Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၂၆—သားသမီးများအတွက်မိဘတို့၏အမွေအနှစ်

    ရိုးရာလိုက်ခြင်းဆိုင်ရာနိယာမ - မိဘတို့၏ကာယဗလနှင့် ဉာဏဗလအခြေအနေတို့မှ ပေါက်ပွားမွေးဖွားလာသောသားစဉ်မြေးဆက်တို့ တွင် ဆက်ဆံတည်မြဲနေတတ်သည်။ ဤကိစ္စကိုကောင်းမွန်စွာစဉ်းစားဆင်ခြင် မှုမရှိကြပေ။ ကာယဆိုင်ရာနိယာမတရားကို ဆန့်ကျင်သောအကျင့်ဓလေ့များ ကြောင့် မိဘခံစားရသောဝေဒနာသည် အနာဂတ်လူမျိုးအစဉ်အဆက်တို့တွင် ပြန်လည်ပေါ်ပေါက်လာလိမ့်မည်။AH1Burm 221.1

    ကာယဉာဏနှင့်စာရိတ္တတို့ဆိုင်ရာလိုအပ်သောပြုပြင်မှုတို့ကို ပြုလုပ် ခြင်းအားဖြင့် အားလုံးသောသူတို့သည် ခရစ်တော်နှင့်လက်တွဲလုပ်ကိုင်ကြသော သူများဖြစ်လာနိုင်ကြသည်။ မိဘတို့အပေါ်တွင် အများဆုံးရပ်တည်နေသည်။ မင်္ဂလာသော်လည်းကောင်း၊ အမင်္ဂလာသော်လည်းကောင်း ဖြစ်စေမည့် သားသမီးကိုမွေးဖွားပေးရာတွင် မိဘတို့အပေါ်၌ အများဆုံးတာဝန်ရှိနေသည်။ ရည်စူးချက်ပိုမိုမြင့်မြတ်လေလေ၊ ဉာဏဗလနှင့်ဝိဥာဏဗလပိုမို မြင့်မားလေလေ၊ ၎င်းပြင် မိဘတို့၏ကာယဗလတို့သည် ပိုမိုကြီးထွားလေလေ၊ သူတို့၏သားသမီးများအား သူတို့လက်ဆင့်ကမ်းသောဘဝအသက်တာဆိုင်ရာ တန်ဆာပလာသည် ပိုမိုကောင်းမွန်လေလေဖြစ်မည်။ သူတို့ကိုယ်တိုင်၌ရှိ သော အကောင်းဆုံးသောအရည်အသွေးကို မွေးမြူထိန်းသိမ်းမြေတောင် မြှောက်ပေးရာတွင် မိဘတို့သည် လူ့အဖွဲ့အစည်းကိုပုံသွင်းပေးရန်နှင့် အနာဂတ် လူမျိုးအစဉ်အဆက်များကို မြှောက်ပင့်ပေးရန်ကြိုးပမ်းမှုပေါ်တွင် များစွာ သြဇာသက်ရောက်မှုရှိစေလေသည်။AH1Burm 221.2

    မိဘများတို့သည် ဝမ်းနည်းဖွယ်ကောင်းအောင်အသိပညာ နည်းပါးကြသည် - ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထား တော်မူ၍ ကိုယ်တော်ရှင်ပိုင်တော်မူသော ကလေးသူငယ်တို့၏ဝိညာဉ်များနှင့် ကိုယ်ခန္ဓာများကို ထိန်းသိမ်းကြည့်ရှုရသောသူတို့သည် ထောင်သောင်းမက သောသူတို့၏ကာယဗလနှင့်စာရိတ္တဗလတို့ကို ဖျက်ဆီးနေသော ယခုခေတ် ၏ကာမဂုဏ်လိုက်စားမှု၏အန္တရာယ်မှ ကလေးသူငယ်တို့ကိုကာကွယ်ထား သင့်ပေသည်။ ယခုခေတ်ရာဇဝတ်မှုကျူးလွန်ခြင်းတို့၏အကြောင်းအရာကို ကြည့်ရှုလျှင် ဤအကြောင်းအရာနှင့်ပတ်သက်၍ ဂရုမစိုက်သောမိဘတို့၏ အသိပညာကင်းမဲ့ခြင်းဖြစ်သည်ကို တွေ့မြင်ရပါလိမ့်မည်။ ဤဝမ်းနည်းဖွယ် သောအသိပညာကင်းမဲ့ခြင်းကြောင့် ကျန်းမာခြင်းနှင့်ဘဝရပ်တည်မှုကိုပင် အနစ်နာခံရသည်။ မိဘတို့၊ သင်တို့၏သားသမီးတို့အား ပညာသင်ပေးရ မည့် ဘုရားသခင်အပ်နှင်းထားတော်မူသောတာဝန်ကို ပညတ်အားဖြင့်လည်း ကောင်း၊ ပုံသက်သေအားဖြင့်လည်းကောင်း ဆောင်ရွက်ရန်ပျက်ကွက်လျှင် သက်ရောက်သောအကျိုးအတွက် ဘုရားသခင်နှင့်စာရင်းရှင်းရကြလိမ့်မည်။ အကျိုးသက်ရောက်မှုများသည် သင်တို့၏သားသမီးများနှင့်သာသက်ဆိုင် သည်မဟုတ်ပေ။ ယင်းတို့သည် လူမျိုးအစဉ်အဆက်ပေါင်းများစွာအထိ ရောက်ရှိလိမ့်မည်။ လယ်ထဲတွင်ပေါက်ခွင့်ပြုထားသောဆူးပင်တစ်ပင်သည် ယင်းကဲ့သို့သောအပင်ကလေးမြောက်မြားစွာတို့ကို ရိတ်သိမ်းစေသကဲ့သို့ သင်တို့၏ပေါ့လျော့မှုနှင့်ဂရုမစိုက်မှုကြောင့် ဖြစ်ပျက်ခဲ့သောဒုစရိုက်တို့သည် ယင်း၏သြဇာသက်ရောက်မှုအောက်သို့ ဝင်ရောက်လာသောသူအားလုံးတို့၏ ပျက်စီးရာပျက်စီးကြောင်းကို လုပ်ကိုင်လိမ့်မည်ဖြစ်သည်။AH1Burm 221.3

    ချုပ်တည်းခြိုးခြံကင်းမဲ့ခြင်း၏အပြစ်များကို အမြဲတမ်းကျင့်သုံး ခြင်း - စည်းစိမ်ဖြင့်နေထိုင်၍ အရက်သေစာသောက်စားခြင်းသည် သွေးကို ညစ်ညမ်းစေ၍ စိတ်ကိုခက်ထန်စေပြီး လျင်မြန်စွာရောဂါအမျိုးမျိုးကို ပေါ်ပေါက်လာစေသည်။ သို့ရာတွင် မကောင်းမှုသည် ယင်းနေရာတွင်ရပ်စဲ နေခြင်းမရှိပေ။ မိဘတို့သည် အမွေအနှစ်အနေဖြင့် ရောဂါဝေဒနာများကို သားသမီးတို့အား လက်ဆင့်ကမ်းကြသည်။ အများအားဖြင့် ချုပ်တည်း ခြိုးခြံကင်းမဲ့သောသူတိုင်းသည် သားသမီးတို့အား ဝေဒနာများနှင့်ဆိုးသွမ်းမှ လိုက်စားလိုသောဆန္ဒများကို လက်ဆင့်ကမ်းကြသည်။ သူ့ညစ်ညမ်းသော သွေး၌ရှိနေသောရောဂါဝေဒနာများကို သားသမီးတို့ဆီသို့သက်ဆင်းစေသည်။ ကာမဂုဏ်လွန်ကျူးခြင်းရောဂါ ဝေဒနာနှင့်လူစဉ်မမီခြင်း စသောအကုသိုလ် များကို ဒုက္ခအမွေအနှစ်အနေဖြင့် ဖခင်မှသားထံသို့လည်းကောင်း၊ လူမျိုး တစ်ဆက်မှနောက်တစ်ဆက်သို့လည်းကောင်း လက်ဆင့်ကမ်းသောကြောင့် ကမ္ဘာလောကကြီးတွင် စိတ်ဒုက္ခကိုယ်ဒုက္ခများကို ပေါ်ပေါက်လာစေလျက် ယင်းအပြစ်များကိုလည်း ထပ်တလဲလဲကျူးလွန်နေကြလေသည်။AH1Burm 222.1

    အထက်ပါအခြေအနေရှိနေလင့်ကစား ယခုခေတ်အမျိုးသား၊ အမျိုး သမီးတို့သည် စဉ်းစားဆင်ခြင်မှုနှင့်စိုးရိမ်မှုမရှိဘဲ ချုပ်တည်းခြိုးခြံမှုကို ကျောခိုင်းလျက် အရက်သေစာများကိုသောက်စားမူးယစ်နေကြခြင်းအားဖြင့် နောင်လာနောက်သားတို့အား ရောဂါဝေဒနာများ၊ ချို့တဲ့သောဉာဏ်စွမ်းရည်၊ ဉာဏ်စများနှင့် ညစ်ညမ်းသောကိုယ်ကျင့်တရားများကို အမွေအနှစ်အနေဖြင့် လက်ဆင့်ကမ်းကြသည်။AH1Burm 223.1

    နှစ်ထပ်ကွမ်းနားလည်မှုနှင့်သည်းခံဖို့အတွက်အကြောင်းရင်း - ဖခင်နှင့်မိခင်တို့သည် မိမိတို့၏အကျင့်စာရိတ္တများကို မိမိတို့၏သားသမီး များတွင် လေ့လာနိုင်ကြသည်။ သူတို့၏သားသမီးများ၌ တစ်ဆင့်ထွက်ပေါ် လာသောသူတို့ကိုယ်တိုင်၏ချို့ယွင်းချက်များကို တွေ့ မြင်ကြသောအခါ သူတို့ သည် မကြာခဏဆိုသကဲ့သို့ရှက်ဖွယ်ဖြစ်သော သင်ခန်းစာများကိုဖတ်ရှုကြ သည်။ မကောင်းသောအကျင့်ဓလေ့များအမွေခံထားသော မိမိတို့၏သားသမီး များကို သွန်သင်ဆုံးမပဲ့ပြင်ရန် ကြိုးပမ်းနေချိန်တွင် မိဘတို့သည် နှစ်ထပ် ကွမ်းသည်းခံမှု၊ ဇွဲလုံ့လရှိမှုတို့ကို နှစ်ထပ်ကွမ်းထားရှိကျင့်သုံးရန် လိုအပ် ပေသည်။AH1Burm 223.2

    မိဘတို့ထံမှအမွေခံထားသောအကျင့်ဆိုးတစ်ခုကို သားသမီးတစ်ဦးဦး ကထုတ်ဖော်ကျင့်သုံးနေလျှင် သူတို့ကိုယ်တိုင်၏ချွတ်ယွင်းချက်များကို ပြန်လည် ကျင့်သုံးနေသည့်အတွက် မိဘတို့အနေဖြင့် ဒေါသပုန်ထ၍နေသင့်သလော၊ မထသင့်ပါ။ မိဘတို့သည် မိမိတို့ကိုယ်တိုင်၏အပြုအမူအလုပ်အကိုင်များကို သေချာစွာသတိပြုစောင့်ကြည့်၍ ကြမ်းတမ်းရိုင်းစိုင်းသောအပြုအမူအလုပ် အကိုင်များကို သေချာစွာသတိပြုစောင့်ကြည့်၍ ကြမ်းတမ်းရိုင်းစိုင်းသော အပြောအဆိုအလုပ်အကိုင်များကို ရှောင်ရှားရမည်။ သို့မဟုတ်လျှင် ယင်း ချွတ်ယွင်းချက်များကို သားသမီးများတွင် တစ်ဖန်တွေ့ မြင်ရလိမ့်မည်။AH1Burm 223.3

    လမ်းလွဲမှားယွင်းနေသောသူငယ်များနှင့်ဆက်ဆံရာတွင် ခရစ်တော် ၏နူးညံ့သိမ်မွေ့သောသဘောကိုကျင့်သုံးပါ။ စိတ်နေသဘောထားများကို သားသမီးတို့သည် ဖခင် (သို့မဟုတ်) မိခင်ထံမှအမွေခံတတ်သည်ကို အမြဲ သတိပြုပါ။AH1Burm 224.1

    သားသမီးများအား လက်ဆင့်ကမ်းလိုက်သော မှားယွင်းသည့်အရာ များကိုကြံဆလုပ်ကိုင်တတ်သော ဝါသနာများကိုပြောင်းလဲပစ်နိုင်သော ခရစ်တော်၏တန်ခိုးတော်ကို မိဘတို့အနေဖြင့်လုံးဝယုံကြည်ကိုးစားပါ။AH1Burm 224.2

    မိခင်ဖခင်တို့၊ သည်းခံခြင်းတရားရှိကြပါ။ အများအားဖြင့် အတိတ် ကာလမှ သင်တို့၏ပေါ့လျော့မှုသည် သင်တို့၏လုပ်ကိုင်သမျှကို ခဲယဉ်း စေလိမ့်မည်။ သို့ရာတွင် ကိုယ်တော်ရှင်ကိုယုံကြည်ကိုးစားလျှင် သင်တို့အား ဘုရားသခင်သည် ခွန်အားကိုပေးတော်မူလိမ့်မည်။ သင်တို့၏သားသမီးများ အား ပညာသားပါပါနှင့် နူးညံ့သိမ်မွေ့စွာဆက်ဆံပါ။AH1Burm 224.3