Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၄၃—သမီးမဖွားမိသြဇာသက်ရောက်မှုများ

    အမျိုးသမီးများမိခင်ဖြစ်လာရန်အရည်အချင်းရှိသင့်သည် - အမျိုးသမီးများသည် မိခင်များမဖြစ်လာမီ သည်းခံစိတ်များစွာရှိရန်လိုအပ် ပေသည်။ သူတို့အား ဤလုပ်ငန်းအတွက်သင့်လျော်၍ ဘုရားသခင်သည် စီမံခန့်ခွဲတော်မူသည်။ မိခင်သည် ခရစ်တော်နှင့်ဆက်သွယ်ထားခြင်းအားဖြင့် သူမ၏လုပ်ငန်းသည် အကန့်အသတ်မရှိဖြစ်လာသည်။ ယင်းလုပ်ငန်းကို နားလည်ရန် လူ့ဉာဏ်မမီပေ။ အမျိုးသမီး၏ရာထူးသည် သန့်ရှင်းမြင့်မြတ် သည်။ အိမ်ထောင်၌ခရစ်တော်ကိန်းဝပ်မှုသည် လိုအပ်ပေသည်။ အဘယ် ကြောင့်ဆိုသော် မိခင်လုပ်ငန်းက အိမ်ဂေဟာကိုဗေသလအရပ်အဖြစ်သို့ ပုံသွင်းပေးလိမ့်မည်။ ခင်ပွန်းနှင့်ဇနီးတို့သည် လက်တွဲဆောင်ရွက်ရမည်။ မိခင်တို့သည် မိမိတို့ကိုယ်ကို ဘုရားသခင်၏ယဇ်ပလ္လင်ပေါ်တွင် အပ်နှံ ဆက်ကပ်ထားကြ၍ သူတို့၏သားသမီးရတနာများကိုလည်းမမွေးမီကပင်နှင့် မွေးပြီးချိန်တို့တွင် ဘုရားသခင်အားဆက်ကပ်အပ်နှံထားလျှင် ကျွန်ုပ်တို့၏ ကမ္ဘာကြီးသည် ဘယ်မျှလောက်ကောင်းမွန်သောကမ္ဘာကြီးဖြစ်လိမ့်မည်နည်း။ နတ်သAH1Burm 339.1

    မီးမဖွားမီသြဇာသက်ရောက်မှုများ၏အရေးပါအရာရောက်ပုံ - မီးမဖွားမီသြဇာသက်ရောက်မှုအကျိုးကျေးဇူးများသည် အရေးမကြီးအရာ မရောက်ဟု မိဘဖြစ်သူအများကသဘောထားကြသည်။ သို့ရာတွင် ဘုရားသခင်သည် ယင်းကဲ့သို့သဘောမထားပေ။ ဘုရားသခင်၏ကောင်းကင် တမန်တစ်ပါးက သတင်းစကားတစ်ခုကို တခမ်းတနားချပေးပုံက ယင်း သတင်းစကားကိုသတိအများဆုံးထား၍ စဉ်းစားဆင်ခြင်ကြောင်းကိုပြသသည်။ မာနော်၏ဇနီးဖြစ်သောဟေဗြဲလူမျိုးမိခင်အား မိန့်တော်မူသော ကောင်းကင်တမန်၏စကားများတွင် “သို့ဖြစ်၍သတိပြုလော့”--- ငါပြော သမျှကိုမိန်းမရှောင်ရမည်ဆိုသောအချက်သည် မည်သည့်ခေတ်၌မဆိုရှိကြ သောမိခင်အားလုံးတို့အား ဘုရားသခင်၏မိန့်တော်မူချက်ဖြစ်သည်။ ကလေး သူငယ်၏ကောင်းစားရေးကို မိခင်ဖြစ်သူ၏အကျင့်ဓလေ့တို့ကို ထိခိုက်မှု ရှိလိမ့်မည်။ သူမ၏ရသာရုံများနှင့်တပ်မက်ခြင်းတို့ကို အခြေခံကျင့်ဝတ်၏ ထိန်းချုပ်မှုအောက်တွင်ထားရှိရမည်။ သူမအားသားကိုမွေးဖွားခွင့်ပေးတော် မူရာတွင် သူမအတွက်ထားရှိတော်မူသော ဘုရားသခင်၏ရည်စူးချက်ကို အကောင်အထည်ဖော်လျှင် သူမအနေဖြင့်ရှောင်ကြဉ်ရမည့်အရာများနှင့် သူမ စွန့်လွှတ်ရမည့်အရာများရှိသည်။AH1Burm 339.2

    ၄င်းနှင့်လူငယ်လူရွယ်များတို့၏ခြေထောက်များအတွက် လောကကြီးတွင် ထောင်ချောက်အမြောက်အမြားရှိသည်။ မြောက်မြားစွာသောသူတို့သည် အတ္တစိတ်နှင့်ကာမဂုဏ်ခံစားလိုသောစိတ်တို့ ကြီးထွားလာသောဘဝမျိုး၌ ကျင်လည်နေကြသည်။ သူတို့သည် ဖုံးအုပ်နေသောအန္တရာယ်ကိုဖြစ်စေ၊ သူတို့အတွက်ပျော်ရွှင်မှုပေးသောလမ်းဟု လက္ခဏာပေါ်နေသောကြောက်မက် ဖွယ်နိဂုံးချုပ်စေသည့် လမ်း၏အန္တရာယ်ကိုဖြစ်စေ ခွဲခြားသိမြင်နိုင်စွမ်းမရှိ ကြပေ။ ခံတွင်းအလိုနှင့်တပ်မက်ခြင်းတို့ကိုလိုက်စားသောကြောင့် သူတို့၏ အင်အားများကုန်ခန်းသွား၍ သန်းပေါင်းများစွာသောသူတို့သည် ဤလောက အတွက်နှင့်နောင်တမလွန်ဘဝအတွက်ပါ ဆုံးရှုံးမှုကိုရင်ဆိုင်ကြရလေသည်။ မိမိတို့၏သားသမီးများသည် ဤစုံစမ်းသွေးဆောင်ခြင်းကိုရင်ဆိုင်ရမည်ဖြစ် ကြောင်း မိဘများကသတိပြုသင့်ကြပေသည်။ အပြစ်ဒုစရိုက်ကိုတွန်းလှန် ရာတွင် အောင်မြင်မှုရှိစေရန် ကလေးသူငယ်မမွေးဖွားမီကပင် ပြင်ဆင်မှုကို စတင်ပြုလုပ်ပေးထားသင့်ပေသည်။AH1Burm 340.1

    အကယ်၍သားမမွေးဖွားမီအချိန်၌ မိခင်ဖြစ်သူသည် စည်းမဲ့ကမ်းမဲ့ စားသောက်သွားလာနေထိုင်လျှင်လည်းကောင်း၊ သူမသည် အတ္တစိတ်များ ခြင်း၊ သည်းခံစိတ်ကင်းမဲ့ခြင်းနှင့် ကိုယ့်စိတ်တိုင်းကျကိုသာဆောင်ရွက်စေ ခြင်း စသောသဘောထားမျိုးကို မွေးမြူလျှင်လည်းကောင်း၊ ယင်းစိတ်သဘော ထားမျိုးတို့သည် ... မွေးဖွားလာသောသားငယ်တွင် ရောင်ပြန်ဟပ်နေမည် ဖြစ်သည်။ ဤနည်းအားဖြင့် မြောက်မြားစွာသောသူငယ်တို့သည် အောင်မြင် နိုင်နင်းရန်ခဲယဉ်းသလောက်ဖြစ်သော အပြစ်ဒုစရိုက်ကျူးလွန်သည့်အထုံ များကို အမွေအနှစ်အနေဖြင့် ခံယူကြလိမ့်မည်ဖြစ်သည်။AH1Burm 340.2

    သို့ရာတွင် မိခင်သည် မှန်ကန်သောအခြေခံကျင့်ဝတ်များကို မဆုတ် မနစ်ကျင့်သုံးလျှင်လည်းကောင်း၊ သူမသည်မယုတ်မလွန်ဖြစ်သော လမ်းစဉ် ကိုကျင့်သုံး၍ သူ့စိတ်ဆန္ဒ၏အလိုကိုငြင်းပယ်လျှင်လည်းကောင်း၊ သူမသည် သနားကြင်နာခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့်အတ္တစိတ်ကင်းခြင်းတို့ကို လိုက်နာ ပြုကျင့်လျှင်လည်းကောင်း သူမသည် ဤမွန်မြတ်သောစိတ်သဘောထားများ ကို သူမွေးဖွားသည့်သားငယ်ကို လက်ဆင့်ကမ်းနိုင်လိမ့်မည်ဖြစ်သည်။AH1Burm 341.1

    မီးမဖွားမီကြည့်ရှုပြုစုခြင်းလိုအပ်ချက်များ - သူမ၏သားသမီး များမဖွားမီ မိခင်၏ဘဝအသက်တာကို ခြားနားစွာထိန်းသိမ်းကြည့်ရှုခြင်း မပြုလုပ်ခြင်းသည် မှားယွင်းသောလမ်းစဉ်ဖြစ်သည်။ ဤအရေးကြီးသော ကိုယ်ဝန်ဆောင်နေချိန်တွင် မိခင်၏အလုပ်အကိုင်များကိုပေါ့ပါးစေရမည်။ သူ၏ကိုယ်ခန္ဓာအစိတ်အပိုင်းများထဲတွင် ကြီးမားသောပြောင်းလဲခြင်းများ ဖြစ်ပျက်လျက်ရှိသည်။ သူမသည်သွေးအားပို၍လိုအပ်နေသည်။ ထိုကြောင့် လိုအပ်သောသွေးအဖြစ်သို့ပြောင်းလဲစေမည့် ခွန်အားအများဆုံးပေးသော အစားအစာများကို ပိုမိုမှီဝဲရန်လိုအပ်ပေသည်။ အင်အားရှိသောအာဟာရ များကို သူမသည်များများမှီဝဲခြင်းမရှိလျှင် သူမ၏ခန္ဓာအင်အားကို ထိန်းသိမ်း နိုင်ခြင်းမရှိဘဲ သူမမှမွေးဖွားလာသောကလေးသူငယ်သည် အားအင်ချည့်နဲ့ နေမည်ဖြစ်သည်။ ကိုယ်ဝန်ဆောင်၏ဝတ်စားဆင်ယင်ပုံကိုလည်း ဂရုစိုက် ရမည်။ သူသည်အအေးမမိစေရန် ကိုယ်ခန္ဓာကိုသတိပြု၍ ကာကွယ်ထား ရမည်။ အမြဲတမ်းလုံလုံလဲလဲဝတ်ဆင်ထားရမည်။ မိခင်သည် အင်အား ဖြစ်သောအစာအာဟာရများကို များများမမှီဝဲရလျှင် သူမ၏ရင်သွေးသည် အရည်အချင်းကောအရေအတွက်ပါ စံချိန်မမီဖြစ်နေလိမ့်မည်။ သွေးလည်ပတ် မှုသည်ညံ့ဖျင်း၍ သူမ၏ဝမ်းတွင်း၌ရှိသောသားငယ်သည်လည်း အလားတူ ချို့တဲ့မှုများရှိနေလိမ့်မည်။ သူ့ကိုယ်ခန္ဓာကိုအင်အားဖြည့်တင်းပေးရန် လိုအပ်သောသွေးအဖြစ်သို့ အစားကိုပြောင်းလဲပေးနိုင်သောအင်အားသည် ချည့်နဲ့နေမည်ဖြစ်သည်။ မိခင်နှင့်သားငယ်နှစ်ဦးစလုံးတို့၏ချမ်းသာမှုသည် ကောင်း၍နွေးသောဝတ်စားတန်ဆာနှင့် အားအင်ပြည့်ဖြိုးစေသောအစာ အာဟာရဖြစ်သည်။AH1Burm 341.2

    ကိုယ်ဝန်ဆောင်မိခင်၏ပတ်ဝန်းကျင်သည် သာယာနာပျော်ဖွယ်ဖြစ် နေစေရန် သတိကြီးစွာထား၍ ပြုပြင်ထားသင့်ပေသည်။ ဇနီးနှင့်မိခင်ဖြစ်သူ ၏တာဝန်များကို ပေါ့ပါးနိုင်သမျှပေါ့ပါးအောင် အတတ်နိုင်ဆုံးစီမံပြုလုပ် ပေးရမည့်တာဝန်ရှိသူသည် ခင်ပွန်းနှင့်ဖခင်ပင်ဖြစ်သည်။ သူမ၏တာဝန်ကို သူကိုယ်တိုင်အတတ်နိုင်ဆုံးကူညီထမ်းပိုးရမည်။ သူသည်ချစ်တတ်ရမည်၊ ရည်မွန်ရမည်၊ ကြင်နာရမည်၊ နူးညံ့သိမ်မွေ့ရမည်။ ဇနီးဖြစ်သူ၏လိုအပ် သမျှကိုအထူးသဖြင့် လိုက်လျောဆောင်ရွက်ပေးရမည်။ အချို့သောခင်ပွန်း တို့သည် သူတို့လက်သပ်မွေးမြူထားသောတိရစ္ဆာန်များကို ဂရုတစိုက်ရှိ သလောက် သားသမီးများမွေးပေးလျက်ရှိသော သူတို့၏ဇနီးသည်များကို ဂရုမစိုက်မိကြချေ။AH1Burm 342.1

    အစာစားလိုသောအလိုဆန္ဒတစ်ခုတည်းသည် ဘေးကင်းသော လမ်းညွှန်မဟုတ်ပေ - သူတို့၏ထူးခြားသောကိုယ်ခန္ဓာအခြေအနေကြောင့် သူတို့အစာစားလိုသောဆန္ဒကို စည်းမဲ့ကမ်းမဲ့ဖြစ်စေလိမ့်မည်ဆိုသောယူဆ ချက်သည် မှန်ကန်သောသိမြင်တတ်သောဉာဏ်အပေါ်တွင်မဟုတ်ဘဲ ထုံးတမ်း စဉ်လာပေါ်တွင် အခြေပြုသောမှားယွင်းချက်တစ်ရပ်ဖြစ်သည်။ ကိုယ်ဝန် ဆောင်နေသောအချိန်တွင် အမျိုးသမီးတို့၏ခံတွင်းအရသာသည် အမှန်မရှိ၊ ပြောင်းလဲတတ်၍အာသာပြေစေရန် ခဲယဉ်းပေသည်။ ထုံးတမ်းစဉ်လာအရ ဆိုလျှင် သူမ၏ကိုယ်ခန္ဓာကိုလည်းကောင်း၊ သားအိမ်မှသားငယ်ကြီးထွား လာမှုကိုလည်းကောင်း အားအင်ဖြစ်စေမည် မဖြစ်စေမည်ကိုမစဉ်းစားဘဲ စားလိုသောအစားအစာကို စားသောက်ခွင့်ပြုထားသည့်အစားအစာသည် အားအငခင်ဖြည့်တင်းပေးသော အစားအစာမျိုးဖြစ်ရမည်။ သို့ရာတွင် အတိုင်း ထက်အလွန်ကောင်းမွန်သော အမျိုးအစားမဖြစ်သင့်ပေ။ ရိုးရိုးဖြစ်သော အစားအစာကိုစားသောက်၍ စားသောက်သောအစားအစာ၏အမျိုးအစားကို ဂရုတစိုက်ရွေးချယ်ရမည့်အချိန်သည် အရေးကြီးသောကိုယ်ဝန်ဆောင်နေသည့် အချိန်ဖြစ်သည်။AH1Burm 342.2

    လျက် အခြေခံကျင့်စဉ်ကိုလက်ကိုင်ထားရှိ၍ ကောင်းမွန်စွာသွန်သင်မှုခံရ သောအမျိုးသမီးတို့သည် ကိုယ်ဝန်ဆောင်နေသောအချိန်တွင် အခြားသော အချိန်များထက် ရိုးရိုးဖြစ်သောအစားအသောက်ကို မှီဝဲကြလိမ့်မည်။ သူတို့ အပေါ်တွင်အခြားသောအသက်တစ်ချောင်းက အမှီတံကဲပြုနေသည်ကိုဆင်ခြင် ၍ သူတို့၏အကျင့်ဓလေ့ရှိသမျှတို့တွင် အထူးသဖြင့် စားရေးသောက်မှုတွင် သတိတရားထားရှိကြလိမ့်မည်။ သူတို့သည် အရသာရှိရုံသာဖြစ်သော်လည်း အာဟာရစိတ်ကိုလှုံ့ဆော်ပေးသည့်အစားအစာများကို မသုံးဆောင်သင့်ပေ။ ဆင်ခြင်တုံတရားကခွင့်မပြုသော အလုပ်အကိုင်အစားအသောက်များကို ပြုလုပ်စားသောက်အားပေးရန် တိုက်တွန်းပြုလုပ်တတ်သောအကြံပေးသမား များ မြောက်မြားစွာရှိကြသည်။ မိဘတို့၏ခံတွင်းအလိုလိုက်၍ စည်းလွတ် ကမ်းလွတ်စားမှုကြောင့် ရောဂါပါလာသောကလေးများတို့သည် မွေးဖွား လာကြသည်။ အစာကိုကြေညက်အောင်ပြုလုပ်ပေးသောအင်္ဂါအစိတ်အပိုင်း များက အစာကိုကြေညက်စေ၍ ကိုယ်ခန္ဓာမှမလိုအပ်သောအရာများကိုထုတ်ဖယ် ပစ်ရန် လုပ်ကိုလုပ်သင့်သည်ထက် ပိုမိုလုပ်ကိုင်ရလောက်အောင်အစာများကို အစာအိမ်ထဲသို့သွတ်သွင်းပေးလျှင်လည်း ကိုယ်ဝန်ဆောင်သောမိခင်လောင်း သည် သူတို့ကိုယ်ကိုမတရားပြုလုပ်နေသည်သာမက သူမလွယ်ထားသော သားငယ်အတွက် ရောဂါများစွဲကပ်စေရန် လမ်းခင်းပေးခြင်းသာဖြစ်သည်။ ထိခိုက်နိုင်သောအလားအလာကိုမဆင်ခြင်ဘဲ ကိုယ်ဝန်ဆောင်သောမိခင်သည် စိတ်တိုင်းကျစားလိုသောအစာကိုစားလျှင် သူမသည် ပြစ်ဒဏ်ကိုခံရလိမ့် မည်။ သို့ရာတွင် သူမတစ်ဦးတည်း ယင်းပြစ်ဒဏ်ကိုခံရမည်မဟုတ်ပေ။ သူမ၏အပြစ်ကင်းသောသားငယ်သည် သူမ၏ဉာဏ်အမြော်အမြင်ကင်း မှုကြောင့် ယင်းပြစ်ဒဏ်ကိုပူးတွဲခံရမည်။AH1Burm 343.1

    ကိုယ်ကိုချုပ်တည်းခြိုးခြံမှုလိုအပ်ခြင်း - ကိုယ်ဝန်ဆောင်နေသော မိခင်သည် ကိုယ်ခန္ဓာ၏လိုအပ်ချက်များကို ဘယ်အခါမျှလျစ်လျူရှုခြင်း မပြုရပေ။ အသက်နှစ်ချောင်းတို့သည် သူမအပေါ်၌အမှီတံကဲပြုနေသော ကြောင့် သူမ၏လိုအင်ဆန္ဒများကို ကြင်နာစွာလိုက်လျော၍ သူမ၏လိုအပ် ချက်များကို ရက်ရောစွာဖြည့်တင်းပေးသင့်ပေသည်။ သို့ရာတွင် ဤကိုယ်ဝန် ဆောင်နေသောအချိန်အခါမျိုးတွင် သူမသည် အခြားအရာအားလုံးထက် အစားအစာနှင့်အခြားကိစ္စတိုင်းတွင် ခန္ဓာအင်အားနှင့်ဥာဏအင်အားကို ယုတ်လျော့စေမည့်အရာများကို ရှောင်ကြဉ်သင့်ပေသည်။ ဘုရားသခင် ကိုယ်တော်တိုင်က အမိန့်ချထားတော်မူသည်မှာ ကိုယ်ဝန်ဆောင်မိခင်သည် ကိုယ့်ကိုကိုယ်ထိန်းချုပ်ခြိုးခြံမှုရှိရမည်။AH1Burm 344.1

    အနာဂတ်ကာလလူကြီးဘဝအသက်တာတွင် မှန်ကန်သောအကျင့် စာရိတ္တ၏အခြေခံသည် သားသမီးမမွေးဖွားမီ မိခင်၏ခြိုးခြံချုပ်တည်းသော အကျင့်ဓလေ့များအားဖြင့် တည်တံ့ခိုင်မြဲခြင်းသို့ရောက်ရှိသည်။ ဤသင်ခန်းစာ ကိုလျစ်လျူရှု၍မနေအပ်ပေ။AH1Burm 344.2

    ဝမ်းမြောက်၍တင်းတိမ်ရောင့် ရဲသောစိတ်သဘောထားမျိုးကို မွေးမြူပါ - မိခင်လောင်းသည် ဘယ်ကဲ့သို့သောပတ်ဝန်းကျင်အခြေအနေ တွင်ရပ်တည်နေရသည်မဆို အမြဲတမ်းဝမ်းမြောက်တင်းတိမ်ရောင့်ရဲသော စိတ်သဘောထားကို မွေးမြူထားသင့်ပေသည်။ ယင်းကဲ့သို့ပြုလုပ်ခြင်းသည် သူမမှမွေးဖွားလာသောကလေးသူငယ်၏အကျင့်စာရိတ္တနှင့်ကိုယ်ခန္ဓာတို့တွင်AH1Burm 344.3

    တစ်ဆယ်သောအကျိုးကျေးဇူးများဖြစ်ထွန်းမည်ကို အသိတရားထားရှိရမည်။ ဤမျှလောက်ဖြင့်လုံလောက်ခြင်းမရှိသေးပေ။ သူမသည် ဝမ်းမြောက်စွာ တွေးခေါ်မှုရှိသော အကျင့်ဓလေ့မျိုးမွေးမြူရမည်။ ဤနည်းအားဖြင့် ပျော်ရွှင် သောစိတ်သဘောထားမျိုးကိုရရှိ၍ ယင်းပျော်ရွှင်သောစိတ်သဘောထားသည် မိမိ၏အိမ်ထောင်သားများကိုသာမဟုတ်ဘဲ သူမ၏အပေါင်းအသင်းရောင်းရင်း များကိုလည်း ရောင်ပြန်ဟပ်စေလိမ့်မည်ဖြစ်သည်။ အထူးသဖြင့် သူမ ကိုယ်တိုင်၏ခန္ဓာကျန်းမာမှုသည် ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။ အသက် နှင့်တိုက်ရိုက်ဆက်သွယ်နေသော အင်္ဂါအစိတ်အပိုင်းတို့သည် အင်အားကို ရရှိ၍ ကိုယ်ခန္ဓာအတွင်းသွေးလှည့်ပတ်သွားလာမှုသည် စိတ်ပျက်အားလျော့ သောအခါမျိုး၌ နှေးကွေးစွာသွားလာမှုမျိုးမဟုတ်ဘဲ လျင်မြန်ဖျတ်လတ်မှု ရှိလိမ့်မည်။ သူမ၏ဥာဏဗလနှင့်စာရိတ္တဗလတို့သည် သူမ၏ဖျတ်လတ် လျင်မြန်သောစိတ်သဘောထားအားဖြင့် အင်အားတောင့်တင်းခိုင်မာလာလိမ့် မည်။ အလိုဆန္ဒ၏အင်အားသည် စိတ်၌ဖြစ်ပေါ်လာသမျှသောအရာတို့ကို တွန်းလှန်နိုင်၍ အကြောအခြင်များကိုငြိမ်သက်သာယာစေလိမ့်မည်။ မိဘတို့ ထံမှအမွေခံထိုက်သော ယင်းအင်အားကိုမရရှိသော ကလေးသူငယ်များကို အတတ်နိုင်ဆုံးကြည့်ရှုပြုစုသင့်ပေသည်။ သူတို့၏ဘဝရပ်တည်မှုဆိုင်ရာဥပဒေ ပညတ်များကို သေချာစွာဂရုတစိုက်စောင့်ထိန်းစေခြင်းအားဖြင့် များစွာပိုမို ကောင်းမွန်သောအခြေအနေမျိုးကို ဖန်တီးပေးနိုင်ပေလိမ့်မည်။AH1Burm 344.4

    ငြိမ်သက်၍ယုံကြည်ကိုးစားတတ်သောစိတ်သဘောထားမျိုး မွေးမြူပါ - မိခင်လောင်းသည် မိမိဝိညာဉ်အား ဘုရားသခင်၏မေတ္တာ တော်၌ထိန်းသိမ်းထားရှိသင့်ပေသည်။ သူမ၏စိတ်သည် ငြိမ်သက်မှုရှိရမည်။ ယေရှု၏မေတ္တာနှင့်သူမသည်ခိုလှုံလျက် ခရစ်တော်၏အမိန့်တော်များကို လိုက်နာကျင့်သုံးရမည်။ မိခင်သည် ဘုရားသခင်နှင့်လက်တွဲဆောင်ရွက်သော ပုဂ္ဂိုလ်ဖြစ်ကြောင်းကို သူမသည်သတိပြုရမည်။AH1Burm 345.1