျက် ကိုယ်ခန္ဓာမှ အင်္ဂါအစိတ်အပိုင်းအားလုံးတို့ကို ကောင်းမွန်စွာကြည့်ရှုထိန်းသိမ်းထားရန် သွန်သင်ပေးရကြပါမည်။AH1Burm 237.3

    သားသမီးတို့အားဆုံးမသွန်သင်ပေးရသောလုပ်ငန်းတွင် မိခင်သည် အရေးပါအရာရောက်ဆုံးသောအခြေအနေတွင် ရပ်တည်နေရမည်။ လွန်စွာ ကြီးလေး၍ အရေးကြီးသောတာဝန်များကို ဖခင်ဖြစ်သူက ထမ်းဆောင်နေ ရသောအခါတွင် မိခင်ဖြစ်သူသည် သားသမီးများနှင့်အထူးသဖြင့် သူတို့၏ နုနယ်ချိန်တွင် အမြဲတမ်းလက်ပွန်းတတီးနေထိုင်လျက် သူတို့၏အထူး သင်ကြားပြသသူနှင့်အပေါင်းအသင်းအနေဖြင့် ရပ်တည်နေရမည်။ သားသမီး တို့သည် စင်ကြယ်သန့်ရှင်း၍ ပိပိရိရိနေထိုင်ဖို့သွန်သင်ပေးရန်လည်းကောင်း၊ မှန်ကန်သောအလေ့အကျင့်များကို လိုက်နာကျင့်သုံးဖို့ညွှန်ကြားပေးရန်လည်း ကောင်း မိခင်သည် အထူးဂရုစိုက်ဆောင်ရွက်ရမည်။ သားသမီးတို့သည် ဝီရိယရှိရန်လည်းကောင်း၊ သူတစ်ပါးတို့အား အထောက်အကူဖြစ်စေရန် လည်းကောင်း၊ ဘုရားသခင်၏မျက်မှောက်တော်တွင် အမြဲတမ်းရပ်တည်နေ ရသကဲ့သို့ နေထိုင်ပြုမူလုပ်ကိုင်ရန်လည်းကောင်း မိခင်အနေဖြင့်သွန်သင်ပေး ရမည်။AH1Burm 238.1

    အစ်မကြီးဖြစ်သူတို့က အိမ်ထောင်မှညီငယ်ညီမငယ်များအပေါ်တွင် ထူးထူးခြားခြားဆောင်ရွက်ကူညီပေးနိုင်ကြသည်။ ငယ်ရွယ်သောအိမ်ထောင် သားများက သူတို့ထက်ကြီးသောသူတို့၏ပုံသက်သေကို တွေ့ပြီးရသည် နောက် မကြာခဏအမိန့်အားသုံး၍ စေခိုင်းရသည်ထက် ယင်းပုံသက်သေ ကိုအတုမြင်အတတ်သင်ဆိုသောစနစ်အရ လိုက်နာကျင့်သုံးကြလိမ့်မည်။ အလွန်များပြား၍ မအားမလပ်ဆောင်ရွက်ရသောအိမ်တွင်းလုပ်ငန်းများကို ဆောင်ရွက်နေသောမိခင်အားကူညီရန် မိမိအပေါ်တွင် ခရစ်ယာန်ဆိုင်ရာ တာဝန်ရှိနေသည်ဟူသောခံစားချက်မျိုးကို အကြီးဆုံးသမီးသည် မိမိနှလုံးသား တွင် ပိုက်ထားသင့်ပေသည်။AH1Burm 238.2

    မိဘတို့သည် သူတို့၏အိမ်ဂေဟာ၌အနေများရမည်။ ပညတ်အား ဖြင့်လည်းကောင်း၊ ပုံသက်သေအားဖြင့်လည်းကောင်း မိဘတို့သည် သူတို့ ၏သားသမီးများအား ဘုရားသခင်၏မေတ္တာတော်နှင့် ကိုယ်တော်ရှင်အား ကြောက်ရွံ့ ရိုသေမှုတို့ကို သင်ကြားပေးရမည်။ သားသမီးတို့သည် ဉာဏ် ပညာအမြော်အမြင်ရှိရန်လည်းကောင်း၊ ပေါင်းသင်းဆက်ဆံမှုပြေပြစ်ရန် လည်းကောင်း၊ ချစ်တတ်ခင်တတ်ရန်လည်းကောင်း၊ ဝီရိယရှိရန်လည်းကောင်း၊ ချွေတာစုဆောင်းတတ်ရန်လည်းကောင်း၊ ကိုယ်ထူကိုယ်ထစနစ်ကျင့်သုံးရန် လည်းကောင်း ၊ မိဘတို့အနေဖြင့် သင်ကြားပေးရမည်။ အိမ်ထောင်တွင် သားသမီးတို့အားချစ်ခြင်း၊ ကိုယ်ချင်းစာနာခြင်းနှင့်အားပေးစကားပြောခြင်း အားဖြင့် မိဘတို့သည် သူတို့၏သားသမီးများအား လောက၏စုံစမ်းနှောင့်ယှက် ခြင်းအမျိုးမျိုးတို့မှ ကာကွယ်ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။AH1Burm 239.1

    အသင်းတော်စာသင်ကျောင်းအတွက်ပြင်ဆင်ခြင်း အသင်း တော်စာသင်ကျောင်းတွင်တက်ရောက်၍ စာပေသင်ကြားနိုင်စေရန် ကလေး သူငယ်များကို အိမ်ထောင်စာသင်ကျောင်းတွင် လိုအပ်သောပြင်ဆင်မှုကို လုပ်ပေးရမည်။ မိဘတို့သည် ဤအချက်ကိုအမြဲတမ်းနှလုံးတွင်ပိုက်ထားရ မည်။ အိမ်ထောင်စာသင်ကျောင်းဆရာ၊ ဆရာမများအနေဖြင့် သူတို့၏မြင့်မြတ် သန့်ရှင်းသောတာဝန်ကိုထမ်းဆောင်နိုင်ရန် မိမိတို့၏ကိုယ်ကိုဘုရားသခင်အား ဆက်ကပ်အပ်နှံထားရမည်။ စာသင်ကျောင်းများတွင် တက်ရောက်သင်ကြား နိုင်မှုအတွက် ဝီရိယရှိရှိ၊ သစ္စာရှိရှိဖြင့် အိမ်ထောင်တွင်သွန်သင်ဆုံးမခံရမှု သည် သားသမီးများအတွက် အကောင်းဆုံးပြင်ဆင်မှုဖြစ်သည်။AH1Burm 239.2

    ဘုရားသခင်၏အမိန့်တော်များသည်အရေးကြီးဆုံးဖြစ်သည် - မိဘများနှင့်သားသမီးများအပါအဝင်တို့အားလုံးအား လမ်းပြပို့ဆောင်ပေးရန် အတွက် ကျမ်းစာဆိုင်ရာဥပဒေပညတ်များရှိသည်။ ယင်းပညတ်ဥပဒေများ သည် မြင့်မြတ်သန့်ရှင်းသောကြောင့် ယင်းတို့မှတိမ်းရှောင်လွဲဖယ်သွားရန် အကြောင်းမရှိပေ။ ဘုရားသခင်အမိန့်တော်များကို အရေးကြီးဆုံးနေရာတွင် ထားရှိရမည်။ စိတ်နှလုံးများကိုစစ်ဆေးသော ဘုရားသခင်၏ရှေ့တော်တွင် မိဘတို့သည် ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်ကိုဖွင့်လျက် စေတနာသန့်သန့် ဖြင့် “ဘုရားသခင်သည် အဘယ်ကဲ့သို့မိန့်ကြားတော်မူသနည်း” ဟူ၍ မေးမြန်းကြပါစေ။AH1Burm 239.3

    သမ္မာတရားသည် သမ္မာတရားဖြစ်သောကြောင့်လည်းကောင်း၊ သားသမီးတို့သည် သမ္မာတရားအားဖြင့် သန့်ရှင်းခြင်းသို့ရောက်ရှိမည်ဖြစ်၍ သူတို့သည် အဆင့်အတန်းမြင့်သောလုပ်ငန်းတွင် ပါဝင်နိုင်သောအရည်အချင်း နှင့်ပြည့်စုံသည်မပြည့်စုံသည်ကိုလည်းကောင်း၊ ကောင်းကင်ဘုရင်၏သားသမီး များ (သို့မဟုတ်) ဘုရင့်အိမ်ထောင်သားများဖြစ်လာမည်မဖြစ်လာမည်ကို လည်းကောင်း၊ မကြာမီအဆုံးအဖြတ်ပေးမည့် စစ်ဆေးမှုကြီးတွင် ရပ်တည် ထိုက်သောသူဖြစ်သောကြောင့်လည်းကောင်း သမ္မာတရားကိုနှစ်သက်မြတ်နိုး စေရန် သင်တို့၏သားသမီးများကို သင်ကြားပေးကြပါ။AH1Burm 240.1

    လာမည့်ဆိုင်ပြိုင်တိုက်လှန်မှုအတွက်ပြင်ဆင်ပါ - စာတန်သည် တပ်ထောင်ဗိုလ်ထုလူစုလျက်ရှိသည်။ အနာဂတ်ကာလတွင် ကျွန်ုပ်တို့ရင်ဆိုင် ရမည့် ဆိုင်ပြိုင်တိုက်လှန်မှုအတွက် ကျွန်ုပ်တို့ပုဂ္ဂလိကပြင်ဆင်မှုရှိကြပါ သလား။ ယင်းအရေးကြီးသောခေတ်ကာလကိုရင်ဆိုင်စေဖို့ ကျွန်ုပ်တို့၏ သားသမီးများကို အဆင်သင့်ပြင်ဆင်ပေးနေကြပါသလား။ ကျွန်ုပ်တို့၏ ရန်သူများနှင့် ယင်းတို့၏စစ်တိုက်ပုံတိုက်နည်းများကိုနားလည်စေရန် ကျွန်ုပ် တို့ကိုယ်တိုင်နှင့် ကျွန်ုပ်တို့၏အိမ်ထောင်သားများကို အသင့်ပြင်ဆင်နေကြ ပါသလား။ အခြေခံကျင့်ဝတ်နှင့်တာဝန်ဆိုင်ရာကိစ္စတိုင်း ကျွန်ုပ်တို့၏သား သမီးတို့တည်တံ့နိုင်ရန် သန္နိဌာန်ချတတ်သောအလေ့အကျင့်များကို မွေးမြူ ကျင့်သုံးနေကြပါသလား။ ကျွန်ုပ်တို့သည် ခေတ်ကာလ၏နိမိတ်လက္ခဏာ များကိုနားလည်၍ ဆိုင်ပြိုင်တိုက်လှန်သောအချိန်တွင် ဘုရားသခင်သည် ကျွန်ုပ်တို့၏ခိုလှုံရာနှင့်အကာအကွယ်ဖြစ်လာစေရန် ကျွန်ုပ်သည်ဆုတောင်း ပါသည်။AH1Burm 240.2