Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၂၄—မိသားစုစီမံကိန်း

    မိခင်၊ သားသမီးနှင့်လူ့အဖွဲ့အစည်းတို့အားစိတ်ဆင်းရဲစေနိုင်သော အမှား - သားသမီးများမွေးထားခြင်းသည် တရားမျှတမှုဖြစ်သည်မဖြစ် သည်ကို စဉ်းစားဆင်ခြင်မှုမရှိဘဲ ကြည့်ရှုပြုစုခြင်းခံရရန်လည်းကောင်း၊ သွန်သင်ဆုံးမခြင်းခံရရန်လည်းကောင်း၊ မိဘများပေါ်တွင် လုံးဝအားကိုး အားထားပြုနေသော မစမဲ့ကလေးသူငယ်မြောက်မြားစွာမွေးထားကြသော မိဘများလည်းရှိကြသည်။ ဤကဲ့သို့ပြုလုပ်ခြင်းသည် မိခင်ဖြစ်သူကိုသာမက သူမ၏သားသမီးငယ်များနှင့် လူ့အဖွဲ့အစည်းကိုပါပြုသော မှားယွင်းမှုတစ်ရပ် ဖြစ်သည်။AH1Burm 207.1

    မိဘများအနေဖြင့် သူတို့သားသမီးတို့၏အနာဂတ်ကောင်းစားရေး ကို အမြဲတမ်းနှလုံးသားတွင် ပိုက်ထားသင့်ပေသည်။ ဘဝအသက်တာ၏ လိုအပ်မှုများကို ဖြည့်တင်းပေးနိုင်ရန်အတွက် တစ်နေကုန်တစ်နေခန်း ပင်ပန်း ကြီးစွာလုပ်ကိုင်ဆောင်ရွက်ရသောအခြေအနေမျိုးသို့ မရောက်ရှိသင့်ကြပေ။AH1Burm 207.2

    အိမ်ထောင်သားဦးရေတိုးပွားအောင်မပြုမီ သူတို့၏သားသမီးများ မွေးဖွားခြင်းသည် ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းရာရောက်သည်မရောက် သည်ကို စဉ်းစားဆင်ခြင်သင့်ကြပေသည်။ အိမ်ထောင်ပြုပြီးသော ပထမ ဆုံးနှစ်မှအစပြု၍ အိမ်ထောင်သက်တစ်လျှောက်လုံးတွင် သူတို့၏အကြင် လင်မယားဘဝသည် ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းစေမည့်ဘဝမျိုးဖြစ် စေရန် ကြိုးပမ်းသင့်ကြပေသည်။AH1Burm 207.3

    မိခင်၏ ကျန်းမာရေးသည်အရေးကြီးသည် - မိဘများအပေါ် တွင် ကြီးလေးသောတာဝန်ရှိနေမှုကြောင့် အိမ်ထောင်တွင်သားသမီးများ မွေးဖွားခြင်းသည် အကောင်းဆုံးဖြစ်သည်မဖြစ်သည်ကို သေချာစွာစဉ်းစား ဆင်ခြင်သင့်ပေသည်။ သူမ၏သားသမီးများကိုကြည့်ရှုပြုစုပေးရန် မိခင်၌ လုံလောက်သောအင်အားရှိသလား။ ဖခင်အနေဖြင့်သားသမီးအား မှန်ကန်စွာ ပုံသွင်းပေးခြင်းနှင့် ပညာသင်ပေးခြင်းများဖြစ်သော အကျိုးကျေးဇူးများကို ဆောင်ရွက်ပေးနိုင်စွမ်းရှိပါသလား။ ကလေး၏ကံကြမ္မာကို ကြိုတင်စဉ်းစား ဆင်ခြင်မှုသည် နည်းပါးလှသည်တကား။ ကိလေသာတပ်မက်ခြင်းကို အာသာဖြေရန်ကိုသာ နှလုံးသွင်းထားကြသည့်အတွက် မိခင်နှင့်ဇနီးဖြစ်သူ၏ ခန္ဓာအင်အားကိုဆုတ်ယုတ်စေ၍ သူမ၏ဝိဉာဏအင်အားကို ထုံထိုင်းစေသော ဝန်ထုပ်ကြီးများကို သူမအပေါ်သို့ရောက်စေသည်။ ချို့တဲ့သောကျန်းမာရေး နှင့်စိတ်အားငယ်ရသောအချိန်တွင် သူမကြည့်ရှုပြုစုခြင်းမပြုနိုင်သော သိုးစု ငယ်ကလေးများသည် သူမအားဝန်းရံထားကြသည်ကို သူမတွေ့မြင်နေရသည်။ သူတို့ရသင့်ရထိုက်သော သွန်သင်ဆုံးမမှုကိုမရရှိသောကြောင့် ယင်းကလေး သူငယ်တို့သည် ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းရမှန်းမသိဘဲ ကြီးပြင်း လာ၍ သူတို့ကိုယ်တိုင် သဘာဝ၏ဆိုးယုတ်ညစ်ညမ်းမှုတို့ကို သူတစ်ပါး တို့အားလက်ဆင့်ကမ်းခြင်းအားဖြင့် စာတန်စိတ်ကြိုက်ခြယ်လှယ်နိုင်သော တပ်စုတစ်စုပေါ်ပေါက်လာလေသည်။AH1Burm 207.4

    အခြားကိစ္စများကိုစဉ်းစားဆင်ခြင်ရမည် - ကလေးသူငယ်တိုင်း သည် သင့်လျော်စွာပညာများဆည်းပူးလျက် သူတို့အားကလေးသူငယ် အသိုက်အဝန်းတွင် ခေါင်းဝင်ကိုယ်ဆံ့ဖြစ်စေရန် သွန်သင်ဆုံးမရာတွင် မိခင်၌ခွန်အားနှင့်အချိန်ရရှိစေအံ့သောငှာ၊ မိဘများတို့သည် ဆင်ခြင်တုံ တရားရှိသောပုဂ္ဂိုလ်များအနေဖြင့် လုပ်ကိုင်ဆောင်ရွက်ကြစေရန် ဘုရားသခင် သည် အလိုရှိတော်မူပါသည်။ သူမ၏သားသမီးတို့သည် အိမ်ထောင်နှင့် လူ့အဖွဲ့အစည်းအတွက် မင်္ဂလာတစ်ရပ်ဖြစ်စေခြင်းငှာ မိခင်သည် မိမိနှင့် ဆိုင်သောကဏ္ဍကို စိတ်ထားမြင့်မြတ်စွာဆောင်ရွက်ရန်နှင့် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသောစိတ်သဘောဖြင့် သူမ၏လုပ်ငန်းကိုဆောင်ရွက်ရန် သူမ၌သူရသတ္တိရှိရမည်။AH1Burm 208.1

    ဇနီးဖြစ်၍သားသမီးများ၏မိခင်လည်းဖြစ်သောသူသည် အချည်းနှီး အလုပ်များနေလျက် စိတ်အားငယ်နေရသောအခြေအနေမျိုးနှင့် ရင်ဆိုင်မှု မရှိစေရန် ခင်ပွန်းလည်းဖြစ်၊ ဖခင်လည်းဖြစ်သောပုဂ္ဂိုလ်သည် ဤအချက် အလက်များအာလုံးကို စဉ်းစားဆင်ခြင်သင့်ပေသည်။ မြားမြောင်လှသော သူ့ရင်သွေးကလေးများသည် သင့်လျော်သောသင်ကြားပြသမှုကိုမခံရဘဲ ကြီးပြင်းလာစေခြင်းအားဖြင့် သူတို့အတွက်တရားမျှတသောတာဝန်ကို မထမ်းဆောင်နိုင်သောအခြေအနေမျိုးတွင် သူ့သားသမီးငယ်တို့၏မိခင်သည် ရပ်တည်မနေစေရန် အိမ်ထောင်ဦးစီးဖြစ်သူသည် ကြည့်ရှုစီမံရမည်။AH1Burm 208.2

    မိဘတို့သည် သူတို့အနေဖြင့် ကောင်းမွန်စွာကြည့်ရှုပြုစု၍ ပညာ သင်ကြားပေးနိုင်သောဦးရေထက်ပို၍ သားသမီးများကိုမမွေးသင့်ကြပေ။ နှစ်တိုင်းမိခင်၏ရင်ခွင်၌မွေးဖွားစသူငယ်ကို ပိုက်ပွေ့ နေရခြင်းသည် သူမအား ပြုသည့်မဟာမတရားမှုတစ်ရပ်ဖြစ်သည်။ ယင်းကဲ့သို့အဆက်မပြတ် သားသမီး များမွေးဖွားနေရခြင်းသည် လူမှုရေးဆိုင်ရာပျော်ရွှင်မှုကိုနည်းပါးစေ၍၊ အများ အားဖြင့် ယင်းပျော်ရွှင်မှုကိုဖျက်ဆီး၍ အိမ်တွင်းမှုဆိုင်ရာစိတ်ဒုက္ခများကို ပိုမိုများကြစေသည်။ သားသမီးဦးရေများပြားခြင်းသည် မိဘများကသူတို့၏ တာဝန်အနေဖြင့် သားသမီးတို့အား ပေးကမ်းအပ်သောထိန်းသိမ်းကြည့်ရှု ပြုစုခြင်း၊ ပညာသင်ကြားပေးခြင်းနှင့်ပျော်ရွှင်မှုတည်းဟူသော ခံစားခွင့်များ ရရှိခြင်းကို လက်လွတ်စေသည်။AH1Burm 209.1

    မိသားစုများသောအိမ်ထောင်အတွက်အကြံပေးချက် - မိဘများ အနေဖြင့် ဖြေရှင်းရမည့်ပြဿနာမှာ “မှောင်မိုက်၏တန်ခိုးအာနိသင်များ၏ သြဝါဒသက်ရောက်မှုကို ခိုင်မာတောင့်တင်းစေ၍ ယင်းအာနိသင်များ၏ ဘက်တော်သားများဦးရေတိုးတက်စေရန်လည်းကောင်း၊ သို့တည်းမဟုတ် ခရစ်တော်အတွက် သားသမီးများကိုကြည့်ရှုထိန်းသိမ်းပေးရန်လည်းကောင်း ကျွန်ုပ်တို့သည် သားသမီးများကိုမွေးထားကြပါသလား။”AH1Burm 209.2

    သင်တို့၏သားသမီးများကိုအုပ်ထိန်းခြင်းမရှိ၊ ထို့အပြင် ဘုရားသခင် ၏လိုအပ်ချက်များနှင့်အညီ သူတို့၏စာရိတ္တများကိုပုံသွင်းပေးခြင်းမရှိလျှင် သင်တို့၏ချို့တဲ့သောသင်ကြားပြသမှုကြောင့် အနစ်နာခံရမည့်သားသမီးဦးရေ နည်းပါးလေလေ၊ သင်တို့ကိုယ်တိုင်အတွက်လည်းကောင်း၊ သူတို့၏မိဘ အတွက်လည်းကောင်း ပိုမိုကောင်းမွန်လေလေဖြစ်သည်။ မိမိ၏တာဝန်ကို သိရှိခြင်းနှင့် ကိုယ်ပိုင်ဥာဏ်ထက်မြက်ခြင်းတို့ဖြင့်ပြည့်စုံ၍ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသဘောအားဖြင့် မိမိတို့၏အိမ်ထောင်သားတို့ကိုစိုးမိုး လျက် ဖြောင့်မတ်ခြင်းအဆင့်အတန်းနှင့် ရင်ပေါင်တန်းမိအောင် သားသမီး အကျင့်စာရိတ္တများကိုပုံသွင်းပေးနိုင်သော မိခင်၏သင်ကြားပြသမှုနှင့် ဆုံးမ သွန်သင်ခြင်းတို့ကို ရင်သွေးငယ်တို့သည် ငယ်စဉ်တောင်ကျေးကလေးဘဝ မှအစပြု၍ ခံစားမှုမရှိလျှင် သင်တို့၏သားသမီးဦးရေကို တိုးပွားအောင်ပြုလုပ် ခြင်းသည် အပြစ်သာဖြစ်သည်။ ဘုရားသခင်သည် သင်တို့အားကျိုးကြောင်း ဆင်ခြင်နိုင်သောစွမ်းရည်ကို ပေးထားတော်မူသောကြောင့် ယင်းစွမ်းရည်ကို လက်တွေ့ ကျင့်သုံးကြရန် ဘုရားသခင်သည် အလိုရှိတော်မူသည်။AH1Burm 209.3

    ဖခင်နှင့်မိခင်အပေါင်းတို့၊ ကိုယ်တော်ရှင်မြတ်အတွက် သင်တို့၏ သားသမီးများကို သင်ကြားပြသမှုဆိုင်ရာ သင်တို့၏အသိပညာသည် ချို့တဲ့ နေသည်ကိုသိလျက်နှင့် သင်တို့သည်ဘာကြောင့်သင်ခန်းစာကိုမယူတတ်ကြ သနည်း။ စာတန်၏ဘက်တော်သားများ၏ဦးရေတိုးတက်လာအောင် အဘယ် ကြောင့် သင်တို့၏သားသမီးဦးရေများပြားလာအောင် ဆောင်ရွက်နေကြ သနည်း။ ဤကဲ့သို့အစီအစဉ်မျိုးကို ဘုရားသခင်သည် နှစ်သက်ပါသလား။ လူဦးရေများပြားလှသောအိမ်ထောင်သည် သင်တို့၏ဥစ္စာကြေးငွေများကို ထိခိုက်စေသည်ကိုတွေ့မြင်ရလျှင်လည်းကောင်း၊ ဝန်နှင့်အားမညီမျှအောင် မိခင်၏လက်သို့ သားသမီးများမွေးထားသောကြောင့် ကလေးတစ်ယောက် နှင့်တစ်ယောက်မမွေးဖွားမီစပ်ကြား မိခင်သည် မိမိပြုအပ်သောဝတ္တရားများ ကိုဆောင်ရွက်ရန် အချိန်မလောက်အောင် သားသမီးများကိုဆက်တိုက်မွေး နေသည်ကိုတွေ့မြင်ရလျှင်လည်းကောင်း အိမ်ထောင်ဦးစီးအနေဖြင့် ဘာကြောင့် ယင်းအကျိုးဆက်များကို ဆင်ခြင်မှုမရှိသနည်း။ မွေးဖွားလာသောသားသမီး တိုင်းသည် မိခင်၏အင်အားကိုဆုတ်ယုတ်စေသည်။ ဖခင်ဖြစ်သူနှင့်မိခင် ဖြစ်သူတို့သည် ဤကိစ္စတွင် မိမိတို့၏ဆင်ခြင်တုံတရားကိုမကျင့်သုံးလျှင် ကလေးသူငယ်တို့အား သင့်လျော်စွာဆုံးမပဲ့ပြင်ရန်အခွင့်အရေးသည် မိဘ များ၌ဖြစ်စေ၊ သားသမီးတို့၌ဖြစ်စေ အဘယ်ကဲ့သို့ရှိအံ့သနည်း။ အနာဂတ် ကာလ၏အမှန်တရားများကိုရှေးရှုလျက် ဤကိစ္စကိုမိဘတို့အနေဖြင့် စဉ်းစား ဆင်ခြင်ကြရန် ဘုရားသခင်သည် အလိုရှိတော်မူသည်။AH1Burm 210.1

    စီးပွားရေးဆိုင်ရာစဉ်းစားဖွယ်ရာများ - မိမိတို့သားသမီးများ အတွက် ဘယ်ကဲ့သို့သောအစီအစဉ်များပြုလုပ်ပေးနိုင်သည်ကို မိဘတို့အနေ ဖြင့် တည်ငြိမ်စွာစဉ်းစားဆင်ခြင်သင့်ပေသည်။ သူတစ်ပါးတို့အတွက် ဝန်ထုပ် ဖြစ်စေမည့်သားသမီးများကို မွေးထုတ်ရသောအခွင့် မိဘတို့၌လုံးဝမရှိပေ။ သားသမီးတို့သည် သူတစ်ပါးတို့အတွက်ဝန်ထုပ်မဖြစ်စေအောင် သူတို့အား လုံလောက်စွာကျွေးမွေးသုတ်သင်ထားနိုင်စွမ်းရှိသော လုပ်ငန်းတစ်ခုခုမိဘတို့ ၌ရှိသလော။ မရှိလျှင် ကောင်းမွန်စွာကြည့်ရှုပြုစုခံရခြင်း၊ စားသောက်ခြင်း နှင့် ဝတ်စားဆင်ယင်မှုမရှိသည့်အတွက် ဒုက္ခဆင်းရဲခြင်းကိုခံရစေရန် သားသမီး များကိုမွေးထားခြင်းသည် ပြစ်မှုကျူးလွန်ခြင်းသာဖြစ်သည်။ ကူးသန်းရောင်း ဝယ်မှုတစ်ခုခု (သို့မဟုတ်) လုပ်ငန်းတစ်ခုခုဆောင်ရွက်ရန် ပုံဆောင်မှုဆိုင်ရာ အသိပညာအလွန်အမင်းချို့တဲ့နေသောသူတို့နှင့် လောကကြီးနှင့်ရင်ပေါင်တန်း မိအောင် ပြုနိုင်စွမ်းမရှိသောသူတို့သည် အများအားဖြင့် မိမိတို့၏အိမ်ထောင် များတွင် သားသမီးများစွာကိုမွေးထားတတ်ကြသည်။ သို့ရာတွင် ပစ္စည်း ဥစ္စာကိုရှာဖွေစုဆောင်းနိုင်စွမ်းရှိသောသူတို့သည် အများအားဖြင့် သူတို့သုတ် သင်ကျွေးမွေးထားနိုင်သော သားသမီးဦးရေထက်ပို၍ မွေးထားခြင်းမရှိပေ။ မိမိတို့ကိုယ်တိုင်ကို ကျွေးမွေးပြုစုထိန်းသိမ်းထားနိုင်စွမ်းမရှိသော သူတို့သည် သားသမီးများမမွေးသင့်ပေ။AH1Burm 211.1

    တစ်ခါတစ်ရံရှုပ်ထွေးခြင်းကိုအသင်းသို့ ဘယ်ကဲ့သို့ယူဆောင် လာပုံ - တစ်ကိုယ်တည်းနေရစဉ် မိမိတို့ကိုယ်တိုင်ကို သုတ်သင်ကျွေးမွေး နိုင်စွမ်းမရှိသောသူတို့သည် အိမ်ထောင်ကိုဘယ်နည်းနှင့်မျှ ထောက်ပံ့နိုင်စွမ်း မရှိသည်ကိုသိလျက်နှင့် အိမ်ထောင်ပြု၍သားသမီးများကို မွေးကြလေသည်။ ဤအရာထက်ပို၍ဆိုးရွားသောအချက်မှာ အိမ်ထောင်ဆိုင်ရာအုပ်ချုပ်ကွပ်ကဲ မှုလုံးဝမရှိခြင်းဖြစ်သည်။ အိမ်ထောင်သားအားလုံးတို့သည် စည်းလွတ် ကမ်းလွတ်နေထိုင်သွားလာစားသောက်နေကြသည်။ ကိုယ်ကိုကိုယ်ချုပ်တည်း မှုမရှိ၊ စိတ်လိုက်မာန်ပါပြုလုပ်တတ်၍ သည်းခံခြင်းလည်းကင်းမဲ့လျက် စိတ်တို တတ်ကြသည်။ ယင်းကဲ့သို့သောပုဂ္ဂိုလ်တို့သည် ဧဝံဂေလိသတင်းစကားကို လက်ခံကြသောအခါ သူတို့ထက်ချမ်းသာကြွယ်ဝသောအသင်းသားများထံမှ အကူအညီအထောက်အပံ့ရရှိထိုက်သည် ဟူသောခံစားချက်မျိုးရင်မှာပိုက်ထား ကြသည်။ အကယ်၍ သူတို့၏မျှော်လင့်ချက်အကောင်အထည်မပေါ်လျှင် သူတို့သည် အသင်းတော်များကိုဝေဖန်ပြောဆို၍ ထိုကြောင့် ကြွယ်ဝသော သူတို့သည် အပြောနှင့်အဟောမညီကြဟု စွပ်စွဲပြောဆိုကြသေးသည်။ ဤ ကိစ္စမျိုး ဘယ်သူကအနစ်နာခံရမည်နည်း။ ဤကဲ့သို့ဆင်းရဲနွမ်းပါး၍ လူဦးရေ များသောအိမ်ထောင်ကြီးများကို ကြည့်ရှုပြုစုရန်အတွက် ဘုရားသခင်၏ အမှုတော်ကို အနစ်နာခံစေရမည်လား၊ နေရာတကာတွင်ရှိသောဘဏ္ဍာ တော်များကို သူတို့အတွက်အသုံးပြုလိုက်ရမည်လား။ ထိုသို့မပြုရပါ။ ကာယ ကံရှင်မိဘများသာလျှင် အနစ်နာခံရကြမည်လား။ များသောအားဖြင့် ယင်း မိဘတို့သည် ဥပုသ်နေ့ကိုလက်ခံပြီးသည့်နောက်ပိုင်းတွင် ရှေးကထက်သူတို့ ၏အခြေအနေသည် ပိုမိုဆိုးရွားခြင်းမရှိပေ။AH1Burm 211.2

    ပြည်တွင်းသာသနာပြုလုပ်ငန်းကိုအကျဉ်းချုံးနိုင်သည် - ဝေးလံ သောနိုင်ငံရပ်ခြားတိုင်းတစ်ပါးသို့ သာသနာပြုသူတို့စေလွှတ်ရာတွင် ချွေတာ ရေးကိုနားလည်သောအိမ်ထောင်ဦးရေမများသောသူတို့ကို ရွေးချယ်ရမည်။ လုပ်ဆောင်ရမည့်အချိန်ကားတိုတောင်း၍ အပြီးဆောင်ရွက်ရမည့်အမှုတော် ကား ကြီးမားကြောင်းကို အသိတရားရှိလျက် မိမိတို့၏ အိမ်ဂေဟာများ၌ သားသမီးမြောက်မြားစွာကိုမွေးထားခြင်းမပြုဘဲ သူတို့ဆောင်ရွက်ရမည့် တစ်ခုတည်းသောအမှုတော်ကြီးမှ သူတို့၏စွဲလမ်းမှု (သို့မဟုတ်) အာရုံပြုမှု ကိုလွှဲပြောင်းစေမည့် မည်သည့်အရာနှင့်မဆို မိမိတို့ကိုယ်တိုင်ကို ကင်းကွာ နေစေမည်ဖြစ်သည်။ မိမိကိုယ်ကိုဘုရားသခင်အားဆက်ကပ်ထားသောဇနီး ဖြစ်သူသည်လည်း မိမိ၏ခင်ပွန်းနှင့်လက်တွဲ၍ သူ့ခင်ပွန်းကဲ့သို့ပင် အမှုတော် ကိုဆောင်ရွက်နိုင်မည်ဖြစ်သည်။ သားသမီးမြောက်မြားစွာတို့ကို ဘုရားသခင် အထံတော်သို့ပို့ဆောင်ရာတွင် ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေရန် မိမိတို့၌ရှိသောစွမ်းရည်ကို အသုံးပြုနိုင်သောသားသမီးများကို ကိုယ်တော်ရှင် သည် ကောင်းချီးပေးတော်မူခဲ့သည်။ သို့ရာတွင် စွမ်းစွမ်းတမန်အမှုတော်ကို ဆောင်ရွက်နိုင်သော မြောက်မြားစွာသောအမျိုးသမီးတို့သည် မိမိတို့သည် မိမိတို့နေအိမ်များတွင် သားငယ်သမီးငယ်များကို ကြည့်ရှုထိန်းသိမ်းနေရ သောကြောင့် မအားမလပ်ဖြစ်နေကြရသည်။AH1Burm 212.1

    သာသနာပြုပီသသောသာသနာပြုသူများကို ကျွန်ုပ်တို့လိုအပ်နေပါ သည်။ မိမိတို့၏ကိုယ်ကျိုးများကိုဘေးဖယ်၍ ဘုရားသခင်၏အမှုတော်ကို ဦးစားပေးသောသူများကိုလည်းကောင်း၊ ကိုယ်တော်၏ဘုန်းတော်ကိုထင်ရှား စေမည်ဆိုသော တစ်ခုတည်းသောဦးတည်ချက်ထားရှိလျက် သမ္မာတရား မျိုးစေ့ကိုကြဲဖြန့်စိုက်ပျိုးရန် မည်သည့်တာဝန်မဆိုထမ်းဆောင်ရန်နှင့် ကိုယ်တော်ရှင်စေလွှတ်တော်မူသော မည်သည့်နေရာမဆိုသွားရောက်ရန် အမြဲတမ်းအသင့်ဖြစ်နေသောသူတို့ကိုလည်းကောင်း ကျွန်ုပ်တို့လိုအပ်နေပေ သည်။ ဘုရားသခင်ကိုချစ်ကြောက်ရိုသေ၍ မိမိ၏ခင်ပွန်းများနှင့်လက်တွဲ ဆောင်ရွက်နိုင်သောဇနီးများရှိသောသူတို့ကို သာသနာပြုလုပ်ငန်းအတွက် လိုအပ်လျက်ရှိသည်။ များစွာသောအိမ်ထောင်ရှိသူများသည် အမှုတော်ကို ဆောင်ရွက်ရန် ကွင်းဆင်းသွားကြသော်လည်း အမှုတော်ကိုဆောင်ရွက်ရာ တွင် အင်တိုက်အားတိုက်မရှိကြပေ။ သူတို့၏အာရုံစူးစိုက်မှုသည် အမှုတော် တစ်ခုတည်းအပေါ်၌မရှိကြပေ။ သူတို့သွားရောက်၍ အမှုတော်ကိုထမ်းဆောင် ရမည့်နေရာများကို သွားရောက်ခြင်းမရှိဘဲ သားမယားတို့၏ဆွဲငင်ခေါ်ဆောင် ထားမှုတို့ကြောင့် သူတို့သည် အိုးအိမ်မကွာနေထိုင်ခဲ့ကြသည်။AH1Burm 213.1