Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၄၆—မိထွေး

    မိထွေးအတွက်အကြံပေးချက် - သားသမီးများရှိသောမုဆိုးဖို တစ်ဦးနှင့်အိမ်ထောင်ပြုခြင်းသည် သင့်အတွက်ကောင်းချီးမင်္ဂလာတစ်ရပ်ဖြစ် လိမ့်မည်။ သင်သည် အတ္တစိတ်များလွှမ်းမိုးသောဘဝအသက်တာတွင် ရပ်တည် နေရမည့်အန္တရာယ်ကို ရင်ဆိုင်ခဲ့ရသည်။ နိုး၍လုပ်ကိုင်စေရန် လိုအပ်သော စာရိတ္တ၏တန်ဖိုးရှိလှသော ထူးခြားသောအရည်အသွေးများ သင်၌ရှိသည်။ သင်သည် စိတ်သဘောများနှင့်ဘယ်ကဲ့သို့ပြုစုဆက်ဆံရမည်ကို သင့်အား သင်ကြားပေးမည့်အတွေ့အကြုံမျိုးကို သင်၏အသစ်သောဆက်သွယ်မှုရရှိ လိမ့်မည်။ ကလေးများကိုကြည့်ရှုပြုစုခြင်းမှာ မေတ္တာနှင့်ကြင်နာခြင်းတည်း ဟူသော သဘောတရားတို့သည် သန်မာထွားကြိုင်းလာလိမ့်မည်။ သင့် အိမ်ထောင်တွင် ... သင်ထမ်းရမည့်တာဝန်ဝတ္တရားများသည် သင့်အတွက် ကြီးမားသောကောင်းချီးမင်္ဂလာဖြစ်လိမ့်မည်။ ဤသားသမီးတို့သည် သင့် အတွက်အဖိုးထိုက်သောသင်ခန်းစာ စာအုပ်ကြီးဖြစ်လိမ့်မည်။ ယင်းသင်ခန်းစာ များကို သင်သည် မှန်ကန်စွာဖတ်ရှုလေ့လာလျှင် သင့်အဖို့ကောင်းချီးမင်္ဂလာ များမြောက်မြားစွာရရှိစေလိမ့်မည်။ သားသမီးတို့အားကြည့်ရှုပြုစုခြင်းမှ နိုးကြားလာသောစိတ်ကူးဥာဏ်တို့သည် နူးညံ့သိမ်မွေ့ခြင်း၊ ချစ်ခြင်းနှင့် ကိုယ်ချင်းစာနာခြင်းတို့အား ထကြွလုပ်ဆောင်မှုရှိစေလိမ့်မည်။ ဤသားသမီး တို့သည် င့်အသွေးအသား၏တစ်စိတ်တစ်ဒေသမဟုတ်သော်လည်း သူတို့၏ ဖခင်ဖြစ်သူနှင့်အိမ်ထောင်ပြုခဲ့သောကြောင့် သင့်အနေဖြင့်ချစ်ရမည်။ ထိန်းသိမ်း ကြည့်ရှုရမည့်သူများ၊ သွန်သင်ဆုံးမရမည့်သူများတို့ပြင် ကျွေးမွေးပြုစုရမည့် သူများဖြစ်လာလေပြီ။ သူတို့နှင့်ပေါင်းသင်းဆက်ဆံရခြင်းအားဖြင့် သင့် အတွက် အကျိုးရှိမည့်စိတ်ကူးဥာဏ်များနှင့် အကြံအစည်များကိုကျင့်သုံး စေလိမ့်မည်။ သင့်အိမ်ထောင်၌ရရှိရမည်ဖြစ်သောအတွေ့အကြုံအားဖြင့် သင်လုပ်ကိုင်ဆောင်ရွက်မှုကို ဖျက်လိုဖျက်ဆီးပြုလုပ်ရမည့်အတ္တစိတ်ကို ဖယ်ရှား၍၊ ပျော့ပျောင်းနူးညံ့စေ၍ အောင်မြင်ရန်လိုအပ်သောအကြံအစည် များကို ပြုပြင်ပြောင်းလဲပေးလိမ့်မည်။AH1Burm 360.1

    နူးညံ့သိမ်မွေ့စွာဖြင့်လည်းကောင်း၊ ကိုယ်ချင်းစာနာစွာဖြင့်လည်း ကောင်း၊ ချစ်ဖွယ်သောစကားများဖြင့်လည်းကောင်း ဆက်ဆံမှုကိုလိုအပ် နေသောသူတို့နှင့် ပိုမိုရင်းနှီးစေရန်သင့်အနေဖြင့် ပိုမိုကြီးမားရင့်သန်သော စိတ်နူးညံ့သိမ်မွေ့ခြင်းနှင့် ကိုယ်ချင်းစာနာခြင်းတရားတို့ကို သန်မာထွားကြိုင်း လာစေရန် လိုအပ်နေပေသည်။ သင်၏သားသမီးများက ဤကျင့်ကောင်း သီလများကိုကျင့်သုံးစေရန်နှင့် သဘောထားကြီးကြီးထားစေရန် ကူညီမစ ကြလိမ့်မည်။ သူတို့နှင့်ခင်မင်ရင်းနှီးစွာပေါင်းသင်းဆက်ဆံခြင်းအားဖြင့် ဒုက္ခဝေဒနာခံစားနေရသောလူသားတို့အတွက် ဆောင်ရွက်ရာတွင် သင့်အား ပိုမို၍စေတနာ၊ မေတ္တာ၊ ကိုယ်ချင်းစာတရားများ မွေးမြူကျင့်သုံးရန်သိရှိ လာလိမ့်မည်ဖြစ်သည်။AH1Burm 361.1

    မေတ္တာစိတ်ကင်းမဲ့သောမိထွေးအတွက်ဆုံးမချက် - သင်သည် သင့်ခင်ပွန်းကိုမေတ္တာရှိ၍ သူနှင့်အိမ်ထောင်ပြုခဲ့လေပြီ။ သင်သည်သူနှင့် အိမ်ထောင်ပြုစဉ်က သူ့သားသမီးများအတွက် မိခင်၏တာဝန်များကို ထမ်းဆောင်ရန်ပဋိညာဉ်ပြုခဲ့လေပြီ။ သို့ရာတွင် ဤကိစ္စ၌သင်သည် အားတက် သရောမရှိပုံကို ကျွန်ုပ်တွေ့မြင်ခဲ့ရသည်။ သင်သည် ဝမ်းနည်းဖွယ်ကောင်း အောင် ချွတ်ယွင်းချက်ရှိသည်။ သင်သည် သင့်ခင်ပွန်း၏သားသမီးများကို ယုယပိုက်ထွေးခြင်းမရှိပေ။ အခြေအနေသည် လုံးဝပြောင်းလဲမှုမရှိလျှင်လည်း ကောင်း၊ သင့်ကိုယ်တိုင်နှင့်သင့်အုပ်ထိန်းမှုတွင် ပြုပြင်ပြောင်းလဲမှုမရှိလျှင် လည်းကောင်း ဤအဖိုးထိုက်တန်လှသောရတနာကလေးများသည် ဆုံးရှုံး ပျက်စီးကြရပေမည်။ သင်သည်စည်းကမ်းပေးရာတွင် မေတ္တာစိတ်မရှိ၊ မေတ္တာ တရားထားရှိကြောင်း လက္ခဏာပြသခြင်းလည်းမရှိပေ။AH1Burm 361.2

    ယင်းချစ်ဖွယ်ကောင်းသောသားသမီးများအထူးသဖြင့် သူ၏ဘဝ အသက်တာကို ခါးသီးအောင်ပြုလုပ်လျက်ရှိသည်တကား၊ ချစ်ခြင်း၊ ခင်မင် ယုယစွာဖြင့်ပိုက်ထွေးခြင်းနှင့်သည်းခံခြင်းတို့သည် အဘယ်မှာရှိသနည်း။ မေတ္တာထက်မုန်းတီးခြင်းသည် သင့်မသန့်ရှင်းသောစိတ်နှလုံး၌ ကိန်းအောင်း လျက်ရှိနေပြီတကား။ သင်၏နှုတ်မှချီးကျူးစကားနှင့်အားပေးစကားထက် ပြစ်တင်သောစကားများထွက်လာကြပြီတကား။ သင်၏အပြုအမူများ၊ သင်၏ ခက်ထန်သောလုပ်ရပ်များ၊ သင်၏ကိုယ်ချင်းစာတရားကင်းမဲ့သောသဘာဝ တို့သည် ထိုနုနယ်ပျော့ပျောင်းသောသမီးအတွက် နုနယ်သောအပင်ငယ်ကို ဖျက်ဆီးတတ်သော မိုးသီး၏ဒဏ်ကိုခံရသည်နှင့်တူလှသည်။ မိုးသီး၏ဒဏ် ကိုခံရသောအခါတိုင်း အပင်ငယ်သည်ကောက်ကွေး၍ ကျိုးပဲ့ကြေမွလျက် အသက်ပင်ဗလာနတ္တိမရှိတော့ပြီတကား။AH1Burm 361.3

    သင်၏အုပ်ချုပ်မှုသည် သင့်ကလေးများ၏မေတ္တာလမ်းကြောင်း၊ မျှော်လင့်ခြင်းလမ်းကြောင်းနှင့်ဝမ်းမြောက်ခြင်းလမ်းကြောင်းများကို ပိတ်ဆို့ ထားပြီတကား။ သင့်သားသမီးမျက်နှာတွင် ဝမ်းနည်းခြင်းအမှတ်အသား သည်ပေါ်လွင်နေလျက် သင့်နှလုံးသားထဲတွင် ကိုယ်ချင်းစာတရားနှင့်နူးညံ့ သိမ်မွေ့ခြင်းတရားများ နိုးကြားထကြွလာမည့်အစား၊ သည်းခံမှုကင်းမဲ့ခြင်း နှင့်မုန်းတီးခြင်းတို့သည် အစားထိုးဝင်ရောက်လာလေပြီတကား။ သင်၌ ရွေးချယ်မှုရှိလျှင် ဤအခြေအနေကိုရွှင်လန်းချမ်းမြေ့သော ဘဝအသက်တာ သို့ပြောင်းလဲနိုင်သည်။AH1Burm 362.1

    သားသမီးတို့သည် မိခင်မျက်နှာ၏အနေအထားကိုကြည့်ရှုလေ့လာ ကြသည်။ မေတ္တာရှိသည် (သို့မဟုတ်) မုန်းတီးခြင်းရှိသည်ကို သူတို့ နားလည်ကြသည်။ သင်၏လုပ်ရပ်ကိုသင်သည်မသိပေ။ ဝမ်းနည်းသော မျက်နှာငယ်ကလေးသည်လည်းကောင်း၊ ဒုက္ခအပြည့်အဝရှိသောနှလုံးသား ထဲမှထွက်ပေါ်လာသောသက်မချခြင်းသည်လည်း ကောင်းသောမေတ္တာနှင့် သနားခြင်းကရုဏာကို တောင်းဆိုနေသည်မဟုတ်ပါလော။AH1Burm 362.2

    အလွန်အကြူးတင်းမာကျပ်တည်းခြင်း၏ဆိုးကျိုးများ - မကြာမီက ကျွန်ုပ်အားဒေါ်ညိုအကြောင်းကို ရူပါရုံတွင်ပြပါသည်။ သူမ၏မှားယွင်းမှ များကို သူမရှေ့တွင်တိကျစွာသရုပ်ပေါ်အောင်ဖော်ပြထားသည်။ သို့ရာတွင် နောက်ဆုံးအကြိမ်ကျွန်ုပ်တွေ့ မြင်ရသောအချိန်တွင် သူမ၏မှားယွင်းမှုများ သည် ဆက်လက်ရပ်တည်နေသေးသည်ကိုလည်းကောင်း၊ သူမသည် သူမ ခင်ပွန်း၏ကလေးများအပေါ်အေးစက်စက်ဖြင့်ဆက်ဆံ၍ ကိုယ်ချင်းစာနာမှု လည်းမရှိပေပြီ။ ကြီးမားသောမှားယွင်းမှုများအတွက်ပါ ဆုံးမပဲ့ပြင်လေသည်။ အမြဲတမ်းအပြစ်ရှာခြင်းသည် မှားယွင်း၍ယင်းကာယကံရှင်၏နှလုံးသားထဲ တွင် ခရစ်တော်၏ဝိညာဉ်တော်သည် ကိန်းဝပ်ခြင်းမပြုနိုင်ပေ။ သားသမီး များတွင် ကျင့်ကောင်းသီလများကို နှစ်သက်သဘောကျကြောင်း အမူအရာ အားဖြင့်မပြသော်လည်း မှားယွင်းမှုတစ်ခုတည်းကိုပင် တွေ့မြင်သောအခါ “နင်ပဲငအ” ဟု ပြောတတ်လေသည်။ ယင်းကဲ့သို့ပြုလုပ်ခြင်းသည် ကလေး များအားစိတ်အားငယ်စေ၍ နားမထောင်ဘဲနေသောအကျင့်ဓလေ့ကို ပျိုးထောင် ပေးတတ်သည်။ ၎င်းအပြင် ကလေးများ၏နှလုံးသားထဲ၌ အပြစ်ဒုစရိုက် ကိုလှုံ့ဆော်ပေး၍ အမှိုက်သရိုက်အညစ်အကြေးတည်းဟူသော အပြောအဆို နှင့်လုပ်ရပ်များကို မွေးထုတ်ပေးတတ်သည်။ အမြဲတမ်းဆူပူကြိမ်းမောင်းခြင်း ခံရသောကလေးတို့တွင် “ဂရုစိုက်စရာမလိုပါဘူး” ဟူသော စိတ်သဘော ထားမျိုးကိုကိန်းအောင်းစေ၍ မည်ကဲ့သို့သောနိဂုံးချုပ်မှုမျိုးရှိသော်လည်း ဆိုးညစ်သောစိတ်လိုက်မာန်ပါပြုမူမျိုးကို လမ်းခင်းပေးသည်။AH1Burm 362.3

    ဒေါ်ညိုအနေဖြင့် မေတ္တာနှင့်ကိုယ်ချင်းစာတရားများကို မွေးမြူထား သင့်ပေသည်။ သူမထိန်းသိမ်းကြည့်ရှုနေရသော “မိခင်မဲ့ကလေးများအပေါ် နူးညံ့သိမ်မွေ့သောမေတ္တာမျိုးကို ရွာသွန်းပေးသင့်ပေသည်။ ယင်းကဲ့သို့ပြုလုပ် ခြင်းသည် ဘုရားသခင်ချစ်တော်မူသောကလေးများအတွက် မင်္ဂလာဖြစ်၍ သူတို့ကလည်း သူမအားမေတ္တာဖြင့်တုံ့ပြန်ကြလိမ့်မည်။AH1Burm 363.1

    နှစ်ထပ်ကွမ်းကြည့်ရှုပြုစုခြင်းလိုအပ်သောအခါ - မေတ္တာစစ် မေတ္တာမှန်အရင်းခံသောနှလုံးသားကို ရင်ဝယ်ပိုက်ထားသောမိခင်နှင့် သေခြင်း အားဖြင့်ကွေကွင်းရသောသားသမီးတို့သည် မည်ကဲ့သို့မျှအစားမထိုးနိုင်သော ဆုံးရှုံးခြင်းမျိုးကို ရင်ဆိုင်ကြရသည်။ သို့ရာတွင် ယင်းကံခေသောသိုးစု ငယ်ကလေးကို ကြည့်ရှုပြုစုထိန်းသိမ်းရန် တာဝန်ယူသောမိထွေးသည် ယင်း ကလေးများအား ပိုမိုမေတ္တာတရားထားရန်နှင့် သူတို့၏မိခင်ရင်းထက်ပင် ပိုမိုသည်းခံသောသဘောထား၊ ခြိမ်းခြောက်မှုရှောင်ကြဉ်သောသဘောထား များကို မွေးမြူကျင့်သုံးရန် နှစ်ထပ်ကွမ်းတာဝန်ရှိလေသည်။ ဤနည်းအား ဖြင့် သားသမီးတို့၏ ကြီးမားသောဆုံးရှုံးမှုကြီးကို အစားထိုးနိုင်လိမ့်မည် ဖြစ်သည်။AH1Burm 363.2