Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၂၁—ကျေးလက်ဒေသတို့၏အကျိုးကျေးဇူးများ

    မြေတစ်ကွက်နှင့်ချမ်းမြေ့သောအိမ်ဂေဟာ - ဖြစ်နိုင်သောအခါ တိုင်း မိမိတို့၏သားသမီးများအတွက် ကျေးလက်ဒေသများတွင် နေအိမ် များဆောက်လုပ်ထားပေးရန် မိဘတို့၏တာဝန်ဖြစ်သည်။AH1Burm 177.1

    မြေတစ်ကွက်နှင့်ချမ်းမြေ့သာယာအိမ်ဂေဟာတစ်ဆောင်ရှိသော ဖခင်များနှင့်မိခင်တို့သည် ဘုရင်များနှင့်မိဖုရားများဖြစ်ကြသည်။AH1Burm 177.2

    မြို့ကြီးပြကြီးများမှထွက်ခွာ၍ ကျေးလက်ဒေသများသို့သွားရောက် နေထိုင်ရန် တိုက်တွန်းပြောကြားသောအခါ သင်တို့အတွက်အခွင့်ကောင်း လက်လွတ်သွားခြင်းဟု မယူဆပါနှင့်။ ယင်းတိုက်တွန်းပြောကြားချက်ကို လက်ခံဆောင်ရွက်သောသူတို့အတွက် ထားရှိသောကြွယ်ဝသည့်ကောင်းချီး မင်္ဂလာများကိုခံစားစံစားဖို့ ရောက်ရာကျေးလက်ဒေသတွင် စောင့်ဆိုင်းငံ့လင့် နေပါ။AH1Burm 177.3

    စီးပွားရေးလုံခြုံမှုအတွက်အထောက်အကူပြုသည် - မိမိတို့ မိသားစုကြီးများကို မြို့ကြီးပြကြီးများမှခေါ်ထုတ်၍ မိမိတို့ကိုယ်တိုင်အသီးအနှံ များလုပ်ကိုင်စားသောက်နိုင်သော ကျေးလက်ဒေသများသို့ .. ပြောင်းရွှေ့နေ ထိုင်ရန် ကျွန်ုပ်တို့အား ဘုရားသခင်သည် အကြိမ်ကြိမ်အခါခါနှိုးဆော် ညွှန်ကြားတော်မူခဲ့လေပြီ။ အဘယ်ကြောင့်ဆိုသော် အနာဂတ်ကာလတွင် အရောင်းအဝယ်ကိစ္စသည် ခက်ခဲလာစရာအကြောင်းရှိသည်။ ကျွန်ုပ်တို့အား အကြိမ်ကြိမ်အခါခါပေးတော်မူခဲ့သော တိုက်တွန်းနှိုးဆော်ချက်ကို ယခုအခါ ကျွန်ုပ်တို့အနေဖြင့် လိုက်နာကျင့်သုံးဖို့အချိန်တန်လေပြီ။ ယင်းတိုက်တွန်း နှိုးဆော်ချက်သည်ကား မြို့ကြီးပြကြီးများမှထွက်၍ အိမ်ဂေဟာများပြွတ်သိပ် ကျပ်တည်းနေအောင် ဆောက်လုပ်ထားခြင်းမရှိ။ ၎င်းအပြင် ရန်သူများ၏ နှောင့်ယှက်မှုနှင့်လည်း ကင်းဝေးသောကျေးလက်ဒေသသို့ ပြောင်းရွှေ့နေထိုင် ကြလော့။AH1Burm 177.4

    မြို့ကြီးပြကြီးများ၌နေထိုင်သူတို့အားအကြံပေးချက် - သင်တို့ အားစိတ်အနှောင့်အယှက်ပြုသော စိုးရိမ်ပူပန်မှုကိုဖယ်ရှားထား၍ ငယ်ရွယ် သူတို့၏အကျင့်စာရိတ္တပျက်ပြားမှုကို ပျက်ပြားစေသောသြဇာသက်ရောက်မှု များမရှိသလောက်နည်းပါးသော ကျေးလက်ဒေသများသို့သွားရောက်နေထိုင် အနားယူပါ။ ကျေးလက်ဒေသများတွင် စိတ်အနှောင့်အယှက်ပြုသော စိုးရိမ် ပူပန်မှုများလုံးဝကင်းရှင်းမှုမရှိဆိုသည်မှာ မှန်ကန်ပါသည်။ သို့ရာတွင် ယင်းကျေးလက်ဒေသတို့တွင် သင်တို့သည် မြောက်မြားစွာသောဒုစရိုက် များကိုရှောင်ရှားနိုင်၍ သင်တို့သားသမီးတို့၏စိတ်များကို အုပ်စီးထားရန် ခြိမ်းခြောက်သော မြောက်မြားစွာသောစုံစမ်းသွေးဆောင်ခြင်းများကို ကာကွယ် တားဆီးနိုင်မည်ဖြစ်သည်။ သင်တို့သားသမီးတို့သည် အလုပ်အကိုင်နှင့် အာရုံအပြောင်းအလွှဲဖြစ်စေသော အစီအစဉ်များထားရန်လိုအပ်ပေသည်။ သူတို့၏အိမ်ဂေဟာများတွင် အာရုံအပြောင်းအလွှဲရှိစေသော အစီအစဉ်များ မရှိလျှင် သူတို့သည် နေမထိထိုင်မသာဖြစ်လာ၍ မြို့ထဲမှဆိုးပေသောကလေး များနှင့်အပေါင်းအဖော်လုပ်သော .... အလေ့အကျင့်များရရှိသွားခြင်းအားဖြင့် လမ်းသူရဲပညာမျိုးကိုရရှိစေခြင်းသို့ တွန်းပို့ခံရတတ်သည်။AH1Burm 178.1

    ကျေးလက်ဒေသ၌နေထိုင်ခြင်းသည် သူတို့အတွက်များစွာပင်အကျိုး ရှိပေမည်။ လဟာပြင်တွင်သွားလာလှုပ်ရှားမှုသည် ဉာဏဗလနှင့်ကာယဗလ တို့ကို သန်မာထွားကြိုင်လာစေသည်။ စိတ်ပျော်ရွှင်ဖွယ်ရာဖြစ်သည်သာမက အသုံးမဝင်သောအလုပ်အကိုင်နှင့်ဖြစ်နိုင်သော ထွန်ယက်စိုက်ပျိုးခြင်းအတွက် ဥယျာဉ်တစ်ခုကိုသူတို့ထားရှိသင့်ပေသည်။ သစ်ပင်ငယ်များနှင့်ပန်းပင်ငယ် များကို စိုက်ပျိုးပြုပြင်ခြင်းကား သူတို့၏ဝါသနာနှင့်ပိုင်းခြားဝေဖန်တတ်သော သတ္တိတို့ကိုထက်မြက်စေ၍၊ ဘုရားသခင်၏အသုံးဝင်၍ လှပစွာဖန်ဆင်းထား တော်မူသောအရာများက စိတ်နှလုံးအပေါ်တွင် ရည်မှန်းမြင့်မြတ်သောဩဇာ သက်ရောက်မှုရှိလျက် ယင်းကိုဖန်ဆင်းရှင်နှင့် ခပ်သိမ်းသောအရာတို့၏ အရှင်သခင်ကို ညွှန်ကြားပေသည်။AH1Burm 178.2

    ကျေးလက်ဒေသ၌နေထိုင်သူတို့အား ကြွယ်ဝသောကောင်းချီး မင်္ဂလာများက ကတိထားတော်မူခြင်း - သဘာဝဓမ္မ၌ရှိသောရတနာ များကို ရဲစွမ်းသတ္တိဖြင့်လည်းကောင်း၊ ပြင်းပြသောဆန္ဒဖြင့်လည်းကောင်း၊ ဇွဲလုံ့လဖြင့်လည်းကောင်း စုသိမ်းမည့်သူများအတွင်း ယင်းကမ္ဘာမြေကြီး၏ နက်ရှိုင်းသောနေရာများတွင် မင်္ဂလာအပေါင်းတို့သည် ဖုံးအုပ်လျက်ရှိသည်။ ထွန်ယက်စိုက်ပျိုးခြင်းကို အောက်ကျသောအလုပ်အကိုင်အနေဖြင့် လုပ်ကိုင် နေကြသောကြောင့် လယ်သမားဦးကြီးတို့သည် သူတို့လုပ်ကိုင်နေရသော လယ်မြေမှရသင့်ရထိုက်သော အကျိုးကျေးဇူးများကိုမရရှိကြ။ သူတို့အတွက် သော်လည်းကောင်း၊ သူတို့၏မိသားစုအတွက်သော်လည်းကောင်း ယင်း အလုပ်အကိုင်ထဲ၌ထားရှိသောကောင်းချီးမင်္ဂလာကို သူတို့သည် မသိမြင် ကြပေ။AH1Burm 179.1

    စိတ်နှလုံးကိုလျင်မြန်ဖျတ်လတ်စေ၍အကျင့်စာရိတ္တကိုပြုပြင် ပေးသောအလုပ်အကိုင် - မြေယာကိုထွန်ယက်ရာတွင် စဉ်းစားဆင်ခြင် တတ်သောအလုပ်သမားတစ်ဦးသည် သူ့အနေဖြင့်တစ်ခါမျှမမက်ဖူးသော ဘဏ္ဍာများ သူ့ရှေ့၌ပေါ်နေသည်ကိုတွေ့ ရှိလိမ့်မည်။ ပါဝင်သက်ဆိုင်သော ဥပဒေပညတ်များကို ဂရုပြုသောသူဟူသမျှသည် စိုက်ပျိုးရေးလုပ်ငန်း၌ လည်းကောင်း၊ ဥယျာဉ်လုပ်ငန်း၌လည်းကောင်း အောင်မြင်မှုမရှိနိုင်ပေ။ အပင်ငယ်တိုင်း၏သက်ဆိုင်ရာအထူးလိုအပ်ချက်များကိုလေ့လာရကြမည်။ အပင်များတစ်ခုနှင့်တစ်ခုမတူသကဲ့သို့ သူတို့လိုအပ်သောမြေသြဇာနှင့် စိုက်ပျိုးပုံတို့သည်လည်း မတူကြပေ။ ထိုကြောင့် အပင်အသီးသီးနှင့် သက်ဆိုင်သော ဥပဒေပညတ်များကိုလိုက်နာကျင့်သုံးခြင်းသည် အောင်မြင် ‘ခြင်း၏စည်းကမ်းချက်ဖြစ်သည်။ အပင်ငယ်များကို ပြောင်းရွှေ့ စိုက်ပျိုးသော အခါ ယင်းတို့၏အမြစ်ငယ်များကို ကျပ်တည်းပြွတ်သိပ်နေအောင်မထားရန် သို့တည်းမဟုတ် အမြစ်များအထားမှားခြင်းမရှိစေခြင်း၊ ပင်ပျိုများကို ဂရုတစိုက်ကြည့်ရှုခြင်း၊ အပင်တို့ကိုပြုပြင်ရေလောင်းပေးခြင်း၊ ပေါင်းပင် များရှင်းလင်းပေးခြင်း၊ ရောဂါများနှင့်ပိုးမွှားများတို့၏ရန်မှကာကွယ်ပေးခြင်း၊ အပင်များကိုစနစ်တကျစီစဉ်ထားခြင်းများတို့ကို ဂရုတစိုက်ပြုလုပ်ပေးရန် လိုအပ်ပေသည်။ ယင်းကဲ့သို့ဆောင်ရွက်ခြင်းက အကျင့်စာရိတ္တကြီးထွား ရင့်သန်လာခြင်းနှင့်စပ်ဆိုင်၍ အရေးကြီးသောသင်ခန်းစာများကို သင်ကြား ပေးသည်သာမဟုတ်ဘဲ ယင်းအလုပ်အကိုင်ကိုယ်တိုင်က ယင်းစာရိတ္တ ကြီးထွားရင့်သန်လာမှုအတွက် ဆောင်ရွက်ပေးသောလုပ်ရပ်ဖြစ်သည်။ သတိဝီရိယရှိခြင်း၊ သည်းခံခြင်း၊ အသေးစိတ်ကိုဂရုတစိုက်လုပ်ကိုင်ခြင်း၊ ဥပဒေပညတ်ကိုနာခံခြင်း စသောစိတ်ဓာတ်များကို မွေးမြူကျင့်သုံးခြင်းတို့သည် အထူးလိုအပ်သောအရည်အသွေးကို ပြုပြင်ပေးသည်။ ဘဝအသက်တာ၏ နက်နဲရာများ၊ သဘာဝဓမ္မကြီး၏ မြတ်နိုးဖွယ်ရာများနှင့် ဤဘုရားသခင် ဖန်ဆင်းတော်မူသော လှပသည့်အရာများကို လုပ်ကိုင်ထိန်းသိမ်းထားရာတွင် ကျင့်သုံးရသောကြင်နာမှုများတို့နှင့် အမြဲတမ်းတွေ့ထိမှုသည် နှလုံးသားကို လျင်မြန်ဖျတ်လတ်စေ၍ အကျင့်စာရိတ္တကိုလည်းပြုပြင်ပေးသည်။AH1Burm 179.2

    ဘုရားသခင်သည်သွန်သင်ပြသတော်မူသည် - အာဒံနှင့်ဧ၀တို့ အား ဥယျာဉ်ထိန်းသိမ်းစောင့်ရှောက်နည်းကို သွန်သင်တော်မူသော ကိုယ်တော်ရှင်သည် ယခုလူသားတို့ကိုလည်း သွန်သင်ပေးတော်မူမည်။ ထွန်တုံးနှင့်အပင်ငယ်များကိုကိုင်လျက် မျိုးစေ့ကိုစိုက်ပျိုးသောသူတို့အတွက် ဉာဏ်ပညာထားရှိတော်မူသည်။ မြေကြီးဝမ်းဗိုက်ထဲ၌ဖုံးအုပ်နေသော ရတနာ သိုက်များရှိ၍ မြို့ကြီးပြကြီးများထဲတွင် တစ်ဆုပ်စာမျှသောဝမ်းစာရမှုအတွက် ပြွတ်သိပ်ကျပ်တည်းစွာနေထိုင်လျက်ရှိကြသော ထောင်သောင်းမကသည့် လူတို့အား ယင်းမြေကြီးဝမ်းဗိုက်ထဲ၌ရှိသော ရတနာသိုက်များကိုတူးဖော် ကြစေရန် ဘုရားသခင်သည် အလိုရှိတော်မူပါသည်။ မိမိတို့၏သားသမီး များတို့ကို ကျေးလက်ဒေသသို့ခေါ်ဆောင်နေထိုင်ကြသောသူတို့သည် သားသမီး တို့အား စုံစမ်းသွေးဆောင်ခြင်းနည်းပါးသောအရပ်၌ ထားရှိခြင်းသာဖြစ်သည်။ ဘုရားသခင်ကိုချစ်၍ ကြောက်ရွံ့ ရိုသေကြသောမိဘတို့နှင့် နေထိုင်ကြသော သားသမီးတို့သည် ဉာဏ်ပညာ၏အရင်းမူလဖြစ်သော ခရစ်တော်ဆရာသမား ကြီးထံမှ ဉာဏ်ပညာကိုဆည်းပူးရန် အဘက်ဘက်မှကြည့်လျှင် ကောင်း သောနေရာတွင်ရပ်တည်နေကြသည်။ ကောင်းကင်နိုင်ငံတော်နှင့် သင့်လျော် ထိုက်တန်သောအခြေအနေသို့ရောက်ရှိရန် ပိုမိုကောင်းမွန်သောအခွင့်အရေး ကို ရရှိကြသည်။AH1Burm 180.1

    ဣသရေလပြည်အတွက်ဘုရားသခင်၏စီမံကိန်း — နားမထောင် ခြင်းကြောင့် အာဒံနှင့်ဧဝတို့သည် ဧဒင်အရပ်ကိုဆုံးရှုံးခဲ့ရသည်။ အပြစ် ဒုစရိုက်ကြောင့် မြေကြီးတစ်ပြင်လုံးသည် ကျိန်ခြင်းအမင်္ဂလာကိုခံခဲ့ရသည်။ သို့ရာတွင် ဘုရားသခင်၏လူတို့သည် ကိုယ်တော်ရှင်၏သွန်သင်တော်မူ ချက်ကို လိုက်နာကျင့်သုံးခဲ့လျှင် သူတို့၏နေရပ်ဌာနီတိုင်းပြည်သည် မြေသြဇာထက်သန်၍ လှပသောအခြေအနေသို့ ပြန်လည်ရောက်ရှိလိမ့်မည်။ မြေသြဇာထက်သန်အောင်ပြုပြင်ရာတွင် ဘုရားသခင်ကိုယ်တော်တိုင် သူတို့ကို ညွှန်ကြားချက်ပေးတော်မူခဲ့သည်။ ယင်းမြေဆီမြေနှစ်ကိုနဂိုအခြေအနေသို့ ပြန်လည်ရောက်ရှိရန် ဆောင်ရွက်ရာတွင်သူတို့အနေဖြင့် ဘုရားသခင်နှင့် လက်တွဲဆောင်ရွက်ကြရမည်။ ဤနည်းအားဖြင့် ဘုရားသခင်၏အုပ်ချုပ် ကွပ်ကဲမှုအောက်တွင်ရှိသောမြေယာသည် ဝိညာဉ်ရေးဆိုင်ရာအမှန်တရား၏ လက်တွေ့ သင်ခန်းစာဖြစ်လာမည်။ ကိုယ်တော်ရှင်၏သဘာဝဆိုင်ရာဥပဒေ ပညတ်များကို နာခံသည့်အနေဖြင့် မြေကြီးသည် ယင်းဝမ်းဗိုက်ထဲ၌ရှိသော ရတနာများကို ထုတ်ဖော်ပေးသကဲ့သို့ ကိုယ်တော်ရှင်၏ကျင့်စဉ်ဆိုင်ရာ ဥပဒေပညတ်များကို နာခံကျင့်သုံးခြင်းအားဖြင့် လူတို့၏နှလုံးသားသည် ကိုယ်တော်ရှင်၏စာရိတ္တတော် (သို့မဟုတ်) ဂုဏ်တော်ကိုရောင်ပြန်ဟပ်ရ ကြမည်။AH1Burm 181.1

    နေ့စဉ်ဘဝအသက်တာတွင် ဝိညာဉ်ရေးဆိုင်ရာသင်ခန်းစာများ ကိုရှာဖွေပါ - စိတ်နှလုံးကိုဆွဲဆောင်၍ စိတ်ဝင်စားမှုရှိစေရန် ဘုရားသခင် သည် ကျွန်ုပ်တို့အားလှပသောမြင်ကွင်းများဖြင့် ဝန်းရံထားတော်မူသည်။ သဘာဝဓမ္မကြီး၏မင်္ဂလာများနှင့် ကိုယ်တော်ရှင်၏ဂုဏ်တော်ကိုပေါင်းစပ် ထားရှိကြစေရန် ဘုရားသခင်သည်အလိုရှိတော်မူသည်။ ကျွန်ုပ်တို့သည် သဘာဝဓမ္မကြီးကို သစ္စာရှိစွာဖြင့်လေ့လာလျှင် ဘုရားသခင်၏အနန္တမေတ္တာ တော်နှင့် တန်ခိုးတော်ကို စေ့စေ့စဉ်းစားဆင်ခြင်ရန်အတွက် အကျိုးကျေးဇူး များသောဌာနဖြစ်သည်ကို ကျွန်ုပ်တို့တွေ့ရှိရကြလိမ့်မည်။AH1Burm 182.1

    ခရစ်တော်သည် မိမိ၏သွန်သင်ဆုံးမချက်ကို နားလည်စေရန် နေ့ရက်နှင့်သာမဟုတ်ဘဲ ရက်သတ္တပတ်တွင် လုပ်ကိုင်ရမည့်လုပ်ငန်းနှင့်ပါ တွဲဖက်ထားတော်မူသည်။ ထွန်ယက်စိုက်ပျိုးခြင်းတွင်လည်းကောင်း ရိတ်သိမ်း ခြင်းတွင်လည်းကောင်း စိတ်နှလုံးထဲ၌ ကိုယ်တော်ရှင်ကျေးဇူးတော်၏ ဆောင်ရွက်ချက်ရုပ်ဖော်ထားသည်ကို တွေ့မြင်ကြရန် ကိုယ်တော်ရှင်သည် ကျွန်ုပ်တို့အား သွန်သင်တော်မူရာတိုင်းတို့တွင် ကိုယ်တော်ရှင်၏အမှန်တရား ဆိုင်ရာသင်ခန်းစာတစ်ခုခုကို ကျွန်ုပ်တို့အနေဖြင့် ရှာဖွေတွေ့ရှိကြစေရန် ဘုရားသခင်သည် အလိုရှိတော်မူသည်။ ထိုအခါ ကျွန်ုပ်တို့၏နေ့စဉ် ဆောင်ရွက်ရသောအလုပ်အကိုင်သည် ယင်း၌ကျွန်ုပ်တို့၏စွဲလမ်းမှုနှင့် ဘုရားသခင်ကိုမေ့လျော့နေမှုကိုရှိစေလိမ့်မည်မဟုတ်ဘဲ ကျွန်ုပ်တို့၏ဖန်ဆင်း ရှင်နှင့်ကယ်တင်ရှင်အကြောင်းကို အမြဲတမ်းသတိပေးနေလိမ့်မည်ဖြစ်သည်။ ဘုရားသခင်အကြောင်းစဉ်းစားဆင်ခြင်မှုသည် ရွှေချည်မှုန်ကလေးကဲ့သို့ ကျွန်ုပ်တို့အိုးအိမ်ဆိုင်ရာစိုးရိမ်မှုများနှင့်အလုပ်အကိုင်ကိုထိုးဖောက်၍ တန်ဆာ ဆင်နေမည်ဖြစ်သည်။ ကျွန်ုပ်တို့အတွက် ကိုယ်တော်ရှင်မျက်နှာတော်၏ ဘုန်းတန်ခိုးသည် သဘာဝဓမ္မကြီး၏မျက်နှာပေါ်တွင် ပြန်လည်ကိန်းဝပ် တော်မူလိမ့်မည်။ ကျွန်ုပ်တို့သည် ကောင်းကင်ဆိုင်ရာအမှန်တရား၏သင်ခန်း စာသစ်များကို အမြဲတမ်းသင်ကြားလေ့လာနေရ၍ ကိုယ်တော်ရှင်၏စင်ကြယ် သောပုံသဏ္ဌာန်တော်အတိုင်း ကြီးထွားရင့်သန်လာကြလိမ့်မည်ဖြစ်သည်။AH1Burm 182.2

    တူညီသောပညတ်များက သဘာဝဓမ္မနှင့်လူသားတို့ကိုအုပ်ချုပ် ထားသည် - ဖန်ဆင်းထားတော်မူသော အရာခပ်သိမ်းတို့၌ စကားပြော သောအသံကို သူ့ဓမ္မပရိသတ်တို့ကိုနားထောင်စေခြင်းငှာ ဆရာကြီးအရှင် ခရစ်တော်သခင်သည် သူတို့ကိုသဘာဝဓမ္မနှင့် တွေ့ ထိပေးတော်မူသည်။ သူတို့စိတ်များတို့သည်နူးညွတ်လာ၍ သူတို့၏နှလုံးသားတို့၏ခံယူနိုင်သော သတ္တိရှိလာကြသောအခါ သူတို့တွေ့ မြင်နေသောမြင်ကွင်းများ၏ဝိညာဉ်ရေး ဆိုင်ရာသြဝါဒကို အနက်ပြန်ဆိုနိုင်ရန် သူတို့အားကိုယ်တော်ရှင်ကမစတော် မူသည်။ ကိုယ်တော်ရှင်၏သင်ခန်းစာများတွင် လူတိုင်းအားစိတ်ဝင်စားစေ သောအရာနှင့် နှလုံးသားတိုင်းအား တိုက်တွန်းနှိုးဆော်ပေးသောအရာတစ်ခုခု ပါရှိသည်။ ဤနည်းအားဖြင့် နေ့စဉ်နေ့တိုင်းကိုင်တွယ်လုပ်ကိုင်ရသော အလုပ်အကိုင်သည် ပိုမိုမြင့်မားသောအတွေးအခေါ်များကင်းမဲ့သော လုပ်ငန်း သဘောအနေဖြင့်သာ ရပ်တည်ခြင်းမရှိဘဲ ဝိညာဉ်ရေးဆိုင်ရာနှင့်ပကတိ မျက်စိဖြင့်မတွေ့ မြင်နိုင်သောအရာများ၏အမြဲတစေသတိပေးမှုအားဖြင့် မြင့်မြတ်သောအခြေအနေသို့ရောက်ရှိလာသည်။AH1Burm 183.1

    ယင်းကဲ့သို့ကျွန်ုပ်တို့သွန်သင်ပေးရကြမည်။ ဘုရားသခင်၏မေတ္တာ တော်နှင့်ဉာဏ်ပညာတော်များဖော်ပြထားချက်ကို သားသမီးတို့အား သဘာဝ ဓမ္မတွင်တွေ့မြင်ပါလေစေ။ ကိုယ်တော်ရှင်အကြောင်းနှင့်ပတ်သက်သော အတွေးအခေါ်ကို ငှက်များ၊ ပန်းပင်များ၊ သစ်ပင်များတို့နှင့်ဆက်သွယ်ထား ပါလေ။ သူတို့အတွက် သူတို့တွေ့ မြင်ပြီးသောအရာတို့သည် မျက်မြင်ဒိဌ မဟုတ်သောအရာတို့ကို ဖော်ပြသောအရာများဖြစ်ပါလေစေ။ ဘဝအသက်တာ ၏အဖြစ်အပျက်အလုံးစုံတို့သည် ဘုရားသခင်သွန်သင်ပေးရာဌာနများဖြစ် လာပါလေစေ။AH1Burm 183.2

    ဤနည်းအားဖြင့် သူတို့သည် ဖန်ဆင်းထားတော်မူသော အရာ ခပ်သိမ်းနှင့် ဘဝအသက်တာ၏အလုံးစုံသောအတွေ့အကြုံများ၌ပါရှိသော သင်ခန်းစာများကိုလေ့လာကြသောအခါ သဘာဝဓမ္မကြီးနှင့်ဘဝအသက်တာ ၏အဖြစ်အပျက်များကို အုပ်ထိန်းထားသောပညတ်များကို သင်တို့တွေ့ရှိ လိမ့်မည်။ ကျွန်ုပ်တို့အားချုပ်ကိုင်ထားစေရန် ကျွန်ုပ်တို့၏ကောင်းကျိုး အတွက် ယင်းပညတ်များကိုပေးထားကြောင်း ယင်းပညတ်များကို နာခံ ကျင့်သုံးမှသာလျှင် ကျွန်ုပ်တို့သည် စစ်မှန်သောပျော်ရွှင်မှုနှင့်အောင်မြင်မှ တို့ကို ရရှိနိုင်မည်ဖြစ်ကြောင်းတို့ကို တွေ့ရှိလိမ့်မည်။AH1Burm 183.3

    ထွန်ယက်စိုက်ပျိုးရေးတွင် လက်တွေ့ သင်ခန်းစာများသင်ကြား ပို့ချပေးပါ - ကြီးထွားရင့်သန်လာစေသော နည်းအမျိုးမျိုးနှင့်ပတ်သက် ၍ မရေမတွက်နိုင်သောသင်ခန်းစာများကို သင်ကြားပို့ချရာတွင် အဖိုးအထိုက် ဆုံးသင်ခန်းစာအချို့တို့ကို မျိုးစေ့စိုက်ပျိုးမှုဆိုင်ရာ ကယ်တင်ရှင်၏ဥပမာ တွင်တွေ့ရှိရသည်။ ယင်းဥပမာသည် လူကြီးလူငယ်တို့အတွက် သင်ခန်းစာ များနှင့်ပြည့်နှက်နေလျက်ရှိသည်။AH1Burm 184.1

    မျိုးစေ့ပေါက်ပွားလာခြင်းသည် ဝိညာဉ်ရေးဆိုင်ရာဘဝအသက်တာ ၏အစပြုခြင်းကိုပုံဆောင်၍ အပင်ငယ်ကလေးကြီးထွားရင့်သန်လာမှုသည် စာရိတ္တကြီးထွားရင့်သန်လာမှုကိုပုံဆောင်သည်။ ဤသင်ခန်းစာများကို ဆရာ သမားများနှင့်မိဘတို့က သင်ကြားပို့ချကြသောအခါ . ယင်းပို့ချချက်ကို လက်တွေ့ သဘောဖြစ်စေရမည်။ သားသမီးများကိုယ်တိုင် စိုက်ပျိုးမည့်မြေ ကိုပြင်ဆင်၍ မျိုးစေ့ကိုသူတို့ကိုယ်တိုင်စိုက်ပါလေစေ။ သူတို့လုပ်ကိုင်ကြ သောအခါ မိဘ (သို့မဟုတ်) ဆရာဖြစ်သူက ကောင်းသောမျိုးစေ့ (သို့မဟုတ်) ဆိုးသောမျိုးစေ့ကိုစိုက်ပျိုးသော စိတ်နှလုံးဥယျာဉ်အကြောင်းကိုလည်းကောင်း၊ ဓမ္မတာမျိုးစိုက်ပျိုးရန် ဥယျာဉ်ကိုလိုအပ်သလို ပြင်ဆင်သကဲ့သို့ သမ္မာတရား မျိုးစေ့စိုက်ပျိုးရန်အတွက် စိတ်နှလုံးကိုပြင်ဆင်ပေးရမည်ဖြစ်ကြောင်းကို လည်းကောင်း ရှင်းလင်းပြသရမည်။ တစ်ကြိမ်တစ်ခါသီးနှံများရိတ်သိမ်းရ မည်ဟူသော မျှော်လင့်ချက်ဖြင့် မည်သူမျှမြေရိုင်းမြေကွက်ပေါ်၌ စိုက်ပျိုး လိမ့်မည်မဟုတ်ပေ။ မြေကြီးကိုပြင်ဆင်သောအခါ၌ဖြစ်စေ၊ မျိုးစေ့စိုက်ပျိုး သောအခါ၌ဖြစ်စေ၊ သီးနှံကြီးထွားရင့်သန်လာသောအချိန်၌ဖြစ်စေ ကြိုးစား ၍ ဝီရိယရှိစွာဖြင့်ကြိုးစား၍လုပ်ကိုင်ဆောင်ရွက်ရမည်။ ဝိညာဉ်ရေးဆိုင်ရာ စိုက်ပျိုးလုပ်ကိုင်ရာတွင်လည်း ယင်းနည်းအတိုင်း ဆောင်ရွက်ရကြမည်။AH1Burm 184.2

    မှားယွင်းသောအကျင့်ဓလေ့များကို ပေါင်းပင်ကဲ့သို့တွေ့မြင်ရ မည် - ဖြစ်နိုင်လျှင် နေအိမ်ကိုသားသမီးများထွန်ယက်စိုက်ပျိုးရန် မြေကွက် မရှိသောမြို့ ကြီးပြကြီးအပြင်ဘက်တွင် ဆောက်လုပ်ထားသင့်ပေသည်။ သူတို့အား မြေတစ်ကွက်စီပေးထားပါ။ သူတို့အားဥယျာဉ်စိုက်ပျိုးနည်းကို လည်းကောင်း၊ မျိုးစေ့စိုက်ပျိုးရန်အတွက် မြေကြီးကိုပြင်ဆင်သောနည်းကို လည်းကောင်း၊ ပေါင်းပင်ရှိသမျှကိုနုတ်ပစ်ရန် အရေးကြီးကြောင်းကိုလည်း ကောင်း သွန်သင်သောအခါ ဘဝအသက်တာမှမြင်မကောင်းရှုမကောင်းဖြစ် ၍ ဖျက်ဆီးတတ်သောအကျင့်ဓလေ့များကို ဖယ်ရှားပစ်ရန် မည်မျှလောက် အရေးကြီးကြောင်းကိုလည်း သင်ကြားပို့ချပေးပါ။ သူတို့၏ဥယျာဉ်များ၌ ပေါင်းပင်များကိုနုတ်ပစ်ရသကဲ့သို့ မှားယွင်းဆိုးညစ်သောအကျင့်ဓလေ့များ ကို သူတို့ဘဝအသက်တာမှ သုတ်သင်ပယ်ရှားပစ်ရန် သွန်သင်ပေးပါ။ ဤသင်ခန်းစာများကိုသွန်သင်ပေးရန် အချိန်ကြာမည်ဖြစ်သော်လည်း အမျိုး များစွာဖြစ်ထွန်းမည်မှာ မြေခတ်မလွဲပင်။AH1Burm 185.1

    အိမ်ပတ်ဝန်းကျင်တို့သည် ကျွန်ုပ်တို့၏ယုံကြည်ချက်များကို သရုပ်ဖော်ရမည် - မိဘတို့သည် သူတို့ယုံကြည်သောသမ္မာတရားနှင့် ညီလျော်သော အခြေအနေမျိုးကို သူတို့အိမ်ဂေဟာများ၏ ပတ်ဝန်းကျင်များ ၌ သရုပ်ဖော်ရမည့်တာဝန်ကို ဘုရားသခင်အတွက်ထမ်းဆောင်ကြရမည်။ ထိုအခါ သူတို့၏သားသမီးများအား မှန်ကန်သောသင်ခန်းစာများကို သင်ကြား ပေးနိုင်မည်ဖြစ်ပြီး၊ သားသမီးများအနေဖြင့်လည်း မြေကြီးပေါ်၌ရှိသော အိမ်ဂေဟာကို အထက်ကောင်းကင်၌ရှိသောအိမ်ဂေဟာနှင့်ဆက်သွယ်ထားမှု ရှိရန် သင်ကြားသိရှိလိမ့်မည်ဖြစ်သည်။ ဤလောက၌ရှိသောအိမ်ထောင်သည် တတ်နိုင်သရွေ့ ကောင်းကင်ဘုံ၌ရှိသောအိမ်ထောင်၏ပုံစံဖြစ်ရမည်။ ထိုအခါ ယုတ်ညံ့၍ မဖွယ်ရာသောစုံစမ်းသွေးဆောင်ခြင်းမျိုးကို လိုက်စားလိုသော စိတ်ဆန္ဒသည် အားအင်ဆုတ်ယုတ်သွားလိမ့်မည်။ ဤလောက၌ရှိစဉ် သားသမီးတို့သည် အစမ်းခန့်သဘောမျိုးဖြင့် ဤဘဝအသက်တာ၌ကျင်လည် နေကြောင်းကိုလည်းကောင်း၊ ကိုယ်တော်ကိုချစ်၍ ကိုယ်တော်၏ပညတ်တော် များကို စောင့်ရှောက်ကြသောသူတို့အတွက် ခရစ်တော်ပြင်ဆင်နေတော်မူ သော နေစရာအခန်းများတို့တွင် နေထိုင်ရမည့်သူများဖြစ်လာစေရန် သူတို့ အားပညာများသင်ကြားပို့ချပေးနေရကြောင်းကိုလည်းကောင်း သူတို့အား သွန်သင်ပေးရမည်။ ဤကဲ့သို့ပြုလုပ်ခြင်းသည် မိဘတို့အနေဖြင့် လုပ်ဆောင် ရန်အမြင့်ဆုံးသောတာဝန်ဖြစ်သည်။AH1Burm 185.2

    မိဘတို့၊ မြို့၏ဆင်ခြေဖုံးနေရာများတွင်နေထိုင်ပါ - ကျွန်ုပ် တို့အသင်းသူအသင်းသားများတို့အား စကားပြောရန်စွမ်းရည်ကို ကျွန်ုပ်တို့ အားပေးထားတော်မူသမျှကာလပတ်လုံး မြို့ကြီးပြကြီးတို့မှထွက်၍ မြေကြီး ကိုထွန်ယက်နိုင်၍ စင်ကြယ်သန့်ရှင်းမှုနှင့်ရိုးသားမှုများတည်းဟူသော သင်ခန်းစာများကိုရယူနိုင်သော ဓမ္မတာလောကကြီးရှိရာမြို့၏ဆင်ခြေဖုံးဒေသ များသို့ ပြောင်းရွှေ့ နေထိုင်ကြရန် ကျွန်ုပ်သည် အမြဲတစေတိုက်တွန်းနေမည် ဖြစ်သည်။ သဘာဝဓမ္မကြီး၌ရှိနေကြသောအရာများတို့သည် ဘုရားသခင်၏ အသံမထွက်သောဓမ္မဆရာများဖြစ်၍ ဝိညာဉ်ရေးဆိုင်ရာသမ္မာတရားများကို ကျွန်ုပ်တို့အားသင်ကြားပို့ချပေးစေရန် ကျွန်ုပ်တို့အားပေးထားတော်မူသည်။ ယင်းသဘာဝဓမ္မကြီး၌ရှိသောအရာတို့သည် ဘုရားသခင်၏မေတ္တာတော်ကို ကျွန်ုပ်တို့အားကြားပြော၍ ပန်းချီဆရာကြီးအဖခမည်းတော်၏ဉာဏ်ပညာ တော်ကိုလည်း ကြေညာကြလေသည်။AH1Burm 186.1

    ကျွန်ုပ်သည် လှပသောပန်းများကိုနှစ်ခြိုက်သည်။ သူတို့သည် ဧဒင် ဥယျာဉ်ကိုသတိရစေ၍ သစ္စာရှိလျှင်ကျွန်ုပ်တို့အနေဖြင့် များမကြာမီဝင်စား ရမည့်မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနိုင်ငံတော်ကို ညွှန်ပြကြသည်။ ပန်းများ နှင့်သစ်ပင်တို့၌ရှိသော ကျန်းမာမှုကိုဖြစ်စေသောစွမ်းရည်များကိုသိရှိစေရန် ဘုရားသခင်ကိုယ်တော်တိုင်သည် ကျွန်ုပ်တို့၏စိတ်နှလုံးကို ပို့ဆောင်လမ်းပြ ပေးနေတော်မူပါသည်။AH1Burm 186.2