Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၃ဝ—မိသားစုဥမကွဲသိုက်မပျက်နေထိုင်ခြင်း

    မိဘများနှင့်သားသမီးတို့ရင်းနှီးမှုရှိရမည် - အချို့သောမိဘတို့ သည် သူတို့၏သားသမီးတို့အကြောင်းကိုနားမလည်ခြင်းမှာ အမှန်အားဖြင့် ရင်းနှီးမှုမရှိကြပေ။ အများအားဖြင့်မိဘတို့နှင့်သားသမီးတို့စပ်ကြား ကြီးမား သောကွာဟမှုရှိနေသည်။ အကယ်၍မိဘတို့သည် သားသမီးတို့၏စိတ်ခံစား မှုဘောင်အတွင်းသို့ အတွင်းကျထိုးဖောက်ဝင်ရောက်နိုင်လျှင် ယင်းကဲ့သို့ ပြုလုပ်ခြင်းသည် သားသမီးများအပေါ် အကျိုးဖြစ်ထွန်းသောသြဇာသက်ရောက် မှုရှိပေလိမ့်မည်။AH1Burm 246.1

    မိခင်နှင့်ဖခင်တို့သည် တစ်ဦးအပေါ်တစ်ဦးကိုယ်ချင်းစာတရား ထားရှိရခါ လက်တွဲ၍ဆောင်ရွက်ကြရမည်။ သူတို့သည် သားသမီးများ၏ အပေါင်းအဖော်ဖြစ်ရမည်။AH1Burm 246.2

    သားသမီးတို့အားလမ်းမှန်သို့လမ်းပြပို့ဆောင်နိုင်ရန် သူတို့၏ချစ်ခြင်း နှင့်ယုံကြည်ခြင်းရရှိအောင် မိဘတို့သည် အကောင်းဆုံးနှင့်အအောင်မြင်ဆုံး နည်းလမ်းကို အသုံးပြုရကြမည်။ သူတို့၏မေတ္တာလင်းရောင်ခြည်ကို အိမ်ထောင်ပေါ်သို့ ထွန်းလင်းနေစေရမည်။AH1Burm 246.3

    အားပေးသောစကားနှင့်ချီးကျူးစကားပြောကြားခြင်း - ကလေး သူငယ်များသည် အပေါင်းအဖော်များကိုနှစ်သက်သောကြောင့် သူတို့တစ်ဦး တည်းထီးထီးနေရလျှင် ပျော်ရွှင်မှုရှိခဲသည်။ သူတို့သည် ကိုယ်ချင်းစာနာ မှုနှင့် ကြင်နာမှုကိုမျှော်မှန်းတမ်းတနေတတ်သည်။ သူတို့နှစ်သက်သမျှသော အရာများကို မိခင်ဖြစ်သူလည်းနှစ်သက်လိမ့်မည်ဟု သူတို့ယူဆထားကြ သည်။ ထိုကြောင့် သူတို့ရင်ဆိုင်ရသောဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်း တို့ဖြင့် မိခင်ထံသို့ချဉ်းကပ်တတ်ကြသည်မှာ သဘာဝကျကျရှိလှပါသည်။ မိခင်အတွက် သေနုပ်၍မရေမရာဖြစ်သော်လည်း သူတို့အတွက် အလွန်မှ အရေးပါအရာရောက်သောကိစ္စများကို ဂရုမစိုက်ဘဲနေခြင်းအားဖြင့် မိခင် တို့သည် သားသမီးတို့၏နုနယ်သောစိတ်နှလုံးများကို နာကြည်းသွားအောင် မပြုလုပ်သင့်ပေ။ သူမ၏ကိုယ်ချင်းစာမှုနှင့်လိုက်လျောမှုတို့သည် အလွန် တန်ဖိုးရှိလှသည်။ လိုက်လျောသောအမူအရာပြခြင်းနှင့် အားပေးစကား (သို့မဟုတ်) ချီးကျူးစကားပြောကြားခြင်းတို့ကို သူတို့၏နှလုံးသားများအတွက် ရောင်ခြည်ထွန်းလင်းနေဘိသကဲ့သို့ဖြစ်၍ အများအားဖြင့် သူတို့အား တစ်နေ့ လုံးပျော်ရွှင်မှုကိုရရှိစေလေသည်။AH1Burm 246.4

    မိဘတို့သည်ကလေးသူငယ်များ၏လူယုံတော်များဖြစ်ရမည် - သားသမီးတို့သည် နေ့စဉ်သူတို့ရင်ဆိုင်ရသောစိတ်အနှောင့်အယှက်များ၊ စိတ်မကောင်းစရာများနှင့်ဆုံရခြင်းများကို သူတို့စိတ်ထဲ၌မထားရှိဘဲ မိဘတို့ အားရင်ဖွင့်ကြစေရန် အားပေးကြရမည်။AH1Burm 247.1

    သူတို့အားကြင်နာစွာဆုံးမပဲ့ပြင်၍ သူတို့အားသင်တို့၏စိတ်နှလုံးAH1Burm 247.2

    ဖြင့် ချည်နှောင်ထားပါ။ ဤခေတ်ကလေးသူငယ်အတွက် အရေးကြီးသော အချိန်ဖြစ်ပါသည်။ သူတို့အားမိဘတို့နှင့်ကင်းကွာစေမည့် သြဇာသက်ရောက် မှုကို သင်တို့သည်တိုက်ဖျက်ရမည်ဖြစ်သည်။ သင်တို့အားသူတို့၏လူယုံ တော်များအနေဖြင့်ဆက်ဆံရန် သင်ကြားပေးပါ။ သူတို့၏စုံမက်ခြင်းများနှင့် ပျော်ရွှင်မှုကို သင်တို့အားတီးတိုးပြောပါလေစေ။AH1Burm 247.3

    သားသမီးတို့သည် မိဘဖြစ်သူတို့နှင့်ပိုမိုရင်းနှီးမှုရှိလျှင် မကောင်းမှ ဒုစရိုက်အမျိုးမျိုးတို့နှင့်ကင်းလွတ်နေမည်ဖြစ်သည်။ မိဘတို့အားပွင့်ပွင့်လင်းလင်း ဆက်ဆံရန်လည်းကောင်း၊ သူတို့ရင်ဆိုင်ရသောအခက်အခဲများနှင့်လမ်းမှန် ကိုလိုက်ရန် အခက်ကြုံသောအခါ ` မိမိတို့ထံသို့ချဉ်းကပ်ရန်လည်းကောင်း၊ ကိစ္စတစ်ခုခုနှင့်ပတ်သက်၍ မိဘတို့ရှေ့၌ သူတို့၏ထင်မြင်ယူဆချက်ကို ဖော်ပြပြီးလျှင် အကြံဉာဏ်ကိုတောင်းခံရန်လည်းကောင်း မိဘတို့ကသားသမီး တို့အားပေးရမည်။ ဘုရားတရားရှိသောမိဘများလောက် သားသမီးတို့၏ အန္တရာယ်ကို သိရှိညွှန်ပြနိုင်စွမ်းသောပုဂ္ဂိုလ်ဟူ၍ ရှိပါသေးသလား။AH1Burm 247.4

    ကိုယ့်သားသမီးတို့၏စိတ်နေသဘောထားများကို မိဘတို့ထက်နားလည်သော သူရှိပါသလား။ သားသမီးတို့၏စိတ်နေသဘောထားများကို ငယ်စဉ်တောင် ကျေးကလေးဘဝမှအစပြု၍ စောင့်ကြည့်တွေ့မြင်ခဲ့ရပြီးဖြစ်သောမိခင်သည် သားသမီးတို့၏သဘောသဘာဝအလိုကိုသိရှိပြီးဖြစ်သောကြောင့် သားသမီး တို့အား လိုအပ်သောအကြံဉာဏ်ကိုပေးရန် အကောင်းဆုံးပြင်ဆင်မှုရှိသော သူဖြစ်သည်။ မည်သည့်အရာမျိုးကိုဟန့်တားထားရန်နည်းကို ဖခင်၏ အကူအညီရရှိထားသောမိခင်လောက် ပြောဆိုနိုင်သောသူရှိပါသလား။AH1Burm 248.1

    အချိန်မရှိ - ဖခင်ဖြစ်သူက၊ “ကျွန်တော်များမှာတော့ အချိန်မရှိ ဘူး၊ ကျွန်တော့်သားသမီးတွေကို သွန်သင်ဆုံးမပေးဖို့အချိန်မရှိဘူး။ အိမ် မှာလည်းပျော်ပွဲရွှင်ပွဲလုပ်ပေးဖို့အချိန်မရှိ၊ မရှိ” ဟုဆိုကြသည်။ ထိုသို့ဆိုလျှင် သင်သည် အိမ်ထောင်၏တာဝန်ကို အစကတည်းကမထမ်းခဲ့သင့်ပေ။ သားသမီးတို့တရားသဖြင့်ရသင့်ရထိုက်သောအချိန်ကို မပေးဘဲနေခြင်းဖြင့် သင့်ထံမှသူတို့ရသင့်သောပညာရေးကို သင်သည် လက်လွတ်စေသည်။ သင်တို့၌သားသမီးရှိလျှင် သူတို့၏အကျင့်စာရိတ္တများကိုတည်ဆောက်ပေး ရာတွင် မိခင်ဖြစ်သူနှင့်အတူလက်တွဲ၍ သင်တို့ဆောင်ရွက်စရာလုပ်ငန်းရှိ သည်။AH1Burm 248.2

    မြောက်မြားစွာသောမိခင်များက ကြွေးကြော်ကြသည်မှာ “သားသမီး တွေနဲ့လက်ပွန်းတတီးနေဖို့တော့ ကျွန်မတို့တစ်တွေမှာတော့အချိန်မရှိဘူး” ထိုကဲ့သို့ဆိုလျှင် ခရစ်တော်၏မျက်နှာတော်ကိုထောက်၍ မိခင်တို့သည် သူတို့၏ဝတ်စားဆင်ယင်မှုအတွက် အသုံးပြုနေသောအချိန်ကိုလျှော့ပစ်ပါ။ ဝတ်စားဆင်ယင်မှုအတွက် အချိန်ကိုများစွာမဖြုန်းပါနှင့်။ အိမ်လည်ခြင်း အားဖြင့် အချိန်ကိုမဖြုန်းပါနှင့်။ ဟင်းလျာမျိုးစုံချက်ပြုတ်ခြင်းအားဖြင့် အချိန် ကိုမဖြုန်းပါနှင့်။ သင်တို့နှင့်သားသမီးများတို့၏ကောင်းကျိုးဖြစ်မှုစပ်ကြားတွင် မည်သည့်အရာများကိုမျှ သပ်မထိုးပါစေနှင့်။AH1Burm 248.3

    စိုးရိမ်ကြောင့်ကြမှုမျိုးစုံကို ရင်ဆိုင်နေရသောကြောင့် မိခင်များသည် သားသမီးငယ်များကိုသွန်သင်ဆုံးမရန်နှင့် သူတို့မေတ္တာနှင့်ကိုယ်ချင်းစာနာမှု များကိုပြသရန် သူတို့အနေဖြင့်သည်းခံသောစိတ်ဖြင့် အချိန်ပေးနိုင်စွမ်းမရှိ ဟုဆိုကြသည်။ သားသမီးတို့သည် သူတို့လိုချင်တောင့်တလျက်ရှိသော မေတ္တာနှင့်ရင်းနှီးမှုကို သူတို့၏မိဘများထံ၌လည်းကောင်း၊ သူတို့၏အိမ် ဂေဟာများတွင်လည်းကောင်း မတွေ့ ရလျှင် စိတ်နှလုံးရောအကျင့်စာရိတ္တပါ အန္တရာယ်မကင်းဖြစ်စေမည့် အခြားနည်းလမ်းများကို ရှာဖွေအသုံးပြုလိမ့်မည် ဖြစ်သည်။AH1Burm 249.1

    သားသမီးများတို့နှင့်လက်တွဲ၍အလုပ်လုပ်ပါ၊ ကစားပါ - အားလပ်ချိန်တွင် သားသမီးများနှင့်အတူနေပါ။ သူတို့၏အလုပ်အကိုင်များ နှင့်ကစားမှုများတွင် ပါဝင်ဆောင်ရွက်ပါ။ သူတို့၏ယုံကြည်မှုကိုရယူပါ။ မိတ်ဆွေသဘောထားမျိုးကို သူတို့၌ပြုစုပျိုးထောင်ပေးပါ။AH1Burm 249.2

    ညနေပိုင်းများတွင် မိဘတို့သည် သားသမီးများနှင့်အတူတကွ နေထိုင်သွားလာပါ။ တစ်နေ့တာ၏စိုးရိမ်ပူပန်မှုမျိုးနှင့်စိတ်ရှုပ်ထွေးမှုများကို မေ့ပျောက်ထားပါ။AH1Burm 249.3

    ဆုတ်ခွာနေတတ်၍အာဏာရှင်ဆန်သောမိဘများအတွက် အကြံ ပေးချက် - သူတို့၏သားသမီးများနှင့် ရင်းရင်းနှီးနှီးဆက်ဆံခြင်းမပြုဘဲ အမြဲတမ်းအမိန့်ပေးနေတတ်သောမိဘများရှိသကဲ့သို့ မိမိတို့၏တပည့်များကို အမြဲတမ်းအော်ဟစ်ငေါက်ငေါ်နေတတ်သော ဆရာသမားများရှိတတ်သည်။ ယင်းဆရာသမားများနှင့်မိဘတို့သည် ဆုတ်ခွာခွာနေတတ်၍ သူတို့၏ သားသမီးများနှင့်တပည့်များတို့၏ချစ်ခင်လေးစားမှုကိုမရယူနိုင်သည့် အေးစက် စက်ဖြစ်သော အပြုအမူမျိုးဖြင့်လည်းကောင်း၊ ကိုယ်ချင်းစာနာမှုကင်းသော နည်းမျိုးဖြင့်လည်းကောင်း သူတို့၏အာဏာကိုအသုံးပြုတတ်ကြသည်။ သူတို့သည် ကလေးသူငယ်တို့နှင့်ရင်းနှီးအောင်ပြုလုပ်၍ သူတို့အားချစ်ကြောင်းAH1Burm 249.4

    ကိုပြလျက် သူတို့၏ကြိုးပမ်းမှုများနှင့်အားကစားမှုများတွင်လည်း စိတ်ဝင်စား မှုရှိကြောင်းကိုပြသပြီး တစ်ခါတစ်ရံကလေးများကဲ့သို့ပင်ပြုမူလုပ်ကိုင်လျှင် ကလေးများအားပျော်ရွှင်စေ၍ သူတို့၏မေတ္တာနှင့်ယုံကြည်မှုကိုလည်း ရယူ နိုင်ကြမည်ဖြစ်သည်။ ကလေးတို့သည် လျင်မြန်စွာပင် မိဘတို့နှင့်ဆရာသမား တို့အားလေးစားလာ၍ သူတို့၏စကားကိုနားထောင်လာကြမည်ဖြစ်သည်။AH1Burm 250.1

    အိမ်ထောင်၏ဂုဏ်တုဂုဏ်ပြိုင်ဖြစ်သည့် ဆိုးညစ်သောအပေါင်း အဖော်များ - ကလေးသူငယ်များတို့၏အာရုံကိုလွှဲပြောင်းပစ်ရန် စာတန် နှင့်သူ့ဗိုလ်ခြေအပေါင်းတို့သည် အင်တိုက်အားတိုက်ကြိုးပမ်းလျက်ရှိကြသည်။ ထိုကြောင့် ယင်းကလေးသူငယ်တို့နှင့်ပွင့်လင်းစွာဖြင့်လည်းကောင်း၊ ခရစ်ယာန် တို့၏သိမ်မွေ့ခြင်းဖြင့်လည်းကောင်း၊ ခရစ်ယာန်တို့၏မေတ္တာဖြင့်လည်းကောင်း ဆက်ဆံကြရမည်။ ဤကဲ့သို့ပြုလုပ်ခြင်းသည် သူတို့အပေါ်တွင် သင်တို့၏ သြဇာများစွာညောင်းစေ၍ သူတို့အနေဖြင့်လည်း သင်တို့အားလုံးဝလုံးဝ ယုံကြည်အားထားမှုရှိနိုင်သည်ဆိုသော ခံစားမှုရှိနေလိမ့်မည်။ မိသားစုကို ခင်တွယ်စိတ်နှင့် သင်တို့အားယုံကြည်ကိုးစားလိုသောစိတ်မျိုးကို သားသမီး တို့၌ဖန်တီးပေးပါ။ ဤကဲ့သို့ပြုလုပ်လျှင် သားသမီးတို့သည် အပြင်လောက မှရွယ်တူတို့နှင့်ပေါင်းဖော်မှုကိုရယူလိုသော ဆန္ဒရှိတော့မည်မဟုတ်ပေ။AH1Burm 250.2

    လောကကြီးတွင် မကောင်းမှုဒုစရိုက်များပြားလှသောကြောင့်လည်းကောင်း၊ သားသမီးတို့အားအုပ်အုပ်ထိန်းထိန်းထားရန်လိုအပ်သောကြောင့်လည်းကောင်း သူတို့၏ခင်တွယ်မှုကိုရရှိရန်နှင့် မိဘတို့အနေဖြင့် သားသမီးတို့၏ပျော်ရွှင်မှ တို့အတွက် အမြဲတမ်းလိုလားကြိုးပမ်းနေကြောင်းကို သူတို့သိရှိစေရန် မိဘ တို့သည် ဆတက်ထမ်းပိုးတိုး၍ဆောင်ရွက်ရကြမည်။AH1Burm 250.3

    သားသမီးများအကြောင်းကိုမိဘတို့သိကျွမ်းရမည် - မိဘတို့ နှင့်သားသမီးတို့စပ်ကြားတွင် အေးစက်နေတတ်ခြင်း၊ ဆုတ်ခွာခွာနေတတ် ခြင်းမျိုး လုံးဝမရှိစေရ။ မိမိတို့အနေဖြင့် သားသမီးတို့အကြောင်းကို ကောင်းမွန်စွာသိကြပါစေ။ သားသမီးတို့၏အာသီသနှင့်စိတ်နေသဘောထား များကို နားလည်ရန်ကြိုးပမ်း၍ သူတို့၏အတွင်းခံစားချက်များကို သိကျွမ်း ရန်လည်းအားထုတ်သင့်ပေသည်။AH1Burm 250.4

    မိဘတို့၊ သင်တို့သည် သူတို့ကိုချစ်ကြောင်းနှင့် သူတို့သာယာ ပျော်ရွှင်မှုအတွက် အစွမ်းကုန်ကြိုးပမ်းကြောင်းကို သားသမီးတို့အားအသိပေး ပါ။ ဤကဲ့သို့ပြုလုပ်လျှင် သင်တို့၏တားမြစ်ခြင်းနှင့်စည်းကမ်းထားရှိခြင်း သည် သူတို့အပေါ်၌ပိုမိုအကျိုးဖြစ်ထွန်းသော သြဇာသက်ရောက်မှုရှိလိမ့် မည်။ သားသမီးတို့အား နူးညံ့သိမ်မွေ့စွာဖြင့်လည်းကောင်း၊ သနားကြင်နာ ခြင်းဖြင့်လည်းကောင်း စိုးမိုးအုပ်ချုပ်လျက် “သူတို့၏ကောင်းကင်တမန်တို့ သည် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့အဘ၏မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြင်ကြ၏” ဆိုသောအချက်ကို အမြဲတမ်းနှလုံးသွင်းပိုက်ထားပါ။ ဘုရားသခင် သည် သင်တို့အားအပ်နှင်းထားတော်မူသောသားသမီးများတွင် ပြုလုပ်ရမည့် အလုပ်ကို သင်တို့ကိုယ်စားကောင်းကင်တမန်များကို ဆောင်ရွက်စေလိုလျှင် သင်တို့နှင့်ဆိုင်သောကဏ္ဍကိုဆောင်ရွက်ခြင်းအားဖြင့် ကောင်းကင်တမန်များ နှင့်လက်တွဲဆောင်ရွက်ပါ။AH1Burm 251.1

    စစ်မှန်သောအိမ်ထောင်၏ဉာဏ်အမြော်အမြင်ရှိစွာဖြင့်လည်းကောင်း၊ ချစ်ခင်ယုယစွာဖြင့် လမ်းပြပို့ဆောင်မှုဖြင့်လည်းကောင်း ကြီးထွားလာသော သားသမီးတို့သည် လောကီပျော်ရွှင်မှုနှင့်ပေါင်းသင်းဆက်ဆံမှုမျိုးကို ရှာဖွေ ကြတော့မည်မဟုတ်ပေ။ မကောင်းမှုဒုစရိုက်ကို သူတို့သည်စွဲလမ်းကြတော့ မည်မဟုတ်ပေ။ အိမ်ထောင်၌စိုးမိုးခဲ့သောစိတ်သဘောထားသည် သူတို့၏ အကျင့်စာရိတ္တကိုပုံသွင်းပေးလိမ့်မည်။ သူတို့သည် အိမ်ထောင်၏အရိပ် အာဝါသမှထွက်ခွာ၍ လောကကြီးတွင်ဝင်ရောက်နေထိုင်ကြသောအခါ သူတို့ အားစုံစမ်းသွေးဆောင်ခြင်းများကို ကြံ့ခိုင်စွာကာကွယ်ထားမည့်အကျင့်ဓလေ့ များနှင့် အခြေခံကျင့်ဝတ်များကို သူတို့တည်ဆောက်ကြမည်ဖြစ်သည်။AH1Burm 251.2