Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၃၇—မဖြစ်ထိုက်သောခင်ပွန်းမျိုး

    ဇနီးဖြစ်သူအားနှစ်ဆသောတာဝန်များကိုထမ်းစေလိုသောခင်ပွန်း - အများသောအိမ်ထောင်များတွင် အသက်အရွယ်အမျိုးမျိုးရှိသောကလေး များရှိတန်ရာ အချို့ကလေးများသည် မိခင်ဖြစ်သူ၏ဂရုစိုက်မှုနှင့် ဉာဏ် အမြော်အမြင်ဖြင့်ဆုံးမသွန်သင်ခြင်းသာမက ဖခင်၏ ပြင်းထန်သော်လည်း ကရုဏာရှေ့ထားသော ထိန်းသိမ်းစောင့်ရှောက်မှုကို လိုအပ်ကြသည်။ ဤ အတိုင်းထက်အလွန်အရေးပါသော၊ အရာရောက်သောကိစ္စကိုစဉ်းစားမိကြ သောဖခင်မျိုးသည် မရှိသလောက်နည်းပါးကြသည်။ သူတို့ကိုယ်တိုင်လုပ်သင့် လုပ်ထိုက်သောတာဝန်ကို ထမ်းဆောင်ရန်ပျက်ကွက်မှုကြောင့် မိခင်ဖြစ်သူ သည် ကြီးလေးသောတာဝန်ပိုတို့၏ဖိနှိပ်မှုကိုခံနေရကြရှာသော်လည်း ခင်ပွန်း ဖြစ်သူတို့က သူတို့၏စိတ်လိုက်မာန်ပါမိခင်ဖြစ်သူတို့အား အားမနာဝေဖန် ပြောဆိုကြသေးသည်။ ဤကဲ့သို့ကြီးလေးသောတာဝန်များကိုထမ်းဆောင်၍ ပြစ်တင်ရှုတ်ချမှုကိုခံနေရသည့်ကြားမှ အခြေအနေအရ အကောင်းဆုံးဖြစ်စေ ရန်ဆိုသောဆန္ဒဖြင့် အတတ်နိုင်ဆုံးဆောင်ရွက်ခဲ့သော်လည်း သူမတို့အနေ ဖြင့် အမှတ်မထင်ပြုမိခဲ့သောအရာများအတွက် မိမိတို့တာဝန်မကင်းဖြစ်ရ သည်ဟူသောခံစားချက်ဖြင့် စိတ်မကောင်းဖြစ်ရကြရှာသည်။ သူမတို့၏ တပင်တပန်းကြိုးစားဆောင်ရွက်နေမှုများအတွက် ခင်ပွန်းတို့သည် နှစ်သက် သဘောကျသောအမူအရာကို ကြိုးစားပြသခြင်းအားဖြင့် သူမတို့၏စိတ် ပျော်ရွှင်မှုကိုဖြစ်စေသင့်သော်လည်း၊ သူတို့ဆောင်ရွက်ရမည့်တာဝန်ကို လျစ်လျူရှုလျက် သူမတို့ကိုယ်တိုင်၏တာဝန်နှင့် သူတို့၏တာဝန်များကိုပါ သူတို့စိတ်ကြိုက်ထမ်းဆောင်စေရန် အခြေအနေကခွင့်မပြုသော်လည်း သူတို့က စောင့်စားမျှော်လင့်နေမှုကြောင့် ဇနီးဖြစ်သူတို့သည် ဝမ်းနည်းခြင်းနှင့်ရှုတ်ချ မှုတို့၏ဒဏ်ကို ခံစားရကြရှာသည်။AH1Burm 293.1

    တစ်နေကုန်တစ်နေခန်း အများအားဖြင့် အိမ်ထောင်ဆိုင်ရာတာဝန် များကို မနေမနားထမ်းဆောင်နေရမှုအတွက် ဇနီးဖြစ်သူတို့ရင်ဆိုင်၍နေရ သော စိုးရိမ်ကြောင့်ကြမှုများနှင့်စိတ်ရှုပ်ထွေးမှုများကို အများသောခင်ပွန်း ဖြစ်သူတို့သည် အသင့်အတင့်နားလည်မှုမရှိကြပေ။ မကြာခဏပင်သူတို့သည် မျက်မှောင်ကုတ်များဖြင့်အိမ်သို့ပြန်လာလျက် မိသားစုတို့အတွက် ပျော်ရွှင် သာယာမှုကိုလုံးဝသယ်ဆောင်လာခြင်းမပြုကြပေ။ ထမင်းကိုအချိန်မီမစား ရလျှင်၊ တစ်ကြိမ်တည်းမှာပင် အိမ်ထောင်ဆိုင်ရာတာဝန်ကိုထမ်းဆောင်ရ သောမိခင်၊ ကလေးထိန်းအနေဖြင့်ဆောင်ရွက်ရသောမိခင်၊ ထမင်းချက်အနေ ဖြင့်ဆောင်ရွက်ရသောမိခင်၊ အခိုင်းအစေအနေဖြင့်ဆောင်ရွက်ရသောမိခင်၊ မောပန်းနေသောမိခင်သည် ခင်ပွန်း၏ဝေဖန်အပြစ်တင်ခြင်းကိုခံရရှာသည်။ မိသားစုများစားသောက်ရမည့်အစားအစာကို မိခင်ဖြစ်သူအားအဆောတလျင် ချက်ပြုတ်နိုင်စေရန် စိတ်လိုက်မာန်ပါပြောတတ်သောခင်ပွန်းဖြစ်သူသည် သူမ၏ညောင်းနေပြီဖြစ်သော လက်ထဲမှကလေးကိုယူ၍ ခေတ္တထိန်းထား ပေးရန်တာဝန်မလေးသင့်ပေ။ အကယ်၍ကလေးသည် ဖခင်၏လက်ထဲတွင် အငြိမ်မနေဘဲ ရုန်းကန်အော်ဟစ်နေလျှင် ကလေးအားချော့မော့၍ငြိမ်သွား အောင် ထိန်းထားသင့်ပေသည်။ မိခင်အနေဖြင့် ကလေး၏ရုန်းကန်အော်ဟစ် ငိုကြွေးမှုကို နာရီပေါင်းမည်မျှကြာကြာခံနေခဲ့ရသည်ကို စဉ်းစားဆင်ခြင်မှု မရှိဘဲ သည်းခံစိတ်ကင်းမဲ့စွာဖြင့် “အမေရေ၊ ရော့၊ ဟောဒီမှာကလေးချီ လိုက်ပါ” ဟုခင်ပွန်းဖြစ်သူကပြောတတ်သည်။ ယင်းကလေးသည် မိခင် ဖြစ်သူ၏ကလေးဖြစ်သကဲ့သို့ ဖခင်ဖြစ်သူ၏ကလေးလည်းဖြစ်သည်မဟုတ် ပါလော။ သူ့သားသမီးများကိုမွေးထားရာတွင် ဖခင်အနေဖြင့်ဝိုင်းဝန်း ကြည့်ရှုရခြင်းသည် သဘာဝကျသည်မဟုတ်ပါလော။AH1Burm 294.1

    အာဏာရှင်ဆန်၍ နိုင်ထက်စီးနင်းပြောဆိုလုပ်ကိုင်တတ်သော ခင်ပွန်းအတွက်အကြံဥာဏ် - ဖခင်လည်းဖြစ်၍ ခင်ပွန်းလည်းဖြစ်သော ကြောင့် သူ့၌ သြဇာအာဏာရာနှုန်းပြည့်ရှိသည်ဟူသော စိတ်သဘောမျိုး မရှိသောအိမ်ထောင်ရှင်၏ဘဝအသက်တာသည် ပိုမိုသာယာစို ပြည် သောဘဝအသက်တာမျိုးဖြစ်လိမ့်မည်။ ယင်းကဲ့သို့သောသဘောထားမျိုး ကျင့်သုံးသောအိမ်ထောင်ရှင်သည် အိမ်ထောင်ကိုစုစည်းသောဖခင်ဟူသော သူ့ရာထူးကိုအလွဲသုံးစားပြုရာကျသည်။ သင်သည်စိတ်တို၍ အာဏာရှင် ဆန်ပြီးလျှင် မကြာခဏပင်တိကျသောဆုံးဖြတ်ချက်ချတတ်သော အရည် အသွေးကင်းမဲ့သည်ကိုပြသသောကြောင့် ယင်းအချိန်အခါမျိုး၌ သင်၏ ပြောဆိုလုပ်ကိုင်သမျှသည် သင့်ဇနီးနှင့်သားသမီးတို့၏လိုအပ်ချက်နှင့် အံဝင် ခွင်ကျမဖြစ်ပေ။ သင်သည် အကြံအစည်တစ်ခုကိုထားရှိပြီးသောအခါ ယင်းကိုပြုပြင်ပြောင်းလဲရန်ဆန္ဒမရှိပေ။ အများအားဖြင့် သင်ကျင့်သုံးနေသော လမ်းစဉ်သည် မှန်ကန်ခြင်းမရှိတတ်သောကြောင့် သင့်အနေဖြင့် ယင်းလမ်းစဉ် ကိုပြုပြင်ပြောင်းလဲပစ်ရမည်။ သင့်အနေဖြင့် အလိုအပ်ဆုံးအရာမှာ မေတ္တာ၊ သည်းခံခြင်းနှင့်အပြောအဆိုအလုပ်အကိုင်တို့၌ သင့်စိတ်ကြိုက်ကိုသာပြောဆို လုပ်ကိုင်လိုသောဆန္ဒမျိုးကို ရှောင်ရှားခြင်းဖြစ်သည်။ သင်ယခုလိုက်နာ ကျင့်သုံးနေသောလမ်းစဉ်သည် အိမ်ထောင်ကိုစုစည်းသောပုဂ္ဂိုလ်ဟူသော အမည်နာမနှင့်ကိုက်ညီခြင်းမရှိဘဲ သူတစ်ပါးတို့အားဖိနှိပ်၍ စိတ်ညစ်အောင် ပြုလုပ်သောပုဂ္ဂိုလ်အနေဖြင့် ရပ်တည်နေလိမ့်မည်။AH1Burm 295.1

    အဘယ်ကိစ္စမျိုး၌မဆို သင့်လိုအင်ဆန္ဒအတိုင်း တစ်သဝေမတိမ်း ဆောင်ရွက်ပေးရန်၊ အဓမ္မနည်းကိုအသုံးပြုရန်ကြိုးပမ်းလျှင် သင်သည် ကြီးစွာ သောအန္တရာယ်ကိုပြုပေလိမ့်မည်။ သင့်စိတ်ကူးဉာဏ်များတို့သည် မှန်ကန် လင့်ကစား ယင်းအဓမ္မနည်းကိုကျင့်သုံးခြင်းသည် မှားယွင်းသောလမ်းစဉ် ဖြစ်သည်။ သင်၏စီစဉ်ပုံတို့သည် ထူးဆန်းသောကြောင့် အခြေအနေသည် တင်းမာနေတတ်သည်။ ထိုကြောင့် သင်သည် မှားယွင်းသောအရာကို အဓမ္မမဆင်မခြင်ပြုလုပ်တတ်လေသည်။AH1Burm 295.2

    သင့်အိမ်ထောင်ကိုကြည့်ရှုကွပ်ကဲမှုနှင့်ပတ်သက်၍ သင်သည် ထူးခြားသောရှုထောင့်မှကြည့်ရှုတတ်သည်။ သင့်အနီးတစ်ဝိုက်၌ရှိသောအခြား သောသူတို့အား လွတ်လပ်ခွင့်မပေးဘဲ လွတ်လပ်စွာအဓမ္မဝါဒကိုကျင့်သုံးသည်။ သင်၏အိမ်ထောင်၌ အိမ်ထောင်ဦးစီးအနေဖြင့်ရပ်တည်ရန် သင်၌လုံလောက် သောအရည်အချင်းရှိသည်ဟုယူဆလျက် အလုပ်သမားတစ်ယောက်သည် စက်တစ်ခုကိုသူအလိုရှိသည့်အတိုင်းလှည့်သကဲ့သို့ သင့်အိမ်ထောင်သား တို့အား သင့်အနေဖြင့် စိတ်တိုင်းကျလှည့်နိုင်သည်ဟု ယုံကြည်နေသည်။ သင်သည်သြဇာပေး၍ အာဏာကိုလက်ကိုင်ထားသည်။ ဤကဲ့သို့ပြုလုပ်ခြင်း မျိုးကို ဘုရားသခင်သည် နှစ်သက်တော်မမူဘဲ ကြင်နာသောကောင်းကင် တမန်တို့ကိုလည်း စိတ်မကောင်းဖြစ်စေသည်။ သင့်အိမ်ထောင်တွင် သင် တစ်ဦးတည်းသာလျှင် ကိုယ်ပိုင်အုပ်ချုပ်မှုပြုလုပ်တတ်သကဲ့သို့ ဆောင်ရွက် နေသည်။ သင်၏ဇနီးက သင်၏သဘောထားကိုကန့်ကွက်သောအခါဖြစ်စေ၊ သင့်ဆုံးဖြတ်ချက်များကိုဝေဖန်သောအခါဖြစ်စေ သင်သည်စိတ်ဆိုးတတ်သည်။AH1Burm 296.1

    စိတ်တို၍ညစ်ညူးတတ်သောခင်ပွန်းများ - ခင်ပွန်းဖြစ်သူတို့၊ သင်တို့ဇနီးများအား သူတို့၏ဝိညာဉ်ရေးနှင့်ပတ်သက်သောဘဝအသက်တာ ဆောက်တည်ရေးအတွက် အခွင့်အရေးပေးကြပါ။ အများသောခင်ပွန်းတို့ သည် ယင်းကိစ္စနှင့်ပတ်သက်၍ တပူပူတညံညံဖြင့် ကလေးဆိုးများကဲ့သို့ ဖြစ်လာတတ်ကြသည်။ လူကြီးဖြစ်လာသော်လည်း ကလေးစိတ်များဖျောက် ဖျက်ခြင်းမရှိကြသေးပေ။ ယင်းကဲ့သို့တပူပူတညံညံလုပ်ခြင်းအားဖြင့် သူတို့ ၏ဘဝအသက်တာသည် ပိန်လိမ်ပုကွသွားသည့်တိုင်အောင် ကလေးဆိုးကြီး အကျင့်ဓလေ့များကို ဆက်လက်ကျင့်သုံးတတ်ကြသည်။ ယင်းအခြေအနေ သည် သူတို့ကိုယ်တိုင်ကိုသာမဟုတ်ဘဲ အခြားသောသူတို့အားထိခိုက်လေ သည်။ သူတို့သည်ဣရှမေလကဲ့သို့ လူတိုင်းကိုရန်သူဟုသဘောထား၍ လူတိုင်းကသူတို့ရန်သူဟုသဘောထားလေသည်။AH1Burm 296.2

    အတ္တစိတ်ရှိ၍စိတ်ခက်ထန်သောခင်ပွန်း - ဦးမည်း၏စိတ်သဘော ထားမျိုးသည် အိမ်ထောင်တွင်းသို့နေရောင်ခြည်တည်းဟူသော ပျော်ရွှင်သာယာ မှုမျိုးကို သွတ်သွင်းလာသောသဘောထားမဟုတ်ပေ။ အိမ်ထောင်သည် ယင်းပျော်ရွှင်သာယာမှုမျိုးကိုရရှိအောင် စတင်လုပ်ကိုင်ရာဒေသဖြစ်သည်။ ဤခင်ပွန်းမျိုးသည် လင်းရောင်ခြည်အစားမည်းမှောင်သောတိမ်သာလျှင် ဖြစ်သည်။ သူသည် သူ့မိသားစုတို့အား သူ့သဘောကျနှစ်သက်မှုကိုဖော်ပြ ရန် မလိုလားလောက်အောင်အတ္တစိတ်များလှသည်။ အထူးသဖြင့် သူ့ချစ်ခြင်း နှင့်ကြင်နာသောလေးစားခြင်းကို ခံယူထိုက်သောသူ့ဇနီးနှင့်ပေါင်းသင်းဆက်ဆံ မှုတွင် သူ့အတ္တစိတ်ကိုဖျောက်ဖျက်ခြင်းမရှိပေ။ သူသည်စိတ်ခက်ထန်သည်။ သည်းခံသောစိတ်မရှိပါ၊ အာဏာရှင်ဆန်သည်။ မကြာခဏပင်သူ့နှုတ်ထွက် စကားများသည်ခံပြင်း၍ သူ့စိတ်နေသဘောထားကို ပျော့ပျောင်းစေခြင်း အားဖြင့်သော်လည်းကောင်း၊ သူ့အမှားများကိုဝန်ခံခြင်းအားဖြင့်သော်လည်း ကောင်း ကုသခြင်းမပြုသောဒဏ်ရာဒဏ်ချက်ကို တစ်ဖက်သား၏နှလုံးသား တွင်ပေါ်ပေါက်လာစေပါသည်။AH1Burm 297.1

    ဦးမည်းသည် စိတ်နေသဘောထားပျော့ပျောင်းရန်လိုအပ်သည်။ သူသည် ရည်မွန်မှုနှင့်ယဉ်ကျေးမှုတို့ကိုမွေးမြူရန်လိုအပ်နေသည်။ အဘယ် နေရာ၌မဆို သူနှင့်တန်းတူဖြစ်သောဇနီးအပေါ် ကြင်နာမှုနှင့်သိမ်မွေ့မှုရှိရန် လိုအပ်သည်။ သူမ၏နှလုံးသားပေါ်၌ အရုပ်ဆိုးသောအရိပ်ထိုးမည့်စကား တစ်လုံးတစ်ပါဒမျှကို မပြောသင့်ပေ။ ပြုပြင်ပြောင်းလဲရေးဆိုင်ရာကိစ္စကို သူ့အိမ်တွင်းမှစတင်ဆောင်ရွက်ရမည်။ သူသည်ချစ်တတ်သောစိတ်မျိုးကို ရမည်။ ခင်ပွန်းအနေဖြင့် မြင့်မြတ်သောစာရိတ္တ၊ စင်ကြယ်သောနှလုံးမှစသော ခရစ်ယာန်စစ်တိုင်း၌ ရှိအပ်သောအရည်အသွေးရှိလျှင် လင်မယားဘဝတွင် ယင်းအရည်အသွေးများကိုဖော်ထုတ်၍ ကျင့်သုံးရမည်။ သူ့ဇနီးသည် ကျန်းမာ ဝဖြိုး၍ စိုးရိမ်ကြောင့်ကြမှုနှင့်ကင်းဝေးအောင်ထားရှိရန် ကြိုးပမ်းရမည်။ သူသည် နှစ်သိမ့်သောစကားပြောရန်လည်းကောင်း၊ အိမ်ထောင်အသိုက်အဝန်းတွင် ငြိမ်းချမ်းသာယာမှုရှိစေရန်လည်းကောင်း အမြဲတမ်းကြိုးပမ်းမည်ဖြစ်သည်။AH1Burm 297.2