Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အပိုင်း (၁ဝ)—အိမ်ထောင်၏ဘုရင်မကြီးဖြစ်သောမိခင်

    အခန်း ၃၈—မိခင်၏ရာထူးနှင့်တာဝန်များ

    ခင်ပွန်းနှင့်တန်းတူဖြစ်သောဇနီး - သူတို့၏ခင်ပွန်းများနှင့်တန်းတူ ဖြစ်သောသူများအနေဖြင့် အမျိုးသမီးတို့သည် သူတို့အတွက်ဘုရားသခင် သတ်မှတ်ထားရှိတော်မူသော မူရင်းရာထူးကိုထမ်းဆောင်သင့်ကြပေသည်။ အမည်အားဖြင့်မိခင်သာမဟုတ်ဘဲ မိခင်စစ်မိခင်မှန်များကို ကမ္ဘာသည်လိုအပ် လျက်ရှိသည်။ အမျိုးသမီးများ၏သီးခြားတာဝန်များသည် အမျိုးသားတို့၏ သီးခြားတာဝန်များထက် ပိုမိုမြင့်မြတ်သန့်ရှင်းသည်ဟုဆိုလျှင် မှားလိမ့်မည် မဟုတ်ပေ။ အမျိုးသမီးများသည် မိမိတို့လုပ်ငန်း၏ မြင့်မြတ်သန့်ရှင်းမှုကို သိရှိနားလည်၍ ဘုရားသခင်၏အင်အားနှင့်ကြောက်ရွံ့ခြင်းဖြင့် မိမိတို့၏ ဘဝအသက်တာတစ်လျှောက်လုံးဆိုင်ရာလုပ်ငန်းကို ဆောင်ရွက်ကြပါစေ။ ဤလောကတွင်အသုံးကျမှုအတွက်လည်းကောင်း၊ ပိုမိုကောင်းမွန်သောကမ္ဘာ ကြီး၌နေထိုင်ရမှုအတွက်လည်းကောင်း မိခင်သည် မိမိ၏သားသမီးများကို သွန်သင်ဆုံးမပညာပေးကြပါလေစေ။AH1Burm 303.1

    ဇနီးနှင့်မိခင်ဖြစ်သူသည် သူ့ခင်ပွန်းအပေါ်၌ လုံးဝအားကိုးအားထား ပြုခြင်းအားဖြင့် မိမိ၏အင်အားကိုအရှုံးခံမှုမရှိစေရ။ သူမ၏စွမ်းရည်များကို လည်း တိမ်မြုပ်မနေစေရ။ သူမ၏သီးခြားပုဂ္ဂလိကစွမ်းရည်များကို ခင်ပွန်း၏ ပုဂ္ဂလိကစွမ်းရည်များနှင့်ပေါင်းစပ်ထား၍မရနိုင်ပေ။ ဇနီးသည် ခင်ပွန်းနှင့် တန်းတူဖြစ်သည်ဆိုသောခံစားချက်ကို ရင်ဝယ်ပိုက်ထားလိုက်ပါက လင်မယား နှစ်ဦးတို့သည် ဘေးချင်းယှဉ်ရပ်လျက် သူတို့အသီးသီးဆိုင်ရာတာဝန်ကို သစ္စာရှိစွာအသီးသီးထမ်းဆောင်ကြရမည်။ သားသမီးတို့အား ပညာသင်ကြား ပေးရမည့် သူမ၏အငန်းအတာသည် ခင်ပွန်းအနေဖြင့် ထမ်းဆောင်ရသော တိုင်းပြည်တွင် မည်သည့်ရာထူးနှင့်မဆို တရားသူကြီးချုပ်၏ရာထူးပင်ဖြစ် လင့်ကစား နေရာတကာ၌ထပ်တူထပ်မျှမြင့်မြတ်သည်။AH1Burm 303.2

    အိမ်ထောင်၏ဘုရင်မကြီး - ရာဇပလ္လင်ပေါ်၌ထိုင်ရသောရှင်ဘုရင် သည် မိခင်ဆောင်ရွက်ရသောအလုပ်ထက် အဆင့်အတန်းပိုမိုမြင့်မားသော အလုပ်ကို လုပ်ကိုင်ရသည်မဟုတ်ပေ။ မိခင်သည် ... သူမ၏အိမ်ထောင် ဘုရင်မကြီးဖြစ်သည်။ သူမ၏သားသမီးတို့သည် ပိုမိုမြင့်မား၍ သေခြင်း ကင်းသောဘဝအသက်တာကို ခံစားထိုက်သောသူများဖြစ်စေရန် သူတို့အကျင့် စာရိတ္တများကို ပုံသွင်းပေးနိုင်သောစွမ်းရည်များသည် မိခင်၏လက်တွင်း၌ ရှိသည်။ ကောင်းကင်တမန်တစ်ပါးသည် သူမ၏အလုပ်ထက်ပို၍အဆင့်မြင့် သောအလုပ်ကို မတောင်းခံနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤအလုပ်ကို လုပ်ကိုင်ရာတွင် သူမသည် ဘုရားသခင်အတွက် အမှုတော်ကိုထမ်းဆောင် ခြင်းဖြစ်သည်။ သူမအငန်းအတာ၏မြင့်မားသောသဘာဝကိုသာ သူမအနေဖြင့် သိကျွမ်းပါလေစေ။ သူမသည် အားတက်လာပါလိမ့်မည်။ သူမအလုပ်အကိုင် ၏တန်ဖိုးကိုသိကျွမ်းစေ၍ လောကအဆင့်အတန်းနှင့်ရင်ပေါင်တန်းမိအောင် ဆောင်ရွက်ရန်၊ စုံစမ်းသွေးဆောင်ခြင်းကိုကာကွယ်တားဆီးနိုင်ရန် သူမအား ဘုရားသခင်၏လက်နက်စုံကို ဝတ်ဆင်ပါလေစေ။ သူမ၏လုပ်ငန်းသည် ပစ္စုပ္ပန်ကာလနှင့်ထာဝရကာလအတွက်ဖြစ်သည်။AH1Burm 304.1

    မိခင်သည် အိမ်ထောင်၏ဘုရင်မကြီးဖြစ်လျက် သားသမီးတို့သည် သူမ၏လက်အောက်ခံတိုင်းသူပြည်သားများဖြစ်ကြသည်။ သူမသည် သူမ၏ အမိန့်ဖြင့်အိမ်ထောင်ကို လိမ္မာပါးနပ်စွားဖြင့်လည်းကောင်း၊ မိခင်ဘဝ၏ ဂုဏ်သိက္ခာရှိရှိဖြင့်လည်းကောင်း အုပ်ချုပ်ရမည်။ အိမ်ထောင်တွင် သူမ၏ သြဇာသက်ရောက်မှုသည် အရေးပါအရာရောက်သောကဏ္ဍတွင်ရှိနေရမည်။ သူမ၏နှုတ်ထွက်စကားသည် ဥပဒေပညတ်ဖြစ်ရမည်။ သူမသည် ခရစ်ယာန် တစ်ဦးဖြစ်လျှင် ဘုရားသခင်၏ကွပ်ကဲမှုအောက်တွင် သူမသည် သားသမီး တို့၏လေးစားမှုကိုခံရမည်။AH1Burm 304.2

    သားသမီးတို့သည်မိခင်အား သူတို့၏အလိုကိုထမ်းဆောင်နေသော ကျွန်မကဲ့သို့မဟုတ်ဘဲ သူတို့ကွပ်ကဲညွှန်ကြား၍ စာကြောင်းတစ်ကြောင်း ကြီးတစ်ကြောင်း၊ ပညတ်တစ်ခုပြီးတစ်ခုသင်ကြားပေးသော ဘုရင်မအနေဖြင့် သဘောထားရကြမည်။AH1Burm 304.3

    တန်ဖိုးများကိုသရုပ်သကန်ပေါ်စေသောနှိုင်းယှဉ်ချက် - မိခင် အနေဖြင့် သူမလုပ်ငန်း၏အရေးပါအရာရောက်ပုံကိုသတိမူခဲ၍ အလုပ်အကိုင် ကိုတန်ဖိုးထားရာတွင် နိမ့်ကျလွန်းသောကြောင့် သူမ၏အလုပ်သည် ပျင်းရိ ဖွယ်ကောင်းသည်ဟု သဘောထားတတ်သည်။ သူမသည် တစ်ရက်ပြီး တစ်ရက်၊ ရက်သတ္တပတ်ပြီးတစ်ပတ် မည်သို့မျှအကျိုးထူးများမတွေ့ဘဲ သမားရိုးကျအတိုင်းသာ လုပ်ကိုင်နေရသည်။ တစ်နေကုန်သွားသောအခါ သူမအပြီးဆောင်ရွက်ခဲ့သော သေးငယ်သည့်ဆောင်ရွက်မှုအမြောက်အမြားကို ပြောပြနိုင်စွမ်းမရှိပေ။ သူမခင်ပွန်း၏ပြီးပြီးမြောက်မြောက်ဆောင်ရွက်ခဲ့မှုများ နှင့်နှိုင်းယှဉ်ကြည့်သောအခါ သူမဆောင်ရွက်ခဲ့သမျှ မည်သို့မျှအရာမထင် အကျိုးမသက်ရောက်ဟု သူမသဘောရလေသည်။AH1Burm 305.1

    မကြာခဏဖခင်ဖြစ်သူသည် အိမ်သို့ပြန်လာသောအခါ သူ့ကိုယ်ကို စိတ်ကျေနပ်သောလေသံမျိုးဖြင့် တစ်နေ့တာအတွက် သူဘယ်ကဲ့သို့အောင်မြင် စွာဆောင်ရွက်ခဲ့မှုများကို ဝါကြွားစွာပြန်လည်ဖောက်သည်ချတတ်သည်။ ယခုအခါတွင် သူ့အားသူ့ဇနီးဖြစ်သူက ဝတ်တွားခယပြုစုရမည်ဖြစ်ကြောင်း ကို သူ့စကားများကပြသည်။ အဘယ်ကြောင့်ဆိုသော် သူမအနေဖြင့်ကလေး များကိုကြည့်ရှုပြုစုခြင်း၊ ထမင်းချက်ခြင်း၊ အိမ်ကိုထိန်းသိမ်းခြင်းမှအပ အခြားမည်သည့်အရာကိုမျှ ဖြစ်ဖြစ်မြောက်မြောက်လုပ်ကိုင်ခဲ့ရသောအရာ ဟူ၍မရှိပေ။ သူမသည် ရောင်းဝယ်ဖောက်ကားမှုကိုမလုပ်၊ ထွန်ယက်စိုက်ပျိုး မှုကိုမလုပ်၊ စက်ပစ္စည်းဆိုင်ရာလုပ်ငန်းတစ်ခုခုကိုလည်း လုပ်ကိုင်ခြင်းမရှိ။ ထိုကြောင့်သူမသည် မောပန်းသောအလုပ်တစ်ခုခုကိုလုပ်ကိုင်ခြင်းမရှိပေ။ သူ့ကိုယ်ကိုဖန်ဆင်းရှင်အနေဖြင့် သူသည် အမနာပဝေဖန်သည်၊ အပြစ်တင် သည်၊ သြဇာပေးသည်။ မိခင်နှင့်ဇနီးအနေဖြင့် တစ်နေကုန်တစ်နေခန်း သူမ၏အလုပ်အကိုင်များကို တမောတပန်းလုပ်ကိုင်ခဲ့ရသော်လည်း သူမ ပြီးပြီးမြောက်မြောက်ဆောင်ရွက်ခဲ့မှုမရှိသည်ကို တွေ့မြင်ရသောကြောင့် အမှန် အားဖြင့် အားငယ်နေရသောအချိန်တွင် သူ့ခင်ပွန်းဖြစ်သူ၏အပြုအမူက သူ့အားပိုမိုစိတ်ဆင်းရဲစေလေသည်။AH1Burm 305.2

    ပိတ်ဆို့ကာရံထားသောကန့်လန့်ကာကိုဖယ်ရှားပစ်လိုက်လျှင် ဖခင် ဖြစ်သူနှင့်မိခင်ဖြစ်သူတို့သည် တစ်နေ့တာလုပ်ကိုင်မှုကို ဘုရားသခင်တွေ့မြင် သကဲ့သို့ တွေ့မြင်ကြလျှင်လည်းကောင်း၊ လူတစ်ဦး၏လုပ်ကိုင်မှုကို အခြား လူတစ်ဦး၏လုပ်ကိုင်မှုနှင့် ဘုရားသခင်၏အနန္တမျက်စိတော်သည် ဘယ်ကဲ့သို့ နှိုင်းယှဉ်တော်မူသည်ကို တွေ့မြင်ကြလျှင်လည်းကောင်း ကောင်းကင်ဆိုင်ရာ ဖော်ပြမှုကို သူတို့နှစ်ဦးစလုံးတို့သည် အံ့သြမဆုံးဖြစ်ကြမည်ဖြစ်သည်။ ဖခင်သည် မိမိ၏လုပ်ကိုင်ဆောင်ရွက်မှုကို ပိုမို၍သမစိတ္တမျှသောသဘောဖြင့် ကြည့်ရှု၍ မိခင်အနေဖြင့်လည်း သူမ၏အငန်းအတာများကို ဉာဏ်အမြော် အမြင်ရှိစွာဖြင့်လည်းကောင်း၊ ဇွဲလုံ့လဖြင့်လည်းကောင်း၊ သည်းခံသောစိတ် ဖြင့်လည်းကောင်း၊ ဆက်လက်ထမ်းဆောင်ရန်အားသစ်အင်သစ်၊ သတ္တိသစ် များကိုရရှိလိမ့်မည်ဖြစ်သည်။ ယခုအခါတွင် သူမသည် သူ့လုပ်ငန်း၏တန်ဖိုး ကိုသိရှိရပြီဖြစ်သည်။ ဖခင်အနေဖြင့် ပျက်စီးယိုယွင်း၍ပျောက်ကွယ်သွား မည့်အရာများနှင့်စပ်ဆိုင်၍လုပ်ကိုင်လျက်၊ မိခင်မူကား ယခုဘဝတွင်မက ထာဝရကာလအတွက် စိတ်နှလုံးနှင့်စာရိတ္တများကိုပုံသွင်းပေးရသောအလုပ်ကို လုပ်ကိုင်နေရသည်။AH1Burm 306.1

    ဘုရားသခင်သည်သူမအားအလုပ်ပေးတော်မူခဲ့သည် - သူမ၏ တာဝန်ဝတ္တရားများသည် ဘယ်မျှလောက်ကြီးမား၍ ယင်းတာဝန်ဝတ္တရား များကို သစ္စာရှိစွာဖြင့်ထမ်းဆောင်လျှင် ခံစားရမည့်ဆုလာဘ်သည် ဘယ်မျှ လောက်ကြီးမားသည်ကို မိခင်တိုင်းသည်သိရှိကြလျှင် ဘယ်မျှလောက် ကောင်းမွန်လိမ့်မည်နည်း။AH1Burm 306.2

    သူမ၏သွားရာလမ်းတွင်ရပ်တည်နေသော တာဝန်ဝတ္တရားများကို ဝမ်းမြောက်ဝမ်းသာစွာ ထမ်းဆောင်သောမိခင်သည် သူမအတွက် ဘဝ အသက်တာများသည် တန်ဖိုးရှိသည်ဟူသောခံစားချက်မျိုးကို ရရှိလိမ့်မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမဆောင်ရွက်လုပ်ကိုင်ရန်အလုပ်ကို ဘုရားသခင်သည် သူမအားပေးထားတော်မူသည်။ ဤလုပ်ငန်းကိုဆောင်ရွက် ရာတွင် သူမ၏စိတ်နှလုံးကိုသိမ်ဖျင်းသည့်အနေသို့ ရောက်ရှိစေရန်မလိုပေ။ သူမ၏ဉာဏ်အစွမ်းသတ္တိကိုလည်း အားအင်ချည့်နဲ့လာခွင့်ပြုရန်မလိုပေ။AH1Burm 306.3

    သားသမီးတို့အား ဘုရားသခင်၏အလိုတော်နှင့်ညီသော ဆုံးမ သွန်သင်ခြင်းကိုပြုလျက် ကျွေးမွေးရမည့်တာဝန်ကို မိခင်တို့အားဘုရားသခင်က အပ်နှင်းထားတော်မူသည်။ သားသမီးတို့၏နုနယ်သေးသောစိတ်နှလုံး၏ရှေ့တွင် ဘုရားသခင်ကိုချစ်ခြင်းနှင့်ကြောက်ရွံ့ခြင်းကို အမြဲတမ်းထားရှိရမည်။ သူတို့ အားဆုံးမသောအခါ သူတို့အားမိဘများကမဟုတ်ဘဲ ဘုရားသခင်ကိုယ်တော် တိုင်ကဆုံးမသည်ဟု သဘောထားကြရန်လည်းကောင်း၊ လိမ်လည်လှည့်ဖြား ခြင်း၊ သစ္စာမဲ့ခြင်းနှင့်မှားယွင်းမှုကျူးလွန်ခြင်းတို့ကို ကိုယ်တော်ရှင်သည် နှစ်သက်တော်မမူကြောင်းတို့ကိုလည်းကောင်း သူတို့အားပြောပြရမည်။ ဤ နည်းအားဖြင့် သားငယ်သမီးငယ်တို့၏စိတ်နှလုံးများသည် ဘုရားသခင်နှင့် ရင်းနှီးစွာဆက်စပ်ဆက်သွယ်နေမှုကြောင့် သူတို့လုပ်ကိုင်သမျှနှင့်ပြောဆို သမျှတို့သည် ကိုယ်တော်၏ဘုန်းတော်ထင်ရှားစေဖို့ဖြစ်မည်။ နောက်နောင် များတွင် သူတို့သည် လေယူရာတိမ်းသောကျူပင်ကဲ့သို့ စိတ်ကိုင်းညွတ်ခြင်း နှင့်တာဝန်ဆောင်ရွက်ခြင်းစပ်ကြားတွင် စိတ်မခိုင်ယိမ်းယိုင်နေကြတော့မည် မဟုတ်ပေ။AH1Burm 307.1

    သားသမီးတို့အား ယေရှုထံတော်သို့ပို့ဆောင်ခြင်းသည် တစ်ခုတည်း သောလိုအပ်ချက်သာမဟုတ်ပေ။ “ကျွန်ုပ်တို့၏သားသမီးတို့သည် အရွယ် ပျိုစဉ်တွင် ကြီးပွားသောပျိုးပင်ကဲ့သို့လည်းကောင်း၊ သမီးတို့သည် ဘုံဗိမာန် နည်းတူ ထုသောတိုက်ထောင့်ကျောက်တိုင်ကဲ့သို့လည်းကောင်း ဖြစ်ကြစေ ရန်” ဤသားသမီးများတို့ကို ခရစ်တော်၏တပည့်တော်များဖြစ်လာစေရန် ပညာသင်ကြားပေး၍ ဆုံးမသြဝါဒလည်းပေးရမည်ဖြစ်သည်။ ဤပုံသွင်းပေး ရသောအလုပ် အချေးအညှော်ကင်းစေခြင်းနှင့်ယဉ်ကျေးသိမ်မွေ့အောင်ပြုပြင် ပေးခြင်းတို့သည် မိခင်ဖြစ်သူ၏အငန်းအတာဖြစ်သည်။ ကလေး၏စာရိတ္တ ကိုသန်မာထွားကြိုင်းလာစေရမည်။ ထာဝရကာလကဲ့သို့ တည်မြဲသော သင်ခန်းစာများကို သားသမီးတို့၏နှလုံးသားပျဉ်ငယ်ပေါ်တွင် အက္ခရာတင် ထားရမည်။ ဤသန့်ရှင်းမြင့်မြတ်သောအလုပ်ကို လုပ်ကိုင်ရန်ပျက်ကွက် လျှင်လည်းကောင်း၊ အခြားအရာတစ်ခုခုအား အနှောင့်အယှက်ပြုခွင့်ပေးလျှင် လည်းကောင်း မုချပင်ဘုရားသခင်၏ငြိုငြင်တော်မူခြင်းကို ခံရပေလိမ့်မည်။ အကယ်၍ ခရစ်ယာန်မိခင်သည် ဘုရားသခင်နှင့်ရင်းနှီးသောဆက်သွယ်မှု ရှိ၍ ကိုယ်တော်ရှင်၏ဝိညာဉ်တော်နှင့်ပြည့်ဝနေလျှင် သူမအနေဖြင့်လျစ်လျူရှု မည်မဟုတ်သော ဘုရားသခင်အပ်နှင်းထားတော်မူသည့်လုပ်ငန်းကို သူမ၏ လက်ထဲတွင်ရှိနေပေမည်။AH1Burm 307.2

    သူမအားပေးထားသောကြီးကျယ်ခမ်းနား၍ မြင့်မားသောစေခိုင်း ချက် - တန်ဖိုးဖြတ်၍မရနိုင်သောအခွင့်အရေးများနှင့် တန်ဖိုးထိုက်သော စိတ်ဝင်စားဖွယ်များတို့ကို မိခင်တိုင်းတို့အားအပ်နှင်းထားတော်မူသည်။ မောပန်းငြီးငွေ့ဖွယ်ဖြစ်သည်ဟု အမျိုးသမီးများကသဘောထားသောတာဝန် များကို ကြီးကျယ်ခမ်းနား၍မြင့်မြတ်သောလုပ်ငန်းဟု တွေ့မြင်သင့်ပေသည်။ မိမိ၏သြဇာသက်ရောက်မှုအားဖြင့် ကမ္ဘာကြီးအားမင်္ဂလာဖြစ်စေရန် မိခင်၏ အခွင့်အရေးဖြစ်သည်။ ယင်းကဲ့သို့ပြုလုပ်ရာတွင် သူမကိုယ်တိုင်၏နှလုံးသား အတွက် ပျော်ရွှင်မှုကိုရရှိစေလိမ့်မည်။ နေရောင်ခြည်နှင့်မှောင်ရိပ်များကို ဖြတ်ကျော်၍ ဝမ်းမြောက်ဖွယ်သောအထက်အရပ်ဆီသို့ ပို့ဆောင်ပေးသော လမ်းခရီးတွင် ဖြောင့်သောလမ်းများကို သူမ၏သားသမီးများအတွက် ဖန်တီး ပေးနိုင်သည်။ သို့ရာတွင် သူမကိုယ်တိုင်၏ဘဝလမ်းကြောင်းတွင် ခရစ်တော် ၏သြဝါဒများကိုလိုက်နာကျင့်သုံးရန် ကြိုးပမ်းမှသာလျှင် သားသမီးတို့၌ ဘုရားသခင်ထားရှိတော်မူသောပုံစံအတိုင်း စာရိတ္တများကိုပုံသွင်းပေးနိုင်လိမ့် မည်ဖြစ်သည်။AH1Burm 308.1

    ဘဝအသက်တာ၏ဆောင်ရွက်မှုအမျိုးမျိုးတို့၏ကြားတွင် မိခင်၏ အမြင့်မြတ်ဆုံးသောတာဝန်သည် .. သားသမီးတို့အတွက်ဆောင်ရွက်ရသော တာဝန်ဖြစ်သည်။ သို့ရာတွင် အတ္တစိတ်ကိုပြည့်စေရန်အတွက် ဤတာဝန်ကို ဘေးဖယ်ထားသောအကြိမ်ပေါင်း ဘယ်မျှလောက်များခဲ့ပြီနည်း။ သားသမီး တို့၏ပစ္စပ္ပုန်နှင့်ထာဝရအကျိုးဖြစ်ထွန်းမှုအတွက် ဆောင်ရွက်ရန်တာဝန်ကို ဘုရားသခင်သည် မိဘတို့၏လက်ထဲသို့အပ်နှံထားတော်မူသည်။ သူတို့သည် အိမ်ထောင်ဆိုင်ရာအုပ်ချုပ်မှုကို နိုင်နင်းစွာဆောင်ရွက်၍ ယင်းအိမ်ထောင် တို့သည် ဘုရားသခင်၏ဂုဏ်ကျေးဇူးတော်ကို ထင်ရှားစေသောဌာနများအဖြစ် သို့ရောက်ရှိစေရန် လမ်းပြပို့ဆောင်ကြရမည်။AH1Burm 308.2

    မိဘတို့၏တာဝန်ထက်ပိုမိုမြင့်မြတ်ကြီးမားသောအလုပ်မရှိပေ - အကယ်၍ အိမ်ထောင်ရှိသောအမျိုးသားတို့သည် အိမ်၌ကျန်ရစ်နေသော သားသမီးတို့အားကြည့်ရှုထိန်းသိမ်းရန် ဇနီးတို့၏လက်၌အပ်နှံထား၍ အလုပ် ခွင်သို့သွားရလျှင် အိမ်၌ကျန်ရစ်နေသောဇနီးသည်တို့သည် ခင်ပွန်း၏အလုပ် ကဲ့သို့ပင် အရေးပါအရာရောက်၍ ကြီးမြတ်သောအလုပ်ကို လုပ်ကိုင်နေကြ သည်။ တစ်ဦးကအိမ်ပြင်ပသာသနာပြုအလုပ်ကိုလုပ်ကိုင်သည်။ တစ်ခါတစ်ရံ အိမ်တွင်းသာသနာပြုအလုပ်ကိုလုပ်ကိုင်ရသော ဇနီးသည်၏အလုပ်မှပေါ်ပေါက် လာသော စိုးရိမ်ကြောင့်ကြမှုများနှင့်ဝန်ထုပ်များသည် ဖခင်နှင့်ခင်ပွန်းဖြစ်သူ ရင်ဆိုင်ရသော စိုးရိမ်ကြောင့်ကြမှုနှင့်ဝန်ထုပ်များထက် အဆမတန်ပိုမိုကြီ ကြီးလေး လေသည်။ သူမ၏အလုပ်သည်ပိုမိုကြီးလေး၍ ပိုမိုအရေးပါအရာရောက်သည်။ ပွင့်ပွင့်လင်းလင်းသာသနာပြုလုပ်ငန်းကို လုပ်ကိုင်ရသောခင်ပွန်းသည် လူသား တို့၏ဂုဏ်ပြုချီးကျူးခြင်းကိုခံရနိုင်သည်။ အိမ်တွင်းသာသနာပြုလုပ်ငန်းကို လုပ်ကိုင်ရသောဇနီးသည်မှာမူ လောက၏ချီးကျူးဂုဏ်ပြုခြင်းကိုမခံရပေ။ သို့ရာတွင် အကယ်၍သူမသည် သူမ၏အိမ်ထောင်အကောင်းဆုံးအကျိုး ဖြစ်ထွန်းမှုအတွက် လုပ်ကိုင်ဆောင်ရွက်လျှင် သားသမီးတို့၏အကျင့်စာရိတ္တ ကို ကယ်တင်ရှင်၏စာရိတ္တတော်အတိုင်း ပုံသွင်းပေးရန်ကြိုးပမ်းလျှင် မှတ်တမ်း တင်သောကောင်းကင်တမန်များက သူမ၏နာမည်အား ကမ္ဘာပေါ်တွင်နာမည် အကြော်ကြားဆုံးဖြစ်သော သာသနာပြုဆရာ၏နာမည်အနေဖြင့် မှတ်တမ်း တင်ထားမည်ဖြစ်သည်။ လူသားတို့၏အမြင်တိုသောရှုထောင့်မျိုးမှ ဘုရားသခင် သည် အရာခပ်သိမ်းတို့ကိုတွေ့ မြင်တော်မမူ။AH1Burm 309.1

    သူမ၏အိမ်ထောင်သားတို့အား ခရစ်ယာန်ဘာသာထဲသို့သွတ်သွင်း ပေးရန် မိခင်တို့သည် ဘုရားသခင်၏ကိုယ်စားလှယ်တော်များဖြစ်သည်။ သူမသည် ကျမ်းစာဆိုင်ရာဘာသာအယူဝါဒအတွက် ပုံသက်သေဖြစ်လျက် ယင်းဘာသာအယူဝါဒဆိုင်ရာ နေ့စဉ်တာဝန်များကိုထမ်းဆောင်မှုနှင့်ပျော်ရွှင် ခြင်းခံစားရမှုတို့တွင် ယင်းအယူဝါဒ၏သြဇာသက်ရောက်မှုက ကျွန်ုပ်တို့အား ဘယ်ကဲ့သို့အုပ်ထိန်းထားရမည်ကိုပြသ၍ ဘုရားသခင်ပေးသနားတော်မူသော၊ ဆုကျေးဇူးတော်ဖြစ်သော ယုံကြည်ခြင်းအားဖြင့်ကျေးဇူးတော်ကြောင့်သာလျှင် သူတို့သည် ကယ်တင်ခြင်းသို့ဝင်စားနိုင်ကြသည်ကို သူမ၏သားသမီးတို့ အား သင်ကြားပေးရမည်။ ကျွန်ုပ်တို့အတွက်နှင့်သူတို့ (သားသမီးများ) အတွက် ခရစ်တော်သည် ဘယ်ကဲ့သို့ အဓိပ္ပါယ်ဆောင်သည်ကို အမြဲတမ်းသင်ကြား ပေးခြင်းသည်လည်းကောင်း၊ ကယ်တင်ခြင်းစီမံကိန်းတွင်ဖော်ပြထားသော ကိုယ်တော်ရှင်၏ချစ်ခြင်း၊ ကောင်းမြတ်တော်မူခြင်းနှင့် ကရုဏာထားရှိခြင်း တို့ကို အမြဲတမ်းသင်ကြားပေးခြင်းသည်လည်းကောင်း၊ နှလုံးသားပေါ်တွင် သန့်ရှင်းမြင့်မြတ်သောသိမှတ်စွဲလမ်းခြင်းကို ရရှိစေလိမ့်မည်ဖြစ်သည်။AH1Burm 310.1

    ခရစ်ယာန်ဘာသာအယူဝါဒ၏စွမ်းရည်ကို လက်တွေ့ပြသမှုအတွက် သားသမီးတို့အားသင်ကြားပေးခြင်းသည် ဘုရားသခင်စီမံကိန်း၏အရေးပါ အရာရောက်သောကဏ္ဍတစ်ခုဖြစ်သည်။ သားသမီးတို့သည် လောကထဲသို့ ဝင်ရောက်သွားကြသောအခါ၌ သူတို့နှင့်တွေ့ထိပေါင်းဖော်သောသူတို့အား မကောင်းမှုကိုမပြုဘဲ ကောင်းမှုပြုပေးတတ်စေရန် သင်ကြားပြသပေးဖို့မိဘ များအပေါ်တွင် လေးသောတာဝန်သည် ရပ်တည်လျက်ရှိသည်။AH1Burm 310.2

    ဓမ္မဆရာနှင့်လက်တွဲဆောင်ရွက်သောအမှုထမ်း - ဓမ္မဆရာသည် သူနှင့်စပ်ဆိုင်သောအလုပ်ကိုလုပ်ကိုင်ရသည်နည်းတူ မိခင်သည်သူမနှင့် ဆိုင်သောအလုပ်ကိုလုပ်ကိုင်ရသည်။ ကိုယ်တော်ရှင်၏ကောင်းချီးပေးခြင်းကို ခံစားစေရန် သားသမီးတို့အားမိခင်သည် ယေရှုထံတော်သို့ခေါ်ဆောင်လာ ရမည်။ မိခင်သည် ခရစ်တော်မိန့်တော်မူထားသမျှကို နှလုံးသွင်းထား၍ ယင်းအရာများကိုသားသမီးတို့အား တစ်ဆင့်သင်ကြားပေးရမည်။ သားသမီး တို့အား ငယ်စဉ်တောင်ကျေးကလေးဘဝကတည်းက ကိုယ့်ကိုကိုယ်ချုပ်တည်း ခြင်း၊ သန့်ရှင်းစင်ကြယ်စွာနေထိုင်ခြင်းနှင့် စနစ်တကျပြုမူလုပ်ကိုင်ခြင်းတို့ကို ဆုံးမသြဝါဒပေးရမည်။ ဘုရားသခင်၏အမှုထမ်းများဖြစ်သော ဓမ္မဆရာ တို့၏ဟောပြောသွန်သင်ခြင်းများကို လက်ခံနာယူလိုသောဆန္ဒမျိုးရှိအောင် မိခင်များကသင်ကြားပေးရမည်။ အိမ်ထောင်ဆိုင်ရာလုပ်ငန်းတိုင်းတို့ကို ထမ်းဆောင်ရာတွင် ဘုရားသခင်သည် သူတို့အားပေးထားတော်မူသော စွမ်းရည်များကို တိုးတက်ကောင်းမွန်အောင်ပြုလုပ်၍ ကောင်းကင်ဘုံ၌ရှိသော အိမ်ထောင်တွင် ခေါင်းဝင်ကိုယ်ဆံ့ဖြစ်စေရန် ပြုပြင်ပေးနိုင်သောမိခင်များကို ဘုရားသခင်သည် အလိုရှိတော်မူသည်။AH1Burm 310.3

    နှုတ်ကပတ်တော်ကိုသင်ကြားပေးသောသူထက် အိမ်ထောင်မှဆိုင်ရာ လုပ်ငန်းကို သစ္စာရှိစွာဆောင်ရွက်ရသောသူက ကိုယ်တော်ရှင်အတွက်အမှု တော်ကို ပိုမိုဆောင်ရွက်ရာရောက်သည်။ စာသင်ကျောင်းမှဆရာ၊ ဆရာမ များကဲ့သို့ပင် မိဘတို့သည် သားသမီးတို့၏ရှေးဦးဆရာများဖြစ်ကြသည်ကို သိရှိထားရကြမည်။ လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုပ္ပစရိယ၊ မိနှင့်ဘဖြစ် သည်။AH1Burm 311.1

    ခရစ်ယာန်မိခင်၏အသုံးဝင်မှုကို သူမ၏အိမ်ထောင်မှုဆိုင်ရာ အသက်တာကျဉ်းမြောင်းသေးသိမ်အောင် မပြုစေသင့်ပေ။ အိမ်ထောင်မိသားစု အသိုက်အဝန်းပေါ်၌ထားရှိခဲ့သော သူမ၏အကျိုးဖြစ်ထွန်းသည့်သြဇာ သက်ရောက်မှုက သူ၏ရပ်ကွပ်နှင့်ဘုရားသခင်၏အသင်းတော်တွင် ပိုမို ကျယ်ပြန့်စွာအသုံးကျမှုကို ဖန်တီးပေးနိုင်သည်။ စေတနာဖြင့်ဆောင်ရွက် သောဇနီးအတွက် အိမ်ဂေဟာသည် အကျဉ်းထောင်မဟုတ်ပေ။AH1Burm 311.2

    သူမ၌ရာသက်ပန်စေခိုင်းချက်ရှိသည် - အမျိုးသမီးများသည် မိမိတို့၏လုပ်ငန်းသန့်ရှင်းမြင့်မြတ်ကြောင်းကို အသိတရားရှိကြပါစေ။ ဘုရားသခင်၏ခွန်အားနှင့်ကြောက်ရွံ့ခြင်းအားဖြင့် သူတို့၏ရာသက်ပန်စေခိုင်း ချက်ကို အကောင်အထည်ဖော်ကြပါစေ။ သူတို့၏သားသမီးတို့သည် ဤ လောကအတွက်အသုံးကျသောသူများဖြစ်၍ သာ၍ကောင်းသောကမ္ဘာတွင် ဝင်စားထိုက်သောသူများဖြစ်ကြစေရန် မိခင်ဖြစ်သူက သူတို့အားသင်ကြား ပြသကြပါစေ။ ကျွန်ုပ်တို့သည် ခရစ်ယာန်မိခင်များကိုစကားပြောနေပါသည်။ မိခင်များအနေဖြင့် သင်တို့၏တာဝန်ကိုအသိတရားရှိ၍ သင်တို့၏စိတ်ကြိုက် ကိုမပြုလုပ်ဘဲ ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းကြရန် သင်တို့အား ကျွန်ုပ် တို့တိုက်တွန်းပါရစေ။ ခရစ်တော်သည် မိမိစိတ်ကြိုက်ကိုမပြုလုပ်ဘဲ အစေခံ ၏သဏ္ဌာန်ယူတင်ဝတ်ဆောင်တော်မူခဲ့သည်။AH1Burm 311.3

    ကမ္ဘာလောကကြီးသည် ညစ်ညမ်းသောသြဇာသက်ရောက်မှုတို့ဖြင့် ပြည့်နှက်လျက်ရှိသည်။ ဖက်ရှင်ထွင်မှုနှင့်ထုံးတမ်းစဉ်လာများကိုလိုက်စား မှုတို့သည် လူငယ်လူရွယ်တို့အား ခိုင်မာစွာချုပ်ကိုင်ထားလျက်ရှိသည်။ မိခင် သည် မိမိပြုအပ်သောတာဝန်ဖြစ်သော သွန်သင်ဆုံးမခြင်း၊ လမ်းပြပို့ဆောင် ခြင်းနှင့် မကောင်းမြစ်တားကောင်းရာညွှန်ပြခြင်းတို့ကို ထမ်းဆောင်ခြင်း မပြုဘဲပျက်ကွက်လျှင် သူတို့၏သားသမီးတို့သည် မကောင်းမှုကိုလက်ခံ၍ ကောင်းမှုများကိုကျောခိုင်းကြမည်မှာ ဓမ္မတာပင်ဖြစ်သည်။ မိခင်တိုင်းသည် “သူငယ်၌အဘယ်သို့ပြုရမည်ကို သွန်သင်တော်မူပါ” ဆိုသောပတ္ထနာကိုပြု လျက် သူမတို့၏ကယ်တင်ရှင်ထံတော်သို့ မကြာခဏချဉ်းကပ်ကြပါစေ။ သူမသည် ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်၌ ဖော်ပြထားသောညွှန်ကြား ချက်ကိုနာခံပါ။ သို့ပြုလျှင် သူမလိုအပ်သောဉာဏ်ပညာကို သူမအားပေး တော်မူမည်။AH1Burm 312.1

    ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်တူအောင်ထုလုပ်ခြင်း - အထက်ကောင်းကင်ဘုံတွင် ဘုရားသခင်သည် ကိန်းဝပ်တော်မူသည်။ ကိုယ်တော်ရှင်၏ရာဇပလ္လင်တော်မှအလင်းရောင်နှင့်ဘုန်းတန်ခိုးသည် အပြစ် ဒုစရိုက်၏လွှမ်းမိုးမှုကိုရုန်းကန်တွန်းလှန်ရန် မိမိသားသမီးများကိုပညာသင် ကြားပေးဖို့ကြိုးပမ်းသောသစ္စာရှိသည့် မိခင်ပေါ်တွင်ရပ်တည်နေသည်။ မိခင်၏ အရေးပါအရာရောက်သောလုပ်ငန်းနှင့် ပခုံးချင်းယှဉ်နိုင်သောအခြားလုပ်ငန်း သည်မရှိတော့ပေ။ ပန်းချီဆရာကဲ့သို့ပိတ်ကားပေါ်တွင်ဆွဲထားရန် သူမ၌ လှပသောပုံသဏ္ဌာန်တစ်ခုမျှမရှိပေ။ ကျောက်ဆစ်သမားကဲ့သို့ ကျောက်ပြား မှသဏ္ဌာန်တူတစ်ခုကို ထုလုပ်ခြင်းသည်လည်းမရှိပေ။ စာရေးဆရာကဲ့သို့ မြင့်မြတ်သောစိတ်ကူးဉာဏ်တစ်ခုကို ပြောင်မြောက်သောစကားလုံးများအား ဖြင့် ဖော်ပြခြင်းမပြုရပေ။ တေးဂီတသမားလေးကဲ့သို့လည်း အလွန်သိမ်မွေ့ သောသဘောတစ်ခုကို တေးဂီတသံဖြင့်ဖော်ပြခြင်းမပြုရပေ။ ဘုရားသခင်၏ မစတော်မူခြင်းအားဖြင့် လူသားတို့၏စိတ်ဝိညာဉ်၌ ဘုရားသခင်၏သဏ္ဌာန် တော်ကိုထုလုပ်၍ ထွားကြိုင်းလာအောင်ပြုလုပ်ခြင်းသာလျှင် သူမ၏အငန်း အတာဖြစ်သည်။AH1Burm 312.2

    ဤလုပ်ငန်းကိုနှစ်သက်သောမိခင်သည် သူမ၏အခွင့်အရေးများသည် တန်ဖိုးဖြတ်၍မရဟု သဘောထားလိမ့်မည်။ သူမသည် သူမကိုယ်တိုင်၏ စာရိတ္တ၌လည်းကောင်း၊ သူမသင်ကြားပြသသောနည်းလမ်းများ၌လည်းကောင်း သူမ၏သားသမီးတို့အားဖြင့် အမြင့်မားဆုံးရည်စူးချက်ကို အင်တိုက်အား တိုက်ပြရန် ကြိုးပမ်းလိမ့်မည်။ သူမ၏သားသမီးများကိုသင်ကြားပြသရာတွင် သူမစိတ်၏အမြင့်မားအထက်မြက်ဆုံးစွမ်းရည်များကို အသုံးပြုနိုင်ရန် သူမ ကိုယ်တိုင်၏စွမ်းရည်များပိုမိုကောင်းမွန်ထက်မြက်လာစေရန် အင်တိုက်အား တိုက်ဖြင့်လည်းကောင်း ကြိုးပမ်းလိမ့်မည်။ သူမလှမ်းသောခြေလှမ်းတိုင်း တွင် “ဘုရားသခင်သည် ဘယ်ကဲ့သို့မိန့်ကြားထားတော်မူသနည်း” ဟူသော မေးခွန်းကို စိတ်ရောကိုယ်ပါ မေးမြန်းကြည့်မည်ဖြစ်သည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်ကို ဝီရိယရှိစွာဖြင့်လေ့လာလိမ့်မည်။ သူမ၏နှိမ့်ချသော တာဝန်ကိုထမ်းဆောင်ရာတွင် သူမ၏ တွေ့ကြုံခံစားခဲ့ရသော နေ့စဉ်ဘဝ အတွေ့အကြုံသည် ကယ်တင်ရှင်တစ်ပါးတည်း၏စစ်မှန်သောဘဝအသက်တာ ၏ရောင်ပြန်ဟပ်ခြင်းဖြစ်စေခြင်းငှာ သူမသည် ခရစ်တော်ကိုစေ့စေ့ကြည်ရှု၍ အာရုံပြုမည်ဖြစ်သည်။AH1Burm 313.1

    သစ္စာရှိသောမိခင်အားတိမ်ကောပပျောက်ခြင်းမရှိသောစာစောင် တွင်မှတ်တမ်းတင်ထားသည် - မိမိကိုယ်ကိုငြင်းပယ်ခြင်းနှင့် မိမိကပ်တိုင် ကိုထမ်းခြင်းသည် ကျွန်ုပ်တို့ဆောင်ရွက်ရမည့်တာဝန်ဖြစ်သည်။ ကျွန်ုပ်တို့ သည် ယင်းတာဝန်ကိုလက်ခံကြပါမည်လား။ နောက်ဆုံးကြီးမားသော စုံစမ်းခြင်းကို ရင်ဆိုင်ကြသောအခါ ကျွန်ုပ်တို့အနေဖြင့်လိုအပ်သောကြောင့် တစ်ခဏချင်းတွင်ကိုယ်ကျိုးစွန့်၍ ကျွန်ုပ်တို့၏နိုင်ငံတော်ကို ချစ်ခင်လေးစား သောစိတ်သဘောသည် ပေါ်ပေါက်ကြီးထွားလာလိမ့်မည်ဟု ကျွန်ုပ်တို့သည် မျှော်လင့်စောင့်စားနေရန်မလိုပေ။ အမှန်အားဖြင့် ဤစိတ်သဘောများကို ကျွန်ုပ်တို့၏နေ့စဉ်အတွေ့အကြုံနှင့်ပေါင်းစပ်၍ ၎င်းကိုပညတ်အားဖြင့်လည်း ကောင်း၊ ပုံသက်သေအားဖြင့်လည်းကောင်း သားသမီးတို့၏စိတ်နှလုံးများ ထဲသို့ သွတ်သွင်းပေးရမည်။ ဣသရေလလူမျိုးတို့ထဲမှ မိခင်ကိုယ်တိုင်တို့ သည် စစ်သည်တော်များမဟုတ်သော်လည်း လက်နက်စုံကိုဝတ်ဆင်၍ ဘုရားသခင်၏တိုက်ပွဲများကို ရွပ်ရွပ်ချွံချွံတိုက်ခိုက်ပေးမည့်စစ်သည်တော်များ ကို မွေးထုတ်ပေးနိုင်ကြသည်။AH1Burm 314.1

    မိခင်တို့၊ သင်တို့သားသမီးများ၏ကံကြမ္မာသည် အများအားဖြင့် သင်တို့၏လက်တွင်း၌ရှိသည်။ သင်တို့ထမ်းဆောင်ရမည့်တာဝန်ကို ပျက်ကွက် လျှင် သင်တို့သည် သင်တို့၏သားသမီးများကို ရန်သူ၏တပ်တွင်းသို့ရောက် ရှိစေလျက် ဝိညာဉ်များကိုဖျက်ဆီးရန် သူ၏ကိုယ်စားလှယ်ဘဝသို့ရောက်ရှိ စေလိမ့်မည်။ သို့ရာတွင် ဘုရားတရားမြဲသောပုံသက်သေနှင့် သစ္စာရှိစွာ စည်းကမ်းသေဝပ်အောင် ပြုပြင်ပေးခြင်းအားဖြင့် သင်တို့သည် သားသမီး တို့အား ခရစ်တော်ထံသို့ပို့ဆောင်နိုင်၍ ဝိညာဉ်ပေါင်းမြောက်မြားစွာကို ကယ်တင်ရာတွင် ကိုယ်တော်ရှင်၏တန်ဆာပလာများ ဖြစ်လာပေလိမ့်မည်။ ခရစ်ယာန်မိခင်တို့၏ဆောင်ရွက်မှုကို ဘုရားသခင်၌သစ္စာရှိစွာ ဆောင်ရွက်လျှင် ထာဝရကာလတည်မြဲလိမ့်မည်ဖြစ်သည်။ ဖက်ရှင်ကိုစွဲလမ်း သောသူတို့သည် ခရစ်ယာန်မိခင်၏လှပတင့်တယ်ရှုချင်စဖွယ်ဖြစ်၍ ထာဝရ ကာလတည်မြဲသောလက်ရာကို ဘယ်အခါမျှတွေ့မြင်ခြင်း (သို့မဟုတ်) နားလည်ခြင်းမရှိဘဲ သူမ၏ခေတ်မဆန်သောအယူအဆများနှင့် ဝတ်စား ဆင်ယင်မှုတို့ကို ပြောင်လှောင်ပြက်ရယ်ပြုလိမ့်မည်။ သို့ရာတွင် ကောင်းကင်ဘုံ ရှင်အနန္တတန်ခိုးတော်ရှင်သည် ယင်းမိခင်၏နာမည်ကို တိမ်ကောပပျောက် ခြင်းမရှိသောစာစောင်တွင် မှတ်တမ်းတင်ထားတော်မူလိမ့်မည်။AH1Burm 314.2

    အချိန်များသည်အဖိုးထိုက်တန်သည် - မောရှေ၏ အနာဂတ် ဘဝအသက်တာတစ်ခုလုံးသည်လည်းကောင်း၊ ဣသရေလလူမျိုး၏ ခေါင်းဆောင်အနေဖြင့် အကောင်အထည်ဖော်ခဲ့သော ကြီးမားသောစေခိုင်း ချက်သည်လည်းကောင်း ခရစ်ယာန်မိခင်ဆောင်ရွက်ရသောတာဝန်၏အရေးပါ အရာရောက်ခြင်းကို သက်သေခံသည်။ ဤအလုပ်နှင့်ပခုံးခြင်းယှဉ်နိုင်သော အခြားအလုပ်သည် မရှိတော့ပြီ။ သားသမီးများသည် ခရစ်ယာန်ဖြစ်လာ စေရမည်ဟူသောရည်စူးချက်ဖြင့် မိဘတို့သည် သားသမီးများကို ငယ်စဉ် တောင်ကျေးကလေးဘဝမှစ၍ သွန်သင်ဆုံးမရကြမည်။ လောကီနိုင်ငံတစ်ခု တွင် ရာဇပလ္လင်ကိုအမွေခံစေရန်မဟုတ်ဘဲ ထာဝရကာလပတ်လုံး ဘုရားသခင် ၏ဘုရင်များအနေဖြင့် အုပ်စိုးမည့်အုပ်စိုးရှင်များဖြစ်လာစေရန် သွန်သင် ဆုံးမပေးဖို့ သူတို့ကိုကျွန်ုပ်တို့မိဘများလက်သို့ အပ်နှင်းထားတော်မူသည်။AH1Burm 315.1

    မိမိတို့၏အချိန်များသည် အဖိုးထိုက်တန်ကြောင်းကို မိခင်တိုင်း သိရှိပါလေစေ။ သို့ရာတွင် စာရင်းရှင်းသောနေ့များ၌ သူမ၏အလုပ်အကိုင် သည် စစ်ဆေးခြင်းကိုခံရမည်။ ထိုအခါ မြောက်မြားစွာသောအမျိုးသားနှင့် အမျိုးသမီးတို့၏ပျက်ကွက်မှုများနှင့်ပြစ်မှုတို့သည် မိမိတို့သားသမီးငယ်များ ကို မှန်သောလမ်းထဲ၌လျှောက်လိုက်စေရန် လမ်းပြပို့ဆောင်ပေးရမည့်တာဝန် ကို မသိခြင်းနှင့်ပျက်ကွက်ခြင်းတို့မှ ပေါ်ပေါက်လာသည်ကို တွေ့ရှိရလိမ့် မည်။ ၎င်းအပြင် ကမ္ဘာလောကကြီးအားဉာဏ်ပညာ၊ အမှန်တရားနှင့်သန့်ရှင်း ခြင်းဆိုင်ရာအလင်းတရားကို ပေးကမ်းခြင်းအားဖြင့် ကောင်းကျိုးပြုသော သူတို့သည် သူတို့၏သြဇာသက်ရောက်မှုနှင့်အောင်မြင်မှုသည် ဆုတောင်း ပေးသောခရစ်ယာန်မိခင်ကြောင့်ဖြစ်ကြောင်းကိုလည်း တွေ့ရှိရလိမ့်မည်။AH1Burm 315.2