Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၁၂—သင့်လျော်အပ်စပ်ခြင်း

    တစ်ဦးနှင့်တစ်ဦးသင့်လျော်အပ်စပ်ခြင်း - အိမ်ထောင်အများ၌ ခရစ်ယာန်တို့၏ယဉ်ကျေးသိမ်မွေ့ခြင်း၊ ရိုသေလေးစားခြင်း၊ ထောက်ထား စာနာခြင်း၊ အိမ်ထောင်သားများကိုထိမ်းမြား၍ မိမိတို့၏ကိုယ်ပိုင် ပျော်ရွှင်သာယာအိမ်သီရိဂေဟာကိုတည်ထောင်ရန် ပြင်ဆင်ပေးမည့် တစ်ဦးကို တစ်ဦးရိုသေခြင်း စသောအရည်အသွေးများမရှိပေ။ သည်းခံခြင်း၊ ကြင်နာခြင်း၊ ရိုသေကျိုးနွံခြင်းနှင့် ခရစ်ယာန်တို့၏ကိုယ်ချင်းစာနာခြင်းနှင့် မေတ္တာအစား ရင့်သီးသောအသုံးအနှုန်းများ၊ အတိုက်အခံသဘောထားများနှင့် အပြစ်တင် ဝေဖန်၍ နိုင်လိုမင်းထက်လုပ်လိုသောသဘောထားတို့ကြီးစိုးနေ၏။AH1Burm 95.1

    အများအားဖြင့် မင်္ဂလာဆောင်မည့်ပုဂ္ဂိုလ်နှစ်ဦးတို့သည် မင်္ဂလာ မဆောင်မီ တစ်ဦး၏အကျင့်ဓလေ့များနှင့် စိတ်နေသဘောထားကို တစ်ဦးက ကောင်းမွန်စွာသိကျွမ်းခွင့်မရရှိကြပေ။ သူတို့သည် အကြင်လင်မယားဘဝသို့ ရောက်ရှိရန်အတွက် လက်ထပ်ပွဲကိုကျင်းပနေသောအချိန်မှာ သူတို့၏နေ့စဉ် ကိုယ်စီဘဝရပ်တည်မှုနှင့်ပတ်သက်၍ တစ်ဦးအကြောင်းတစ်ဦးလုံးဝမသိ ဖြစ်နေသည်။ အများသောလူငယ်လူရွယ်လင်မယားသည် အလွန့်အလွန် နောက်ကျနေမှ သူတို့နှစ်ဦးသည် ရှေ့သွားနောက်လိုက်မညီ တခြားစီဖြစ် နေမှန်းတွေ့ရှိကြရသည်။ ထိုကြောင့် သူတို့နှစ်ဦးသည် လင်မယားဘဝ၌ ရပ်တည်နေသမျှကာလပတ်လုံး စိတ်ဆင်းရဲခြင်းကို ရင်ဆိုင်နေရကြသည်။ မကြာခဏဇနီးဖြစ်သူနှင့်သားသမီးတို့သည် ခင်ပွန်းလည်းဖြစ်၊ ဖခင်လည်း ဖြစ်သောသူ၏ပျင်းရိမှုနှင့်အရည်အချင်းမရှိမှု (သို့မဟုတ်) ဆိုးယုတ်သော အကျင့်ဓလေ့များကြောင့် ဒုက္ခရောက်ရကြသည်။AH1Burm 95.2

    အိမ်ထောင်ဖက်ရွေးမှားယွင်းမှုကြောင့် ယနေ့ကမ္ဘာကြီးသည် ဒုက္ခ ဆင်းရဲခြင်းနှင့်အပြစ်ဒုစရိုက်တို့ဖြင့်ပြည့်နှက်လျက်ရှိသည်။ အများအားဖြင့် လက်ထပ်ပြီး၍ လပေါင်းအနည်းငယ်အတောအတွင်းမှာပင် လင်ဖြစ်သူနှင့် မယားဖြစ်သူတို့က သူတို့နှစ်ဦး၏စိတ်နေသဘောထားကို ဘယ်အခါမျှ ပေါင်းစပ်၍ရမည်မဟုတ်သည်ကို တွေ့ရှိကြသည်။ ထိုကြောင့် မေတ္တာနှင့် ကောင်းကင်ဆိုင်ရာစည်းလုံးညီညွတ်မှုရှိသင့်သော ယင်းအိမ်ထောင်တွင် စိတ်ဝမ်းကွဲမှုသည် ကြီးစိုးနေလေသည်။AH1Burm 95.3

    မမှုလောက်သောကိစ္စတစ်ခုတွင် စကားနိုင်လုခြင်းအားဖြင့် ခါးသီး သောစိတ်သဘောထားကိုမွေးမြူကြသည်။ ဗြောင်ကျသောသဘာကွဲလွဲမှ များနှင့်ငြင်းခုံခြင်းတို့သည် အိမ်ထောင်၌စကားအားဖြင့်ဖော်ပြ၍မရသော ဒုက္ခဆင်းရဲခြင်းကိုပေါက်ဖွားစေ၍ မေတ္တာနှောင်ကြိုးဖြင့်ချည်နှောင်စုစည်း ထားအပ်သောမိသားစုတို့အား စိတ်ဝမ်းကွဲစေသည်။ ဤနည်းအားဖြင့် ထောင်သောင်းမကသူတို့သည် ဉာဏ်အမြော်အမြင်နည်းပါးသောထိမ်းမြား မင်္ဂလာပြုခြင်းအားဖြင့် မိမိတို့ခန္ဓာရောဝိညာဉ်ပါဆုံးပါးခံလျက် ပျက်စီးရာ လမ်းထဲ၌ လျှောက်သွားကြသည်။AH1Burm 96.1

    စည်းလုံးမှုမရှိသောအိမ်ထောင်တွင် ရာသက်ပန်စိတ်ဝမ်းကွဲမှု ရှိခြင်း အိမ်ထောင်ဖက်၏ပျော်ရွှင်မှုနှင့်တိုးတက်ကြီးပွားမှုသည် လင်နှင့်မယားတို့၏စည်းလုံးညီညွတ်မှုပေါ်တွင်တည်သည်။ ဇာတိပကတိ သဘောရှိသောသူသည် ခရစ်တော်၏စိတ်သဘောနှင့်တညီတည်းဖြစ်သော သူနှင့် ဘယ်ကဲ့သို့ပေါင်းစည်းနိုင်မည်နည်း။ တစ်ဦးကဇာတိပကတိမျိုးစေ့ ကိုကြဲလျက် သူ့စိတ်နှလုံး၏တိုက်တွန်းနှိုးဆော်ချက်အရ ကြံစည်လုပ်ကိုင် နေသည်။ ကျန်တစ်ဦးက ဝိညာဉ်ပကတိမျိုးစေ့ကိုကြဲ၍ အတ္တစိတ်ကို ချိုးနှိမ်ထားရန်လည်းကောင်း၊ စိတ်ယိုင်မှုကိုအောင်မြင်နိုင်နင်းရန်လည်း ကောင်း၊ သူ့သခင်ဟုခေါ်ဆိုသော ကယ်တင်ရှဇ်၏စကားတော်ကို နားထောင် လျက်နေရန်လည်းကောင်း ကြိုးပမ်းသည်။ ဤနည်းအားဖြင့် လင်မယား နှစ်ဦးတို့၏ဝါသနာချင်းသည်လည်းကောင်း၊ စိတ်ယိုင်မှုရှိခြင်းသည် လည်းကောင်း၊ ရည်စူးချက်သည်လည်းကောင်း ထာဝစဉ်ခြားနားကွာဟမှု ရှိနေသည်။ ယုံကြည်သောတပည့်တော်သည် ကျင့်ဝတ်များကိုစွဲမြဲ စွဲကိုင်ထားလျက် နောင်တမရသောသူကို သူ့ဘက်ပါအောင်မဆွဲနိုင်လျှင် ဖြစ်နေကျအတိုင်း သူသည်စိတ်အားငယ်လာ၏။ ဘုရားသခင်နှင့် အဆက်အသွယ်လုံးဝမရှိသောသူအား နုံချာလှသောအိမ်ထောင်ဖက်အနေဖြင့် ရရှိရေးအတွက် ဘာသာရေးဆိုင်ရာကျင့်ဝတ်များကို ရောင်းစားလိမ့်မည်။AH1Burm 96.2

    မိတ်ဖက်မဟုတ်ခြင်းကြောင့်ထိမ်းမြားမင်္ဂလာပျက်ရခြင်း - မြောက်မြားစွာသောထိမ်းမြားမင်္ဂလာများသည် ဒုက္ခဆင်းရဲခြင်းကိုသာ ဖန်တီးပေးတတ်သည်။ သို့စေကာမူ လူငယ်လူရွယ်တို့၏စိတ်သည် ဤကဲ့သို့ ထိမ်းမြားခြင်းမျိုးကိုစိတ်ယိုင်ခြင်းမှာ စာတန်၏ပို့ဆောင်လမ်းပြမှုကိုခံရ သောကြောင့်ဖြစ်၏။ သူတို့အနေဖြင့် ထိမ်းမြားမင်္ဂလာပြုလျှင် စိတ်ပျော်ရွှင် မှုကိုရရှိကြလိမ့်မည်ဟူသော ယုံကြည်ချက်ကိုစာတန်က သွတ်သွင်းပေးထား သည်။ သို့ရာတွင် ကာယကံရှင်အနေဖြင့် ယင်းအချိန်တွင် သူတို့ကိုယ်ကို အုပ်ထိန်းထားနိုင်စွမ်းမရှိ၊ အိမ်ထောင်ကိုလည်း လိုအပ်သောသူ့အသုံးအဆောင် များနှင့် ထောက်ပံ့နိုင်စွမ်းမရှိပေ။ မနှစ်မြို့ဖွယ်သောသဘောကွဲလွဲမှုများနှင့် ငြင်းခုံမှုများကိုရှောင်ရှားရန် တစ်ဦး၏စိတ်နေသဘောထားတို့ကို အံဝင်ခွင်ကျ ဖြစ်စေရန် ပြုပြင်လိုသောဆန္ဒမရှိသောသူတို့သည် ထိမ်းမြားမင်္ဂလာမပြုသင့် ကြသေးပေ။ သို့ရာတွင် ဤနောက်ဆုံးသောကာလ၏သွေးဆောင်ဖြားယောင်း သောထောင်ချောက်သည် အချိန်အရွယ်မရောက်ဘဲနှင့် အိမ်ထောင်ပြုခြင်း ဖြစ်သည်။ ယင်းထောင်ချောက်၌မိနေသော ထောင်သောင်းမကသောသူတို့သည် ယခုဘဝနှင့်နောင်ဘဝတွက် ပျက်စီးခြင်းရင်ဆိုင်ကြရသည်။AH1Burm 97.1

    မျက်စိမရှိသောချစ်ခြင်း၏နောက်မှပေါ်ပေါက်လာသောအဖြစ် အပျက်သစ် - မျက်စိမရှိသောချစ်ခြင်းတည်းဟူသော ဤကူးစက်တတ် သည့်ရောဂါစွဲကပ်တတ်သောသူတို့၏စွမ်းရည်တိုင်းသည် ယင်းရောဂါက ဖြစ်မှကုရမည့်ဘဝသို့ရောက်သွားလေသည်။ သူတို့၌ပိုင်းခြားဝေဖန်တတ် သောဉာဏ်ရှိဟန်မတူပေ။ သူတို့ကျင့်သုံးသောလမ်းစဉ်သည်လည်း တွေ့မြင် ရသမျှသောသူတို့အတွက် ရွံရှာဖွယ်ဖြစ်သည်။AH1Burm 97.2

    မြောက်မြားစွာသောသူတို့အတွက် ယင်းရောဂါ၏အပြင်းထန်ဆုံး ဖိစီးနှိပ်စက်မှုကို အချိန်အရွယ်မရောက်သေးသော ထိမ်းမြားမင်္ဂလာအောင် မှုတွင် ခံစားရလေသည်။ ဤအသစ်သောပျော်ရွှင်မှုသည် ကျော်လွန်သွား၍ ချစ်ကြိုက်မှုမှပေါ်ထွက်လာသော နှစ်ထောင်းအားရမှုသည် ပြီးဆုံးသွားသော အခါ တစ်ဦးမဟုတ်တစ်ဦး၊ (သို့မဟုတ်) နှစ်ဦးစလုံးတို့သည် သူတို့၏ အခြေအနေမှန်ကိုသိရှိလာကြသည်။ ထိုအခါ သူတို့သည် တစ်ဦးနှင့်တစ်ဦး အိမ်ထောင်ဖက်မညီသော်လည်း ရာသက်ပန်အကြင်လင်မယားအဖြစ် ပေါင်းသင်းရမည့်အရေးကိုတွေ့မြင်ကြသည်။ တစ်ဦးနှင့်တစ်ဦးစည်းစနစ်ကျကျ ဖြင့် ကတိသစ္စာပြုထားပြီးဖြစ်သောကြောင့် ရှေ့သို့လက်တွဲပြီးလျှောက်သွား ရမည့် စိတ်ဆင်းရဲမှုခရီးလမ်းကြောင်းကြီးအတွက် စိတ်လေးလံမိကြသည်။ သို့ဖြစ်လင့်ကစား သူတို့၏လက်ရှိအခြေအနေကို အကောင်းဆုံး ဖြစ်အောင်ပြုပြင်ပေးသင့်ကြပေသည်။ သို့ရာတွင် အများသောသူတို့သည် ယင်းကဲ့သို့မပြုလုပ်ကြပေ။ သူတို့သည် ပြုခဲ့သောထိမ်းမြားမင်္ဂလာဆိုင်ရာ ကတိသစ္စာများကိုလည်း သစ္စာဖောက်ကြမည်။ သို့တည်းမဟုတ် သူတို့ ကိုယ်တိုင်သူတို့ပခုံးပေါ်၌တင်ကြသောထမ်းပိုးကို အလွန်အမင်းလေးလံအောင် ပြုလုပ်ကြသောကြောင့် အများသောသူတို့သည် သူရဲဘောနည်းစွာဖြင့် မိမိ တို့ကိုယ်ကိုသေကြောင်းကြံစည်ကြသည်။AH1Burm 98.1

    တစ်ဦးနှင့်တစ်ဦးငြင်းခုံမှုကို ဖန်တီးပေးသောအရာဟူသမျှကို ဘယ်ကဲ့သို့ရှောင်ရှားရမည်ကိုလည်းကောင်း၊ ထိမ်မြားမင်္ဂလာဆိုင်ရာ ကတိ သစ္စာကိုမချိုးဖောက်နိုင်ရန် ဘယ်ကဲ့သို့ပြုလုပ်ရမည်ကိုလည်းကောင်း၊ လင် ဖြစ်သူနှင့်မယားဖြစ်သူတို့သည် ထိမ်းမြားမင်္ဂလာပြုသောနေ့မှစ၍ ရာသက်ပန် နှစ်ဦးစလုံးအတူတကွ လေ့လာသင့်ကြပေသည်။AH1Burm 98.2

    သူတစ်ပါးတို့၏အတွေ့ အကြုံသည်သတိပေးချက်ဖြစ်သည် - မောင်ရွှေလူ၌ရှိသောစိတ်သဘောထားမျိုးကို စာတန်သည် အံ့ဩဖွယ် ကောင်းလောက်အောင် အောင်မြင်အသုံးပြုလေသည်။ သူ့အဖြစ်အပျက်သည် ထိမ်းမြားမင်္ဂလာနှင့်ပတ်သက်၍ လူငယ်လူရွယ်တို့ကို သင်ခန်းစာပေး သောအဖြစ်အပျက်ဖြစ်သည်။ အိမ်ထောင်ဖက်ကိုရွေးချယ်ရာတွင် ပိုင်းခြား ဝေဖန်တတ်ခြင်းနှင့် မှန်ကန်စွာဆုံးဖြတ်ခြင်းအတိုင်း ရွေးချယ်ခြင်းမဟုတ်ဘဲ စိတ်၏ခံစားချက်နှင့်စိတ်ဇောတိုက်တွန်းမှုတို့အတိုင်း လိုက်နာကျင့်သုံး ခြင်းသာဖြစ်သည်။ သူနှင့်သူ့ယောက်ျားတို့အိမ်ထောင်ကျခြင်းတို့သည် စစ်မှန်သောမေတ္တာကြောင့်လော။ မဟုတ်ပါ။ စိတ်ဇောတိုက်တွန်းမှုကြောင့် သာလျှင်ဖြစ်သည်။ သူတို့နှစ်ဦးတွင် တစ်ဦးမျှလင်မယားဘဝ၏တာဝန် များကိုထမ်းဆောင်ရန် သင့်လျော်သောအရည်အချင်းမရှိပေ။ အခြေအနေ သစ်၏သစ်ဆန်းမှုများကုန်ခန်းသွား၍ သူတို့နှစ်ဦးမှာလည်း တစ်ဦးနှင့် တစ်ဦးပိုမိုသိကျွမ်းရင်းနှီးလာသောအခါ သူတို့အနေဖြင့်တစ်ဦးပေါ်တွင်တစ်ဦး ထားရှိသောမေတ္တာသည် ပိုမိုခိုင်မာခဲ့သလော။ သူတို့၏ဘဝရပ်တည်မှုသည် လှပညီညွတ်စွာဂဟေဆက်မိခဲ့သလော။ အခြေအနေသည်ကား ပြောင်ပြောင် ကြီးဆန့်ကျင်ဘက်ဖြစ်ခဲ့လေသည်။ ကျင့်သုံးမှုကြောင့် အဆိုးရွားဆုံး သောအကျင့်စာရိတ္တတို့သည် ပိုမိုနက်ရှိုင်းလာသည်။ သူတို့၏လင်မယား ဘဝသည် အပျော်ရွှင်ဆုံးဖြစ်မည့်အစား ဒုက္ခဆင်းရဲခြင်းများတိုးတက် များပြားလာနေသောဘဝသာလျှင် ဖြစ်နေတော့သည်။AH1Burm 98.3

    ပျော်ရွှင်သာယာမှုကင်းသောထိမ်းမြားမင်္ဂလာပြုသည့် သူတို့က ရေးသားပေးပို့လိုက်သောစာများကို ကျွန်ုပ်သည် နောင်နှစ်ပေါင်းတော်တော် ကြာကြာရရှိခဲ့ပါသည်။ ကျွန်ုပ်အားရင်ဖွင့်ပြောဆိုထားခဲ့သော ယင်းမနှစ်မြို့ ဖွယ်သောအဖြစ်အပျက်များသည် အလွန်ပင်စိတ်မချမ်းသာဖွယ်ဖြစ်ပါသည်။ ဤကံမကောင်းအကြောင်းမလှသောသူတို့အား ဘယ်ကဲ့သို့သောအကြံပေးရ မည်ကိုလည်းကောင်း၊ သူတို့ထမ်းဆောင်နေသော လေးလံသည့်ဝန်ထုပ်ကြီး ကိုပေါ့ပါးစေရန်လည်းကောင်း ဘယ်ကဲ့သို့ဆုံးဖြတ်ရမည်မှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။ သို့ရာတွင် သူတို့၏ဝမ်းနည်းဖွယ်သောအကြောင်းအရာ အတွေ့အကြုံများသည် အခြားသောသူတို့အတွက် သတိပေးချက်ဖြစ်သင့် ပေသည်။AH1Burm 99.1