Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၇—မေတ္တာစစ်လော၊ တဏှာချစ်လော

    မေတ္တာသည်ယေရှုထံမှဆင်းသက်သည့် အဖိုးထိုက်သောဆုကျေးဇူး ဖြစ်သည် - မေတ္တာဆိုသည်မှာ ယေရှုအထံတော်မှ ကျွန်ုပ်တို့လက်ခံရရှိသည့် အဖိုးထိုက်သောဆုကျေးဇူးဖြစ်သည်။ စင်ကြယ်သန့်ရှင်းသောမေတ္တာသည် စိတ်၏ခံစားချက်မဟုတ်ဘဲ ကျင့်စဉ်တစ်ခုသာလျှင်ဖြစ်သည်။ စစ်မှန်သော မေတ္တာအားဖြင့် ချစ်သောသူတို့သည် ဆင်ခြင်တတ်သောသတိကင်းမဲ့သူများ မဟုတ်၊ စက္ခုနှစ်ကွင်းအလင်းကင်းမဲ့သူများလည်းမဟုတ်ပေ။AH1Burm 49.1

    စစ်မှန်သောမေတ္တာ၊ မျိုးရိုးစစ်သောမေတ္တာ၊ စိတ်စွဲလမ်းသော မေတ္တာ၊ ဖြူစင်သောမေတ္တာဆိုသည်မှာ မရှိသလောက်နည်းပါးလှသည်။ ဤ အဖိုးထိုက်သောဝတ္ထုပစ္စည်းသည် ရှာမှရှားသောအရာဖြစ်သည်။ တဏှာကို မေတ္တာဟုကင်ပွန်းတပ်ကြသည်။ တိုင်းAH1Burm 49.2

    စစ်မှန်သောမေတ္တာသည် မြင့်မြတ်သန့်ရှင်းသောကျင့်စဉ်တစ်ခုဖြစ် ၍ ရုတ်တရက်စိတ်ဇောတိုက်တွန်းမှုကြောင့်နိုးကြားလာ၍ ပြင်းထန်စွာစုံစမ်း ခံရသောအခါ ရုတ်တရက်ဇီဝိန်ချုပ်သွားသောမေတ္တာနှင့်ခြားနားလေသည်။ မေတ္တာသည် ကောင်းကင်မှပေါက်ပွားလာသောအပင်ငယ်ဖြစ်သောAH1Burm 49.3

    ကြောင့် ယင်းကိုမွေးမြူ၍ကြီးပွားထွားကြိုင်းလာစေရမည်။ ချစ်တတ်သော စိတ်နှလုံးများ၊ မှန်ကန်၍ချစ်ဖွယ်သောအပြောအဆိုများတို့သည် ပျော်ရွှင် သာယာအိမ်ဂေဟာများကိုဆောက်လုပ်ပေး၍ ယင်းအိမ်ဂေဟာများ၏သြဇာ သက်ရောက်မှုစက်ကွင်း၌ ရောက်ရှိလာသောသူတို့အပေါ် မြင့်မြတ်သော သြဇာသက်ရောက်မှုရောက်ရှိစေလိမ့်မည်။AH1Burm 49.4

    စစ်မှန်သောမေတ္တာတစ်ဖက်၌တဏှာ - မေတ္တာသည် ဆင်ခြင်တတ်ခြင်းမရှိသောအရာမဟုတ်ပေ။ ယင်း၌မျက်စိရှိသည်။ ယင်းသည် သန့်ရှင်းစင်ကြယ်သည်။ သို့ရာတွင် ဇာတိပကတိစိတ်နှလုံး၏တဏှာ (သို့မဟုတ်) တပ်မက်ခြင်းစသည့် ယင်းမေတ္တာနှင့်လုံးဝမတူသောအရာ ဖြစ်သည်။ စင်ကြယ်သောမေတ္တာသည် ယင်း၏အကြံအစည်ရှိသမျှသူတို့၌ ဘုရားသခင်ကိုနေရာပေး၍ ဘုရားသခင်၏ဝိညာဉ်တော်နှင့် လုံးဝသဘော ညီညွတ်မှုရှိလျှင် တဏှာမူကား၊ ခေါင်းမာ၍တစ်ဇွတ်ထိုးပြုလုပ်တတ်ပြီးလျှင် ဆင်ခြင်တတ်သောသတ္တိလည်းကင်းမဲ့လျက် အဟန့်အတားဟူသမျှကို တော်လှန်၍ ယင်း၏အမြတ်နိုးဆိုးသောအရာအနေဖြင့် ထားရှိလိမ့်မည်။ မေတ္တာစစ်မေတ္တာမှန်ရှိသော သူ၏အမူအရာ၊ အနေအထိုင်၊ အသွင်အပြင် တိုင်းတွင် ဘုရားသခင်၏ကျေးဇူးတော်ကို ဖော်ပြထားလိမ့်မည်။ ကိုယ်နှုတ် စောင့်စည်းခြင်း၊ ရိုးသားခြင်း၊ စေတနာရှိခြင်း၊ ကိုယ်ကျင့်တရားရှိခြင်း၊ ဘာသာရေးအယူဝါဒရိုသေကိုင်းရှိုင်းခြင်းတို့သည် မင်္ဂလာဆောင်ရေးနှင့် ပတ်သက်သော လှုပ်ရှားမှုတိုင်းတွင် ထူးခြားနေမည်ဖြစ်သည်။ ယင်းကဲ့သို့ အုပ်ထိန်းမှုရှိသော အကြင်လင်မယားတိုင်းသည် ဆုတောင်းဝတ်ပြုစည်းဝေး တစ်ခုခုကိုဖြစ်စေ၊ စိတ်ဝင်စားမှုပျောက်ကွယ်သွားအောင် သူတို့၏အိမ်ထောင် ရေးကိစ္စကိုသာ အာရုံစိုက်နေမည်မဟုတ်ပေ။ ဘုရားသခင်က သူတို့အား ကြွယ်ဝစွာပေးသနားတော်မူသောအခွင့်အရေးများ လျစ်လျူရှုခဲ့မှုကြောင့် သမ္မာတရားအတွက် သူတို့၏စိတ်ထက်သန်မှုသည် ချုပ်ငြိမ်းမသွားပေ။AH1Burm 49.5

    ကာမဂုဏ်ခံစားမှုအတွက်ကိုသာ အခြေခံသောမေတ္တာသည် ခေါင်းမာ ၍ မျက်စိမရှိသည့်အပြင်အုပ်မနိုင်ထိန်းမရဖြစ်လိမ့်မည်။ ဂုဏ်အသရေ၊ သစ္စာနှင့်စိတ်၏ မြင့်မြတ်သောစွမ်းအင်များကို တဏှာရာဂ၏ကျေးကျွန်ဘဝ၌ သွတ်သွင်းထားကြသည်။ ယင်းကဲ့သို့တဏှာရာဂ၏သံကြိုးဖြင့် ချည်နှောင် ထားခြင်းခံရသောသူတို့သည် အများအားဖြင့် ဆင်ခြင်တုံတရားနှင့်သြတ္တပ္ပ စိတ်တို့၏နှိုးဆော်သောအသံကိုမကြားကြပေ။ သူလိုက်နာကျင့်သုံးနေသော လမ်းစဉ်ကိုတွေ့မြင်စေရန် အကြောင်းပြချက်ဖြင့်ပြောဆို၍မရ၊ တောင်းပန် သောစကားပြောကြား၍လည်းမရဖြစ်နေသည်။AH1Burm 50.1

    မေတ္တာစစ်မေတ္တာမှန်သည် လည်ပင်းခိုင်မာခြင်းမရှိ၊ အလွယ်တကူ ဒေါသမထွက်တတ်၊ အဓမ္မတပ်မက်သောစိတ်မျိုးနှင့်လည်းကင်းသည်။ ယင်းကဲ့သို့သောစိတ်မျိုးမရှိသည့်အပြင် ယင်းသည် သဘာဝအားဖြင့်ငြိမ်သက် နက်ရှိုင်းသည်။ ယင်းသည်အပေါ်ယံကျော်လွှား၍ တစ်ဖက်သို့ကြည့်မျှော် လျက် ကာယကံရှင်၏အရည်အသွေးများကို အာရုံစူးစိုက်သည်။ ယင်းသည် ဉာဏ်အမြော်အမြင်ရှိ၍ ခွဲခြားသိမြင်တတ်သောသဘောဉာဏ်လည်းရှိသည် ဖြစ်သောကြောင့် ယင်း၏သစ္စာပြုခြင်းသည် စစ်မှန်၍တည်မြဲ၏။AH1Burm 51.1

    တပ်မက်ခြင်းနှင့်စိတ်ဇောတိုက်တွန်းမှုအရ ပြုလုပ်တတ်သောလောကီ ကြီးထဲမှ မြှောက်ပင့်ထားသည့်မေတ္တာသည် ဘာသာဝါဒနှင့်ဆိုင်သော ပြုပြင် မှုကိုခံရသောအခါ ယင်းသည် အပြောအဆိုနှင့်အလုပ်အကိုင်တို့တွင် ရုပ်လုံး ပေါ်လာသည်။ ခရစ်ယာန်တစ်ဦးအနေဖြင့် စိတ်မရှည်ခြင်း၊ (သို့မဟုတ်) သည်းမခံတတ်သောစိတ်ကင်းသည့် သန့်စင်သောနူးညံ့သိမ်မွေ့ခြင်းရှိရမည်။ ကြမ်းတမ်းရိုင်းစိုင်းသောအလေ့အကျင့်များကို ခရစ်တော်၏ကျေးဇူးတော် အားဖြင့် ပျော့ပျောင်းစေရမည်။AH1Burm 51.2

    စိတ်ကူးယဉ်မှုကိုအနာကြီးရောဂါကဲ့သို့ရှောင်ကြဉ်ရမည် - စိတ်ကူးယဉ်မှု၊ စိတ္တဇစွဲကပ်မှု (သို့မဟုတ်) ချစ်ရူးထခြင်းများကို အနာကြီးရောဂါကဲ့သို့ရှောင်ကြဉ်ပါ။ ယခုခေတ်လောကကြီးတွင် အများသော လူငယ်လူရွယ်တို့သည် ကောင်းမြတ်သောအရည်အချင်း၊ ပါရမီလိုအပ် နေကြသည်။ ထိုကြောင့် သတိကြီးစွာထားရန်လိုအပ်နေသည်။ အခြား လိုအပ်သောအရည်အသွေးများမရှိသည်တိုင်အောင် ... ကောင်းမြတ်သည့် အကျင့်စာရိတ္တများကို မွေးမြူထိန်းသိမ်းထားသောသူတို့သည် ကျင့်ဝတ် ဆိုင်ရာတန်ဖိုးရှိသူများ ဖြစ်လာနိုင်သည်။AH1Burm 51.3

    ဘုရားတရားမရှိ၊ ထက်မြက်သောသြတ္တပ္ပစိတ်၏တိုက်တွန်းမှုမရှိ ဘဲလျက် ဘာသာရေးကိုင်းရှိုင်းမှုရှိသူများကဲ့သို့ နေထိုင်ခဲ့သူများရှိသည်။ သူတို့သည်ဝါကြွား၍ သိမ်ဖျင်းသောသူများဖြစ်ကြသည်။ သူတို့၏နှုတ်ထွက် စကားများသည် အဆင့်အတန်းနိမ့်ကျလှသည်။ လူပျိုစကားပြောဆိုခြင်းနှင့် မင်္ဂလာဆောင်ရန်ကိစ္စများကိုသာ အာရုံစူးစိုက်လျက်ရှိကြသည်။ ထိုကြောင့် ပိုမိုမြင့်မား၍ မြင့်မြတ်သောအကြံအစည်များကို ကြံစည်တွေးဆဖို့ပင်အချိန် မရှိကြပေ။AH1Burm 51.4

    လူငယ်လူရွယ်တို့သည် လူပျိုစကားပြောဆိုခြင်းနှင့် ထိမ်းမြားခြင်း ဆိုင်ရာကိစ္စနှင့်ပတ်သက်သော စိတ္တဇရောဂါ၏ပြုစားခြင်းကိုခံနေရကြသည်။ စိတ်ကူးယဉ်ခြင်းနှင့်ချစ်ရူးထခြင်းတို့သာလျှင် အနိုင်စီးထားလျက်ရှိသည်။ ဤမှားယွင်းသောဩဇာသက်ရောက်မှုတို့၏အန္တရာယ်မှ လူငယ်လူရွယ်တို့အား စောင့်ရှောက်ကာကွယ်ထားရန် သတိဝီရိယနှင့် နေရာတကျစီမံတတ်ခြင်းတို့ လိုအပ်ပေသည်။AH1Burm 52.1

    သမီးဖြစ်သူတို့အား ကိုယ်အလိုကိုငြင်းပယ်ရန်လည်းကောင်း၊ ကိုယ်ကိုချုပ်ထိန်းထားရန်လည်းကောင်း သွန်သင်ဆုံးမခြင်းမရှိ၊ သူတို့ကို ဖြင့် မြှောက်ပင့်ထား၍ သူတို့၏မာနထောင်လွှားမှုကို အားပေးကြသည်။ သူတို့ သည်ခေါင်းမာ၍ ကိုယ့်စိတ်ကိုသာလုပ်သောအခြေအနေသို့ ရောက်ရှိလာ သည့်တိုင်အောင် သူတို့အလိုလိုက်ခြင်းများကို ခွင့်ပြုထားကြသည်။ ထိုကြောင့် သင်တို့သည် မိဘများအနေဖြင့် သူတို့ကိုပျက်စီးရာပျက်စီးကြောင်းမှကယ်တင် ရန် အဘယ်ကဲ့သို့ပြုရမည်ကို မသိဘဲရှိနေကြသည်။ သူတို့၏အရဲစွန့်ခြင်း၊ အုပ်အုပ်ထိန်းထိန်းမရှိခြင်း၊ အမျိုးသမီးများ၏ကာယိန္ဒြေကင်းမဲ့ခြင်းများကြောင့် ခရစ်ယာန်မဟုတ်သောသူတို့တံတွေးခွက်တွင် ပက်လက်မျောသည့်အခြေအနေသို့ သူတို့ကိုစာတန်သည် ပို့ဆောင်ပေးနေသည်။ လူပျိုကလေးများကိုလည်း ကိုယ်စိတ်ကြိုက်ကိုယ်လုပ်သည့်အခြေအနေတွင် ပစ်ထားကြသည်။ ယောက်ျား ကလေးများအသက်တစ်ဆယ့်သုံးနှစ်အတွင်းအရွယ်သာရှိသော်လည်း သူတို့ နှင့်အရွယ်တူသောမိန်းကလေးများနှင့်တွဲလျှောက်၊ တွဲလာ၊ လူပျိုစကား ပြောကြ၊ ချစ်ရေးဆိုကြဖြစ်နေကြသည်။ မိဘတို့အနေဖြင့် သူတို့၏သားသမီး များအား အလွန်အကြူးအလိုလိုက်ထား၍ မှားယွင်းသောမေတ္တာလမ်းစဉ်ကို ကိုယ်တိုင်ကျင့်သုံးလာခဲ့သောအားဖြင့် သူတို့ကြိုးနှင့်သူတို့ကိုယ်ကိုပြန်လည် ချည်နှောင်ထားပြီးဖြစ်သောကြောင့် သူတို့၏သားသမီးတို့အား သူတို့သုံးနေ သောလမ်းစဉ်ကိုပြောင်းလဲပေး၍ ဤအဏုမြူခေတ်နှင့်ရင်ပေါင်တန်းမိအောင် ပြုလုပ်နေခြင်းကိုဟန့်တားထားရန် မိဘတို့အနေဖြင့်တစ်ခုခုကို တိကျ ပြတ်သားစွာ ဆောင်ရွက်မပေးဝံ့ဘဲဖြစ်နေကြသည်။AH1Burm 52.2

    စိတ်ကူးနှင့်လွမ်းတတ်၍ အချစ်ရောဂါထနေသောမိန်းမလေးအား အကြံပြုချက် - ဤကဲ့သို့သောဆုတ်ကပ်ကြီးထဲတွင် နေရာအနှံ့အပြား ၌ဖြစ်ပျက်နေသော ဝမ်းနည်းဖွယ်ကောင်းသော မဟာအမှားတော်ကြီး စက်ကွင်းထဲသို့ အထူးသဖြင့် မိန်းကလေးများသည် ကျဆင်းနေကြလေပြီ။ အသင်တို့သည် အမျိုးသားတို့အားနှစ်သက်လွန်းသည်၊ သင်တို့အနေဖြင့် သူတို့၏အသင်းအပင်းကိုနှစ်သက်ကြသည်။ သူတို့အား သင်တို့ဂရုစိုက်ပုံမှာ သူတို့ကိုမြှောက်ပင့်ခယပြုနေသည်။ သင်တို့အနေဖြင့် သူတို့အားခွင့်ပြုထားသော (သို့မဟုတ်) အားပေးအားမြှောက်လာသောရင်းနှီးမှုသည် “မကောင်းသော အမှုအမျိုးမျိုးရှိသမျှကိုရှောင်ကြလော့” ဆိုသော တမန်တော်ကြီး၏တိုက်တွန်း ချက်နှင့် ကိုက်ညီခြင်းမရှိပေ။AH1Burm 53.1

    စိတ်ကူးနှင့်လွမ်းစေသောအရာဝတ္ထုတို့ကို စိတ်ကူးထဲမှမထည့်ပါ လေနှင့်။ သင်တို့အနေဖြင့် သင်တို့၏ဘာသာအယူဝါဒကိုမြှင့်တင်ပေးခြင်း မပြုဘဲ .. နိမ့်ကျစေသောစိတ်ကူးနှင့်လွမ်းတတ်၍ အချစ်ရောဂါဏသမျှကို ရောနှောပစ်ကြလေပြီ။ ယင်းအခြေအနေသည် သင်တစ်ဦးတည်းကိုသာ ထိခိုက်သည်မဟုတ်ပါ။ သင့်ပုံသက်သေနှင့်သြဇာသက်ရောက်မှုကြောင့် အခြား သူများအနာတရဖြစ်ရကြသည်။ စိတ်ကူးဖြင့်ရူးခြင်းနှင့် ချစ်ကိစ္စနှင့်ပတ်သက်၍ လေထဲ၌တိုက်အိမ်ဆောက်ခြင်းတို့သည် သင်၏အသုံးကျမှုကိုဖျက်ဆီးပစ် လေပြီ။ သင်သည် စိတ်ကူးယဉ်လောက၌ရပ်နေသည် (သို့မဟုတ်) စိတ်ကူး နှင့်ရူးနေလေပြီ။ သင်သည် စိတ်ကူးအားဖြင့် မာတုရသေခြင်းကို ရင်ဆိုင် ခဲ့ပေပြီ။ စိတ်ကူးမျှသာဖြစ်သော ခရစ်ယာန်တစ်ဦးပေတည်း။ ဤခေတ် ကမ္ဘာကြီးတွင် စိတ်ကူးဖြင့်လွမ်းတတ်မှုသည် လူငယ်လူရွယ်တို့၏ဘာသာ အယူဝါဒအတွေ့အကြုံနှင့် ထွေးရောယှက်တင်ဖြစ်နေသည်မှာ နေရာအနှံ့အပြား တွင် တွေ့မြင်နိုင်သည်။ ကျွန်ုပ်၏ညီမ၊ သင်သည်ပြောင်းလဲမှုရှိရန် ဘုရားသခင် သည် အလိုရှိတော်မူသည်။ သင်၏မေတ္တာစိတ်ကိုမြှင့်တင်ပေးရန် ကျွန်ုပ် တောင်းပန်တိုက်တွန်းလိုက်ပါသည်။ သင့်အားအသွေးတော်ဖြင့်ဝယ်ယူတော် မူသော သခင်၏ကယ်တင်ရှင်အမှုတော်အတွက် သင်တို့၏ဉာဏဗလနှင့် ကာယများကို အသုံးပြုကြပါ။ သင်တို့၏လုပ်ကိုင်မှုရှိသမျှသည် ဘုရားသခင် ၌ပြုပြင်မှုခံရမည်အကြောင်း သင်တို့၏အကြံဉာဏ်များနှင့်ခံစားချက်များကို သန့်ရှင်းစေကြလော့။AH1Burm 53.2

    လူငယ်စာသင်သားအားသတိပေးချက် - သင်သည် စာသင် သားဘဝ၌ ရပ်တည်လျက်ရှိသည်။ သင်၏စိတ်ကို ဝိညာဉ်ရေးဆိုင်ရာ အကြောင်းအရာများပေါ်၌ အာရုံစူးစိုက်စေပါ။ စိတ်ကူးဖြင့်လွမ်းတတ်မှုရှိသမျှ ကိုရှောင်ကြဉ်ပါ။ မိမိကိုယ်ကိုဝီရိယရှိရှိ၊ သတိရှိရှိဖြင့်ဆုံးမသြဝါဒပေးပါ။ သင့်ကိုယ်ကိုလည်း ကိုယ်တိုင်ချုပ်တည်းမှုအောက်တွင်ထားရှိပါ။ သင့်အတွက် ယခုအခါ အကျင့်စာရိတ္တအိမ်ကြီးကို စတင်ဆောက်လုပ်နေချိန်ဖြစ်သည်။ သင်၏အမြင့်ဆုံးသန့်ရှင်းဆုံးစိတ်ဝင်စားမှု၊ သင့်အားတာဝန်ပေးထားသော ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်ရန်ပြင်ဆင်ရာတွင် သင်၏အရည် အချင်းပြည့်စုံမှုတို့မှာ အာရုံလွဲပြောင်းစေမည့် မည်သည့်အရာကိုမျှ သေးနုပ်သည် (သို့မဟုတ်) အရေးပါအရာမရောက်ဟူ၍ သဘောမထားရ။AH1Burm 54.1

    ဒီရာဂုဏ်အမြော်အမြင်ကင်းမဲ့သော သမီးရည်းစားဘဝနှင့်ထိမ်းမြား မင်္ဂလာပြုခြင်း - ခြေလှမ်းတိုင်းတွင် ကျွန်ုပ်တို့သည် မရေမတွက်နိုင်သော အခက်အခဲများတို့ကိုရင်ဆိုင်ရကြောင်း ကျွန်ုပ်တို့အနေဖြင့်တွေ့ရှိနိုင်သည်။ လူကြီးလူငယ်မရွေး မွေးမြူကျင့်သုံးနေသော ဒုက္ခစရိုက်များ ဉာဏ်အမြော် အမြင်ကင်းမဲ့၍ မသန့်ရှင်းသောသမီးရည်းစားဘဝနှင့်ထိမ်းမြားမင်္ဂလာပြုခြင်း တို့သည် ခိုက်ရန်ဒေါသဖြစ်ခြင်း၊ စကားများခြင်း၊ စိတ်ဝမ်းကွဲမှုများဖြစ်ခြင်း၊ အုပ်ထိန်း၍မရနိုင်သောတပ်မက်မှုများလိုက်စားခြင်း၊ ကိုယ့်စိတ်အလိုကို ချုပ်ထိန်းထားလိုသောဆန္ဒမရှိခြင်း၊ အလွန်အမင်းတပ်မက်ခြင်းများ၊ လင်မယား များတစ်ဦးပေါ်တစ်ဦးသစ္စာဖောက်ခြင်းများ၊ ထာဝရကာလဆိုင်ရာကိစ္စတို့ကို လျစ်လျူရှုခြင်းများတွင် နိဂုံးချုပ်တတ်သည်။AH1Burm 55.1

    ဘုရားသခင်ဗျာဒိတ်တော်များ၏သန့်ရှင်းခြင်းကို ကျမ်းစာခရစ်ယာန် များဟု သူတို့ကိုယ်ကို အခိုင်အမာဆိုကြသောသူအများတို့သည် နှစ်သက် မှုမရှိကြပေ။ သူတို့၏စည်းလွတ်ကမ်းလွတ်ဖြစ်သော အကျင့်ဓလေ့အားဖြင့် သူတို့သည် ပို၍ကျယ်ပြန့်သောအခွင့်အရေးကို ပိုမိုသဘောကျကြသည်။ သူတို့၏တစ်ကိုယ်ကောင်းလိုက်စားမှုများကို မလိုလားကြပေ။AH1Burm 55.2

    ချစ်ခင်စုံမက်ခြင်းများကိုသတိပြုစောင့်ထိန်းပါ - တမန်တော်က သတိပေးထားသည်မှာ သင်တို့စိတ်နှလုံး၏ခါးစည်းကိုစည်းလော့။ ထိုနောက် သင်တို့၏စိတ်ကူးအကြံအစည်များကိုထိန်းချုပ်ထား၍ ယင်းတို့အားအခွင့် အရေးရှိသလောက် ပြည့်ပြည့်စုံစုံအသုံးချခွင့်မပေးပါနှင့်။ စိတ်ကူးအကြံအစည် များကို သင်တို့၏ကြိုးပမ်းမှုဖြင့် ကာကွယ်ချုပ်ထားနိုင်ပေလိမ့်မည်။ မှန်ကန် သောစိတ်ကူးများကိုကြံစည်ပါ။ ထိုသို့ပြုလျှင် သင်သည် မှန်ကန်သော အပြုအမူများကို ပြုလုပ်ပါလိမ့်မည်။ ထိုမှတစ်ဖန် သင်တို့၏ချစ်ခင်စုံမက် ခြင်းများကို သတိပြုစောင့်ထိန်းပါ။ မသင့်လျော်သောအရာဝတ္ထုများအပေါ် အာရုံမစူးစိုက်စေနှင့်။ ယေရှုရှင်သည် သင်တို့အား သူ့အသက်နှင့်လဲ၍ဝယ် ယူထားတော်မူခဲ့သည်။ သင်တို့ကို ကိုယ်တော်ရှင်ပိုင်တော်မူသည်။ ထိုကြောင့် သင်တို့စိတ်နှလုံး၏အင်အားနှင့် ချစ်ခင်စုံမက်ခြင်းများကို ဘယ်ကဲ့သို့ အသုံးပြုရမည့်အကြောင်းနှင့်ပတ်သက်၍ ခပ်သိမ်းသောအမှုကိစ္စတို့နှင့် ကိုယ်တော်နှင့်တိုင်ပင်လုပ်ကိုင်ရကြမည်။AH1Burm 55.3