Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၂ဝ—မိသားစုနှင့်မြို့ကြီးပြကြီး

    မြို့ကြီးပြကြီး၌နေထိုင်ခြင်း၏အန္တရာယ်များ - မြို့ကြီးပြကြီး များ၌ကျင်လည်ရသော ဘဝအသက်တာသည်မှားယွင်း၍ ပင်ကိုအခြေအနေ နှင့်ဆန့်ကျင်သည်။ ကြေးငွေကိုအရ အလုအယက်ရှာဖွေခြင်း၊ အပျော်အပါး များကိုလိုက်စားခြင်း၊ ပေါ်လွင်မှုအတွက်ကြိုးပမ်းခြင်း၊ ဇိမ်ခံလိုခြင်းနှင့်အသုံး ဖွာခြင်းမှစသော အခြေအနေတို့သည် မြောက်မြားစွာသောလူတို့အား အသက်တာ၏စစ်မှန်သောရည်စူးချက်မှ အာရုံပြောင်းပစ်သောအင်အားများ ဖြစ်သည်။ ယင်းတို့သည် သောင်းခြောက်ထောင်သော မကောင်းမှုဒုစရိုက် များကိုကျူးလွန်စေရန် လမ်းဖွင့်ပေးကြသည်။ ယင်းတို့သည် လူငယ်လူရွယ် တို့အားဖမ်းစားတတ်သည်။ မြို့ကြီးပြကြီးများ၌နေထိုင်ကြသော ကလေး သူငယ်များနှင့်လူငယ်လူရွယ်တို့ရင်ဆိုင်ရသော အပါးနပ်ဆုံးနှင့်အန္တရာယ် အများဆုံး စုံစမ်းသွေးဆောင်ခြင်းတစ်ခုသည် အပျော်အပါးလိုက်စားခြင်း ဖြစ်သည်။ ရက်အားများများလွန်းသည်။ အားကစားပွဲများနှင့်ပြိုင်ပွဲများတွင် ထောင်သောင်းမကသောသူတို့သည် သွားရောက်ကြည့်ရှုရုံမဟုတ်ဘဲ လောင်း ကစားကြသည်။ ယင်းကဲ့သို့စိတ်တက်ကြွဖွယ်လည်းဖြစ်၊ ပျော်ရွှင်ဖွယ်လည်း ဖြစ်သော အခြေအနေများက သူတို့အားအရေးပါအရာရောက်သော ဘဝ အသက်တာဆိုင်ရာတာဝန်များကို ကျေပွန်စွာဆောင်ရွက်မှုမှ အာရုံပြောင်း ပစ်ကြသည်။ ပိုမိုအကျိုးရှိစွာသုံးစွဲရမည့်ကြေးငွေများကို အပျော်အပါးလိုက် စားခြင်းအားဖြင့် ဖြုန်းတီးပစ်ကြသည်။AH1Burm 169.1

    ကျန်းမာမှုဆိုင်ရာရှုထောင့်ကိုဆင်ခြင်ပါ - မြို့ကြီးပြကြီးများ တွင် ရုပ်ပိုင်းလောက၏ပတ်ဝန်းကျင်များသည် ကျန်းမာမှုအတွက် အန္တရာယ် ဖြစ်တတ်ကြသည်။ ရောဂါဝေဒနာများနှင့်တွေ့ထိမှုအန္တရာယ်အမြဲတမ်းရှိခြင်း၊ ညစ်ညမ်းသောအနံ့အသက်များ၊ မသန့်ရှင်းသောရေ၊ ကျပ်တည်းကျဉ်းမြောင်း၍ မှောင်မည်းလျက် ကျန်းမာမှုနှင့်မညီလျော်သောအိမ်၊ အခန်းများတို့သည် မြို့ကြီးပြကြီးတို့၌ တွေ့ကြုံရသောမကောင်းမှု တချို့တစ်ဝက်ဖြစ်သည်။AH1Burm 169.2

    မြို့ကြီးပြကြီးများထဲ၌ရှိသော အိမ်ခန်းများပြွတ်သိပ်ကျပ်တည်းစွာ နေထိုင်ကြဖို့ ဘုရားသခင်ရည်စူးတော်မမူခဲ့ပေ။ အစအဦး၌ ဘုရားသခင်သည် ကျွန်ုပ်တို့၏ရှေးဦးမိဘနှစ်ပါးတို့အား၊ ယခုအခါတွင် ကျွန်ုပ်တို့အား ပျော်ရွှင် စွာနေထိုင်စေလိုတော်မူသည့် ရှုခင်းသာယာ၍ နားဝင်ချိုသာသောအသံများ ရှိရာနေရာမျိုးတွင် ထားရှိတော်မူသည်။ ဘုရားသခင်၏မူရင်းစီမံကိန်းနှင့် အံဝင်ခွင်ကျဖြစ်လာလေလေ၊ ကိုယ်ခန္ဓာ၊ စိတ်နှင့်ဝိညာဉ်တို့၏ကျန်းမာမှုကို ရရှိရန် ကျွန်ုပ်တို့၏အခြေအနေသည် ပိုမိုကောင်းမွန်လေလေဖြစ်လိမ့်မည်။AH1Burm 170.1

    အပြစ်ဒုစရိုက်စတင်သောနေရာ — မြို့ကြီးပြကြီးများသည် စုံစမ်း သွေးဆောင်ခြင်းပေါများသောနေရာများဖြစ်သည်။ ယင်းကဲ့သို့ညစ်ညမ်းသော အခြေအနေမျိုးနှင့် ငြိစွန်းခြင်းများမရှိစေရန် ကျွန်ုပ်တို့၏လူငယ်လူရွယ် များကို ဝေးနိုင်သမျှဝေးသောနေရာများတွင် ထားရှိနိုင်စေမည့်အစီအစဉ်များ ကို ကျွန်ုပ်တို့သည် ဇောက်ချလုပ်ကိုင်ကြရမည်။AH1Burm 170.2

    ကလေးသူငယ်များနှင့်လူငယ်လူရွယ်များကို ကျွန်ုပ်တို့သည် ဂရု တစိုက်ကာကွယ်စောင့်ထိန်းကြရမည်။ ကျွန်ုပ်တို့၏မြို့ကြီးပြကြီးများတွင် တွေ့ရှိနိုင်သောအပြစ်ဒုစရိုက်စတင်ဖြစ်ပေါ်လာရာဒေသများနှင့် ဝေးလံသော နေရာများတွင် သူတို့ကိုထားရမည်။AH1Burm 170.3

    သောင်းကျန်းခြင်းနှင့်ရှုပ်ထွေးခြင်း - သောင်းကျန်းခြင်းနှင့် ရှုပ်ထွေးခြင်း အမြဲတမ်းရှိသောမြို့ကြီးပြကြီးများတွင် ကိုယ်တော်ရှင်၏လူများ အမြဲတမ်းနေထိုင်စေဖို့ ဘုရားသခင်သည် အလိုရှိတော်မမူပေ။ သူတို့၏ သားသမီးများအား ယင်းသောင်းကျန်းခြင်းနှင့်ရှုပ်ထွေးခြင်းအခြေအနေများကို ရင်ဆိုင်ခြင်းမပြုစေရ၊ အဘယ်ကြောင့်ဆိုသော် မြို့ကြီးပြကြီးတို့၏စာရိတ္တ အခြေအနေတစ်ခုလုံးသည် ပြင်းထန်သောသွားလာလှုပ်ရှားမှုနှင့် ဆူညံသော အသံဗလံများရောနှော၍ ပျက်ပြားနေသည်။AH1Burm 170.4

    အလုပ်သမားဆိုင်ရာအရေးအခင်းများ - အလုပ်သမားအစည်း အရုံးများဖွဲ့စည်း၍ သပိတ်မှောက်ခြင်းအားဖြင့် အလုပ်သမားတို့ရရှိထိုက် သောအခွင့်အရေးများကို တောင်းဆိုသောကြောင့် အလုပ်သမားအရေးအခင်း များပေါ်လာပြီးလျှင် မြို့ကြီးပြကြီးတို့၏အခြေအနေမှာ ပိုမို၍တင်းမာခက်ထန် သယောင်ရှိလာလေသည်။ မြို့ကြီးပြကြီးများတွင် နေထိုင်ကြသောသူတို့ အတွက် အကြောင်းကြောင်းတို့ကြောင့် ပိုမိုခက်ခဲသောအခြေအနေတို့ရင်ဆိုင် နေရဖွယ်ရှိသောကြောင့် အများသောမိသားစုများအတွက် မြို့ကြီးပြကြီးတို့မှ ပြောင်းရွှေ့နေထိုင်မှုသည် လိုအပ်သောအစီအစဉ်တစ်ရပ်ဖြစ်လာလေသည်။AH1Burm 171.1

    ရောက်ရှိလာမည့် ပျက်စီးခြင်း - မြို့ကြီးပြကြီးများပြိုလဲပျက်စီး ပျောက်ကွယ်သွားမည့်အချိန်သည် မဝေးတော့ပြီ။ ယင်းကျရောက်လာမည့် တရားစီရင်ခြင်းအကြောင်းနှင့်ပတ်သက်၍ လူအားလုံးတို့အား သတိပေးသင့် ပေပြီ။ ယခုအခါတွင် ဘုရားမဲ့တရားမဲ့နေကြသော ထောင်သောင်းမကသော မြို့ကြီးပြကြီးတို့ရင်ဆိုင်ရမည့်ပျက်စီးခြင်းကို ဘုရားသခင်၏တပည့်သားမြေး များအပေါင်းတို့သည် သိရှိကြပါစေAH1Burm 171.2

    လောကီဆိုင်ရာတပ်မက်မှုများနှင့် ချမ်းသာကြွယ်ဝမှုတို့ကို မြတ်နိုးခြင်းအတွက် - သူတို့သားသမီးများ၏ပတ်ဝန်းကျင်ကို မှန်ကန် သောသြဇာသက်ရောက်မှုများဖြင့် ဝန်းရံထားစေရန် မိဘဖြစ်သူတို့သည် သတိဝီရိယမထားကြပေ။ အိမ်ဂေဟာတစ်ခုကိုရွေးချယ်ရာတွင် ပတ်ဝန်းကျင် ၏ကျင့်ကောင်းသီလအခြေအနေနှင့် လူမှုဆက်ဆံရေးအခြေအနေထက် သူတို့ ၏လောကီဆိုင်ရာတပ်မက်မှုများကို ဦးစားပေးစဉ်းစားတတ်ကြသောကြောင့် သူတို့၏သားသမီးများသည် သူတို့၏ဘုရားတရားကြည်ညိုခြင်းနှင့် မှန်ကန် သောအကျင့်စာရိတ္တများ ဆောက်တည်ရေးကို အထောက်အကူမပြုသောသူများ နှင့် ပေါင်းသင်းဆက်ဆံရေးများကို ပြုလုပ်ကြသည်။AH1Burm 171.3

    မိမိတို့၏သားသမီးများကို မောလုပ်မိနတ်ဘုရားတို့အား ယဇ်ပူဇော် ကြသော ခါနာန်လူမျိုးများကို ပြစ်တင်ရှုတ်ချသောမိဘတို့၊ သင်တို့သည် ဘာလုပ်နေကြသနည်း။ သင်တို့သည် တန်ဖိုးအများဆုံးဖြစ်သောအလှူကို သင်တို့မက်မောသောရွှေငွေနှင့်ဥစ္စာစည်းစိမ်ဟူသော ဘုရားတို့ကိုပူဇော်ပသ ကြပြီတကား၊ ထိုသို့ပြုခြင်းကြောင့် သင်တို့၏သားသမီးများတို့သည် မနှစ်မြို့ ဖွယ်သောအကျင့်စာရိတ္တမျိုးဖြင့် ကြီးထွားလာကြသောအခါ၌လည်းကောင်း၊ သူတို့သည် ဘုရားတရားကိုယုံကြည်ကိုင်းရှိုင်းမှုလုံးဝမရှိကြောင်းကို ပြသကြ သောအခါ၌လည်းကောင်း၊ သင်တို့ယုံကြည်သောဘာသာအယူဝါဒက သူတို့ ၏ဆိုးပေနေသောသားသမီးများကို မကယ်နိုင်ဟူသောအကြောင်းပြချက်ဖြင့် သူတို့၏ဘာသာအယူဝါဒကို အပြစ်ဖို့ကြသည်။ သင်တို့သည် သင်တို့ ကိုယ်တိုင်စိုက်ပျိုးခဲ့သောမျိုးစေ့ကား၊ သင်တို့၏တစ်ကိုယ်ကောင်းစိတ်ဖြင့် လောကကိုချစ်ခြင်းနှင့် ကျေးဇူးတော်ရရှိနိုင်သောနည်းလမ်းကို လျစ်လျူရှ ခြင်းများဖြစ်သည်။ သင်တို့၏မိသားစုများကို စုံစမ်းသွေးဆောင်ခြင်းပေါများ သောနေရာဒေသများသို့ ပြောင်းရွှေ့နေထိုင်စေကြသည်။ သင်တို့၏ဘုန်း တန်ခိုးတော်နှင့်ကာကွယ်ရာဖြစ်သည့် ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော် ကို သင်တို့အတွက်လိုအပ်သည်ဟု ဆင်ခြင်ခြင်းမရှိကြ။ သင်တို့၏သားသမီး များအား စုံစမ်းသွေးဆောင်ခြင်းမှကင်းလွတ်ရန် ဘုရားသခင်သည် နိမိတ် လက္ခဏာကို ပြသတော်မမူခဲ့ပေ။AH1Burm 172.1

    မြို့ကြီးပြကြီးများကစစ်မှန်သောကောင်းကျိုးကိုမပြုပေ - မြို့ကြီး ပြကြီးများ၌နေထိုင်ခြင်းအားဖြင့် ကာယဗလ၊ ဉာဏဗလနှင့်ဝိဉာဏဗလ အားဖြင့် တိုးတက်ကောင်းမွန်လာမည့်မိသားစုသည် တစ်နေရာတွင်တစ်ဦး မရှိပေ။ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းနှင့်ပျော်ရွှင်ခြင်းတို့ကို လယ်ကွင်းများ၊ တောတောင်များနှင့်သစ်ပင်များပေါက်ရောက်ရာနေရာဒေသ များတွင် ပိုမိုရရှိနိုင်သည်။ မြို့ကြီးပြကြီးများတို့၏မြင်ကွင်းများနှင့် အသံဗလံ မှလည်းကောင်း၊ ပြေးလွှားမောင်းနှင်သွားနေသော ဘတ်စ်ကားကြီးများနှင့် အခြားဆူသံပူသံများမှလည်းကောင်း ဝေးလံသောနေရာများတွင် နေရာချ ထားပေးပါ။ သူတို့၏စိတ်နှလုံးတို့သည် ပိုမိုကျန်းမာလာလိမ့်မည်။ ထိုအခါ ဘုရားသခင်နှုတ်ကပတ်တော်၌ပါရှိသော သမ္မာတရားကို သူတို့နားဝင်အောင် ပြောရန် လွယ်ပါလိမ့်မည်။AH1Burm 172.2

    ကျေးလက်ဒေသမှမြို့ပြဒေသသို့ ပြောင်းရွှေ့နေထိုင်ခြင်းနှင့် စပ်ဆိုင်၍အကြံပေးချက် - မြို့ကြီးပြကြီးများသည် ပိုမိုနေထိုင်ဖို့ကောင်း ၍ ပိုမိုအကျိုးဖြစ်ထွန်းနိုင်သောနေရာများဖြစ်သည်ဟူ၍ သဘောထားလျက် မြောက်မြားစွာသောမိဘတို့သည် ကျေးလက်ဒေသ၌ဆောက်လုပ်ထားသော သူတို့၏အိမ်ကလေးများမှ မြို့ကြီးပြကြီးများသို့ပြောင်းရွှေ့ နေထိုင်ကြသည်။ ဤကဲ့သို့ပြောင်းလဲနေထိုင်ခြင်းအားဖြင့် သူတို့၏သားသမီးတို့အား မြားမြောင် ၍ကြီးမားသော စုံစမ်းသွေးဆောင်ခြင်းများနှင့် ရင်ဆိုင်စေကြသည်။ သား ဖြစ်သူတို့တွင် အလုပ်အကိုင်မရှိကြ။ လမ်းကြိုလမ်းကြားများမှ ပညာမျိုး ကိုသာရရှိကြသောကြောင့် သူတို့မိုက်မဲဆိုးသွမ်းလာကြသည်အဆုံးတွင် ကောင်းမြတ်ခြင်း၊ စင်ကြယ်ခြင်းနှင့်သန့်ရှင်းခြင်း စသောပါရမီတို့ကို လုံးဝ စိတ်မဝင်စားတော့ပေ။ ကာယဗလနှင့်ဉာဏဗလအတွက် အသင့်လျော်ဆုံး ဖြစ်သော သြဇာသက်ရောက်မှုများရှိသော ကျေးလက်ဒေသတွင် နေထိုင်မြဲ နေထိုင်ခဲ့လျှင် ဘယ်မျှလောက်ပိုမိုကောင်းမွန်လိမ့်မည်နည်း။ မြေယာထွန် ယက်စိုက်ပျိုးခြင်းအလုပ်အကိုင်ကို လူငယ်လူရွယ်များအားသင်ကြားပေး၍ မောပန်းစွာဖြင့်လည်းကောင်း၊ အပြစ်ကင်းစွာဖြင့်လည်းကောင်း နှစ်နှစ် ခြိုက်ခြိုက်အိပ်ပျော်စေသည်။AH1Burm 173.1

    မိဘဖြစ်သူတို့၏ပေါ့လျော့မှုကြောင့် မြို့ကြီးပြကြီးများ၌နေထိုင်ကြ သော ကျွန်ုပ်တို့၏လူငယ်လူရွယ်များသည် ပျက်စီးနေ၍ ဘုရားသခင်၏ ရှေ့တော်တွင် သူတို့၏ဝိညာဉ်များသည် ညစ်ညမ်းလျက်ရှိနေသည်။ အလုပ် အကိုင်မရှိခြင်း (သို့မဟုတ်) အလုပ်တစ်ခုခုမလုပ်ကိုင်ဘဲနေခြင်းအတွက် ဤအခြေအနေမျိုးသည် အမြဲတမ်းဖြစ်ပျက်ရပ်တည်နေလိမ့်မည်။ သူတောင်းစားအိမ်များ၊ အကျဉ်းထောင်များနှင့် လည်ဆွဲတိုင်များတို့သည် မိဘတို့၏တာဝန်မကျေမှုအတွက် ဝမ်းနည်းဖွယ်သောသက်သေခံများဖြစ် ကြသည်။AH1Burm 173.2

    မိဘတို့၏စောင့်ထိန်းမှုအတွက် အပ်နှံထားသောအဖိုးထိုက်တန်လှ သည့်ဝိညာဉ်များကို အန္တရာယ်ဖြစ်စေသည်ထက် လောကီဆိုင်ရာကြီးထွား မှုအတွက် အကြံအစည်တိုင်းကို အနစ်နာခံသင့်ပေသည်။ သားသမီးတို့ သည် စုံစမ်းသွေးဆောင်ခြင်းများကို ရင်ဆိုင်ကြရလိမ့်မည်ဖြစ်သောကြောင့် ယင်းတို့ကိုရင်ဆိုင်နိုင်နင်းနိုင်စေရန် သူတို့ကိုသင်ကြားပေးရမည်။ သို့ရာတွင် သင်တို့၏ကိုယ်တိုင်နှင့်သင်တို့၏မိသားစုအား ဘုရားသခင်လက်သို့လွတ်လပ် စွာစိတ်ရောကိုယ်ပါစွာဖြင့်လည်း ဆက်ကပ်ခြင်းကိုအနှောင့်အယှက်ပြုသော သြဇာသက်ရောက်မှုရှိသမျှကိုလည်းကောင်း၊ ဆိုးယုတ်သောအကျင့်ဓလေ့ ရှိသမျှကိုလည်းကောင်း၊ ချည်နှောင်မှုရှိသမျှကိုလည်းကောင်း ဖြတ်တောက် ပစ်ရန် သင်တို့၏တာဝန်ဖြစ်သည်။AH1Burm 174.1

    လူများကျပ်တည်းပြွတ်သိပ်စွာနေထိုင်ကြသော မြို့ကြီးပြကြီးများ အစား၊ သင်တို့၏သားသမီးများသည် တတ်နိုင်သမျှ စုံစမ်းသွေးဆောင်ခြင်း မှဝေးကွာသော စိတ်ငြိမ်ဒေသကိုရှာဖွေနေထိုင်၍ ယင်းနေရာတွင်အသုံးဝင် သောသူများဖြစ်လာစေရန် သွန်သင်ပေးပါ။ သောဒုံမြို့ကြီး၏အပြစ်ဒုစရိုက် များနှင့် ယင်းမြို့ကြီးအားပျက်စီးစေခြင်းအကြောင်းအရာများကို ပုရောဖက် ယေဇကျေလကရေတွက်၍ ဖော်ပြထားသည်မှာ “သူနှင့်သူ့သမီးတို့သည် မာနကြီးခြင်း၊ ဝစွာစားသောက်ခြင်း၊ ငြိမ်ဝပ်စွာကောင်းစားခြင်းရှိ၍ ဆင်းရဲ ငတ်မွတ်သောသူတို့ကို မထောက်ပံ့ဘဲနေကြ၏။” သောဒုံမြို့၏ကံကြမ္မာမျိုး နှင့်ကင်းလွတ်လိုသောသူတို့သည် ထိုဆိုးညစ်သောမြို့ အပေါ် ချမှတ်တော်မူ သောပြစ်ဒဏ်မျိုးကို လက်ယပ်ခေါ်သောလုပ်ငန်းစဉ်မျိုးကို ရှောင်ကြဉ်ရမည်။ လောတသည် သောဒုံမြို့ သို့ဝင်သောအခါ သူတို့ကိုယ်တိုင်အပြစ် ဒုစရိုက်နှင့်လွတ်ကင်းအောင်နေထိုင်ရန်ကြံရွယ်ခဲ့၍ သူ့အိမ်ထောင်သူအိမ်ထောင် သားများကိုလည်း သူကဲ့သို့ပြုလုပ်ရန်မှာကြားဖို့ အမှန်ရည်ရွယ်ခဲ့လေသည်။ သို့ရာတွင် သူသည် ထူးခြားစွာပျက်ကွက်ခဲ့လေသည်။ သူ့ပတ်လည်ရှိ ညစ်ညမ်းသောသြဇာသက်ရောက်မှုများသည် သူ့ကိုယ်တိုင်၏ယုံကြည်ခြင်း ကိုထိခိုက်၍ သောဒုံမြို့သူမြို့သားတို့နှင့်သူ့သားသမီးတို့၏ပေါင်းသင်းဆက်ဆံ ရာတွင် အလိုတူအလိုပါဖြစ်သည်။ ယင်းလုပ်ရပ်မှဘယ်ကဲ့သို့သောဆိုးကျိုး မျိုးဖြစ်ထွန်းခဲ့ကြောင်း ကျွန်ုပ်တို့အားလုံးသိရှိကြသည်။ အများသောသူတို့ သည် ယင်းအမှားမျိုးကိုကျူးလွန်လျက်ရှိကြသည်။AH1Burm 174.2

    သင်တို့၏အိမ်ဂေဟာကို သောဒုံမြို့နှင့်ဂေါမောရမြို့ ကဲ့သို့သော မြို့ကြီးများမှ ဝေးနိုင်သမျှဝေးလံသောနေရာတွင် ဆောက်လုပ်နေထိုင်ကြဖို့ ဆုံးဖြတ်ကြပါ။ မြို့ကြီးပြကြီးများမှထွက်ခွာကြပါ။ ဖြစ်နိုင်လျှင် သင်တို့၏ အိမ်ဂေဟာများကို ကျေးလက်ဒေသများတွင် ဆောက်လုပ်နေထိုင်လျှင် ချမ်းသာကြွယ်ဝမှုကိုမရသည်တိုင်အောင် ယင်းနေရာမျိုးတွင်သာ ဆောက်လုပ် နေထိုင်ကြပါ။ အကောင်းဆုံးသြဇာသက်ရောက်မှုရှိသောနေရာတွင် အတည် တကျနေထိုင်ကြပါ။AH1Burm 175.1

    မိမိတို့၏မိသားစုများအတွက် အိမ်ဂေဟာများကိုမြို့ကြီးပြကြီးများ တွင် ဆောက်လုပ်ခြင်းမပြုရန် သတိပေးဖို့ဘုရားသခင်သည် ကျွန်ုပ်တို့အား ညွှန်ကြားထားတော်မူသည်။ ဖခင်နှင့်မိခင်များတို့အားပြောကြားရန် ကျွန်ုပ် အားပေးအပ်တော်မူခဲ့သောညွှန်ကြားချက်မှာ “သင်တို့၏သားသမီးများကို သင်တို့၏အိမ်ခြံဝင်းများတွင်သာနေထိုင်စေဖို့ မမေ့လျော့ကြပါနှင့်။”AH1Burm 175.2

    မြို့ကြီးပြကြီးများမှပြောင်းရွှေ့နေထိုင်ဖို့အချိန်တန်ပြီ - ကျွန်ုပ် ၏မှာကြားချက်မှာ၊ သင်တို့၏မိသားစုများကို မြို့ကြီးပြကြီးများမှခေါ်၍ ပြောင်းရွှေ့သွားပါ။AH1Burm 175.3

    ဘုရားသခင်သည် လမ်းဖွင့်ပေးထားလျက်ရှိသောကြောင့် မိသားစု များသည် မြို့ကြီးပြကြီးများမှ ပြောင်းရွှေ့သွားရန်ချိန်တန်လေပြီ။ သားသမီး တို့ကိုခေါ်၍ ကျေးလက်များသို့ပြောင်းရွှေ့သွားသင့်ပေသည်။ မိဘများတို့က သူတို့၏လက်တွင်း၌ရှိသော ကြေးငွေနှင့်ထိုက်သင့်သောနေရာထိုင်ခင်းကို ရှာဖွေရကြမည်။ အိမ်အဆောက်အအုံမှာ သေးငယ်လင့်ကစား ယင်းပတ်လည် တွင်ထွန်ယက်စိုက်ပျိုးနိုင်သော မြေကွက်လပ်ရှိသင့်ပေသည်။AH1Burm 175.4

    ကမ္ဘာမြေကြီးပေါ်၌နေထိုင်လျက်ရှိကြသောသူတို့အပေါ်၌ ဘေးဒဏ် များမကျရောက်မီ အမှန်တကယ် ဣသရေလလူများဖြစ်ကြသောသူအားလုံး တို့အား ယင်းအချိန်အတွက်ပြင်ဆင်ထားရန် ဘုရားသခင်သည် မိန့်မှာ ထားတော်မူသည်။ ဘုရားသခင်က မိဘတို့အားသတိပေးစကားမိန့်တော် မူထားသည်မှာ သင်တို့၏သားသမီးတို့အား သင်တို့၏အိမ်ဂေဟာများအတွင်း ၌ စုရုံးထားကြပါ။ ဘုရားသခင်၏ပညတ်တော်များကို အလေးဂရုမပြုကြ သောသူတို့မှလည်းကောင်း၊ မကောင်းမှုဒုစရိုက်ကိုသွန်သင်၍ ကိုယ်တိုင် ကျင့်သုံးကြသောသူတို့မှလည်းကောင်း ဝေးလံသောနေရာတွင် သားသမီး များကိုထားရှိပါ။ မြန်နိုင်သရွေ့ မြန်မြန်မြို့ကြီးပြကြီးများမှ ထွက်ခွာသွား ကြပါ။AH1Burm 176.1

    ဘုရားသခင်သည်ကိုယ်တော်၏လူတို့ကိုကူညီတော်မူမည် - သစ်သီးဝလံများ၊ သွေးကြောများ၌လှည့်လည်သွားနေသော အသက်သွေးကို ညစ်ညူးစေသောအသားဟင်းလျာများနေရာတွင် အစားထိုးအသုံးပြုစားသောက် ရန် ဟင်းသီးဟင်းရွက်များနှင့်သစ်သီးငယ်များကို စိုက်ပျိုးနိုင်သောမြေ ကွက်လပ်ပါသောအိမ်ဂေဟာများကို ကျေးလက်ဒေသ၌ မိဘများဝယ်ယူ ထားနိုင်သည်။ ယင်းကဲ့သို့သောနေရာများတွင် သားသမီးတို့သည် မြို့ကြီး ပြကြီးများ၏ညစ်ညူးစေသော သြဇာသက်ရောက်မှုတို့၏ဝန်းရံပိတ်ဆို့ထား မှုမှ ကင်းလွတ်ကြလိမ့်မည်။ မြို့ကြီးပြကြီးပြင်ပတို့၌ ယင်းကဲ့သို့သော အိမ်ဂေဟာများကိုရှာဖွေရာတွင် ဘုရားသခင်သည် ကိုယ်တော်၏လူတို့ကို မစတော်မူလိမ့်မည်။AH1Burm 176.2