Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၂၉—လွှဲပြောင်း၍မရသောလုပ်ငန်း

    အခြားဘယ်သူမျှမထမ်းဆောင်နိုင်သောမိဘတို့၏တာဝန်များ - မိဘတို့၊ သင်တို့အတွက်အခြားဘယ်သူမျှ မထမ်းဆောင်နိုင်သောတာဝန် များကို သင်တို့သည် ထမ်းဆောင်နေပါသည်။ သင်တို့သည် အသက်ရှင် နေသမျှကာလပတ်လုံး ကိုယ်တော်ရှင်ချမှတ်ထားတော်မူသောလမ်း၌ တစ်သဝေ မတိမ်းလျှောက်လိုက်ရန်ကိစ္စနှင့်ပတ်သက်၍ သူတို့သည် ဘုရားသခင်နှင့် စာရင်းရှင်းရမည်ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မိမိတို့၏ လမ်းပြအနေဖြင့်လက်ခံ၍ သူတို့၏သားသမီးတို့သည် သူတို့၏စာရိတ္တများ ကိုတည်ထောင်ရန်အတွက် သူတို့၏မိဘများအပေါ် အဘယ်မျှလောက် အားကိုးအားထားပြုကြသည်ကို သိရှိကြသောမိဘတို့သည် သူတို့၏သားသမီး များအနေဖြင့် အန္တရာယ်ကင်းရှင်းစွာအတုယူနိုင်သောပုံသက်သေကို ထားကြ လိမ့်မည်ဖြစ်သည်။AH1Burm 241.1

    သားသမီးတို့၏ကျန်းမာရေး၊ ကိုယ်လက်ကြံ့ခိုင်ရေးနှင့်စာရိတ္တဗလ ကြံ့ခိုင်ရေးတို့အတွက် မိခင်နှင့်ဖခင်တို့သည် တာဝန်ယူကြသည်။ ဤလုပ်ငန်း ကို အခြားသူတစ်ဦးတစ်ယောက်မလုပ်ကိုင်ရပေ။ သားသမီးတို့၏မိခင်ဖခင် များဖြစ်လာသောအခါ သားသမီးတို့အားအခြေခံကျင့်ဝတ်များကို သွန်သင် ပေးရာတွင် မိဘတို့သည် ကိုယ်တော်နှင့်လက်တွဲ၍ဆောင်ရွက်ရကြမည်။AH1Burm 241.2

    သားသမီးတို့အားပြုရမည့် ဘုရားသခင်ချပေးထားတော်မူသော တာဝန်ကို မိဘများတို့သည်စွန့်ပစ်၍ သူတို့ကိုယ်စားလူစိမ်းသူစိမ်းတို့အပေါ် တာဝန်လွှဲလိုသောဆန္ဒကိုပြကြသည်မှာ ဘယ်မျှလောက်ဝမ်းနည်းဖွယ်ဖြစ် သနည်း။ သူတို့သားသမီးများအတွက် အခြားသောသူတို့ကိုဆောင်ရွက်စေ၍ ဤကိစ္စတွင်သူတို့အနေဖြင့် လုံးဝတာဝန်မယူလိုကြပေ။AH1Burm 241.3

    ယခုအခါတွင် သားသမီးတို့၏ ဆိုးသွမ်းမှုကြောင့် ညည်းတွား ပြောဆိုနေကြသောမိဘူတို့သည် သူတို့၏အပြစ်သာလျှင်ဖြစ်သည်။ ဤကဲ့သို့ သောသူတို့သည် သူတို့၏ကျမ်းစာများကိုဖွင့်ကြည့်၍ မိဘနှင့်အုပ်ထိန်းသူ များအနေဖြင့် သူတို့အားဘာတာဝန်များကို ဘုရားသခင်ကအပ်နှံထားတော် မူသည်ကို ရှာဖွေကြည့်ရှုကြပါလေစေ။ ကြာရှည်စွာလျစ်လျူရှုခဲ့သော သူတို့ ၏တာဝန်များကိုမပျက်ကွက်အောင် ဆောင်ရွက်ကြပါစေ။ သူတို့၏သားသမီး များကိုဆုံးမသွန်သင်ရာတွင် ကိုယ်တော်ရှင်၏ညွှန်ကြားချက်များကို လိုက်နာ ကျင့်သုံးရန် ပျက်ကွက်ခဲ့ကြသည့်အတွက် မိမိတို့ကိုယ်ကိုနှိမ့်ချလျက် ဘုရားသခင်၏မျက်မှောက်တော်တွင် နောင်တရကြပါစေ။ သူတို့လိုက်နာ ကျင့်သုံးနေသောလမ်းစဉ်ကိုပြောင်းလဲ၍ သူတို့၏လမ်းပြနှင့်အကြံပေးအနေ ဖြင့် ကျမ်းစာကိုတိတိကျကျနှင့်သေသေချာချာလိုက်နာကျင့်သုံးရန် လိုအပ် နေပေသည်။AH1Burm 241.4

    အသင်းတော်တွင် တစ်ခုတည်းသောထိုတာဝန်များကိုမထမ်း ဆောင်နိုင်ပေ - လူငယ်လူရွယ်များနှင့်ကလေးသူငယ်များတို့သည် မိမိ တို့၏စိတ်နှလုံးများကို ခရစ်တော်အားဆက်ကပ်ကြလျှင် ဘယ်မျှကောင်းမွန် လိမ့်မည်နည်း။ ထိုအခါ ဖြောင့်မတ်ခြင်းသို့ အခြားသူတို့ကိုခေါ်ဆောင်လာ ရန် တပ်မကြီးတစ်ခုပေါ်ပေါက်လာနိုင်ပေမည်။ သို့ရာတွင် မိဘများအနေဖြင့် ဤလုပ်ငန်းကိုဆောင်ရွက်ရန် အသင်းတော်တစ်ခုတည်းကိုသာ လွှဲအပ်မထား သင့်ပေ။AH1Burm 242.1

    ဓမ္မဆရာသည် ထိုတာဝန်များကိုလုံးဝပုံအပ်၍ သင်တို့သားသမီး များတို့၏ဝိညာဉ်အတွက် သူ့ကိုသာလျှင် အားကိုးအားထားပြုနေကြသည်။ မိဘများနှင့်အုပ်ထိန်းသူများအနေဖြင့် သင်တို့ကိုယ်တိုင်ထမ်းဆောင်ရမည့် တာဝန်များကို သင်တို့သည်သိကျွမ်းခြင်းမရှိကြပေ။ သင်တို့ကိုယ်တိုင်၏ ပုံသက်သေနှင့်လျော့ရိလျော့ရဲနိုင်သောစည်းမျဉ်းများကြောင့် သင်တို့၏သားသမီး များသည် ညစ်ညမ်းဆိုးသွမ်းလျက်ရှိကြသည်။ ဤအိမ်တွင်းသွန်သင်ဆုံးမမှု ကင်းမဲ့နေလင့်ကစား၊ ဓမ္မဆရာကသင်တို့နေရာတွင်ဝင်ရောက်၍ သင်တို့ သားသမီးတို့၏စိတ်နှလုံးများနှင့်ဘဝအသက်တာတို့ကို ကောင်းမြတ်ခြင်းနှင့် ဘုရားတရားရှိသောအခြေအနေသို့ပို့ဆောင်ပေးခြင်းတည်းဟူသော အံ့ဩဖွယ် သောပြီးမြောက်မှုအတွက် ဆောင်ရွက်ပေးရန် သင်တို့မျှော်လင့်နေကြသည်။ ဝိညာဉ်ကိုကယ်ဆယ်မှုအတွက် သစ္စာရှိစွာဖြင့်လည်းကောင်း၊ မေတ္တာနှော သောသွန်သင်ဆုံးမမှုဖြင့်လည်းကောင်း၊ သည်းခံသောစိတ်ဖြင့်လည်းကောင်း၊ စည်းကျအောင်ပြုပြင်နေခြင်းဖြင့်လည်းကောင်း၊ စိတ်ပါသောဆုတောင်းပေး မှုဖြင့်လည်းကောင်း ဓမ္မဆရာကအသင်းတော်အတွက် တတ်နိုင်သမျှဆောင်ရွက် ပေးသော်လည်း မှန်းချက်နှင့်နှမ်းထွက်မကိုက်လျှင် သူတို့၏သားသမီးများ ပြောင်းလဲမှုမရှိသည့်အတွက် မိဘတို့ကဓမ္မဆရာကိုအပြစ်တင်ကြသည်။ အမှန် အားဖြင့် မိဘတို့၏လျစ်လျူရှုမှုကြောင့်သာလျှင် ယင်းအခြေအနေမျိုးကို ရင်ဆိုင်ရသည်။ တာဝန်သည် မိဘများအပေါ်၌ရှိသည်။ သူတို့အားဘုရားသခင် အပ်နှင်းထားတော်မူသော လုပ်ငန်းကိုလက်ခံ၍ ယုံကြည်သောစိတ်ဖြင့် ယင်း လုပ်ငန်းကိုဆောင်ရွက်ကြမည်လား၊ သူတို့ကိုယ်တိုင်မြင့်မားသောအဆင့်အတန်း သို့ရောက်ရှိ၍ သူတို့၏သားသမီးများကိုလည်း ယင်းအဆင့်အတန်းသို့ လက်တွဲခေါ်ဆောင်သွားရန် မိဘတို့သည် ရှေ့သို့တိုးတက်၍နှိမ့်ချသောစိတ်၊ သည်းခံသောစိတ်နှင့်ဇွဲလုံ့လရှိသောစိတ်တို့ဖြင့် ဆောင်ရွက်ကြမည်လား။AH1Burm 242.2

    အများသောမိခင်ဖခင်တို့သည် သူတို့၏တာဝန်များကို အခြားသော သူတို့၏လက်သို့လွှဲအပ်ထားကြသည်မဟုတ်ပါလော။ ဓမ္မဆရာကတာဝန်ယူ ၍ သားသမီးများပြောင်းလဲစေရေးနှင့် သူတို့နဖူးများပေါ်၌ ဘုရားသခင်၏ တံဆိပ်တော်ကိုခတ်စေရန်အတွက် ဆောင်ရွက်ပေးသင့်သည်ဟု အများသော မိဘတို့က ယူဆကြသည်မဟုတ်ပါလော။AH1Burm 243.1

    ဥပုသ်စာဖြေကျောင်းကလည်းထိုတာဝန်များကိုမထမ်းဆောင် နိုင်ပေ - သူတို့၏အနာဂတ်ဘဝအသက်တာသို့ သားသမီးများအနေဖြင့် သယ်ယူသွားနိုင်သောအသိပညာရရှိရေးအတွက် သူတို့အားကူညီမစရန် မိဘတို့၏တာဝန်ဖြစ်သည်မဟုတ်ပါလော။ သို့ရာတွင် အကြောင်းတစ်ခုခု ကြောင့် အများသောမိဘတို့သည် သူတို့၏သားသမီးများအား ဘာသာ အယူဝါဒဆိုင်ရာသင်ကြားပို့ချမှုကို ပြုလုပ်ပေးလိုသောဆန္ဒမရှိကြပေ။ သားသမီးများအနေဖြင့် ဘုရားသခင်အတွက်ဆောင်ရွက်ရမည့်တာဝန်များ ဆိုင်ရာအသိပညာကို မိဘတို့က သူတို့အားသင်ကြားပို့ချပေးခြင်းမပြုဘဲ သားသမီးတို့ကိုယ်တိုင် ယင်းအသိပညာကို ဥပုသ်စာဖြေကျောင်းတွင်ရှာဖွေ လေ့လာကြသည်။ အသိပညာသင်ကြားပေးမှု၊ စည်းကမ်းထိန်းသိမ်းပေးမှုနှင့် သားသမီးတို့အားသွန်သင်ဆုံးမပေးမှုများကိုဆောင်ရွက်၍ သူတို့သည် ယခု ဘဝနှင့်နောင်ဘဝအသက်တာတို့အတွက် အကျင့်စာရိတ္တများတည်ဆောက် လျက်ရှိကြသည်ဆိုသောအချက်ကို သူတို့ရှေ့၌အမြဲတမ်းထားရှိကြစေရန် ဘုရားသခင်အလိုတော်ရှိကြောင်းကို ယင်းမိဘတို့သိရှိနားလည်ရန် လိုအပ် ပေသည်။AH1Burm 243.2

    သူငယ်သွားရာလမ်းဝ၌ဆုံးမသွန်သင်ရသော သင်တို့၏အလုပ်ကို လုပ်ကိုင်စေရန် ဥပုသ်စာဖြေကျောင်းဆရာ၊ ဆရာမအပေါ် အားကိုးအား ထားမပြုပါနှင့်။ ဥပုသ်စာဖြေကျောင်းသည် ကောင်းချီးမင်္ဂလာကြီးတစ်ရပ် ဖြစ်သည်။ ယင်းသည်သင့်လုပ်ငန်းတွင် အထောက်အကူပြုနိုင်သည်။ သို့ရာတွင် ယင်းသည် သင်တို့နေရာတွင် ဘယ်အခါမျှအစားထိုးဝင်ရောက် ၍ မဆောင်ရွက်နိုင်ပေ။ မိမိတို့၏သားသမီးများကို ယေရှုထံတော်သို့ယူဆောင် လာရန်တာဝန်ကိုလည်းကောင်း၊ ဆုတောင်းနည်းကိုသင်ပေးရန်တာဝန်ကို လည်းကောင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုယုံကြည်ရန် သင်ကြား ပေးဖို့တာဝန်ကိုလည်းကောင်း . မိဘတို့အားဘုရားသခင်က အပ်နှင်းထား တော်မူသည်။AH1Burm 244.1

    သင်တို့သားသမီးများကိုပညာသင်ကြားပေးရာတွင် သင်တို့အနေဖြင့် လျစ်လျူရှုခဲ့သောလုပ်ငန်းကို ဥပုသ်စာဖြေကျောင်းနှင့်သင်းအုပ်ဆရာက ဆောင်ရွက်လိမ့်မည်အထင်နှင့် ကျမ်းစာထဲမှသမ္မာတရားတို့ကိုမသင်ပြဘဲ ဘေးဖယ်မထားပါနှင့်၊ ကျမ်းစာသည် ယင်းကိုနေ့စဉ်နေ့တိုင်းဖွင့်၍ စေ့စေ့ ဖတ်ရှုလေ့လာရန်မသင့်အောင် မြင့်မြတ်သန့်ရှင်းလှသည်မဟုတ်ပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်မှသမ္မာတရားများကို ဘဝအသက်တာ၏ သေးနုပ်သောအရာများဟု ယူဆသောဆရာတို့နှင့် တွေ့ထိမှုရှိအောင်ပြုရ မည်။ ယင်းသမ္မာတရားများကို မှန်ကန်သောရှုထောင့်မှ တွေ့မြင်၍နေရာ ထားလျှင် သာမန်ဘဝအသက်တာကိုထွန်းပြောင်စေ၍ မှန်ကန်သောအကျင့် စာရိတ္တတည်ဆောက်ရန်အတွက် နားထောင်ခြင်းနှင့် အခြေခံကျင့်ဝတ်များ အတွက် ရည်စူးချက်များကို ဖန်တီးပေးပေလိမ့်မည်။AH1Burm 244.2