Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၁၄—စစ်မှန်သောပြောင်းလဲမှုလိုအပ်ခြင်းတဲ့လူ

    ဘာသာအယူဝါဒသည် အိမ်ထောင်၏ပျော်ရွှင်မှုကိုမုချဖြစ် စေသည် - အိမ်ထောင်၏ဘာသာရေးအယူဝါဒသည် အံ့သြဖွယ်ဖြစ်သော တန်ခိုးအာနိသင်ဖြစ်သည်။ ခင်ပွန်းဖြစ်သူနှင့်ဇနီးဖြစ်သူတို့၏တစ်ဦးနှင့် တစ်ဦးအပြန်အလှန်ဆက်ဆံမှုသည် အိမ်ထောင်၏ဘဝအသက်တာကို ကောင်းကင်၌ရှိသော အိမ်ထောင်ကဲ့သို့ဝင်ရောက်မှုအတွက် ပြင်ဆင်ပေး သည့်ဌာနဖြစ်စေလိမ့်မည်။AH1Burm 110.1

    ခရစ်တော်၏မေတ္တာတော်ဖြင့်ပြည့်ဝနေသော စိတ်နှလုံးများတို့သည် ဘယ်အခါမျှတစ်ခုနှင့်တစ်ခုအလှမ်းဝေးသောနေရာ၌ ရပ်တည်နေခြင်းမရှိပေ။ ဘာသာအယူဝါဒသည်ချစ်ခြင်းဖြစ်၏။ ခရစ်ယာန်အိမ်ထောင်ဆိုသည်မှာ မေတ္တာစိုးမိုးရာဌာနဖြစ်၍ ယင်းမေတ္တာ၏လုပ်ဆောင်ချက်ကို အပြောအဆို များတွင်လည်းကောင်း၊ ဆင်ခြင်ထောက်ထားကြင်နာသောအပြုအမူများနှင့် ကြင်နာနူးညံ့သိမ်မွေ့၍ ယဉ်ကျေးစွာအကျိုးဆောင်ခြင်းများတွင်လည်းကောင်း လှုပ်ရှားနေသည်ကို တွေ့မြင်နိုင်သည်။AH1Burm 110.2

    အိမ်ထောင်များတွင် ဘာသာအယူဝါဒကိုင်းရှိုင်းမှုလိုအပ်နေသည်။ ယင်းကသာလျှင် လင်မယားဘဝတွင် တစ်ဦးပေါ်တစ်ဦးစိတ်နာကြည်းမှု ရှိစေသောအမှားအယွင်းများကို ကာကွယ်တားဆီးထားနိုင်သည်။ ခရစ်တော် အရှင်စိုးမိုးသောနေရာမှသာလျှင် နက်ရှိုင်း၊ စစ်မှန်၍ အတ္တစိတ်ကင်းသော မေတ္တာရှိနိုင်သည်။ ထိုစိုးမိုးမှုရှိမှသာလျှင် ဝိညာဉ်တစ်ခုနှင့်တစ်ခု ချည်နှောင် ပတ်ရစ်ထားခြင်းရှိနိုင်၍ အသက်နှစ်ချောင်းသည် ညီညွတ်စည်းလုံးမှုရှိကြ လိမ့်မည်။ ယင်းအိမ်ထောင်များတွင် ကောင်းကင်တမန်ဧည့်သည်တော်များ ဝင်ရောက်သွားလာမှုရှိ၍ ယင်းတို့၏နိုးကြားစွာစောင့်ထိန်းမှုက လင်မယား နေထိုင်ရာအခန်းကို စင်ကြယ်စေလိမ့်မည်။ ယုတ်ညံ့သောကာမဂုဏ်ခံစားမှု ကိုရှောင်ရှားလိမ့်မည်။ စိတ်ကူးအကြံအစည်ရှိသမျှသည် ဘုရားသခင်ကိန်းဝပ် တော်မူရာအထက်အရပ်သို့ ဦးတည်လိမ့်မည်။ ကိုယ်တော်ရှင်ကိုသာလျှင် ဆုတောင်းပတ္ထနာပြုလိမ့်မည်။AH1Burm 110.3

    ခရစ်တော်ကိန်းဝပ်တော်မူသောအိမ်ထောင်တိုင်းတွင် အိမ်ထောင် သားတို့သာ တစ်ဦး၏ကိစ္စတွင်တစ်ဦးကစိတ်ဝင်စားကြောင်း၊ တစ်ဦးက တစ်ဦးကိုချစ်ကြောင်း လက်တွေ့ ပြသကြလိမ့်မည်။ ယုယစွာချော့မော့ပြောဆို သောအခါ၌သာလျှင် တွေ့ရှိရသောပြောက်ကျားမေတ္တာမျိုးမဟုတ်ဘဲ နက်ရှိုင်း ၍တည်မြဲသော မေတ္တာမျိုးဖြစ်သည်။AH1Burm 111.1

    ခရစ်ယာန်အယူဝါဒသည် အုပ်ထိန်းသောဩဇာသက်ရောက်မှု ဖြစ်ရမည်။ လင်မယားဘဝအပေါ်တွင် ခရစ်ယာန်အယူဝါဒက အုပ်ထိန်း သောသြဇာသက်ရောက်မှုရှိသင့်ပေသည်။ သို့ရာတွင် ယင်းလင်မယားဘဝ သို့ ပို့ဆောင်ပေးခဲ့သောရည်စူးချက်တို့သာ အများအားဖြင့် ခရစ်ယာန်ကျင့်စဉ် များနှင့် မညီလျော်ပေ။ စာတန်သည် ဘုရားသခင်၏လူတို့အား သူ့ဘက် တော်သားများနှင့် အိမ်ထောင်ပြုစေခြင်းအားဖြင့် သူတို့အပေါ်တွင် သူ့တန်ခိုး အာနိသင်၏အုပ်စီးထားမှုကို ခိုင်မြဲတည်တံ့အောင် အမြဲတမ်းကြိုးပမ်းလျက် ရှိသည်။ ယင်းကြိုးပမ်းမှုအောင်မြင်စေရန်လည်း ဘုရားသခင်၏လူတို့စိတ် နှလုံးများထဲ၌ မသန့်ရှင်းသောတပ်မက်မှုများထကြွလာအောင် လှုံ့ဆော်ပေး သည်။ သို့ရာတွင် သူတို့၏စိတ်ထဲ၌ ဘုရားသခင်၏မေတ္တာတော်ကိန်းဝပ်ခြင်း မရှိသောသူတို့နှင့် အိမ်ထောင်ဖက်မပြုကြရန် ကိုယ်တော်သည် မိမိလူတို့အား မိမိ၏နှုတ်ကပတ်တော်၌ပြတ်သားစွာ ဆုံးမသြဝါဒပေးထားတော်မူသည်။AH1Burm 111.2

    အိမ်ထောင်ကျခါစလင်မယားနှစ်ဦးအား အကြံဉာဏ်ပေးထား ချက်။ လူနှစ်ဦးအားရာသက်ပန်ပေါင်းစည်းထားသော ထိမ်းမြားမင်္ဂလာသည် ခရစ်တော်နှင့်ကိုယ်တော်၏အသင်းတော်တို့ဖက်စပ်ခြင်းကို ပုံဆောင်ပေသည်။ ကိုယ်တော်၏အသင်းတော်အပေါ် ခရစ်တော်ထားရှိတော်မူသောစိတ်သဘော မျိုးကို လင်မယားတို့သည် တစ်ဦးပေါ်တစ်ဦးရှိကြရမည်။ သူတို့သည် ဘုရားသခင်ကိုအလွန်မြတ်နိုးကြ၍ တစ်ဦးကိုတစ်ဦးယဉ်ကျေးသိမ်မွေ့ စွာ ဆက်ဆံလျက် တစ်ဦးပေါ်တစ်ဦးအချစ်ညီကြမည်။ နှစ်ဦးစလုံးအတ္တစိတ် ကင်းမဲ့စွာဖြင့်လည်းကောင်း၊ တစ်ဦး၏အကျိုးကိုပြုစုခြင်းငှာ တစ်ဦး၏ ကိုယ်ကျိုးကို အနစ်နာခံခြင်းဖြင့်လည်းကောင်း တစ်ဦးအတွက်တစ်ဦးသည် စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်စေသည်။AH1Burm 111.3

    သင်တို့နှစ်ဦးစလုံးသည် ပြောင်းလဲရန်လိုအပ်ပေသည်။ ဘုရားသခင် ၏စကားတော်ကိုနာခံခြင်းဆိုသည့်အဓိပ္ပါယ်ကို သင်တို့နှစ်ဦးစလုံး၌ မှန်ကန် သောနားလည်မှုမရှိကြပေ။ “ငါ့ဘက်၌မနေသောသူသည် ငါ့ရန်ဘက်ဖြစ်၏။ ငါ့နှင့်အတူမစုသိမ်းသောသူသည် ကြဲဖြန့်သောသူဖြစ်၏” ဆိုသောမိန့်တော် မူချက်ကိုလေ့လာပါ။ သင်တို့နှစ်ယောက်သည် ဘုရားသခင်၏သားသမီး စစ်များဖြစ်လျက် ကိုယ်တော်ရှင်အနေဖြင့် တာဝန်များကိုယုံကြည်စွာဖြင့် လွှဲအပ်ထားနိုင်သော ပုဂ္ဂိုလ်များဖြစ်ကြလိမ့်မည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါ သည်။ ထိုအခါ ငြိမ်သက်ခြင်း၊ ကိုးစားခြင်းနှင့်ယုံကြည်ခြင်းတည်းဟူသော ကောင်းချီးမင်္ဂလာများတို့သည် သင်တို့အပေါ်သို့ ရောက်ရှိလာလိမ့်မည်။ မှန်ပါသည်။ သင်တို့နှစ်ဦးစလုံးသည် ဝမ်းမြောက်ရွှင်လန်း၍ အပြောနှင့် အလုပ်ညီညွတ်သော ခရစ်ယာန်များဖြစ်လာလိမ့်မည်။ အကောင်းကိုခင်တွယ် ၍ မကောင်းကိုဖယ်ရှားရန် နည်းလမ်းကိုသိရှိ၍ သိမှတ်တတ်သောအရည် အချင်းထက်မြက်အောင်ကြိုးစားပါ။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို လေ့လာပါ။ သင်တို့သည် ကယ်တင်ခြင်းသို့ဝင်စားစေဖို့ ခရစ်တော်သည် အလိုတော်ရှိတော်မူသည်။ ကျွန်ုပ်ချစ်သောညီအစ်ကိုတော်၊ သင်၏ဘဝ အသက်တာသည် အသုံးဝင်သောအသက်တာမျိုးဖြစ်စေရန် ကိုယ်တော်ရှင် သည် သင့်အသက်ကိုအံ့သြဖွယ်ကောင်းလောက်အောင် . ထိန်းသိမ်းစောင့် ရှောက်ထားတော်မူသည်။ သင့်ဘဝအသက်တာထဲသို့ အကောင်းဟူသမျှကို အတတ်နိုင်ဆုံးသွတ်သွင်း၍ အသုံးချပါ။AH1Burm 112.1

    သင်တို့နှစ်ဦးသည် ဘုရားသခင်၏သားသမီးများဖြစ်လာရန် စိတ်ပါ လက်ပါဆန္ဒမရှိလျှင် တစ်ဦးကိုတစ်ဦး ဘယ်ကဲ့သို့မစရမည့်နည်းလမ်းကို ပြတ်သားစွာနားလည်ကြလိမ့်မည်မဟုတ်ပေ။ သင်တို့သည် အမြဲတမ်း တစ်ဦးအပေါ်တစ်ဦးသနားကြင်နာသောစိတ်နှင့် . တစ်ဦးအကျိုးတစ်ဦးက ပြုလိုသောစိတ်မျိုးကိုမွေးလျက် တစ်ဦးကိုတစ်ဦးပျော်ရွှင်အောင်ပြုလုပ်နိုင်ရန် သင်တို့၏လိုအင်ဆန္ဒများနှင့်ရည်စူးချက်များကိုစွန့်လွှတ်ပါ။ နေ့စဉ်နေ့တိုင်း မိမိကိုယ်ကိုမိမိသိကျွမ်းမှု တိုးတက်မှုရှိစေပါ။ နေ့စဉ်နေ့တိုင်း သင်တို့၏ အကျင့်စာရိတ္တတွင် အားနည်းချက်များကို အင်အားဖြင့်ပြည့်ဝစေရန် ပိုမို ကောင်းမွန်စွာသိကျွမ်းလာပါလိမ့်မည်။ ခရစ်တော်သခင်ကယ်တင်ရှင်သည် သင်တို့၏အလင်းအနေဖြင့်လည်းကောင်း၊ သင်တို့၏အင်အားအနေဖြင့်လည်း ကောင်း၊ သင်တို့၏ဝမ်းမြောက်ခြင်းသရဖူအနေဖြင့်လည်းကောင်း ရပ်တည် နေတော်မူလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်တို့၏လိုအင်ဆန္ဒကို ကိုယ်တော်၏လိုအင်ဆန္ဒတော်သို့ အပ်နှံသောကြောင့်ဖြစ်သည်။AH1Burm 112.2

    သင်တို့၏နှလုံးအတွင်း၌ ဘုရားသခင်၏နှိပ်ကွပ်နိုင်သော ကျေးဇူးတော်ကိန်းဝပ်ရန်လိုအပ်နေသည်။ သက်သာ၍လှုပ်ရှားမှုမရှိသော ဘဝအသက်တာမျိုးကို အလိုမရှိကြပါနှင့်။ ဘုရားသခင်၏အမှုတော်နှင့် ပတ်သက်နေသောသူဟူသမျှသည် အတ္တစိတ်ကိုအမြဲတမ်းသတိထားရှောင်ကြဉ် ရမည်။ သင်၏မီးအိမ်ကိုသပ်ရပ်အောင်လုပ်၍ မီးထွန်းထားပါ။ ထိုအခါ သင်တို့သည် အပြောအဆို၊ အပြုအမူတို့တွင် ဟော့ရမ်းမှုရှိလိမ့်မည်မဟုတ်ပေ။ သင်တို့နှစ်ဦးသည် တစ်ဦး၏ကြိုက်နှစ်သက်ရာကို တစ်ဦးပြုလုပ်လျှင် သင်တို့သည် စိတ်ချမ်းသာမှုကိုရရှိကြလိမ့်မည်။ သင်တို့၏ဝိညာဉ်ရေးဆိုင်ရာ တံခါးများကို မြေကြီးဘက်သို့ပိတ်ထား၍ ကောင်းကင်ဘက်သို့ဖွင့်ထားကြပါ။AH1Burm 113.1

    ခရစ်တော်အား မိမိတို့၏ပုဂ္ဂလိကကယ်တင်ရှင်အနေဖြင့် အသိအမှတ် ပြုကြလျှင် လူအပေါင်းတို့သည် မြင့်သောအဆင့်အတန်းသို့ခြေမီလက်မီ ရောက်ရှိကြလိမ့်မည်။ ဆုတောင်း၍စောင့်နေလျက်ရှိသမျှကို ဘုရားသခင် အားအပ်နှံပါ။ သင်တို့အနေဖြင့် ထာဝရအသက်ကိုရအံ့သောငှာ ကြိုးပမ်း နေကြောင်းသိရှိရခြင်းက သင်တို့နှစ်ဦးလုံး၏အခြေကို ခိုင်မာစေ၍ နှစ်သိမ့်မှ ကိုပေးပါလိမ့်မည်။ စိတ်ကူးအကြံများတွင်လည်းကောင်း၊ အပြောအဆိုတွင် လည်းကောင်း၊ အပြုအမူတွင်လည်းကောင်း - သင်တို့သည် ဤလောက၌ အလင်းများဖြစ်ရကြမည်။ သခင်ဘုရား၌စည်းကမ်းသေဝပ်မှုရှိပါ။ အဘယ် ကြောင့်ဆိုသော် ယင်းစည်းကမ်းသေဝပ်မှုမရှိဘဲနှင့် ဘုရားသခင်သည် သင်တို့ လက်သို့အပ်နှံထားတော်မူသော သမ္မာတရားများကို သင့်လျော်ကောင်းမွန်စွာ ကျင့်သုံးဖြန့်ဖြူးနိုင်ကြလိမ့်မည်မဟုတ်ပေ။ ယေရှုရှင်ကိုယုံကြည်သောအား ဖြင့်လည်းကောင်း၊ ပုံသက်သေအားဖြင့်လည်းကောင်း သူတစ်ပါးတို့၏ဝိညာဉ် များကိုပါ ကယ်တင်ရန်ကြိုးပမ်းကြရမည်ဖြစ်သည်။ ခရစ်တော်သည် သင်တို့ အတွက်ပုံသက်သေဖြစ်ပါလေစေ။ အောင်မြင်မှုအတွက်တန်ခိုးကို ပေးနိုင် တော်မူသောအရှင်အနေဖြင့် ကိုယ်တော်ကိုချီမထားပါ။ အတ္တစိတ်၏ရေသောက် မြစ်ကိုခုတ်လှဲပစ်ပါ။ ဘုရားသားသမီးများဖြစ်ကြသည်။ သင်တို့ကယ်တင်ရှင်၏ ဂုဏ်တော်ကိုချီးမွမ်းပါ။ သင်တို့အား ကိုယ်တော်ရှင်နိုင်ငံတော်၌ နေစရာ အခန်းကို ပေးပါလိမ့်မည်။AH1Burm 113.2