Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    အခန်း ၄၇—မိခင်တို့အတွက်ခရစ်တော်၏အားပေးစကား

    ယေရှုရှင်သည် ကလေးသူငယ်များတို့ကိုကောင်းချီးပေးတော် မူ၏ - ခရစ်တော်၏လက်ထက်တွင် ကိုယ်တော်ရှင်အားကလေးသူငယ် များကိုကောင်းချီးပေးရန် မိခင်တို့သည် သူတို့၏သားငယ်ရင်သွေးများကို ကိုယ်တော်ရှင်ထံတော်သို့ခေါ်ဆောင်လာခဲ့တတ်ကြသည်။ ယင်းကဲ့သို့ပြုလုပ် ခြင်းအားဖြင့် မိဘတို့သည် ယေရှုရှင်ကိုယုံကြည်ကြောင်းပြသကြသည်သာ မက သူတို့ကြည့်ရှုပြုစုရန် သူတို့၏လက်သို့အပ်နှင်းထားသော သားငယ် ရင်သွေးတို့၏ပစ္စုပ္ပန်နှင့်အနာဂတ်ကာလကောင်းစားရေးအတွက် သူတို့၌ ပြင်းပြသောဆန္ဒရှိကြောင်းကိုလည်း ပြသကြသည်။ ယင်းကလေးသူငယ် များကို ဂရုတစိုက်ရှိရကောင်းလားဟူသောသဘောနှင့် မလိုအပ်သောဝင်ရောက် စွက်ဖက်မှုမျိုးဖြင့် တပည့်တော်များသည် ယင်းကလေးများ၏မိဘများအား ထွက်သွားစေရန်ပြောကြားကြသောအခါ ကိုယ်တော်ရှင်သည် သူတို့အား ဆုံးမလျက် ယင်းကလေးသူငယ်များကိုပွေ့ပိုက်လာသောမိခင်တို့အား အထံ တော်သို့ချဉ်းကပ်နိုင်စေရန် လမ်းဖယ်ပေးဖို့လူထုပရိသတ်တို့အား မိန့်တော် မူသည်။ ကိုယ်တော်ရှင်က “သူငယ်တို့ငါ့ထံတော်သို့လာသည်ကိုမဆီးတား ကြနှင့်။ ကောင်းကင်နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်သည်” ဟု မိန့်တော်မူလိုက်သည်။AH1Burm 365.1

    မိခင်များတို့သည် ဖုန်ထူထပ်သောလမ်းများကိုကျော်၍ ကယ်တင်ရှင် အထံတော်သို့ချဉ်းကပ်ကြသောအခါ သူတို့၏သားငယ်ရင်သွေးများအတွက် တိတ်ဆိတ်စွာပတ္ထနာပြုကြသောအချိန်တွင် မျက်ရည်များကဆင်း၍ တုန်လှုပ် နေသောနှုတ်ခမ်းများကို ကိုယ်တော်ရှင်သည် တွေ့မြင်တော်မူသည်။ တပည့် တော်များ၏ပြစ်တင်ပြောဆိုသံကို ကိုယ်တော်ရှင်သည်ကြားတော်မူ၍ သူတို့ ၏အမိန့်ပေးချက်နှင့်ဆန့်ကျင်ဘက်ဖြစ်သောအမိန့်တော်ကို ပေးတော်မူခဲ့သည်။ ကိုယ်တော်ရှင်၏မဟာကရုဏာတော်နှင့်ပြည့်ဝသောနှလုံးသားသည် ကလေး သူငယ်များကိုလက်ခံရန် ပွင့်လျက်ရှိတော်မူသည်။ ကလေးသူငယ်များ တစ်ယောက်ပြီးတစ်ယောက်ပွေ့ပိုက်လျက် ကောင်းချီးပေးနေတော်မူစဉ် တစ်ဦးသောကလေးက ရင်ခွင်တော်တွင်အိပ်မောကျနေသည်။ မိခင်များတို့ အား သူတို့လုပ်ကိုင်ရသောလုပ်ငန်းနှင့်ပတ်သက်၍ ယေရှုရှင်ကအားပေး စကားမိန့်ကြားတော်မူသောအခါ သူတို့သည် ဘယ်မျှလောက်စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်သွားကြသနည်း။ ယင်းမေ့နိုင်ဖွယ်ရာမရှိသောအချိန်အခါ ကို ပြန်လည်ကြည့်ရှုသုံးသပ်ကြသောအခါ သူတို့သည် ယေရှုရှင်လက်တွေ့ ပြသခဲ့သောကောင်းမြတ်ခြင်းနှင့်ကရုဏာအတွက် ဘယ်မျှလောက်ဝမ်းမြောက် ဝမ်းသာဖြစ်ကြသနည်း။ ကိုယ်တော်ရှင်၏နှုတ်တော်မှထွက်ပေါ်လာခဲ့သော ဝန်ထုပ်ကိုဖယ်ရှားပစ်၍ သူတို့အားအသစ်သောမျှော်လင့်ချက်နှင့်ခွန်အားကို ပေးလေသည်။ မောပန်းခြင်းသည် လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။AH1Burm 365.2

    ဤသင်ခန်းစာသည် ခေတ်အမျိုးမျိုး၌ရှိသောမိခင်များအတွက် အားတက်ဖွယ်ကောင်းသော သင်ခန်းစာဖြစ်သည်။ သူတို့သည် အတတ်နိုင် ဆုံးနှင့်အကောင်းဆုံးလုပ်ဆောင်ပြီးနောက် သူတို့၏သားသမီးများကောင်းစား ရေးအတွက်ဆောင်ရွက်နိုင်သည်။ သူတို့အားယေရှုရှင်ထံတော်သို့ ပို့ဆောင် ပေးနိုင်သည်။ မိခင်၏ရင်ခွင်၌ရှိသော ကလေးသူငယ်များပင် ကိုယ်တော် ၏ရှေ့တော်တွင် အဖိုးတန်လှသည်။ သူမပေးကမ်းနိုင်သောအကူအညီ၊ မကမ်း လှမ်းနိုင်သောကျေးဇူးကရုဏာအတွက် သူမသည် မျှော်လင့်တောင့်တ၍ သူမကိုယ်တိုင်နှင့်သားသမီးများကို ခရစ်တော်၏ကရုဏာတော်နှင့်ပြည့်ဝသော လက်မောင်းတော်များသို့အပ်နှံသောအခါ ... ကိုယ်တော်ရှင်သည်လက်ခံ၍ ကောင်းချီးပေးတော်မူမည်။ ကိုယ်တော်သည်ငြိမ်သက်ခြင်း၊ မျှော်လင့်ခြင်း နှင့်ပျော်ရွှင်ခြင်းတို့ကို မိခင်နှင့်ကလေးတို့အားပေးတော်မူသည်။ ဤအဖိုးတန် လှသောအခွင့်အရေးကို မိခင်အားလုံးတို့အား ယေရှုရှင်ကခွင့်ပြုပေးကမ်း တော်မူမည်။AH1Burm 366.1

    ယေရှုရှင်သည်မိခင်တို့အားဖိတ်မန္တကပြုတော်မူလျက်ရှိသည် - ကောင်းကင်ဘုံရှင်အနန္တတန်ခိုးတော်ရှင်က “သူငယ်တို့ငါ့ထံသို့လာသည်ကို မဆီးတားကြနှင့်၊ ကောင်းကင်နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံ ဖြစ်သည်” ဟု မိန့်ကြားတော်မူခဲ့သည်။ ယေရှုရှင်သည် ကလေးသူငယ် တို့အား ကျမ်းပြုဆရာများထံကိုလည်း စေလွှတ်တော်မမူပေ။ ဖာရိရှဲထံကို လည်းစေလွှတ်တော်မမူပေ။ အဘယ်ကြောင့် ဤပုဂ္ဂိုလ်ကြီးများက ကလေး သူငယ်တို့၏မိတ်ဆွေတော်ကြီးများဖြစ်သော ယေရှုရှင်ကိုငြင်းပယ်ရန် သွန်သင် ပေးကြလိမ့်မည်ကို ကိုယ်တော်ရှင်သည် သိရှိတော်မူသည်။ ယေရှုထံတော် သို့ မိမိတို့၏ကလေးသူငယ်များကိုယူဆောင်လာသောမိခင်တို့သည် မိမိတို့၏ သားသမီးတို့ကို ခရစ်တော်ထံသို့ယူဆောင်လာကြပါလေစေ။ ဧဝံဂေလိတရား တော်ကိုဟောပြောကြသောဓမ္မဆရာတို့သည် ကလေးသူငယ်များအားပွေ့ချီ ၍ ယေရှုရှင်၏နာမတော်အားဖြင့် ကောင်းချီးပေးကြပါစေ။ နုနယ်သော ရတနာကလေးများတို့အား နူးညံ့သိမ်မွေ့၍ မေတ္တာနှောသောစကားများကို ပြောပါ။ အဘယ်ကြောင့်ဆိုသော် ယေရှုရှင်သည် သိုးစုမှသိုးငယ်များကို ပွေ့ချီ၍ ကောင်းချီးပေးတော်မူခဲ့သည်။AH1Burm 367.1

    မိခင်တို့သည် မိမိတို့၏ပြဿနာများနှင့်အတူတကွ ယေရှုရှင်ထံသို့ ချဉ်းကပ်ပါလေစေ။ သူတို့၏သားသမီးများအား အုပ်ချုပ်ကွပ်ကဲရာတွင် သူတို့ကို ကူမည့် လုံလောက်သောကျေးဇူးတော်ကို တွေ့ရှိကြလိမ့်မည်။ ကယ်တင်ရှင်၏ခြေရင်းတော်၌ မိမိ၏ဝန်ထုပ်များကိုချထားမည့်မိခင်တိုင်း အတွက် တံခါးများသည်ဖွင့်ထားလျက်ရှိသည်။ ကိုယ်တော်ရှင်၏ကောင်းချီး မင်္ဂလာများကိုခံစားစေရန် မိမိတို့၏သားငယ်သမီးငယ်များကို ကိုယ်တော်ရှင် ထံတော်သို့ပို့ဆောင်ရန် ကိုယ်တော်ရှင်သည်မိခင်များအား ယခုတိုင်အောင် ခေါ်ဖိတ်လျက်ရှိသေးပါသည်။ မိခင်၏ရင်ခွင်၌ပိုက်ထားသောကလေးသူငယ် သည်ပင် ဆုတောင်းပတ္ထနာပြုသော မိခင်၏ယုံကြည်ခြင်းအားဖြင့် အနန္တ တန်ခိုးရှင်၏အရိပ်တွင် ခိုလှုံနေနိုင်သည်။ နှစ်ခြင်းဆရာယောဟန်သည် မွေးစကပင်သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက်ရှိသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့လျှင် ကျွန်ုပ်တို့၏သားငယ်ရတနာများကို သူတို့၏အစောဆုံးအချိန်ကပင် သူတို့အားသန့်ရှင်းသောဝိညာဉ်၏ပုံသွင်းမှ ကိုခံစားစေရန် မျှော်လင့်နိုင်ကြသည်။AH1Burm 367.2

    ကလေးငယ်တို့၏နှလုံးသားများသည်သိမှတ်လွယ်ကြသည် - ခရစ်တော်ဘုရားသည် မိမိကိုယ်ကိုဂုဏ်မဲ့သောသူ၊ နွမ်းပါးသောသူ၊ စိတ် ဒုက္ခကိုယ်ဒုက္ခရောက်သောသူတို့နှင့်ထပ်တူဖြစ်ကြောင်းကို ပြတော်မူသည်။ ကိုယ်တော်ရှင်သည် ကလေးသူငယ်များကိုပွေ့ ချီတော်မူလျက် ကလေးတို့၏ အဆင့်အတန်းသို့သက်ဆင်းတော်မူသည်။ ကိုယ်တော်ရှင်၏အနန္တမေတ္တာ ဖြင့်ပြည့်ဝသောနှလုံးသားသည် သူတို့၏စုံစမ်းနှောင့်ယှက်မှုများနှင့် လိုအပ် ချက်များကိုနားလည်တော်မူ၍ သူတို့၏ပျော်ရွှင်မှုကို နှစ်သက်သဘောကျ တော်မူသည်။ လူနေထူထပ်သောမြို့ကြီး၏ဆူညံသောအသံဗလံတို့နှင့်ရှုပ်ထွေး မှုတို့ကြောင့် မောပန်းလျက်ကောက်ကျစ်စဉ်းလဲ၍ အပြစ်ရှာတတ်သောသူတို့ နှင့်ဆက်သွယ်မှုကြောင့် ငြီးငွေ့ နေတော်မူသော ကိုယ်တော်ရှင်သည် အပြစ် ကင်းမဲ့သောကလေးသူငယ်တို့၏အသိုက်အဝန်းတွင် စိတ်ငြိမ်သက်ချမ်းသာ မှုကို ကိုယ်တော်ရှင်သည် တွေ့ရှိတော်မူသည်။ ကိုယ်တော်ရှင်၏ မျက်မှောက်တော်ကလေးသူငယ်တို့အား ဘယ်အခါမျှမောင်းနှင်ပစ်ခြင်းမရှိပေ။ ကောင်းကင်ဘုံရှင်အနန္တဘုန်းတော်သခင်သည် ကလေးသူငယ်တို့၏အသိဉာဏ် နှင့်ဆီလျော်သော ပြောကြားချက်များကိုပေးရန်လည်းကောင်း၊ ကိုယ်တော်ရှင် သည် သင်ကြားပေးလိုတော်မူသောသင်ခန်းစာများကို လွယ်ကူစေရန်လည်း ကောင်း ကိုယ်တော်ရှင်သည် ကလေးသူငယ်တို့၏နုနယ်၍တိုးချဲ့လျက်ရှိ သော စိတ်မြေသြဇာတွင် သူတို့၏ရင့်ရော်ကြီးထွားလာသောအရွယ်များတွင် ပေါက်ရောက်လာလျက် များစွာသောအသီးအနှံများကို ရိတ်သိမ်းစေမည့် အမှန်တရားမျိုးစေ့များကို ကိုယ်တော်ရှင်သည် စိုက်ပျိုးတော်မူခဲ့သည်။AH1Burm 368.1

    ကဖိုလ် ယင်းကလေးသူငယ်တို့သည် ကိုယ်တော်ရှင်၏အကြံပေးစကားကို လက်ခံ၍ ကိုယ်တော်ရှင်အား သူတို့၏ကယ်တင်ရှင်အနေဖြင့်လက်ခံမည်ကို လည်းကောင်း၊ လောကီပညာတတ်များနှင့် စိတ်နှလုံးခိုင်မာသောသူတို့သည် ကိုယ်တော်ရှင်၏နောက်တော်သို့လိုက်မည့်လက္ခဏာမရှိဘဲ ဘုရားသခင်၏ နိုင်ငံတော်သို့ဝင်စားခွင့်လည်း ရကြမည်မဟုတ်ကြောင်းကိုလည်းကောင်း ကိုယ်တော်ရှင်သည်သိရှိတော်မူသည်။ ကိုယ်တော်ရှင်ထံတော်သို့ချဉ်းကပ်၍ ကိုယ်တော်ရှင်၏အကြံပေးစကားတော်နှင့် ကောင်းချီးမင်္ဂလာကိုလက်ခံခြင်း အားဖြင့် ဤကလေးသူငယ်တို့သည် သူတို့၏နုနယ်ပျော့ပျောင်းသောစိတ် များတွင် ဘယ်အခါမျှပယ်ဖျက်၍မရနိုင်သော ကိုယ်တော်ရှင်၏ပုံသဏ္ဌာန် တော်နှင့် ကျေးဇူးတော်ကြွယ်ဝသောမိန့်တော်မူချက်များကို တံဆိပ်ရိုက်နှိပ် ထားပြီးဖြစ်သည်။ ဤခရစ်တော်၏အပြုအမူမှ ကျွန်ုပ်တို့ရယူနိုင်သော သင်ခန်းစာမှာ ငယ်ရွယ်သောသူတို့၏နှလုံးသားများသည် ခရစ်ယာန်ဘာသာ အယူဝါဒဆိုင်ရာ သင်ကြားပို့ချချက်များကို ခံယူမှတ်သားထားလွယ်ခြင်း၊ ဘုရားတရားရိုသေကိုင်းရှိုင်းမှုနှင့် ကျင့်ကောင်းသီလများကျင့်သုံးမှုရှိစေရန် ဆွဲဆောင်ဖို့ခဲယဉ်းခြင်းမရှိခြင်းနှင့် လက်ခံရရှိထားပြီးဖြစ်သောအရာများကို ထိန်းသိမ်းထားရန် ခွန်အားရှိခြင်းတို့ဖြစ်သည်။AH1Burm 369.1

    သူငယ်တို့ငါ့ထံသို့လာသည်ကို မဆီးတားကြနှင့်။ ကောင်းကင် နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ဖြစ်သည်။ ဤမွန်မြတ်လှသော မိန့်တော်မူချက်များကို မိခင်များသာမဟုတ်ဘဲ ဖခင်တိုင်းနှလုံးသွင်းထား ရမည်။ မိမိတို့၏သားသမီးများကို ကိုယ်တော်ရှင်၏မျက်မှောက်တော်သို့ သွတ်သွင်းပေး၍ ခမည်းတော်ဘုရားသည် ကိုယ်တော်ရှင်၏ကောင်းချီးမင်္ဂလာ များကို ယင်းသားသမီးတို့ကိုယ်စားပြုသော အိမ်ထောင်များပေါ်သို့သက်ရောက် စေရန်၊ ခရစ်တော်၏နာမတော်ကိုအမှီပြု၍ ဆုတောင်းပတ္ထနာပြုကြရန် ယင်း မိန့်တော်မူချက်များသည် မိဘတို့အတွက်အားပေးတိုက်တွန်းချက်ရှိသည်။ မိဘတို့ကအချစ်ဆုံးဖြစ်သောကလေးသူငယ်များသာမဟုတ်ဘဲ ဂရုတစိုက် သွန်သင်ဆုံးမမှုနှင့် ကြင်နာသောလမ်းပြပို့ဆောင်မှုကိုလိုအပ်နေသော ဆိုးပေ ကလေးများကိုပါ အထူးဂရုစိုက်၍ ထိန်းသိမ်းကြည့်ရှုပြုစုကြရမည်။AH1Burm 369.2

    Larger font
    Smaller font
    Copy
    Print
    Contents